ရန်ကုန်၊ ဇွန် ၂၅- ဟိန္ဒားခဲမဖြူတူး ဖော်ရေးသတ္တုတွင်းစီမံကိန်းနှင့်ပတ် သက်ပြီး တနင်္သာရီတိုင်းဒေသကြီး မြောင်ပြိုကျေးရွာဒေ သခံများ က တ ရားစွဲဆိုထား သော် လည်း သက်ဆိုင် ရာဌာနနှင့် ကုမ္ပဏီတို့ ရုံးချိန်းပျက် ကွက်မှုကြောင့် ယခုအချိန်အထိ ထူး ခြားမှုမရှိသေးကြောင်း အဆိုပါဒေသခံ တချို့ထံမှ သိရသည်။
Thursday, 26 June 2014
ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ
မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀ နာရီခန့်က ဖြစ်ပွားသော ယာဉ် တိုက်မှုတွင် အတိုက်ခံရသူကို ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆို ထားသည်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့ အကူအညီတောင်းခံ သွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို
ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်း နေ မျိုးဇင်က ပြောသည်။''ထောင်ထဲမှာကတည်းက စဉ်းစားခဲ့တာပါ။
နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ မီးဖွားပါက နိုင်ငံ့ဝန်ထမ်းအမျိုးသားများလည်း လစာပြည့်ခွင့် လတစ်ဝက်ရရှိမည်
ရန်ကုန်၊ ဇွန် ၂၅-နိုင်ငံဝန်ထမ်းအမျိုးသမီးများအနေဖြင့် မီးဖွားပါက လစာပြည့် ခံစား ခွင့်ကို ခြောက်လကို ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အမျိုး သားများ အနေဖြင့်လည်း လစာပြည့် ခံစားခွင့်ဖြင့် ရက်သတ္တနှစ်ပတ်ထိ ခံစားခွင့်ရ ရှိမည်ဖြစ်ကြောင်း နိုင်ငံ ဝန်ထမ်းဥပဒေ တွင် ပြဋ္ဌာန်း ထား ကြောင်း ပြည်ထောင် စု ရာထူးဝန် အဖွဲ့၏ နိုင်ငံ့ဝန်ထမ်း ဥပဒေများ ဖော်ပြ ချက်အရ သိရသည်။ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ က(၂၆-၃-၂၀၁၄)ရက်စွဲဖြင့် အမိန့် ကြေညာ စာအမှတ်၁၂/ ၂၀၁၄၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့အမျိုးသမီး မီးဖွားခွင့်များအပြင် အမျိုးသား ပြုစု စောင့်ရှောက် ခွင့်အတွက်အခွင့်အရေး များကိုပါ အဆိုပါ ဥပဒေများတွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ယခုအသစ် ထုတ်ပြန်လိုက်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေများအရ အမျိုး သမီးဝန်ထမ်းများက မီးဖွားခွင့်ကို လစာပြည့် ခံစားခွင့်ဖြင့် ခြောက်လရရှိ မည် ဖြစ်ကြောင်းသိရသည်။ယင်းအပြင် ကိုယ်ဝန်ဆောင် ချိန် တွင် အမျိုးသမီးဝန်ထမ်းအများ အနေ ဖြင့် ဆေး လက်မှတ်များဖြင့်ခြောက် ပတ်ထက်မပိုသော ခွင့်များကို ခံစား ခွင့်ပြုရမည် ဟု ဖော်ပြထားပြီး အမွှာ ပူး(သို့) ယင်းထက်ပိုပြီးမွေးဖွားပါက သာမန်မီးဖွား ခွင့်ကုန်ဆုံးရက်၏ နောက် ရက်မှစပြီး ကလေးများပြုစုေ စာင့် ရှောက်နိုင်ရန် ရက်သတ္တခြောက် ပတ်တိုးပြီး မီးဖွားခွင့်အဖြစ် ခွင့်ပြုရ မည်ဟု သိရသည်။
ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) သဘောထားထုတ်ပြန်
ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇွန် ၂၅ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင် ရပ်တည်နေသည့် ပုဂ္ဂလိက သတင်းမီဒီယာအချို့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က တရားဝင် အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ ငွေကြေးခ၀ါချမှု တားဆီးကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ၎င်းတို့ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ယူကာ အရှုံး၊ အမြတ်၊ စောင်ရေ၊ ၀န်ထမ်းအင်အားနှင့် လစာကိစ္စများကို မေးမြန်းခဲ့ကြောင်း၊ လက်ရှိထုတ်ဝေနေသော သတင်းမီဒီယာများမှာ သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်၊ ကိုယ်ပိုင်ရပ်တည်ချက်၊ ဦးတည်ချက်များဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေသော မီဒီယာများ ဖြစ်သည့်အတွက် တရားဝင်အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ တစ်စုံတစ်ရာ မပါဝင်ဘဲ သတင်းတပ်ဖွဲ့၏ ထိုသို့ခေါ်ယူခြင်းမှာ များစွာမသင့်တော်သော ကိစ္စဖြစ်သည်ဟု ကောင်စီကယူဆကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။
Samsung, LG, Motorola စမတ်နာရီများကို Google မိတ်ဆက်ပြသ

Android Wear operating system အသုံးပြုထားသော LG G Watch, Samsung Gear Live နှင့် Moto 360 စမတ်နာရီများကို Google က Google I/O တွင် မိတ်ဆက်ပြသခဲ့သည်။ LG G Watch နှင့် Samsung Gear Live ကို Google Play Store တွင် အမေရိကန်ဒေါ်လာ ၂၉၉ နှင့် ၁၉၉ ဖြင့် အသီးသီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။ Motorola ၏ စမတ်နာရီကို ယခုနှစ်ကုန်ပိုင်းမှသာ ရောင်းချဖွယ်ရှိပြီး LG နှင့် Samsung စမတ်နာရီများကို ဇူလိုင်လ ၇ ရက်တွင် သုံးစွဲသူများထံ စတင်ရောင်းချမည် ဖြစ်သည်။
လောင်းကစားမှုများကို ထိန်းချုပ်ရန် ဂိမ်းဆိုင်များကို စည်ပင်သာယာရေး ကော်မတီမှ ရှောင်တခင်စစ်ဆေးတော့မည်
ဂိမ်းကစားခြင်းကို စီးပွားဖြစ် လောင်းကစားအသွင်ဖြင့် လုပ်ဆောင်လာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဂိမ်းကစားရုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မတီစီမံရေးရာဌာနမှ တာဝန်ရှိသူက ပြောသည်။
ဂိမ်းအဆော့လွန်၍ မိဘဆူသောကြောင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံး
ဂိမ်းအလွန်ဆော့၍ မိ ခင်ဖြစ်သူက ဆူပူကြိမ်းမောင်းခဲ့ သောကြောင့် န၀မတန်းကျောင်း သားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ ပြီး အဆုံးစီရင်ခဲ့ကြောင်း မြောက်ဒ ဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။
(၅၁) ကြိမ် မြောက် မြန် မာ့ ကျောက် မျက် ရ တ နာ ပြပွဲ ဒု တိ ယ နေ့ ဆက် လက် ကျင်းပ၊ ပုလဲအတွဲ များအား စတင် ရောင်းချ

မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီက ကြီးမှူး ကျင်းပသည့် (၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပပြီး ပုလဲတင်ဒါ အမှတ်(၁)အနေဖြင့် ပုလဲအတွဲပေါင်း (၁ဝ၄)တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် စတင်ရောင်းချပေးခဲ့သည်။
ဘာလချောင်ကြော်ပို့တဲ့ ကုမ္ပဏီ အရေးယူခံရ

ဗြိတိန်နိုင်ငံကို မြန်မာနိုင်ငံက တင်သွင်းခဲ့ တဲ့၊ ရေထွက်ပစ္စည်း ပို့ကုန်တွေ နဲ့အတူ ဘာလချောင်ကြော် တွေ တင်ပို့ခဲ့တဲ့ ကုမ္မဏီကို မြန်မာ အာဏာပိုင်တွေ က၊ ဒဏ်ငွေ ကျပ် ၁၀ သိန်း ချမှတ်ခဲ့ ပြီး၊ နိုင်ငံခြား ပို့ကုန် တင်သွင်း ခွင့် ၆ လ ပိတ်ပင် လိုက်ပါတယ်။
လူသတ်ပြီး ထွက်ပြေး တိမ်းရှောင် နေသော ထိုင်းနိုင်ငံသား (၃) ဦးအား မြန်မာနိုင်ငံ မှ ပြန်လည် လွှဲပြောင်းပေး

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် လူသတ်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ထိုင်းနိုင်ငံ သား ပါကွေ့ယူဒရ ၂၆ နှစ် (ဘ) ဦးပွန်းထိုး၊ မွန်ထယ် ၂၈ နှစ် (ဘ) ဦးချိုင်းဝတ်နှင့် ထိုင်းနိုင်ငံသူ မနွန်းစပါး ၂ဝ နှစ် (ဘ) ဦးစိုးလန်းတို့ သုံးဦးအား ဖမ်းဆီးပေးရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံမှုအရ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု နာကျဲကျေးရွာ၌ အဆိုပါ တရားခံ သုံးဦးအား ဖမ်းဆီးရမိ ခဲ့သည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ မေးမြန်းစုံစမ်း လျှောက်ထားသူ များပြား

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက် ၂၄ လုံး၊ အခန်း ၅၇၆ ခန်း တည်ဆောက်ပြီးစီး ပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် လျှောက် ထားနိုင်ရန် အသိပေးအကြောင်းကြားစာ ကပ်ထားရာ လာရောက်မေးမြန်းစုံစမ်း လျှောက်ထားသူများဖြင့် စည်ကား လျက်ရှိသည်။
ကမ္ဘာ့ဖလား နိုင်ဂျီးရီးယား နဲ့ အာဂျင်တီးနား ဒုတိယအဆင့်တက်

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေရဲ့ ဗုဒ္ဓဟူးနေ့က ကစားသွား ကြတဲ့ ပထမပွဲစဉ်တွေမှာ အာဂျင်တီးနားက နိုင်ဂျီးရီးယားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားတဲ့ အတွက် အုပ်စု F မှာ ဗိုလ်စွဲပြီး ရှုံးထွက်ပွဲစဉ်တွေကို တက်သွားပြီ ဖြစ်ပါတယ်။
၁ဝဝ ကျပ်တန်နှင့် ၅ဝဝ ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်နှစ်မျိုးနှင့် တံဆိပ်ခေါင်းပါ စာအိတ်များ ရောင်းချမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ တို့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်နိုင်ခဲ့သည့် နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေသည့် ၁ဝဝကျပ်တန်နှင့် ၅ဝဝကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် နှစ်မျိုးနှင့် တံဆိပ်ခေါင်းပါ စာအိတ်များကို ဇွန် ၂၈ရက် (စနေနေ့) နံနက်၉နာရီခွဲမှ စတင်၍ တိုင်းဒေ သကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်သည်။
လကမ္ဘာပေါ်သွားမည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီနှင့် ဒေသခံများ အကြား မြေသြဇာစက်ရုံ မြေနေရာ အငြင်းပွားမှု ဖြစ်ပွား

လကမ္ဘာပေါ်သို့ ဟန်းနီးမွန်း ခရီးထွက်မည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၇၅)၊ ဦးပိုင်အမှတ်(၃၂)မှ လယ်မြေ ၃ ဒသမ ၈၁ ဧကကို ၀ယ်ယူခြင်းနှင့် ပတ်သက်၍ အဆိုပါကုမ္ပဏီနှင့် ဒေသခံ လယ်သမားများအကြား အငြင်းပွားလျက် ရှိသည်။
ကမ္ဘာ့ဖလား နိုင်ဂျီးရီးယား နဲ့ အာဂျင်တီးနား ဒုတိယအဆင့်တက်

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေရဲ့ ဗုဒ္ဓဟူးနေ့က ကစားသွား ကြတဲ့ ပထမပွဲစဉ်တွေမှာ အာဂျင်တီးနားက နိုင်ဂျီးရီးယားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားတဲ့အတွက် အုပ်စု F မှာ ဗိုလ်စွဲပြီး ရှုံးထွက်ပွဲစဉ်တွေကို တက်သွားပြီ ဖြစ်ပါတယ်။
တိုးချဲ့ဖွဲ့စည်းသည့် သမ္မတအကြံပေးအဖွဲ့၌ ယခင်အစိုးရနှင့် နီးစပ်သူများ ပါဝင်နေမှုအပေါ် ဝေဖန်

သမ္မတ ဦးသိန်းစိန်က သာသနာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်း နှင့် အဖွဲ့ဝင်များ ခန့်ထားမှု၌ သမ္မတနှင့် နီးစပ်သူများ မဟုတ်ဘဲ သမ္မတနှင့် အယူအဆ မတူသူများ၊ ကြားနေ ပညာရှင်များပါ ပါဝင်နိုင်မည်ဆိုပါက ပိုမို အားကောင်းဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများနှင့် သတင်းစာဆရာများက သုံးသပ်လျက် ရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် လျှပ်စစ်မီးရရှိရန် တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်းအား ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်
ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လျှပ်စစ် ဓာတ်အား ရရှိရန် တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်းအား ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယာဉ်တိုက်ခံပြီးသေကြောင်းကြံသည့်ကျောင်းသားအမှုမှ ယာဉ်မောင်းကို ယနေ့ရုံးတင်မည်

အခင်းဖြစ်ပွားခဲ့သည့် ဘီအမ်ကား (ဓာတ်ပုံ - DagonUniversity StudentsUnion)
ဒဂုံတက္ကသိုလ်ကျောင်း ဝင်းအတွင်း ယာဉ်တိုက်သေဆုံးခဲ့ သည့် ဥပဒေ ကျောင်းသား အမှုမှ ယာဉ်မောင်း ကို ဇွန်လ ၂၆ ရက် တွင် တရားရုံး၌ စတင်စစ်ဆေး မည်ဖြစ်ကြောင်း ဒဂုံအရှေ့မြို့ နယ်ယာဉ်ထိန်း တပ်ဖွဲ့မှ သတင်း ရရှိသည်။
နိုက်ဂျီးရီးယားမြို့တော်မှာ ပေါက်ကွဲမှုကြီးဖြစ်

နိုက်ဂျီးရီးယားမြို့တော် အဘူဂျာကကုန်ပဒေသာဆိုင်ကြီးတခုအနီး ကြီးမားတဲ့ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့ ပါတယ်။
Subscribe to:
Posts (Atom)