Saturday, 21 June 2014

ဆွစ်ဇာလန်ကို ဂိုးပြတ်အနိုင်ယူပြီး ခြေစွမ်းပြခဲ့တဲ့ ပြင်သစ်

ကမ္ဘာ့ဖလားချန်ပီယံဟောင်းပြင်သစ်အသင်း ဆွစ်ဇာလန်အသင်းကို (၅-၂)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အုပ်စုအဆင့်မှတက်ရန် သေချာသလောက်ရှိသွားခဲ့ပြီဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု

Photo: လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု
Saturday, June 21, 2014

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ တင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းထားသော တစ်ပိုဒ်ချင်းစီအလိုက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် အတည်ပြုလိုက်တယ်။ ပြင်ဆင်တဲ့ အချက်က လာဘ်ပေးလာဘ်ယူမှု စာသားနေရာကို အဂတိလိုက်စားမှု စာသားအဖြစ် ပြောင်းလိုက်တာဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးစာသားနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ စကားကို အစားထိုးတာ။ အဓိကက အဲဒါပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အဲဒါတွေပါပဲ” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေတင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာများ ရှင်းလင်းဖတ်ကြားသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းတို့က သက်ဆိုင်ရာ အပိုဒ်အလိုက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။     

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

Eleven Media Group 

နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင် ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

အာဆီယံပြည်သူ့ဖိုရမ်၏ တောင်းဆိုချက်များကို အာဆီယံဥက္ကဋ္ဌ မြန်မာအစိုးရမှ ဆောင်ရွက်ခြင်းမရှိသေး၍ အာဆီယံထိပ်သီး အစည်းအဝေးတွင် ထပ်မံတင်ပြမည်

အာဆီယံပြည်သူ့ဖိုရမ်၏ တောင်းဆိုချက်များကို ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစိုးရများမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာအစိုးရမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိသေးသောကြောင့် နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီထံမှ သိရသည်။

Friday, 20 June 2014

ဦးဥတ္တရတို့ အာမခံနဲ့ လွတ်

Photo: ဦးဥတ္တရတို့ အာမခံနဲ့ လွတ်
Friday, June 20, 2014

ဇွန်လ ၁၀ ရက်နေ့က တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေ ၀င်ရောက်စီးနင်းပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ သံဃာတော်တွေကို ဒီကနေ့ တာမွေတရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ အမှုကိုတော့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီလ ၂၇ ရက်နေ့ မနက်ခင်းမှာ ရုံးချိန်းပေးထားတယ်လို့ သိရပါတယ်။

မဟာသန္တိသုခကျောင်းကို အာဏာပိုင်တွေနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့က ညအချိန်မတော် ဝင်ရောက်စီးနင်း ချိတ်ပိတ်ပြီးတဲ့နောက် အဲဒီမှာ သီတင်းသုံးနေတဲ့ သံဃာတချို့ကိုလည်း အတင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လူဝတ်လဲ ခဲ့တာပါ။ ဒါဟာ တရားဓမ္မ  လက်လွတ် လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပြီး ပီနန်ဆရာတော် ဦးစီးတဲ့ သာသနာ့ဥသျှောင်အဖွဲ့က ဝေဖန် ပြစ်တင် ထားပါတယ်။

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ သာသနာ့ဦးသျှောင်အဖွဲ့ရဲ့ ဦးဆောင်သူတွေကို အငြိုးထားပြီး လုပ်တဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း သာသနာ့ဥသျှောင် ပြောခွင့်ရ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

ကျောင်းတိုက်ချိတ်ပိတ်မှုနဲ့အတူ သံဃာ ၅ ပါးကို ဒီကနေ့ မနက်ပိုင်းမှာပဲ တာမွေ တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာ ဖြစ်ပြီး အာမခံနဲ့ ခုလို ပြန်လွှတ်ပေး လိုက်တာ ဖြစ်ပါတယ်။ အတင်း လူဝတ်လဲခံခဲ့ရတဲ့ သံဃာတော်တွေကတော့ သံဃာ့ဝိနည်းနဲ့ အညီ သာသနာ့ဘောင်ကို ပြန်ဝင်မယ်လို့ မိန့်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဇွန်လ ၁၀ ရက်နေ့က တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေ ၀င်ရောက်စီးနင်းပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ သံဃာတော်တွေကို ဒီကနေ့ တာမွေတရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ အမှုကိုတော့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီလ ၂၇ ရက်နေ့ မနက်ခင်းမှာ ရုံးချိန်းပေးထားတယ်လို့ သိရပါတယ်။

၂ နှစ်ကြာပေမယ့် ရခိုင်ဒုက္ခသည်အခြေနေ တိုးတက်မှုမရှိ

Photo: ၂ နှစ်ကြာပေမယ့် ရခိုင်ဒုက္ခသည်အခြေနေ တိုးတက်မှုမရှိ
Friday, June 20, 2014

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အတွေ့အကြုံကို စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာ ဒီကနေ့ သတင်းထောက်တွေနဲ့တွေ့ဆုံပြီး ပြင်သစ်သံအမတ်ကြီးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မိမိအနေနဲ့ ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီဒုက္ခသည်စခန်းတွေအားလုံးကို သွားရောက်တဲ့အခါ မိမိအနေနဲ့ ခံစားခဲ့ရတာက အားလုံးဟာ အကြောက်တရားတွေနဲ့ နေထိုင်နေကြရတယ်ဆိုတာပါပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက ပြောသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်စလုံးက ကျေးရွာအချို့ကို သွားရောက်လေ့လာခဲ့သလို အကူအညီတွေပေးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်နဲ့ မွတ်စလင် ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည် တွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- တာဝန်မှ ရပ်စဲ၍ တရားစွဲဆိုခြင်းခံထားရသော သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်သို့ ဇွန်လ ၂၀ ရက်က ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီးဟောင်း၏ မိသားစုကို နေအိမ် အကျယ်ချုပ်ထားရှိကြောင်း သတင်းရရှိသည်။

၁၅ စက္ကန့် အားသွင်းပြီး မောင်းနှင်နိုင်သည့် လျှပ်စစ်ဘတ်စ်ကားကို ဆွစ်ဇာလန်တွင် စမ်းသပ်နေ

Photo: ၁၅ စက္ကန့် အားသွင်းပြီး မောင်းနှင်နိုင်သည့် လျှပ်စစ်ဘတ်စ်ကားကို ဆွစ်ဇာလန်တွင် စမ်းသပ်နေ
Friday, June 20, 2014

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တစ်မူထူးခြားသည့် နည်းလမ်းဖြင့် အားသွင်းနိုင်သည့် လျှပ်စစ်ဘတ်စ်ကားများကို စမ်းသပ်လျက်ရှိသည်။
 
ခရီးသည် ၁၃၃ ဦး သယ်ဆောင်နိုင်သည့် အဆိုပါ လျှပ်စစ်ဘတ်စ်ကားများ၏ အမိုးပေါ်တွင် ဘက်ထရီကို တပ်ဆင်ထားပြီး ၎င်းကို သက်ဆိုင်ရာ အားသွင်းသည့်နေရာတွင် ရပ်လိုက်သည့်အခါ စက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်သည့် လက်တံတစ်ခုနှင့် ချိတ်ဆက်ပြီး အဆိုပါ လျှပ်စစ်ဘတ်စ်ကားကို အားသွင်းပေးမည် ဖြစ်သည်။ အားသွင်းချိန်သည် ၁၅ စက္ကန့်သာ ကြာမြင့်ပြီး ၎င်းအားသွင်းမှုသည် နောက်ထပ် အားသွင်းသည့်နေရာ တစ်ခုကို ရောက်ချိန်အထိ လုံလောက်ကာ အားသွင်းစက်များကိုလည်း ကားမှတ်တိုင်တိုင်းတွင် တပ်ဆင်ထားကြောင်း ဆိုသည်။
 
အဆိုပါ လျှပ်စစ်ကားများသည် TOSA (Trolleybus Optimisation Systeme Alimentation) ၏ စီမံကိန်းတစ်ခု ဖြစ်ပြီး ၎င်းစီမံကိန်းကို ခရီးသည်များ သယ်ယူပို့ဆောင်ရေးတွင် ငွေကုန်ကြေးကျ သက်သာစွာဖြင့် ပြုလုပ်ရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစီမံကိန်းကို ဇူးရစ်မြို့ အခြေစိုက် စက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်သည့် နည်းပညာ ကုမ္ပဏီ ABB နှင့် ဆွစ်ဇာလန် နည်းပညာတက္ကသိုလ် École polytechnique fédérale de Lausanne တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
 
ဂျနီဗာမြို့သည် ၂၀၁၇ ခုနှစ်တွင် TOSA ဘတ်စ်ကားများကို ပုံမှန် ဝန်ဆောင်မှုအနေဖြင့် အသုံးပြုမည့် ပထမဦးဆုံးမြို့ ဖြစ်လာဖွယ်ရှိသည်။
 
Ref: CNET
Internet Journal
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တစ်မူထူးခြားသည့် နည်းလမ်းဖြင့် အားသွင်းနိုင်သည့် လျှပ်စစ်ဘတ်စ်ကား များကို စမ်းသပ်လျက်ရှိသည်။

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။

3D Effect များ ထောက်ပံ့နိုင်သည့် Fire Phone ကို မိတ်ဆက်

Photo: 3D Effect များ ထောက်ပံ့နိုင်သည့် Fire Phone ကို မိတ်ဆက်
Friday, June 20, 2014 

Amazonကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံးစမတ်ဖုန်းသစ်အဖြစ် Fire Phone ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

စမတ်ဖုန်းနယ်ပယ်တွင် Apple နှင့် Samsung တို့က ကြီးစိုးနေရာ ယင်းတို့ကို စိန်ခေါ်မည့် Feature များဖြင့် Fire Phone ကို Amazon က ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယခုဖုန်းတွင် အထင်ရှားဆုံးဆန်းသစ်တီထွင်မှုမှာ 3D Effect များထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး မြေပုံစနစ်နှင့် ဂိမ်းကစားခြင်းတို့ကို 3D နည်းပညာဖြင့် ပံ့ပိုးမည်ဖြစ်သည်။

Android ကိုပင် အခြေခံဖန်တီးထားသည့် Fire OS 3.5.0 အသုံးပြုထားသည့် ဖုန်းတွင် အရာဝတ္ထုများ၊ ပုံရိပ်နှင့် သီချင်းများကို ခြေရာခံစစ်ဆေးကာ Amazon ၏ ၀န်ဆောင်မှုများဖြင့် ၀ယ်ယူနိုင်သည့် ထုတ်ကုန်များကို သုံးစွဲသူအား သတင်းအချက်အလက်ထောက်ပံ့ပေးမည့် Fire Fly ခေါ် Feature လည်း ပါဝင်လာသည်။

ဖုန်းမျက်နှာပြင်မှာမူ ဈေးကွက်ထဲတွင် လူကြိုက်များသည့် Android ဖုန်းအများစုထက် သေးငယ်ကာ ၄ ဒသမ ၇ လက်မသာရှိပြီး ရော်ဘာအုပ်ထားသည့် ကိုယ်ထည်တွင် အလူမီနီယံခလုတ်များကို တပ်ဆင်ပေးထားသည်။

ဖုန်း၏ CPU အဖြစ် 2.2 GHz Quad-Core Qualcomm Snap- dragon Processor ကို အသုံးပြုထားပြီး 2GB RAM ဖြင့် အားဖြည့်ထားသည်။ GPU မှာမူ Adreno 330 ဖြစ်သည်။

ဖုန်း၏ ကျောဘက်ကင်မရာမှာ 13 Megapixel ပုံရိပ်ဖော်အရည်အသွေးရှိပြီး ဖုန်း၏ အရှေ့ဘက်တွင် Video Chat အတွက် 2.1 megapixel ကင်မရာကို တပ်ဆင်ထားပေးသည်။ ဖုန်း၏ ကျောဘက် ကင်မရာသည် iPhone 5S နှင့် Galaxy S5ဖုန်းများထက် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ကြောင်းလည်း Amazon ကဆိုသည်။ ဓာတ်ပုံများကို Ama-zon Cloud Device ဖြင့် ပမာဏကန့်သတ်ချက်မရှိဘဲ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

Amazon အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့စ်က 720p HD Displayတပ်ဆင်ထားသော ဖုန်းအသစ်ကို ဆီယက်တဲလ်မြို့တွင် မိတ်ဆက်ခဲ့ပြီးနောက် ‘‘ခုချိန်မှာတော့ Apple ဆီက သရဖူကိုလက်ပြောင်းယူဖို့ အချိန်တန်လာပါပြီ’’ဟု ပြောကြားခဲ့သည်။

၎င်းက Fire Phone အတွက် ရည်မှန်းချက်ကြီးကြီးမားမားထားရှိသော်လည်း စမတ်ဖုန်းဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်မှာမူ ဖြစ်နိုင်ခြေမရှိကြောင်းလည်း ဆိုသည်။ ‘‘လူတွေက ဖုန်းတွေကို အမျိုးမျိုး ပြောင်းလဲပြီး ကိုင်ချင်ကြတယ်လေ။ ကျွန်တော်တို့က လူတစ်ယောက်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲလေ။ တချို့က ဗနီ လာကြိုက်တယ်။ တချို့က ချောကလက်ကြိုက်တယ်။ Fire Phoneက Smart Phone တွေ ရွေချယ်နိုင်ခွင့် နယ်ပယ်ကို ပိုပြီးကျယ်ပြန့်လာစေပါလိမ့်မယ်’’ဟု ဘီဇော့စ် က မှတ်ချက်ပြုခဲ့သည်။

Amazon သည် Fire Phone ကို သိုလှောင်မှု ပမာဏ 32 GB နှင့် 64 GB ဟူ၍ နှစ်မျိုးခွဲခြားထုတ်လုပ်ထားပြီး AT&Tမှ တစ်ဆင့် ၂ နှစ် စာချုပ်ဖြင့် ရောင်းချချိန်၌ ၁၉၉ ဒေါ်လာစီ ဈေးနှုန်းသတ်မှတ်သွား မည်ဖြစ်သည်။ လက်လီရောင်းဈေးမှာမူ 32 GB အတွက် ၆၄၉ ဒေါ်လာ၊ 64GB အတွက် ၇၄၉ ဒေါ်လာအသီးသီးရှိကြသည်။

7Day News Journal
Amazonကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံးစမတ်ဖုန်းသစ်အဖြစ် Fire Phone ကို မိတ်ဆက် လိုက်ပြီဖြစ်သည်။

ကျောင်းသားကျောင်းသူများ အာဟာရပြည့်မုန့်များ စားသုံးရေး လှုပ်ရှားမှုလုပ်မည်

Photo: ကျောင်းသားကျောင်းသူများ အာဟာရပြည့်မုန့်များ စားသုံးရေး လှုပ်ရှားမှုလုပ်မည်
Friday, June 20, 2014 

ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝသောမုန့်တွေ စားသုံးရေးလူပ်ရှားမူ တခုကို အကသ ( ၈၈ မျိုးဆက် ) က ပြုလုပ်ဖို့ ရှိနေပါတယ်။

MDG : Education in Burma :  Burmese children work at a school in Bagoအန္တရာယ်ရှိမုန့်တွေကို ရှောင်ကျဉ်နိုင်ဖို့ ကလေးတွေနှင့်မိဘတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှုတခု ပြုလုပ်မယ်လို့ ဆိုပါတယ်။

လာမယ့် ဇွန် ၂၃ ရက်နေ့၊ မနက်ပိုင်းမှာ အထက ၁ သင်္ဃန်းကျွန်းကျောင်းရှေ့မှာ ကျောင်းလာတက်တဲ့ ကလေးငယ်တွေကို မြန်မာမုန့်တွေ အခမဲ့ဝေငှသွားမယ်လို့ အကသ (၈၈ မျိုးဆက်) အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် ၈ ခုရှိ စာသင်ကျောင်းတွေမှာ အစားအသောက် အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ အစားအသောက်နဲ့ ဆေးဝါးဌာနကလည်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ ကျောင်း ၁၀ ကျောင်းမှာ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ကျောင်းတွေမှာ တရုတ်ကလာတဲ့ အသင့်စားမုန့်ထုပ်တွေ အများဆုံး တွေ့ရပြီး ထိုင်းကလာတာ ဒုတိယနဲ့ ပြည်တွင်းထုတ်က တတိယလိုက်တယ်လို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။

ဒီဗွီဘီ
ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝသောမုန့်တွေ စားသုံးရေးလူပ်ရှားမူ တခုကို အကသ ( ၈၈ မျိုးဆက် ) က ပြုလုပ်ဖို့ ရှိနေပါတယ်။

ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ

Photo: ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ
Friday, June 20, 2014 

တာမွေတရားရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာငါးပါးကို စောင့်ဆိုင်းနေသူများ
ဖမ်းဆီးသံဃာတော်ငါးပါးကို သင်္ကန်းပြန်ဆီးပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ညှိနှိုင်းဆောင်ရွက်ရာတွင်ပါဝင်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးသို့ ဖမ်းဆီးခံသံဃာငါးပါးသည် နံနက် ၁၀ နာရီတွင် ရောက်ရှိလာပြီး ယခုအချိန်အထိ သာသနာရေးဌာနမှ တာဝန်ရှိသူများနှင့် တာမွေတရားရုံးတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

ရွှေည၀ါဆရာတော်၊ ဦးဝီရသူနှင့် ဦးပါမောက္ခတို့သည် ဖမ်းဆီးခံသံဃာတော်များ ပြန်လွတ်မြောက်ရေးအတွက် နံနက် ၉ နာရီခွဲအချိန်တွင် တာမွေတရားရုံးသို့ ရောက်ရှိနေကြသည်။

လက်ရှိတွင် တာမွေတရားရုံးရှေ့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူများ ရောက်ရှိနေသည်။

7Day DAILY
တာမွေတရားရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာငါးပါးကို စောင့်ဆိုင်းနေသူများ
ဖမ်းဆီးသံဃာတော်ငါးပါးကို သင်္ကန်းပြန်ဆီးပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ညှိနှိုင်းဆောင်ရွက်ရာတွင်ပါဝင်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

Photo: ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး
Friday, June 20, 2014 

 မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကိုကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ပြောတယ်။ သူ တို့ကိုမေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေတစ်သောင်းခွဲလောက်ကုန် တယ်တဲ့။ ထိုင်းအာဏာပိုင်တွေ ကလည်း သူတို့ကို အရေးယူသွား မယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော   ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက်     တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများက ပြောသည်။

သို့သော် အဖမ်းခံရသူအများ စုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ   မြန်မာသံရုံးရှိ    သံ အမတ်ကြီး ဦးဝင်းမောင်ထံ ဆက် သွယ်မေးမြန်းရာ မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံစစ်တပ်က ဖမ်း ဆီးထားခြင်းမရှိကြောင်း၊ မြန်မာ နိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။ နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည်မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က   ပြော ကြားသည်။

7Day DAILY

ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့်မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့်မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
 မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံ စစ်တပ် က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

တာလီဘန်စစ်သွေးကြွများ နေတိုးတပ် အခြေချစခန်းကို တိုက်ခိုက်

Photo: တာလီဘန်စစ်သွေးကြွများ နေတိုးတပ် အခြေချစခန်းကို တိုက်ခိုက်
Friday, June 20, 2014 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာခရိုင်မှာ တာလီဘန်စစ်သွေးကြွ ၄ ယောက်က နေတိုးတပ် အခြေချစခန်းတခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က တိုက်ခိုက်လို့ ကုန်ကားဒါဇင်အတော်များများ ပျက်စီးပြီး ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နဲ့ နယ်စပ် တော်ခမ် – ခိုင်ဘာတောင်ကြား နယ်စပ်ဖြတ်ကူးရေးစခန်းနားမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီနေရာဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ် အာဖဂန်နစ္စတန်မှာ နေတိုးခေါင်းဆောင်တဲ့ တပ်တွေအတွက် အဓိက ပံ့ပိုးရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

နယ်စပ် ၂ ဖက်လုံးက စစ်သွေးကြွတွေက နေတိုးခေါင်းဆောင်တဲ့တပ်တွေအတွက် ထောက်ပံ့ရေးယာဉ်ကြောကို တိုက်လာတာ နှစ်တွေနဲ့ ချီနေပါပြီ။

တော်ခမ်ရဲတပ်ရင်းခေါင်းဆောင် မိုဟာမက် ဟာဆန်က “အသေခံ ဗုံးခွဲသမား ၄ ယာက်ပါတဲ့ ကားက အခြေစိုက်စခန်းထဲ မနက် ၄ နာရီခွဲလောက်မှာ ၀င်လာတယ်၊ တပ်တွေက ပစ်ခဲ့လို့ ကားလဲမီးလောင်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ရေးသမားတွေက ဖောက်ခွဲခဲ့လို့ လောင်စာနဲ့ တခြားရိက္ခာတွေ တင်ထားတဲ့ ကုန်ကား ၃၇ စီး မီးလောင်ပျက်စီးတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ပြောခွင့်ရက ဆိုပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ ဇဗီအူလာ မူဂျာဟစ်က ဒီတိုက်ခိုက်မှုကို စစ်သွေးကြွတွေ လုပ်တာလို့ အတည်ပြုပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ နေ့က သမ္မတရွေးကောက်ပွဲ ဒုတိယအသုတ်မှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူအတော်များများသေဆုံးပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မဟာမိတ်တွေကတော့ ရွေးကောက်ပွဲက တည်ငြိမ် အားကောင်းတဲ့ အစိုးရတရပ်ကို မွေးထုတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၂ ယောက်ကြား မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲနေတဲ့အတွက် နိုင်ငံရေး အကျပ်ရိုက်မှု မဖြေရှင်းနိုင်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဒီဗွီဘီ
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာခရိုင်မှာ တာလီဘန်စစ်သွေးကြွ ၄ ယောက်က နေတိုးတပ် အခြေချ စခန်းတခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က တိုက်ခိုက်လို့ ကုန်ကားဒါဇင်အတော်များများ ပျက်စီးပြီး ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ဥပဒေထက် ရင်သားများကပိုအရေးကြီးဟု ပြစ်ဒဏ်ချမှတ်ခံရသူ မော်ဒယ်တစ်ဦးဆို

ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။

အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိတဲ့ ဖမ်းဆီးခံ သံဃာတွေကို နတ်ချောင်းမှာ သင်္ဃန်းပြန်စီးမယ်

Photo: အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိတဲ့ ဖမ်းဆီးခံ သံဃာတွေကို နတ်ချောင်းမှာ သင်္ဃန်းပြန်စီးမယ်

ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။ 

ပြန်လွတ်တာနဲ့ တာမွေမြို့နယ်မှာ ရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ဘေးက နတ်ချောင်းသုံးထပ် ကျောင်းတိုက်မှာ သင်္ဃန်းပြန်စီးဖို့ ရှိပါတယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲသီတင်းသုံး နေထိုင်နေတယ်ဆိုပြီး သာသနာကို ညှိးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို ဇွန်လ ၂၀ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှု ပြီးတဲ့အချိန်မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူ၊ ရွှေညဝါဆရာတော် ဦးပညာဝံသ အပါအဝင် အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို ဒီနေ့ ပြန်မလွှတ်ဘူးဆိုရင် ဆန္ဒပြဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီး ဇွန်လ ၁၃ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

The Voice Weekly
ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။ 

မျိုးစောင့်ဥပဒေကန့်ကွက်သူများကို အကြမ်းဖက်စကားများဖြင့် ခြိမ်းခြောက် နေခြင်းအား ဥပဒေအရအရေးယူရန် ပြင်ဆင်

မျိုးစောင့်ဥပဒေများကို ကန့် ကွက်လှုပ်ရှားခဲ့သော ပြည်တွင်းလူ့ အခွင့်အရေးလှုပ်ရှားသူများနှင့် အမျိုး သမီး အဖွဲ့များတွင် ပါဝင်သူများကို အကြမ်းဖက်စကားများဖြင့်ခြိမ်းခြောက် နေခြင်းအား ဥပဒေနှင့်အညီ အရေး ယူသွားရန်ပြင်ဆင်နေပြီး ခြိမ်းခြောက် ခံရသူများထဲတွင် ပါဝင်သော မြန်မာ နိုင်ငံ လူ့အခွင့်အရေး ပညာပေး ရေး ဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မျိုး မင်းက ရန်ကုန်တိုင်းမ်သို့ပြောသည်။ 

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ကုသ ပေး လျက် ရှိပြီး ငွေကြေးတစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။ 

ထိုင်းနိုင်ငံတွင် တရားဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး နှိမ်နင်းနေသည် ဆိုသည့်သတင်းမှာ အခြေအမြစ် မရှိကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြောကြား

ထိုင်းနိုင်ငံ၌ တရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင် အလုပ် လုပ်ကိုင်လျက် ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအာဏာပိုင်များက မကြာသေးမီက ဖမ်းဆီး နှိမ်နင်းနေကြောင်း သတင်းများနှင့် ပတ်သက်၍ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးသည် ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဥပဒေ ထိန်းသိမ်းရေး အမျိုးသား ကောင်စီ (အင်န်စီပီအို)မှ အဆင့်မြင့် တာဝန်ရှိသူများအား ဇွန် ၆ ရက် နှင့် ၁၄ ရက်တို့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စပိန် ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီ ထီးနန်းတက်

Photo: စပိန် ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီ ထီးနန်းတက်
Friday, June 20, 2014 

စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီသည် ဇွန် ၁၉ ရက်က ကျင်းပခဲ့သော ထီးနန်းတက်ပွဲ အခမ်းအနားတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဖိလစ်ပီသည် ၎င်း၏ ခမည်းတော် ဟွမ်ကာလို့စ်က ယခုလ အစောပိုင်းတွင် ထီးနန်း အား စွန့်ခဲ့ပြီးနောက် စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် အရိုက်အရာကို ဆက်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ထီးနန်းတက်ပွဲကို စပိန်နိုင်ငံ၏ အောက်လွှတ်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းအခမ်းအနားသို့ နိုင်ငံအတွင်းမှ ဥပဒေပြု လွှတ်တော် အမတ်များ၊ အဆင့်မြင့်နိုင်ငံ ရေးသမားများနှင့် အချို့တော်ဝင် မိသားစုများ တက်ရောက်သည်။

သို့ရာတွင် ယင်းနန်းတက်ပွဲ အခမ်းအနားသို့ ပြည်ပမှ ခေါင်းဆောင်များကို ဖိတ်ခေါ်ထားခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီသည် ဇွန် ၁၉ ရက်က ကျင်းပခဲ့သော ထီးနန်းတက်ပွဲ အခမ်းအနားတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား KNU/KNLA ပြန်လာတောင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မော်တော်ယာဉ်မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ မပြနိုင်၍ လွန်ခဲ့သော နှစ်ရက်က ဖမ်းဆီးထားသည့် 7D /0182 TOYOTA MARK II ခဲမဲရောင်မော်တော်ယာဉ်ကို ပြန်တောင်းရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် “ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) ဗိုလ်ကြီးသက်ချိုနှင့်အဖွဲ့ လာရောက်ခဲ့သည်ဟု အမှတ်(၁)၊ ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ဇွန် ၁၉ ရက် ပြောသည်။