နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့တွေကို တိုးချဲ့လိုက်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်မံ ခန့်အပ်လိုက်တယ်လို့ သမ္မတရုံးကနေ ဒီနေ့ မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
Thursday, 19 June 2014
ခွင့်ပြုချက်မဲ့ အန္တရာယ်ရှိ အသားဖြူခရင်များ FDA လိုက်လံစစ်ဆေးမည်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မသုံးစွဲသင့်ကြောင်း ကြေညာထားသော အန္တရာယ်ရှိ အသားဖြူခရင် ကိုးမျိုးကို ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း ရှိ၊ မရှိ မြို့နယ်အလိုက် စစ်ဆေးသွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။
မွေးရာပါ စအိုပေါက်မပါ ကလေးငယ် ခွဲစိတ်ကုသနိုင်ရန်စီစဉ်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် နေထိုင်သော မိသားစုတစ်ခုမှ အသက် (၁နှစ် ၉ လ) အရွယ် ကလေးငယ်လေး တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါ ဝေဒနာ ခံစားနေရကာ မကြာမီ ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
မြေးဖြစ်သူ ဗန်ပါစီဂိုးသွင်းသည့် ပုံစံအတိုင်း အသက် ၉၃ နှစ်အရွယ် အဘိုး အောင်ပွဲခံ

စပိန်နှင့်ကစားခဲ့သော ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှ နယ်သာလန်အတွက် ချေပဂိုးသွင်းယူသည့် ဗန်ပါစီ၏ ပုံစံ အတိုင်း အသက် ၉၃ နှစ်အရွယ်အဘိုးဖြစ်သူက အောင်ပွဲခံခဲ့သည်။
ဘင်္ဂါလီများ စိစစ်မှုလက်ခံမှသာ နိုင်ငံသားစိစစ်ခြင်း ဆက်လက်ဆောင်ရွက်မည်

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူစဉ်(ဓာတ်ပုံ - အောင်သစ်လွင်)
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို ရခိုင်ပြည်နယ်အ တွင်း ဆက်လက်အကောင်အ ထည်ဖော်ရာတွင် သက်ဆိုင်ရာ ဒေသများမှ ဘင်္ဂါလီလူမျိုးများ လက်ခံမှသာ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပျော်ရွှင်မူအတွက် နည်းလမ်းကောင်းလေးများ

(၁) လုံလောက်သော အိပ်ချိန်ရရှိပါစေ။
(၂) သဘာဝ အလှရှုခင်းတွေ ရှိတဲ့နေရာလေးတွေကို မကြာခဏ သွားဖြစ်ပါစေ။
(၃) ကိုယ်ကာယ လေ့ကျင့်ခန်းတွေလည်း လုပ်ဖြစ်ပါစေ။
မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် ပေးသည့် ရိက္ခာကို ဖြတ် တောက်ခြင်း မရှိကြောင်း ခရေမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးထွန်းလှအောင်က ပြောကြားသည်။
သစ်လုပ်ငန်းရှင်များ မှောင်ခိုရောင်းဝယ်မှုမရှိစေရေး စည်းမျဉ်းထုတ်ပြန်မည်
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ၎င်း၏ စည်းမျဉ်းများကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြန်လည် ပြုပြင်ရေးဆွဲသွားမည် ဖြစ်ရာ အသင်းဝင်များ မှောင်ခိုသစ်ရောင်းဝယ်ခြင်းနှင့် ကင်းရမည်ဆိုသည့် အချက်ကိုပါ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။
မြန်မာ့လျှပ်စစ် စွမ်းအင်အတွက် GE အကြံပြု

အမေရိကန် စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်သည့် GE က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအတွက် ထိရောက်အသုံးဝင်မည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ လမ်းပြမြေပုံ အကြံပြု တင်ပြချက်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) တို့ထံသို့ ဇွန်လ ပထမပတ်က တင်ပြခဲ့ကြောင်း GE အာဆီယံဒေသ ကုမ္ပဏီခွဲ၏ အမှုဆောင်အရာရှိချုပ် Mr.Stuart Dean က ပြောကြားသည်။
မူးယစ်ဆေးဝါးသုံးစွဲနေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ကာမိုင်းမြို့၊ မြစိမ်းရောင်ရပ်ကွက် အနောက်ဘက်ရှိ တော တန်းတွင် ဇွန်(၁၅)ရက် ညနေ(၄)နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး သုံးစွဲ နေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းကုန်များ စားသုံးရန် သင့်မသင့် နိုင်ငံအနှံ့စစ်ဆေးမည်
စာသင်ကျောင်း မုန့်ဆိုင်များတွင် ရောင်းချနေသည့် အစားအစာများ စားသုံးရန် သင့်၊ မသင့်ကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က နိုင်ငံအနှံ့ စစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဇွန်လ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။
“အဓိကတော့ ဆိုးဆေးကို စစ်မယ်။ အသေးစိတ် စစ်မယ်ဆိုရင်အများကြီး စစ်ရမယ်”ဟု ၎င်းက ပြောသည်။ ယခုပညာသင်နှစ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကာ တစ်လလျှင် မုန့်အမျိုး အစားပေါင်း ၁,၅၀၀ ခန့် စစ်ဆေးနိုင်ရန် စီစဉ်ထားသည်။
အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ

အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။
ရှမ်းမြောက်တွင် TNLAအဖွဲ့မှ ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက် အတင်းအကြပ်ငွေကြေးလုယူမှုဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းကျေးရွာအုပ်စု၊ (၁၂)မိုင်စုစည်းကျေးရွာနေ ဦးဝမ်းကျုံးနှင့် မိသားစု (၃)ဦး သည် ဇွန်(၁၆)ရက်မနက်ပိုင်းက နမ့်ခမ်းသို့ ပီကင်းဂျစ်ကားဖြင့် ထွက်ခွာ လာစဉ် TNLA အဖွဲ့၏ ဖမ်းဆီးခြိမ်းခြောက် ငွေကြေးလုယူခြင်းခံ ခဲ့ရကြောင်း သတင်းရရှိသည်။
စားသုံးရန် အန္တရာယ်ရှိကြောင်း နာမည်ကြီးခဲ့သည့် အာလူးကြော်နှင့် အချိုရည်များကိစ္စ FDA ရှင်း
လူထုအကြားစား သုံးရန်အန္တရာယ်ရှိသည်ဟု သ တင်းများထွက်ပေါ်ခဲ့သည့် Oishi Snack အာလူး ချောင်းကြော်၊ Rockerအချိုရည်များသည် အ များပြည်သူ စားသုံးရန်အန္တရာယ် မရှိကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောသည်။ ဇွန် ၁၈ ရက်က နေပြည် တော်၊ အစားအသောက်နှင့် ဆေး ၀ါး ကွပ်ကဲရေး ဦးစီးဌာန တွင်ပြု လုပ်သော Dee Do အချိုရည်နှင့် ပတ်သက်၍ မီဒီယာများသို့အသိ ပေးရှင်းလင်းပွဲတွင် ၎င်းကထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ် ပျက်ကျပေမယ့် လေသူရဲတွေ ဘာလို့ ဂုဏ်ပြုခံရတာလဲ
စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ အချိန်မှာ ပျက်ကျခဲ့တဲ့ မကွေးလေတပ် စခန်းက MiG-29 UB လေ့ကျင့်ရေး တိုက်လေယာဉ်ကို မောင်းခဲ့တဲ့ လေသူရဲနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်(လေ)က ချီးကျူး ဂုဏ်ပြုလိုက် ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း

လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။
ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု
ဆန္ဒပြရန် ခွင်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။
အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ

အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။
ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ

ပြင်ဦးလွင်မြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြနေသူ မစုစုနွေးအား တွေ့ရစဉ်
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရသည်။
သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ကောင်းကျိုးများသာ လာရောက်ရှင်းလင်း

ဇွန် ၁၈ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၈ ရက်တွင် လာရောက်ရှင်းလင်းခဲ့သည်။
Subscribe to:
Posts (Atom)