Tuesday, 17 June 2014

မြန်မာနိုင်ငံရှိ လူဦးရေတစ်သိန်းတွင် လူ(၁၅၀)ကင်ဆာရောဂါဖြစ်နေ

မြန်မာနိုင်ငံတွင် တစ်နေ့တခြား ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမြင့်တက်နေပြီး ခန့်မှန်းလူဦးရေတစ်သိန်း တွင် ကင်ဆာရောဂါဖြစ်ပွားသူ(၁၅၀)လောက် ရှိသည်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကင်ဆာ ရောဂါကုသ ကာကွယ်ရေးအဖွဲ့မှ ပါမောက္ခဆရာဝန်ကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ချင်းပြည်နယ်တွင် အပူဒဏ်ကြောင့် ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပူချိန်မြင့်တက်ခဲ့သည့် ဒဏ်ကြောင့် ငါးလအတွင်း ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ဒါရ်ခိုင်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးဂင့်တုန်းထန်က ပြောကြားသည်။

ထိုင်းရောက် တရားဝင်မြန်မာများ အဖမ်းခံရလျှင် သံရုံးက ဖြေရှင်းပေးမည်

ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေသည့် ထိုင်းနိုင်ငံတွင် အထောက်အထား အပြည့်အစုံ ရှိသော်လည်း ဖမ်းဆီးခံရပါက မြန်မာအလုပ်သမား သံအရာရှိကို ဆက်သွယ် အကူအညီ တောင်းနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကယန်းစာသင်သည့် ဆရာ၊ ဆရာမ များကို ထောက်ပံ့ကြေးပေးရန် အစိုးရထံ စာတင်

ကယားပြည်နယ်ရှိ ကယန်းတိုင်းရင်းသားစာပေများ သင်ကြားပေးလျှက်ရှိသော ဆရာ၊ ဆရာမ များကို လစာ ထောက်ပံ့ပေးရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြည်ထောင်စု အစိုးရထံ ဇွန် ၁၇ ရက်တွင် စာတင်လိုက်သည်ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးနုန်းရီက မဇ္ဈိမကို ပြောသည်။ 

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦး အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်းဆောင်ရမည်

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးခန့်သည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်ထမ်းကြီးများဆိုင်ရာအခွန် ရုံးတွင် စတင် အခွန်ထမ်းဆောင်ရမည်ဟု ယင်းအခွန်ရုံး၏ ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က မဇ္ဈိမကို ပြောသည်။ 

သံရုံးဝန်ထမ်းများ လုံခြုံရေး အီရတ်နိုင်ငံသို့ အမေရိကန်စစ်သည်များ စေလွှတ်

Photo: သံရုံးဝန်ထမ်းများ လုံခြုံရေး အီရတ်နိုင်ငံသို့ အမေရိကန်စစ်သည်များ စေလွှတ်
Tuesday, June 17, 2014

အမေရိကန် အစိုးရသည် အီရတ်နိုင်ငံရှိ ကန်သံရုံးဝန်ထမ်းများကို ကာကွယ်ရန် စစ်သည် ၂၇၅ ဦးကို စတင်ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ISIL စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကို ခံနေရသည့် ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် စစ်သည်များ စတင်တပ်စွဲမည် ဖြစ်သော်လည်း သံရုံးဝန်ထမ်းများ ကာကွယ်ရေးအတွက်သာ အဓိက ရည်ရွယ်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။

“ဘဂ္ဂဒက်ကို ပို့လွှတ်လိုက်တဲ့ စစ်သည် ၂၇၅ ဦးဟာ သံရုံးလုံခြုံရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ဘာဆာရာနဲ့ အာဘီလ်မြို့တေမှာရှိတဲ့ ကောင်စစ်ဝန်ရုံးတွေက သံအမှုထမ်းတွေကို ရွှေ့ပြောင်းရေးမှာလည်း ကူညီသွားပါမယ်”ဟု အိမ်ဖြူတော်၏ ဖော်ပြချက်တွင် ပါရှိသည်။ အမေရိကန်သည် လေဆိပ်လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍအတွက်လည်း နောက်ထပ်စစ်သည် ၁၀၀ ကို အားဖြည့်ပို့ဆောင်သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဂျွန်ကယ်ရီက အမေရိကန် အစိုးရ အနေဖြင့် အီရတ်အရေးနှင့် ပတ်သက်ပြီး ကောင်းကျိုးဖြစ်စေမည် ဆိုပါက မည်သည့်အခြေအနေကိုမဆို စဉ်းစားမည်ဟု ပြောဆိုထားသည်။ အီရတ်တွင် စစ်သွေးကြွများ အုံကြွတိုက်ခိုက်နေမှုအတွက် အမေရိကန်က အီရန်နိုင်ငံနှင့် ဆွေးနွေးဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

စစ်သားများ စေလွှတ်ခြင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “အမေရိကန် စစ်မှုထမ်းတွေက အီရတ်အစိုးရရဲ့ ခွင့်ပြုချက်အရ အီရတ်နိုင်ငံထဲ ဝင်ရောက်သွားပါပြီ။ ဘဂ္ဂဒက်က အမေရိကန် သံရုံးကိုတော့ ဆက်ပြီး ဖွင့်လှစ်ထားဆဲပါ။ အမေရိကန် စစ်သည်တွေကတော့ နိုင်ငံသားတွေရဲ့ လုံခြုံရေး ကဏ္ဍအတွက် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အီရတ်စစ်တပ်နှင့် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဘဂ္ဂဒက်မြို့တော် အနောက်ဘက် ၄၅ မိုင်မျှ အကွာတွင် စစ်သွေးကြွများ ပစ်ချမှုကြောင့် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

BBC

၂၀၀၉ ခုနှစ်က အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် စစ်သားတစ်ဦးကို တွေ့ရစဉ် (Photo - AFP)
၂၀၀၉ ခုနှစ်က အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် စစ်သားတစ်ဦးကို တွေ့ရစဉ် (Photo - AFP)
အမေရိကန် အစိုးရသည် အီရတ်နိုင်ငံရှိ ကန်သံရုံးဝန်ထမ်းများကို ကာကွယ်ရန် စစ်သည် ၂၇၅ ဦးကို စတင်ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်

Photo: သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်
Tuesday, June 17, 2014 

 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်  ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များ၏ ချီး မြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း ငါးခုကို အမျိုးသားလွှတ်တော်တွင် ဆွေး နွေးအတည်ပြုပြီးနောက် ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ် တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုခဲ့ပါက အဆင့် အသီးသီးမှ အုပ်ချုပ်သူ အစိုးရအ ဖွဲ့ဝင်အားလုံးသည် ပြည်သူများ နှင့် နည်းတူလစာချီးမြှင့်ငွေမှ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

အဆက်ဆက်သော အစိုးရ များလက်ထက်မှ ယခုအစိုးရသစ်လက်ထက်ထိအဆင့်အသီးသီးမှ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် အားလုံးသည် ၀င်ငွေခွန် မပေးဆောင်ခဲ့ရပေ။

အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းလိုက် သော ၀င်ငွေခွန်ဥပဒေသစ်အရ တစ်နှစ်ဝင်ငွေ ကျပ် ၁၈ သိန်းနှင့် အ ထက်ရရှိသော သူများသည် ၀င် ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရပြီး ယခု ၂၀၁၄ ဘဏ္ဍာနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့သော ဥပဒေအရ တစ်နှစ်လျှင် အနည်းဆုံးဝင်ငွေကျပ်ငါးသိန်းရရှိသူပင်လျှင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

လက်ရှိဥပဒေအရ နိုင်ငံ တော်သမ္မတ၏ လစာငွေသည် တစ်လလျှင် ကျပ်သိန်း ၅၀ ဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးများသည် သိန်း ၃၀၊ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးများသည် သိန်း ၂၀၊ ပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် များနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃၀၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဥက္ကဋ္ဌများသည် ကျပ် ၁၀ သိန်း လစဉ်ချီးမြှင့်ငွေအဖြစ် ရရှိသည်။

အဆိုပါလစဉ်ချီးမြှင့်ငွေများ အပြင် အဆင့်အလိုက် စရိတ်နှင့် အဆောင်အယောင်များဖြစ်သည့် အသုံးစရိတ်၊ ကားနှင့် နေအိမ် စ သည့်တို့ကို ရရှိသော်လည်း အ ဆိုပါစရိတ်နှင့် အဆောင်အ ယောင်များအတွက် အခွန်ပေး ဆောင်ရန်မလိုကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းထားသည်။

ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက်ကို ပြည်သူ့လွှတ် တော်တွင် ဇွန်လ ၂၀ ရက်၌ ဆွေး နွေးမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ပြီး ပါက ဥပဒေအဖြစ် အသက်ဝင် ကာ သတ်မှတ်ထားသည့် ပမာဏ များအတိုင်း အစိုးရအဖွဲ့ဝင်များ သည် အခွန်ပေးဆောင်ရမည်ဖြစ် သည်။

7Day DAILY 

သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)
သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)
 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်  ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။

e-Government စနစ် ပိုကောင်းရန် ဆောင်ရွက်မည်ဟုဆို

အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်မှု ပိုမိုမြန်ဆန် ထိရောက်စေသည့် e-Government စနစ်ကို ပြည်သူ များ ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ 

စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး

Photo: စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး
Tuesday, June 17, 2014 

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 ယခင်က စက်သုံးဆီ အ ရောင်းဆိုင်နှင့် သိုလှောင်ကန် စခန်း တည်ဆောက်ရာတွင် လျှောက်ထားသော လုပ်ငန်းရှင် က တည်ဆောက်မည့်နေရာ၏ မြေယာပိုင်ဆိုင်မှု၊ စာချုပ်စာတမ်း များ၊ စက်သုံးဆီ ၀ယ်ယူသည့် ကုမ္ပဏီ၏ စာချုပ်စာတမ်းများနှင့် ထောက်ခံချက်များကို စွမ်းအင်ဝန်ကြီးဌာနသို့ ပူးတွဲတင်ပြရသည်။

‘‘တချို့အချက်အလက်တွေ က မလိုအပ်ဘဲ ပါနေတာတွေ ရှိ တယ်။ တကယ့်လက်တွေ့မှာ သူ တို့အတွက် မကိုက်ဘူး။ စက်သုံး ဆီဝယ်ယူရတဲ့ ကုမ္ပဏီရဲ့ ထောက် ခံချက်ကိုတောင်းတော့ နောက် ပိုင်း အဲဒီကုမ္ပဏီက မ၀ယ်တော့ ဘူးဆိုရင် လိုင်စင်ကိစ္စမှာ ပြဿ နာတက်တော့ အဲဒီအချက်ကို ပယ်ဖျက်လိုက်တာပါ။ အဲဒီအစား လိုအပ်တာတွေ အသေးစိတ် ထပ်လုပ်လိုက်တယ်’’ ဟု မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသစ်ပြင်ဆင်လိုက်သည့် စက်သုံးဆီ အရောင်းဆိုင်လိုင်စင် လျှောက်ထားမှု ပုံစံသစ်သည် လျှောက်ထားသူ၏ အမည်၊ မှတ် ပုံတင်၊ ကုမ္ပဏီအမည်၊ မှတ်ပုံ တင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်း နံပါတ်၊ တည်နေရာနှင့် အကျယ် အ၀န်း၊ လျှောက်ထားလိုသည့် လုပ်ငန်းလိုင်စင်အမျိုးအစား၊ သို လှောင်ဖြန့်ဖြူးရောင်းချမည့် စက် သုံးဆီအမျိုးအစားနှင့် ၀င်ဆံ့နိုင် သည့် ဆီဂါလန်ပမာဏ၊ အရောင်း ဆိုင်၊ သိုလှောင်စခန်း၏ဒီဇိုင်းပုံစံ၊ အကွက်ပုံစံ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်စသည်တို့ ပါဝင်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍ ၂၀၁၄ ခုနှစ်အထိ ပုဂ္ဂလိက စက် သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့် လျှောက်ထားသော ဆိုင် ၁၃၀၀ နီးပါးရှိရာမှ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ဆိုင်ပေါင်း ၈၀၁ ဆိုင် လိုင် စင်ချထားခဲ့သည်။ ယခု နှစ်ဆန်း ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ရန် ဆိုင်ပေါင်း ၆၁ ဆိုင်ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာတစ်နိုင်ငံ လုံးတွင် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ပုဂ္ဂလိက စက် သုံးဆီဆိုင်ပေါင်း ၁၁၃၂ ဆိုင်ရှိ  ပြီး ပုဂ္ဂလိက စက်သုံးဆီသိုလှောင် စခန်း ခုနစ်ခုရှိလာပြီဟု သတင်း ရရှိသည်။

စက်သုံးဆီ ရောင်းချခြင်းကို စွမ်းအင်ဝန်ကြီးဌာနက လုပ် ဆောင်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ပုဂ္ဂလိကသို့ စတင်လုပ်ကိုင် ခွင့်ပေးခဲ့သည်။ ယခင် စွမ်းအင် ၀န်ကြီးဌာနက ရောင်းချနေသည့် စက်သုံးဆီဆိုင်  ၂၆၁  ဆိုင်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် လွှဲ ပြောင်းပေးခဲ့သည့်အပြင် စက်သုံး ဆီဆိုင် အသစ်ရောင်းချလိုသူများ လိုင်စင်လျှောက်ခွင့်ကိုလည်း ခွင့် ပြုခဲ့သည်။

7Day DAILY
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေထွက်ပြီး ခုနစ်နှစ်ကြာမှ နည်းဥပဒေ ရေးဆွဲလျက်ရှိဟု ဒု-၀န်ကြီးပြော

အသက် ၁၈ နှစ်မပြည့်သေးသော လူငယ်များအကြား ဆေးလိပ်သောက်ခြင်း ခေတ်စားလာနေမှုအပေါ် ထိရောက်စွာ တားဆီးနိုင်ရန် နည်းဥပဒေများ ညှိနှိုင်း ရေးဆွဲလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန ဒု- ၀န်ကြီး ဒေါက်တာသန်းအောင် က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

မွန်ပြည်သူ့ဖိုရမ် သုံးရက်ကြာ ကျင်းပမည်

မွန်ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့ အစည်း ကိုယ်စားလှယ်များ ပါဝင်မည့် မွန်ပြည်သူ့ဖိုရမ်ကို မော်လမြိုင်မြို့၌ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါဖိုရမ် ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးကျော်လင်းဦး က ပြောဆိုသည်။

ပီအာရ်စနစ်ရေးဆွဲမည့် ကော်မရှင်တွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များဆက်လက်ပါဝင်သင့်၊ မသင့်စဉ်းစားနေ

အမျိုးသားလွှတ်တော် တွင် ကျင့်သုံးမည့်အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်)ကို ရေးဆွဲမည့်ကော်မရှင်တွင် ပါဝင်သည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆက်လက်ပါဝင်သင့်၊မသင့်ကို စဉ်းစားနေကြကြောင်းယင်းကိုယ်စားလှယ်များထံမှ  
သ တင်းရရှိသည်။

သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦး ပြန်လွှတ်

သံတွဲပဋိပက္ခတွင် ပါဝင်ခဲ့သူဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရွာသား ၂၃ ဦးအနက် ၁၃ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးမှ တရားရှင် ပြန်လွှတ်ပေး လိုက်ကြောင်း သံတွဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ညီညီဌေးက ပြောကြားသည်။

လန်ပိအဏ္ဏ၀ါအမျိုးသား ဥယျာဉ်လုပ်ကိုင်လိုသော လုပ်ငန်းရှင်လေးဦး လျှောက်ထား

လန်ပိအဏ္ဏ၀ါ ဥယျာဉ် တွင် အပန်းဖြေစခန်း တည် ဆောက်ခွင့်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ် တောရေးရာ     ၀န်ကြီးဌာနမှ လျှောက်လွှာဝယ်ယူသူ ၂၂ ဦးရှိ ခဲ့သော်လည်း 
လျှောက် ထားသူ မှာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ရှင်လေးဦးရှိကြောင်း သစ်တော ဦးစီးဌာနမှ သတင်းရရှိသည်။

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်

Photo: စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်
Tuesday, June 17, 2014

ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

The Voice Weekly
ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူ နိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်း က ပြောကြားသည်။

ပေါ်တူဂီနှင့်ပွဲတွင် ရော်နယ်လ်ဒိုကို လှုပ်မရအောင် ထိန်းထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လှုပ်မရအောင် စနစ်တကျ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောကြားခဲ့သည်။

မယ်ဆိုင်မြို့ တရား မဝင် ဖုန်း အော်ပရေတာ လုပ်ငန်းမှ နိုင်ငံခြားသားများ နှင့် အတူ မြန်မာ နိုင်ငံသား နှစ်ဦး ဖမ်းဆီး ခံရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် တရားမဝင်ရုံးဖွင့်ကာ တယ်လီဖုန်း အော် ပရေတာ လုပ်ငန်း လုပ်ကိုင်နေသူ လူ ၅၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းရာ မြန်မာနိုင်ငံသား ၂ ဦး ပါဝင် ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, June 17, 2014

  မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည် မထွက်ခွာခင် ခတ္တမန္ဒူမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြား ဖို့ ရွေးကောက်ပွဲကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြောသင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မ ဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒေါ်အောင်ဆန်း စုကြည်က - ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာသာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓမွေးဖွားရာ လုမ္ပဏီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း - ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ပဏီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံးသိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

RFA Burmese
မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

Photo: အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး
Tuesday, June 17, 2014

တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထား တဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ သူမရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာတစ်ခုမှာ ဖြော်ပခြင်း ခံရတဲ့ အတွက် ရဲများ သွားရောက်ကြည့်ရှုရာကနေ အဖြစ်မှန်ကို သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။

အဘွားရဲ့ သားနဲ့ သမီးဖြစ်သူကိုတော့ သွေးအေးအေးနဲ့ လူသားတစ်ဦးကို အစာရေစာ မကျွေးဘဲ အသက်ဆုံးရှုံးစေလိုမှု နဲ့ ဖမ်းဆီးထားပါတယ်။ ဖမ်းမိတဲ့ သားနဲ့ သမီးကတော့ လူတစ်ယောက်ကို အစာကျွေးရတာဟာ   ငွေကုန်ကြေးကျများပြီး ပင်ပန်းတဲ့ အတွက် ယခုလို လုပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဘွားကြီးက နေမကောင်းဖြစ်နေတယ်ဗျ။ နောက်ပြီး ဘယ်သူမှလည်း ဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိကြဘူး။ အဲဒီ အတွက် သူတို့မှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ ဒါ့ကြောင့် သူမကို အခန်းတံခါး သော့ခတ်ပြီး အစာငတ်ခံထားလိုက်ရင် အာဟာရပြတ်ပြီး သေသွားဖို့ ကြံစည်ထားတာ လို့ ရဲသားတစ်ဦးက ပြောပါတယ်။

နောက်ပြီး သူတို့ အဘွားကြီးကို အစာမကျွေးရုံတင် မကဘူး။ ရေချိုးခန်းလည်း ပေးမသုံးဘူး။ ဒါ့အပြင် ဘယ်သူနဲ့မှလည်း အတွေ့မခံဘူးလို့ ပြောပါသေးတယ်။

အိမ်သူ အိမ်သားတွေရဲ့ ပစ်ပယ်အကျဉ်းချခံထားရ ပေမယ့် အဘွားနေထိုင်ရာ ယန်ကျွန်းရွာက အိမ်နီးချင်းတွေကတော့ သူမကို ဂရုစိုက်ကြပါတယ်။ သူမ အစာမစားရလောက်ဘူး ထင်တဲ့ အိမ်နီးချင်းတွေရဲ့ ကောင်းမှုကြောင့် အဘွားဟာ ရေနဲ့ ဆန်ပြုတ်ခြောက်တွေ စားရပြီး တာဝန်သိသူ တစ်ဦးက အင်တာနက်မှာ တင်ခဲ့တဲ့ အတွက် ရဲတွေ သတိထားမိခဲ့ခြင်း ဖြစ်ပါတယ်။

အဘွားနဲ့ သူမရဲ့ ကလေးတွေ ကြားထဲမှာလည်း ဆက်ဆံရေး အတိမ်းအစောင်းတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူမက အိမ်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ထင်ကြတဲ့အတွက် အစာမကျွေးဘဲ ထားလိုက်ခြင်း ဖြစ်တယ်လို့ အဆိုပါ ရဲသားကပဲ ပြောပါတယ်။ အကယ်၍ အစာအာဟာရဟ ပြတ်လို့ သူမသေဆုံးသွားရင်တော့ တာဝန်ရှိသူတွေကို သူမဘာသာ အစာမစားဘဲ နေတာလို့ ပြောဖို့ သူတို့ တိုင်ပင် စီစဉ်ခဲ့ကြပါတယ်။

အဲဒီ မိသားစုဝင်တွေက တကိုယ်ကောင်းဆန်ပြီး အသက်ကြီးလာတဲ့ အဘွားအိုကို ကြည့်ရှူစောင့်ရှောက်ချင်စိတ် မရှိတာနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာလို့လည်း ပြောခဲ့ပါတယ်။

ref: dailymail.co.uk
World Myanmar News
တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထား တဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၁ဝနှစ်သားအရွယ် ကောင်လေး အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာ

Photo: ၁ဝနှစ်သားအရွယ် ကောင်လေး အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာ
Tuesday, June 17, 2014

အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေးတစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ရရှိခဲ့တယ် လို့ AP သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါမြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အထက်တန်းကျောင်းတစ် 
ကျောင်းမှ ယင်း၁ဝနှစ်သားအရွယ်ကောင်လေး ကတော့ ဒီပလိုမာဘွဲ့ရရှိခဲ့လို့ အခမ်းအနား ပွဲတွေ ကျင်းပခဲ့ပါတယ်။ ¤င်း ၁ဝနှစ်သား ကောင်လေးဟာ Tanishq Abraham လို့ အမည်ရှိပြီး အထက်တန်းကျောင်းမှ အသက် ငယ်ရွယ်ဆုံး ဘွဲ့ရရှိသူတစ်ဦး ဖြစ်လာခဲ့ပါ တယ်။ 

၁ဝနှစ်သားအရွယ်သာရှိသော်လည်း အထက်တန်းကျောင်းကနေ ထူးထူးချွန်ချွန် ဒီပလိုမာဘွဲ့ကိုရရှိခဲ့လို့ အိမ်ဖြူတော်ကနေ တောင်မှ ချီးကျူးဂုဏ်ပြုတဲ့စာရရှိခဲ့ပါသေးတယ်။ 

''ကျွန်တော့်ရဲ့ဦးနှောက်က Topic တွေကို နှုတ်တိုက်ကျက်လာခဲ့တာပါ။ ကျွန်တော် ဘာတစ်ခုကိုမှ အတိအကျ မသိပါဘူး''လို့ Tanishq က ဆိုခဲ့ပါတယ်။ 

Ref: AP
Yangon Media Group
အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေး တစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ရရှိခဲ့တယ် လို့ AP သတင်းဌာနက ရေးသား ဖော်ပြ ခဲ့ ပါတယ်။