Monday, 16 June 2014

မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌနှင့် ရှယ်ယာရှင်များ ငွေကြေးပြဿနာ မပြေလည်သေးဟုဆို

ဆူပါကာစတန် မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ဖူးသည့် မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌနှင့် ရှယ်ယာရှင် ၂၄ ဦးတို့အကြား ငွေကြေးသုံးစွဲမှုဆိုင်ရာ အငြင်းပွားမှု ပြဿနာမှာ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရရှိသေးကြောင်း ယင်းနှစ်ဖက် ညှိနှိုင်းဆွေးနွေးပွဲအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေတိုးနှုန်း အမှန်ရရှိရေး ဖွားသေစာရင်း ကောက်ခံမှု ခက်ခဲဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေတိုးနှုန်း အမှန်ရရှိရေးအတွက် ဖွားသေစာရင်းများကို လစဉ် တစ်နှစ်တိတိ ကောက်ခံကာ တွက်ချက်မည် ဖြစ်သော်လည်း ကျေးလက်ဒေသမှ မွေးဖွားမှုနှုန်း ရရှိရေး အခက်အခဲ ရှိနေကြောင်း အဆိုပါ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၅ မှာ သမ္မတဖြစ်လာဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်ပါ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။

ကျိုင်းတုံခရိုင်တွင် တပ်သိမ်းမြေများအနက် ဧကသုံးထောင်နီးပါး ပြန်ပေးမည်

Photo: ကျိုင်းတုံခရိုင်တွင် တပ်သိမ်းမြေများအနက် ဧကသုံးထောင်နီးပါး ပြန်ပေးမည် 
Monday, June 16, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မြို့နယ်သုံးခုတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်းခဲ့သည့် မြေများအနက် ဧက ၂၆၂၃ ဒသမ ၇ ကို မူလလယ်ယာမြေ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ကျိုင်းတုံခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်က လိုအပ်ချက်များအရ လယ်ယာမြေများနှင့် အခြားမြေများကို မလွှဲမရှောင်သာ သိမ်းယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခု တပ်မတော် တပ်ရင်းတပ်ဖွဲ့များက ပြန်လည် စွန့်လွှတ်သည့် မြေယာများကို ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာနိုင်သော်လည်း တပ်မတော်က ပြန်လည် မစွန့်လွှတ်သည့် မြေယာများကိုမူ တောင်သူများအနေနှင့် ရရှိရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အသုံးမပြုလို့ ပြန်လည်စွန့်လွှတ်တဲ့ မြေယာထဲကနေ ဇွန်လ ၁၃ ရက်နေ့မှာ ကျိုင်းတုံမြို့နယ်က မူလပိုင်ရှင်တစ်ဦးကို ပြန်လည် လွှဲပြောင်းပေးပြီးပါပြီ။ သူပိုင်ဆိုင်တဲ့ ၁ ဒသမ ၉၈၉ ဧကရှိတဲ့ လယ်မြေကို ပုံစံ (၃) နဲ့ ပြန်လည် လျှောက်ထားလို့ အဆင့်ဆင့် စိစစ်ပြီးမှ ပြန်ရတာပါ။ အခုလို မူလပိုင်ရှင်ထံကို ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒါပထမဆုံးပါပဲ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် မြေယာ အငြင်းပွားမှု ကင်းရှင်းသည့် ကျိုင်းတုံမြို့၊ အမှတ် ၂ ရပ်ကွက် ကွင်းအမှတ် (၄၀)၊ ဦးပိုင်အမှတ် (၂၃) မှ ဦးနွမ်ဆမ် (ခ) စိုင်းနွံ ပိုင်ဆိုင်သည့် လယ်မြေ ၁ ဒသမ ၉၈၉ ဧကကို ပြန်လည် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်၍ ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ကျန်မြေယာများကို မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်က စိစစ်ပြီးမှသာ တောင်သူများထံသို့ ပြန်လည် ပေးအပ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးအောင်ကိုလတ်က ပြောကြားသည်။

“အဘရဲ့ စပါးစိုက်နေတဲ့ လယ်လေးကို ၁၉၉၇ ခုနှစ်က အသိမ်းခံခဲ့ရတာပါ။ အခုလို ပြန်ပေးတော့ အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်” ဟု သိမ်းဆည်းမြေ ပြန်လည်ရရှိသည့် အမှတ် ၂ ရပ်ကွက်နေ အသက် ၉၃ နှစ်ရှိ ဦးနွမ်ဆမ် (ခ) ဦးစိုင်းနွံက ဆိုသည်။

၁၉၉၂ ခုနှစ်တွင် အမှတ် (၄) ဝန်တင်တပ်ရင်း တည်ဆောက်ရန်ဟု ဆိုကာ ယင်း၏ တောင်ယာစပါး၊ ပဲပုတ်နှင့် နာနတ် စိုက်ပျိုးနေသည့် မြေယာ ၂၀ ဧကခန့်ကို သိမ်းဆည်းခံခဲ့ရကြောင်း၊ မူလမြေယာ ပြန်လည်ရရှိရန် (သို့) မြေယာအစားထိုး ပေးအပ်ရန် တင်ပြ လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည် မရရှိသေးကြောင်း ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုံရွာနေ အသက် ၈၀ နှစ်ခန့်အရွယ် အဘိုး ဦးထွန်းတင်က ပြောကြားသည်။

ကျိုင်းတုံခရိုင် အတွင်းရှိ ကျိုင်းတုံမြို့နယ်တွင် အမှတ် (၁၁) တိုက်ပွဲဝက် စည်းရုံးရေး သင်တန်းကျောင်းမှ မြေယာ ၁ ဒသမ ၉၈၉ ဧက၊ အမှတ် ၄ ဝန်တင် တပ်ရင်းမှ ဘုရားဝတ္တကမြေ ၉ ဒသမ ၇၀ ဧက၊ အမှတ် ၃၁၄ ခြေမြန်တပ်ရင်းမှ မြေယာ ၂၄၀၀ ဧက၊ အမှတ် ၂၄၅ ခြေလျင်တပ်ရင်းမှ မြေယာ ၉၀ ဒသမ ၀၀ ဧက၊ မိုင်းယန်းမြို့နယ်တွင် အမှတ် ၂၇၉ ခြေလျင်တပ်ရင်းမှ မြေယာ ၅ ဧကနှင့် မိုင်းခတ်မြို့နယ်တွင် စစ်ဗျူဟာမှ မြေယာ ၇၄ ဒသမ ၀၀ ဧက၊ အမှတ် ၃၂၈ ခြေမြန်တပ်ရင်းမှ မြေယာ ၅၀ ဒသမ ၀၀ ဧက၊ စုစုပေါင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များ သိမ်းဆည်းထားသည့် မြေယာ ၂၆၂၃ ဒသမ ၇ ဧကကို ပြန်လည် စွန့်လွှတ်ပြီး ဖြစ်၍ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရန်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်က စိစစ်လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက် စာရင်းဇယားများအရ သိရသည်။

The Voice Weekly
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မြို့နယ်သုံးခုတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်း ခဲ့သည့် မြေများအနက် ဧက ၂၆၂၃ ဒသမ ၇ ကို မူလလယ်ယာမြေ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ကျိုင်းတုံခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

မလှိုင်တွင် ဒုရဲအုပ်နှစ်ဦးက လူငယ်တစ်ဦးကို ယာဉ်တိုက်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ ထိုးကြိတ်ဟုဆို

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဝါးခွရွာမှ အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးကို မလှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရပ်ဝတ် ဒုရဲအုပ်နှစ်ဦးက ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဇွန်လ ၇ ရက်က ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူ၏ မိသားစုထံမှ သိရသည်။

ရွှေတောင်မြို့တွင် တွေ့ခဲ့သည့် ရဟန္တာရုပ်တုများ ကုန်းဘောင်ခေတ် လက်ရာဟု ခန့်မှန်း

ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပေကုန်းကျေးရွာ အနီးရှိ ချုံနွယ်များကြားမှ တွေ့ခဲ့သည့် ရှေးလက်ရာ ရဟန္တာရပ်တုများသည် ကုန်းဘောင်ခေတ် လက်ရာများဟု ခန့်မှန်းရကြောင်း သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ဒဂုံ (၂၅) ရပ်ကွက်တွင် လူသတ်မှုဖြစ်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂၅) ရပ်ကွက် ပျံကျဈေးအနီး သရက်ချောင်းလမ်းနှင့် ယုဇန လမ်းထောင့်တွင် ဇွန် ၁၄ ရက်နေ့ ည ၁၂ နာရီ ကျော်က စကားထိုင်ပြောနေသော အမျိုးသားနှစ်ဦးကို အရက်မူး နေသူ အမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ထိုးရာမှ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အပိုင် (၃) ရာအိမ်မှူး ဦးမောင်စောက ပြောကြားသည်။ 

နှင်းလူ ကျောက်ဖြစ်ရုပ်ကြွင်း ဆိုသည်များ ကလေးဝတွင် တစ်ပိဿာ ကျပ်ငါးထောင်ဖြင့်ရောင်း

Photo: နှင်းလူ ကျောက်ဖြစ်ရုပ်ကြွင်း ဆိုသည်များ ကလေးဝတွင် တစ်ပိဿာ ကျပ်ငါးထောင်ဖြင့်ရောင်း
Monday, June 16, 2014 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သစ်ချောက်ကျေးရွာတွင် နှင်းလူဟု ယူဆရသည် ဆိုသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် တူးဖော်ရောင်းချလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။

“ရောင်းလို့ရမှန်း သိလို့ တူးနေကြတာ။ ရွာမှာ အလုပ်မရှိတဲ့သူတိုင်း တူးနေကြတာ။ တစ်မနက်ခင်းကို နှစ်ပိဿာလောက် ရရင် နေ့တွက်ကိုက်သွားပြီ” ဟု သစ်ချောက်ကျေးရွာမှ ဦးအောင်ဆန်းက ပြောဆိုသည်။

ယခုကဲ့သို့ တူးဖော်မှုများကို ဇွန်လ ဒုတိယပတ်မှ စတင်ခဲ့ကြရာ တစ်ပတ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ မည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြောင်း သုတေသန ပြုလုပ်နိုင်ရန် တူးဖော်ရရှိသော အရာများကို ပြင်ပသို့ ရောင်းချခြင်း မရှိဘဲ လာရောက်အပ်နှံရန် စည်းရုံးထားကြောင်း သစ်ချောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်က ပြောဆိုသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်တုန်းက မင်းကင်းဘက်က တောင်တွင်းချောင်မှာ နှင်းလူနှစ်ကောင်ရဲ့ အရိုးတွေ ရခဲ့ဖူးတယ်။ အခုသစ်ချောက်မှာ တွေ့တာကိုလည်း သေချာ သုတေသနလုပ်ပြီး ရှေးသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဆိုရင် သေချာထိန်းသိမ်းသင့်တယ်” ဟု အသက် ၆၀ ကျော်အရွယ်ရှိ ကလေးမြို့ ဒေသခံ ဦးမျိုးသိန်းက ပြောကြားသည်။

တူးဖော်ရရှိသော အရာများတွင် ဦးခေါင်းခွံ ပုံသဏ္ဌာန်များ၊ နံရိုးပုံသဏ္ဌာန်များ၊ သွားပုံသဏ္ဌာန်များ၊ အဆစ်ရိုးပုံ သဏ္ဌာန်များ တွေ့ရကြောင်း၊ ပုံသဏ္ဌာန် မူတည်၍ ဈေးကောင်းရပြီး အတိုအစများကိုမူ တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် သစ်ချောက်ကျေးရွာရှိ ကိုယ်စားလှယ်တစ်ဦးက ဝယ်ယူလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဝယ်မယ်ဆို ပုံစံမပျက် တွေ့ထားတာ ရှိတယ်။ လိုက်ပြမယ်” ဟု သစ်ချောက် ဒေသခံတစ်ဦးက ၎င်းရှာဖွေ တွေ့ရှိထားမှုကို ပြောပြသည်။

ယင်းပစ္စည်းများကို ဝယ်ယူသည် ဆိုသော ကိုယ်စားလှယ်မှာ ခရီးလွန်နေသောကြောင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယင်းကျောက်ဖြစ်ရုပ်ကြွင်းများ ပြင်ပသို့ ရောက်ရှိမသွားစေရန် ထိန်းသိမ်းရမည် ဖြစ်ရာ ဓာတ်ပုံ အထောက်အထားများနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်နိုင်လင်းက ပြောဆိုသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သစ်ချောက်ကျေးရွာတွင် နှင်းလူဟု ယူဆရသည် ဆိုသော ကျောက် ဖြစ် ရုပ်ကြွင်းများကို တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် တူးဖော်ရောင်းချလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။

ဦးအောင်မင်းနှင့် ယွက်ဆစ် ချင်းမိုင်တွင် တွေ့ဆုံရန် စီစဉ်

တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်းတို့ မကြာမီတွေ့ဆုံမည်ဖြစ်ကြာင်း သတင်းရရှိသည်။

ရခိုင်ရှိ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု စတင်

ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော် ရှိသည့် ရခိုင်ပြည်နယ်ရှိ မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုကို ဇွန်လ ၁၅ ရက်နေ့က စတင်နေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ ယူကရိန်းသတ်မှတ်

ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားတွေကြောင့် စစ်လေယာဉ်တစင်း ပျက်ကျပြီး လေယာဉ်ပေါ်မှာပါတဲ့ လူပေါင်း ၄၉ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ဒီနေ့ တနင်္ဂနွေနေ့ကို Ukraine နိုင်ငံ တမျိုးသားလုံးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သမ္မတ Petro Poroshenko က ကြေညာလိုက်ပါတယ်။ 

ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ

Photo: ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ
Monday, June 16, 2014

အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာအလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

တပ်မတော်က အာဏာသိမ်းထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်မှာလည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ MWRN ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် တပ်မတော်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း ပါဝင်သည့် အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်၊ အထောက်အထားမဲ့၊ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံနေရကြောင်း MWRN ထံမှ သိရှိရသည်။ 

“ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိတ်လန့်တကြား ဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ဆိုသည်။

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိနေပြီး အထောက်အထားတိုးရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာသဖြင့် တရားဝင် အထောက်အထား မြန်ဆန်စွာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

အဖမ်းအဆီး ကြမ်းနေသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုလျှင်လည်း တရားဝင် ပြန်၍ မရကြောင်း၊ တရားမဝင် နည်းလမ်းဖြင့် ပြန်ရန်လည်း ပွဲစားကို အားကိုးရသဖြင့် ပွဲစားကြေး အနည်းဆုံး ဘတ် ၃၀၀၀ ဝန်းကျင် ပေးရကြောင်း ဦးအောင်ကျော်က ဆိုသည်။ 
“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့ကို အစိုးရ (မြန်မာ) အနေနဲ့ အမြန်ညှိနှိုင်းဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

အဖမ်းအဆီး ကြမ်းမှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ နေ့စဉ် ပြည်တော် ပြန်နေကြကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိပြီး သုံးသိန်းကျော်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်သည်။

The Voice Weekly
အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာ အလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ် သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

Apple နှင့်ယှဉ်ပြိုင်မည့် ကျန်းမာရေးခြေရာခံစနစ်ကို Google မိတ်ဆက်ဖွယ်ရှိ

Photo: Apple နှင့်ယှဉ်ပြိုင်မည့် ကျန်းမာရေးခြေရာခံစနစ်ကို Google မိတ်ဆက်ဖွယ်ရှိ
Monday, June 16, 2014

iOS 8 အတွက် Health app ကို Apple က မိတ်ဆက်ပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် Google က အလားတူ ကျန်းမာရေးခြေရာခံစနစ်ကို Google I/O ကွန်ဖရင့်စ်၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း Forbes မှ ဖော်ပြခဲ့သည်။ အဆိုပါ ကျန်းမာရေးခြေရာခံစနစ်ကို Google Fit ဟု အမည်ပေးထားပြီး ၎င်းသည် ကျန်းမာရေးခြေရာခံထုတ်ကုန်များနှင့် app များမှ အချက်အလက်များကို စုပေါင်းကာ သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် ဖော်ပြပေးမည် ဖြစ်သည်။
 
Google Fit သည် open API ဟုခေါ်သည့် အချက်အလက်များကို app များမှ ဝေမျှနိုင်မည့် ညွှန်ကြားချက်များမှတစ်ဆင့် အချက်အလက်များကို ရယူစုဆောင်းပေးမည် ဖြစ်သည်။ ထို့အပြင် Google Fit သည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်ခုမှ ခြေလှမ်းများနှင့် နှလုံးခုန်နှုန်းကဲ့သို့သော အချက်အလက်များကို ၎င်း၏ ဂေဟစနစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် Google ၏ cloud အခြေခံ ဝန်ဆောင်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်စေမည်။
 
သို့ရာတွင် Google Fit ကို Android တွင် default အနေဖြင့် ပေါင်းစပ်ထည့်သွင်းရန်နှင့် သီးခြား app အနေဖြင့် ဖြန့်ချိရန် စီစဉ်ထားခြင်း ရှိ၊ မရှိကို အသေအချာ မသိရသေးကြောင်း Forbes က ပြောကြားခဲ့သည်။
 
ယခုနှစ် အစောပိုင်းက Google သည် Android Wear စီမံကိန်းကို စမတ်နာရီများကဲ့သို့ ဝတ်ဆင်နိုင်သော ထုတ်ကုန်များတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသုံးပြုမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် Google Fit သည် အမျိုးမျိုးသော Android Wear ထုတ်ကုန်များမှ အချက်အလက်များကို ရယူစုဆောင်းသည့် ဗဟိုစနစ်တစ်ခု ဖြစ်လာဖွယ်ရှိကြောင်း Forbes က သုံးသပ်ဖော်ပြခဲ့သည်။
 
မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Worldwide Developers Conference (WWDC) တွင် Apple က မိတ်ဆက်ပေးခဲ့သည့် Health feature သည် developer များအနေဖြင့် app များနှင့် အမျိုးမျိုးသော ထုတ်ကုန်များပေါ်တွင် ထည့်သွင်းတည်ဆောက်နိုင်စေမည့် feature ဖြစ်သည်။ ထို့အပြင် ၎င်း feature ကို Apple ၏ iWatch တွင်လည်း အဓိက feature အနေဖြင့် အသုံးပြုသွားဖွယ်ရှိသည်။
 
ကောလာဟလ သတင်းများကလည်း ယခုနှစ်ကုန်ပိုင်းတွင် iOS 8 ကို အများပြည်သူထံ ဖြန့်ချိသည့်အခါ၌ ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုစေမည့် biometric senseor များပါဝင်သော iWatch ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
 
Ref: MacRumors
7Day DAILY
iOS 8 အတွက် Health app ကို Apple က မိတ်ဆက်ပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် Google က အလားတူ ကျန်းမာရေးခြေရာခံစနစ်ကို Google I/O ကွန်ဖရင့်စ်၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း Forbes မှ ဖော်ပြခဲ့သည်။ အဆိုပါ ကျန်းမာရေးခြေရာခံစနစ်ကို Google Fit ဟု အမည်ပေးထားပြီး ၎င်းသည် ကျန်းမာရေးခြေရာခံထုတ်ကုန်များနှင့် app များမှ အချက်အလက်များကို စုပေါင်းကာ သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် ဖော်ပြပေးမည် ဖြစ်သည်။

သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

Photo: သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
Monday, June 16, 2014

ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင် ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
 
လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်ကရေးဆွဲခဲ့သော အခြေ ခံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တနေရာယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက်ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို သော မဲကပိုများပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ ပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။

၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ခင်ပွန်းနှင့်သားသမီး များ နိုင်ငံခြားသားများ ဖြစ်နေ သော မည်သူ့ကိုမဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။

နီပေါနိုင်ငံသို့ အလည်အ ပတ်ခရီးတွင် မိမိအနေဖြင့်လွတ် လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သောဒီမိုကရက်တစ်ရွေး ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း မျှ တသောရွေးကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှုရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို သ တိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ တယ်ဆိုတဲ့ အချက်ကိုလည်း သ တိပြုရပါမယ်’’ဟု နှစ်ပေါင်းများ  စွာနေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ခုနှစ်တွင်လွတ်မြောက်လာ သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။                 

Ref: AFP
7Day DAILY
ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သန္တိသုခတွင် ပီနန်ဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် ဖွင့်မည့် သာသနာပြု သင်တန်းကြော်ငြာ နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြ

အငြင်းပွားဖွယ်အခြေအနေဖြင့် ချိတ်ပိတ်ခံခဲ့ရသည့်မဟာ သန္တိသုခကျောင်းတိုက်တွင် ပီနန် ဆရာတော်ကြီး ၏ လမ်းညွှန်ချက် ဖြင့် သာသနာပြုသင်တန်းဖွင့်လှစ် မည်ဟု  မေလ  ၁၅ရက်ထုတ် နိုင်ငံပိုင် 
သတင်းစာ များတွင် ကြော်ငြာများပါဝင်လာသဖြင့်   လူအများ အံ့အားသင့်ခဲ့ရသည်။

ဟာသသရုပ်ဆောင် ဒါရိုက်တာကုသိုလ် အသည်းရောဂါဖြင့် ကွယ်လွန်

Photo: လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်
Monday, June 16, 2014

လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ်
 ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဖြင့်
ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ဦးကုသိုလ်ရုပ်အလောင်းကို နာရေးကူညီမှုအသင်းက ယနေ့ညနေပိုင်းတွင် ဆေးရုံ၌ သွားသယ်ကာ ရေခဲတိုက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေက အတည်ပြုပြောကြားသည်။

7Day News Daily
နာမည်ရ ဟာသပြဇာတ် တစ်ခုဖြစ်သော သရဲလေးကောင် ပြဇာတ်တွင် သရဲမအဖြစ် ပါဝင်ခဲ့သော အနုပညာလောကတွင် ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ်သာမက၊ ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားများစွာ ရိုက်ကူးပြီး အောင်မြင်မှုများ ရရှိခဲ့သူ ကုသိုလ်သည် ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ၊ အောင်ရတနာ ဆေးခန်း၌ အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း အနုပညာ မိတ်ဆွေတစ်ဦး ဖြစ်သည့် ဟာသသရုပ်ဆောင် ဂွမ်းပုံက The Voice သို့ ပြောကြားသည်။ 

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း မပြဋ္ဌာန်းမီ ဘာသာရေး ခေါင်းဆောင် များနှင့် ဆွေးနွေးရန် သမ္မတထံ တောင်းဆိုမည်

သာသနာရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဘာသာအသီးသီးရှိ ဘာသာရေး ခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဋ္ဌာန်းရန် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ဘုရားကြီးများအဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွားက ပြောကြားသည်။ 

အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်

Photo: အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်
Monday, June 16, 2014

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း တည်ဆောက်နေပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို စာသင်ကျောင်း တည်ဆောက်လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃ ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့ မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်းတဲ့ ရေပိုင်နက်ကို ကြီးကြပ် အုပ်ချုပ်ရတာ ဖြစ်ပါတယ်။

အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်လာမယ်ဆိုပြီး  ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်လိုက်ပါတယ်

ဗွီအိုအေ (မြန်မာဌာန)

ဖိလစ်ပိုင်နိုင်ငံခြားရေဌာနက ရိုက်ကူးထားတဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်း
ဖိလစ်ပိုင်နိုင်ငံခြားရေဌာနကရိုက်ကူးထားတဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်း
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန် ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်း တကျောင်း တည်ဆောက်နေပါတယ်။

မြန်မာပြည်သား ဂျာမနီမှ Schwerin Castle

Photo: မြန်မာပြည်သား ဂျာမနီမှ Schwerin Castle
Monday, June 16, 2014

ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။

၁၀ ရာစု ကတည်းက တည်ရှိတဲ့ ရဲတိုက် ဖြစ်ပြီး ကမ္ဘာ့အလှဆုံး ရဲတိုက် စာရင်းထဲမှာ ပါရှိပါတယ်။ ခေတ်အဆက်ဆက် မင်းဆက်အမျိုးမျိုးပြောင်း လဲပြီး ခံတပ်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ရေလယ်ခေါင်မှာ တည်ရှိနေတာလည်း ဖြစ်တဲ့အတွက် ခံတပ်အတွက် အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ထိန်းသိမ်းထားနိုင်လို့ နိုင်ငံရဲ့  သမိုင်းဝင် ပြတိုက် တစ်ခုအနေနဲ့လည်း ယနေ့တိုင် တည်ရှိနေရခြင်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြတိုက်မှာ Petermännchen အမည်ရ မင်စာ ရှိတယ်လို့လည်း ယနေ့တိုင် လူသိများပါတယ်။ စိမ်းလမ်းစိုပြည်နဲ့ ပတ်ဝန်းကျင် ကြားမှာ တည်ရှိနေတဲ့ Schwerin ရဲတိုက်ကို ယခုလို မြင်တွေ့ ရပါတယ်။

ရိုးရာလေး
ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိဟု လ၀က၀န်ကြီး ပြောကြား

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဇွန် ၁၄ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။