မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တ နားချိန်မှာ သတင်းမီဒီယာ သမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့ အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါ တယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော် သားတွေရဲ့ ဆန္ဒက အဓိက မူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘော ထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြားကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။