Tuesday, 10 June 2014

ရိုးရာလေး စာဖတ်ပရိသတ်များအတွက် အသားလှုပ်နိမိတ် အဟောများ

Photo: ရိုးရာလေး စာဖတ်ပရိသတ်များအတွက် အသားလှုပ်နိမိတ် အဟောများ
Tuesday, June 10, 2014

ရိုးရာလေး စာဖတ်ပရိသတ်များအတွက် အသားလှုပ်နိမိတ် အဟောများ

၁။ ဦးခေါင်းအရှေ့ပိုင်း ။   ။ မျှော်လင့်ထားသော ကြံစည်ထားသော ကိစ္စရပ်များ အာင်မြင်ပြီး မြောက်စေခြင်း
၂။ နောက်ပိုင်း ။ ။ ကောင်းသာခရီး ပျော်ရွှင်စရာခရီး သွားလာရခြင်း
၃။ နဖူးပြင်အလယ် ။ ။ ငွေကုန်ကြေး ကျများခြင်း ရင်းနှီးမတည်ငွေဆုံးရှုံး ရခြင်း
၎။ လင်္ကျာနဖူး ။ ။ ရုတ်တရက်ခရီးထွက်ရခြင်း
၅။ လက်ဝဲနဖူး ။ ။ မျှော်လင့်ချက်များ ပြည့်စုံအောင်မြင်ခြင်း
၆။ လင်္ကျာမျက်ခုံး ။ ။ ဥစ္စာစီးပွါးငွေကြေးရရှိခြင်း
၇။ လက်ဝဲ ။ ။ ငယ်ရွယ်သူတို့ ရောက်ရှိလာခြင်း ပူပန်ရခြင်း ကိုယ်ဝန်ဆောင်များသားသမီးရမည့် လက္ခဏာဖြစ်ခြင်း
၈။ မျက်ခုံးအလယ်ဗဟို ။ ။ ချစ်သူတွေ့ ရှိခြင်း ခင်မင်သူတို့ ရောက်လာခြင်း ၉။ နှာခေါင်းရင်း ။ ။ ချစ်သူနှင့်၎င်း ဖနီးသားသမီးနှင့်၎င်း ချစ်ခင်သူမိတ်ဆွေနှင့်၎င်း ခွဲခွါရခြင်း
၁၀။ လင်္ကျာမျက်ခုံး ။ ။ မျော်လင့်ချက်များ ပြည့်စုံစေခြင်း
၁၁။ လက်ဝဲ ။ ။ ပူပင်သောကဖြစ်ရခြင်း ချစ်သူ(သို့ )ဇနီးမယားနှင့်ခွဲခွါရခြင်း
၁၂။ လင်္ကျာမျက်ခွံ ။ ။ ပျော်ရွှင်ဖွယ်ရာသတင်းကောင်းကြားရခြင်း
၁၃။ လက်ဝဲ ။ ။။ ပူပင်သောကဖြစ်ရခြင်း
၁၄။ လက်င်္ကျာမျက်လုံးအောက် ။။ အပြစ်တင် အပြစ်ဖို့ ခံရခြင်း
၁၅။ လက်ဝဲ ။ ။ ။။ အကုန်အကျများစေခြင်း
၁၆။ လင်္ကျာနား ။။ အလုပ်အကိုင်ဖွံ့ ဖြိုးတိုးတက်စေခြင်း
၁၇။ လက်ဝဲနား ။။ ပူပန်ရခြင်း ရောဂါရခြင်း
၁၈။ လျှာ ။။ စကားအခြအတင်ပြောဆိုရခြင်း ရန်ဖြစ်တတ်ခြင်း ၁၉။ အထက်နှုပ်ခမ်း ။။ အောင်မြင်ပြီး အကျိုးခံစားရခြင်း
၂၀။ အောက် ။ ။ မိတ်ဆွေကောင်းတွေ့ ရှိခြင်း
၂၁။ အထက်သွား ။။ ကိုယ်ဝန်ဆောင်ဖြစ်က ကလေးမွေးမည့်လက္ခဏာ ။ အောက်လက်ငယ်သား ဆွေမျိုးငယ်သူတို့ ရောက်ရှိလာခြင်း
၂၂။ အောက်သွား ။။မကောင်းသတင်းများထွက်ပေါ်နေတတ်ခြင်း
၂၃။ လင်္ကျာပါး ။။ ငွေကြေးဆုံးရှုံးခြင်း
၂၄။ လက်ဝဲပါး ။။ နာမည်ဆိုးနှင့် ကျော်ကြားမှုရှိခြင်း
၂၅။ ပါးနှစ်ဖက် ။။ ပျော်ရွှင်ရခြင်း ပျော်ရွှင်ရမည့်နိမိတ်
၂၆။ မေးစေ့ ။။ချစ်သူရီးစားနှင့်အဆင်မပြေဖြစ်ခြင်း မိမိမှဖြစ်စေ သူတစ်ပါးမှဖြစ်စေခွဲခွါပြီးခရီး သွားရခြင်း
၂၇။ လင်္ကျာလည်ပင်း ။။ ပျော်ရွှင်ပြီး အကျိုးခံစားမှုရရှိခြင်း
၂၈။ လက်ဝဲ ။ ။။ ဆန့်ကျင်ဖက်လိင်များနှင့်ပျော်ရွှင်စွာဆက်သွယ်ရခြင်း
၂၉။ လင်္ကျာရင်သား ။။ ပူပန်သောကဖြစ်ရခြင်း
၃၀။ လက်ဝဲ ။ ။။ ကိုယ်ဝန်ဆောင်ကလေးမွေးမည့်လက္ခဏာ (သို့ ) ချစ်သူရရှိခြင်း
၃၁။ လင်္ကျာရင်ဘတ်(နံဘက်ခြမ်း )။။ စိတ်ချမ်းသာမှုရရှိခြင်း
၃၂။ လက်ဝဲ ။ ။ ။။ ရန်ဖြစ်ခြင်း
၃၃။ လင်္ကျာပုခုံး ။။ ပူပန်သောကဖြစ်ရခြင်း
၃၄။ လက်ဝဲ ။ ။။ ရန်အပေါင်းကိုအောင်နိုင်ခြင်း
၃၅။ လင်္ကျာလက်မောင်းအပေါ် ။။ ပျော်ရွှင်ခြင်း အလုပ်အကိုင်ရာထူးရရှိစေခြင်း
၃၆။ လက်ဝဲ ။ ။ ။။ဆန့်ကျင်ဖက်လိင်တို့ နှင့်ပေါင်းသင်းဆက်ဆံရခြင်း
၃၇။ လင်္ကျာလက်မောင်းအောက်။။ ရာထူးတိုးခြင်း
၃၈။ လက်ဝဲ ။ ။ ။ ။။ ချမ်းသာသုခပျော်ရွှင်မှုကိုရခြင်း
၃၉။ လင်္ကျာလက်ခုံ ။ ။ ချစ်သူနှင့်ပေါင်းဖေါ်ရခြင်း
၄၀။ လက်ဝဲ ။ ။ ။ ကိုယ်စိတ်နှစ်ပါးသောကဖြစ်ခြင်း
၄၁။ လင်္ကျာလက်ဖ၀ါး ။။ ၀င်ငွေရရှိခြင်း အရိုအသေခံရခြင်း
၄၂။ လက်ဝဲ ။ ။။ ချစ်သူနှင့်ခွဲခွါရခြင်း ၀င်ငွေရရှိခြင်း
၄၃။ လင်္ကျာလက်မ ။။ ပျော်ရွှင်ဖွယ်သတင်းကြားရခြင်း
၄၄။ လက်ဝဲ ။ ။။ ဘေးအန္တရာယ်ကြာင့်ဒဏ်ရာရခြင်း
၄၅။ လက်ညှိုးနှစ်ဖက် ။။ ရန်သူများကြောင့်သောကရောက်ခြင်း
၄၆။ လက်ခလယ် ။ ။။ ပူဆွေးမှုဖြစ်ရခြင်း
၄၇။ လက်သူကြွယ် ။ ။။ အောင်မြင်ခြင်း လက်ဝတ်ရတနာရရှိခြင်း
၄၈။ လက်သန်း ။ ။။ ရန်ဖြစ်ခြင်း ရန်သူများကြောင့်ဘေးအန္တရာယ်ဖြစ်စေခြင်း
၄၉။ ၀မ်းပိုက်အထက်နှင့်အလယ် ။။ အလုပ်အကိုင်ဆုံးရှုံးရခြင်း
၅၀။ ၀မ်းပိုက်အောက်ပိုင်း ။။ ပျော်ရွှင်ခြင်း လေးစားမှုနှင့် ဂုဏ်သိက္ခာတက်ခြင်း
၅၁။ ခါး ။။ ခရီးသွားခြင်း
၅၂။ လိင် (မ) ။။ ကာမဂုဏ်ခံစားရခြင်း ကလေးမွေးမည့်လက္ခဏာ
၅၃။ လိင် (ကျား) ။။ ကာမဂုဏ်ခံစားရခြင်း ဆင်းရဲဒုက္ခဖြစ်ခြင်း
၅၄။ လင်္ကျာပေါင် ။။ ရုတ်တရက်ပူပင်သောကဖြစ်ပေါ်လာတတ်ခြင်း
၅၅။ လက်ဝဲ ။ ။။ ကာမဂုဏ်ခံစားရခြင်း ချစ်သူရောက်လာတတ်ခြင်း
၅၆။ လင်္ကျာခြေသလုံး ။။ ဆင်းရဲဒုက္ခဖြစ်စေတတ်ခြင်း
၅၇။ လက်ဝဲ ။ ။။ မကောင်းသောခရီးကိုသွားရခြင်း ပြောင်းရွှေ့ ရခြင်း
၅၈။ လင်္ကျာခြေခုံ ။။ ကိုယ်စိတ်နှစ်ပါးဆင်းရဲတတ်ခြင်း
၅၉။ လက်ဝဲ ။ ။။ ကောင်း မကောင်း ခရီးသွားရခြင်း အလုပ်အကိုင်နေရာရွှေ့ ပြောင်းရခြင်း
၆၀။ လင်္ကျာခြေဖ၀ါး ။။ ရာထူးတိုးပြီး အကျိုးခံစားရခြင်း
၆၁။ လက်ဝဲ ။ ။။ ခရီးဝေးသွားရန်ကိစ္စ ရုတ်တရက်ပေါ်ပေါက်တတ်ခြင်း
၆၂။ လကျာင်္ခြေချောင်း ။။ အောင်မြင်မှုကိုရရှိစေခြင်း
၆၃။ လက်ဝဲ ။ ။ ပူပင်သောကတွေ့ ရတတ်ခြင်း
၆၄။ လင်္ကျာခန္မာကိုယ် ။ ။ ငွေကြေးဆုံးပါးခြင်း အကုန်အကျများခြင်း
၆၅။ လက်ဝဲ ။ ။ နိုင်ငံရပ်ခြားနယ်ခြားပယ်ခြား ခရီးသွားရခြင်း
၆၆။ တစ်ကိုယ်လုံး ။ ။ မကောင်းသတင်းတို့ ဖြင့် ထင်ရှာကျော်စောခြင်း 

 ရိုးရာလေး
ရိုးရာလေး စာဖတ်ပရိသတ်များအတွက် အသားလှုပ်နိမိတ် အဟောများ

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း

Photo: မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း
Tuesday, June 10, 2014

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။ 

ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံး သပ်ရန်မှာ အင်မတန်ခက်ခဲ လှသည်။ အကြောင်းမှာ- တစ်ဖက် စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာ မှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည် ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။

သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများ ရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြ ချက်များမှာ ဗုဒ္ဓအဆုံး အမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။ 

 ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။
ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။ 

မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။
သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒကို အလွယ်နည်းဖြင့်သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိမ်ကြီးတစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည်ဆိုပါစို့။ ကလေးငယ်များက ဘာမျှ လုပ်တတ်ကြလိမ့်မည်မဟုတ်။ ထိုအခါ အားကောင်းမောင်းသန်ဖခင်ဖြစ်သူက ကလေးငယ်များနှင့်တကွ ကစားစရာများကိုပါ ယာဉ်ရာထားကြီးပေါ်တင်ပြီး မီးဘေးလွတ်ကင်းရာ သို့ထွက်ခဲ့သည်။ ထိုပုံပြင်၌ မီးလောင်နေသာ အိမ်ကြီး ကို ဒေါသမီး၊ လောဘမီး၊ မောဟမီး ဟုန်းဟုန်းတေက်လောင်မြိုက် နေသော ဤကမ္ဘာလောကကြီး၊ ကလေးငယ်များကို ပုထုဇဉ်လူသားများ၊ ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။  

ကလေးငယ်များ ကစားနေသော ကစားစရာယာဉ်များတွင် လူတကယ်စီးနိုင်လောက် သော လှည်းရုပ်များလည်းရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။
ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက် ရန်ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံးကျွတ်အောင်ပြုနိုင်အပ်ပေသည်ဟု ယုံကြည်ကြသည်။ 

နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ဝါဒ) ရှိသည်။
၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။) စသည်တို့ဖြစ်သည်။ 

ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာတင်ပြီးနောက်ပိုင်း ဟိနယာနဂိုဏ်းတစ်ခု ထေရဝါဒ မှခွဲထွက်လာသည်။ ဒုတိယ သံဃာယနာကာလတွင်း ဝိနည်းဆယ်ပါး တီထွင်ပြဋ္ဌာန်းမှုကြောင့် မူလထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီးတို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော်သန့်စင်ခဲ့သည်ကို အငြိုးထားကာ ရဟန္တာဆိုသည်မှာ ကိလေသာမကုန်သေး။ သံယောဇဉ်မကုန်သေး။ ထို့ကြောင့် ဘက်လိုက်မှုပြုတတ်သေးသည်။ အမှားကိုလည်းပြုတတ်သေးသည်။ ထို့ကြောင့် အရိယာဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထိုပထမသံဂါယနာတင် ရဟန္တာအိုကြီးများ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ 

ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာနဂိုဏ်းဝင်တို့သည် ပစ္စေကဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအားထုတ်ရာ နောက်ပိုင်း ၄င်းထက်ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်းလမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ်ခဲ့သည်။
ဤတွင် စိတ်ဝင်စားဖွယ်တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်၌ သာဝကလမ်းစဉ်ကို သာဟောကြားခဲ့သည်။ အတိအကျဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲကျင့်ကြံသော သမ္မာသမ္ဗောဓိလမ်းစဉ်ကို မည်သို့ရရှိသနည်းဖြစ်သည်။
မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင်စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကိုလက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။ 

မဟာယနတွင် ဒသဘူမိကဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါးကျင့်စဉ်တရား စသည်ဖြင့်စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပေသည်။
ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရားပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့သိမြင်ရသည်ဟု ဆိုထား၏။ 

သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားမဟာခဲ့ ပုံရိပ်၊ ကာယအတုတို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီးလည်း ဟောတော်မူကြောင်ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယတို့အား လူတို့မဖူးတွေ့ရပုံ တို့ပါတိတိကျကျညွန်းဆိုထားကြသည်။ 

ထို့ကြောင့် အရေးအကြောင်းတစ်ခုခုလျှင် မြတ်စွာဘုရားမှမကယ်။ ဘုရားလောင်းများသာ လာရောက်ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများသည် နတ်သား၊ နတ်သမီးအဖြစ်လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟုယုံကြည်ကြသည်။ မဟာယနတို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်းငှာ ကိုးကွယ်ဆည်းကပ်ကြလေသည်။ 

ထိုသို့ဘုရားလောင်းကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုးကိုပင် အမည်ပြောင်းလဲခေါ်ဆိုကာ ဘုရားအလောင်းတော် အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော် ကိုကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါကိုးကွယ်ခြင်းအထိ ဖြစ်လာသည်။ ယင်းကိုးကွယ်မှု သည် မြန်မာ သို့ ပုဂံခေတ်ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအားထု လုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကိုဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီ ရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာကို နတ်ဘုရားမများဖြင့် စုံတွဲလိုက်ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေးသူတို့မှာ ဟိန္ဒူတန္တြဆရာများပင်ဖြစ်သည်။ 

အမှန်လျှင် ဗုဒ္ဓအယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရားမဖြစ်သေး။ ကိလေသာမကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန်မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။ 

မဟာယန ယုံကြည်ကိုးကွယ်မှုကို နတ်ဘုရားကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင်အမြင်မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်းရှိနေသည်။
သို့ရာတွင် အနောက်တိုင်းနိုင်ငံသားများသည် ဗုဒ္ဓဘာသာကိုလေ့လာစမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိသကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများ လည်းရှိနေသည်ကိုတွေ့သည်။
စာဖတ်သူုတိ့ အနေဖြင့် မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။
စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော 'နောင်ပွင့်မည့် အရိမေတိယျ ဘုရား' စာအုပ်မှ ကောက်နုတ်၍ ရေးသား ပူဇော် အပ် ပါသည်။  

အောင်ခမ်း (ရိုးရာလေး)
မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။ 

လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့

Photo: လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့
Tuesday, June 10, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်းနားလည်မှုလွဲကာ
နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည်တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို 

ဇွန် ၅ ရက်က မောင်တောမြို့နယ်စပ်ကုန် သည်များအသင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းများအ ရသိရသည်။

''ကျွန်တော်တို့ ခိုင်မာတဲ့သတင်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာလက်နက်ကိုင် အကြမ်းဖက်နေတဲ့သူ တွေရှိတယ်။ အဲဒီအပြင်သူတို့က ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင် ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်'' ဟု မောင်တောနယ်စပ်လုံခြုံရေးကို တာဝန် ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူး ချုပ်တင်ကိုကို ကပြောကြားခဲ့ကြောင်း အစည်း အဝေးတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများအစည်းအဝေးကို မကြာ ခဏမြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်အလှည့်ကျပုံမှန်ပြုလုပ်နေသော်လည်း RSO လက်နက်ကိုင်သောင်းကျန်းသူများနှင့် မြန်မာ နယ်စပ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ရာ မေ လတစ်လတည်းတွင် အလံတင်အစည်းအ ဝေးနှစ်ကြိမ်နှင့် ယခုဇွန် ၅ ရက်တွင် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့်အထိရှိနေ ခဲ့သော်လည်း မေ ၃ဝ ရက်မှ ယနေ့အထိ အခြေအနေတည်ငြိမ်နေခဲ့သည်။ သို့သော် လည်း နယ်စပ်တစ်လျှောက်တွင် သောင်း ကျန်းသူ လက်နက်ကိုင်အဖွဲ့ များရှိနေသည့် အတွက် မြန်မာဘက်မှ တိုးမြှင့်ထားသည့် လုံခြုံရေးဝန်ထမ်း များကို လောလောဆယ် လျှော့ချဦးမည်မဟုတ်ကြောင်း လုံခြုံရေး တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား ၍ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

Flower News Journal | Vol-10, No-22

Yangon Media Group
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်း နား လည်မှုလွဲကာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည် တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က မောင်တောမြို့ နယ်စပ်ကုန်သည်များ အသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်း အဝေး မှတ်တမ်းများအ ရသိရသည်။

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

Photo: ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း
Tuesday, June 10, 2014

(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to Original Writer
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

လေ့လာရေးခရီးထွက်လာသော ကျောင်းသားများ ဆည်ရေဖောက်ထုတ် မှုကြောင့် အသက်ဆုံးရှုံးကြရ

Photo: လေ့လာရေးခရီးထွက်လာသော ကျောင်းသားများ ဆည်ရေဖောက်ထုတ် မှုကြောင့် အသက်ဆုံးရှုံးကြရ
Tuesday, June 10, 2014

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းတောင်တန်းများထူထပ်သော ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ မြစ်တစ်စင်းအတွင်း ရေချိုးနေကြသော ကျောင်းသား ၂ဝနှင့် ဆရာတစ်ဦးတို့သည် ဆည်တစ်ခုမှ ရေဖောက်ထုတ်လိုက်မှုကြောင့် ရေစီးဖြင့် မျောပါသွားခဲ့ကြရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ်တစ်ခုမှ လေ့လာရေးခရီး
ထွက်လာခဲ့ကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့သည် ဇွန် ၈ ရက်က ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ ဘီးယက်စ်မြစ်အတွင်း
ရေချိုးဆင်းနေချိန်တွင် မြစ်အတွင်းသို့ ဆည်ရေဖောက်ထုတ်မှုကြောင့် ရေစီးဖြင့်မျော ပါသွားခဲ့ကြရကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ကပြောကြားသည်။

ဆည်ရေဖောက်ထုတ်မှုကြောင့် မြစ်ရေရုတ်ခြည်း မြင့်တက်ခဲ့ပြီး ရေချိုးနေသူများ ရေစီးဖြင့်မျောပါခဲ့ကြရကြောင်း၊ အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သူများအသက်ရှင်သန်နိုင်မှုမှာ မျှော်လင့်ချက်မှေးမှိန်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒြာဘတ်မြို့ရှိ ဗီနာနာဂျိုတီအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်မှ လေ့လာရေးခရီးထွက်ခွာလာကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့ မမျှော်လင့်ဘဲ ကြမ္မာဆိုးနှင့် တွေ့ကြုံ ရခြင်းဖြစ်သည်။
ဆည်ရေဖောက်ထုတ်ခြင်းမပြုမီ ကြိုတင်သတိပေးမှု မရှိခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းတောင်တန်းများထူထပ်သော ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ မြစ် တစ်စင်း အတွင်း ရေချိုးနေကြသော ကျောင်းသား ၂ဝနှင့် ဆရာတစ်ဦးတို့သည် ဆည်တစ်ခုမှ ရေဖောက် ထုတ်လိုက်မှုကြောင့် ရေစီးဖြင့် မျောပါသွားခဲ့ကြရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အလောင်း လေးလောင်း ကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန် သည်။

ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃ ဦး ပင်လယ်ထဲ ခုန်ချ ၊ ၂ ဦးပျောက်ဆုံး

Photo: ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃ ဦး ပင်လယ်ထဲ ခုန်ချ ၊ ၂ ဦးပျောက်ဆုံး
Tuesday, June 10, 2014  
 
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ ငါးဖမ်းလှေပေါ် ရောင်းစားခံရ တဲ့ မြန်မာအလုပ်သမား ၃ ဦး ပင်လယ်ထဲ ခုန်ချထွက်ပြေးရာမှာ ၂ ဦး ပျောက် ဆုံးနေပါတယ်။

ထိုင်းငါးဖမ်းလှေပေါ်မှာ မတရားခိုင်းစေခံရပြီး ပင်လယ်ထဲ ခုန်ချထွက်ပြေး တဲ့ မြန်မာနိုင်ငံသား ၁ ဦး သေကံမရောက် လွတ်မြောက်လာခဲ့ပြီး အခြား အဖော် ၂ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖူးခက်မြို့ ပင်လယ်ကမ်းစပ်မှာ လှိုင်းပုတ်ခံရပြီး ရောက်လာတဲ့ လူရွယ်တဦးကို ရွာသားတွေက ဆေးရုံမှာ လာပို့ထားကြောင်း ဖူးခတ်ဝချီရဆေးရုံရဲ့ အကြောင်းကြားချက်အရ ရဲစခန်းက သွားရောက်စစ်ဆေးခဲ့တယ်လို့ ထလန်မြို့နယ် ဆိပ်ကမ်းရဲစခန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

အသက်ဘေးက လွတ်လာသူဟာ အသက် ၂၃ နှစ်ရွယ်ရှိ မောင်လေးဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၃ ပတ်လောက်က ပွဲစားကနေတဆင့် ငါးဖမ်းလှေပေါ် ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဖူးခက်မြို့က ငါးမုန့်စက်ရုံမှာ အလုပ်လုပ်ဖို့ ပွဲစားကို ဘတ် ၁ သောင်းပေးခဲ့ရပြီးနောက် ငါးဖမ်းလှေပေါ် အပို့ခံရတယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ နားချိန်မရှိ ပိုက်ဆွဲပေးရတဲ့အတွက် အဖော် ၂ ဦးနဲ့အတူ လှေပေါ်က ခုန်ချခဲ့ကြောင်း၊ ပင်လယ်ထဲ အချိန်ပေါင်းများစွာ ကူးခတ်ခဲ့ပြီး အဖော်ဖြစ်သူ ၂ ဦးက သူ့ရှေ့မှာတင် ရေထဲပျောက်သွားခဲ့တယ်လို့ ရဲဝန်ထမ်းတွေကို ထွက်ဆိုခဲ့ကြာင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖူးခက်ခရိုင် ထလန်မြို့နယ် ထာ့ချတ်ချိုင်းဆိပ်ကမ်းရဲစခန်းမှူး ဗိုလ်မှူး ၀ပ်ချလင်း ကျီလတိကန်က “သူ့ကို ရွာသားတွေက ဆေးရုံကို ပို့ပေးပြီးမှ ဆေးရုံက အကြောင်းကြားလို့ ကျနော်တို့ သိရတာပါ။ ဇွန်လ ၈ ရက်နေ့ညက ဆေးရုံကို ရောက်လာတယ်ပြောတယ်။ ဆရာဝန်လက်ထဲ ရောက်လာပြီဆိုတော့ အသက် အန္တရာယ် မစိုးရိမ်ရပါဘူး။ တာဝန်ကျရဲက သွားစစ်တော့ သူနဲ့အတူ တခြားအဖော် ၂ ယောက် လှေပေါ်ကနေ ပင်လယ်ထဲ ခုန်ချတယ်လို့ ပြောတယ်။ သူဘယ်လှေပေါ်က ခုန်ချသလဲ၊ ဘယ်တုန်းကလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး၊ ဒါကြောင့် ဘယ်လိုအရေးယူေ ဆာင်ရွက်နေလဲဆိုတာ ပြောလို့မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခုန်ချထွက်ပြေးသွားတဲ့ မြန်မာအလုပ်သမား ၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လက်ရှိချိန်ထိတော့ အဲဒီကမ်းခြေအနီးတ၀ိုက်မှာ ရေနစ်လို့မျောလာသူတွေ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အသက်ဘေးက လွတ်လာတဲ့ မြန်မာအလုပ်သမားရဲ့ ထွက်ဆိုချက်တွေ မှန်ကန်တယ်ဆို့ရင် အလုပ်ရှင်ကို ရှာဖွေအရေးယူရမှာဖြစ်ပြီး မောင်လေးကိုလည်း တရားမ၀င် ၀င်ရောက်မှုနဲ့ နယ်စပ်ပြန်ပို့မယ်လို့ ရဲအရာရှိက ထိုင်းသတင်းကို ပြောပါတယ်။

Mizzima - News in Burmese

ကိုမောင်လေးကို ဆေးရုံကားပေါ် တင်နေစဉ်
ကိုမောင်လေးကို ဆေးရုံကားပေါ် တင်နေစဉ်   
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ ငါးဖမ်းလှေပေါ် ရောင်းစားခံရ တဲ့ မြန်မာအလုပ်သမား ၃ ဦး ပင်လယ်ထဲ ခုန်ချထွက်ပြေးရာမှာ ၂ ဦး ပျောက် ဆုံးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၉ နှစ်ပြည့် မွေးနေ့ ပန်းချီပြပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေဖြင့် အသက် ၆၉ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပန်းချီ ဆရာသုံးဦးမှ စုအတွက် For Suu ဆိုသည့် အမည်ဖြင့် ပန်းချီပြပွဲ ပြသသွားမည်ဖြစ်သည်။

ကားအသုံးပြုမှု ဆန့်ကျင်သူ ထောင်ပေါင်းများစွာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြ

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့အတွက် ပေါ့လန်းမြို့လမ်းမများတွင် လှည့်လည်၍ ပြင်ဆင်နေသော စက်ဘီးစီးသူများ (REUTERS/Steve Dipaola)
ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်သွားလာခြင်းအစား စက်ဘီးစီးသူပိုများလာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ကြသည်။

အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ပုပ် ရဟန်းမင်းကြီး တိုက်တွန်း

Photo: အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ပုပ် ရဟန်းမင်းကြီး တိုက်တွန်း
Tuesday, June 10, 2014 

အီတလီ နိုင်ငံရောမမြို့ရှိ ဗာတီကန် စီးတီးတွင် ပြုလုပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး ၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ပုပ်ရဟန်းမင်းကြီးက ပါလက်စတိုင်းနှင့် အစ္စရေး ခေါင်းဆောင် နှစ်ဦးအား ငြိမ်းချမ်းရေး ထူထောင်ကြရန် တိုက်တွန်း မိန့် ကြားခဲ့သည်။ 

ပုပ်ရဟန်းမင်းကြီးသည် မကြာမီက အရှေ့အလယ်ပိုင်းသို့ သမိုင်းဝင် ခရီးသွားရောက် လည်ပတ်ပြီးနောက် ဗာတီကန်တွင် ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်အာဘတ်စ် နှင့် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ် တို့ကို ဖိတ်ခေါ်ကာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်သည် နှစ်ဘက် အကြားတွင် နိုင်ငံရေး စေ့စပ် ညှိနှိုင်းသည့် အနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း အထူးပြု ပြောကြားသည်။ 

အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ပြီးခဲ့သည့် ဧပြီတွင် ပါလက်စတိုင်း ပြိုင်ဖက် နှစ်ဖွဲ့ဖြစ်သည့် ဟားမားစ်နှင့် ဖာတာတို့ ညီညွတ်ရေး အစိုးရ ဖွဲ့ပြီးနောက် ပျက်ပြား သွားခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးက ““ငြိမ်းချမ်းရေး ထူထောင်ခြင်းဟာ သတ္တိများစွာ လိုတဲ့ကိစ္စပါ။ ငြိမ်းချမ်းရေး ထူထောင် တာဟာ စစ်ပွဲဆင်နွှဲရခြင်း ထက်တောင် သတ်္တိပို လိုအပ်ပါ သေးတယ်””ဟု မိန့်ကြား ခဲ့သည်။ 

Messenger News Journal
အီတလီ နိုင်ငံရောမမြို့ရှိ ဗာတီကန်စီးတီးတွင် ပြုလုပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး၏ အရှေ့အလယ်ပိုင်း ငြိမ်း ချမ်း ရေးဆွေးနွေးပွဲတွင် ပုပ်ရဟန်းမင်းကြီးက ပါလက်စတိုင်းနှင့် အစ္စရေးခေါင်းဆောင်နှစ်ဦးအား ငြိမ်းချမ်း ရေး ထူထောင်ကြရန် တိုက်တွန်း မိန့် ကြားခဲ့သည်။ 

မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင် ကွယ်လွန်

Photo: မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင် ကွယ်လွန် 
Tuesday, June 10, 2014 

မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် ဇွန် ၁ဝ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ အသံအိုးကင်ဆာဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပန်းချီဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် သာယာကုန်းရွာ၊ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပန်းချီ စတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီ ဦးခင်မောင်ရင်၏ ပထမဆုံးတစ်ကိုယ်တော်ပြပွဲ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့ဖြင့် တွဲဖက်ပြီး ပြသခဲ့သည်။မြန်မာမော်ဒန် ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည့် “အေအိုင်” ရုံးခန်း တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ “နှမ လက်လျှော့နေလေတော့” ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထို့ပြင် ခင်မောင်ရင်အမည်ဖြင့် ပေါ်ဦးသက်အလည်လာခြင်း နှင့်အခြားပန်းချီဆိုင်ရာ စာအုပ်များရေးသားခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် သူ၏ နောက်ဆုံးပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် “ခင်မောင်ရင် ၇၅” အမည် ဖြင့် အသက် ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည်။

Eleven Media Group
မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် ဇွန် ၁ဝ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ အသံအိုးကင်ဆာဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။

အုပ်စုအဖွင့်ပွဲ အဓိကကျဟု စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗား ပြော

Photo: အုပ်စုအဖွင့်ပွဲ အဓိကကျဟု စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗား ပြော
Tuesday, June 10, 2014 

လက်ရှိ ချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဘီမှာ နယ်သာလန်၊ချီလီ၊ သြစတြေးလျတို့နဲ့  အုပ်စုကြပ်ထဲမှာ ကျရောက်နေပြီး ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲဖြစ်တဲ့ နာမည်ကြီး နယ်သာလန်နဲ့  ရင်ဆိုင်ရမယ့်ပွဲဟာ အဓိကကျတယ်လို့ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးဗားက ပြောပါတယ်။

“Spains-Silva--007နယ်သာလန်နဲ့ ပွဲက ပထမဆုံး ပွဲဖြစ်လို့ အဓိကကျပါတယ်။ ပထမပွဲတွေက အမြဲတမ်းက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ကျနော်တို့ ပထမပွဲမှာ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ပထမပွဲနိုင်ရင် တာထွက်ကောင်းမှာပါ။”

စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အုပ်စုဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို တဂိုးဂိုးမရှိနဲ့ ရှုံးထားပါတယ်။

ကွင်းလယ်သမား ဒေးဗစ်ဆေးဗားဟာ နည်းပြ ဒဲဘောစကေးရဲ့ စပိန်လက်ရွေးစင် ၂၃ ယောက် စာရင်းမှာ ဇာဘီ၊ အင်နစစ်တာ၊ ဖာဘရီဂတ်စ်တို့နဲ့အတူ ရွေးချယ်ခံထားရပါတယ်။

စပိန်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုကို အသားပေးပြီး အပေးအယူ ခပ်စိပ်စိပ်နဲ့ တဖက်အသင်းကို ဖိအားပေး ကစားတဲ့အသင်းဖြစ်ပြီး အားနည်းချက် နည်းတဲ့ အသင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တိုက်ကြီးများဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

DVB TV News
လက်ရှိ ချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဘီမှာ နယ်သာလန်၊ချီလီ၊ သြစတြေးလျတို့နဲ့ အုပ်စုကြပ်ထဲမှာ ကျရောက်နေပြီး ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲဖြစ်တဲ့ နာမည်ကြီး နယ်သာလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ အဓိကကျတယ်လို့ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးဗားက ပြောပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက်(၁၁၁)နှစ် အရွယ်တွင် ကွယ်လွန်

Photo: ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက်(၁၁၁)နှစ် အရွယ်တွင် ကွယ်လွန်
Tuesday, June 10, 2014 

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသည့်  ဓာတုဗေဒနှင့် စိတ်နယ်လွန် ဖြစ်ရပ်များကို လေ့လာဆန်းစစ်သည့် ပညာရှင် အမေရိကန် အဘိုးအို အိုင်မစ်ခ်ျသည် အသက်(၁၁၁)နှစ် အရွယ်တွင် နယူးယော့ခ်မြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အိုင်မစ်ခ်ျ၏ တူမတော်စပ်သူ ကီရန်ဘိုဂျန်က မက်ဟမ်တန် အရပ်တွင် နေထိုင်သော အဖိုးအိုသည် ပြီးခဲ့သည့် (၂)ပတ်အတွင်း ကျန်းမာရေး အခြေအနေ ချို့တဲ့ယုတ်လျော့လာခဲ့ပြီး တနင်္ဂနွေနေ့တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းထောက်များထံ အတည်ပြု ပြောကြားခဲ့သည်။

အိုင်မစ်ခ်ျကို (၁၉၀၃)ခုနှစ်က ပိုလန်နိုင်ငံရှိ မြို့လေးတစ်မြို့တွင် မွေးဖွားခဲ့ပြီး နာဇီဂျာမနီတို့ ကျူးကျော်လာချိန် (၁၉၃၉)ခုနှစ်တွင် နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသလို (၁၉၅၁)ခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာသည်။ အိုင်မစ်ခ်ျ၏ ဇနီးဖြစ်သူမှာ (၁၉၈၆)ခုနှစ် ကတည်းက ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။

အိုင်မစ်ခ်ျက ၎င်းအသက်ရှည်ရခြင်းမှာ မိမိ၏ ပင်ကို မျိုးရိုးဗီဇ ကောင်းမွန်ခြင်းနှင့် ကျန်းမာရေးအတွက် သင့်တော်စွာ နေထိုင်စားသောက်သည့် လူနေမှုပုံစံကြောင်းဟု ပြောဆိုခဲ့ဖူးသည်။

ဂင်းနစ်မှတ်တမ်း အဖွဲ့သည် ယခုအခါ ဂျပန်နိုင်ငံမှ အသက်(၁၁၁)နှစ်အရွယ် ဆာကာရီ မိုမွိုင်ကို အိုင်မစ်ခ်ျအစား ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ရပ်တည်နေသူမှာမူ ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်ရှိ အဘွားအို  မီဆာအို အိုကာဝါဖြစ်သည်။

Ref: CNN
7Day DAILY
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသည့်  ဓာတုဗေဒနှင့် စိတ်နယ်လွန် ဖြစ်ရပ် များကို လေ့လာဆန်းစစ်သည့် ပညာရှင် အမေရိကန် အဘိုးအို အိုင်မစ်ခ်ျသည် အသက်(၁၁၁)နှစ် အရွယ်တွင် နယူးယော့ခ်မြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အချို့ တစ်ပတ်အတွင်း ထပ်မံခွင့်ပြုမည်

အင်တာနက်လိုင်း နှေးကွေးနေဆဲ ဖြစ်သည့် မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းလ်ဖုန်းဖြင့် သုံးစွဲနိုင်မည့် မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ရန် တင်ပြထားသော ပုဂ္ဂလိကဘဏ်များအနက် အချို့ကို ယခုသီတင်းပတ် အတွင်းမှ စတင်၍ ထပ်မံလုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖားကန့် ရှိ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်စိမ်း ရှာသူအားလုံး နေရပ်ပြန်ရမည်

Photo: ဖားကန့် ရှိ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်စိမ်း ရှာသူအားလုံး နေရပ်ပြန်ရမည်
Tuesday, June 10, 2014 

 ရန်ကုန်၊ ဇွန် ၉- ကချင်ပြည်နယ် ဖားကန့်   မြို့ ကျောက်လုပ်ကွက်များ မှ ရေမဆေးကျောက်ရှာသူများ (တစ် နိုင်တစ်ပိုင်ကျောက် စိမ်းရှာဖွေသူ)အား ဇွန် ၁၂ရက်နောက်ဆုံးထား၍ ကျောက် မျက် တူး ဖော်ရေးလုပ်ကွက်အတွင်း  မှဖယ်ရှားကာ နေ ရပ်ပြန်ရ မည်ဖြစ် ကြောင်း ဖားကန့်   မြို့နယ်အတွင်း တရားဝင်သတင်းထုတ်ပြန်လိုက် သည်။

ထိုသို့ထုတ်ပြန်လိုက်ခြင်း ကို  ဖားကန့်   မြို့နယ်အတွင်းရှိ တပ်မတော်၊ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့များ၊ လူ ဝင်မှုကြီးကြပ်ရေးမှူးများ စသည့် အဖွဲ့ အစည်းများပါဝင်သည့် အစည်းအဝေး ဆုံးဖြတ် ချက် အပြီးတွင် ထိုသို့ထုတ် ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအနေအထားအရ တစ် နိုင်တစ်ပိုင် ကျောက်စိမ်းရှာဖွေသူများ သည် ကျောက်မျက်တူးဖော်ရေး ကုမ္ပ ဏီများ ၏ လုပ်ကွက်များ အတွင်း ကျူး ကျော်တဲများဆောက်ကာ ကျောက် စိမ်းတူး ဖော်နေကြ ခြင်းဖြစ်သည်။

ဖားကန့် ဒေသတွင်းရှိ ရေမဆေး ကျောက်ရှာသူများအား နေရပ်ပြန် ရန်ပြောဆိုထားမှုသည် ယခုရက်ပိုင်း တွင် ပညာပေးကာလ သတ်မှတ်ထား သော်လည်း နောက်ပိုင်းတွင် ပုဒ်မ -၁၄၄ ထုတ် ပြန် သွားမည်ဖြစ်သည်။

မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက ''အခုလိုလုပ်ဆောင်တာ ဥပဒေကြောင်းအရ ကောင်း မွန်ပါတယ်။ ဒါပေမဲ့ စနစ်တကျကိုင်တွယ်ဖို့ အရေး ကြီးပါ တယ်။ ဒီလိုမဟုတ် ရင် ရေမဆေး ကျောက်ရှာသူတွေ အုပ်စုဖွဲ့ပြီး လု ယက်တာတွေ၊ ဥပဒေမဲ့လုပ်တာတွေ ဖြစ်လာနိုင်တယ်'' ဟု မှတ်ချက်ပေး ပြောဆိုသည်။

ထိုသို့အုပ်စုဖွဲ့လုယက်ခြင်းများ မဖြစ်ပေါ်စေရန် အတွက်ကိုလည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ မိုဘိုင်းကင်းလှည့် အဖွဲ့ဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ ကြောင်း ယင်းအစည်းအဝေး တက်ရောက်သူ များထံမှ သိရသည်။

ယင်းသို့ အမိန့်ထုတ်ပြန်ခြင်း သည် ဇွန် ၅ ရက်က ပြုလုပ်သည့် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး လှဆွေ ၏ ဖားကန့်တွင် တရားမဝင် ကျောက်တူးဖော်ရေးကိစ္စနှင့် ပတ်သက် ပြီးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း နှင့်ပတ်သက်နိုင်သည်ဟုလည်း ဒေ သခံများက ထင်မြင်ချက်ပေးပြော ဆို နေကြသည်။

ဖားကန့်   မြို့ ဒေသခံ တစ်ဦးဖြစ် သော ဦးအောင်ထွန်းဦးက ''လွှတ် တော်ကိုယ်စားလှယ်ဦးလှဆွေ အမျိုး သားလွှတ်တော် မှာ မေးပြီးတဲ့နောက် စစ်တပ်၊ ရဲ၊ ရယကနဲ့ ရပ်မိရပ်ဖတွေ အစည်း အဝေးခေါ်ပြီး အဖွဲ့တစ်ဖွဲ့ဖွဲ့ လိုက်တယ်။ အဲဒီအဖွဲ့က တစ်နိုင်တစ် ပိုင်လုပ်စားတဲ့ ရေမဆေးသမားတွေ ကို ဒီ ၁၂ရက်နောက်ဆုံးထားပြီး ဖယ် ပေးဖို့ လုပ်ကွက်တွေမှာ စာလိုက်ကပ် တော့တာပဲ''ဟုပြောသည်။

ဇွန် ရရက်က ဖားကန့်   မြို့နယ် အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ က ရင်ချောင်နှင့် ဆိပ်မူစသော မှော်လုပ် ကွက်တို့တွင် အထက်ပါကဲ့သို့ နေ ရပ်ပြန်ရန် သတိပေးဆိုင်းဘုတ်များ  လိုက်လံ ကပ် နေကြောင်း သိရသည်။

NTDW
[--Democracy today Daily Newspaper--]

ဖားကန့်မြို့ရှိ ကျောက်တွင်းလုပ်ကွက်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းထက်စံ
ဖားကန့်မြို့ရှိ ကျောက်တွင်းလုပ်ကွက်တစ်ခုအား တွေ့ရစဉ်
ရန်ကုန်၊ ဇွန် ၉- ကချင်ပြည်နယ် ဖားကန့်   မြို့ ကျောက်လုပ်ကွက်များ မှ ရေမဆေးကျောက်ရှာသူများ (တစ် နိုင်တစ်ပိုင်ကျောက် စိမ်းရှာဖွေသူ)အား ဇွန် ၁၂ရက်နောက်ဆုံးထား၍ ကျောက် မျက် တူး ဖော်ရေးလုပ်ကွက်အတွင်း  မှဖယ်ရှားကာ နေ ရပ်ပြန်ရ မည်ဖြစ် ကြောင်း ဖားကန့်   မြို့နယ်အတွင်း တရားဝင်သတင်းထုတ်ပြန်လိုက် သည်။

မန္တလေးခရိုင်တရားရုံး ကော်ရစ်ဒါတွင် တရားပြိုင်တစ်ဦး ရုတ်တရက်လဲကျ သေဆုံး

မန္တလေးခရိုင် တရားရုံး ကော်ရစ်ဒါတွင် တရားပြိုင်တစ်ဦး ရုတ်တရက် လဲကျကာ ဒဏ်ရာရရှိပြီး သေဆုံး မှုဖြစ်ပွားခဲ့သည်။

မော်တော်ယာဉ် ဥပဒေအသစ်တွင် ထိုင်ခုံခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်း မပြောရန် ထည့်သွင်းရေးဆွဲသွားမည်

မော်တော်ယာဉ် မောင်းနှင်စဉ်တွင် ထိုင်ခုံ ခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်း ပြောဆိုခြင်း မပြုရန်ကို အသစ်ပြင်ဆင် ရေးဆွဲမည့် မော်တော်ယာဉ်ဥပဒေ၌ ထည့်သွင်း ရေးဆွဲ သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဝေးပြေးဝင်းသီးသန့် အောင်မဟာယာဉ်လိုင်းသစ် ဇွန် ၁၀ ရက်နေ့ စတင်ပြေးဆွဲမည်

အောင်မဟာ မော်တော်ယာဉ်အသင်းက ဇွန်လ ၁၀ ရက်နေ့မှစ၍စတင်၍ အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နား စခန်းမှ ဆူးလေသို့ ယာဉ်လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းနာယက ဦးမင်းဇော် က ပြောကြားသည်။

နယ်စပ်ပြဿနာ ဖြေရှင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညွှန်ချုပ်အဆင့် ယနေ့တွေ့မည်

နယ်စပ်ပြဿနာများကို ဖြေရှင်းရန် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်တို့မှ ညွှန်ချုပ်အဆင့်ရှိပုဂ္ဂိုလ်များ ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် banglanews 24 သတင်းဌာနတွင် ဇွန်လ ၉ ရက်နေ့က ဖော်ပြ သည်။ 

မြောက်ဥက္ကလာတွင် အငှားယာဉ်နှင့် မြို့ပတ်ရထားတိုက်

မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ရွှေဥမင် ဘုန်းကြီးကျောင်းရှေ့ရှိ ရထားသံလမ်းတွင် ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရထားလာစဉ် သံလမ်း ဖြတ်မောင်းသော အငှားယာဉ်တစ်စီးနှင့် မြို့ပတ်ရထား တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ချစ်သူနဲ့ ကွဲပြီးနောက် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အခမ်းအနားကနေ Jennifer Lopez နှုတ်ထွက်

Photo: ချစ်သူနဲ့ ကွဲပြီးနောက် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အခမ်းအနားကနေ Jennifer Lopez နှုတ်ထွက်
Tuesday, June 10, 2014
 
လက်တင်အမေရိကရဲ့ အလှဘုရင်မ Jennifer Lopez ဟာ ချစ်သူ Casper Smart နဲ့ ခွာပြဲပြီးနောက်တစ်ရက် မှာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ဖျော်ဖြေဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီတစ်ပါတ် ကြာသပတေးနေ့ ၊ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အခမ်းအနားကို မိန်းမလှလေးတွေ အများအကြီးနဲ့ ကပြဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် Jennifer Lopez ကတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

Jennifer Lopez ဟာ ဆော်ပေါလိုမြို့ မှာ ကျင်းပမယ့် ဒီဖွင့်ပွဲမှာ ၂၀၁၄ ကမ္ဘာ့ဖလားသီချင်း We Are One ကို Pitbull နဲ့ တူတူ ဖျော်ဖြေသီဆိုဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက်ပဲ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jen က သီဆိုမှာမဟုတ်တော့ဘူးလို့ ကြေငြာခဲ့တာပါ။

ဂျေလိုဟာ သူမရဲ့ ချစ်သူ အသက် ၂၇ နှစ်အရွယ် နောက်ခံအကသမား Casper Smart နဲ့ လွန်ခဲ့တဲ့ သောကြာနေ့ က လမ်းခွဲခဲ့ပါတယ်။ Casper Smart ဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ မော်ဒယ် Sofie Vie နဲ့  စာတွေ အပြန်အလှန် ပို့ နေကြောင်း ကောလဟာလတွေ ထွက်ရှိခဲ့ပြီးနောက် သူမရဲ့ နှစ်နှစ်တာချစ်ခရီးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

ဂျေလိုဟာ Casper နဲ့ ချစ်သက်တမ်းအတွင်း Casper အတွက် ၀ယ်ပေးခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို တော့ Casper သိမ်းထားဖို့ ခွင့်ပြုခဲ့တယ်လို့ TMZ ၀က်ဘ်ဆိုဒ်အရ သိရပါတယ်။ ဒီလက်ဆောင်ပစ္စည်းတွေ ထဲမှာ Casper ၂၅ နှစ်ပြည့်မွေးနေ့ အတွက် ၀ယ်ပေးခဲ့တဲ့ အထူးပြင်ဆင်ထားတဲ့ ထရပ်ကားတစ်စီးလည်း ပါဝင်ပါတယ်။ 

Ref: Mirror.co.uk
Trend Myanmar 
လက်တင်အမေရိကရဲ့ အလှဘုရင်မ Jennifer Lopez ဟာ ချစ်သူ Casper Smart နဲ့ ခွာပြဲပြီးနောက် တစ်ရက် မှာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ဖျော်ဖြေဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။