Friday, 6 June 2014

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ် လီ နော ဆို

Photo: ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု 
တယ် လီ နော ဆို
Friday, June 6, 2014

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ 

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။ 

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။ 

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

The Voice Weekly
ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလ တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရ သည်။

တောင်ငူ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရဲတပ်ဖွဲ့က လျစ်လျူရှုနေခြင်းအတွက် တစ်ကိုယ်တော် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူမြို့နယ်အတွင်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စိတ်ကြွရူးသွပ်စေသော မူးယစ်ဆေးဝါးများ တရားမဝင် ဖြန့်ဖြူး ရောင်းချနေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လျစ်လျုရှုနေခြင်းအပေါ် ကန့်ကွက်သည့် အနေနင့် တောင်ငူမြို့ခံတစ်ဦးက ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအထိ တစ်ကိုယ်တော် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။ 

ကိုယ်ခန္ဓာရောင်ရမ်းမှုကိုဖြစ်စေနိုင်သော အစားအသောက်ငါးမျိုး

အဆီပါဝင်မှုနှင့် သကြားပါဝင်မှုများသော အစားအသောက်များကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သည့် အစားအသောက် စားသုံး သူ များသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစွဲမြဲစွာ စားသုံးသူများထက် အသက်တိုနိုင်သည့် အန္တရာယ်ပိုများကြောင်း တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်

Photo: မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်
Friday, June 6, 2014 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော် အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayeyarwaddy Gallery တွင် ပြသမည် ဖြစ်ပြီး မလုံခြုံသော သဘာဝအမွေဟု အမည်ပေးထားကာ ပိုက်လိုင်း စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာရသည့် အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပိုက်လိုင်းတစ်လျှောက် မြေဖို့ပြီး အခြေအနေနဲ့ မဖို့ခင် ဖြစ်ပျက်တဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ ဒါ့အပြင် ပြပွဲလာတဲ့သူတွေကို မှတ်တမ်းစာအုပ် လက်ဆောင်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဒေါ်ဝေဝေလွင်က ဆိုသည်။“

အမ်း၊ ဂုတ်ကြီး၊ မင်းဘူး၊ ပြင်ဦးလွင်၊ နောင်ချိုနှင့် သီပေါ အစရှိသည့် ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ဒေသများ၌ ကြုံတွေ့နေရသည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ သီးနှံစိုက်ခင်းများ ပျက်စီးသည့် အခြေအနေများနှင့် လူမှုဘဝ ထိခိုက်နစ်နာရမှုများကို ဖော်ပြသည့် ဓာတ်ပုံပြပွဲ ဖြစ်ပြီး ဒေသခံများကိုယ်တိုင် ရိုက်ကူးထားသည့် လက်ရာဓာတ်ပုံ မှတ်တမ်းများ ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းငြိမ်းက ပြောကြားသည်။

“ပြပွဲနေ့ကျရင် ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေက အဲဒီမှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု အခြေအနေတွေကိုပါ ရှင်းလင်းသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဓာတ်ပုံ မှတ်တမ်းစာအုပ်ကို အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထားကာ တစ်အုပ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဓာတ်ပုံပြပွဲကို မင်းဘူးမြို့နှင့် သီပေါမြို့တို့တွင်လည်း ထပ်မံပြသမည် ဖြစ်ကြောင်း ဒေါ်ဝေဝေလွင်က ဆက်လက်ပြောဆိုသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားကာ ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်ပြီး ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

The Voice Weekly
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

သေနတ်ဖြင့် ပစ်ခတ်ခံရသူတစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် (Dailymail)
စီးယက်တဲလ်- အမေရိကန်နိုင်ငံ စီးယက်တဲလ်ပစိဖိတ်တက္ကသိုလ်နယ်မြေအတွင်း ဇွန်လ ၅ ရက် နေ့လယ် တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် (၂၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု စီးယက်တဲလ်ဆေးရုံပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ကျန်လူနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် သံသယရှိသူအား ဖမ်းဆီးထား ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြန်မာဘောလုံးအသင်း ဖီဖာ အဆင့်သတ်မှတ်ချက် ၁၄ နေရာ မြင့်တက်

Photo: မြန်မာဘောလုံးအသင်း ဖီဖာ အဆင့်သတ်မှတ်ချက် ၁၄ နေရာ မြင့်တက်
Friday, June 6, 2014 

Myanmar-Footballမြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန် ၅ ရက်နေ့က အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်အတန်း သတ်မှတ်ချက်အရ အရင်ကထက် ၁၄ နေရာ တိုးမြှင့် သတ်မှတ်ခံရပါတယ်။

ပြီးခဲ့တဲ့ မေလ သတ်မှတ်ချက်မှာ ၁၇၃ နေရာမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းဟာ အခု အဆင့် ၁၅၉ နေရာကို ရောက်လာတာပါ။

အရှေ့တောင်အာရှနိုင်ငံအသင်းတွေထဲမှာ ဗီယက်နမ်က ၇ နေရာ ကျသွားပြီး အဆင့် ၁၂၃၊ ဖိလစ်ပိုင်းအသင်းက ၁၁ နေရာ တက်လာပြီး အဆင့် ၁၂၉၊ ထိုင်းက ၆ နေရာ ကျသွားပြီး အဆင့် ၁၄၉၊ မလေးရှားက ၈နေရာ ကျသွားပြီး အဆင့် ၁၅၃၊ စင်ကာပူက ၈ နေရာ ကျသွားပြီး အဆင့် ၁၅၅၊ အင်ဒိုနီးရှားက ၅ နေရာ ကျသွားပြီး အဆင့် ၁၅၇၊ လာအိုက ၅ နေရာ တက်လာပြီး အဆင့် ၁၆၈၊ ကမ္ဘောဒီးယားက အပြောင်းအလဲမရှိ အဆင့် ၁၉၀ မှာ အသီးသီး ရပ်တည်နေပါတယ်။

ဒီဗွီဘီ
Myanmar-Footballမြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန် ၅ ရက်နေ့က အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်အတန်း သတ်မှတ်ချက်အရ အရင်ကထက် ၁၄ နေရာ တိုးမြှင့် သတ်မှတ်ခံရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေး ခေါင်းဆောင်အား ဖမ်းမိ

Photo: ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေး ခေါင်းဆောင်အား ဖမ်းမိ
Friday, June 6, 2014 

ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှု အပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင် နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တရားမဝင်လူထုစုဝေးပွဲ များပြု လုပ်ရန် အွန်လိုင်းလှုံ့ဆော်စည်းရုံးမှုကို ခေါင်းဆောင်ခဲ့သည့် ဆွမ်ဘက်ဘွန်နာ မန်နောင်းကို ဇွန်လ ၅ ရက်ညတွင် ချွန်ဘူရီဒေသ၌ဖမ်းမိခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရ အမျိုးသမီးသီရိချန်နာသောင်းက ပြောသည်။

‘‘ကျွန်မတို့မှာ အင်တာနက်ကနေတစ်ဆင့် ဆွမ်ဘက်ကို ခြေရာခံတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူက စစ်တပ်ကိုသတင်းပို့ဖို့ အမိန့်ကိုချိုးဖောက်တဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ရမယ်’’ဟု ၎င်းပြောရေးဆိုခွင့်ရသူက ပြောသည်။

ထို့ကြောင့် ဆွမ်ဘက်ဘွန်နာမန်နောင်းသည် ထောင်ဒဏ် ၂ နှစ်ကျခံရမည့်စွဲချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

Ref: AFP
7Day DAILY
ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှု အပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင် နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။

ရွှေလင်ပန်းအိမ်ရာ အခန်း ၁,၇၀၀ ကျော် ရောင်းချပေးမည်

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အခန်းပေါင်း ၁,၇၆၈ ခန်းကို ယခုနှစ်အတွင်း ရောင်းချ ပေး သွား မည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမကို ပြောသည်။

ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်

 Photo: ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်
Friday, June 6, 2014 
 
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ပါတယ်။

Brazil-National-Team-for-2014-World-Cupဇွန် ၅ ရက်နေ့က   အသစ် ထုတ်ပြန်တဲ့ ဖီဖာအဆင့်သတ်မှတ်ချက် အရ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ပထမနေရာမှာ ဆက်ရှိနေပြီး ဂျာမနီက ဒုတိယနဲ့ အရင်က စတုတ္ထနေရာမှာ ရှိနေတဲ့ ဘရာဇီးက  တတိယနေရာကို တဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့  တတိယနေရာကနေ စတုတ္ထနေရာကို  လျော့ကျသွားပြီး  အာဂျင်တီးနားကတော့ ၂ ဆင့် တိုးလာကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက် ဆွစ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာနဲ့ အီတလီအသင်းတို့ အစဉ်လိုက်ရှိနေပြီး  အင်္ဂလန်အသင်းကတော့ အရင်ကထက် တဆင့်တိုးလာပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ ပါတယ်။

သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု

Photo: သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု
Friday, June 6, 2014 

ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုး ကူးစက် မှုကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့
သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဗိုင်းရက်စ်ပိုးကူးစက်ခံရမှုဖြစ်စဉ်ဟာ (၆၆၈)ခုရှိသွားပြီဖြစ်တယ် လို့ဆော်ဒီအာရေးဗျ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အခုနောက်ဆုံးထုတ်ပြန်မှုမတိုင်ခင်က ဗိုင်းရက်စ်ပိုး ကူးစက်ခံရမှုဟာ (၅၇၅)မှုရှိခဲ့ပါတယ်။ ဆော်ဒီကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ်မာဒါနီကတော့ ဗိုင်းရက်စ်ပိုးကူးစက်ခံရမှု နောက်ဆုံး ထုတ်ပြန်ပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရမှုတွေမြင့်တက်နေတယ် လို့လည်း ပြောကြားထားပါတယ်။
 
လတ်တလောမှာတော့ ရောဂါကူး စက်ခံရသူ(၅၃)ယောက်ဟာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ အရှေ့အလယ်ပိုင်းရောဂါ MERS ဗိုင်းရက်စ်ပိုးဟာ သာမန်အအေးမိရောဂါနဲ့ ဖြစ်ပွားပုံချင်းဆင်တူပေမယ့်  MERS  ဗိုင်းရက်စ်ပိုးကူးစက်ခံရပါက ကျောက်ကပ်ဆုံးရှုံးနိုင်ပြီး အဆုတ်ရောင်ရောဂါလည်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

MRTV-4






ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေ တဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ

Photo: တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ
Friday, June 6, 2014 

မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (က.ည.န) က တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မော်တော်ယာဉ် အစီးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိပြီး မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်အစီးရေ ၈၆၀၀ ကျော်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်သာ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ 

“အိမ်နီးချင်း နိုင်ငံတွေမှာ အာမခံ အပြည့်အဝ မထားရင် ယာဉ်မောင်းနှင်ခွင့် မရှိသလို လမ်းပေါ်လည်း တက်ခွင့်မရှိဘူး။ မော်တော်ယာဉ် တင်သွင်းတာက နှစ်အလိုက် မြင့်လာနေပေမယ့် ယာဉ်တွေအားလုံး အလုံးစုံ အာမခံ မထားတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။ 

အလုံးစုံအာမခံ မထားသဖြင့် မြန်မာနိုင်ငံအတွင်းရှိ မော်တော်ယာဉ်စီးရေ ၁၀၀ တွင် ၉၇ စီး ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်ကြောင်း၊ ကိုယ်တိုင်လည်း အန္တရာယ် ရှိနိုင်သည့်အပြင် အခြားသူများလည်း ထိခိုက်နစ်နာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ထားရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လုပ်လက်စား သမားတွေက အချိန်လည်း မပေးနိုင်သလို ငွေကုန်ကြေးကျလည်း အရမ်းမခံနိုင်တော့ သွားပြီး မထားဖြစ်ဘူး။ နောက်ပိုင်း အဆင်ပြေလာရင်တော့ သွားထားဖြစ်မှာပါ” ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။

ပြည်တွင်းရှိ စက်တပ်ယာဉ်များတွင် မဖြစ်မနေ ထားရှိရမည့် သူတစ်ပါး ထိခိုက်မှု အာမခံနှင့် အလုံးစုံ အာမခံဟူ၍ ရှိပြီး လက်ရှိတွင် အလုံးစုံအာမခံ ထားရှိသူမှာ နည်းပါးနေကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိ

မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ 

ကိုယ်ပိုင်ယာဉ်တစ်စီး ကွန်တိန်နာ နောက်တွဲကို ဝင်တိုက်

သာကေတမြို့နယ် ရှုခင်းသာလမ်းရှိ အေးရှားဘိုးလိန်း စင်တာရှေ့ လမ်းကွေ့တွင် ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကိုယ်ပိုင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ့ ကွန်တိန်နာယာဉ် နောက်တွဲကို တိုက်မိ ရာမှ ယာဉ်မောင်း အပါအဝင် ဂျပန်နိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

တိုင်းနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ကျေးလက်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်အေးက လွှတ်တော်သို့ လာရောက်စဉ် ဇွန် ၅ တွင် မဇ္ဈိမကို ပြောသည်။

မကြာမီကာလအတွင်း ခွင့်ပြုတော့မည့် ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်မှု

Photo: မကြာမီကာလအတွင်း ခွင့်ပြုတော့မည့် ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်မှု
Friday, June 6, 2014  

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ အတွက် ရွေးချယ်စီစစ်ရေး ကော်မတီဖွဲ့စည်းကာ
စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မကြာမီကာလအတွင်းမှာ ခွင့်ပြုပေးတော့မယ့် နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ဖို့အတွက်  တော့ လက်ရှိပြည်တွင်းမှာ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားတဲ့ထဲက သင့်တော်တဲ့ ဘဏ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။
 
ဖွင့်လှစ်ခွင့်ပြုရာမှာလည်း ဘဏ်ခွဲအနေနဲ့သာ ခွင့်ပြု သွားမှာဖြစ်ပြီး ဘဏ်ခွဲပေါင်း (၅)ခုမှ (၁၀)ခုအတွင်းသာ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပြည်တွင်းဘဏ်လုပ်ငန်းများမှာ အကျိုးဆုတ်ယုတ်မှုမရှိစေဖို့ အတွက်ကိုလည်း ဗဟိုဘဏ်မှ ဦးစီးပြီး နိုင်ငံခြားဘဏ်ခွဲများကို လုပ်ကိုင်ခွင့် ဧရိယာသတ်မှတ် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပေးလိုက်ပါက ပြည်တွင်းရဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေမှာ နိုင်ငံတကာစနစ်တွေနဲ့အညီ ၀န်ဆောင်မှုများ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
 
ဒါပေမယ့်လည်း လက်ရှိပြည်တွင်းဘဏ်များအနေနဲ့တော့ နည်းပညာပိုင်း၊ အရင်းအနှီးပိုင်း၊ အတွေ့အကြုံပိုင်းနဲ့ လုပ်သားကျွမ်းကျင်သူများ ဆုံးရှုံးနိုင်မှုစတဲ့ အပိုင်းတွေမှာတော့ ထိခိုက်မှု အနည်းငယ်ရှိနိုင်တယ်လို့ ပြည်တွင်းဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်အရ သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားဘဏ်ရွေးချယ်စီစစ်ရေး ကော်မတီအနေနဲ့ ရွေးချယ်ရေးလုပ်ငန်းစဉ် တွေကို နိုင်ငံတကာမှ ငွေရေးကြေးရေး အကြံပေးအဖွဲ့များနဲ့ အသေးစိတ်ညှိနှိုင်းသွားမှာဖြစ်ပြီး မကြာမီကာလအတွင်း ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ အတွက် ရွေးချယ် စီစစ်ရေး ကော်မတီဖွဲ့စည်းကာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မကြာမီကာလအတွင်းမှာ ခွင့်ပြုပေး တော့မယ့် နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ဖို့အတွက်  တော့ လက်ရှိပြည်တွင်းမှာ နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားတဲ့ထဲက သင့်တော်တဲ့ ဘဏ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား

Photo: ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား
Friday, June 6, 2014  

ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အသက် ၂၄ နှစ် အရွယ် ဂျက်စတင်းဘော့ ဆိုသူသည် ပစ်ခတ်မှု ကျူးလွန်သူ ဖြစ်နိုင်ကြောင်း ရဲက ကနဦး ကောက်ချက် ချထားပြီး ဂျက်စတင်း ဘော့ကို ကြာသပတေးနေ့ မနက်ပိုင်းတွင် ကြိမ်ဖန်များစွာ တွေ့လိုက်ရသော် လည်း မဖမ်းမိဘဲ လွတ်သွားကြောင်း ရဲကပြောသည်။ မြို့ခံများ အိမ်ထဲမှာ သာနေရန်၊ အိမ်တံခါးများ သော့ခတ်ထားရန် မြို့အုပ်ချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ဒဏ်ရာ ရသွားသော ကနေဒါ တော်ဝင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးရုံတင် ကုသထားရပြီး အခြေအနေ မသိရသေး။

““ပစ်အားပြင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တစ်ကိုယ်တော် သေနတ်သမား တစ်ဦး မြို့ထဲမှာ လွတ်နေပါတယ်။ သူဘယ်မှာ ခိုအောင်းနေလဲ အတိအကျ မသိသေးပါဘူး။ မြို့ခံတွေ သတိရှိကြဖို့ တိုက်တွန်းပါတယ်”” ဟု ရဲတပ်ဖွဲ့ အရာရှိ ရော်ဂျာ ဘရောင်းက ပြောသည်။

““သံသယ တရားခံ လူငယ်ဟာ ဘာကြောင့် ခုလို ပစ်ခတ် တိုက်ခိုက်မှု ပြုတယ်ဆိုတာကျွန်တော် တို့ စုံစမ်းနေပါတယ်””ဟု မွန်တန်မြို့ ရဲတပ်ဖွဲ့ ရဲအုပ်မာလင်း စနိုးမန်းက ပြောသည်။

မွန်တန်မြို့ တည်ရှိရာ နယူးဘရန်းဝစ် ပြည်နယ် ၀န်ကြီးချုပ် ဒေးဗစ် အောဝါ့ဒ်ကလည်း ပစ်ခတ်မှုတွင် ထိခိုက် နစ်နာခဲ့ရသူ အားလုံးအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန် ပြောကြားလိုက်သည်။

မွန်တန်မြို့ အနောက် မြောက်ဘက်တွင် ဗုဒ္ဓဟူး နေ့ည ဒေသ စံတော်ချိန်(၈)နာရီတွင် ပထမဆုံး ပစ်ခတ်သံများ ကြားရပြီးနောက် ငြိမ်သွားကာ ည (၁၀) နာရီခန့်တွင် ဒုတိယမြောက် ပစ်ခတ်သံများ ထပ်ကြားရကြောင်း မြို့ခံများက ပြောသည်။ ရဲတပ် ဖွဲ့သည် ဗုဒ္ဓဟူးနေ့ တစ်ညလုံးနှင့် ကြာသပတေး တစ်နေ့လုံး ရှာဖွေနေသည့်တိုင် သံသယ တရားခံကို တွေ့ရှိခြင်း မရှိသေး။ ကျောင်းများ ပိတ်ထားလိုက် သလို ဘတ်စ်ကားများ လည်းပြေးဆွဲခြင်း မရှိကြောင်း သိရသည်။ မွန်တန်မြို့ အဓိက လမ်းမကြီးများကို လည်း လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ထားကာ စစ်ဆေးလျက် ရှိသည်။

Messenger News Journal
ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။

အိမ်ထောင်ပြုပြီး ၂နှစ်ကြာမှ အိပ်ခန်းထဲကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့တဲ့ အမျိုးသမီး

ပေါင် ၉၀၀ ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ တော့ သူမရဲ့ အိပ်ခန်းကနေ ပထမဆုံးအကြိမ် အနေနဲ့ ထွက်လာခဲ့ ပါတယ်။ ဒါဟာ သူမလက်ထပ်ပြီး ၂နှစ် အကြာမှာ ပထမဆုံးအကြိမ် အနေနဲ့ ထွက်ခဲ့ခြင်းဖြစ်ပြီး အဲဒီလို ထွက်နိုင်ဖို့အတွက် မီးသတ်သမားတွေက အိမ်နံရံကို ဖြိုချ ဖျက်ဆီးပြီး ကူညီခဲ့ရပါတယ်။

ထောင်ထဲမှာ ကာမဆက်ယှက်တဲ့ စုံတွဲ

သေဒဏ် ချမှတ်ခံထားရတဲ့ တရားခံတစ်ဦးကိုတော့ Fulton county အကျဉ်းထောင်မှ သူ့ရဲ့ အကျဉ်းခန်းက သော့ကိုဖျက်ပြီး ပစ်ဒဏ်ကျခံနေတဲ့ အခြားအကျဉ်းသူတစ်ဦးနဲ့ ကာမဆက်ဆံနေတာကို ဖမ်းဆီးမိခဲ့ပါတယ်။

လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတဲ့ ဗီဒီယို အတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတဲ့ Justin Bieber

Photo: လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတဲ့ ဗီဒီယို အတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတဲ့ Justin Bieber
Friday, June 6, 2014 

အသက် ၂၀ အရွယ်ပေါ့ပ်စတား Justin Bieber ဟာ လူမျိုးရေးခွဲခြားတဲ့ စကား လုံးတွေပါရှိပြီး မကြာမီက အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တဲ့ ဗီဒီယိုအတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့အဆိုအရ Bieber ဟာ သူ့ ရဲ့ ဗီဒီယိုကို လူသိရှင်ကြားမဖြစ်အောင် တားဆီးနိုင်ဖို့  အခွင့်အရေးရခဲ့ပေမယ့် မတားဆီးခဲ့ဘဲ ပရိတ်သတ်ကို တောင်းပန်ဖို့ ကိုသာ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်လက Bieber နဲ့ အတူ တွဲလုပ်ဖူးခဲ့တဲ့ လူတစ်ယောက်ရဲ့ ရှေ့ နေကတဆင့် Bieber ရဲ့ အေးဂျင့် ကိုယ်စားလှယ်တွေကို များပြားတဲ့ငွေပမာဏ တောင်းခံခဲ့တာဖြစ်ပြီး Bieber က ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့  ဆိုပါတယ်။

ဒီ ဗီဒီယိုဟာ ပေါ့ပ်ကြယ်ပွင့် Bieber တစ်ယောက် အသက် ၁၅ နှစ်အရွယ် ပရောဂျက်တစ်ခုမှာ အတူတွဲလုပ်ရင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Bieber ဟာ Nigger ဆိုတဲ့ အသုံးအနှုန်းတွေ ခဏခဏ သုံးထားတာကို တွေ့ ရပါတယ်။

၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Never Say Never ရုပ်ရှင်မှာ Bieber ဟာ လူမည်းတွေနဲ့ ပတ်သက်ပြီး ပျက်လုံး ထုတ်ခဲ့တာဖြစ်ပါတယ်။

Justin Bieber ဟာ ဒီဗီဒီယို တစ်ကမ္ဘာလုံး ပျံ့ သွားပြီးနောက်မှာတော့ လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။

“ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် ဒီစကားလုံးတွေရဲ့ သက်ရောက်မှုကို နားမလည်ခဲ့ပါဘူး။ ဒီစကားလုံး တွေက ဘယ်လောက်နာကျင်စေသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ပါဘူး”“ မိတ်ဆွေတွေနဲ့ မိသားစုကျေးဇူးကြောင့် ကျွန်တော့်အမှားတွေကနေ သင်ခန်းစာရခဲ့ပြီး အရွယ်ရောက်ခဲ့တယ်။ ဒီအမှားတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အတိတ်ကအမှားတွေက လူသိရှင်ကြား ဖြစ်သွားပြီလေ၊ ကျွန်တော် စော်ကားမိခဲ့တဲ့ လူတွေအကုန်လုံးကို နောက်တစ်ကြိမ် ထပ်တောင်းပန်ပါတယ်” လို့  Bieber က ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk
Treand Myanmar
အသက် ၂၀ အရွယ်ပေါ့ပ်စတား Justin Bieber ဟာ လူမျိုးရေးခွဲခြားတဲ့ စကား လုံးတွေပါရှိပြီး မကြာမီက အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တဲ့  ဗီဒီယိုအတွက် ဒေါ်လာ တစ်သန်း  ငွေညှစ်ခံခဲ့ရတယ်လို့ သိရပါတယ်။