Saturday, 31 May 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။

Friday, 30 May 2014

ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

Photo: ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး
Friday, May 30, 2014

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်မြို့တော် Astana တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ သဘော တူညီချက်သည် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော ဗဟိုချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်းရှိ ၎င်းတို့၏ တည်ရှိမှုကို ပိုမိုခိုင်မာစေပြီး စီးပွားရေး အလားအလာ ကောင်းများအပေါ် အပြည့်အဝ အသုံးချခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုသည် အကောက်ခွန် သမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သမား ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး စနစ်များနှင့်အညီ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း မူဝါဒများနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး စနစ်များကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ

Photo: သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ
Friday, May 30, 2014

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေမယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေမှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

၁။ဗိုက်တွေအောင့်တာ

အလုပ်မှာ စိတ်ဖိစီးမှုများတဲ့သူတွေဟာ မကြာခဏဗိုက်အောင့်လေ့ရှိကြပါတယ်။ အစာမစားလို့ အောင့်တာမျိုး မဟုတ်ပဲ စိတ်ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။ ဒီလိုတွေဖြစ်နေပြီဆိုရင် သင်ဟာ စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားနေရပါပြီ။

၂။ဆံပင်တွေ ကျွတ်တာ

ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့၊ အလုပ်မှာ ဘယ်လိုမှ အဆင်မပြေလို့ ခေါင်းဖြီးတဲ့အခါ အရင်ထက် ဆံပင်တွေ ကျွတ်တာမျိုး၊ ခေါင်းလျှော်ရည် ပြောင်းသုံးထားလို့ မဟုတ်ပဲ ဆံပင်တွေ သိသိသာသာ ကျွတ်တာမျိုးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ငါစိတ်ဖိစီးမှုတွေ အရမ်းများနေပါလားလို့ တွေးပြီး အတတ်နိုင်ဆုံး ဒါတွေ ဖြေလျှော့နိုင်အောင် ကြိုးစားပါ။

၃။ဝက်ခြံပေါက်တာ

ဦးရေပြားလိုပဲ အသားအရေကလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံတွေ ထွက်နေကျမဟုတ်ဘဲ မျက်နှာမှာ နှစ်ဖု သုံးဖု ထွက်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အခြေအနေရောက်နေပြီပေါ့။

၎။ကျောရိုးတွေအောင့်တာ

အထိုင်များလို့ ခါးနာတာမျိုး မဟုတ်ဘဲ ကျောရိုးတွေအောင့်တာ၊ ခါးနားသလိုလိုဖြစ်နေပြီဆိုရင် ဒါဟာလည်း စိတ်ဖိစီးမှုဖြစ်နေပြီဆိုတဲ့ သင်္ကေတပါပဲ။

၅။အသားအရေပေါ်မှာ အနီစက်တွေ ပေါ်လာတာ

Allergic ဖြစ်တာမျိုး မဟုတ်ပဲ အသားအရေပေါ်မှာ အကွက်လေးတွ ၊ အနီစက်လေးတွေ ပေါ်လာပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာတစ်ခုကြောင့်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့် တိုင်ပင်ပါ။

Ref:womenshealthmag.com
Trend Myanmar
စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေ မယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေ မှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

Photo: လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး
Friday, May 30, 2014

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန်အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေးစီမံကိန်း(Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန်အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ်လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

7Day Daily

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့ ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။ 
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ မြင်ကွင်း၊ ဓာတ်ပုံ- ရိုက်တာ
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။

Thursday, 29 May 2014

တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ

Photo: တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ
Thursday, May 29, 2014

ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

ယင်းကော်စက်ရုံသည် ကော် ပုံများထုတ်လုပ်လျက်ရှိပြီး စက်ရုံ မှ အသံများကြောင့် ညစဉ်အိပ် ရေးပျက်ခြင်းကိုလည်းကြုံတွေ့နေရ ကြောင်း ဒေသခံများက ပြော သည်။ အဆိုပါစက်ရုံကို စက်မှုဇုံ တစ်ခုခု၌ တည်ဆောက်သင့်ပြီး လူနေရပ်ကွက်၌  ဆောက်ထား သဖြင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြောင်းရွှေ့ဖယ်ရှားပေးရန်လက်မှတ် ထိုးတိုင်ကြားထားကြောင်း သိရ သည်။
“ဒီစက်ရုံက ကျွန်မတို့အိမ်ရဲ့ နောက်ဘက်မှာဆိုတော့ ညှော်နံ့ တွေကိုအမြဲရှူနေရတယ်။ လူကြီး တွေလည်း ခေါင်းကိုက်တယ်။ ကျွန်မသားလေးခဏခဏတရှောင် ရှောင်ဖျားနေတော့ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်တော့ အဆုတ် ရောဂါဖြစ်နေတယ်လို့သိရတယ်။ ကျွန်မသားလေးကိုဆေးတိုက်တာ (၆)လရှိသွားတော့ ဆေးကိုတော့ ရပ်လိုက်ပြီ”ဟုမိခင်ဖြစ်သူဒေါ်အေး မွန်စိုးက ပြောသည်။
ယခုကာလတွင်  ကလေး တချို့တွင်အဆုတ်ရောဂါများခံစား နေရကြောင်းနှင့် အဆုတ်ရောဂါ ပျောက်ဆေးများကိုသောက်နေရ ကြောင်း သိရသည်။
“လူကြီးတွေလည်းအသက်ရှူ ကျပ်လို့ ဆေးခန်းကိုပြနေရတယ်။ ကျွန်မတို့အနေနဲ့ ဒီစက်ရုံကိုပြောင်း ရွှေ့တာကိုပဲလိုချင်တယ်။ သူတို့က စီးပွားရေးလုပ်ပေမဲ့ပတ်ဝန်းကျင်ကို ထိခိုက်တာတော့မကောင်းဘူး။ ကျွန်မတို့ လူနေရပ်ကွက်ဖြစ်နေတဲ့ အတွက် ဒီစက်ရုံတွေကိုမဆောက် သင့်ဘူး။စက်မှုဇုန်ထဲမှာပဲဆောက် သင့်ပါတယ်”ဟု ၎င်းက ထပ်မံ ပြောသည်။
 ရပ်ကွက် ပြည်သူများက လက်မှတ်ထိုးတိုင်ကြားထားသည့် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး က စက်ရုံပိုင်ရှင်ကိုခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်စက်ရုံပိုင်ရှင်တွေ ကိုခေါ်ပြီးတော့ပြောပြထားပါတယ်။ သူတို့လုပ်နေတဲ့နောက်ကျောမှာ ရှိတဲ့ ဘုမ်္မာ ၁၂ လမ်း၊ ၁၃ လမ်း မှာရှိတဲ့လူတွေနဲ့ နောက်ဖေးချင်း ပေါက်နေတယ်။ တိုင်သူတွေရှိ တော့ စက်ရုံပိုင်ရှင်ကို ခေါ်ပြီး သဘောထားကို မေးမြန်းတယ်။ ကျွန်တော်တို့ကစက်ရုံကိုဆက်မလုပ် ဖို့ပြောတဲ့အခါကျတော့ ညှော်နံ့ တွေကင်းအောင်လေစုပ်ပန်ကာ တွေ၊ ခေါင်းတိုင်တွေကိုခပ်မြင့်မြင့် ကိုတပ်ပေးမယ်လို့ပြောတယ်။ ဒီလို ဆောင်ရွက်ပေးလို့မှမရရင်လည်း တိုင်ချင်ရာ တိုင်ကြပါလို့ ပြောပါ တယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမျိုးဆွေက ပြောသည်။ 

ရပ်ကွက်နေပြည်သူများနှင့် ၎င်းင်းစက်ရုံဖယ်ရှားပြောင်းရွှေ့ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း၌ အသံဆိုး၊ အနံ့ဆိုးထွက်သော လုပ်ငန်းများကိုတားမြစ်ကာရွှေ့ ပြောင်းခြင်းများပြုလုပ်လျက်ရှိ သော်လည်း လူနေရပ်ကွက်များ တွင် အသံဆိုး၊ အနံ့ဆိုးထွက် သောလုပ်ငန်းအချို့ဆက်လက်ရှိ နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ တို့က ဆိုသည်။     

Hot News Weekly
ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ကွယ်လွန်

Photo: တရားစီရင်ရေးမဏ္ဍိုင်အား မကျေနပ်သဖြင့် တရားလွှတ်တော်ရှေ့နေတဦး ပြင်ဦးလွင်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်
Thursday, May 29, 2014

တရားစီရင်မှုတွေမှာ မမှန်မကန်လုပ်နေတဲ့ တရားသူကြီးများနဲ့ တရားရေး ၀န်ထမ်းများကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက မေလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့မှာ ပြင်ဦးလွင်ခရိုင် တရားရုံးကနေ မြို့နယ်တရားရုံးထိ တကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အပူချိန်မြင့်တက်မှုကြောင့် ငါးအသေများ၍ ငါးဈေးတက်

မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက် လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။ 

ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

အခြေခံပညာကျောင်းများရှိ စားသုံးရန်မသင့်သည့် မုန့်များကို အမြန်ဆုံး ဖျက်ဆီးရန် တိုင်းအစိုးရ ညွှန်ကြား

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သည့် အသင့်စားမုန့်များ တွေ့ရှိခဲ့သောကြောင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသား များကြားတွင်ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများသမဂ္ဂဝင်များက ပြောကြားသည်။

“ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”

Photo: “ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”
Thursday, May 29, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် 
ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဧ။် လူထုဟောပြောပွဲများတွင် တပ်မတော်ကို ပါဝင်ရန်ဖိတ်ခေါ်နေသည့်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းအား သဘောထားမှတ်ချက်ကို မေးမြန်းကြည့်ရာတွင် ၄င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ဖွဲ့စည်းပြင်ဆင်ရေး ၁၀၉ ဦးကော်မတီထဲမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ် ကိုယ်တို့ဘက်ကလည်း တင်နေတာတွေရှိတယ်။ ၄၃၆ ပြင်ရေးနဲ့ပတ်သက်ပြီးပြောရရင် ၄၃၆ ပြင်ရေးက သဘောက အဲ့ဒါမရိုးသားတာပဲ ၄၃၆က ပြင်မယ်ဆိုရင် ပုဒ်မ ၁ ကနေပြီးသွားရမှာ ပြင်မယ်မပြင်ဘူးဆိုတာကို” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးကမှု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်သင့်ပြင်ထိုက်သည်များကိုပြင်ဆင်ရမည်ဟု ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဧ။် အဓိက အတားအဆီးဖြစ်သည့် ပုဒ်မ ၄၃၆ သည်ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မ ဟုတ်ခြင်း မဟုတ်ခြင်းကိုမှု ၄င်းအနေဖြင့် မှတ်ချက်ပြုမပြောနိုင်ကြောင်းပြောဆိုခဲ့ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားတူညီနိုင်မည်မဟုတ်ကြောင်း နမိတ်ပြပြောဆိုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၀င်တစ်ဦးဖြစ်သူ ဦးဝင်းသန်းက မှု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ တင်မကဘဲ ပြင်ဆင်ရမည့်အရာများ များစွာ ရှိနေကြောင်း ပြောသည်။

“ပုဒ်မ ၄၃၆ တင်မကပါဘူး ပြင်ရမယ့် အရာတွေအများကြီးတွေ့လာတယ် လုပ်ရင်းကိုင်ရင် အဆင်မပြေတော့တာတွေလည်းရှိလာတယ်” ဟု ဦးဝင်းသန်းက ပြောသည်။ 

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ အားပြင်ဆင်ရေး လူထုလက်မှတ်ထိုးတောင်းဆိုမှုများကို NLD နှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဦးဆောင် လှုပ်ရှားလျှက်ရှိနေသည်။ 

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ရခက်စေရန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုလျှက်ရှိကြသည်။

The Street View
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

ယခင်ရန်ငြိုးများမေ့ပစ်လိုက်ပါဟု မအူပင် ကရင်လူထုကို KNU ဆို

မအူပင်၊ လက်ရှိနိုင်ငံတော်အစိုးရနှင့် စစ် မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကရင်တိုင်းရင်းသားနှင့် ယခင်အစိုးရအ ကြားဖြစ်တည်ခဲ့သည့် အာဃာတများ၊ ရန်ငြိုးများကို မေ့ပျောက်ထားရန်လိုအပ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး များအား နိုင်ငံရေးနည်းအရ စကားဝိုင်း ၌ အေးအေးချမ်းချမ်း ဖြေရှင်းရန် အခွင့် အရေးမရခဲ့သည့်အတွက် မငြိမ်းချမ်းမှု များနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ¤င်း ကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။

ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)

Yangon Media Group

ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ

လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့

၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
Photo: ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့ 
Thursday, May 29, 2014

၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။

မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက်
ကစားတဲ့ယခုအကြိမ်မှာ အခုလို အုပ်စု ကနေ ပထမ ဆုံးထွက်ခဲ့ရတဲ့ မှတ်တမ်းဝင်ခဲ့ ပါတယ်။၂၀၀၈ ခုနှစ် နဲ့ ၂၀၁၀ ပြည့်နှစ် တွေ မှာ နှစ်ကြိမ်စလုံး အုပ်စု ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး စတုတ္ထ နေရာ ရပ်တည် နိုင်ခဲ့မှု နဲနှိုင်းယှဉ်ရင် ၂၀၁၄ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု ဟာ မြန်မာဘောလုံး ပရိသတ်တွေ အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တစ်ခု လို့ ဆိုရမှာပါ။
ပြိုင်ပွဲမှာ မြန်မာ အသင်း ဟာ အတွေ့အကြုံပိုင်း အရ အားသာချက် ရှိနေသလို၊ ရှေ့နှစ်ကြိမ်မှာ စတုတ္ထနေရာ ရခဲ့ဖူးတဲ့ အနေအထား က လည်း ကျန်အသင်းတွေ ထက် အစဉ်အလာ ပိုင်း အားသာ ချက်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မြန်မာ အသင်းလောက် အစဉ်အလာသမိုင်းကြောင်း မရှိခဲ့တဲ့ ပါလက်စတိုင်း နဲ့ ဒေသတွင်း က နောက်ပေါက် ဖိလစ်ပိုင် လို အသင်းမျိုးတွေ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ချိန်မှာ မြန်မာ အသင်း ရဲ့ အုပ်စု အဆင့် ဆိုတဲ့ ရပ်တည်မှု ဟာ လက်သင့်ခံဖို့ ခက်ခဲလှပါတယ်။ဒါကြောင့် မြန်မာ အသင်းရဲ့ ကျရှုံးမှု မှာ ဘယ်နေရာတွေ ၊ ဘယ်အပိုင်း တွေ မှာ မှားယွင်းခဲ့သလဲ ဆိုတာ အဖြေရှာရတော့ မယ့် အချိန်ရောက်လာခဲ့ပြီ လို့ ဆိုရတော့ မှာပါ။

ပြင်ဆင်ချိန်အားနည်းခဲ့
မြန်မာ့လက်ရွေးစင် အသင်း ဟာ ၂၀၁၄ Challenge Cup ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ အတွင်း က အိမ်ကွင်းမှာ ခြေစစ်ပွဲ ကစားခဲ့ပြီး အုပ်စုပထမ နေရာ က ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၁၄ Challenge Cup နောက်ဆုံး အဆင့် ပြိုင်ပွဲ ကိုဝင်ရောက် ကစားဖို့ သေချာခဲ့ပြီး ပြိုင်ပွဲ အတွက် စိတ်တိုင်း ကျ ပြင်ဆင်ချိန် ရခဲ့ပါတယ်။ ဒါပြင် ရှေ့နှစ်ကြိမ်စလုံးမှာ မြောက်ကိုရီးယား အသင်း ကို မကျော်နိုင်ခဲ့တဲ့ အတွက် စတုတ္ထနေရာ သာ ရခဲ့ခြင်း လို့ ဖြေတွေး တွေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား မပါတာဟာ မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခု လို့ ပြောမယ် ဆို ပြောနိုင်ပါတယ်။အဲဒီ အခြေအနေ ဟာ မြန်မာ အသင်း အတွက် Challenge Cup ပြိုင်ပွဲကို အားထည့်ပြင်ဆင်ဖို့ တွန်းအားပေးတဲ့ အခြေအနေ တစ်ခုလို့ ပြောရမှာပါ။ 

ဒါပေမဲ့ အဲဒီ ခြေစစ်ပွဲ အပြီးနောက်ပိုင်း လက်ရွေးစင်အသင်း ဟာ အသင်း ရယ် လို့ ပီပီပြင်ပြင် မစုဖွဲ့နိုင်ဘဲ ဆီးဂိမ်းပြင်ဆင်နေတဲ့ ယူ ၂၃ အသင်းနဲ့ရောထွေးနေခဲ့ပါတယ်။အထူး သဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း မှာ ယူ ၂၃ အသင်း နဲ့ ခြေစမ်းပွဲ တစ်ပွဲ ၊အောက်တိုဘာ လ ထဲမှာ ဟောင်ကောင် အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း ခြေစမ်းပွဲ နှစ်ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတည်း က သာ အသင်း ကို စုဖွဲ့နိုင်ခဲ့နိုင်မယ် ဆိုရင် ပြိုင်ပွဲမှာ ရလဒ် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာဘောလုံး တာဝန်ရှိသူတွေ ဟာ ဆီးဂိမ်း ယူ ၂၃ အသင်းအပေါ် အာရုံစိုက်နေခဲ့ပြီး အာရှဖလား အတွက် အခွင့်အရေး ရှိနေတဲ့ လက်ရွေးစင်အသင်း ကို လှည့်မကြည့်နိုင်အားခဲ့ပါဘူး။

အဲဒီနောက် ၂၀၁၄ ဖေဖော်ဝါရီ လလယ် ပိုင်းမှာ ဆားဘီးယား သား အေဗရာမိုဗစ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပြီး ချိန်မှသာ လက်ရွေးစင် အသင်း အတွက် အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ဒါတောင် လက်ရွေးစင် အသင်း စုဖွဲ့မှု ကို ချက်ချင်း မစတင်နိုင်သေးဘဲ မတ်လ ကုန်ပိုင်းရောက်မှ သာ ပမာဏ လူစာရင်း ကို ထုတ်ပြန်နိုင်ခဲ့တာပါ။အဲဒီ နောက် သင်္ကြန်ကာလ ကို ဖြတ်သန်းခဲ့ပြီး ဧပြီ လကုန်ပိုင်းမှာ စင်္ကာ ပူ S league ကလပ် Singapore Lions 12 အသင်း ၊ ထိုင်း နိုင်ငံလေ့ကျင့် ခြေစမ်း ခရီးစဉ်မှာ မြောင်ထောင်ယူနိုက်တက် ၊ ထိုင်းလက်ရွေးစင် အသင်း တွေ နဲ့ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲ သုံးပွဲသာ ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့် မြန်မာ အသင်း ဟာ၂၀၁၃ ခုနှစ် မတ်လ နောက်ပိုင်း ခြေစမ်း ပွဲ ( ၅ ) ပွဲ ကို ထုံ့ပိုင်း ထုံ့ပိုင်း ကစားခဲ့ပြီး သင်္ကြန်ကာလ နဲ့ AFC Cup အတွက် ကစားသမား ပြန်လည်စေလွှတ် ရမှု ကို ဖယ်လိုက်ရင် ပြင်ဆင်ချိန်က တစ်လ စွန်းစွန်းသာ ရှိပါတယ်။
တကယ်တော့ ပြင်ဆင်ချိန် တစ်လ ဆိုတာ လက်ရွေးစင် အသင်း တစ်သင်းအတွက် လုံလောက်တဲ့ အချိန် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မြန်မာ အသင်း အတွက် မလုံလောက်ဖူးဆိုတာ ပြိုင်ပွဲမှာ ရပ်တည်နိုင် တဲ့ အနေအထား က သက်သေပါဘဲ။အထူးသဖြင့် ၂၀၁၅ အာရှဖလား ပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် ဒီပြိုင်ပွဲမှာ အသင်း တိုင်း ဟာ ပြင်ဆင်မှုကောင်းကောင်းနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကြိုးစား လာကြမှာ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဒီလို အနေအထားမှာ မြန်မာ အသင်းရဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှု က လျော့ရဲခဲတာကြောင့်အခုလို အုပ်စုအဆင့် နဲ့ ကျေနပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။

ကစားသမားရွေးချယ်မှု နဲ့ နည်းစနည်ပိုင်းမှားယွင်းမှု
ပြိုင်ပွဲအုပ်စုတွင်းမှာ မြန်မာအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေ ဟာ မြန်မာ ထက် အဆင့်ရပ်တည်မှု မြင့်တာ မှန်ပေမဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အစဉ်အလာ ပိုင်းမှာ မြန်မာ ကို မှီတဲ့ အသင်း မရှိပါဘူး။ဒါပေမဲ့ မြန်မာ အသင်း ဟာ အတွေ့အကြုံကောင်းကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်တွေ ရဲ့ အလဲထိုးခြင်း ကို ခံခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းမှုကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အထူးသဖြင့် ရန်ပိုင် ၊ ခင်မောင်လွင်၊မင်းမင်းသူ၊သီဟစည်သူ ၊ ရန်အောင်ကျော် တို့ဟာ အသက်အရွယ်အရ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့၊ ကျော်လွန်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး မင်းမင်းသူ ဆိုရင်ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာ ကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
အလားတူ သိန်းဇော်၊ ငြိမ်းချမ်းအောင်၊အောင်ဇော် တို့ ဟာ အာရှအဆင့် ပြိုင်ပွဲတစ်ခု အတွက် အဆင့် သင့် မဖြစ်သေးတာ ကိုတွေ့ရပြီး တကယ်တမ်း ဒေါင်ဒေါင်မြည် ကစားနိုင်တာ ကျော်ကိုကို ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း တို့လောက်သာ ရှိပါတယ်။ 

ဒါတောင် ဒေးဗစ်ထန်း ဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် ခွင့် အကန့်အသတ် ရှိနေပါတယ်။ဒါတွေ အားလုံးခြုံကြည့်လိုက်ရင် အီမ်ရှင်မော်လဒိုက်ဗ် ကိုတစ်ယောက်လျှော့ အနေအထား ကနေ ( ၂း၃) ဂိုး အနိုင်ရတာက လွဲရင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြင် မြန်မာ အသင်း အသုံးပြုတဲ့ ( ၄.၃.၂.၁ ) ကစားကွက် ဟာ တိုက်စစ်ဆင်ချိန်မှာ ( ၄.၃. ၃ ) ပုံ စံ ကို အလွယ်တကူ ကူးပြောင်းနိုင်သလို၊ ခံစစ်ပြောင်းကစားရင်လည်း ခံစစ်နှစ်ထပ် ဗျူဟာကို အသုံးပြုနိုင်တဲ့ နည်းစနစ်ပါ။ ဒီ ကစားကွက် ကို ထင်ရှုးပင် ကစားကွက် ဆိုပြီး လက်ရှိ ရီးရဲမက်ဒရစ် အသင်း နည်းပြ ဖြစ်နေတဲ့ အန်ဆယ်လော့တီ အေစီမီလန် အသင်း ကိုတာဝန်ယူစဉ်က ပုံသေသုံးစွဲ ခဲ့ပြီး နာမည်ကြိးခဲ့တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ နည်းစနစ်မှာတော့ ရှေ့က ဂိုးတွေ မသွင်းနိုင်သလို၊ နောက်ကလည်း အိတ်ပေါက်နဲ့ ဖားကောက်ဆိုတဲ့အတိုင်းအုပ်စု ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရပါတယ်။အရင် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် နဲ့ နှိုင်းယှဉ်ရင် အသင်းလိုက် ရွေ့လျားမှု တွေ ကောင်းလာပေမယ့် ကစားသမား တစ်ယောက် နဲ့ တစ်ယောက်ကြား အလှမ်းကွာဟ မှုကပြိုင်ဖက် တွေ အတွက် နေရာလွတ်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူး သဖြင့် ဂိုး ရဖို့ တိုက်စစ်မှာ ကျော်ကိုကို တစ်ဦးတည်း ကို သာ အားကိုးနေရပြိး ပြိုင်ဖက် ကစားသမားတွေ လူကပ်ကစားလာချိန်မှာ မြန်မာ အသင်းရဲ့ တိုက်စစ်က ဆွံ့အ သွားပါတော့တယ်။ဒါကြောင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ( ၅ ) ဂိုးပြန်ပေးရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုရမှာပါ။

နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာမရှိ
နောက်တစ်ခု က အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ လူမှန်နေရာမှန်မဖြစ်ခဲ့မှု ပါ။ နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာတော့ လက်ရွေးစင် ရွေးချယ်မှု စံနှုန်း က ကလပ်အသင်းမှာ ပွဲ ထွက်ခွင့် ရမရ ဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည် ကောင်း ကို ပြသနိုင်ရင် သူရဲ့မိခင် ကလပ်အသင်း အနေအထား ကို လျော့ပေါ့စဉ်းစားပေးလေ့ရှိပါတယ်။ဒါပေမဲ့ ကလပ်အသင်း ဟာ လိဂ်မှာ ရုန်းကန်နေရမယ် ဒါမှမဟုတ် အသင်း လိုက် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ် ဆိုရင်တော့ အဲဒီ ကစားသမားတွေ အတွက် လက်ရွေးစင် အခွင့် အလမ်း က နည်းပါးသွားတတ်ပါတယ်။ အခုလည်း ကမ္ဘောဇ အသင်း က ကစားသမားတွေ ကို အဲဒီ အ ကြောင်းပြချက်နဲ့ လက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာ ဂိုးပြတ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း က ကစားသမား ( ၉ ) ယောက် ကို ရွေးချယ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက် ဟာ နေရှင်နယ်လိဂ်မှာ အဆင့် ၅ နေရာ ရပ်တည်ပေမယ့်ကမ္ဘောဇ ဟာ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါပြင် ပေးဂိုး က တစ်ပွဲတစ်ဂိုးနှုန်း ရှိနေပြီး AFC Cup ပြိုင်ပွဲ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာလည်း တစ်ပွဲသာ ပေးဂိုးမဲ့ ခဲ့ကာ ကျန် ၆ ပွဲစလုံးဂိုးပေးခဲ့ရပါတယ်။ ဒါပြင် ရန်ကုန်အသင်း ရဲ့ အဓိက တိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို ၊ အီမာဆင်၊ ဆီဇာ တို့ သာ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ကျန်ပြည်တွင်း ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ လက်ရွေးစင် ကစားသမားရွေးချယ်မှု နောက်ကွယ် က အပေါ်ယံ အ ချက်အလက်တွေ ဖြစ်ပြီး ကျန်ရှိနေတဲ့ အချက် အလက်တွေ ရေးရင် ဆောင်းပါး ရည်ရွယ်ချက် လွဲနိုင်ပါတယ်။ဒါကြောင့် နည်းပြ အေဗရာမိုဗစ် ရဲ့လက်ရှိ လိဂ် စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်တာပါဆိုတဲ့ စကား က စဉ်းစားစရာကောင်းလှပါတယ်။
ကျဆင်းသွားပြီ ဖြစ်တဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း
မြန်မာ့လက်ရွေးစင်အသင်းရဲ့ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု နောက်ဆက်တွဲ အဖြစ် လစဉ်ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ( FIFA World Ranking) မှာ ကျိန်းသေပေါက် အဆင့် ထပ်မံကျဆင်းဖွယ်ရှိပြီး ၂၀၁၆ Challenge Cup ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်တွေမှာလည်း ခက်ခဲတဲ့ အုပ်စုတွင်း မှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။အဲဒါထက် ဆိုးရွားတဲ့ အနေအထား က နှစ်ပေါင်း ၄၆ နှစ်ကြာမှ ပြည်လည်ရရှိတဲ့ အာရှဖလား ကစားခွင့်ကို အလွယ်တကူလက်လွတ်ဆုံးရှုးံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အကယ်၍ မြန်မာ အသင်း သာ အာရှဖလား ပြိုင်ပွဲကြိးမှာ သာ ၀င်ကစားနိုင်ခဲ့မယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို၊ ပြိုင်ပွဲ မှာ အုပ်စု အဆင့် က ထွက်ခဲ့ရရင်တောင် အတိုင်းအတာတစ်ခု အထိ မြန်မာဘောလုံးလောကအပေါ် သက်ရောက်လာမှာ ဖြစ်လို့ ကျဆင်းနေတဲ့ ဘောလုံးအဆင့်အတန်း ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်ဖွယ်ရှိပါတယ်။

ဒါပေမဲ့ မြန်မာအသင်း ဟာ ဟန်သာရှိ အဆန်မရှိတဲ့ သင်္ကြန် အမြှောက်လို ဖြစ်နေခဲ့ပြီး ဒေသတွင်း က ဖိလစ်ပိုင် လို အသင်း မျိုး ရဲ့ ကျော်တက်မှု ခံလိုက်ရပြီ ဖြစ်တဲ့ မြန်မာဘောလုံးလောက အတွက် နိုင်ငံတကာ ပြိုင်ပွဲတွေ မှာ အဆင့်အတန်းမြင့်မြင့် ကစားနိုင်ဖို့တောင် အချိန်အတော်ကြာ ယူရဦးမဲ့ သဘောရှိပါတယ်။တကယ်တော့ ဒါဟာ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့ အဖြစ်မျိုးလို့ဆိုနိုင်ပြီး အာဆီယံဒေသတွင်းမှာ တောင် တစ်က ပြန်စရမဲ့ အနေအထား ကို ရောက်သွားခဲ့ပါပြီ။ဒါကြောင့် ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ် မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။။။

ဟိန်းထက်အောင်
Mizzima Sport News

ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့  လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်းတရပ်ရှိပြီး၊ တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့်အလားအလာရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို

တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုနေသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေသည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြားလိုက်သည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့ ၀န်ကြီးဌာနကို အလိုမရှိပါဘူး” ဟု ပြောသည်။
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို ယခင်နှစ်များတွင် တက္ကသိုလ်များ ပိတ်ချိန် အောက်တိုဘာ၌ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယခု မေလ ရောက်သည်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးကြောင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်းလျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရကြောင်း၊ နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ်စောင့်ဆိုင်း ရကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။