Saturday, 24 May 2014

ပြည်ပတွင် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စီစဉ်နေ


ညီမဖြစ်သူ ယင်လပ်ဦးဆောင်သောအစိုးရကို ဖြုတ်ချခံရပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည် ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက အာဏာသိမ်းစစ်တပ်နှင့် စင်ပြိုင်အစိုးရ တစ်ရပ် ကို ပြည်ပတွင် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် ကျောက်စိမ်း (၄၂) ပိဿာ (၆၀)ကျပ်သား ဖမ်းဆီးရမိ

Photo: ကန့်ဘလူမြို့နယ်တွင် ကျောက်စိမ်း (၄၂) ပိဿာ (၆၀)ကျပ်သား ဖမ်းဆီးရမိ
Saturday, May 24, 2014

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာရီခန့်က မြစ်ကြီးနားဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အမှုမှာ မေ(၁၉)ရက်က ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့ အထူးဒုစရိုက် နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်အောင်ထွန်း၊ ဒုရဲအုပ် အောင်လင်းနှင့်အဖွဲ့၊ စံပါယ်နံ့ သာရဲကင်းမှူးနှင့်အဖွဲ့၊ စစ်မက်ရေးရာ လုံခြုံရေအဖွဲ့မှ တပ်ကြပ် စိုးဋ္ဌေး၊ စံပါယ်နံ့သာကျေးရွာ အုပ်ချုပ် ရေးမှူး၊ တောအုပ် စိုးဝင်းနိုင်တို့နှင့်အဖွဲ့သည် ပူးပေါင်း၍ သက်သေများနှင့်အတူ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း မိုင်တိုင်အမှတ် (၄၇/၀) စံပါယ်နံ့သာ မောင်းတံဂိတ်၌ တရားမဝင် သယ်ဆောင်လာသည့် သစ် မျှောများနှင့် မသင်္ကာဖွယ်ရာ ယာဉ်များအား စစ်ဆေးရှာဖွေလျှက်ရှိစဉ် မေ (၂၀)ရက် နံနက် (၅)နာရီက မြစ်ကြီး နားမှ ရွှေဘိုဘက်သို့ ယာဉ်မောင် ဦးရှောက်မျှင် (၄၅)နှစ်၊ မောင်းနှင်လာသည်။

ယာဉ်ပေါ်တွင် ဦးခွန်တာမွန် (၅၄)နှစ်၊ ဦးအောင်သန်း (၄၆)နှစ်၊ ဦးမောင်ဆန်း (၄၂)နှစ် တို့ စီးနှင်း လိုက်ပါ လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောက်ယာဉ်အမှတ် ၄ဂ/၆၀၉၉ အားစစ်ဆေးရာ အဝါရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံး၊ အကြီးအသေးရောရာ အလေးချိန် (၄၂)ပိဿာခန့် တွေ့ရှိ သိမ်းဆည်း ရမိသည်။

ကန့်ဘလူရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ် အနောက်ခန်းအတွင်းမှ ကျောက်စိမ်း အရိုင်းတုံး (၁)ထုပ်၊ အလေးချိန် (၆၀)ကျပ်သားခန့် ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိသည်။ ဦးရှောက်မျှင် အပါအဝင် (၄)ဦးတို့အား ကန့်ဘလူရဲစခန်း (ပ)အမှတ် ၁၄၀/၂၀၁၄ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၂(က) အရ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာရီခန့်က မြစ်ကြီးနား ဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်နဲ့ နားလည်မှုယူဖို့ NNDP တိုက်တွန်း

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်နဲ့ နားလည်မှုယူဖို့ NNDP တိုက်တွန်း
Saturday, May 24, 2014

တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကို ရှင်လင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

"အခု အခြေခံဥပဒေကို ပြင်ဖို့၊ ဒီမိုကရေစီစံနှုန်းတွေရဖို့၊ လူ့အခွင့်အရေးတွေ တိုးတက်ဖို့ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှပဲ ကျနော်တို့လုပ်လို့ရမယ်၊ အဲဒါအချုပ်ပြောရရင် တပ်မတော်မပါရင် သို့မဟုတ် တပ်မတောနဲ့ နားလည်မှု မယူနိုင်ရင် ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးတဲ့အခါမှာ အခက်အခဲတွေ အများကြီးတွေ့ရပါမယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီမိုကရေစီအင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ပြောခဲ့သလို အမျိုးသား ဒီမိုကရေစီပါတီသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ရဲ့ ဥက္ကဌ ဦးသိန်းညွှန့်က ဒီကနေ့ ပြောကြား လိုက် ပါတယ်။

အလေးအနက်ထားပါ ကျမ်းသစ္စာ

Photo: အလေးအနက်ထားပါ ကျမ်းသစ္စာ
Saturday, May 24, 2014
 
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်းတစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘောဆန္ဒ အလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင် ဝင်ရောက် စဉ်ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ်သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများသည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။
 
စစ်သားတွေက တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ပါမယ်ဆိုပြီး နိုင်ငံတော်အလံကို ကိုင်ကာ ကျမ်းကျိန်ဝင်လာတဲ့အပြင် နေ့တိုင်းလည်း ကျမ်းသစ္စာကျိန်ဆိုနေရတာကြောင့် ဥပဒေကို လေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ ပိုပြီးလိုအပ်တယ်လို့ ကာချုပ်က ပြောသွားတာပါ။ စစ်သားတွေအပြင် တခြားဝန်ထမ်းတွေရော ကျမ်းကျိန်ရတာရှိလားဆိုပြီး ကျွန်တော် လေ့လာကြည့်တော့ လုံခြုံရေးဝန်ထမ်း ရဲတွေ၊ တရားစီရင်ရေး မဏ္ဍိုင်က တရားသူသကြီးတွေနဲ့ ရှေ့နေတွေ၊ ဥပဒေပြုမဏ္ဍိုင်က လွှတ်တော် အမတ်တွေ လည်း ကျမ်းသစ္စာကျိန်ဆိုရတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေက တရားစီရင် အမှုစစ်ချိန်မှသာ ကျိန်ဆိုရပြီး လွှတ်တော် အမတ်တွေကတော့ ၅ နှစ်မှာ တစ်ကြိမ်ပဲ ကျိန်ဆိုရတယ်လို့ သိရပါတယ်။ စစ်သားတွေလိုမျိုး နေ့တိုင်း သစ္စာဆိုရတာမျိုး မရှိသလို သက်ဆိုင်ရာ အကြီးအကဲတွေကလည်း သစ္စာဆိုထားတာကြောင့် ဥပဒေလေးစားလိုက်နာဖို့နဲ့ စည်းကမ်းကောင်းဖို့ သတိပေးတာမျိုးကိုတော့ မတွေ့ရပါဘူး။
 
စဉ်းစားမိတာက စစ်တပ်မှာ ခေါင်းဆောင်ကစပြီး ကျမ်းသစ္စာကျိန်ဆိုတာကို  အလေးအနက်ထားပြီး ကိုယ်တိုင်က ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာ နေပေမယ့် လွှတ်တော်အမတ်တွေက တစ်ခါ ကျမ်းကျိန်ပြီးတော့ မေ့သွား သလို ပါပဲ။ နောက်ပိုင်းမှာ ၎င်းတို့ကိုယ်တိုင်က လေးစားလိုက်နာတာမျိုး မရှိတော့တဲ့အပြင် ဥပဒေမဲ့လုပ်ရပ်တွေကို တဖက်လက်နဲ့ အားပေးနေတာ တွေ တွေ့လာရပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကတော့ ပြောစရာမလိုအောင် နာမည်ပျက်နေပါတယ်။
 
အသက်နဲ့ ခန္ဓာစွန့်ဖို့ ကျမ်းကျိန်ထားတဲ့ စစ်သားတွေကတောင် ကျန်းသစ္စာကို ဖောက်ဖျက်ရမှာ မကြောက်တာကို တခြားသူတွေအနေနဲ့လည်း ကျိန်ဆို ထားတဲ့ အတိုင်း လေးစားလိုက်နာသင့်ပါတယ်။ ကျမ်းသစ္စာဆိုတယ်ဆိုတာ သာမန် စကားပြောတာမျိုးမဟုတ်ပဲ ကျမ်းစာရွက် (သို့မဟုတ်) ကျမ်းစာအုပ်ကို ကိုင်၍လည်းကောင်း၊ အလံကို ကိုင်၍လည်းကောင်း ကျိန်ဆိုခဲ့ရတာဖြစ်တာ ကြောင့် အလေးအနက်ထားသင့်တဲ့ အပြင် ကျမ်းစူးတယ်ဆိုတဲ့ စကားလည်း ရှိတာကြောင့် အခြား မဏ္ဍိုင်များအနေနဲ့ စစ်တပ်လိုမျိုး သစ္စာစကားကို အလေးထားပြီး ဥပဒေကို လေးစားလိုက်နာသင့်တယ်လို့ ယူဆမိပါတယ်။
 
(အညတရ စာရေးဆရာ တစ်ဦး)
Myanmar Female Soldiers
ကျောက်ပန်းတောင်း မှာ မေလ ၂၀ ရက်နေ့က ကာချုပ် ဦးမင်းအောင်လှိုင် ပြောသွားတယ်ဆိုတဲ့ မိန့်ခွန်း တစ်ခုကို Facebook ပေါ်မှာ ဖတ်လိုက်ရတာ ကြောင့် စဉ်းစားမိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကာချုပ်ပြောသွားတဲ့ အထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတဲ့ အကြောင်းအရာကတော့ “တပ်မတော် သားများဟာ အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်ရမှု များစွာဖြင့် တာဝန် ထမ်းဆောင် ရမည်ကို သိရှိသော်လည်း မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်သူများ ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက်စဉ် ကပင် နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ရန် အလံကိုင်ကျမ်းကျိန်သစ္စာဆိုရ သကဲ့သို့ နေ့စဉ် သစ္စာ အဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုနေသူများဖြစ်၍ ယင်းသို့ ကျမ်းသစ္စာ ကျိန်ဆို တာဝန်ထမ်းဆောင် နေသူများ သည် ဥပဒေအား လေးစား လိုက်နာသူ၊ စည်းကမ်း ကောင်းမွန်သူများ ဖြစ်ရန် လိုကြောင်း” ပြောဆိုခဲ့တဲ့ တာဖြစ်ပါတယ်။

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသွား

Photo: ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသွား
Saturday, May 24, 2014 
 
ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။ 

အခုလို ဦးဝီရသူက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်အကောင့်ကို ပိတ်သိမ်းရတာဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆထက်တံပိုး ပိုတိုး လုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါ တယ်။ 

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက ဦးဝီရသူရဲ့ အမြင်တွေ၊ လှုပ်ရှားမှု
တွေ၊ လှုံ့ဆော်တိုက်တွန်းမှုတွေ စဉ်ဆက်မပြတ်ဖော်ပြလာခဲ့ကြတာမှာ နိုင်ငံခြားသတင်းဋ္ဌာနတွေကပါ သတိထား စောင့်ကြည့်လာရတဲ့ ဖေ့စ်ဘုတ်အကောင့်လည်းဖြစ်ပါတယ်။ 

ဦးဝီရသူကို အမေရိကန်အခြေစိုက် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အကြမ်းဖက်သမားနဲ့ တင်စားပြီး 
ရေးသားချက်ဟာ အတော်ပွဲဆူခဲ့တဲ့ဖြစ်ရပ်ပါ။ 

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်က လှုံ့ဆော်ရေးသားမှု၊ ခရီးစဉ်တွေနဲ့ တရားပွဲတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေဖြစ်ကြရတယ်လို့ တချို့ နိုင်ငံခြားသတင်းဋ္ဌာနတွေက စွပ်စွဲ ရေးသား ကြတာတွေလည်း 
တွေ့ရပါတယ်။  

အခုတလော ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသူတွေကတော့ ထင်ရှားတဲ့ သူတွေဖြစ်ပြီး အဆိုတော် မီးမီးခဲ၊ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော် တို့ဖြစ်ပြီး အခုနောက်ဆုံး ဦးဝီရသူ ဖြစ်ပါတယ်။ 

ဧရာဝတီ
ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝ ပြန်ဆပ်နိုင်ခြင်း မရှိသေးဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် မိုးစပါးစိုက်ဧက ၂၄၃၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၃ ဒသမ ၅၆ ဘီလီယံနှင့် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၉၄ ဒသမ ၁၄ ဘီလီယံ ထုတ်ချေး ခဲ့သော်လည်း တောင်သူများထံမှ စိုက်ပျိုးစရိတ်ငွေများအပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြား သည်။

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

Photo: ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
Saturday, May 24, 2014 

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)
ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)
ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)
စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

ကျန်းမာရေးသတင်းများ
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန် မာ့ ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ပုဒ်မ ၄၃၆ကိုပြင်ဖို့ ရန်ကုန်မှာ လှုပ်ရှားတက်ကြွသူတွေက ဆန္ဒပြဖို့ပြင်နေပြီ

ပုဒ်မ ၄၃၆အပါအဝင် ဖွဲ့စည်ပုံပြင်ဆင်ပေးရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ အရပ်ဖက်အဖွဲ့ အစည်းေ တွ၊ လှုပ်ရှားတက်ကြွသူတွေ အဖွဲ့ပေါင်း ၃၅ဖွဲ့က ဟောပြောပွဲနဲ့အတူ လူထုဆန္ဒပြပွဲတွေ လုပ်ဖို့ ပြင် ဆင်နေကြပါတယ်။ ဒေါပုံအားကစားကွင်းမှာလည်း NLD နဲ့ ၈၈မျိုးဆက်က ပူးတွဲဟောပြောကြ မယ်လို့ ဆိုပါတယ်။

ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့

Photo: ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့
Saturday, May 24, 2014 

ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်ထဲက တောင်တန်းတွေပေါ်မှာတည် ရှိပြီး ကယန်း လဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူမျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေးကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေထိုင်ကြတဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီ ရွာလေးတွေကို ယမန်နှစ် ခရစ္စမတ်ကာလတုန်းက သွားဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ် ဆောင်းဥတုရဲ့ အအေး ပိုပုံကလည်း အရိုးထိအောင် စိမ့်ပါတယ်။ တချို့ စာအုပ်တွေမှာ ယကန်း လဝီလို့ ရေးကြတဲ့ ကယန်း လဟွီ တိုင်းရင်းသားတွေ နေထိုင်တဲ့ ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးရွာတွေနားက တောင်ထိပ်တွေမှာ နံနက် ၁၀ နာရီ လောက် အထိ မြူနှင်းတွေက မစဲသေးပါဘူး။

ညို့မှိုင်းနေတဲ့ တောင်တန်းတွေပေါ်မှာ မြူကြားထဲက ထိုးထွက်နေတဲ့ တောင်ထွတ် တောင်စွယ်တွေဟာ မြင်ရသူအဖို့ သက်ဝင်ပန်းချီကားတချပ် အလားပါပဲ။ ထင်းရှူးပင်တွေ အများအပြား ပေါက်နေတဲ့ တောင်တန်းတွေရဲ့ ဆင်ခြေလျော တွေမှာတော့ ကယန်းလဟွီတွေ ကန်သင်းခတ် ဆင့်ထားတဲ့ လှေခါးထစ် တောင်ယာ စိုက်ခင်းတွေကိုလည်း တွေ့ရပါတယ်။

အဲဒီ လှေခါးထစ်တောင်ယာ စိုက်ခင်းတွေရှိနေတဲ့ တောင်ကုန်းတွေပေါ်ကနေ ကြည့်လိုက်ရင် ဓနိမိုး သက်ငယ်မိုး၊ ဝါးထရံကာ အိမ်တွေထက် သွပ်မိုး၊ ပျဉ်ထောင်အိမ်တွေနဲ့ နှစ်ထပ်တိုက်အိမ်တွေက ပိုများတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာလေးတွေကို လှမ်းမြင်နေရပါတယ်။ ရွာအပြင်မှာတော့ ရိုးရာနတ်ပူဇော် ပွဲတွေကျင်းပတဲ့ တံခွန်တိုင်တွေ ကိုလည်း အထင်းသား မြင်နေရပါတယ်။

တံခွန်တိုင်ကြီးတွေနဲ့ တွဲလျက် ရှိနေတဲ့ ဒေါကီး ရွာလေးရဲ့ ရွာလယ်လမ်းဘေး တနေရာမှာတော့ နေပူဆာလှုံရင်း ဂျပ်ခုတ်နေတဲ့ ကြေးကွင်းပတ် အသက် ၅၀ အရွယ် ကယန်း အမျိုးသမီးကြီးတဦးကို တွေ့ရပါတယ်။

ဦးခေါင်းက ဆံမြိတ်တွေကို မျက်ခုံးအထက်မှာ ညီညီညာညာ ညှပ်ထားပြီး ဆံထုံးကိုတော့ အစိမ်းနုရောင်နဲ့ အဝါရောင် ရှိတဲ့ ပဝါစနှစ်ခုနဲ့ ပတ်ထားပါတယ်။ ပခုံးပေါ်ကနေ မေးစေ့အထိ လည်တိုင်တခုလုံးကို ၄ ပိဿာ လောက်ရှိတဲ့ ကြေးခွေနဲ့ ပတ်ထားပြီး ဒူးဆစ်အောက်ကနေ ခြေမျက်စိ အထိလည်း ၂ ပိဿာလောက်ရှိတဲ့ ကြေးခွေတွေ ပတ်ထားပါတယ်။

ဒါတင် မကသေးပါဘူး။ လက်ကောက်ဝတ်မှာလည်း တလက်မလောက် ရှိတဲ့ ငွေရောင် လက်ကောက်တွေကို တဖက် ၄ ကွင်းလောက် ဝတ်ထားပြီး ရိုးရာ ဂျပ်ခုတ်ထည် အင်္ကျီကိုလည်း ဝတ်ထားပါသေးတယ်။ သူရက်လုပ် ထားတဲ့ ပုဝါတွေ၊ လွယ်အိတ်နဲ့ ရိုးရာရက်ထည် တွေကို အိမ်ရှေ့က ဆိုင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။ အဲဒီ ဆိုင်ခန်းလေးက အိမ်ကလေးရဲ့ရှေ့ လမ်းမကို မျက်နှာမူပြီး ဖွင့်ထားတဲ့ ဆိုင်ခန်းလေးပါပဲ။ ဒီရွာကို လာလည် ကြတဲ့ နိုင်ငံခြားသားတွေနဲ့ လေ့လာသူတွေကို ရောင်းဖို့ပါ။

ဂျပ်ခုတ်နေတဲ့ ကယန်း အမျိုးသမီးကြီးက ထိုင်းနိုင်ငံက ကြေးပတ်ကယန်းရွာ တွေသွားပြီး အလုပ် လုပ်ခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက နိုင်ငံခြားသား ခရီးသွားတွေကို စိတ်ဝင်စား ဆွဲဆောင်ဖို့ ကြေးပတ် ကယန်းတွေကို အခကြေးငွေယူပြီး ပြသတာ တွေ ရှိတယ်လို့ ဆိုပါတယ်။ ကယန်းစကားနဲ့ ထိုင်းစကားပဲ ပြောတတ်တဲ့ ကယန်းကြေးပတ် အမျိုးသမီးကြီးနဲ့ ထိုင်းလိုပဲ စကားပြော ဖြစ်ခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက ရိုးရာအရ ဝတ်လာတာ ဆိုတော့ ကြေးခွေမရှိရင်တော့ နေရတာ တခုခုလိုနေ သလိုပဲ။ ကျမလည်ပင်းနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြေးခွေတွေက သေတဲ့အထိ ကျမနဲ့ အတူရှိသွားမှာ” လို့ ဂျပ်ခုတ် နေရင်းက ပြောပြပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေ မှာတော့ ၂ ရွာပေါင်းမှ ကြေးကွင်းပတ်ထားဆဲ အမျိုးသမီး ၁၅ ယောက်လောက်ပဲ ကျန်ရှိပြီး ပန်ပက်ရွာနဲ့ပေါင်းရင် စုစုပေါင်း အယောက် ၂၀ ကျော်လောက်ပဲ ရှိတော့မယ်လို့ ရွမ်းကူရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ရှင်းပြပါတယ်။ ကြေးကွင်းပတ် အမျိုးသမီး အများစုဟာ အသက်ကြီးပိုင်း အရွယ် ဖြစ်ပြီး လူငယ်ပိုင်းတွေက ရိုးရာပွဲလမ်းသဘင်တွေက လွဲရင်ကျန်တဲ့ အချိန်မှာ ၀တ်ဆင်ခြင်း မပြုကြတော့ဘူး လို့ သိရပါတယ်။

အသက် ၄၀ ကျော်ပြီ ဖြစ်တဲ့ ဦးအောင်ကိုက “ဓလေ့အရဆိုရင် ၈ နှစ်လောက်က စပြီး ပတ်ကြတယ်။ ကျနော်တို့ ၁၆ နှစ်သားလောက်တုန်းက ဆိုရင် မိန်းကလေးတိုင်းလိုလို ကြေးပတ်ကြတယ်၊ အပျိုမတွေ ဆိုရင် ကြေးပတ်မှ လှတယ်၊ ကြေးခွေများများ ပတ်နိုင်မှ ပိုလှတယ်လို့ မြင်ကြတယ်။ ကြေးခွေ မပတ်နိုင်တဲ့သူတွေက ဆင်းရဲလို့ မပတ်နိုင်သူတွေပဲရှိတယ်၊ ကျနော့်မိန်းမ ဆိုရင် ဆင်းရဲတော့ ကြေး မပတ်နိုင်ဘူးလေ” လို့ သူက ရှင်းပြပါတယ်။

ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု တွေကြားမှာ ကူးလူးယှက်နွယ် လာတဲ့ ယခုလို ကာလမှာ ကယန်းလူငယ်တွေ ကြားထဲမှာလည်း ကြေးခွေပတ်ခြင်း ဓလေ့ဟာ စိတ်လွတ်လပ်မှုကို အဟန့်အတား တခုလို ဖြစ်လာနေတယ်လို့ တောင် ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ ကျော်အရွယ် ဘွဲ့ရပြီးသူ ကယန်းလဟွီ အမျိုးသမီးငယ်တဦးက “ကျောင်းတက်ချိန်၊ အများသူငါ ကြားထဲ သွားတဲ့ အခါတွေ ကျရင် တချို့က ကြေးခွေပတ်ထားတဲ့ ကိုယ့်ကို သီးခြားခွဲထွက်နေတဲ့ လူတဦးလို့ မြင်နေတယ် လို့ ခံစားရတယ်၊ ဒါ ကြောင့် မပတ်ဖြစ်တော့ဘူး။ တံခွန်တိုင် (ကယန်းရိုးရာ ဘာသာရေး) ပွဲတော်နေ့တွေ ဆိုရင်တော့ ကိုယ့်ရိုးရာ နေ့တွေ ဆိုရင်တော့ ပတ်တယ်” လို့ ဆိုပါတယ်။

တချို့ ကယန်းတွေက ကြေးပတ်လိုကြ ပေမယ့် လိုအပ်တဲ့ ကြေးကို မဝယ်နိုင်တာ၊ ကြေးရှားသွားတာ၊ ကြေးပတ် တတ်တဲ့ လူတွေ ထိုင်းနိုင်ငံဘက် ရောက်ကုန်တာ စတာတွေ ကလည်း ကြေးပတ်ကြဖို့ အခက်အခဲတွေနဲ့ ကြုံရစေတဲ့ အကြောင်းအရင်း တွေထဲက အချက်တွေပါ။

ရွမ်းကူရွာသူ ကြေးကွင်းပတ် အသက် ၆၀ ကျော်အရွယ် ကယန်းလဟွီ အမျိုးသမီးကြီး တဦးကတော့ `ကျမက ငယ်ငယ်လေး ကတည်းက ရိုးရာအတိုင်း ကြေးပတ်လာခဲ့တာ၊ အိပ်လည်း ဒီအတိုင်း၊ စားလည်း ဒီအတိုင်းပဲ၊ ကျမ သေတဲ့ အထိ စွန့်လွှတ်မှာ မဟုတ်ဘူး၊ အခု နောက်လူတွေက ဒီဓလေ့ကို စွန့်လွှတ်သွားကြ တာတော့ စိတ် မကောင်းဘူး” လို့ ဆိုပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေဟာ ၁၉၈၈ မတိုင်မီက ဓနိမိုး၊ သက်ငယ်မိုးပြီး ဝါး၊ သစ် စတာတွေနဲ့ တည်ဆောက် ထားကြတဲ့ အိမ်တွေသာ ရှိခဲ့ပြီး အခု နောက်ပိုင်းမှာတော့ တိုက်အိမ်တွေ ပေါများလာပါတယ်။ နိုင်ငံအတွင်း စီးပွားရေး အဆင်မပြေမှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်း သွားကြပြီး အလုပ်လုပ်ကြတဲ့ ကယန်း တွေဟာ ရတဲ့ လစာတွေကို စုပြီး ရွာမှာ တိုက်အိမ်တွေ ပြန်ဆောက်ကြတာပါ။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသတဲ့ ကယန်းရွာတွေမှာ အလုပ် လုပ်နေ ကြတဲ့ ကြေးပတ်ကယန်းတွေ အများစုဟာ ဒီရွမ်းကူနဲ့ ဒေါကီးရွာတွေက သွားရောက်ပြီး အလုပ် လုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ရွမ်းကူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကို ကိုယ်တိုင်လည်း ထိုင်းက ကြေးပတ်ကယန်းရွာ တွေမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။

“ရွာမှာက အလုပ်အကိုင် ကောင်းကောင်း မရှိဘူးလေ။ ဒီမှာ ကျနော်တို့ စိုက်တဲ့ တောင်ယာတွေက ကိုယ်စားဖို့ လောက်ပဲ ရကြတယ်၊ တခြားအလုပ်က မရှိဘူးလေ၊ ထိုင်းမှာက နိုင်ငံခြားသားတွေ လာကြည့်တယ်၊ ကိုယ် ရက်လုပ်ထားတဲ့ အထည်တွေ ဝယ်သွားရင် ပိုက်ဆံ အပိုရတယ်၊ လခကလည်းရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရင် တလကို မြန်မာငွေ တသိန်းခွဲလောက် ကျန်တယ်၊ ဒီမှာက အဆင်မပြေကြဘူးလေ” လို့ ဆိုပါတယ်။

ထိုင်းမှာရှိတဲ့ ကယန်းတွေ အတွက် ထိုင်းလုပ်ငန်းရှင်တွေက ကြေးပတ်တတ်တဲ့ သူကို မြန်မာနိုင်ငံကနေ သီးသန့် ခေါ်ယူပေးထား သလို လိုအပ်တဲ့ ကြေးတွေကိုလည်း ရှာဖွေပေးတဲ့ အပြင် ရိုးရာ ရက်ထည်တွေ လုပ်ဖို့ အတွက်လည်း ပံ့ပိုးပေးတာ ကြောင့် သူတို့အတွက် လစာအပြင် အပိုဝင်ငွေ တွေလည်း ရရှိလို့ ပိုအဆင်ပြေတယ် လို့ ပြောပါတယ်။

ထိုင်းက ကယန်းရွာတွေမှာ အလုပ် လုပ်နေကြတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာတွေက အမျိုးသမီးတွေ အများစုဟာ ထိုင်းမှာ အလုပ်အကိုင် အဆင်ပြေနေ ကြတာကြောင့် အလုပ်အကိုင် ဖွံ့ဖြိုးမှု အားနည်းနေတဲ့ မြန်မာပြည် နေရပ်ရင်းမှာ ပြန်ပြီး အလုပ် လုပ်ကိုင်ကြဖို့ အခက်အခဲတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ ရှိတဲ့ ကယန်းရွာတွေက အဲဒီ ကြေးကွင်းပတ် အမျိုးသမီးတွေကို နိုင်ငံခြားသား တွေ ကြည့်ရှုဖို့ မနုဿ လှောင်ချိုင့် (Human Zoo) ပုံစံ လုပ်တယ် ဆိုပြီး ဝေဖန်ခံရမှုတွေ ရှိပါတယ်။ အဲဒီ ကိစ္စကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒဖော်ထုတ် တောင်းဆိုကြဖို့ ပြင်ဆင်ကြ ပါသေးတယ်။

ဒါပေမယ့် အဲဒီလို ကန့်ကွက်တာကို ထိုင်းမှာ ရောက်နေတဲ့ တချို့ ကြေးကွင်းပတ် ကယန်းတွေက မလိုလားကြ ဘူး လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းဘက်မှာက အလုပ်အကိုင်နဲ့ နေထိုင်စရာတွေက နေရင်းအရပ် မြန်မာနိုင်ငံထက် သာလွန်နေတာကြောင့် လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ကယန်းရွာမှာ လုပ်ကိုင်နေတဲ့ ကြေးကွင်းပတ် အမျိုးသမီးတဦးက “ဘယ်သူ မဆို ကိုယ့်မြေ ကိုယ့်လူမျိုးကို ချစ်ကြတာပဲ၊ ဒါပေမယ့် ကိုယ့်ဆီမှာက လုပ်စားကိုင်စားစရာ မရှိတော့ ငတ်နေတယ်လေ။ ဘယ်သူမှ လာမကျွေးနိုင်ဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နေရာမှာပဲ စီးပွားရေး အရ သွားလုပ်နေကြရ တာပေါ့၊ အခုချိန် မြန်မာပြည် ပြန်လည်း ဘာအလုပ်မှ မရှိဘူး၊ နွေဆိုရင် သောက်ရေတောင် သောက်စရာ မရှိဘူး၊ ဒီ (ထိုင်း) မှာက ရေမီးအစုံ ရာသီဥတု မရွေး ကျမတို့ကို ထားတယ်၊ ဒီအပေါ်မှာ သာယာနေတာတော့ မဟုတ်ပါ ဘူး၊ မြန်မာပြည်မှာ ကျမတို့ သားသမီးတွေ ငတ်ပြတ်နေတာ ကျမတို့ မကြည့်ရက်ဘူးလေ” လို့ ရှင်းပြပါတယ်။

အခုဆိုရင် ကြေးကွင်းပတ် ကယန်းတွေကို ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ဒေသမှာတင် မကတော့ဘဲ နိုင်ငံခြားသားတွေ အလာများတဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ဒေသတွေမှာပါ ရွာတွေ တည်ပြီး ထားလာကြ ပါတယ်။ သူတို့ရွာတွေထဲကို ဝင်ရောက် လေ့လာလိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကတော့ တဦးကို ဘက် ၅၀ဝ (မြန်မာငွေ ကျပ် ၁ သောင်းခွဲခန့်) ဝင်ကြေး ပေးရပါတယ်။

ဒီရွာတွေကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တွေက ကြေးကွင်းပတ်ကယန်း အမျိုးသမီးတွေကို ထိုင်းနိုင်ငံဖွား ထိုင်းနိုင်ငံသားတွေလို့ ထင်မြင်နေကြတာ ကိုတော့ အဲဒီရွာတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ကြေးကွင်းပတ် အမျိုးသမီးတွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြဘူးလို့ ဆိုပါတယ်။

“ကယန်းအလှ” လို့ အမည်ရတဲ့ ကြေးပတ်ကယန်း လဟွီတွေ အကြောင်းကို ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးအောင်ကိုလတ် ကတော့ “ကြေးပတ် ကယန်းတွေဟာ မြန်မာနိုင်ငံက ဖြစ်တယ် ဆိုတာ သက်သေပြချင်လို့” ရိုက်ကူး တင်ဆက်ခဲ့တာ ဆိုပြီး ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောဆိုခဲ့ပါတယ်။

သူ ရိုက်ကူးခဲ့တဲ့ “ကယန်းအလှ” ဇာတ်ကားဟာ ပြီးခဲ့တဲ့ နှစ် မတ်လထဲမှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုဆွတ်ခူးခဲ့သလို မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် အကယ်ဒမီဆု ပေးပွဲမှာလည်း အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုတွေထဲက ရုပ်ရှင် အသံဆုနဲ့ ဓာတ်ပုံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ပြီးတော့ မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ AIFFA 2013(Asian International Film Festival and Award 2013) ရုပ်ရှင်ပွဲတော်မှာ Special Jury Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံက ကယန်းရွာတွေမှာ ကြေးပတ်တဲ့ သူတွေ တိုးပွားလာနေချိန်မှာ နေရင်းရပ် အမိမြေမှာတော့ ကြေးပတ် ကယန်းတွေက တနိုင်ငံလုံးပေါင်းလို့ ကြေးပတ်တဲ့သူ အယောက် ၅၀ တောင် မပြည့်တော့ဘူး လို့ ကယန်းလဟွီ တိုင်းရင်းသားလည်းဖြစ်၊ “ကယန်းလူမျိုး၊ ကယန်းဓလေ့” စာအုပ်ကို ပြုစုရေးသားပြီး ၂၀ဝ၉ ခုနှစ်က အမျိုးသား စာပေဆုရရှိခဲ့သူ ဦးကျော်သန်း (ဖယ်ခုံ) က ရှင်းပြပါတယ်။

“အခုဟာက ကြေးပတ်က ပန်ပက်အုပ်စု (ပန်ပက်၊ ရွမ်းကူ၊ ဒေါကီး) ဘက်မှာ ဆယ်ဂဏန်း လောက်ပဲ ရှိတော့တယ်၊ မိုးဗြဲဘက်မှာ အရင် ၅ ယောက်လောက် ကျန်သေးတယ်။ အခု မရှိတော့ဘူး၊ ဖယ်ခုံမြို့နယ် ထဲမှာတော့ တယောက်စ၊ နှစ်ယောက်စ တော့ ရှိသေးတယ်။ ထိုင်းဘက် ကတော့ဗျာ စီးပွားရေး အရ ခေါ်ပြီး လုပ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။

ကယန်းလဟွီ လူမျိုးတွေရဲ့ ကြေးကွင်းပတ် ဓလေ့တွေ ပျောက်လုလု အထိ လျော့ကျလာတာနဲ့ ပတ်သက်ပြီး ကယန်းစာပေ၊ ကယန်းယဉ်ကျေးမှု အဖွဲ့အပါအဝင် ဘက်စုံပါဝင်တဲ့ ကယန်းလူမျိုး အဖွဲ့အစည်း အသီးသီးက လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပေမယ့် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရေရှည် တည်တံ့မယ့် အစီအစဉ်တွေ ကိုတော့ မရေးဆွဲနိုင်ခဲ့ကြ ပါဘူး။

“လျော့နည်း သွားတာတော့ အမှန်ပဲ၊ နည်းသွားတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ကြေးကလည်း မနည်းဘူး၊ ဒီကြေးတွေရဲ့ အလေးချိန်ကလည်း မနည်းဘူး၊ ဆိုတော့ ခေတ်ကာလတွေ ပြောင်းလာတာနဲ့ ဒါဟာ ခေတ်မညီတော့ဘူး၊ ဝန်ထုပ် ဝန်ပိုးကြီး တခုလို ဖြစ်လာတယ် ဆိုတဲ့ သဘောနဲ့ မပတ်ချင်ကြတာ များတယ်” လို့ ကယန်း စာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးတုတ်ပေါကလည်း ပြောပါတယ်။

ကယန်းမျိုးနွယ်စုတွေ ဖြစ်တဲ့ ကယန်း ကငန်၊ ကယန်း လထာ၊ ကယန်း ဂေခို-ဂေဘား၊ ကယန်းလဟွီ ဆိုတဲ့ ကယန်းမျိုးနွယ်စု ၄ စုထဲမှာ ကယန်းလဟွီ မျိုးနွယ်စုရဲ့ ကြေးပတ်ဓလေ့ဟာ ထင်ရှားခဲ့ပေမယ့် လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ ကတည်းက ကြေးပတ်တဲ့ ဓလေ့ဟာ တဖြည်းဖြည်း လျော့ကျလာခဲ့တာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးတွေ လုပ်ဆောင်နေတဲ့ ကယန်းလဟွီ လူမျိုး ဦးခွန်မာကိုဘန်းက ပြောပါတယ်။

အသက် ၆၀ ကျော်ပြီ ဖြစ်တဲ့ ဦးခွန်မာကိုဘန်းက “အရင်တုန်းက သူ့ အုပ်စုနဲ့သူ တောတောင်ထဲမှာ နေတော့ ဒါကို ဂုဏ်ယူကြတယ် လေ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ ဖက်စစ်ဂျပန်နယ်ချဲ့တွေ ကလည်း ကျနော်တို့ နယ်မြေထဲ ဝင်လာတော့ လူစုတွေ ကွဲကုန်တယ်။ တခြားနေရာတွေ ရောက်ကုန်ကြတဲ့ ကျနော်တို့ လူမျိုးတွေက တခြား လူမျိုးတွေနဲ့ ဆက်ဆံလာတဲ့ အခါကျတော့ ဒါတွေဟာ လေး တယ် ဆိုတာမျိုး မြင်လာကြပြီး ကြေးပတ်တာကို စွန့်လွှတ်ခဲ့ကြတယ်၊ အခု ဆိုရင် ကြေးပတ်တဲ့လူ ၁ ရာခိုင်နှုန်းတောင် မပြည့် တော့ ဘူး” လို့ ဆိုပါတယ်။

ဦးခွန်မာကိုဘန်းက ဆက်လက်ပြီးတော့ “ကြေး ပတ်တွေကို စွန့်လွှတ်လိုက်တယ် ဆိုတာက တနည်းအားဖြင့် ကျန်းမာရေး အရပဲ ကြည့်ကြည့် အင်မတန် ကောင်းတဲ့ ပြောင်းလဲမှုတခုပဲ လို့ ကျနော်တော့ အဲဒီလို မြင်တယ်။ သူ့အချိန် သူ့အခါအရ ပြောင်းလဲသွားတာ ဟာလည်း ဝမ်းသာစရာပါ၊ ဒါပေမယ့် နေ့ကြီးရက်မြတ်တွေ ဆိုရင် တော့ ဒီဓလေ့တွေ မပပျောက်ဖို့ အရင်တုန်းက ငါတို့မှာ ဒီလို ဒီဓလေ့တွေ ရှိတယ် ဆိုတာ ထိန်းသိမ်း စောင့်ရှောက်ဖို့တော့ လိုတယ်” လို့ ဆိုပါတယ်။

အခုလက်ရှိ ကြေးကွင်းပတ်နေဆဲ ကယန်းတွေ ကတော့ ကယန်းကြေးပတ်ဓလေ့ရဲ့ နောက်ဆုံး ကြေးကွင်းပတ် မျိုးဆက်တွေ ဖြစ်ဖွယ်ရှိပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာထက် ကြေးပတ်မယ်တွေ ပိုပြီး ကျန်အောင် ထိန်းသိမ်းသွားနိုင် လိမ့်မယ်လို့ ကယန်းယဉ်ကျေးမှု လေ့လာသူတွေက ပြောပါတယ်။

ကယန်း တိုင်းရင်းသား ခေါင်းဆောင်တွေက ထိုင်းမှာ ရောက်နေကြတဲ့ ကြေးပတ်ကယန်းတွေ မွေးရပ်မြေကို ပြန်လာပြီး နေထိုင်စေ လို တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ အတွက် ထိုင်းနိုင်ငံမှာ ရရှိနေတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမျိုးတွေ ဖန်တီးပေးနိုင်ဖို့က ခက်ခဲနေပါတယ်။ အဲဒါ အပြင် လက်ရှိ ကယန်းရွာတွေမှာ ရှိနေတဲ့ ကြေးကွင်းပတ်ကယန်း တွေကတောင် ထိုင်းနိုင်ငံကို သွားရောက် ဖို့ ခြေဦးတပြင်ပြင် လုပ်နေကြပါပြီ။

ဒါ့အပြင် ကြေးပတ် ကယန်းလဟွီတွေနဲ့ ဒေသ တခုတည်းမှာ အတူ နေထိုင်ပြီး လည်တိုင်ကနေ ရင်ညွှန့် အထိ ငွေဒင်္ဂါး ပြားတွေဆွဲတဲ့ ဓလေ့ ရှိတဲ့ ကယန်းကငန် မျိုးနွယ်တွေဟာလည်း ထိုင်းနိုင်ငံက ပြုလုပ် ပေးထားတဲ့ ကယန်းရွာတွေကို သူတို့ စားဝတ်နေရေး နဲ့ အလုပ်အကိုင် ရရှိရေး အတွက် ခြေဦးလှည့်နေကြ ပါပြီ။ ကယန်းကငန်တွေရဲ့ ရိုးရာဓလေ့ ဝတ်စား ဆင်ယင်မှုကလည်း နိုင်ငံခြားသားတွေ အတွက် အထူးတဆန်း ဖြစ်နေတာကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း ကြေးကွင်းပတ် ကယန်းလဟွီနဲ့ ယကန်းကငန် တိုင်းရင်းသားတွေကို လက်ခံကြိုဆိုလျက် ရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီ

ကြေးကွင်းပတ် ကယန်း လဟွီ အမျိုးသမီး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ကြေးကွင်းပတ် ကယန်း လဟွီ အမျိုးသမီး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ် ထဲက တောင် တန်းတွေပေါ်မှာတည်ရှိပြီး ကယန်းလဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူ မျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေး ကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေ ထိုင်ကြ တဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။

ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး

Photo: ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး
Saturday, May 24, 2014

ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။

တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က အိမ်အကူ မအေးယုအောင်ကို မီးပူ၊ ဒေါက်ဖိနပ်၊ ဓား၊ ပုလင်း များဖြင့် ၂၀၁၂ ခုနှစ်အတွင်းက လက်ရောက် ကျူးလွန်ခဲ့တာကြောင့် ကာယကံရှင် မိသားစုတွေက ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်ပြီး မြို့နယ် တရားရုံးမှာ ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄ နဲ့ တရားစွဲဆိုခဲ့ကြပါတယ်။

တရားရုံးက တရားလိုတွေရဲ့ ထွက်ဆိုချက်တွေကို ရယူပြီးနောက် ဆင့်ခေါ်မှုကို တိမ်းရှောင်နေတဲ့ ဒေါ်ဖြူဝင်းသက်ကို ပုဒ်မ ၅၁၂ နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ကြောင်း မြို့နယ် တရားရုံးနဲ့ ရဲတပ်ဖွဲ့က ပြောဆို ထားပါတယ်။

ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှူး ဇော်လင်းက“ဒီအမှုက ကျနော် ဒီစခန်းကိုမရောက်ခင်က ဖြစ်ခဲ့တဲ့အမှုလည်း ဖြစ်နေတော့ အများကြီး မသိဘူးဗျ။ ကျနော် ရောက်တော့ တောင်တွင်းကြီးမှာ သူ့အမျိုးသားနဲ့ အတူရှိနေတယ် ကြားလို့ ဒီက ကျော်စွာလင်း ဆိုတဲ့ ဒုရဲအုပ် တယောက်လွှတ်ပြီးတော့ တခါသွားရှာတယ်၊ မတွေ့ခဲ့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် အမှုဖြစ်စဉ်တုန်းက ဒဏ်ရာတွေ အကင်းသေအောင် ထိန်းသိမ်းထားတဲ့ အတွက် တရားသူကြီး ဦးအောင်ဖုန်းဝင်း ကိုလည်း တရားစွဲဖို့ ပြင်ဆင်ခဲ့ကြသလို သက်ဆိုင်ရာ အမှတ် (၃) ရဲစခန်းမှူး သိန်းဦး ကိုလည်း အမှုထိန်ချန်မှုနဲ့ တရားစွဲဖို့ တရားလို တွေဘက်က ပြင်ဆင်ခဲ့ကြပြီးနောက် စခန်းမှူးလည်း နေရာပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင် ခဲ့ရပါတယ်။

တရားလိုဘက်က ကူညီဆောင်ရွက်ပေးသူ ရှေ့နေ ဦးအေးမြင့်က“ရဲကလည်းသွားရှာတယ် မတွေ့ခဲ့ဘူး ပြောတယ်။ အပြင်မှာ တွေ့နေရတာက ဒီတရားသူကြီးနဲ့ သူ့မိန်းမက အမြဲတမ်း အဝင်အထွက် ရှိတယ်။ သွားနေ၊ လာနေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် နှိပ်စက်ခံရမှု သတင်းတွေ ပျံ့နှံ့လာပြီးနောက် ဦးအောင်ဖုန်းဝင်း ပဲခူးကနေ မကွေးတိုင်း တောင်တွင်းကြီးမြို့တရား ရုံး ကို ရွှေ့ပြောင်း သွားခဲ့ရသလို တချိန်တည်းမှာပဲ ဇနီးသည် ဒေါ်ဖြူဝင်းသက်ကို ရဲတွေက ရှာမတွေ့ဘူးလို့ ဆိုပါတယ်။

ဦးအောင်ဖုန်းဝင်းက အမှု ဖြစ်ပွားပြီးကတည်းက ဇနီးသည် ဒေါ်ဖြူဝင်းသက်နဲ့ တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း သူနဲ့ အတူ ရှိမနေကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ပြောဆို ထားပါတယ်။

“ကျနော်နဲ့ Divorce (တရားဝင် ကွာရှင်းပြတ်စဲထားခြင်း) လုပ်ထားတယ်ဗျ၊ Divorce လုပ်ထားတာ တော်တော် ကြာပြီဗျ၊ ၂၀၁၂ ခုနှစ် ၈ လပိုင်း ကတည်းက ကျနော်နဲ့ မတွေ့ဘူး”လို့ ဦးအောင်ဖုန်းဝင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်က မီးပူတိုက်ရင်း အိပ်ငိုက်နေတယ်ဆိုပြီး မအေးယုအောင်ရဲ့ လည်ပင်းနဲ့ ရင်ဘတ်တွေကို ဒေါ်ဖြူဝင်း သက်က အရေပြားလွှာများ ပျက်စီးတဲ့အထိ မီးပူနဲ့ကပ်ခဲ့တယ်လို့ အခင်းဖြစ်ပြီးနောက် မအေးယုအောင်က ဧရာဝတီကို ပြောဆိုခဲ့ပါ တယ်။

အဲဒီမတိုင်ခင်က ဒေါ်ဖြူဝင်းသက်က မအေးယုအောင်ရဲ့ ဦးခေါင်းကို ဒေါက်ဖိနပ်၊ ပုလင်းတို့နဲ့ ရိုက်နှက်ထားလို့ ပေါက်ပြဲ ဒဏ်ရာ တွေ နဲ့ ရင်ဘတ်မှာလည်း ကြက်သွန်လှီးဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာတွေရှိကြောင်း ဆေးစာနဲ့အတူ ပဲခူးတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မအေးယုအောင်ရဲ့ မိခင် ဒေါ်ကြူကြူက ပြောဆိုခဲ့ပါတယ်။

ရုံးချိန်းရက်တွေမှာ တရားလို ဖြစ်တဲ့ မအေးယုအောင်နဲ့ မိခင်ဒေါ်ကြူကြူတို့ ပဲခူမြို့တရားရုံးကို လာခဲ့ကြပေမယ့် နောက်ပိုင်းမှာ လမ်းစရိတ် မတတ်နိုင်တာကြောင့် မလာရောက်နိုင်တော့ကြောင်း တရားလိုဘက်ကို ကူညီပေးနေတဲ့ ပဲခူးမြို့ခံ ကိုကြည်လင်းက ဧရာဝတီကို ပြောပါတယ်။

“ဖြစ်စေချင်တာကဗျာ၊ တရားသူကြီး အမျိုးသမီးတယောက် အနေနဲ့ တရားခွင်မှာ လေးလေးစားစားနဲ့ လာပြီးရင်ဆိုင်၊ လာရင်ဆိုင် လို့ တရားလိုဘက်က ကျေအေးသွားတယ် ဆိုတာမျိုးပေါ့။ အခုဥစ္စာက တရားသူကြီး တယောက်က ဥပဒေကို လက်တလုံးကြား လုပ်ပြီး ရင်မဆိုင်ဘဲ တိမ်းရှောင် နေတယ် ဆိုတော့ တရားရေးမှာရော ပုဂ္ဂိုလ်ရေးမှာရော ရုပ်ဆိုး လွန်းတာပေါ့ဗျာ”လို့ ကိုကြည် လင်း က ဧရာဝတီကို ပြောပါတယ်။

ဧရာဝတီ

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်း ပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေး ဘူးလို့ သိရပါတယ်။

မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ

Photo: မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ
Saturday, May 24, 2014

ပညာရေးဝန်ကြီးဌာနက မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ ထောက်ပံ့ကြောင်း ကြေညာ ထားသော်လည်း ဈေးကွက်အတွင်း ပြဋ္ဌာန်းစာအုပ် ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့တော် ဗိုလ်ချုပ်ဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းဖွင့်ရာသီ မတိုင်မီ ကျူရှင်တက်သူများက ပြဋ္ဌာန်းစာအုပ်များ အပိုဆောင်ထားလေ့ ရှိသည့်အတွက် ယခုကဲ့သို့ ရောင်းအားကျဆင်းမှု မရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းက ပြောကြားသည်။

“ကျောင်းတွေက အလကားပေးမယ် ဆိုပေမယ့် လာဝယ်တဲ့ လူတွေတော့ ပုံမှန်လာဝယ်ကြတာပဲ။ ရောင်းအားမကျသွားပါဘူး” ဟု ရန်ကုန်မြို့တော် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောဆိုသည်။

အလားတူ ဗိုလ်ချုပ်ဈေး အနီးတစ်ဝိုက်က ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အချို့ကလည်း ယခင်နှစ်များအတိုင်း ဝယ်လိုအား ရှိကြောင်း ပြောကြားသည်။

“သိပ်ပြီးတော့ ရောင်းအား မကျသွားပါဘူး။ ပုံမှန်လေးပဲ ရောင်းနေရတယ်” ဟု ပြဋ္ဌာန်းစာအုပ် ရောင်းချသူတစ်ဦးက The Voice သို့ ပြောဆိုသည်။ 

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ထောက်ပံ့ရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ကတည်းက ကြေညာထားပြီး ဖြစ်သည်။

“ကျောင်းမှာ ပြဋ္ဌာန်းစာအုပ်တွေ ရောက်တော့ ရောက်နေပြီ။ ဘာသာတွေတော့ အစုံမရသေးဘူး” ဟု ရန်ကုန်မြို့တော်မှ ကျောင်းအုပ်တစ်ဦးက ပြောကြားသည်။ 
“ကျောင်းတွေက အလကား ပေးပေမယ့်လည်း ကျူရှင်ထားတဲ့ အခါကျတော့ အပြင်က တစ်စုံလောက်တော့ ဝယ်ထားရတယ်။ ကျောင်းကပေးတာနဲ့ ဝယ်ထားတဲ့ တစ်စုံနှစ်စုံထားတော့ ကလေးအတွက်လည်း အဆင်ပြေတာပေါ့” ဟု ဗဟန်းမြိုနယ် ရေတာရှည် ရပ်ကွက်နေ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်လဲ့လဲ့သင်းက The Voice သို့ ဆိုသည်။

ပြင်ပဈေးကွက်အတွင်း ရောင်းချနေသော ပြဋ္ဌာန်းစာအုပ် ရောင်းဈေးများသည် မူလတန်းအဆင့်တွင် အနည်းဆုံး ကျပ် ၂၀၀၀ ကျော်ရှိပြီး အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ်များသည် တစ်စုံလျှင် ကျပ် ၅၀၀၀ ကျော်ထိ ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်တွင် ကျပ်တစ်ထောင်၊ ဗလာစာအုပ် ၆ အုပ်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပံ့ပိုးပြီး အလယ်တန်း အဆင့်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ ထောက်ပံ့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနက မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ ထောက်ပံ့ကြောင်း ကြေညာထားသော်လည်း ဈေးကွက်အတွင်း ပြဋ္ဌာန်းစာအုပ် ဝယ်လိုအား ကျဆင်း မှု မရှိကြောင်း ရန်ကုန်မြို့တော် ဗိုလ်ချုပ်ဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေးယူမှုစတင်

Photo: သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေးယူမှုစတင်
Saturday, May 24, 2014 

ယာဉ်၊ ယာဉ်မောင်းနှင့် လမ်းကြောင့်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ယာဉ်များကို မေလ ၂၄ ရက်နေ့မှ စတင်အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဝေးပြေး ခရီးသည်တင်ယာဉ်များတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရန်၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် တူ၊ ပုဆိန်များ ဆောင်ထားရန်၊ ယာဉ်မောင်းနှင့် အရန်ယာဉ်မောင်းများတွင် သက်တမ်းရှိ ‘င’ ယာဉ်မောင်းလိုင်စင် ပါရှိရန် စသည့် အချက်များအပါအဝင် စည်းကမ်းချက် ၁၂ ချက်ကို ယာဉ်ရပ်နားစခန်းများရှိ ကားဂိတ်များတွင် အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြည့်စုံမှုမရှိသည့် ယာဉ်များကို အမြန်လမ်းတွင် မောင်းနှင်ခွင့်မပေးဘဲ တားမြစ် အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

ယင်းသို့အရေးမယူခင် မေလ ၁၉ ရက်နေ့မှစတင်ကာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“ပညာပေး ကာလရက်အတွင်းမှာတော့ အများဆုံး တွေ့ရတာက မီးသတ်ဆေးဘူး အရွယ်အစား လွဲမှားတာတွေ၊ ယာဉ်မောင်းတွေရဲ့ လိုင်စင်သက်တမ်း တိုးထားလို့ ပါမလာသေးဘူး ဆိုတာတွေ တွေ့ရတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ မီးသတ်ဆေးဘူး ပြန်လဲဖို့ သတိပေးတယ်။ အရေးယူမယ့် ကာလအမီ လိုင်စင်တွေ ကိုင်ဆောင်ထားဖို့ သတိပေးထားတယ်။ အရေးယူမယ့် ကာလကတော့ မေလ ၂၄ ရက်နေ့က စမှာပါ။ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ များရင်တော့ ကားပြန်လှည့်ခိုင်းပြီး သတ်မှတ်ချက် ပြည့်မီတဲ့ကားကို ပြန်လဲခိုင်းမယ်။ ဒဏ်ရိုက် အရေးယူတာတွေလည်း ပါမယ်” ဟု ၎င်းကဆိုသည်။

မန္တလေး-ရန်ကုန် ခရီးသည်ယာဉ်များကို တံခွန်တိုင်အဝိုင်းတွင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ယာဉ်ထိန်း)၊ အမြန်လမ်းမ ကြီးရဲတပ်ဖွဲ့နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ စစ်ဆေးလျက် ရှိကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းကတော့ အချက်နှစ်ချက် ညှိတယ်။ ယာဉ်မောင်းတွေကို ‘င’ လိုင်စင်ပေးဖို့အတွက် ခရီးသည် ခုံအရေအတွက် လေးဆယ်အောက်တွေကို ဆိုင်းငံ့ထားပါတယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့ ယာဉ်မောင်းက ‘ခ’ လိုင်စင်ပဲရှိတယ်။ လျှောက်ထားဆဲ ဖြစ်တဲ့အတွက် ဒဏ်ကြေးဆောင်ပြီး မောင်းနေရတယ်။ နောက်တစ်ခုက ယာဉ်နောက်လိုက် အမျိုးသမီးတွေကို စပယ်ယာ လိုင်စင်စစ်တဲ့အတွက် စပယ်ယာလိုင်စင် မရှိဘူး။ သူတို့က ခရီးသည်တွေကို ဝန်ဆောင်မှုပေးရုံ သက်သက်သာ ဖြစ်တဲ့အတွက် စပယ်ယာ မဟုတ်ပါဘူး။ ကျန်တဲ့အချက်တွေ အားလုံးကိုတော့ ပြည့်စုံအောင် ပြင်ဆင်ထားပါတယ်” ဟု မြန်မာနိုင်ငံအဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး JJ Express ယာဉ်လိုင်းပိုင်ရှင် ဦးမြင့်ဦးက ဆိုသည်။

အဝေးပြေး ယာဉ်များသာမက အိမ်စီးယာဉ် များတွင်လည်း ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ရန် ညွန်ကြားထားပြီး မီးသတ်ဆေးဘူးများ တပ်ဆင်ထားခြင်းရှိ မရှိကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုး လာရောက် ဆောင်ရွက်သည့်အချိန်၌ စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ယာဉ်၊ ယာဉ်မောင်းနှင့် လမ်းကြောင့်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ် မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ယာဉ်များကို မေလ ၂၄ ရက်နေ့မှ စတင်အရေး ယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးကာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လာရောက် ခိုလုံနေသည့် ရခိုင် တိုင်း ရင်းသား မျိုးနွယ်စုဝင် ဒုက္ခသည် နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီး လို အပ်နေကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဆရာတော် ဦးအာစရက မိန့်ကြားသည်။

မိကျောင်းကန်နှင့် လုပ်စားနေသူများ ရပ်တန်းကရပ်သင့်ပြီ

Photo: မိကျောင်းကန်နှင့် လုပ်စားနေသူများ ရပ်တန်းကရပ်သင့်ပြီ
Saturday, May 24, 2014 

မိကျောင်းကန်သပိတ်စခန်းဆိုပြီး ဒီသီတင်းပတ်အတွင်း ပြန်လည် ဖွင့်လှစ် လာတာကိုတွေ့ရပါတယ်။အခု ဖွင့်နေတာဟာဘယ်နှစ်ကြိမ်မြောက် ဖွင့်တာဆိုတာ မမှတ်မိပေမယ့်ဆန္ဒပြနေတဲ့ လူတွေကိုတော့မှတ်မိနေပါပြီ။ တစ်ခါလာလဲဒီလူတွေ နှစ်ခါလာလဲဒီလူတွေဆိုတော့မမှတ်မိဘဲရှိပါ့မလား။ တကယ်တော့မိကျောင်းကန်မြေနေ ရာတွေဆိုတာ ပြောရမယ်ဆိုရင် မူလကနိုင်ငံတော်ပိုင်မြေနေရာတွေပါ။အဲဒီမှာကျူးကျော်နေကြတဲ့သူတွေကို ဟိုအရင်ကထဲက သင့်တော်တဲ့မြေနေရာပေးပြီးပြောင်းရွှေ့နေ ရာချထားပေးခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေမှန်သမျှ မြို့ကွက်သစ်တွေမှာနေရာချထားပေးပါတယ်။

ပြောင်းရွှေ့ရေးကိုတပ်မတော်ကကားတွေ နဲ့စနစ်တကျသယ်ပို့ပေးခဲ့တာတွေ ဟာကြာပြီဆိုတော့လဲမေ့လောက်ပါတယ်။ အခုကျတော့ မြို့ကွက်သစ်တွေ မှာ မြေဈေးတွေသိန်းပေါင်းသောင်းနဲ့ချီပြီးဈေးကောင်းလာတော့မှပဲ တပ်မတော်ကြောင့်ငါတို့ချမ်းသာတယ်ဆိုတဲ့အသံတွေထွက်လာပါတယ်။ အဲဒီအထဲမှာမိကျောင်းကန်ကပြောင်းရွှေ့ သူတွေလဲ ပါဝင်ပါတယ်။ သူတို့လဲလူချမ်းသာစာရင်းမှာပါပါတယ်။ လူဆိုတာမျိုးကရလေလိုလေ အိုတစ္ဆေဖြစ်လာတာ မို့ အရင်တုန်းကနေခဲ့တဲ့မြေနေရာကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်လည်တောင်းနေတာဖြစ်ပါတယ်။ မရလဲ အရင်း၊ ရရင်တော့လဲ အမြတ်ဆိုတဲ့စိတ်ထားနဲ့ ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။

တကယ်တော့သူတို့ရဲ့ပင်ကိုယ် စိတ်ရင်းက အဲလောက်လောဘ မကြီး လှပေ မယ့် စီးပွားရေးအကွက်မြင်နေသူတွေ၊ တပ်အပေါ်လုံးဝအကောင်းမြင် စိတ်မရှိသူတွေက နောက်ကွယ်ကနေမြှောက်ပေးနေလို့ ဒီဇာတ် လမ်းတွေဖြစ်လာတာပါ။

ဆန္ဒပြနေသူတွေကိုနေ့တွက်စရိတ်တွေပေးပြီးခိုင်းစားနေတယ်ဆိုတဲ့မြေပြင်သတင်းအမှန်တွေကြောင့် ခုချိန် အထိနိုင်ငံတော်က တာဝန်ရှိသူတွေ က ဖြေရှင်းချက် တစ်စုံတစ်ရာမပေးတာဖြစ်ပါတယ်။ အရင်တုန်း ကပြီးပြတ်အောင် ဖြေရှင်းပေးထားခဲ့တဲ့ကိစ္စတွေကိုအခုမှ ချေးခြောက်ရေနူးနေတယ်ဆိုတာ တကယ်တော့ နိုင်ငံရေးအရရိုးသားမှုမရှိ ဘူးလို့ သုံးသပ်လို့ရပါ တယ်။ ဒီကနေ့မှာ ပွင့်လင်းမြင်သာစွာပဲ အစိုးရပိုင်းကလုပ်ဆောင်နေရာမှ အရင်တုန်းကသိမ်း ဆည်းထားခဲ့တဲ့ မြေယာတွေကို အထောက်အထား ခိုင်လုံစွာနဲ့ပြန်ပေးနေပါတယ်။

အရင်တုန်းကနေခဲ့တဲ့မြေနေရာ တွေကို ပြန်တောင်းကြမယ်ဆိုရင် ရန်ကုန်မြို့တော် မှာ ကျူးကျော်ခဲ့တဲ့မြေနေရာတွေဟာတစ်မြို့လုံးနီးပါးနေရာ အနှံ့ ရှိခဲ့ပါတယ်။ ဒီလိုသာတောင်းနေမယ်ဆိုရင်တော့ လွှတ်တော် သုံးရပ်ပဲဖြစ်ဖြစ်၊အစိုးရပဲဖြစ်ဖြစ်၊ကျန်တဲ့စီးပွားရေး လူမှု ရေးအသင်း အဖွဲ့တွေပဲဖြစ်ဖြစ် ဘာအလုပ်မှရှေ့ဆက်မလုပ်နိုင်ဘဲ နောက်ကြောင်းပြန် လှည့်ကြဖို့သာရှိပါတော့တယ်။

အခုလက်ရှိဆန္ဒပြတောင်းဆိုနေတဲ့ မိကျောင်းကန်မြေနေရာတွေ ဟာ တောင်း ဆိုသူ ဘက်က အမှန်အကန် ဆိုရင် အစိုးရနဲ့လွှတ်တော်က တစ်စုံတစ်ခု ဆောင်ရွက်ပေးကြမှာပါ။ အခုဟာကဆန္ဒပြသူတွေ အနေနဲ့ကနေ့တွက် စရိတ်ရတယ်၊ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ပိုက်ဆံရတဲ့ အလုပ်ဆိုတော့ အချိန်မရွေးလာခေါ် အချိန်မရွေးလိုက်မဲ့သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ဆန္ဒပြဖို့အတွက် နေ့တွက်စရိတ်က တစ်နေ့သုံးထောင်ကျပ် အနည်းဆုံးပေးနေပါတယ်။

နေ့စဉ်ကုန်ကျငွေဟာများပြားပေမယ့် စီးပွားရေးသမားတွေအတွက်တော့ မိကျောင်းကန် မြေတစ်ကွက် ပဲပြန်ရမယ်ဆိုရင် အရင်းကြေပါတယ်။ ရန်ကုန်မြေဈေးနှုန်းကလဲ ကြောက်စရာကောင်းလှအောင် တက်နေတာမို့ ဒါကို လုပ်စားနေတဲ့သူတွေကလည်း ပိုက်ဆံအရင်းအနှီးနဲနဲစိုက်ထုတ် လိုက်တာနဲ့ ငွေကြေးအများကြီး အမြတ် အများကြီးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်ကိုင်နေတာပါ။ အမှန်တကယ်တော့ မိကျောင်းကန်နဲ့လုပ်စားနေတဲ့ သူတွေအနေနဲ့ ရပ်တန်းကရပ်သင့်ပြီလို့ပဲ ပြောချင်ပါတယ်။

ငြိမ်းသစ်
အမေ့အိမ်
မိကျောင်းကန်သပိတ်စခန်းဆိုပြီး ဒီသီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။ အခု ဖွင့်နေ တာဟာ ဘယ်နှစ်ကြိမ်မြောက် ဖွင့်တာဆိုတာ မမှတ်မိပေမယ့်ဆန္ဒပြနေတဲ့ လူတွေကိုတော့ မှတ်မိနေ ပါပြီ။ တစ်ခါလာလဲဒီလူတွေ နှစ်ခါလာလဲဒီလူတွေဆိုတော့မမှတ်မိဘဲရှိပါ့မလား။ တကယ်တော့ မိကျောင်းကန်မြေနေရာတွေဆိုတာ ပြောရမယ်ဆိုရင် မူလကနိုင်ငံတော် ပိုင်မြေနေရာတွေပါ။ အဲဒီမှာ ကျူးကျော်နေကြတဲ့ သူတွေကို ဟိုအရင်ကထဲက သင့်တော်တဲ့မြေနေရာပေးပြီးပြောင်းရွှေ့နေ ရာချထားပေး ခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေမှန်သမျှ မြို့ကွက်သစ်တွေမှာနေရာ ချထားပေး ပါတယ်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို


အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံကြား ရေကြောင်း သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသော ဒေသတွင်း စံပြပုံစံတစ်ခု ဖြစ်သည်ဟု ချီးကျူးပြောကြား လိုက်ကြော င်း CNA သတင်းတွင် ဖော်ပြထားသည်။

မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း မေလကုန် ပြောင်းရွှေ့ရမည်ဟုဆို


ရန်ကုန်မြို့တော် လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း (ယာယီ) ကို မေလကုန်တွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက်သို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနမှူး ဦးကျော်မင်းက ပြောကြားသည်။

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု သက်သေများ စစ်ဆေးရန် လေးဦးကျန်

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာ လမ်းဆုံအနီးတွင် လွန်ခဲ့သော နှစ်လကျော်ခန့် က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သက်၍ သက်သေ ၁၁ ဦးကို သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက် ရှိပြီး ဆက်လက်စစ်ဆေးရန် သက်သေ လေးဦးသာ ကျန်ရှိကြောင်း အရှေ့ ပိုင်းခရိုင် တရားရုံး၊ တွဲဘက် (၄) မှ ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ပြောကြားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွနေသော လူသေအလောင်းတွေ့

မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်းရှိ ငပလီ ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်နေလျက် ရှိသော ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွသေဆုံးလျက် ရှိသော အသက် ၂၀ အရွယ် နေ့စား အလုပ်သမားတစ်ဦး၏ အလောင်းကို မတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ငြိမ်းချမ်းရေးနည်း မအောင်မြင်ပါက လက်နက်ကိုင် နည်းလမ်း ပြန်သုံးမည်ဟု RCSS ပြော

Photo: ငြိမ်းချမ်းရေးနည်း မအောင်မြင်ပါက လက်နက်ကိုင် နည်းလမ်း ပြန်သုံးမည်ဟု RCSS ပြော
Saturday, May 24, 2014 

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်လမ်းဖြင့် ကြိုးပမ်းမှု မအောင်မြင်ပါက လက်နက် ကိုင် နည်းလမ်းကို ပြန်လည် ကျင့်သုံးသွားမည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ဆိုသည်။

အဆိုပါ ပြောဆိုချက်ကို ယခုနှစ် မေလ ၂၁ ရက်တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ရှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိသည်အထိ ငြိမ်းချမ်းသည့် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်း ချက် ပန်းတိုင် မအောင်မြင်ပါက မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ညီနောင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့်အတူ ပူးတွဲ တိုက်ပွဲဝင်သွားမည်ဟု RCSS/SSA ၏ ကြေညာချက်တွင် ပါရှိသည်။

အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသည့် ၃ နှစ်ကျော် ကာလအတွင်း ဆက်ဆံရေးရုံး ၇ ရုံး ဖွင့်လှစ်ထားကြောင်း၊ အဆိုပါ ရုံးများအနက် ကျိုင်းတုံ ဆက်ဆံရေးရုံးကို စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ)၊ လုံခြုံရေး ရဲများနှင့် ဌာနဆိုင်ရာများက RCSS/SSA အဖွဲ့ထံ ကြိုတင်ခွင့်ပြုချက် မတောင်းခံဘဲ အကြောင်းမဲ့ ၀င်ရောက်စီးနင်း ရှာဖွေခဲ့သည်ဟု RCSS/SSA က ဆိုသည်။

ယင်းလုပ်ရပ်ကြောင့် နှစ်ဦးနှစ်ဘက် အကြား ရရှိထားသည့် ယုံကြည်မှုကို များစွာ ထိခိုက်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကျိုင်းတုံရှိ RCSS/SSA ဆက်ဆံရေးရုံးအား ယခုလဆန်းပိုင်းတွင် စရဖ အဖွဲ့က ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီးနောက် RCSS/SSA နှင့် အစိုးရတို့အကြား ဆက်ဆံရေး အခြေအနေတင်းမာမှု ရှိခဲ့ကြောင်း၊ ယခုအခါ ဆက်ဆံရေးရုံး ၇ ခုကို ၎င်းတို့၏ ရုံးချုပ်သို့ ပြောင်းရွှေ့ထားကြောင်း RCSS/SSA အဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။

RCSS/SSA ရုံး ၀င်ရောက် စီးနင်းခံရမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ဆောင်ရွက် နေကြောင်း၊ RCSS/SSA အနေဖြင့် အစိုးရနှင့် ဆွေးနွေးရန် ကမ်းလှမ်းလာပါက တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်း ရေး စင်တာ(MPC) မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် စောတာဒိုမူးက RCSS/SSA နှင့် အစိုးရတို့ အကြား ဖြစ်ပွားနေသည့် ပြဿနာသည် တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းဖြင့် ဆောင်ရွက်ပါက ပြေလည် သွားမည်ဟု ယုံကြည်ကြောင်း၊ ဆက်ဆံရေးရုံး ၀င်ရောက် စီးနင်းခံရခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များအတွက် သတိထားရမည့် အရာဖြစ် ကြောင်း ပြောသည်။

“RCSS/SSA ရုံးကို ဘာကြောင့်ဝင်စီးရတယ် ဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး၊ ဒါပေမယ့် ကျနော်တို့ သိတာက ဆက်ဆံရေးရုံးဆိုတာ ဆက်ဆံရေးနဲ့ ပတ်သက်တာတွေပဲ လုပ်ရမယ်၊ ဥပဒေနဲ့ မကင်းတာ မလုပ်ရဘူးလို့တော့ သိထား တယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။

RCSS/SSA ၏ ကြေညာချက်၌ အစိုးရ တပ်မတော်သည် နည်းလမ်း အမျိုးမျိုးဖြင့် ပြဿနာများ ဖန်တီးကာ ရန်ရှာခြင်း၊ စိန်ခေါ်ခြင်း များ ပြုလုပ်နေသည့် အတွက် လက်ရှိ ကြိုးပမ်း ဖော်ဆောင်နေသာ အပစ်အခတ် ရပ်စဲရေးများ ပျက်သွားပါက ၎င်းတို့ တာဝန် မဟုတ်ဟု ရေသား ဖော်ပြထားသည်။

အစိုးရ၏ ကမ်းလှမ်းချက်ကြောင့် RCSS/SSA သည် ၂၀၁၁ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးထားသည့် အဖွဲ့ ဖြစ်ကြောင်း က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး ပဏမ အဆင့် သဘောတူ လက်မှတ် ထိုးကြသော်လည်း တချို့အဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အခြား တဘက်တွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဘက်စလုံးက ကြိုးပမ်းလျက် ရှိသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးအတွက် စာချုပ်တွင် ပါဝင်မည့် အချက်အလက် မူကြမ်းများကို ရန်ကုန်မြို့၌ ၃ ရက်ကြာ ဆွေးနွေးမှုသည် အတိုင်းအတာ တခုအထိ အဆင်မပြေသေးကြောင်း၊ သို့သော် တိုင်းရင်းသားများ ပြောဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု ဟူသော စကားလုံးကို စစ်တပ်ဘက်က မူအားဖြင့် လက်ခံထား ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင် တချို့က ပြောဆိုသည်။

ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း လွယ်တိုင်းလျန်းဌာနချုပ် အခမ်းအနားတခုမှ စစ်သမီးများ (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း လွယ်တိုင်းလျန်းဌာနချုပ် အခမ်းအနားတခုမှ စစ်သမီးများ (ဓာတ်ပုံ – ဧရာဝတီ)
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်လမ်းဖြင့် ကြိုးပမ်းမှု မအောင်မြင် ပါက လက်နက် ကိုင် နည်းလမ်းကို ပြန်လည် ကျင့်သုံးသွားမည်ဟု ရှမ်းပြည် ပြန်လည် ထူထော င်ရေး ကောင် စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံ ဇွန်လ အတွင်း ပြု လုပ်မည်

တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ် အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းရန်အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံကို ဇွန်လ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှတ်တမ်းနှင့် သုတေသနဌာန ဗဟိုအလုပ် အမှုဆောင် ဦးအောင်မြိုင်က ပြောကြားသည်။