Tuesday, 20 May 2014

ပျောက်ဆုံးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ပြန် လည်တွေ့ရှိ၊ လက်နက်နှစ်လက်အနက် တစ်လက် သာ ပြန်လည်ရရှိ

မောင်တော၊ မေ ၁၉- မေ ၁၇ ရက် က ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ် မိုင်တိုင်(၅၂)တွင် လက်နက်ကိုင် သောင်း ကျန်း သူများ၏ တိုက်ခိုက် မှု ကြောင့် ပျောက် ဆုံးနေခဲ့သည့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ နေ့ ညနေ ၅နာရီခန့်တွင် နယ်စပ် မိုင်တိုင်အမှတ်(၅၀)အနီးတွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။ 

ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော

Photo: ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော
Tuesday, May 20, 2014

ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရတဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။

မေလ ၁၈ ရက်နေ့က စစ်တွေမှာလုပ်တဲ့ ဒေသခံပြည် သူတွေနဲ့ တွေ့ဆုံပွဲမှာ ဒုသမ္မတ က ခုလို ပြောလိုက်တာပါ။

လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းပြီး တနှစ်ပြီး တနှစ် ဂျီဒီပီ ကျဆင်းလာတဲ့အကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်နေတဲ့ ပြဿ     နာကို မဖြေရှင်းနိုင်သရွေ့ စီးပွားရေး ကျဆင်းနေဦးမှာ ဖြစ်တဲ့ အကြောင်း၊ ဒေသတည်ငြိမ်မှုရှိလာမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ စိုင်းမောက်ခမ်းက ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုအနက် ဒုတိယ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်အဆင့်ကနေ ပြီးခဲ့တဲ့နှစ်က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဆင့် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က
ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရတဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ် မှု နဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။

မေ ၂၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)

Photo: မေ ၂၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
Tuesday, May 20, 2014

မေလ ၁၉ ရက်နေ့က ရွာသွန်းခဲ့တဲ့ မှတ်သားဖွယ်ရာမိုးရေချိန်တွေကတော့ ပေါင်မြို့မှာ ၄.၂၁ လက်မ၊ ရန်ကုန် (ကမ္ဘာအေး) မှာ ၃.၉၈ လက်မ၊ ရန်ကုန် (မြို့လယ်)မှာ ၃.၁၉ လက်မ၊ မအူပင်မှာ ၃.၁၁လက်မ၊ လောင်းလုံမှာ ၂.၈၃ လက်မ၊ ကျိုက္ခမီမှာ ၂.၆၄ လက်မ၊ ထားဝယ်မှာ ၂.၄၈ လက်မ အသီးသီးရွာသွန်းခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့ မနက် ၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်အသင့် အတင့် မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်း နေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မေလ ၂၁ ရက်နေ့

Slide6မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ် ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေကနေ ၄ ပေလောက်မြင့်တက်နိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရပါတယ်။ ပဲခူးမြို့၊ ရန်ကုန်မြို့၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကိုကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအနိမ့်ဆုံးတန်ဖိုး ၅.၂ ကျရောက် နိုင်တာကတော့ ရန်ကုန်မြို့ဖြစ်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၃ ကျော်မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျ ရောက်နိုင်တာကတော့ တောင်ကြီးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၄ ကျရောက်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၉ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်း ကနေ ၅၅ ရာခိုင်နှုန်း  လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း  ကနေ ၂၅ ရာခိုင်နှုန်း  လောက် ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေး တိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း  လောက်ရှိနိုင်ပါတယ်။ ကျန်တနိုင်ငံလုံးနီးပါး မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း  လောက်သေချာမှုရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်း တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

       မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း  ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း  လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း  လောက်ရှိနိုင်ပါတယ်။

ဒီဗွီဘီ
မေလ ၁၉ ရက်နေ့က ရွာသွန်းခဲ့တဲ့ မှတ်သားဖွယ်ရာမိုးရေချိန်တွေကတော့ ပေါင်မြို့မှာ ၄.၂၁ လက်မ၊ ရန်ကုန် (ကမ္ဘာအေး) မှာ ၃.၉၈ လက်မ၊ ရန်ကုန် (မြို့လယ်)မှာ ၃.၁၉ လက်မ၊ မအူပင်မှာ ၃.၁၁လက်မ၊ လောင်း လုံမှာ ၂.၈၃ လက်မ၊ ကျိုက္ခမီမှာ ၂.၆၄ လက်မ၊ ထားဝယ်မှာ ၂.၄၈ လက်မ အသီးသီးရွာသွန်းခဲ့ ပါတယ်။

တမူး ဆယ်ကျော်သက်များ ဂိုဏ်းဖွဲ့ ဖောက်ထွင်းနေဟု ဒေသခံများဆို

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အသက် ၈ နှစ်အောက် ကလေးများပင် ပါဝင်သည့် ဆယ်ကျော်သက် ကလေးငယ်များက ဂိုဏ်းပုံစံ ဖွဲ့စည်းကာ ဖောက်ထွင်းမှုများအား ကျူးလွန်လျက် ရှိကြောင်း တမူးဒေသခံများ က ပြောကြားသည်။ 

မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံဖွယ်ရှိဟု အငြိမ်းစားအရာရှိကြီးတစ်ဦးပြောဆို

Photo: မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံဖွယ်ရှိဟု အငြိမ်းစားအရာရှိကြီးတစ်ဦးပြောဆို
Tuesday, May 20, 2014

လွှတ်တော်တွင် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံနိုင်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးမှ ပြောဆိုပါသည်။

“ ဒီနေ့ ဒီအချိန်မှာ မျိုးစောင့်ဥပဒေဆိုတာ အချိန်အခါနဲ့ အခြေအနေရ ပြဌာန်းဖို့ တစ်ကယ်လိုအပ်နေပြီလို့ ယူဆပါတယ်၊ နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်ကြီးတွေနဲ့ ရဟန်းရှင် ပြည်သူ ၁၃ သိန်းကျော်က မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတကြီးဆီကို လက်မှတ်ထိုးတင်ပြလာတာဗျ၊ ဒါကြောင့်လဲ ပြည်သူ့ဆန္ဒနဲ့ အညီ နိုင်ငံတော်သမ္မတကြီးကိုတိုင် ဒီမျိုးစောင့်ဥပဒေကို ပြဌာန်းဖို့ လွှတ်တော်ကို သ၀ဏ်လွှာပို့ပြီး တောင်း ဆိုခဲ့တာဖြစ်ပါတယ်၊ တပ်မတော်ကလဲ ဒါကို ထောက်ခံမှာပါ၊ နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ဘာသာတရား အင်မတန် ကိုင်းရှိုင်းတဲ့သူ တစ် ယောက်ဖြစ်တော့ သူ့အနေနဲ့ ဒါကို နှုတ်က ဖွင့်မပြောရင်သာနေမယ်၊ စိတ်ထဲက မုချမလွဲ ထောက်ခံပြီး သားဖြစ်မှာပါ၊ ဒါကြောင့် တပ်မတော်က မျိုးစောင့်ဥပဒေကို ထောင်ခံမယ်လို့ ကျွန်တော်ပြောရဲတာပါ” ဟု ၄င်း အငြိမ်းစား အရာရှိကြီးမှ ပြောဆိုပါသည်။ 

“ကမ္ဘာအရပ်ရပ်ကိုဘဲကြည့်ကြည့်၊ ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘဲကြည့်ကြည့် စနစ်တကျ သုံးသပ်ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်၊ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ တရား တွေ ရည်ရှည်တည်တံ့ဖို့၊ ပျောက်ပျက်မသွားဖို့အတွက်ဆိုရင် အကာအကွယ်တစ်ရပ်၊ ဟန့်တာဖို့ နည်း လမ်းတစ်ခု လိုနေပြီဆိုတာ အသေအချာပါဘဲ၊ ဒါကြောင့် အခုလို မဖြစ်မနေ ပြဌာန်းဖို့ လိုအပ်တဲ့ မျိုးစောင့် ဥပဒေပြဌာန်းရေးကို တပ်မတော်အနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်လို သဘောထားပြီး အပြည့်အ၀ ထောက်ခံသွားမယ်လို့ ယုံကြည်ပါတယ်’’ ဟု ၄င်း အရာရှိကြီးမှ ဆက်လက်ပြောဆိုပါသည်။

မျိုးစောင့်ဥပဒေအား လွှတ်တော်တွင် အတည်ြပုပြဌာန်းနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဥပဒေ မူကြမ်းရေး ဆွဲရေး ကော်မရှင် တစ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြီးခဲ့သည် မတ်လ(၇) နေ့က ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။ 

လက်ရှိတွင် ဆရာတော်၊သံဃာတော်များ၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော မ.ဘ.သ ခေါ် အမျိုးဘာ၊ သာ သာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာပြည်အရပ်ရပ်ရှိ မြို့ကြီးများတွင် မျိုးစောင့် ဥပဒေ ထောက်ခံပွဲများ ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် အမျိုး၊ဘာသာ၊ သာသနာ စောင့် ရှောက်ရေး နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုးဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ မ.ဘ.သ အဖွဲ့ မှ ယခုနှစ် ၂၀၁၄ ဇွန်လဆန်းမှ စတင်ကာ အတုမရှိဂျာနယ် ထုတ်ဝေသွားမည်ဟု သိရှိရသည်။ 

စိုးမင်းဦး
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး
လွှတ်တော်တွင် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံနိုင်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးမှ ပြောဆိုပါသည်။

ဆန်ဖရန်စစ္စကိုမှာ သောက်ရေသန့်အခမဲ့ ရရှိ၊ ရေသန့်ဗူး မရောင်း

Photo: ဆန်ဖရန်စစ္စကိုမှာ သောက်ရေသန့်အခမဲ့ ရရှိ၊ ရေသန့်ဗူး မရောင်း
Tuesday, May 20, 2014

အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကို မြို့မှာ လွန်ခဲ့တဲ့ ကိုးလက စတင်လို့ ရေသန့် အခမဲ့ ယူလို့ရမယ့် Gloabl Tap ကို နေရာ အတော်များများ မှာ ချပေးခဲ့ ပါတယ်။

အခမဲ့ ရေသန့်ရယူ နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ရေသန့်ဗူးများ ဝယ်ယူ အသုံးပြုခြင်းကို လျော့ချစေချင်လို့ ဖြစ် ပါတယ်။ နော်ကတော့ လူတိုင်း နီးပါး ရေသန့်ဗူး မဝယ်တော့ပဲ ကိုယ်တိုင် ရှိရင်းစွဲ ရေဗူးအလွတ်ကို သယ်ဆောင်တဲ့ အလေ့အကျင့် ရရှိ လာပါတယ်။ ဒါကြောင့်မို့ မြို့မှာ ရေသန့်ဗူး ရောင်းချခြင်းကိုပါ တရားင် ပိတ်ပင် တားမြစ် လိုက်ပါတယ်။ 

ရေသန့်ဗူး များ တစ်ဗူးပြီး တစ်ဗူး ဝယ်ယူ အသုံပြုခြင်းက စွန့်ပစ် ပစ္စည်း အပို ပိုမို ထွက်ရှိစေတာ ကြောင့်မို့လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယင်း အစီအစဉ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တစ်ခုက စတင်ခဲ့ခြင်း ဖြစ်ပြီး အောင်မြင်ခဲ့ ပါတယ်။ နောက်ဆိုရင် အမေရိကန်ရဲ့ အခြားသော မြို့ ပေါင်း များစွာကိုပါ လုပ်ဆောင် သွားစေမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကို မြို့မှာ လွန်ခဲ့တဲ့ ကိုးလက စတင်လို့ ရေသန့် အခမဲ့ ယူလို့ရမယ့် Gloabl Tap ကို နေရာ အတော်များများ မှာ ချပေးခဲ့ ပါတယ်။

လူနေအိမ် ရေကူးကန်ထဲထိ ကျူးကျော်ဝင်လာသည့် မိကျောင်း အဖမ်းခံရ


အမေရိကန် နိုင်ငံတွင် လူနေအိမ် ခြံဝင်းအတွင်းထဲထိ အလည်လွန် ကျူးကျော်လာသည့် မိကျောင်း တစ်ကောင်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် ကုန်က ဖလော်ရီဒါမှ ဂျွန်ဘန်တေးနှင့် ရှရွန်ဘန်တေးတို့ ဇနီးမောင်နှံသည် နံနက် အရုဏ်မတက်မီတွင် ခြံထဲရှိ ရေကူးကန်အတွင်းမှ ဆူဆူညံညံ အသံများကို ကြားခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသား ကြောက်ကြောက်လန့်လန့် သတိကြီးကြီးဖြင့် ထွက်ကြည့်ကြသည့်အခါ ဖိတ်ခေါ်မထားသည့် (၈)ပေ၊ (၃)လက်မ အရှည်ရှိ ဧည့်သည်တော်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ မည်သည့်နေရာမှ ရောက်လာမှန်း အသေအချာ မသိရသေးသည့် သားစားသတ္တဝါကြီးမှာ ရေကူးကန်ထဲတွင် ဆော့ကစား ပျော်မြူးလျှက် ရှိသည်။ 

မလေးရှားက လေယာဉ်ရှာဖွေရေး ဂြိုဟ်တု သတင်းများ ထုတ်ပြန်ပေးမည်

မလေးရှား အစိုးရက အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးနေသည့် လေယာဉ် ရှာဖွေရာတွင် ဂြိုဟ်တုမှရရှိခဲ့သည့် သတင်း အချက်အလက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AP သတင်းတရပ် အရ သိရသည်။  

RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို

ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာရခြင်းများ နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ရတနာပုံ အဝေးသင်အတွက် ကျောင်းအပ်ပေးသည့် ပွဲစားများကို ဖမ်းဆီး

Photo: ရတနာပုံ အဝေးသင်အတွက် ကျောင်းအပ်ပေးသည့် ပွဲစားများကို ဖမ်းဆီး
Tuesday, May 20, 2014

အထက်မြန်မာပြည် အဝေးသင်တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်တစ်ခု ဖြစ်သော ရတနာပုံတက္ကသိုလ် အဝေးသင်ဌာနသို့ နယ်မှ လာရောက်သည့် ကျောင်းသားများကို ကျောင်းအပ်ပေးမည်ဟု ဆိုကာ အကျိုးဆောင် (ပွဲစား) များက ငွေကြေး ပိုမိုတောင်းခံခြင်း၊ ကျောင်းအပ်နှံခများ ယူထားကာ ကျောင်းအပ်နှံ မပေးခြင်း စသော တိုင်ကြားချက်ကြောင့် ယင်းသို့ ကိုယ်စား ကျောင်းအပ်ပေးနေသည့် အကျိုးဆောင်များကို လိုက်လံဖမ်းဆီး အရေးယူနေကြောင်း ယင်းအကျိုးဆောင်များကို လိုက်လံ ဖမ်းဆီးနေသည့် ယင်းတက္ကသိုလ်မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ယင်းအကျိုးဆောင်များကို ဖမ်းမိသော်လည်း အရေအတွက်ကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရတနာပုံ အဝေးသင်တက္ကသိုလ် ကျောင်းပေါက်ဝတွင် ယင်းအကျိုးဆောင်များ ရှိနေပြီး ကျောင်းသားများအတွက် ကိုယ်စား ကျောင်းအပ်ပေးခြင်း၊ ကျောင်းအပ်ခငွေကို ပိုမိုတောင်းခံခြင်း၊ စာစဉ် အဖြေများကို ရေးသားပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟု ဆိုကာ ပိုက်ဆံ တောင်းခံသော်လည်း ကျောင်းအပ်မပေးခြင်းနှင့် စာစဉ်များကို ကောင်းစွာ ရေးတင် မပေးခြင်းတို့ကြောင့် ကျောင်းသားများ စာမေးပွဲ ကျရှုံးစေကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“ကျောင်းသားတွေဆီကနေ ငွေကို လိမ်တောင်းတယ်၊ ကျောင်းကိုလည်း အပ်မပေးဘူး၊ တချို့တွေဆိုရင် စာစဉ်အဖြေကို စုတ်ပြတ်နေအောင် ရေးပြီး တင်ပေးတယ်၊ အဲဒီတော့ အမှတ်တွေလျော့ ကျောင်းသားတွေ ကျတယ်၊ နယ်က လာတဲ့သူတွေက ဘာမှ နားမလည်တော့ အပ်လိုက်တယ်၊ အဲဒါကြောင့် လိုက်ဖမ်းပြီး နောက်မလာဖို့ တားမြစ်ရတယ်၊ ခုရပ်ကွက်လူကြီးနဲ့ သတိပေးဆောင်ရွက်ဖို့ အစီအစဉ် ရှိတယ်၊ အထက်ကလည်း ဒီလောက်ကိစ္စတွေကိုတော့ လုပ်ဆောင်မပေးဘူး” ဟု ၎င်းကဆိုသည်။

ကျောင်းအပ်ရန်အတွက် ဝန်ဆောင်ခ အနေနှင့် ကျောင်းအပ်ခ နှစ်ဆ တောင်းယူပြီး စာစဉ်နှစ်ကြိမ် ဖြေဆိုခ ငါးထောင်ကျပ် ပေးရလေ့ ရှိကြောင်း ယင်းတက္ကသိုလ် အဝေးသင် ကျောင်းသားများထံမှ သိရသည်။

“မနှစ်က ကျောင်းထဲကို ဝင်လာတော့ အမျိုးသမီးတစ်ဦးက ကျောင်းအပ်လို့ မရတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ သူအပ်ပေးမယ်၊ စာစဉ်လည်း ကိုယ်တိုင် ရေးပေးမယ်၊ ကျူရှင်ကိုလည်း သူညွှန်ပေးတဲ့ ကျူရှင်နေရင် စာမေးပွဲ မဖြေနိုင်ရင် ပိုက်ဆံ လိုက်ပေးမယ်တဲ့၊ လုံးဝ သွားမဖြေရင်တောင် ရတယ်လို့ ပြောတယ်၊ အဲဒီနှစ်မှာ ကျွန်တော် စာမေးပွဲ ဖြေနိုင်ရဲ့သားနဲ့ ဘယ်လိုကျမှန်းကို မသိဘူး” ဟု မတ္တရာမြို့မှ ပထမနှစ်ကျောင်းသား မောင်ချစ်ကောင်းဇော်က ဆိုသည်။

ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စာစဉ်အဖြေများ လက်ရေး တူညီမှု မရှိပါက အမှတ်တစ်ဝက် လျှော့မည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် အချက်အလက် အားလုံး ခိုင်လုံမှု ရှိပါက လက်ခံပေးသွားမည် ဖြစ်ကြောင်း မန္တလေး အဝေးသင်တက္ကသိုလ် မော်ကွန်းထိန်း ဦးရွှေလတ်ဇင်က The Voice သို့ ပြောကြားသည်။

The Voice Weekly
အထက်မြန်မာပြည် အဝေးသင်တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်တစ်ခု ဖြစ်သော ရတနာပုံတက္ကသိုလ် အဝေးသင်ဌာနသို့ နယ်မှ လာရောက်သည့် ကျောင်းသားများကို ကျောင်း အပ်ပေးမည်ဟု ဆိုကာ အကျိုးဆောင် (ပွဲစား) များက ငွေကြေး ပိုမိုတောင်းခံခြင်း၊ ကျောင်းအပ်နှံခများ ယူထားကာ ကျောင်းအပ်နှံ မပေးခြင်း စသော တိုင်ကြားချက်ကြောင့် ယင်းသို့ ကိုယ်စား ကျောင်းအပ်ပေး နေသည့် အကျိုးဆောင်များကို လိုက်လံဖမ်းဆီး အရေးယူနေကြောင်း ယင်းအကျိုးဆောင်များကို လိုက်လံ ဖမ်းဆီးနေသည့် ယင်းတက္ကသိုလ်မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယ အယ်လ်ဘမ် ကလီယိုပက်ထရာ

Photo: အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယ အယ်လ်ဘမ် ကလီယိုပက်ထရာ
Tuesday, May 20, 2014
  
ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ အခွေနဲ့ပတ်သတ်ပြီး သူမက “ဒီအခွေလေးကို ဒီးဒီပြင်ဆင်ပြီး ကြိုးစားခဲ့တာ တစ်နှစ်လောက်ကြာတယ်။ ဒီအခွေ နာမည်လေးကို ကလီယိုပက်ထရာလို့ပေးဖြစ်ခဲ့တာက အခွေစလုပ်ကတည်းက အဲဒီသီချင်းလေးကို ကြိုက်လို့ New version ပြန်လုပ်ပြီး title အနေနဲ့ ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးကို  ၆လပိုင်း၁ရက်နေ့ Junction Square Indoor area မှာ လက်မှတ်ထိုး ရောင်းချပေးသွားပါမယ်။ သီချင်း အမျိုးအစားတွေက ဟစ်ဟော့တွေရော တခြား ပုံစံမျိုးစုံ အများကြီးပဲ။ ပထမခွေနဲ့တော့ မတူလောက်တော့ဘူး။ နဲနဲတော့ ကွဲထွက်သွားမယ်။ တေးရေးတွေကတော့ ကိုAr-T၊ နေ၀င်း၊ ဟဲလေးအစုံပဲပေါ့နော်။ အများကြီးပါပါတယ်။ သီချင်းတီးလုံး မြူးဆစ်တွေအားလုံးကို အမိုက်စားတွေပဲ ဖန်တီးထားပါတယ်။ အများကြီးလဲ အားထည့်ပြီး ကြိုးစားထားပါတယ်။ ဒုတိယအခွေနဲ့တော့ တူမှာမဟုတ်ဘူး။ ခေတ်ကြောင့်လဲပါတယ်။ လူကတော့ အသက်သာကြီးလာတာ ကိုယ်ဖန်တီးတဲ့ သီချင်းတွေက ပိုတောင်အမိုက်စားတွေ ထွက်လာတယ်ပေါ့။ ဒီအခွေ ထဲမှာ ပရိသတ် ကြိုက် မယ့် သီချင်းကတော့ ထွက်မှပဲ အသံနားထောင်ရမှာပေါ့။ ဒီးဒီနဲ့ပရိသတ်နဲ့ထပ်တူကျမဲ့ သီချင်းကတော့ မသိသေးဘူး။ အစွမ်းကုန် ကြိုးစားထားတဲ့အတွက်တော့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။ အချစ်ရေးက အဆင်ပြေနေပြီး အေးအေးဆေးဆေး ရှိနေပါတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar
ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

Photo: ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှုများကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

မြစ်ကြောင်း၏ ရေဝေရေလဲ ဒေသများတွင် သစ်တောများ ပြုန်းတီးခြင်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြေဆီလွှာများ ပျက်စီးကာ နုန်းအနည် ပို့ချမှုများသည် တစ်နှစ်လျှင် တန်ချိန်သန်း ၄၀၀ ခန့် ရှိသဖြင့် နုန်းပို့ချမှု အများဆုံး မြစ်တစ်စင်း ဖြစ်နေပြီး နုန်းပို့ချမှုများမှာ ယခုထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

“ဧရာဝတီက သဲနုန်းပို့ချမှု အရမ်းများတော့ ပဉ္စမမြောက် အများဆုံး ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ဌာန အနေနဲ့တော့ တစ်နှစ်မှာ ဘယ်လောက် ပို့ချတယ် ဆိုတာ သေချာတိုင်းပြီး မလုပ်နိုင်သေးဘူး” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်း အတွင်းသို့ နုန်းပို့ချမှုမှာ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က တစ်နှစ်လျှင် တန် ၃၀၀ ခန့် ပို့ချလျက် ရှိပြီး ယခုအခါ သစ်တောပြုန်းတီးမှု မြန်ဆန်လာခြင်းကြောင့် ယင်းတန်ချိန်ထက် နုန်းပို့ချမှု ပိုမိုများလာရခြင်း ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက သုံးသပ် ပြောကြားသည်။

နုန်းပို့ချမှု အများဆုံး ပထမမှ စတုတ္ထထိမြစ်ကြီး လေးစင်း၏ နာမည်များကိုမူ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းသို့ နုန်းအနည် ပို့ချမှု များလာပြီး သောင်ထွန်း၍ ရေလမ်းကြောင်း ယိုယွင်းလာမှုကို ပြန်လည် ပြုပြင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ သန်း ၁၀၀ ဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှု များကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည်

Photo: စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည် 

ရန်ကုန်၊ မေ ၁၉

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည်တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းသို့ ခရီးသည် ဝင်ထွက်မှု များလာခြင်းကြောင့် နှစ်စဉ် လိုအပ်ချက် မြင့်တက်လျက် ရှိသော လေယာဉ်ဆီ ရောင်းချမှုကို ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသော ပြည်ပကုမ္ပဏီများက ဇွန်လ ၁၆ ရက် နောက်ဆုံးထား၍ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းထံ အဆိုပြုလွှာ တင်သွင်းရန် လိုကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။ 

“အဓိကကတော့ ဝန်ကြီးဌာနက ဘတ်ဂျက်မစိုက်ဘဲ အမြတ်ထွက်အောင် အရင်းအနှီး စိုက်နိုင်တဲ့ ကုမ္ပဏီတွေနဲ့ တွဲလုပ်ဖို့ စီစဉ်တာပါ” ဟု ၎င်းကဆိုသည်။ 

ပြည်တွင်းတွင် လက်ရှိ လေယာဉ်ဆီ ဝယ်ယူရသည်မှာ အဆင်ပြေသော်လည်း လေယာဉ်ဆီ ဈေးနှုန်းများမှာမူ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်းများထံမှ သိရသည်။

“နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရင် လက်ရှိ ဝယ်နေရတာထက် ဈေးကွက် အနေအထားအရ ဈေးနှုန်း ကျသွားမယ်လို့ ထင်တယ်။ ဒါကလည်း မျှော်လင့်တာပါ။ ကျသွားဖို့ မျှော်လင့်တယ်” ဟု ပုဂ္ဂလိကလေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ပြည်တွင်းတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရန် ပူးပေါင်းလုပ်ကိုင် လိုသည့် ကုမ္ပဏီများသည် နိုင်ငံသုံးခုရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် ယင်းလုပ်ငန်းကို လုပ်ကိုင်ဖူးသည့် အတွေ့အကြုံ ရှိရမည် ဖြစ်ကြောင်း၊ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိပါက လက်ရှိ လည်ပတ်နေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လုပ်ငန်းကို စတင် အဆင့်မြှင့်ရန် လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းနောက်တွင်မှ ကျန်လေဆိပ် ၁၀ ခုကို ဆက်လက် လုပ်ကိုင်ရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။ 

လေယာဉ်ဆီသည် နိုင်ငံတကာမှ တင်သွင်းရသော လောင်စာဆီများတွင် ပါဝင်ပြီး ခရီးသည် ဝင်ထွက်မှု ပိုမိုများပြားလာခြင်း၊ လေကြောင်းလိုင်း အသစ်များ ပြေးဆွဲလာခြင်းတို့ကြောင့် လေယာဉ်ဆီ ရောင်းချမှု နှစ်စဉ် တိုးမြင့်လာကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည် တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို

Photo: မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသော်လည်း တရားဝင် ဝယ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိပါက ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆန်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံအထိ သယ်ဆောင်ရသည့် စရိတ်အောက် လျော့နည်းခြင်းကြောင့် မူဆယ်ဈေးကွက် ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ တရားဝင် ဖြစ်ဖို့ပဲ တောင်းဆိုတယ်။ ဒါမှ ကိုယ့်အခွင့်အရေး ကိုယ်ရမယ်” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ်နယ်စပ် ဈေးကွက်မှ တစ်ဆင့် တင်ပို့လျက် ရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ သုံးသောင်းခန့် တင်ပို့လျက် ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် မရရှိသေး၍ တရုတ်နိုင်ငံအတွင်း အဖမ်းအဆီး ရှိချိန်တွင် မြန်မာ့ဆန်ကို တရုတ်ကုန်သည်များက ဈေးနှိမ် ဝယ်ယူလေ့ ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များက ပြောကြားသည်။

ကနဦး ထွက်ပေါ်နေသော သတင်းများအရ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက တင်ပို့သည့် ဆန်၏ ၁၃ ရာခိုင်နှုန်းခန့်ကို တရုတ်ဘက်သို့ သွင်းကုန် အခွန်အဖြစ် ပေးဆောင်ရဖွယ် ရှိကြောင်း မူဆယ် ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့ ဆန်ကုန်သည် ဦးစိုင်းကျော်ကမူ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက မန္တလေးမှ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိမည် ဖြစ်၍ ဆန်တစ်အိတ်လျှင် ၄၅၀ ကျပ်ခန့် သက်သာမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“တရားဝင်ဖြစ်ရင် အခွန်ကောက်တာလည်း လျှော့ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် တရုတ်ကုန်သည်တွေက သွင်းကုန်အပေါ် ပေးရတဲ့ အခွန်အတွက် မြန်မာဘက်ကို ဈေးလျှော့ ပေးပြန်ရော” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတွင် မြန်မာ့ဆန်ကို အဓိက ဝယ်ယူသည့် ပြည်နယ်သည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ခွင့် ရပါကလည်း မူဆယ်ဈေးကွက် ပျောက်သွားနိုင်ဖွယ် မရှိကြောင်း ဦးစိုင်းကျော်က မှတ်ချက်ပြုသည်။
မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။

ပတ်ဝန်းကျင် ထိခိုက်မှု သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီကို ထားဝယ် တရားရုံးတွင် စတင် စစ်ဆေးမည်

Photo: ပတ်ဝန်းကျင် ထိခိုက်မှု သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီကို ထားဝယ် တရားရုံးတွင် စတင် စစ်ဆေးမည်

ထားဝယ်၊ မေ ၁၉ 

ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီက စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် ထိခိုက်ဆုံးရှုံး နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းမပေးသဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီကို ဒေသခံများက တရားစွဲဆိုထားသည့် အမှုကို ထားဝယ်ခရိုင် တရားရုံးက မေလကုန်တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်တင်တင်သက်က ပြောကြားသည်။

မြန်မာပွန်ပီပက် ကုမ္ပဏီမှ စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေနေသတ္တဝါနှင့် အပင်များ မျိုးတုံးသွားခြင်း၊ ဥယျာဉ်ခြံမြေ၊ နေအိမ်၊ ရေတွင်းရေကန်များ၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်းတို့  ကြုံတွေ့နေရသည်ဟု မြောင်းပြိုဒေသခံများက ထားဝယ်ခရိုင် တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“အမှတ် ၂ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ထိုင်းကုမ္ပဏီကို မေ ၂၉ နေ့မှာ တရားရုံးကို လာရောက်ဖို့ တရားပြိုင် ဆင့်ခေါ်ထားတယ်” ဟု ဒေါ်တင်တင်သက်က ပြောသည်။

ယင်းသတ္တုမိုင်းကို အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အဆင့်ဆင့် လုပ်ကိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိခဲ့ဘဲ ၁၉၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် ကုမ္ပဏီမှ လွှဲပြောင်း လုပ်ကိုင်လာသည့် အချိန်မှစ၍ သတ္တုမိုင်း ပတ်ဝန်းကျင်များ၌ ထိခိုက်ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့လာခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ကုမ္ပဏီ၏ သတ္တုမိုင်းလုပ်ကွက် ဘီနှင့် လုပ်ကွက် စီတို့မှ စွန့်ပစ်သော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများ ထိုးဆင်းလာခြင်းကြောင့် တစ်နှစ်ပတ်လုံး စီးဆင်းခဲ့သော အနက် ၃၀ ပေခန့်နှင့် အကျယ်ပေ ၁၀၀ ခန့်ရှိသော မြောင်းပြိုချောင်း တိမ်ကောကာ နွေရာသီ၌ ရေမစီးဆင်းတော့ခြင်း၊ လုပ်ကွက် A မှ စီးဆင်းလာသော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများကြောင့် ဟိန္ဒားနှင့် ရေပူဝကျေးရွာဘက်သို့ စီးဆင်းသော ချောင်းမှာလည်း တိမ်ကောစပြုကာ နွေရာသီ၌ ရေများခ န်းခြောက်လျက် ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

သတ္တုမိုင်းလုပ်ငန်းမှ စွန့်ပစ်မြေစာများနှင့် မိုင်းဆေးရေများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် မြစ်ချောင်းရေ နောက်ကျိလာခြင်း၊ လူနေအိမ်ခြေများ နုန်းမြေနစ်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ခြင်းနှင့် ချောင်းတိမ်ကောသွားခြင်းတို့ကို ကြုံတွေ့နေရခြင်းကြောင့် လုပ်ငန်း ဆောင်ရွက်မှု ရပ်စဲရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) မှ အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းသို့ အမိန့်ထုတ်ပြီးနောက် မြောင်းပြို အထက်ဘက်တွင် တစ်နေရာ၊ အောက်ဟိန္ဒားတွင် တစ်နေရာ ကုမ္ပဏီမှ စွန့်ပစ်မြေစာနှင့် စွန့်ပစ်ရေများ မကျဆင်းစေရန် ရေကန် ပိတ်ပေးထားခဲ့သော်လည်း စီမံကိန်းကို ရပ်နားခြင်း မရှိခဲ့ပေ။

သတ္တုမိုင်း ရေများသည် မြောင်းပြိုချောင်းမှ ရေများသည် ဟိန္ဒူးချောင်းကို ဖြတ်၍ ခမောင်းသွယ်ချောင်းမှ တနင်္သာရီ မြစ်အတွင်းသို့ လည်းကောင်း၊ ဟိန္ဒားနှင့် ရေပူဝ ကျေးရွာဘက်မှ စီဆင်းလာသော ချောင်းသည် ဘန်းချောင်းမှတစ်ဆင့် တနင်္သာရီမြစ်အတွင်းသို့ လည်းကောင်း စီးဆင်းသည်။

ထိခိုက်နစ်နာမှုအတွက် ဒေသခံများ၏ တရားစွဲဆိုမှုကို တရားရုံးက လက်မခံမီ မေလ ၈ ရက်နေ့တွင် မြန်မာပွန်ပီပက် ကုမ္ပဏီက ဟိန္ဒားသတ္တုတွင်းတွင် လုပ်ကိုင်ခွင့် နောက်ထပ် ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း သတ္တုတွင်းလုပ်ငန်း တိုင်းမန်နေဂျာရုံးထံမှ သိရသည်။

ယခင်က လုပ်ကိုင်နေသည့် ဧရိယာဖြစ်သည့် ၂၀၁၁၀ ဧကတွင် လုပ်ကိုင်ခွင့် ထပ်ရခြင်း ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရမည် ဖြစ်ကြောင်း အထက်ပါ မန်နေဂျာရုံးက ပြောသည်။

ဟိန္ဒားသတ္တုတွင်းကို ၁၉၂၇ ခုနှစ်မှ စတင်၍ သတ္တုတူးဖော်ခဲ့ပြီး နိုင်ငံပိုင် သတ္တုတွင်း စီမံကိန်း အနေနှင့် ၁၉၉၉ ခုနှစ် ဇွန်လအထိ လုပ်ကိုင်ခဲ့ကာ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁ ၇က်နေ့မှ စ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက် ကုမ္ပဏီတို့သည် ထုတ်လုပ်မှုအပေါ် အချိုးချ ခွဲဝေသည့်စနစ်ဖြင့် ဖက်စပ် လုပ်ကိုင်လျက် ရှိသည်။
ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီက စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် ထိခိုက်ဆုံးရှုံး နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းမပေးသဖြင့် အမှတ် (၂) သတ္တုတွင်း လုပ် ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီကို ဒေသခံများက တရားစွဲဆိုထား သည့် အမှုကို ထားဝယ်ခရိုင် တရားရုံးက မေလကုန်တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်တင်တင်သက်က ပြောကြားသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းကို မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ပေး မည်

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ယခုနှစ် ဒီဇင်ဘာ လမှ စတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက မေလ ၁၈ ရက်နေ့က စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ကျပ်သိန်းပေါင်း (၉၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မေလ(၁၈)ရက်နေ့က ကျပ်သိန်းပေါင်း (၉၃၂)သိန်းခန့် တန်ဖိုး ရှိသော စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းမှ သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်နေ ဒေသခံအချို့အကူညီလိုအပ်နေ

Photo: လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်နေ ဒေသခံအချို့အကူညီလိုအပ်နေ
Tuesday, May 20, 2014

မေလ(၇)ရက်က တိုက်ခတ် ခဲ့သောလေဆင်နှာမောင်းကြောင့် ရွှေတောင်မြို့နယ် ညောင်ကုန်း ရွာဟောင်းမှ နေအိမ် (၃၃)လုံး ပျက်ဆီးခဲ့ရာ လက်ရှိတွင် လေ ဘေးသင့်ပြည်သူများမှာ ယာယီ တဲများပြုလုပ်နေထိုင်နိုင်ပြီ ဖြစ် သော်လည်း အကူအညီ လိုအပ် နေသေးကြောင်း သိရှိရသည်။

““နေအိမ်တွေ ပျက်စီးသွား တဲ့ အိမ်ထောင်စုတွေက အခုချိန် အထိ ယာယီတဲတွေမှာပဲ နေထိုင် နေကြရတယ်။ ဒီအချိန်က သီးနှံ ပေါ်ချိန်မဟုတ်တော့ အိမ်တွေ ပြန်ဆောက်နိုင်ဖို့တော့ တော် တော်လေး အချိန်ယူရဦးမယ် အကူညီတွေကတော့ လိုအပ် နေဆဲပေါ့နော်။ အလှူရှင်တွေကို ကျွန်တော်တို့ စောင့်မျှော်နေပါ တယ်””ဟု ညောင်ကုန်းရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်း ထွဋ်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေး အာ ဏာပိုင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရွှေတောင်မြို့ပေါ်ရှိ ပါတီများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် အနီးပတ်ဝန်းကျင်များရှိ ကျေးရွာများမှ အလှူရှင်များက ဆန်၊ အစားအသောက်များကို လှူဒါန်းလျက်ရှိသော်လည်း အကူညီများ ဆက်လက်လိုအပ် နေဆဲဖြစ်သောကြောင့် အလှူရှင် များအား စောင့်မျှော်ကြိုဆိုလျက် ရှိကြောင်း သိရှိရသည်။

ညောင်းကုန်းရွာဟောင်း သည် ရွှေတောင်မြို့မှ ၁၃ မိုင်ခန့် အကွာတွင် တည်ရှိပြီး ကျီးသဲ တိုက်နယ်အထိသာ ကားလမ်း ခရီးပေါက်ကာ လှည်းလမ်းခရီး ဖြင့်(၅)မိုင်ခန့်သွားရသောကြောင့် ရေလမ်းခရီးကိုသာ ပိုမိုအသုံးပြု ကြောင်း ညောင်းကုန်းရွာဟောင်း ကျေးရွာသူ ကျေးရွာသားများမှာ ကိုင်းလုပ်ငန်းများကို အမှီပြုနေ ထိုင်ရသူများဖြစ်ပြီး ၎င်းင်းတို့၏ အိမ်ယာများကိုပြန်လည်တည် ဆောက်ရန် ငွေကြေးအခက်အခဲ များလည်းရှိနေကြောင်း လေ ဘေးသင့်ဒေသံများထံမှ သိရှိရ သည်။

““လွန်ခဲ့တဲ့ မေလ(၇)ရက်နေ့ ညနေ ၃နာရီခွဲလောက်မှာ လေနီ လုံးကြီးဝေါဝေါဆိုပြီး ရွာထဲကို ၀င်လာတယ်။ ကျွန်မတစ်သက် မှာ တစ်ခါမှ အဲ့ဒီလို လေဆင်နှာ မောင်းမမြင်ဖူးဘူး။ ၂ မိနစ်ကျော် လောက်ပဲကြာတယ်။ ပြီးတာနဲ့ ချက်ချင်း လေငြိမ်သွားတယ်။အဖြစ်အပျက်က အရမ်းမြန် တယ်””ဟု လေဘေးသင့် ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်သည့်ကိစ်္စနှင့်ပတ်သက် ၍ ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုမည့်သူ မရှိခဲ့ပေ။

ရွှေတောင်မြို့နယ်အတွင်း တွင် ဧပြီလ (၁၂)ရက်ကလည်း မိုးသက်လေပြင်းများတိုက်ခတ်ခဲ့ သောကြောင့် နေအိမ်အလုံး (၅၀) ကျော် ပြိုကျပျက်စီးခဲ့ပြီး အလုံ (၁၀၀) ကျော် အမိုးအကာများ လန်ခဲ့ကာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရှိရသည်။

သီဟလွင်-ပြည်(မြစ်မခ)
Hot News
မေလ(၇)ရက်က တိုက်ခတ် ခဲ့သောလေဆင်နှာမောင်းကြောင့် ရွှေတောင်မြို့နယ် ညောင်ကုန်း ရွာဟောင်းမှ နေအိမ် (၃၃)လုံး ပျက်ဆီးခဲ့ရာ လက်ရှိတွင် လေ ဘေးသင့်ပြည်သူများမှာ ယာယီ တဲများပြုလုပ်နေထိုင်နိုင်ပြီ ဖြစ် သော်လည်း အကူအညီ လိုအပ် နေသေးကြောင်း သိရှိရသည်။

စားသုံးရန် မသင့်သည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို ခေါ်ယူ ပညာပေးမည်

Photo: စားသုံးရန် မသင့်သည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို ခေါ်ယူ ပညာပေးမည်
Tuesday, May 20, 2014

စားသုံးသူရေးရာ နည်းဥပဒေ မထွက်ခင် ကာလအတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များကို ခေါ်ယူ ပညာပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

လက်ရှိ စားသုံးသူရေးရာ ဥပဒေ ထွက်ရှိပြီးသော်လည်း နည်းဥပဒေကို စက်တင်ဘာလတွင် အတည်ပြု ပြဋ္ဌာန်းနိုင်မည် ဖြစ်ရာ အဆိုပါ ကာလအတွင်း ဈေးကွက်ထဲမှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိပါက ခေါ်ယူ ပညာပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“နည်းဥပဒေ ထွက်လာရင် စားသောက်ကုန်ကို ဥပဒေနဲ့အညီ ထုတ်လုပ်ဖို့၊ မှတ်ပုံတင်ဖို့ ပညာပေးမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက မန္တလေးဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချခဲ့သည့် Summer Myanmar အချိုရည်မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် မဟုတ်သဖြင့် ထုတ်လုပ်သူကို ဆက်သွယ် စုံစမ်းထားပြီး မေလကုန်ပိုင်းတွင် ခေါ်ယူပညာပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

“ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်ကုန်တွေဟာ တိုင်းပြည်အတွက် အန္တရာယ်ပါပဲ။ စားသောက်ကုန်တွေ စစ်ဆေးတာ ကြိုဆိုပါတယ်” ဟု သားသားဆန်ပြုတ် ထုတ်လုပ်သည့် ပြည်တွင်းစားသောက်ကုန် လုပ်ငန်းရှင် ဦးဇော်ဇော်က ဆိုသည်။

လာမည့် ဇွန်လအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် မုန့်ဆိုင်များရှိ မုန့်များကို ဆိုးဆေးနှင့် ပတ်သက်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ပြောကြားသည်။

နည်းဥပဒေ ထွက်ပေါ်လာပြီးပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ပြီး စားသုံးသူရေးရာ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာ အခွင့်အရေးနှင့် ပတ်သက်၍ အများပြည်သူများကို ခရိုင်မြို့ကြီးများအလိုက် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

စားသောက်ကုန်အချို့ကို တရုတ်စာများဖြင့် မန္တလေးမြို့တွင် ထုတ်လုပ်မှု ရှိနေသည်ဟု ဒေသခံအချို့ ပြောကြားနေသည်များ ရှိပြီး ယင်းသို့ ထုတ်လုပ်မှုကို နေရာအတိအကျ သိရပါက ကွင်းဆင်း စစ်ဆေးရန်အတွက် ဌာနသို့ လာရောက် သတင်းပေးနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
စားသုံးသူရေးရာ နည်းဥပဒေ မထွက်ခင် ကာလအတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ် လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များကို ခေါ်ယူ ပညာပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

Photo: ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို
Tuesday, May 20, 2014

မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှုများကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

မြစ်ကြောင်း၏ ရေဝေရေလဲ ဒေသများတွင် သစ်တောများ ပြုန်းတီးခြင်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြေဆီလွှာများ ပျက်စီးကာ နုန်းအနည် ပို့ချမှုများသည် တစ်နှစ်လျှင် တန်ချိန်သန်း ၄၀၀ ခန့် ရှိသဖြင့် နုန်းပို့ချမှု အများဆုံး မြစ်တစ်စင်း ဖြစ်နေပြီး နုန်းပို့ချမှုများမှာ ယခုထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

“ဧရာဝတီက သဲနုန်းပို့ချမှု အရမ်းများတော့ ပဉ္စမမြောက် အများဆုံး ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ဌာန အနေနဲ့တော့ တစ်နှစ်မှာ ဘယ်လောက် ပို့ချတယ် ဆိုတာ သေချာတိုင်းပြီး မလုပ်နိုင်သေးဘူး” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်း အတွင်းသို့ နုန်းပို့ချမှုမှာ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က တစ်နှစ်လျှင် တန် ၃၀၀ ခန့် ပို့ချလျက် ရှိပြီး ယခုအခါ သစ်တောပြုန်းတီးမှု မြန်ဆန်လာခြင်းကြောင့် ယင်းတန်ချိန်ထက် နုန်းပို့ချမှု ပိုမိုများလာရခြင်း ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက သုံးသပ် ပြောကြားသည်။

နုန်းပို့ချမှု အများဆုံး ပထမမှ စတုတ္ထထိမြစ်ကြီး လေးစင်း၏ နာမည်များကိုမူ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းသို့ နုန်းအနည် ပို့ချမှု များလာပြီး သောင်ထွန်း၍ ရေလမ်းကြောင်း ယိုယွင်းလာမှုကို ပြန်လည် ပြုပြင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ သန်း ၁၀၀ ဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှုများကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။