Monday, 19 May 2014

သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု

Photo: သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု
Monday, May 19, 2014

ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ  ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူတစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက်သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီအနေနဲ့ တရားဝင်ပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။ နောက်ကျမှ ပါတီကို တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံတာတွေကြောင့် လွှတ်တော်ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ဘဲ လွတ်တော်တွေ ၊ ပါတီတွေ ၊ အစိုးရတွေနဲ့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်အရောင်တင်နိုင်ခဲ့တာပါ။ ဒီဖွဲ့စည်းပုံကြောင့်ဘဲ ဒေါ်စုတစ်ယောက် လွတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒေါ်စုဟာ သမ္မတ ဖြစ်ချင်လာတော့ အခုအခါမှာ ဒီဖွဲ့စည်းပုံကိုဘဲ အဟန့်အတားတစ်ခုအဖြစ် မြင်လာပြန်ပါတယ်။ ၂၀၁၅ မှာ ဒေါ်စုဟာ သမ္မတ ဖြစ်ချင်ပါတယ်။ သမ္မတဖြစ်မှ လုပ်ချင်တာတွေ စိတ်တိုင်းကျ လုပ်လို့ရမယ်ဆိုတဲ့ အတ္တစွဲကြောင့်  သမ္မတဖြစ်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အရာတွေ အားလုံးကို ဖယ်ရှားဖို့ ပြုလုပ် လာခဲ့ပါတယ်။ ထိပ်တိုက်တွေ့နေတာကတော့ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ။ ဒီဥပဒေထဲက ပုဒ်မ ၅၉(စ)ဟာ ဒေါ်စုကို တိုက်ရိုက်ထိမှန်နေတာကြောင့် ဒါကို မဖြစ်မနေ ပြင်ရမယ် ၊ လိုအပ်လာရင် အသစ်ရေးဆွဲ ရမယ်ဆိုပြီး ကြွေးကြော်မှု့တွေ  ပြုလုပ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မကန့်ကွက်လိုပါဘူး။ ဒါပေမယ် ပြင်ဖို့လိုတဲ့ အချက်တွေကို ပြင်မယ်ဆိုရင်လည်း တရားနည်းလမ်းတကျ ပြင်ဖို့လိုအပ်ပါတယ်။ လွတ်တော်အတွင်းမှာ ဒီဥပဒေနဲ့ ပက်သတ်ပြီး ပြင်ဆင်ဖို့ လုပ်ဆောင် နေပါလျက် ပြည်သူလူထုရှေ့ မျက်နှာထွက်ပြပြီး  ပြောချင်ရာ ပြောနေတာကတော့ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခုတုံးလုပ်ပြီး  ဆူပူမှု့တွေ ဖန်တီးနေသလိုပါပဲ။  အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေသလို ၊ ပြည်သူနဲ့ တပ်မတော်သားတွေ ကို ရန်တိုက်ပေးနေတာဟာ တည်ငြိမ်အေးချမ်းမှု့ကို ပျက်ပြားအောင် လုပ်နေတာဘဲ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ တည်ငြိမ် အေးချမ်းမှု့တွေ ပျက်ပြားပြီး ဆင်းရဲသားတွေရဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလိုမျိုး လူတွေစုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာတဲ့ ထိုင်းနိုင်ငံအနေနဲ့ သိပ်မသိသာပေမယ်လည်း ဆင်းရဲနေတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ မတွေးဝံ့စရာပါ။ 

အမှန်အတိုင်း မြင်တာကို ပြောရရင်  မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟာ ပြည်သူတွေအတွက် လတ်တလော အရေးတကြီး လိုအပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လိုအပ် နေတာက ပြည်တွင်း စစ်တွေ ငြိမ်းချမ်းဖို့ ၊ ပြည်သူတွေ အလုပ်အကိုင်တွေ အများကြီးရပြီး  မိသားစုအလိုက် ၀င်ငွေတွေ အများကြီး ရရှိဖို့က အဓိကပါ။ ပြည်သူတွေ ချမ်းသာဖို့ကသာ လတ်တလော  ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါတယ်။ ဒေါ်စုတစ်ယောက်သာ ၂၀၁၅မှာ သမ္မတဖြစ်ချင်လွန်းလို့ ဒီဥပဒေကို အသည်းအသန် လိုက်ပြင်နေတာပဲ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆို ခဲ့သလို အခုပြည်တွင်းမှာလည်း ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြီးကြီးမားမား လုပ်ဆောင်နေပါတယ်။ ပြောရမယ် ဆိုရင် ဒေါ်စုဟာ သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေပါတယ်။ သူ့သမ္မတဖြစ်မှဘဲ မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း ကြီးပွားချမ်းသာလာတော့ မလိုလို သွေးနားထင်ရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာယဉ်ကျေးမူနဲ့ ဆန့်ကျင်ပြီး နိုင်ငံခြားသားကို လင်တော်ထားသူ၊ သားသမီးတွေက နိုင်ငံခြား တိုင်းပြည်မှာ နေပြီး နိုင်ငံခြား အစိုးရအပေါ် သစ္စာခံထားသူ၊ ပြောရရင်တော့ အမျိုးမစစ်သူ ၊ အမျိုးမချစ်သူ တစ်ယောက်က မြန်မာနိုင်ငံရဲ့ သမ္မတရာထူးနဲ့ ထိုက်တန်ရဲ့လား ? ပေးသင့်ရဲ့လား? ဒါအပြင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်သမ္မတ ဖြစ်ဖို့ ပြည်သူထောက်ခံမှု့ရဖို့ တခြားပါတီ ၊ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊  ပါးစပ်ထဲ တွေ့ကရာ လျောက်ပြောတက်တဲ့သူကို နိုင်ငံတော် လုံခြုံရေးအတွက် ဘယ်လိုလုပ်ပြီး ယုံကြည်အားကိုး ရမလဲဆိုတာ ကိုတော့ သိစေချင်ပါသည်။ မရေရာ မသေချာတဲ့ အနာဂတ်အတွက်နဲ့တော့ လက်ရှိလှုပ်ရှား သွားလာနေတဲ့ ဒီမိုကရေစီ ခြေလှမ်းတွေကို မကူညီချင်နေပါ ၊ အနှောက်အယှက်ဖြစ်အောင်၊ ပျက်ပြား သွားအောင်တော့ မလုပ်စေချင်ပါဘူး။ အဲလိုလုပ်ဖို့ ကြိုးစားနေတာဟာ ငါသမ္မတဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုပြီး ဒီမိုကရေစီလမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်ဆိုတာ သိစေချင်ပါသည်။

ပေါက်စ
mansuper Facebook မှ ကူးယူဖော်ပြထားပါသည် ...........
ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူတစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲ ဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက် သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီ အနေ နဲ့ တရားဝင်ပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။ နောက်ကျမှ ပါတီကို တရားဝင် မှတ်ပုံတင်ပြီး ကြားဖြ တ်ရွေးကောက် ပွဲမှာ ၀င်အရွေးခံတာတွေကြောင့် လွှတ်တော်ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းများ စည်းရုံး လှုံ့ဆော်မှု ညွှန်ကြားချက် မူကြမ်းအား NLD တင်ပြချက် အတိုင်း ကော်မရှင် မှ မလုပ်ဆောင်ပေးပါက လွှတ်တော် တင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီကိုယ်စားလှယ်လောင်းများ စည်းရုံးလှုံ့ဆော်မှု ညွှန်ကြားချက် မူကြမ်းကို NLD ပါတီ၏ တင်ပြချက်အတိုင်း မလုပ်ဆောင်ပေးပါက ဥပဒေကြောင်းအရ လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။ 

ဒေါပုံတွင် လမ်းဖြတ်ကူးသူ ယာဉ်နှစ်စီးဆင့် တိုက်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်

ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမကြီးဘေးရှိ ဧရာဝတီ ရေတပ်အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် မေလ ၁၇ ရက် ည ၈ နာရီခွဲခန့်က လမ်းဖြတ်ကူးနေသူ အသက် ၃၀ အရွယ်ရှိ ကိုအေးမင်းဇော်မှာ ယာဉ်နှစ်စီးဆင့် တိုက်ခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ရှမ်းအရှေ့ ငါးလောင်းပြိုင်လူသတ်မှု တရားခံဟု ယူဆရသူကို ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ၁၀ မိုင် ချောင်းဆုံရွာ၏ အနောက်ဘက် တောင်ပေါ်ခြောက်မိုင် ခန့်တွင် မေ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှု ကျူးလွန်သော တရားခံဟု ယူဆရသူ ဂျပုကိုကို နှစ်ရက်အကြာ မေလ ၁၁ ရက်က ဖမ်းမိပြီ ဖြစ်ကြောင်း မိုင်းဆတ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးခင်မောင်ရည်က ပြောကြားသည်။

ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်မှ အငှားယာဉ်မောင်းလိုင်စင် ပြောင်းလျှင် ထပ်မံ စစ်ဆေးခံရမည်

Photo: ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်မှ အငှားယာဉ်မောင်းလိုင်စင် ပြောင်းလျှင် ထပ်မံ စစ်ဆေးခံရမည်
Monday, May 19, 2014 

ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို ပိုမိုစိစစ်ခြင်း အဖြစ် “ခ” လိုင်စင် (ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်) မှ “ဃ” လိုင်စင် (အငှားယာဉ်မောင်းလိုင်စင်) သို့ ပြောင်းလဲလျှင် လိုင်စင်စာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါလိုင်စင် စစ်ဆေးခြင်းကို မေလ ၁ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးမှုများအတိုင်း ဖြေဆိုရမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“စာမေးပွဲ ထပ်မဖြေဘဲ လိုင်စင် ထုတ်မပေးတော့ပါဘူး” ဟု အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယခင်က “ခ” လိုင်စင်မှ “ဃ” လိုင်စင် ပြောင်းလဲပါက စာမေးပွဲဖြေဆိုရန် မလိုကြောင်း ယာဉ်မောင်းများက ပြောဆိုသည်။
“ကျွန်တော်တို့တုန်းကတော့ မဖြေခဲ့ရပါဘူး။ လိုင်စင်လဲရုံပါပဲ။ “ခ” ကနေ “င” ပြောင်းရင်တော့ ဖြေရတယ်” ဟု “င” လိုင်စင် (လိုင်စင်အနီ) ကိုင်ဆောင်ထားသူ ယာဉ်မောင်း ဦးဝင်းမြင့်က ဆိုသည်။

လိုင်စင် ထပ်မံဖြေဆိုရာတွင် နိုင်ငံတကာ၌ စစ်ဆေးလျက်ရှိသည့် စိတ်အခြေအနေ ပုံမှန်ရှိမရှိ၊ အရက်သောက်သုံးမှုနှင့် အမြင်အာရုံ စစ်ဆေးမှုတို့ ပါဝင်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျှော့ချရန်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို ပိုမိုစိစစ်ခြင်း အဖြစ် “ခ” လိုင်စင် (ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်) မှ “ဃ” လိုင်စင် (အငှားယာဉ်မောင်း လိုင်စင်) သို့ ပြောင်း လဲ လျှင် လိုင်စင်စာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနထံမှ သိရသည်။

ခေတ်အဆက်ဆက်မှ အခွန်ကြွေးကျန် ၆၂ ဘီလီယံ ပြန်လည်ကောက်ခံရရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ခေတ်အဆက်ဆက်မှ ကျန်ရှိသည့် အခွန်ကြွေးကျန် စုစုပေါင်း ကျပ် ၆၂ ဘီလီယံအား ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား

ပြည်သူလူထုအကြား လှုပ်ရှားမှု အမျိုးမျိုးဖြင့် တောင်းဆိုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်ပြီး လာမည့် မေလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးများတွင် စတင်ဆွေးနွေးဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု စတင်မည်

Photo: မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု စတင်မည်
Monday, May 19, 2014

မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု ယခုလကုန်တွင် စတင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Messenger သတင်းစာ သို့ပြောသည်။ မြေ၀ယ်သူများ မည်သည့် နေရာတွင် ၀ယ်ယူ ပြီးဖြစ်သည်ကို သိရှိနိုင်ရန် ၀ယ်ယူသူတစ်ဦး၏ အမည်နှင့် မှတ်ပုံတင်အား ကွန်ပျူတာတွင် ရိုက်ထည့် ပြီးပါက ပြည်တွင်း အခွန် များ ဦးစီးဌာနမှ အဆို ပါ မြေ၀ယ်ယူ သူများအား သိရှိနိုင်မည် ဖြစ်သည့် အတွက် အခွန်လျှော့ပေါ့ ခံစားခွင့်အား တစ်ကြိမ်သာ ခံစားခွင့် ရရှိရန် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံး သို့ အကြောင်းကြား နိုင်မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ သိရသည်။

ဘယ်နေရာပဲဖြစ်ဖြစ် တစ်ခုခု ၀ယ်ထားပြီးပြီ ဆိုရင် ဒီလူအရင်က ဘယ်မှာဝယ်ထားပြီးပြီ၊ သက်သာခွင့် မရတော့ဘူးဆိုတာ အကြောင်းကြားစာမှာ တစ်ခါတည်း ထည့်ပေးလိုက်မယ် ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိက ပြောသည်။ အိမ်ခြံမြေ ၀ယ်ယူသူ များတွင် အမှန်တကယ် နေထိုင်ရန် ၀ယ်ယူသူများ ပါဝင် သကဲ့သို့ စီးပွားရေး တစ်ရပ် အသွင် ပြုလုပ်နေသူ များလည်း ပါဝင်သည့် အတွက် ယခုလကုန် တွင်စတင် အသုံးပြုမည့် Software သည် မြေ၀ယ်ယူ ဈေးကစားသူ များအား အထိုက်အလျောက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အထက်ပါ အရာရှိက ပြောသည်။ အခွန်တစ်ခု ဆောင်ပြီးပြီ။ ၀င်ငွေခွန် ဆောင်လိုက်ပြီးပြီ ဆိုရင် အဲဒီလူ နာမည်နဲ့ နောက်တစ်ကွက်ဆောင်လို့ မရတော့ဘူး။ အဲဒီကန့်သတ်ချက် ရှိတာက ၀ယ်ရောင်း သမားတွေကို ချုပ်တဲ့သဘောပေါ့ ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ လီမိတက်မှအထွေထွေ မန်နေဂျာ ဦးရန်အောင် က The Messenger သတင်းစာသို့ ပြောသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ မြေယာ ၀ယ်ယူမှုအပေါ် အခွန်လျှော့ချ ကောက်ခံပေး ခဲ့ခြင်းသည် မြေ၀ယ်ရောင်းများ အတွက် ပိုင်ဆိုင်မှုအား ပိုကောင်းစေရန် လမ်းဖွင့်ပေးသည့် သဘောဖြစ်ပြီး ယခင်က မြေ၀ယ်ယူ ထားသူများမှာ အခွန်နှုန်းကို ကြောက်သည့် အတွက် အရပ်စာချုပ်ဖြင့်သာ ချုပ်ဆိုခဲ့ကြရာ ယခုတွင် အမည်ပေါက် ပြုလုပ်သူများ လာကြောင်း ၎င်း ကပြောသည်။ ယခင် အိမ်ခြံမြေ ဈေးနှုန်း အရ မည်သည့် အိမ်ခြံမြေ တန်ဖိုးဖြစ်စေ၊အခွန်နှုန်းမှာ (၃၀) ရာခိုင်နှုန်း ပေးဆောင် ခဲ့ရပြီးယခုလက်ရှိတွင် အိမ်ခြံမြေ ဈေးနှုန်း တန်ဖိုးအပေါ်လိုက်၍ တစ်ကျပ်မှသိန်း (၅၀၀) ကျပ်အထိ (၅) ရာခိုင်နှုန်း၊ ကျပ်သိန်း (၅၀၀)မှ ကျပ်သိန်း (၁၅၀၀)အထိ (၁၀)ရာခိုင်နှုန်း၊ ကျပ် သိန်း (၁၅၀၀)မှ ကျပ်သိန်း (၃၀၀၀)အထိ (၂၀) ရာခိုင်နှုန်း၊ ကျပ် သိန်း (၃၀၀၀)နှင့်အထက် (၃၀) ရာခိုင်နှုန်း စသည်ဖြင့် ပြောင်းလဲလျှော့ချပေးခဲ့သည်။ ယင်းသို့ ပြောင်းလဲခဲ့သည့် အခွန်နှုန်းမှာ ဧပြီ လ(၁)ရက်တွင် စတင် အသက်ဝင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

Messenger News Journal
မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု ယခုလကုန်တွင် စတင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Messenger သတင်းစာ သို့ပြောသည်။ မြေ၀ယ်သူများ မည်သည့် နေရာတွင် ၀ယ်ယူ ပြီးဖြစ်သည်ကို သိရှိနိုင်ရန် ၀ယ်ယူသူတစ်ဦး၏ အမည်နှင့် မှတ်ပုံတင်အား ကွန်ပျူတာတွင် ရိုက်ထည့် ပြီးပါက ပြည်တွင်း အခွန် များ ဦးစီးဌာနမှ အဆို ပါ မြေ၀ယ်ယူ သူများအား သိရှိနိုင်မည် ဖြစ်သည့် အတွက် အခွန်လျှော့ပေါ့ ခံစားခွင့်အား တစ်ကြိမ်သာ ခံစားခွင့် ရရှိရန် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံး သို့ အကြောင်းကြား နိုင် မည် ဖြစ်ကြော င်း ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ သိရသည်။

ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အဖြေမထွက်

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ရေး အာဆီယံ အဖွဲ့ဝင်နိုင်ငံ များ မေလ ၁၇ ရက်နှင့် ၁၈ ရက်များ တွင် နှစ်ရက်ကြာ ညှိနှိုင်းစည်းဝေးသော်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွား အတွက် ကာကွယ်ပြီး လုပ်ဆောင်ဆွေးနွေးမှုများရှိသည့် အတွက် အောင်မြင် မှု ရရှိခြင်းမရှိဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

သောင်းကျန်းသူများ မကြာခဏ ဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တောနယ်စပ်တွင် တိုက်ခိုက်မှုစွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို

Photo: သောင်းကျန်းသူများ မကြာခဏ ဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တောနယ်စပ်တွင် တိုက်ခိုက်မှုစွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို
Monday, May 19, 2014

မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက်ခိုက်မှုပြုလုပ်နေသည့် မောင် တောနယ်စပ်ဒေသတွင် တာဝန်ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက် မှု စွမ်းရည် ကျွမ်းကျင် မှု ရှိသူများဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေအထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူများနှင့် ဒေသခံ များက ပြောကြားသည်။

လက်ရှိ မောင်တောနယ်စပ် တစ်လျှောက် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံ ရေးတပ်ဖွဲ့များမှာ သင်တန်း ခြောက်လ တက်ရောက်ကာ လာရောက်တာဝန် ထမ်း ဆောင် နေသူ များ ဖြစ်ခြင်း၊ အ သက်အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်ခြင်း၊ ကိုင်ဆောင်ထားသော လက်နက်များမှာ ခေတ်မီလက်နက် များ မဟုတ်ခြင်းနှင့် တိုက်ခိုက် မှု ဖြစ်ပွားသည့် အချိန်တွင် အသင့် အနေ အထားမရှိခြင်းတို့ကြောင့် သောင်း ကျန်းသူ လက်နက်ကိုင်များ၏ တိုက် ခိုက်မှုကို အလွယ်တကူ ခံနေရခြင်း ဖြစ်ကြောင်း ဆိုသည်။

သောင်းကျန်းသူများ ကိုင် ဆောင်ထားသည့် လက်နက်များမှာ AK- 47 လက်နက် အများ စုဖြစ် သည့် အတွက် လက်နက်အားဖြင့်လည်း မယှဉ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊ မေ ၁၇ ရက်က မိုင် တိုင်အမှတ် ၅၂တွင် သောင်းကျန်း သူလက်နက်ကိုင်များ၏ တိုက်ခိုက် မှုကြောင့် ကျဆုံးသွားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သင်တန်းတက် ရောက်ခဲ့ရသည့် ကာလမှာ နှစ်လ ကျော်ခန့်သာ ရှိသေးကြောင်း၊ လေ့ ကျင့်ချိန်ကာလ နည်းပါးသည့်အတွက် တိုက်ခိုက်မှုစွမ်းရည်မှာလည်း ညံ့ဖျင်း ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နယ် စပ်တစ်လျှောက် လုံခြုံရေး ဆောင် ရွက်နေကြရာတွင် တပ်စု၊ တပ်စိတ် များအတွင်း လူအင်အားကို အဖြစ် သဘောထားမျိုးထက် အမှန်တကယ် အတွေ့အကြုံရှိသည့် ဝါရင့်တပ်ဖွဲ့ ဝင်များသာ ထားရှိကွပ်ကဲသင့်ကြောင်း အတွေ့အ ကြုံရှိသည့် ရဲအရာရှိတစ် ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လုံခြုံရေးရယူရန်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo - EPA

NT [--Democracy today Daily Newspaper--]
Yangon Media Group
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လုံခြုံရေးရယူရန်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ်
မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက်ခိုက်မှုပြုလုပ်နေ သည့် မောင် တော နယ်စပ်ဒေသတွင် တာဝန်ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက် မှု စွမ်း ရည် ကျွမ်းကျင် မှု ရှိသူများဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေ အထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူများနှင့် ဒေသခံ များ က ပြော ကြားသည်။

ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အဖြေမထွက်

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ရေး အာဆီယံအဖွဲ့ ၀င်နိုင်ငံ များ မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် နှစ်ရက်ကြာ ညှိနှိုင်းစည်းဝေးသော်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ဆောင်ဆွေးနွေးမှုများရှိသည့်အတွက် အောင်မြင်မှုရရှိခြင်းမရှိဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အဖြေမထွက်

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ရေး အာဆီယံအဖွဲ့ ၀င်နိုင်ငံများ မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် နှစ်ရက်ကြာ ညှိနှိုင်းစည်းဝေးသော်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ဆောင်ဆွေးနွေးမှုများရှိသည့်အတွက် အောင်မြင်မှုရရှိခြင်းမရှိဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

မီတာခစာရွက်တွေလာတော့ လူတွေ စိတ်ဆိုးဒေါသ ထွက်နေကြပြီ

Photo: မီတာခစာရွက်တွေလာတော့ လူတွေ စိတ်ဆိုးဒေါသ ထွက်နေကြပြီ
Monday, May 19, 2014 

အစိုးရသစ် တက်လာပြီးနောက် အစစအရာရာ မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ စားဝတ်နေရေး ပြဿနာများအပေါ် ယခုနှစ် ဧပြီလကုန်မှ စတင်တိုးမြှင့်လိုက်သော မီတာခ၏ ထပ်ဆင့်ထိုးနှက်မှုကြောင့် မပြေလည်မှုများနှင့် ရင်ဆိုင်နေရသော ပြည်သူများအကြား မကျေလည်မှုများစွာ ဖြစ်ပေါ်နေပြီဖြစ်သည်။

“လုပ်ငန်းငယ်တွေအတွက် မြင့်တက်လာတဲ့ လျှပ်စစ်မီတာခက ထိခိုက်မှု ရှိတယ်ဆိုပေမယ့် လျှပ်စစ်မီးမှန်ရင် တော်သေးတယ်။ အခုက မီးပြတ်လို့ လုပ်ငန်းလည်ပတ်မှု ရပ်ထားရတဲ့ ရက်တွေက ဒီဧပြီလမှာ ခြောက်ရက်ခုနစ်ရက်လောက် ရှိတယ်။ လုပ်ငန်းရပ်ထားလို့ ကုန်ကြမ်းကနေ ကုန်ချောလုပ်တဲ့အဆင့်ကို မလုပ်နိုင်လို့ ၀င်ငွေလျော့ကျချိန်မှာ မီတာခက အရင်ကျပ် ၂၀၀၀၀ ကျော်ကနေ ကျပ် ၃၀၀၀၀ ကျော် ဖြစ်လာတယ်။ ကျွန်တော်တို့ လုပ်ငန်းငယ်တွေ ကြီးထွားလာအောင် မြှင့်တင်မှုအစား မပြိုပြိုအောင် ဖြိုနေသလိုပဲ” ဟု အသေးစား ကော်ရည်ကျိုလုပ်ငန်း လုပ်ကိုင်သူ ဦးဇော်ဇော်က ဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်ကောက်ခံရန် အစိုးရ၏ တင်ပြမှုကို မတ် ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ အစိုးရက လက်ရှိကောက်ခံနေသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ်လျှင် ၃၅ ကျပ် နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက်မှစ၍ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ကောက်ခံရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“မီးတာခတက်တာ သာမန်အိမ်ထောင်စုတွေကိုတောင် အများကြီး ထိခိုက်တာ အန်တီတို့လို လုပ်ငန်းရှင်တွေဆိုရင် ပိုဆိုးတာပေါ့။ ယူနစ်တွေ အများကြီး ရှုံးတဲ့အခါ မီတာခတွေက အဆမတန် တက်နေတော့ direction cost ကို ပြန်တွက်ရတယ်။ ရေထွက်နဲ့ ပတ်သက်ပြီး ကုန်ကြမ်းကလည်း လျော့နေတော့ မီတာက ဒီလိုနှုန်းနဲ့ဆိုရင် မကိုက်တော့ဘူး။ ကုန်ကြမ်းရှားနေတဲ့ ရေထွက်နဲ့ပတ်သက်တဲ့ စက်ရုံတွေမှာ အအေးခန်းလို နေရာမှာသုံးတဲ့ မီတာခတွေက နှစ်ဆပိုများလာတယ်။ ပြည်ပကို Export ပို့တာတွေလည်း လျော့လာမယ်” ဟု ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ တိုးမြှင့်လိုက်သော မီတာခနှုန်းထားများ စတင်ကောက်ခံလာမှုကြောင့် အသေးစားအလတ်စား လုပ်ငန်းငယ်များနှင့် ပြည်သူများအကြား မီတာခကုန်ကျစရိတ်များ မြင့်တက်လာသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။

“အရင်လတွေကဆိုရင် မီတာခက ကျပ် ၁၃၀၀၀ ၀န်းကျင်လောက်ပဲ ကျတာ။ အခုလမှာတော့ မီတာခက ကျပ် ၂၀၀၀၀ ကျော်သွားပြီ။ ကျွန်တော်က ပင်စင်စားဖြစ်တဲ့အတွက် ပင်စင်လစာက ကျပ် ၆၀၀၀၀ ကျော်လောက်ပဲ ရတယ်။ အဲဒီလစာလေးနဲ့ မီတာခကိုပဲ တိုးပြီးပေးရတာက တစ်မျိုး၊ ပြီးတော့ ရေခွန်၊ အိမ်လခတို့သာ ထပ်ပြီးပေးရမယ်ဆိုရင် ကျွန်တော်တို့မိသားစုဘ၀ ရပ်တည်နိုင်ဖို့ကို ခက်ခက်ခဲခဲ ကြိုးစားရပါလိမ့်မယ်” ဟု သုဝဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်လျင်လမ်းတွင် ဇနီး၊ မြေးသုံးယောက်နှင့်အတူ နေထိုင်သည့် အလုပ်သမားအရာရှိ အငြိမ်းစားဖြစ်သူ ဦးတင်အောင်က မေ ၁၈ ရက်တွင် ဆိုသည်။

အစိုးရ၀န်ထမ်းများ လစာအား ကျပ် ၂၀၀၀၀ အထိ ထပ်မံတိုးမြှင့်ခြင်းကြောင့် ချိန်ခါမီ မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအား ပြည်သူများ ရင်ဆိုင်နေရချိန်တွင် ယခုနှစ် မတ်လကုန်အထိ ပေးဆောင်ခဲ့ရသည့် မီတာခထက် ဧပြီလတွင် ပေးဆောင်ရသည့် မီတာခမှာ နှစ်ဆခန့် မြင့်တက်လာမှုကြောင့် အသေးစားအလတ်စား လုပ်ငန်းငယ်များနှင့် သာမန်ပြည်သူများအကြား အခက်အခဲများ ပိုမိုဖြစ်ပေါ်လာနေကြောင်း သိရသည်။

“မတ်လကုန်တုန်းက ကျပ် ၄၀၀၀ ကျော်လောက်ပဲကုန်တဲ့ မီတာခက အခုမီတာခတွေ စပြီးတိုးကောက်တဲ့ အချိန်မှာ ကျပ် ၈၀၀၀ ကျော်လောက် ဖြစ်လာလို့ အမေက ညဘက်မှာ မီးဖွင့်မအိပ်နဲ့တော့တဲ့” ဟု ကြည့်မြင်တိုင်မြို့နယ်နေ မမြင့်မြင့်ဦးက ပြောကြားသည်။ 

“ကျွန်မတို့အိမ် တစ်လ၀င်ငွေကတော့ ပုံမှန်ပဲ ဖြစ်နေပေမယ့် ကုန်ကျစရိတ်တွေဖြစ်တဲ့ ကုန်ဈေးနှုန်းတို့၊ မီတာခတို့ကတော့ တဖြည်းဖြည်း တိုးလာတယ်။ အထူးသဖြင့် ဒီလဆိုရင် မီတာက ထက်ဝက်ကျော်တက်တယ်။ ဒါ့ကြောင့် အခုတစ်လော ကျွန်မတို့ အိမ်ရှင်မတွေ ပြောနေကြတာက ၀င်ငွေပိုရနိုင်မယ့် နည်းလမ်းကို ရှာချင်ရှာ မဟုတ်ရင်တော့ လျှပ်စစ်ကို ချွေတာသုံး ဆိုတာပဲ” ဟု ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုလမ်းနေ ဒေါ်အေးမူကဆိုသည်။

ရန်ကုန်မြို့သည် စားဝတ်နေရေးပြဿနာ တစ်ရက်ထက်တစ်ရက် ပိုမိုကြီးမားလာသောမြို့ဖြစ်လာပြီး တစ်ဦးချင်းဝင်ငွေ နိမ့်ကျမှု၊ လျှပ်စစ်မီတာခ မြင့်တက်လာမှု၊ ငွေကြေးဖောင်းပွမှု၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့သည် မြို့နေလူထုအတွက် ၀န်ထုပ်ဝန်ပိုးများကို တစ်ရက်ထက်တစ်ရက် ပိုမို၍ ဖြစ်ပေါ်စေကြောင်းနှင့် လူထု၏ စားဝတ်နေရေး မချောင်လည်မှုမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းများသည် နေ့စဉ် လူနေမှုဘ၀ကို ရိုက်ခတ်နိုင်သော ကြီးမားသည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“မီတာခတွေ တက်တော့မယ် ဆိုကတည်းက မလိုအပ်တဲ့မီးတွေ အကုန်ပိတ်တယ်။ ညဆိုလည်း လိုအပ်တဲ့နေရာပဲ မီးဖွင့်တယ်။ ဒီလိုလုပ်ထားတာတောင်မှ အရင် ကျပ် ၂၀၀၀ ကျော်လောက်ပဲကျတဲ့ မီတာခက အခုလ ကျပ် ၃၀၀၀ ကျော် ၄၀၀၀ နီးနီးလောက် ကျတယ်။ နောက်လလည်း ဒီလိုချွေတာရမှာပါပဲ” ဟု ပခုက္ကူမြို့နေ ဦးဝင်းဌေးက ဆိုသည်။

“အရင်လတုန်းက မီတာခက ကျပ်ငါးသောင်းခွဲလောက် ကျတယ်။ အခု ဒီလကစပြီး မီတာခတွေ စတက်တော့ ခုနစ်သောင်းခွဲလောက် ကျတယ်။ ကျွန်တော်တို့က ဂိမ်းဆိုင်ဖွင့်တော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ လျှပ်စစ်မီးက ခဏခဏ ပျက်သေးတယ်။ မီးစက်နဲ့ဆိုရင် ဆီးဖိုးနဲ့က မကိုက်ဘူး။ နောက်ပြီး အိမ်လခတွေ ကုန်ဈေးနှုန်းတွေကလည်းတက်တော့ ရမယ့်ပိုက်ဆံတောင် မကျန်တော့ဘူး။ ကြာရင်လူတွေလည်း မြို့ပြင်ရောက်တော့မယ်။ အဘက်ဘက်က စုမိဆောင်းမိဖို့ မပြောနဲ့ ဒီနေရာမှာ ဆက်နေဖို့တောင် အနိုင်နိုင် ရှာနေရတာပါ” ဟု ဗဟန်းမြို့နယ်တွင် ဂိမ်းဆိုင်ဖွင့်နေသူ ဦးကျော်က ပြောကြားသည်။

လတ်တလောအချိန်တွင် ဆန်ဈေးနှင့်ဆီဈေးများ မတက်သေးသော်လည်း အခြားကုန်စည်ဈေးနှုန်းများ အထိုက်အလျောက် တက်လာသည့်အတွက် လည်းကောင်း၊ ယေဘုယျအားဖြင့် လူတို့တွင် inflation psychology ရှိနေသည့်အတွက် လည်းကောင်း၊ ကုန်ဈေးနှုန်းသည် ကျဆင်းမှုမရှိတော့ဘဲ အတက်ဘက်သို့သာ ဦးတည်နေကြောင်း၊ နေထိုင်မှုစရိတ် မြင့်တက်မှုအပြင် စားသောက်ရေးပါ ခက်ခဲလာသည့်ဒဏ်ကို ယနေ့လူထုက ခံစားနေရကြောင်း သိရသည်။

“အထူးသဖြင့် ဒီရက်ပိုင်း ဈေးထဲမှာ၊ လမ်းထဲမှာ ကြားနေရတာက ဒီမီတာခကိစ္စပဲ။ ကျွန်မတို့အိမ်မှာဆိုလည်း မီတာခက အရင်လတွေနဲ့စာရင် ငါးထောင်လောက် တက်တယ်။ အစက သား၊ ငါးတွေက ဈေးတက်တာတွေ၊ ဟိုဟာဈေးတက်တာ၊ ဒီဟာဈေးတက်တာတွေ ရှိလာတာလောက်က မသိသာပေမယ့် မီတာခ များလာတာတွေပါ ပေါင်းလိုက်ရင် အသုံးစရိတ်တွေ ပိုကုန်လာတယ်။ ဒီတော့ တစ်လတစ်လ ကုန်ကျစရိတ်တွေက များလာတာတွေရှိတော့ စကားကြီး စကားကျယ် ပြောတယ်လို့ပဲထင်ထင် ကျွန်မတို့ရတဲ့ ၀င်ငွေနဲ့ ကုန်ကျစရိတ်က မညီမျှဘူးဆိုတာတွေက သိသာလာပါတယ်” ဟု လှိုင်မြို့နယ် သံလမ်းတွင်နေထိုင်သူ ဒေါ်ခင်ရီက ပြောပြသည်။

အလားတူ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ဟု သုံးသပ်ဆွေးနွေးမှုများ ရှိနေသော်လည်း နေရာရရှိရန် အခက်အခဲ၊ ငွေကြေးအခက်အခဲနှင့် လျှပ်စစ်မီးရရှိရန် အခက်အခဲတို့ကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးတို့မှာလည်း အတားအဆီးများစွာ ရှိနေကြောင်း သိရသည်။

အစိုးရအနေနဲ့ တိုင်းပြည်ကို အခွန်နဲ့ တည်ထောင်မယ်ဆိုပြီး ပြည်သူတွေဆီက အခွန်တွေကို တိုးမြှင့်ကောက်ခံတယ်။ ကောက်ခံပြီးရင် တိုင်းပြည်အကျိုးအတွက် ဘယ်လိုနေရာတွေမှာ အသုံးပြုလဲဆိုတာ ခေတ်စနစ်အညီ ပြည်သူတွေ ပွင့်လင်းမြင်သာမှုရှိအောင် ချပြတာမျိုးမရှိဘူး။ အခု ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ လျှပ်စစ်မီတာခကို တိုးမြှင့်ကောက်ခံတယ်။ ပိုက်ဆံရှိတဲ့သူတွေက ကြိုက်သလောက်သုံး ကျသလောက်ပေးနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အောက်ခြေလူတန်းစားတွေအတွက် အခက်အခဲ အများရှိလာတယ် . . . . .

“အစိုးရက လစာတိုးပေးတော့ ငွေလေးနှစ်သောင်းထဲ။ လကုန်ပြန်ထွက်မယ့်ငွေက ဒီထက်မက ပိုကုန်မယ်။ မီတာခက အရင်တုန်းက သုံးထောင်ကနေ လေးထောင်ကြားပဲကျတာ။ ခုတော့ ခုနစ်ထောင်ကျော်တောင် ကျတယ်။ ဒါတောင် အရင်လို လျှပ်စစ်မီးနဲ့ ထမင်းဟင်းမချက်တော့ဘူး။ မီတာခကိုသာ တိုးကောက်နေတယ် မီးကျတော့ ပျက်လိုက်လာလိုက်နဲ့။ ပုံမှန်လည်းမရှိဘူး။ နွေဆိုရင်လည်း နွေမို့လို့ မိုးတွင်းဆိုလည်း လေလေးနည်းနည်း မတိုက်နဲ့ ကျိန်းသေတယ် မီးပျက်ဖို့။ ပေးရတဲ့ငွေက များနေပြီး သုံးစွဲရတဲ့ လျှပ်စစ်ကတော့ သွင်းရတဲ့ငွေ မညီမျှပါဘူး။ ရှေးရေး နောင်ရေးအတွက် စုဖို့ဆောင်းဖို့နေသာ လကုန်တိုင်းထွက်မယ့် ထွက်ငွေတွေကို တွက်ရင်း ရင်မောရတာနဲ့ပဲ အသက်လည်းတိုမှာပါပဲဗျာ” ဟု သာကေတမြို့နယ်နေ ကိုကိုလင်းထွန်းက ဆိုသည်။

ထို့ပြင် ဧပြီလမှစတင်ပြီး မီတာခများ တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်ရာ၌လည်း ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များအတွင်း အိမ်သုံးမီတာခများ တွက်ချက်ရာ၌ ယခင်က မီတာနှစ်လုံးခွဲကာ ပေးဆောင်နေရာမှ ယခုဧပြီလအတွင်း ကောက်ခံရာ၌ မီတာနှစ်လုံးအတွက် ဘီလ်တစ်စောင်တည်းဖြင့် တစ်ပေါင်းတည်း ကောက်ခံသည့် ကိစ္စများလည်း ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့ခံ ပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့အိမ်က လုပ်ငန်းမရှိတဲ့ အိမ်သုံးသက်သက်ကိုမှ lighting အတွက် မီတာတစ်လုံး၊ power အတွက် မီတာတစ်လုံး သုံးပါတယ်။ ဒါက အစကတည်းက သုံးတာပါ။ မီတာခဘီလ်ဆောင်ရင်လည်း မီတာနှစ်လုံးက ဘီလ်နှစ်စောင်နဲ့ မီတာခဆောင်ပါတယ်။ အခုဧပြီလကစပြီး မီတာခတွေ တိုးကောက်တယ်လေ။ ဧပြီလအတွက်ကျတော့ မီတာနှစ်လုံးက ဘီလ်ကို တစ်လုံးစာတည်းပေါင်းပြီး ဆောင်ခိုင်းတယ်။ ဧပြီလထဲမှာ ကျွန်တော်တို့က ၁၀ ရက်တော့ ခရီးသွားထားတော့ မီတာနှစ်လုံးက ၉၇ ယူနစ်ပဲ ရှိသေးတယ်။ နောက်လတွေဆိုရင် ဒီလိုမီတာနှစ်လုံးကို တစ်စောင်တည်း ပေါင်းဖြတ်တော့ ယူနစ်က ၁၀၀ ကျော်သွားပြီ။ ၁၀၀ ကျော်ရင် ဈေးကတစ်မျိုး ဖြစ်သွားတော့မယ်။ ကျွန်တော် စုံစမ်းကြည့်သလောက် တော်တော်များများ အဲလိုဖြစ်နေကြတယ်” ဟု လသာမြို့နယ်မှ ဦးအောင်လှိုင်က ပြောကြားသည်။

“ဧပြီလကုန်ကတည်းက လစာက တိုးသွားတာဆိုတော့ ခုချိန်မှာ ကုန်ဈေးနှုန်း တဖြည်းဖြည်း တက်လာတာကိုတော့ တွေ့လာရတယ်။ လစာတိုးပေးလိုက်တဲ့အတွက် ၀ယ်လိုအား ပိုကောင်းလာမယ်။ ပိုကောင်းလာတဲ့အတွက် ကုန်ဈေးနှုန်းကလည်း ဈေးတက်လာမယ်။ ကုန်ထုတ်လုပ်မှုမှာ မီတာခကြီးမြင့်မှုကြောင့် ဘယ်လောက်အတိုင်းအတာအထိ ကုန်ကျစရိတ် ပိုမြင့်သွားမလဲ ဆိုတာကိုတော့ တွက်ကြည့်ရဦးမှာပါ။ မီးမရတဲ့ ပြဿနာလည်း ရှိတယ်ဆိုတော့ ကုန်ကျစရိတ် ဘယ်လောက်မြင့်တက်သွားလဲ ဆိုတာထက် ရရှိတဲ့ယူနစ်နဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် နှိုင်းယှဉ်ရင် အဖြေထွက်လာမှာပါ” ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးမြင့်သောင်းက ပြောကြားသည်။

ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံလျက် ရှိသော်လည်း မီးအပြည့်အ၀ မရရှိသေးသည့် ပြဿနာများ စသည်တို့ဖြင့် ပြည်သူများအကြား စားဝတ်နေရေးနှင့် အထွေထွေ လူမှုဒုက္ခများကြောင့် ပြည်သူလူထု၏ နေ့စဉ်ဘ၀တို့ ရပ်တည်ရှင်သန်ရန် ပိုမိုခက်ခဲလာကြောင်းလည်း သိရသည်။

“SMEs တွေအတွက်ကတော့ အခုလို မီတာခ တိုးကောက်တဲ့အတွက် ထိတော့ထိမှာပဲလေ။ ဒါပေမဲ့ မထူးတော့ဘူးလို့ ခံစားရတယ်။ ပိုက်ဆံလည်း ချေးလို့မရဘူး။ နေရာဆိုတာကလည်း တကယ့်စက်မှုဇုန်လို နေရာမျိုးမှာ ရတာမဟုတ်ဘဲ အိမ်ကြိုအိမ်ကြားမှာ လုပ်နေရတဲ့ အနေအထားမျိုးမှာဆိုတော့ တိုးပြီးတော့ ထူးမလာတော့ပါဘူးလို့ပဲ သဘောထားလိုက်တယ်။ ဖြစ်နိုင်ခြေရှိတာက ဘာဖြစ်လာမလဲဆိုတော့ ပြည်တွင်းမှာ ထုတ်တာထက် တရုတ်ကပစ္စည်းတွေ ပြည်တွင်းကို အောက်လမ်းက၀င်လာပြီး ပြည်တွင်းမှာ တံဆိပ်ကပ်ပြီးတော့ မြန်မာ့ထွက်ကုန်ဆိုပြီးတော့ပဲ ဖြစ်သွားမှာပါ။ အဲဒီ အနေအထားတွေလည်း တွေ့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မီတာခဈေးတက်သလို မှန်မှန်လည်း မီးကမရပါဘူး။ ဒါကြောင့်မို SMEs တိုးတက်ရေးဆိုတာ အပြောမှာပဲရှိပြီး လက်တွေ့မှာ မဖော်ဆောင်နိုင်တဲ့အတွက် ရေရှည်မှာ SMEs တွေရဲ့ ရပ်တည်ရေးကလည်း အများကြီး အခက်အခဲရှိလာမှာပါ” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

“အစိုးရအနေနဲ့ တိုင်းပြည်ကို အခွန်နဲ့ တည်ထောင်မယ်ဆိုပြီး ပြည်သူတွေဆီက အခွန်တွေကို တိုးမြှင့်ကောက်ခံတယ်။ ကောက်ခံပြီးရင် တိုင်းပြည်အကျိုးအတွက် ဘယ်လိုနေရာတွေမှာ အသုံးပြုလဲဆိုတာ ခေတ်စနစ်အညီ ပြည်သူတွေ ပွင့်လင်းမြင်သာမှုရှိအောင် ချပြတာမျိုးမရှိဘူး။ အခု ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ လျှပ်စစ်မီတာခကို တိုးမြှင့်ကောက်ခံတယ်။ ပိုက်ဆံရှိတဲ့သူတွေက ကြိုက်သလောက်သုံး ကျသလောက်ပေးနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အောက်ခြေလူတန်းစားတွေအတွက် အခက်အခဲ အများရှိလာတယ်။ သက်သောင့်သက်သာနေနိုင်တဲ့ လူနေထိုင်မှုပုံစံကို ရနိုင်တော့မှာ မဟုတ်ဘူး။ ဆိုလိုတာက ပူလို့ ပန်ကာတစ်ခုတောင် မဖွင့်နိုင်ဘဲ ညဘက်မီးလုံး တစ်လုံးတည်းနဲ့ နေထိုင်နေရတဲ့ လူတန်းစားတွေ အများကြီးပါ။ အစိုးရအနေနဲ့ လျှပ်စစ်မီတာ တိုးကောက်ခဲ့တာက အခြေခံလူတန်းစားတွေ အတွက်တော့ ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရမီတာခတက်ရင် သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို အနည်းနဲ့အများ ဈေးတက်ကြမှာပဲ။ အဲ့ဒီတော့ ကုန်ပစ္စည်းဝယ်သုံးတဲ့ ပြည်သူတွေထဲမှာမှ အောက်ခြေလူတန်းစားတွေအတွက် စားသောက်ရေး အခက်အခဲ ဖြစ်လာပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးခံရတာက အခြေခံလူတန်းစားတွေပါပဲ။ ကျွန်တော်အိမ်မှာ အရင်က ပန်ကာသုံး၊ ရေခဲသေတ္တာသုံး၊ မီးပူတိုက်တာမှ တစ်လလေးထောင်ကျော်ပဲ ကျတယ်။ ဒီလ ရှစ်ထောင်လောက်ကျတယ်။ ခေတ်တွေပြောင်းလို့ ပြည်သူတွေ လူနေမှုအဆင့်အတန်းတွေ စားဝတ်နေရေးတွေ၊ အထူးသဖြင့် အခြေခံလူတန်းစားတွေရဲ့ ဘ၀က ဘာတစ်ခုမှ တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး” လှိုင်သာယာမြို့နယ်မှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ဦးမျိုးကိုက ပြောကြားသည်။

“မီတာခက တက်သွားတာကလည်း အဆမတန်ဘဲ။ အရင်တုန်းကလည်း ဒီလောက်ပဲသုံးတာ။ ရှေ့လက သုံးထားတဲ့ယူနစ်နဲ့ ခုလဆောင်ရမယ့် ယူနစ်နဲ့ ယှဉ်ကြည့်တော့ လေးယူနစ်ပဲ ကွာတယ်။ ငွေက နှစ်ထောင်ကျော် ပိုသွားတယ်။ မီးကျတော့ ပုံမှန်မလာဘူး။ အန်တီတို့မှာ မီးလာပြီဆိုတာနဲ့ သုံးဖို့ရေကို အမြန်မောင်းရတယ်။ မီးအားက တစ်ခါတလေ ကျသေးတယ်။ အန်တီတို့မှာ ၀င်ငွေနဲ့ထွက်ငွေ ညီမျှအောင် ငွေကို မနည်းချွေတာ သုံးစွဲနေရတယ်။ ဆောင်ရမယ့် မီတာခွန်ကို ယုံတောင်မယုံကြည်နိုင်ဘူး။ တိုးကောက်လို့ ပိုကုန်မယ်သိပေမယ့် ဒီလောက်ကြီး များသွားမယ်လို့ မထင်ဘူး” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေ ဒေါ်တင်တင်ဌေးက ပြောကြားသည်။

Eleven Media Group 

လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအတွက် မကျေနပ်သည့်ပြည်သူများ ရန်ကုန်မြို့၌ မတ်လကုန်ပိုင်းအတွင်းက ဆန္ဒပြကြစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအတွက် မကျေနပ်သည့်ပြည်သူများ ရန်ကုန်မြို့၌ မတ်လကုန်ပိုင်းအတွင်းက ဆန္ဒပြကြစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
အစိုးရသစ် တက်လာပြီးနောက် အစစအရာရာ မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ စားဝတ်နေရေး ပြဿနာ များ အပေါ် ယခုနှစ် ဧပြီလကုန်မှ စတင်တိုးမြှင့်လိုက်သော မီတာခ၏ ထပ်ဆင့်ထိုးနှက်မှုကြောင့် မပြေလည်မှုများနှင့် ရင်ဆိုင်နေရသော ပြည်သူများအကြား မကျေလည်မှုများစွာ ဖြစ်ပေါ်နေပြီဖြစ်သည်။

သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွားရေး ဇုန်နှင့် ဆက်သွယ်နိုင်မည့် လမ်းလေးခုကို ယခုနှစ်ဖောက်လုပ်ရန် လျာထား

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း သန်လျင်-သီလ၀ါ-ဒဂုံ ဆိပ်ကမ်းလမ်းအပါအ၀င် သီလ၀ါ အထူးစီးပွားရေး ဇုန် ဆက်သွယ်နိုင်သည့် လမ်းလေးခုကို ဖောက်လုပ်ရန် လျာထားကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေအရ သိရသည်။

ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး

Photo: ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး
Monday, May 19, 2014

ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူကရိန်းနိုင်ငံ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

ယူကရိန်း၏ လက်ရှိ အခြေအနေသည် ၁၉၉၀ ပြည့်နှစ်များဆီက ခရိုအေးရှား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်မက် အကျပ်အတည်းမျိုးနှင့် တူညီမည့် အနေအထားတွင် ရှိကြောင်း ခရိုအေးရှား နိုင်ငံသားလည်း ဖြစ်သူ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ပြောကြားသည်။

ယူကရိန်းနိုင်ငံမှ နေ့စဉ်ရရှိသော သတင်းများအရ အစိုးရတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သူပုန်များသည် နေ့စဉ် ဆိုသကဲ့သို့ပင် ပဋိပက္ခ ဖြစ်လျက်ရှိကြောင်း သိရသည်။

အကျပ်အတည်းများ ပြေလည်စေရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ဦးဆောင် ကမကထပြုကာ ကြားဝင် ဖျန်ဖြေပေးသည့် ဆွေးနွေးပွဲသို့ ယူကရိန်းခွဲထွက်ရေး အင်အားစုများ တက်ရောက်ခြင်း မရှိပေ။

မကြာသေးခင်က ယူကရိန်းမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သော ဒိုနီဆက်ပြည်နယ်မှ ခွဲထွက်ရေး သူပုန်များက ၎င်းတို့ စိတ်တိုင်းကျ ဝန်ကြီးချုပ်သစ်တစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒိုနီဆက်ပြည်နယ် ဝန်ကြီးချုပ်သစ် အလက်ဇန္ဒားဘိုရိုဒိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည်ဟူသော ဥပဒေအကြောင်း ကိစ္စသည် ရုရှားနိုင်ငံသို့ ပူးပေါင်းခွင့် ရရှိအောင် လုပ်ဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ယူကရိန်းအစိုးရ အဆောက်အအုံများကို သိမ်းပိုက်ရယူထားသည်။

ထိုသို့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးက “ယူကရိန်းဟာ ဘယ်လိုမှ နောက်ကြောင်း ပြန်လှည့်လို့ မရတော့တဲ့ အနေအထားမျိုးဆီကို တစ်ဖြည်းဖြည်းချင်း သွားနေတဲ့အတွက် ကျွန်တော် အင်မတန် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ပြောကြားသည်။

ကုလသမဂ္ဂ အဆိုအရ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မတရားသဖြင့် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် ဖြစ်ရပ်များ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်း ပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြား လိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ဆန္ဒပြသူများကို အကြမ်းဖက်ဖမ်းဆီးခြင်းမရှိဟု ရဲတပ်ဖွဲ့ ငြင်းဆိုမှု တောင်သူများ လက်မခံ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှ ဆန္ဒပြ တောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က မေ လ ၁၈ ရက်တွင် လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဆန္ဒပြ တောင်သူများကလည်း ရဲတပ်ဖွဲသည် အကြမ်းဖက် ဖမ်းဆီးခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်လိုက်သည်။

ချင်းပြည်နယ်ရှိ သယံဇာတများ အရပ်ဘက် အဖွဲ့အစည်းများ လေ့လာသွားမည်

မြွေတောင်၊ ဖားတောင် ကြေးနီစီမံကိန်းအပါအ၀င် ချင်းပြည်နယ် သယံဇာတအရေးကိစ္စများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကို အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ မေလ ၁၆နှင့် ၁၇ရက်တို့ တွင် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးထားသော ဖြစ်စဉ် အလိုက် ဒေသတွင်း တွင် ပြန်လည်လေ့လာ သွားမည်ဟု ချင်းတောင် သဘာဝသယံဇာတလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကိုတာတွမ်က ပြောသည်။

အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ



အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ ဖန်ရှင်းဒေသမှ ယွမ်လင်မင်း သည် တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့် ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန် သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့

မြန်မာ့ရသုံးမှန်းခြေဆိုင်ရာ သိကောင်းစရာ

Photo: မြန်မာ့ရသုံးမှန်းခြေဆိုင်ရာ သိကောင်းစရာ
Monday, May 19, 2014
 
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာအစိုးရရဲ့  ရသုံးမှန်းခြေဘတ်ဂျက်နဲ့ ပတ်သက်လို့ ပြည်သူတွေ သိရှိနိုင်တဲ့အခြေအနေ ပိုရှိလာတယ်လို့ သုတေသီတဦး ပြောဆိုတာနဲ့ ပတ်သက်ပြီး တင်ပြပေးထားပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထဲက စတင်ပြီး အစိုးရရဲ့  ဘတ်ဂျက်ဆိုင်ရာ ထုတ်ပြန်အသိပေးမှုပုံစံတွေ ပြောင်းလဲလာပြီး အခုနောက်ပိုင်း ပိုပြီးပွင့်လင်းမြင်သာလာတယ်လို့ အစိုးရရဲ့  မူဝါဒရေးရာတွေကို သုတေသနလုပ်ဆောင်နေတဲ့ CESD (Centre for Economic and Social Development) စီးပွားရေးနဲ့ လူမှု့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တွဲဖက်သုတေသီ မငုဝါဝင်း က ပြောဆိုပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ဘတ်ဂျက်အသုံးစရိတ် တဖြည်းဖြည်းတိုးလာတာ တွေ့ရပေမယ့် တိုးနှုန်းနှေးသေးတယ်လို့ ဆိုပါတယ်။ အခုလို့ CESD အဖွဲ့က အစိုးရမူဝါဒပိုင်းဆိုင်ရာ သုတေသနပြုစုနေတဲ့ အခြေအနေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ တွဲဖက်သုတေသီ မငုဝါဝင်း ကို မခင်ဖြူထွေး က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါဝင်း အခုလို ကျမတို့ ဗွီအိုအေရုံးကိုလာပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ပါ။ ရပါတယ်။ ကျေးဇူးတင်ပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါ က အဓိကလုပ်နေတာက Microeconomics နဲ့ ပတ်သက်ပြီးတော့။ လက်ရှိ လုပ်နေတဲ့ သုတေသနလုပ်ငန်းကို နည်းနည်းရှင်းပြပေးပါ။ ဘယ်အကြောင်းအရာပေါ်မှာ သုတေသနလုပ်နေတာလဲ။

မငုဝါဝင်း ။ ။ အခုလောလောဆယ် လုပ်နေတဲ့ အကြောင်းအရာတွေကတော့ ကျမတို့ Microeconomic team က focus က အခုလက်ရှိ ချက်ချင်းဖြစ်နေတဲ့ တလောက အတည်ပြုလိုက်တဲ့ tax နဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ အခွန်ကိစ္စနဲ့ ပတ်သက်တဲ့ဟာ။ ဥပဒေအသစ်တွေ ပြဌာန်းလိုက်တယ်။ အဲဒီဟာတွေမှာ ပြောင်းလဲမှုတွေ ရှိသွားခဲ့တယ်။ နဂို သူတို့လုပ်ထားတဲ့ ပြဌာန်းထားတဲ့ ဥပဒေနဲ့ အခု ပြောင်းလဲလိုက်တဲ့ ဥပဒေတွေမှာ ဘာတွေပြောင်းလဲမှုတွေ ဖြစ်သွားလဲ။ အဲဒါက နိုင်ငံရဲ့  ဝင်ငွေပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ စတဲ့ အကြောင်းအရာတွေကို လေ့လာတယ်။ နောက် အခုအားလျော်စွာ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေအပေါ်မှာ ကျမတို့ မိုက်ခရို ဘောဂဗေဒနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပါလာခဲ့ရင် ကျမတို့ အဲဒီအပေါ်မှာ သုတေသနလုပ်တယ်။ နောက် အခုလောလောဆယ် နောက်ထပ်လုပ်နေတဲ့ဟာတခုကတော့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်တဲ့ကိစ္စပါ။ အဲဒီမှာလဲ ကျမတို့ ပူးပေါင်းပါဝင်မှုလုပ်ပြီးတော့ သုတေသနတွေ လုပ်နေပါတယ်။ နှစ်အလိုက် ပြဌာန်းတဲ့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း - အတိုကောက်အားဖြင့်တော့ ဘတ်ဂျက်လို့ ခေါ်တာပေါ့။ အဲဒီအပေါ်မှာလည်း လေ့လာပြီး သုတေသနလုပ်နေပါတယ်။

မခင်ဖြူထွေး ။ ။ ဒီ ဘတ်ဂျက် နိုင်ငံတော်ရသုံးမှန်းခြေစာရင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့နေရာမှာ ဘယ်အချက်တွေကို အဓိကထားပြီးတော့ လေ့လာတာလဲ။

မငုဝါဝင်း ။ ။ ရသုံးမှန်းခြေငွေစာရင်းလို့ ပြောတဲ့အခါကြရင် ကျမတို့ ၂၀၁၁-၁၂ ကစပြီးတော့ ၂၀၀၈ constitution အရ တိုင်းဒေသကြီး ပြည်နယ်တွေ Union level ကို ခွဲပြီးတော့ ထွက်လာတယ်။ ဥပဒေတွေက ဘတ်ဂျက် ရသုံးမှန်းခြေငွေစာရင်းက တိုင်းဒေသကြီး ပြည်နယ်တွေအတွက်ထွက်တယ်။ ပြီးတော့ Union Level အတွက် ထွက်လာတယ်။ အဲဒီလို ထွက်လာတဲ့အခါကြတော့ ကျမတို့ team အနေနဲ့ အဓိက focus အာရုံစိုက်ပြီးတော့ လေ့လာတာကတော့ နိုင်ငံတော်အဆင့် Union Level မှာ ဆောင်ရွက်နေတဲ့ ဘတ်ဂျက်ကို ကျမတို့ လေ့လာပါတယ်။ တိုင်းဒေသကြီးပြည်နယ်အဆင့် ဘတ်ဂျက်တွေကိုလည်း အခါအားလျော်စွာ တချို့ ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အဲဒီလို လေ့လာတဲ့နေရာမှာ အရင် အစိုးရလက်ထက်နဲ့ အခု ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲလာတယ်ဆိုတဲ့ အစိုးရနောက်ပိုင်းမှာ ဘယ်လိုပြောင်းလဲလာတာတွေ တွေ့ရသလဲ။ ရှာဖွေတွေ့ရှိချက်တချို့ ကိုလည်း ပြောပြပါအုံး။

မငုဝါဝင်း ။ ။ ၂၀၁၁-၁၂ က စပြီးတော့ ကျမတို့ focus လုပ်ပါတယ်။ အခုကတော့ လေးနှစ်စာ ရှိသွားပြီပေါ့။ ရှိသွားပြီဆိုတော့ အခု ၁၂-၁၃ ကစပြီးတော့ ရသုံးမှန်းခြေငွေစာရင်းကို ကြေညာတဲ့ပုံစံတွေ structure တွေက ပြောင်းလဲလာပါတယ်။ ဒီ ၁၄-၁၅ မှာလည်း ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတယ်ဆိုတော့ လူတွေက ပိုပြီးတော့ access လုပ်လာနိုင်တယ်။ ရယူလာနိုင်တယ်။ သူတို့ စပြီးတော့ ကြေညာလာတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှု စပြီးတော့ စရှိလာပြီပေါ့။ ဒီ အနေအထားကိုလည်း ဘယ်လိုလုပ်တယ်ဆိုတာကိုလည်း လွှတ်တော်မှာ ဆွေးနွေးထားချက်တွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေက၊ ပြင်ပကနေ ကျမတို့ လေ့လာလို့ရတယ်။ အရင်ထက်စာရင်တော့ နှိုင်းယှဉ်ရင်တော့ မဆိုးဘူးဆိုတဲ့ အနေအထားကို ပြောလို့ရတယ်။ Structure ကလည်း တဖြည်းဖြည်း ပြောင်းလာတယ်။ သူတို့ ပုံစံပေါ့။ နဂိုတုန်းကဆိုရင် နိုင်ငံတော် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ရသုံးမှန်းခြေငွေစာရင်းတွေကို အတူတူရောပြီးတော့ ဖော်ပြတယ်။ အခုနောက်ပိုင်းတော့ ခွဲပြီးတော့ ဖော်ပြလာတာတွေရှိတယ်။ အဲဒီလို အကြောင်းအရာ ပြောင်းလဲလာတာတွေရှိတယ်။ တဖြည်းဖြည်းနဲ့လည်း ပြည်သူလူထုကို ပိုပြီးတော့ အသိပေးလာတယ်။ ဟိုတလောတုန်းကဆိုရင် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကဆိုရင် အခွန်အကောက်ကို နိုင်ငံတော်က ဒီ (၃) နှစ်မှာ ဘယ်လောက် ကောက်ခံရရှိခဲ့လဲ။ တိုးမြှင့်ကောက်ခံရရှိခဲ့လဲ။ အခွန်တိုးမြှင့်ကောက်ခံရရှိတဲ့အတွက် နိုင်ငံတော်က ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက်တောင် ပိုမိုပြီးတော့ သုံးစွဲလို့ ရနိုင်ပါတယ်ဆိုပြီးတော့ - ဒါကတော့ အခွန်ဌာန ပြည်တွင်း အခွန်ဦးစီးဌာနက ကြေညာတာပေါ့။ အဲဒီလိုမျိုး သတင်းအချက်အလက်တွေကို ပြည်သူလူထုကို ကြေညာလာတယ်ပေါ့။ အသိပေးလာတဲ့ အနေအထားအထိ ဖြစ်လာတယ်။

မခင်ဖြူထွေး ။ ။ အရင်ကထက် ပိုပြီးတော့ transparency ပိုပြီးတော့ ပွင့်လင်းမြင်သာလာတယ်။ Accountability တာဝန်ခံမှုတွေ ပိုပြီးတော့ ရှိလာတဲ့သဘောပေါ့။ ဆိုတော့ ဒီဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရသုံးမှန်းခြေနဲ့ ပတ်သက်ပြီးတော့ ငွေကြေးတွေကို စီမံခန့်ခွဲပြီးတော့ သုံးတဲ့နေရာမှာ allocate လုပ်တဲ့နေရာမှာ ဘယ်ကဏ္ဍတွေမှာ သုံးတဲ့နှုန်းတွေက အရင် အစိုးရနဲ့ အခု အစိုးရနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုးတက်ပြောင်းလဲလာတာ ရှိသလား။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ကျန်းမာရေးတို့၊ ပညာရေးတို့လို ကဏ္ဍတွေမှာ ဒါကို ပိုပြီးတော့ သုံးစွဲသင့်တယ်ဆိုတာကို ပြည်တွင်းပြည်ပက ပြောနေကြတာရှိတယ်။ ဆိုတော့ အဲဒီလိုအပိုင်းတွေမှာ ပြောင်းလဲလာတာတွေ ရှိသလား။ ဒီလေ့လာတွေ့ရှိချက်အရဆိုရင်။

မငုဝါဝင်း ။ ။ ရှိပါတယ်။ ဒီ ၁၁-၁၂ ကစပြီးတော့ လေ့လာတယ်။ ဘဏ္ဍာရေးနှစ် ၁၁-၁၂၊ ၁၂-၁၃၊ ၁၃-၁၄၊ ၁၄-၁၅ အခု ထွက်လာတဲ့ဟာ။ တဖွဲ့နဲ့တဖွဲ့။ တယောက်နဲ့တယောက် သုတေသီ တယောက်နဲ့တယောက်တော့ focus အာရုံစိုက်ပြီး လေ့လာပုံတွေ တူချင်မှတူမယ်။ ကျမတို့ကြတော့ နိုင်ငံတော်ရဲ့  ဘတ်ဂျက်ကဆိုရင် နှစ်အစမှာဆိုရင် ဘဏ္ဍာရေးနှစ်အစမှာ မတ်လအကုန်မှာဆိုရင် တနှစ်လုံးစာကို project လုပ်ထားတဲ့ ခန့်မှန်းထားတဲ့ ဘဏ္ဍာရေးဥပဒေ ထွက်လာတယ်။ ပြီးတော့ အောက်တိုဘာ၊ နိုဝင်ဘာလမှာဆိုရင် ထပ်ပြီးတော့ ဖြည့်စွက်တဲ့ ရန်ပုံငွေ supplementary ဆိုတဲ့ဟာမျိုး ထွက်လာတယ်။ အဲဒီတော့ ရှေ့ ကနှစ်သုံးနှစ်စာကို ကျမတို့ တွက်ချက်တဲ့အခါမှာ အဲဒီ projection and supplementary ကို ပေါင်းပြီးတော့ အဲဒီ figure ကိုယူတယ်။ ပြီးတော့ ဒီနှစ်အစ ၁၄-၁၅ ကတော့ ကျမတို့ prediction အပေါ် မူတည်တယ်။ တွက်တဲ့အခါကျတော့ ကျမ အဓိကထားပြီးတော့ လုပ်နေတာက အခုန အမပြောတဲ့ ဘယ်လို allocate လုပ်သလဲ။ ကြည့်တဲ့အခါကြတော့ သက်ဆိုင်ရာဌာနတွေကိုပေးတဲ့ expenditure ပေါ်ကိုကြည့်တယ်။ ဒီအသုံးစရိတ်တွေ ဘယ်လောက်ရှိနေသလဲအပေါ် ကြည့်တဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး နဲ့ နိုင်ငံရဲ့  အရေးကြီးတဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ တိုးလာပါတယ်။ တိုးလာတယ်ဆိုတာကတော့ တဖြည်းဖြည်းနဲ့တော့ တိုးလာပါတယ်။ တော်တော်များများကတော့ ဝေဖန်ကြတယ်။ စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့။ စစ်အသုံးစရိတ်လည်း တိုးလာပါတယ်။ စစ်အသုံးစရိတ်ကလည်း တိုးနေတယ်။ ဒါပေမဲ့ တိုးတဲ့နှုန်းချင်းကတော့ မတူဘူးဖြစ်နေတယ်။ ပညာရေး နဲ့ ကျန်းမာရေးကဏ္ဍမှာတော့ တိုးတက်မှုနှုန်းက နည်းနေသေးတယ်လို့ ယူဆလို့ ရပါတယ်။

မခင်ဖြူထွေး ။ ။ နောက်ပြီးတော့ အခုလိုမျိုး CESD ဟာမျိုး။ နိုင်ငံတခုရဲ့  လူမှုရေး နဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ CESD လို အဖွဲ့မျိုးတွေက တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ မငုဝါ တို့ရှိတဲ့ အဖွဲ့မျိုးလို။ ဆိုတော့ အဲဒီလိုမျိုး တခြားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်တာ ရှိသလား။ ဥပမာ တခြားနိုင်ငံတွေက အရင်ထဲက ရှိနေပြီသာ။ ဒီလိုမျိုး အဖွဲ့အစည်းတွေနဲ့ စပြီးတော့ ကျင့်သုံးလာပြီးသာ နိုင်ငံတွေဆီက လေ့လာသင်ယူတာပဲဖြစ်ဖြစ်၊ သူတို့ဆီက ထောက်ပံ့ရယူတာပဲဖြစ်ဖြစ် အဲဒီလို ပူးပေါင်းလုပ်ဆောင်မှုတွေရှိလား။  

မငုဝါဝင်း ။ ။ ရှိပါတယ်။ ကျမတို့ ဟိုတလောက အခုတော့ နောက်ဆုံးလက်စသတ်တဲ့အဆင့်ကို ရောက်နေပြီပေါ့။ ဒါကတော့ Asian Development Bank နဲ့ ပေါင်းပြီးတော့ country study လုပ်တဲ့အခါကြတော့ ကျမတို့ CESD က Financial Management နဲ့ ပတ်သက်တဲ့ chapter တခု ဝင်ရေးပါတယ်။ ဝင်ရေးတဲ့အခါကြတော့လည်း ကျမအနေနဲ့ ဘယ်လို allocate လုပ်လဲ။ ခွဲဝေတဲ့အပိုင်းကနေ ကြည့်ပြီးတော့ လေ့လာတာ ရှိပါတယ်။ တခြားအဖွဲ့တွေနဲ့လည်း အစိုးရရဲ့  ဌာနတွေကို လေ့လာနေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အမေရိကန်က Michigan တက္ကသိုလ်နဲ့က

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ Michigan တက္ကသိုလ်နဲ့ကြတော့ စိုက်ပျိုးရေးကဏ္ဍကို လေ့လာတာ ဖြစ်ပါတယ်။ လေ့လာတဲ့အခါကြတော့ ပညာရေးကဏ္ဍမှာ ဘယ်လောက်တိုးလာသလဲ။ ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက် တိုးလာသလဲ။ ဘယ်လောက် percentage အားဖြင့် တိုးလာသလဲဆိုတော့ ဒီနှစ်မှာတော့ ၂၀၁၄-၁၅ မှာ ပညာရေးကဏ္ဍ အသုံးစရိတ်က တော်တော်လေးကို တိုးလာပါတယ်။ အရင်နှစ်ထက်စာရင် သူ့ရဲ့  တိုးတက်မှု ငွေပမာဏက တော်တော်များလာတယ်လို့ ပြောလို့ရတယ်။ တခြား ကျန်းမာရေးကဏ္ဍလည်း ထပ်ပြီးတော့ များလာတယ်။ ဒီကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ တခြား အာဆီယံဝန်းကျင်မှာ ယှဉ်ရင်တော့ နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဘယ်လောက်အထိ တိုးတက်လာနိုင်ဖို့ ထပ်ပြီးတော့ ထည့်သင့်သလဲ။ ဘယ်လောက် allocate လုပ်သင့်သလဲတို့၊ ဘာတို့ကတော့ ထပ်ပြီးတော့ ဌာနတခုချင်းစီအလိုက်၊ ဝန်ကြီးဌာနတခုချင်းစီအလိုက် နိုင်ငံရဲ့  ဖြစ်ပေါ်နေတဲ့အခြေအနေပေါ် ဘယ်နေရာမှာ ဘယ်လို allocate လုပ်မလဲဆိုတာတွေကတော့ ထပ်ပြီးတော့ လေ့လာရမယ်။ နောက်တချက်ကလည်း ကာကွယ်ရေးအသုံးစရိတ် ဘယ်လောက်ဖြစ်နေလဲ၊ ဘာလဲကလဲ အခုထိတော့ ပွင့်လင်းမြင်သာမှု ဒီကဏ္ဍမှာ မရှိသေးတဲ့အတွက် ကျမတို့လည်း လေ့လာသုံးသပ်လို့ ရနိုင်တဲ့အနေအထားမှာတော့ မရှိသေးဘူးပေါ့။ နောက်တချက်ကလဲ ကျမတို့ လေ့လာတဲ့အခါကြရင် ရသုံးမှန်းခြေငွေစာရင်းက နိုင်ငံတော်သတင်းစာမှာ ကြေညာလိုက်တဲ့ အဲဒီကိုပဲ ယူပြီးတော့ ပေါင်းပြီးတော့ လေ့လာသုံးသပ်တာတွေ လုပ်တယ်။ ဒါပေမဲ့ ဘတ်ဂျက်ရဲ့  အနေအထားအရဆိုရင် အဲဒီနှစ်ခုပေါင်းပြီးတော့ အဲဒါက ခန့်မှန်းထားတာပဲ ရှိတယ်။ တကယ် အမှန်စာရင်းဆိုတာလည်း ရှိသေးတယ်။ အဲဒီ အမှန်စာရင်းကတော့ ကျမတို့ အခုအချိန်အထိ ရယူနိုင်တဲ့အနေအထားမှာ မရှိသေးဘူးပေါ့။ ကြေညာတဲ့ အနေအထားမှာ မရှိသေးဘူး။ ဒါပေမဲ့ လွှတ်တော်မှာတော့ ပြည်သူငွေစာရင်း ပူးပေါင်းကော်မတီက သူတို့ လေ့လာသုံးသပ်တဲ့အချက်တွေကို အခုအားလျော်စွာ မေးခွန်းထုတ်တဲ့အခါ၊ ထုတ်ပြန်တဲ့အခါမှာဖြစ်ဖြစ် ကျမတို့ သိရတာတွေတော့ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အချိန်က သိပ်မရှိတော့ဘူးဆိုတော့ နောက်ဆုံးပိတ်အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံမှာ အခုပြောတဲ့ CESD ဆိုတဲ့ အဖွဲ့မျိုးက အရင်တုန်းကရှိခဲ့တဲ့ အဖွဲ့မျိုး မဟုတ်ဘူး။ ဒီလိုမျိုး သုတေသန လုပ်တာတွေ ရှိလာတယ်။ စာတမ်းပြုစုလာတယ်။ အစိုးရပိုင်ဆိုင်ရာ မူဝါဒ ချမှတ်တာတွေအပေါ်မှာ အကြံပေးတာတွေလည်း ရှိလာပြီဆိုတော့ စောစောက မငုဝါ လည်း ပြောခဲ့တယ်။ အစိုးရ ရသုံးမှန်းခြေကဏ္ဍတွေမှာဆိုရင်လည်း accountability ပိုရှိလာတယ်။ transparency ပိုရှိလာတယ် အခြေအနေ တိုးတက်ကောင်းမွန်လာတာတွေလည်း ပြောတယ်။ ဆိုတော့ နောက်အနာဂတ်မှာ ဒီလိုမျိုး ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာမယ့်၊ တာဝန်ခံမှုတွေ ပိုပြီးရှိလာမယ့် အလားအလာတွေ မြင်လား။ ရှေ့ အလားအလာကို ဘယ်လို သုံးသပ်မလဲ။

မငုဝါဝင်း ။ ။ အကောင်းမြင်တဲ့ အနေအထားက ပြောရရင်တော့ အရင်ကထက်စာရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာတယ်။ အခွန်နဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာတယ်ဆိုတော့ ကျမတို့ ဒါက ပထမဆုံး ကြုံဘူးတာပေါ့။ သူများနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ ပြောရင်တော့ ကျမတို့ အနေအထားက အခုမှ စလုံးရေးစ အနေအထားကိုတောင် မရောက်သေးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ရှေ့ ဆက်ပြီးတော့ လုပ်သွားမယ့် အနေအထားတွေတော့ အများကြီးရှိတယ်။ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေ။ ဟိုတလောတုန်းက သိပ်မကြာသေးခင်က ဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ တချို့  civil society တွေနဲ့ ပေါင်းပြီးတော့ transparency ဖြစ်ဖို့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိလာတယ်။ ရှိလာတော့ လူထုကို အကြံဥာဏ်ပေးနိုင်ဖို့ channel ဖွင့်ပေးတာတွေတော့ ထပ်ပြီးတော့ လိုအပ်သလို။ ကဏ္ဍပေါင်းစုံက လုပ်ဖို့တော့ လိုအပ်တာပေါ့။ အခုဆိုရင် ကျမတို့ဆိုရင် နိုင်ငံတော်အဆင့် ဘတ်ဂျက်ကိုပဲ အလေးပေးထားပြီးတော့၊ အာရုံစိုက်ပြီးတော့ သတင်းတွေက ဖော်ပြနေတယ်။ ကျမတို့ကလည်း အဲဒီဟာကို သတင်းလွယ်လွယ်ကူကူ ရနိုင်တာ နိုင်ငံတော်ပိုင် သတင်းစာက ရနေတယ်။ ကျမဆိုရင် ရန်ကိုင်တိုင်းဒေသကြီးမှာ နေတယ်။ ရန်ကုန်တိုင်းဒေသလွှတ်တော်ကို အခြေစိုက်ပြီးတော့ လေ့လာပြီးတော့ ဒီသတင်းအချက်တွေ၊ ဆွေးနွေးထားချက်တွေကို ထုန်ပြန်တာမျိုး၊ အနေအထားမျိုးတွေ၊ ဒါတွေလည်း တဖတ်က လုပ်ဖို့ လိုအပ်နေသေးတယ်။ လူတွေ၊ ပြည်သူတွေကိုယ်တိုင်လည်း civil society တွေ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ consultation လုပ်တာမျိုးတွေ၊ ဆွေးနွေးပွဲ လုပ်တာမျိုးတွေ။ အစပိုင်းမှာတော့ အစိုးရဖက်ကလည်း ဒီလမ်းကို ဖွင့်ပေးရမယ်။ နှစ်ပေါင်းများစွာ ဒီကိစ္စတွေ မရှိလာဘူးဆိုတော့ ဘယ်ကစရမှန် မသိတဲ့ အနေအထားတွေလည်း ရှိတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ လုပ်လာပြီ၊ လမ်းကြောင်းလေးကို စမြင်လာရပြီလို့တော့ ကျမအနေနဲ့ ယူဆပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါဝင်း အခုလိုမျိုး ကျမတို့ ဗွီအိုအေရုံးကိုလာပြီးတော့ စိတ်ရှည်ရှည်နဲ့ မေးခွန်းတွေကို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ ကျမကလည်း ကျေးဇူးတင်ပါတယ်။ 

ဗွီအိုအေ မြန်မာ

သုတေသီ မငုဝါဝင်း (CESD)
သုတေသီ မငုဝါဝင်း (CESD)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာအစိုးရရဲ့  ရသုံးမှန်းခြေဘတ်ဂျက်နဲ့ ပတ်သက်လို့ ပြည်သူတွေ သိရှိနိုင်တဲ့အခြေအနေ ပိုရှိလာတယ်လို့ သုတေသီတဦး ပြောဆိုတာနဲ့ ပတ်သက်ပြီး တင်ပြပေးထားပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထဲက စတင်ပြီး အစိုးရရဲ့  ဘတ်ဂျက်ဆိုင်ရာ ထုတ်ပြန်အသိပေးမှုပုံစံတွေ ပြောင်းလဲလာပြီး အခုနောက်ပိုင်း ပိုပြီးပွင့်လင်းမြင်သာလာတယ်လို့ အစိုးရရဲ့  မူဝါဒရေးရာတွေကို သုတေသနလုပ်ဆောင်နေတဲ့ CESD (Centre for Economic and Social Development) စီးပွားရေးနဲ့ လူမှု့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တွဲဖက်သုတေသီ မငုဝါဝင်း က ပြောဆိုပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ဘတ်ဂျက်အသုံးစရိတ် တဖြည်းဖြည်းတိုးလာတာ တွေ့ ရပေ မယ့် တိုးနှုန်းနှေးသေးတယ်လို့ ဆိုပါတယ်။ အခုလို့ CESD အဖွဲ့က အစိုးရမူဝါဒပိုင်းဆိုင်ရာ သုတေသနပြုစုနေတဲ့ အခြေအနေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေတဲ့ တွဲဖက်သုတေသီ မငုဝါဝင်း ကို မခင်ဖြူထွေး က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

မြန်မာ၃၈ဦးအား ကာရာအိုကေ ဆိုင်ဟောင်းတွင် ဖမ်းမိ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်တစ်နေရာတွင်ရှိသော  ကာရာအိုကေဆိုင်ဟောင်းထဲတွင် လူကုန် ကူးသူများ သိုဝှက်  ထားသည့် မြန်မာ ၃၈ဦးအားထိုင်းလ၀ကအမှတ်(၅)မှ    ချောင်   တခင်ဝင်ရောက် ဖမ်း ဆီး လိုက်ကြောင်း  ထိုင်းရပ်သတင်းတွင် ဖေါ်ပြထားသည်။