မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်က နိုင်ငံတော်သမ္မတ အပါ အဝင် ပြည်သူများ၏အကြံပြုတင်ပြချက်များနှင့်ရေးဆွဲနေဆဲ
ဖြစ်သော မျိုးစောင့်ဥပဒေမူကြမ်းကို ဝေဖန်အကြံပြုကန့်ကွက်နေမှုများ
ပြုလုပ်နေ ခြင်းမှာ သဘာဝမကျ၍အခြားမသမာသောရည်ရွယ်ချက်များသာဖြစ် သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)က သတင်း ထုတ်ပြန်ခဲ့သည်။
Sunday, 18 May 2014
ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား
လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ်
အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက်
ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။
ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌
စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ်
မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က
အခြေခံ ဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။
အများပြည်သူ သိရှိစေရန် ကြေညာချက်
၁။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အမှတ် ၁၂၈- ၁၃၂ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်မှစ၍ တည်ထောင် ဖွင့်လှစ် ထားပါသည်။ အဆိုပါ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် ဝင်ငွေ ခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ယင်းဥပဒေတို့၏ နည်းဥပဒေများ၊ စည်းမျဉ်းများပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
စပိန် လာလီဂါးဘောလုံးပွဲမှာ Atletico Madrid ချန်ပီယံဖြစ်

Atletico အသင်းသားတွေ ချန်ပီယံဆုရပြီးနောက် အသင်းနည်းပြကို Diego Simeone ကို မြှောက်ချီထားကြစဉ်။ (မေ ၁၇၊ ၂၀၁၄)
စပိန်လာလီဂါ အမှတ်ပေးဘောလုံးပွဲမှာ အက်တလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံဖြစ်သွားပါပြီ။ စပိန် အမှတ်ပေးပြိုင်ပွဲရဲ့ ဖိုင်နယ်လို့ ခေါ်နေကြတဲ့ နောက်ဆုံးပွဲစဉ် ၃၈ ကို ဘာစီလိုနာ နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ကစားကြ တာမှာ ၁ ဂိုးစီ သရေဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားတာပါ။
ဂျယ်ကောင် ရွှေလီရောက် မြန်မာပြည်သားများအား တရုတ် အာဏာပိုင်များ ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် တလျှောက် တရုတ်ပြည်ဘက်၌ ရွှေလီမြို့အသွား လမ်းမကြီးပေါ် တွင် တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားများအား မတရားဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူ မိသားစုများထံမှ စုံ စမ်းသိရှိရသည်။
ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ

Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။
အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား

အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော် ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြော ကြား လိုက်ပါတယ်။
အိန္ဒိယ ရွေးကောက်ပွဲတွင် နာရန်ဒါမိုဒီ၏ BJP လက်ယာယိမ်း ပါတီ အနိုင် ရရှိ

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပခဲ့သော ရွေးကောက်ပွဲ ၏ ရလဒ်များအရ နာရန်ဒါမိုဒီ ဦးဆောင်သော BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများက ရွေးကောက်ပွဲတွင် အနိုင် ရရှိကြောင်း မေ ၁၆ ရက် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ မဂ္ဂနာမြစ် အတွင်း၌ မေ ၁၅ ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်၍ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသည် ၂ဝဝ ဝန်းကျင်ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
စီးပွားရေး ကျပ်တည်းလာမှုနှင့် ခိုးမှု၊ လုယက်မှုများဖြင့် ပြစ်ဒဏ် ကျခံရပြီး ပြန် လည်လွတ်မြောက်လာသူများကြောင့် ရန်ကုန်မြို့အတွင်း လုယက်မှုများ ပိုမိုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း လုယက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီ မှ မေအတွင်း လစဉ်လုယက်မှုဖြစ်စဉ်များအား နှိုင်းယှဉ်ပါက ဖြစ်ပွားမှုနှုန်း တိုးလာကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး မြင့်ထွေးက မေ ၁၆ ရက်က ဆိုသည်။
.မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ အား ချုံခိုပစ်ခတ်မှုကြောင့် မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး မြန်မာ နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက် ဆုံးနေကြော င်း မောင်တော မြို့မရဲစခန်းမှ သတင်းရရှိသည်။
အစိုးရသစ် တာဝန်ယူခဲ့သည့် ဘဏ္ဍာရေးနှစ် လေးနှစ်အတွင်း ဘတ်ဂျက် လိုငွေ ကျပ် ဘီလျံ ၉၈၀၀ ခန့်အထိ ရှိနေသဖြင့် ပြည်သူများ ၀န်ထုပ် ၀န်ပိုးဖြစ်စေနိုင် သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများ ဆက်လက်ဖြစ်လာစေနိုင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် သက်တမ်းသုံးနှစ်ကျော်ကာလနှင့် ဘဏ္ဍာနှစ် လေးနှစ် တာ ကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ကျပ် ဘီလျံ ၉၈ဝဝ ခန့်အထိ ရှိလာနေ သဖြင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဆက် လက်ဖြစ် လာစေနိုင်သဖြင့် နိုင်ငံ့အတွက် အမှန်တကယ်အကျိုးပြုနိုင်မှုမရှိသည့် ဝန်ကြီးဌာနများ၏ စီမံကိန်း များအား စိစစ်ရပ်ဆိုင်းနိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များ၊ လွှတ်တော်အမတ်များက ဝေဖန်ပြော ကြားသည်။
Saturday, 17 May 2014
လာအိုလေယာဉ်ပျက်ကျမှု ကာကွယ်ရေး ဝန်ကြီးအပါအဝင် ၂၂ ဦး သေဆုံး

အခမ်းအနား တခု တက်ရောက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီး ပါဝင်တဲ့ လာအို လေတပ်လေယာဉ်တစီး ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပျက်ကျ သွားခဲ့လို့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး
သေဆုံး သွားပါတယ်။
ရွှေဂက်စ် စက်ရုံစွန့်ပစ်ပစ္စည်းကြောင့် ပင်လယ်ပြင် ရေသတ္တ၀ါ များ သေ ဆုံးနေရ

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း သန္တာ ကျောက်တန်းများအား မိုင်းခွဲ၍ သေဆုံးသွားတဲ့ ရေနေသတ္တ၀ါများ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက တည်ဆောက် နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ပတ်ဝန်းကျင် ရေထု၊ လေထု ညစ်ညမ်း မှုတွေ ဖြစ်ပေါ်နေ တဲ့ အပြင် ရေနေ သတ္တ၀ါ အများ အပြားဟာလည်း စဉ်ဆက် မပြတ် သေဆုံးနေရပါတယ်။
ဂျပန်ကာကွယ်ရေးဥပဒေ ပြောင်းလဲပေးရန် ဝန်ကြီးချုပ်အာဘေး တောင်းဆို

ပင်လယ်ရပ်ခြား ဒေသများ၌ ဂျပန် တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နိုင်ရန် ကာကွယ်ရေးဥပဒေ ပြောင်းလဲပြီး အခြေခံဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ် လုပ်ဆောင်ပေးရန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တောင်းဆို လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဗေဒင်ဆရာတဦးက ၁၄ နှစ်အရွယ် အမျိုးသမီးငယ်အား သားမယားပြုကျင့်
အသက် (၁၄) နှစ်အရွယ် ခူမီး(ချင်း) မိန်းကလေးငယ်တစ်ဦးအား အသက် ၅၂ အရွယ် ဗေဒင်ဆရာတစ်ဦး မှသား မယားပြု ကျင့်ခဲ့သည့် မှုခင်းတစ်ရပ် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
လာအိုဒုတိယ၀န်ကြီးချုပ် လေယာဉ်ပျက်ကျ သေဆုံး

လာအိုဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ချွိင် ပီချစ် Douangchay Phichit ဟာ မေလ ၁၇ ရက်နေ့ မနက်က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လာအိုစစ်တပ်က အတည်ပြုပြောဆိုပါတယ်။
Subscribe to:
Posts (Atom)