Monday, 12 May 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ အချက်အလက် ၁၂၂ ချက်ကို ချပြရန်လိုဟုဆို

ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်ဆွေး နွေးခဲ့သည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေးမူကြမ်းပါ၁၂၂ချက် ကိုလူထုအားချပြရန်လိုအပ်ကြောင်း၊  ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျင်မီ က ပြော သည်။

ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စေရန် မြေအောက်ကေဘယ်ကြိုးများ ဆွဲရာတွင် ငွေဆောင်နှင့်မူဆယ်မြို့အတွက် MFCOM ကုမ္ပဏီက ကန်ထရိုက်ယူကာ တရုတ်ပညာရှင် များနှင့်ဆောင် ရွက်လျက်ရှိရာ မြေအောက် ကေဘယ်ကြိုး ဖြတ်သန်းရာ နေရာရှိဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများအတွက် နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများမလုပ်ဘဲ ဆက်လက်လုပ် ကိုင်နေကြောင်း ဒေသ ခံ များက ဆိုသည်။

မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် ဝင်ငွေခွန် ၅ ရာခိုင်နှုန်းကို စည်ပင်သို့ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရရှိသော အခွန်ငွေများ ထဲမှ ငါးရာခိုင်နှုန်းကို မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနသို့ ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ပြော ကြားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် သိကြားမင်းခရု သင်းရေ သွန်းလောင်း ပွဲ ကဆုန်လပြည့်နေ့တိုင်း ကျင်းပ

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရှိသည့် နေ့ ထူးနေ့မြ တ်ဖြစ်ပေ သည်။ ''ဖွား ပွင့် နိဗ္ဗာန် ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန် လပြည့်ကြုံ''ဟူ၍ အမှတ် အသားပြုကြ သည်။ ကဆုန်လပြည့် နေ့တွင် ဂေါတမဘုရားရှင်၏ အလောင်းအလျာ သုမေဓာရှင်ရသေ့ သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ နိယတဗျာဒိတ် ခံယူတော်မူခဲ့ သည်။ ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော် မူခဲ့သည်။ ကဆုန် လပြည့်နေ့မှာပင် ညောင်ဗုဒ္ဓဟေ ဗောဓိပင်အောက်တွင် သဗ္ဗညုတ ရွှေÓဏ်တော်ကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက် ရှိတော်မူသည်။ ထိုကဆုန်လပြည့် နေ့မှာပင် ကုသိ နာရုံပြည်မလ္လာမင်း တို့၏အင်ကြင်းတောတွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ကဆုန် လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်နှင့် များစွာဆက်စပ်နေသဖြင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု အမည် တွင်ခဲ့ပေသည်။

အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစိုးရတစ်ခုတည်း၊ လွှတ်တော် တစ်ခု တည်းဖြင့် လုပ်၍မရဟု သမ္မတအကြံပေး ဒုဝန်ကြီး ဦးရဲထွဋ်ပြော

အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုး ရတစ်ခုတည်း၊ လွှတ်တော်တစ်ခုတည်းနှင့် လုပ်၍ မရဘူးဟု နိုင်ငံတော်သမ္မတအ ကြံပေး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ် က ပြောသည်။

လိုင်စင်ရှိ သစ်စက်ကို ဝင်ဖမ်းသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် သစ်တော ဝန်ထမ်းများကို အမှုဖွင့်

Photo: လိုင်စင်ရှိ သစ်စက်ကို ဝင်ဖမ်းသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် သစ်တော ဝန်ထမ်းများကို အမှုဖွင့် 
Monday, May 12, 2014

ပေါင်မြို့နယ် မုတ္တမကျေးရွာရှိ မှောင်ခိုသစ်စက်များကို ဝင်ရောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဖမ်းဆီးခဲ့ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် မှောင်ခို သစ်ဖမ်းဆီးရေး အဖွဲ့ဝင်ကိုးဦးကို အမှုဖွင့် အရေးယူပေးရန် သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက တိုင်ကြားထားကြောင်း မုတ္တမရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

သစ်တောဦးစီးဌာနက ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မုတ္တမကျေးရွာ သစ်စက်များတွင် သစ်စက်လိုင်စင်ရှိ မရှိနှင့် မှောင်ခိုသစ်များ ရှိ မရှိကို ရှောင်တခင် စစ်ဆေးပြီး တရားမဝင် သစ်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ လိုင်စင်ရှိ လုပ်ငန်းမှသစ်များ အဖမ်းခံရခြင်းကြောင့် နစ်နာသည်ဟုဆိုကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ 

မုတ္တမကျေးရွာတွင် လိုင်စင်ရသစ်စက်နှင့် လိုင်စင်မရှိ သစ်စက် ၁၀ လုံးခန့်ရှိပြီး ပေါင်မြို့နယ် သစ်တောဦးစီးဌာနက မှောင်ခိုသစ်စက်များ ဖမ်းဆီးရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦးက မေလ ၈ ရက်နေ့တွင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရာ ဖမ်းဆီးခံရသည့် ကျွန်းတံခါးရွက် ၂၀ အပါအဝင် သစ်တောဦးစီးဌာနက သိမ်းဆည်းခဲ့သည့် သစ်စက်တန်ဖိုးမှာ ကျပ်သိန်း ၅၀ ခန့် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

မှောင်ခိုသစ်များ ရှိသည်ဟု သတင်းပေးပို့သူများ ရှိခြင်းကြောင့် သစ်စက်များကို စစ်ဆေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်စဉ် စာရွက်စာတမ်း အထောက်အထားများ မပြနိုင်သည့် ဦးအောင်ဆန်းဦး သစ်စက်နှင့် ဦးတာကော သစ်စက်မှ သစ်များနှင့် စက်ပစ္စည်းများကို ခေတ္တသိမ်းဆည်းထားခြင်း ဖြစ်ကြောင်း ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသူရလေးက ပြောကြားသည်။

“ဦးအောင်ဆန်းဦးရဲ့ သစ်စက်လိုင်စင်က စည်းကမ်းချက်နဲ့ လွဲနေပေမယ့် လိုင်စင်ရှိတဲ့အတွက် စက်ပစ္စည်းတွေကိုလည်း ပြန်ပေးမှာပါ။ ကျန်တစ်ဦးကတော့ သစ်စက်လိုင်စင် မရှိဘူး။ စာရွက်စာတမ်းမှာပါတဲ့ သစ်အရေအတွက်နဲ့ စက်ရုံထဲက သစ်အရေအတွက်ကလည်း ပိုများနေတဲ့အတွက် သစ်တောဥပဒေနဲ့ အရေးယူမယ်” ဟု ၎င်းက ရှင်းပြသည်။

တိုင်းကြား ခံရသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သစ်တောဝန်ထမ်းများ ဖြစ်နေခြင်းကြောင့် ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ ပေးပို့ထားရာ ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးက မေလ ၉ ရက်နေ့ထိ အကြောင်း ပြန်ကြားခြင်း မရှိသေးဟု မုတ္တမရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောဆိုသည်။

The Voice Weekly
ပေါင်မြို့နယ် မုတ္တမကျေးရွာရှိ မှောင်ခိုသစ်စက်များကို ဝင်ရောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဖမ်းဆီးခဲ့ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် မှောင်ခို သစ်ဖမ်းဆီးရေး အဖွဲ့ဝင်ကိုးဦးကို အမှုဖွင့် အရေးယူပေးရန် သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက တိုင်ကြားထားကြောင်း မုတ္တမရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှ အမြန်ဆုံး စီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော

Photo: မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှ အမြန်ဆုံး စီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော
Monday, May 12, 2014

 ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများ လုပ်ဆောင်နေသော  ပြည်ထောင်စု အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ရသေ့တောင်မြို့နယ်ကို သွားရောက်လည်ပတ်ပြီးနောက် မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာစဉ် သူမ ခရီးစဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းရာ ဒေါ်ခင်စောဝေက ထိုသို့ ထုတ်ဖေါ် ပြောဆိုခြင်း ဖြစ်သည်။

“ အခု အစိုးရက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကိုဘဲ အာရုံစိုက်ပြီး အကူအညီတွေကအစ လုံခြုံရေး အဆုံး ဆောင်ရွက်နေတာတွေရှိတယ်။ ရသေ့တောင်မြို့နယ်ကျတော့ သူတို့က တည်ငြိမ်တဲ့ ဒေသဆိုပြီး ဘာမှ လုပ်ကိုင်ပေးတာတွေ မတွေ့ရဘူး။ ကျွန်မ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးက ချွတ်ပြင်ဆိုတဲ့ ကျေးရွာကို ကိုယ်တိုင်သွားကြည့်တော့ အဲဒီအနီးအနားက ရွာတွေ လုံခြုံရေး စိတ်မချရတဲ့ အတွက် ပြိုပျက်လုနီးပါး ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ချွတ်ပြင်ရွာမှာဆိုရင်  အရင်ကအိမ်ခြေ ၆၀ ရှိတဲ့ အထဲမှာ အခု ၂၈ ဆောင်ဘဲ ကျန်တော့တယ်။ လုံခြုံရေး စိတ်မချရတဲ့ အတွက် တခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်” ဟု သူမက ဆိုသည်။

စေတီပြင်ကျေးရွာတွင် ရဲစခန်း၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များရှိသော်လည်း ယင်းမှ ၃ မိုင်ခန့် အကွာတွင် တည်ရှိသော ချွတ်ပြင်ကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ကျေးရွာသား အများစုမှာ ပြောင်းရွှေ့သွားခဲ့ကြသည်ဟု ဆိုသည်။

“ အဲဒီ ချွတ်ပြင်ရွာအနီးမှာ ချင်းရွာ၊ အထက်နန်းရာစတဲ့ ဘင်္ဂလီရွာကြီးတွေ ရှိတယ်။ တစ်ခုခု ဖြစ်လို့ကတော့ ရွာသားတွေအနေနဲ့ ဘယ်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မ ချွတ်ပြင်ရွာကိုသွားတော့ အဲဒီဒေသက လူကြီးတွေ လာတွေ့ကြတယ်။ ဒီလို မလုံခြုံမူတွေနဲ့ အတူ စိတ်ဖီးစီးခံစားနေရတဲ့ ရွာတွေအထဲမှာ ချွတ်ပြင်ရွာသာမကဘူး တခြားရွာတွေ ဖြစ်ကြတဲ့  အတွင်းပြင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ အောင်ဇေယျစတဲ့ ရွာတွေပါဝင်ပါတယ်။ သူတို့က လုံခြုံရေး တိုးမြင့်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု သူမက ဆက်ဆိုသည်။

ထိုရွာများအထဲတွင် ပိတောက်မြိုင်နှင့် သဇင်မြိုင်မှာ အစိုးရမှ တည်ဆောက်ထားသော စံပြ နတလ ကျေးရွာများဖြစ်ကြပြီး လုံခြုံရေး အခြေအနေကြောင့် လူများ စွန့်ခွာသွားကြသဖြင့် အများစု ကျေးရွာများ၏ အိမ်ခြေမှာ (၅၀) တက်မပိုကြောင်း သိရသည်။

“ ကျွန်မကတော့ ဒီတခေါက်လွှတ်တော်မှာ အဲဒီ ရသေ့တောင်မြို့နယ် အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်နဲ့ ဆက်စပ် တည်ရှိတဲ့ မေယူကမ်းမှ ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တင်ပြတောင်းဆိုသွားပါမယ်။ ဒီဒေသမှာ လုံခြုံရေးကို တိုးမြှင့် ချထားမပေးဘူးဆိုရင် ဒီဗုဒ္ဓဘာသာရွာတွေ အကုန်လုံး ပြိုပျက်သွားနိုင်ပါတယ်” ဟု ဆက်ဆိုသည်။

ယင်းပြင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အကြား တည်ရှိသော ဒိုင်းနက် လူမျိုးမှာ နေထိုင်ရာ တောင်မော်ရွာတွင်လည်း ယခင်အိမ်ခြေ ၉၀ ခန့် ရှိရာမှ ယခုအခါ ၆၀ ခန့်သာကျန်တော့သည်ဟု သိရသည်။

လုံခြုံရေး ကင်းမဲ့နေသဖြင့် ပြိုပျက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော ကျေးရွာများမှာ ဖက်လိပ်ပေါက်တော၊ အိုးသည်မ၊ မောင်နှမ၊ ဒိုင်းနက်တောင်မော်၊ သိမ်တောင်၊ ပြင်ရှည်၊ ကျိန်ကျောင်၊ သာစည် စသည့်ကျေးရွာများလည်း ပါဝင်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီဒေသမှာ လူတွေက တောင်ကိုမှီပြီး လုပ်ကိုင်စားသောက်ရသူတွေများပါတယ်။ အရေးအခင်း ဖြစ်ပြီးတဲ့ ကတည်းက လူတွေက တောင်ကိုသွားပြီး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ခုလို အခြေအနေကြောင့် စီးပွားရေးကျပ်တည်းပြီး လုံခြုံရေးပါ စိတ်မချရတော့ လူတွေက ဟိုပြောင်း၊ ဒီရွှေ့ဖြစ်ကုန်တာပေါ့” ဟု ချွတ်ပြင်ရွာမှ ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးအောင်သိန်းမျှက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ များစွာ အရေးကြီးကြောင်း၊ အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ ရခိုင်အမျိုးသား တစ်ခုတည်းတွင် တာဝန်ရှိသည်မဟုတ်ဘဲ ပြည်ထောင်စုသား တိုင်းရင်းသားများ အားလုံးတွင် တာဝန်ရှိကြောင်း  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့တွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပြည်ထောင်စု အစိုးရသည် ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများ ချမှတ်ကာ အလေးအနက်ထား ဆောင်ရွက်မူများ မရှိဘဲ ဖြစ်နေကြောင်း၊ သို့အတွက်လည်း ယင်းဒေသတ၀ိုက်တွင် တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး ဓါးပြတိုက်မူများ၊ လူသတ်မူများ မကြာခဏ ပေါ်ပေါက်နေကြောင်း ရခိုင်ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

(နိရဉ္စရာ- ၁၁ မေလ ၂၀၁၄)
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ေ နသော  ပြည်ထောင်စု အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓ ဘာသာကျေး ရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင် ရွက်ရန် လိုအပ်နေကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

မြန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား

Photo: မန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား
Monday, May 12, 2014

 မြန်မာလုပ်သားများကို  ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား    ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း   အလုပ်သမား  ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင်တန်းကျောင်းတွင်  ပြုလုပ်ခဲ့သော  သတင်းစာ ရှင်းလင်းပွဲတွင်  အလုပ်သမား အလုပ်အကိုင် နှင့်   လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က   အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အထောက်ထား ရှိလည်း တောင်းတယ်၊  မရှိလည်း တောင်းတယ်။ ဒီဒဏ် တွေကို ကျွန်တော်တို့ လုပ်သားတွေ ခံစား နေရတာ ကြာပြီ။  ဒါကို ထိုင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးကို ပြောတော့ သူတို့ အနေနဲ့     အမြန်ဆုံး ဆောင်ရွက်ပေးပါ မယ်လို့ ပြောခဲ့တယ် ဟု ၎င်း က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌  မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော်ရှိ နေပြီး၊ ထက်ဝက်ခန့် မှာ အထောက်ထား ပြည့်စုံမှု မရှိသောကြောင့် ထိုင်းရဲများ၏  ငွေညှစ်ခြင်း ကို မကြာခဏ ခံစားနေကြ ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေး ကွန်ရက် မှ သိရသည်။  အထူး သဖြင့် နယ်စပ်တွေ က ရဲတွေ က ပိုဆိုးတယ်။      သူတို့ ပြောတဲ့ ဘာသာစကား ကို နားမလည်း ရကောင်းလား ဆိုပြီး ပါးရိုက် နှိပ်စက်တာတွေ၊  ပိုက်ဆံ တောင်းတာတွေ  မကြာခဏ လုပ်လေ့ရှိတယ်။   အဲဒီမှာ လုပ်သားတွေက ကြောက်ပြီး ထွက်ပြေး လို့ကတော့ သေနတ်နဲ့ပါ  ပစ်သတ်တာတွေ  ရှိခဲ့ဖူးတယ်။        အဲလို အမှုတွေ ကို   အစိုးရက ဖျောက်ပေးထားတာတွေ   အများကြီး ရှိတယ် ဟု အဆိုပါ ကွန်ရက်မှ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဇောလင်း က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော  မြန်မာလုပ်သားများကိုထိုင်း ဥပဒေ နှင့် အညီ အကျိုး ခံစားခွင့်ရရှိရေး၊ လူမှုဖူ လုံရေး အကျိုးခံစားခွင့်အပြည့်ရရှိရေး၊ မြန်မာ လုပ်သားများကို ဖိနှိပ်ချုပ်ချယ်မှု မပြုလုပ်ရေး အစရှိသည်တို့ကိုပါ သက်ဆိုင်ရာဝန်ကြီးဌာန များထံ တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

အဆိုပါ  ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ခံစား နေရသောပြဿနာ မျာကို ဖြေရှင်းပေးနိုင်ရန်အတွက်      ယခုလ အစောပိုင်း ကစတင်ကာ   အလုပ်သမား ၀န်ကြီးဌာမှ ဒုတိယ ၀န်ကြီး ဦးထင်အောင် ဦးစီးသော အဖွဲ့ သည် မြန်မာလုပ်သားများ အများဆုံး သွား ရောက် လုပ်ကိုင်နေသော     ထိုင်းနိုင်ငံ နှင့်  မလေးရှား နိုင်ငံ တို့တွင် သွားရောက် လေ့လာမှုများ၊ လုပ်သားများနှင့် တွေ့ဆုံမေးမြန်မှုများတို့ကို ဆောင် ရွက်ခဲ့ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စိုးထက်ဝင်း

The Messenger
မြန်မာလုပ်သားများကို  ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား    ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း   အလုပ် သမား  ဒုတိယ ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင် တန်းကျောင်း တွင်  ပြုလုပ်ခဲ့သော  သတင်းစာ ရှင်းလင်းပွဲတွင်  အလုပ်သမား အလုပ်အကိုင် နှင့်   လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က   အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ

Photo: ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ
Monday, May 12, 2014

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သတင်း ရရှိသည်။

“ စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ယူလာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များ အသင်းမှ ကိုမောင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း  ကိုမောင်မောင်က ဆက်ပြောသည်။

ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်း မှ ရွှေပြည်တန် ရှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့နယ် နရမ်းရွာ အနီး  မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။

(နိရဉ္စရာ- ၁၁ မေလ ၂၀၁၄)

(ဓါတ်ပုံ- ကိုဇော်-မင်းပြား)
စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သတင်း ရရှိသည်။

အာဆီယံတွင် မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ရာခိုင်နှုန်း အများဆုံး

Photo: အာဆီယံတွင် မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ရာခိုင်နှုန်း အများဆုံး
Monday, May 12, 2014
 
မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်း အသုံးပြုချင်ပေမယ့် တကယ့်လက်တွေ့ အများဆုံး အသုံးပြုနေသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် Mr.Bard Robertson က ပြောပါတယ်။

Myanmar's army1မေလ ၁၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံးမှာ အက်ရှင်အိတ်ဒ် မြန်မာက ဦးဆောင် ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ရသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင် ရာ ဆွေးနွေး ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်ရဲ့ ၂၉ ရာ ခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ ၂၃ ရာခိုင်နှုန်း လျော့ချ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးပမာဏ ကျပ် ဘီလီယံ ၁၂၀ လောက် ပိုလာတယ်လို့ သူက ထောက်ပြပါတယ်။

အာဆီယံထဲမှာ ကာကွယ်ရေး ဘတ်ဂျက် အများဆုံး သုံးသူဟာ မြန်မာဖြစ်ပြီး သူ့နောက်က ကမ္ဘောဒီးယားက ၁၄ ရာခိုင်နှုန်း၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင် ငံတွေ ကတော့ ၁၃ ရာခိုင်နှုန်း ၀န်းကျင် သုံးစွဲနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒီဗွီဘီ
မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်း အသုံးပြုချင်ပေ မယ့် တကယ့်လက်တွေ့ အများဆုံး အသုံးပြုနေသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် Mr.Bard Robertson က ပြောပါတယ်။

မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်

Photo: မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်
Monday, May 12, 2014
 
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြ တဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံသားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

မေလ ၁၁ ရက်နေ့က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အလုပ် သမား လေ့ကျင့်ရေး ကျောင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမားအရေး တွေ့ ဆုံဆွေးနွေးခဲ့ရာမှာ သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ကတိပေးကြကြောင်း ဒုဝန်ကြီးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ် သွားလုပ်ကြတဲ့အခါ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ အကြမ်းဖက်ခံရ တာ၊ ရောင်းစားခံရတာ စတဲ့ပြဿ  နာတွေ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီး နဲ့ အလုပ်သမား ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဗွီဘီ

မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခု တွင် တွေ့ရ သည့် မြန်မာ အလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)
မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခု တွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သက်ဆိုင် ရာ နိုင်ငံ သားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

နိုင်ဂျီးရီးယား ကျောင်းသူလေးများ ပြန်ပေးဆွဲခံရခြင်းကို ရှုံ့ချလိုက်သည့် အမေရိကန် သမ္မတကတော်

Photo: နိုင်ဂျီးရီးယား ကျောင်းသူလေးများ ပြန်ပေးဆွဲခံရခြင်းကို ရှုံ့ချလိုက်သည့် အမေရိကန် သမ္မတကတော်
Monday, May 12, 2014

အမေရိကန် သမ္မတကတော်  " မစ်ရှဲအိုဘားမား " ဟာ နိုင်ဂျီးရီးယားကျောင်းသူလေး များ ပြန်ပေးဆွဲခံရမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတကတော် " မစ်ရှဲအိုဘားမား " ဟာ ရာနဲ့ချီတဲ့ နိုက်ဂျီးရီးယားကျောင်းသူ လေးတွေ ပြန်ပေးဆွဲခံရမှုကို ပြစ်တင်ရှုတ်ချထားပြီး အမျိုးသမီးတွေ ပညာသင်ခွင့်ရရှိရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
 
သမ္မတကတော်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ အမေများ နေ့မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။  " မစ်ရှဲ " ဟာ အမေများနေ့ မိန့်ခွန်းကို သမ္မတကိုယ်စားပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ မစ္စစ် " အိုဘားမား " က ပြီးခဲ့တဲ့ လတုန်းက ကျောင်းတက်နေတုန်းမှာ ပြန်ပြေးဆွဲခံခဲ့ရတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ(၂၀၀)ကျော် ပြန်ပေးဆွဲခံခဲ့ရတဲ့လုပ်ရပ်ဟာ ရဲတင်းတဲ့လုပ်ရပ်ဖြစ်ပြီး ပြန်ပေးဆွဲခံ မိန်းကလေးတွေကို သူမရဲ့ သမီးတွေလို ခံစားကြည့်မိတယ်ဆိုရင် ပြန်ပေးဆွဲခံ မိန်းကလေးတွေရဲ့ မိဘတွေရဲ့ ခံစားချက်ကိုလည်း သူမစာနာ နားလည်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
 
သူမဟာ သမ္မတဟာ ထိုမိန်းကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့အတွက် အကူအညီတွေ ပေးပြီးလုပ်ဆောင်နေတယ်လို့လည်း ပြောကြားထား ပါတယ်။ သူမက နိုက်ဂျီးရီးယားကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရမှု တစ်ခုတည်းက အမျိုးသမီးတွေ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အလမ်း ဆုံးရှုံးနေတာကို ဖော်ပြနေတာမျိုး မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ ပညာသင်ကြားခွင့်မရဘဲ မိန်းကလေးပေါင်း(၆၅)သန်းကျော် ရှိနေတယ်လို့လည်း သူမရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။
 
MRTV-4
အမေရိကန် သမ္မတကတော်  " မစ်ရှဲအိုဘားမား " ဟာ နိုင်ဂျီးရီးယားကျောင်းသူလေး များ ပြန်ပေးဆွဲ ခံရမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။

ကျောင်းသူပျောက် ခြေရာခံမိပြီဆို

Photo: ကျာင်းသူပျောက် ခြေရာခံမိပြီဆို
Monday, May 12, 2014

 ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ တွေ ဘယ်ရောက် နေတယ် ဆိုတာ သတင်း ရထားပြီ လို့ သူတို့ ပြန်ပေး ဆွဲခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။

ဒီမိန်းကလေး တွေကို မြင်လိုက် တွေ့လိုက်ရတယ် ဆိုတဲ့ သတင်းတွေ ရထားပြီမို့ သတင်း ခိုင်မာမှု ရှိမရှိ စိစစ်ဖို့ စစ်ဘက်ကို အကြောင်းကြား ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Kashim Shettima က ပြောပါတယ်။

နယ်စပ်ကို ကျော်ပြီး ဒီမိန်းကလေး တွေကို ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေဆီ ခေါ် သွားတယ်လို့ မယူဆကြောင်းလဲသူက ပြောပါတယ်။

နိုင်ဂျီးရီးယား မြောက်ပိုင်း၊ ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေမှာ ကြီးစိုး လှုပ်ရှားနေတဲ့ ဒီ Boko Haram စစ်သွေးကြွ တွေ အရေးနဲ့ ပတ်သက်တဲ့ ထိပ်သီး ဆွေးနွေးပွဲ လက်ခံ ကျင်းပ ပေးလိုကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က မနေ့က ကမ်းလှမ်း ခဲ့ပါတယ်။

ဒီမိန်းကလေးတွေ ကယ်ဆယ်ရေး အတွက် အကူအညီ ပေးဖို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ဘက်က ကမ်းလှမ်းချက် ကို လက်ခံ ကြောင်းလည်း နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျော်နသန်က ပြောပါတယ်။

အစ္စရေး အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ကျွမ်းကျင်သူတွေ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ တွေ ဘယ်ရောက် နေတယ် ဆိုတာ သတင်း ရထားပြီ လို့ သူတို့ ပြန်ပေး ဆွဲခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။

သန်လျင်ရှိ မြေ ၂၇ ဧကကျော်တွင် လူနေအိမ်ရာများ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ မြေ ၂၇ ဒသမ ၉၈၄ ဧကတွင် အဆင့်မြင့် လူနေအိမ်ရာအဆောက်အအုံများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ မေ လ ၈ ရက်တွင် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Monday, May 12, 2014

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ 
တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပါမယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြစ်ဝကျွန်းပေါ်နေဒေသတွေမှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ 

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက်ကတော့ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ် ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပါမယ်။

ဧရာဝတီမြစ်မြင့်တက်လာမှုအခြေအနေ သတိပေးနှိုးဆော်

Photo: ဧရာဝတီမြစ်မြင့်တက်လာမှုအခြေအနေ သတိပေးနှိုးဆော်
Monday, May 12, 2014 

၂၀၁၄ခုနှစ်၊ မေလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀) အချိန် တိုင်းထွာချက်အရ ထူးခြားမြစ်ရေ အခြေအနေသတင်းမှာ မြစ်ကြီးနားမြို့တွင် (၆၈၂) စင်တီမီတာသို့ရောက်ရှိပြီး (၂၄) နာရီအတွင်း (၁၃) ပေခန့် မြင့်တက်ခဲ့ရာ 

အဆိုပါမြစ်ရေသည် နောက် (၂) ရက်မှ (၃) ရက်အတွင်း 

ဗန်းမော်နှင့် ကသာတို့တွင်
(၉) ပေမှ (၁၀) ပေခန့်၊ နောက် (၄) ရက်မှ (၆) ရက်အတွင်း

မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦးမြို့တို့တွင်
(၈) ပေမှ (၉) ပေခန့်၊ နောက် (၇) ရက်မှ (၁၂) ရက်အတွင်း

ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့် ဇလွန်တို့တွင် (၇) ပေမှ (၈) ပေခန့်အထိ 

လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သဖြင့် မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်များ၊ သင်္ဘောများဂရုပြုမောင်းနှင်သွားကြရန်နှင့် မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ပြည်သူများကြိုတင်သိရှိနိုင်ရန်အတွက် နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များသို့ အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
၂၀၁၄ခုနှစ်၊ မေလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀) အချိန် တိုင်းထွာချက်အရ ထူးခြားမြစ်ရေ အခြေ

ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းမှာ ကျင်းပခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ

Photo: ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းမှာ ကျင်းပခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ
Monday, May 12, 2014 

ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေဟာ တနင်္ဂနွေနေ့မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရှိဖို့အတွက် ပြည်သူ့ ဆန်္ဒခံယူပွဲကို ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်း ဒေသမှာရှိတဲ့ ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ်မြို့တွေမှာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက်(၈)နာရီမှာ ကျင်းပလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီဆန္ဒခံယူပွဲကနေ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်ချုပ်ခွင့် ရရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ မဲပေးသူတွေဟာ ကိုယ့်ရဲ့ဒေသကို လွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ နေလိုလားဆိုတဲ့ မေးခွန်းကို နေလိုတယ်၊ မနေလိုဘူးလို့ပဲ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမဲပေးမှုဟာ သီးခြားရပ် တည်ပြီး လွတ်လပ်တာမျိုး၊ ဒါမှမဟုတ် ယူကရိန်းနိုင်ငံလက်အောက်ကနေ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့အတွက် ကျင်းပတဲ့ မဲပေးပွဲလားဆိုတောတော့ မကွဲပြားဘူးလို့ သိရပါသည်။
 
MRTV-4
ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေဟာ တနင်္ဂနွေနေ့ မှာ ပြည် သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတု ပူပြင်းမှုနှင့်အတူ ထားဝယ်တွင် သက်ကြီးသေဆုံးမှု များပြား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ယခုနှစ် နွေရာသီ၌ ရာသီဥတု ပူပြင်းမှုနှင့်အတူ သက်ကြီး သေ ဆုံး မှု ပိုမိုများပြားလာေ ကြာင်း ထားဝယ်မြို့ နာရေးကူညီမှု အသိုင်းအဝိုင်းက ပြောကြားသည်။

အာဏာအလွဲသုံး မြေသိမ်းမှုများအား စစ်ဆေးတွေ့ရှိ၍ လွှတ်တော် တင်ပြမည်ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပြော

ရန်ကုန်တိုင်းဒေသကြီး အတွင်း အစိုးရမှခွင့်ပြုထားသည့် စီမံကိန်း များမဟုတ်ဘဲ တောင်သူလယ်သမားများ ထံမှ အာဏာအလွဲသုံးပြီး အကြောင်းပြချက် မရှိဘဲ မြေသိမ်းမှုများအား စစ်ဆေးတွေ့ ရှိရသဖြင့် လယ် ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာမည့် ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အစိုးရထံသို့ တင်ပြ သွား မည်ဟု ယင်းကော်မရှင်မှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးထက် နိုင်ငံရေးကိစ္စများကို ဦးစားပေး ဖြေရှင်းရန် ကေအန်ယူဒုတိယဥက္ကဋ္ဌအားတိုက်တွန်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်တွင် လာရောက်တွေ့ဆုံသည့် ကေ အင်န်ယူ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်အား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ဖြေရှင်းရမည့် ကိစ္စရပ် များ ရှိနေချိန်တွင် စီး ပွားရေးကို အချိန်မပေးရန် တိုက်တွန်းပြော ကြားလိုက်ကြောင်း သိရသည်။