Saturday, 10 May 2014

မူလတန်း ကျောင်းအပ်နှံရာတွင် မိဘတချို့ အခက်အခဲတွေ့

Photo: မူလတန်း ကျောင်းအပ်နှံရာတွင် မိဘတချို့ အခက်အခဲတွေ့
Saturday, May 10, 2014

နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ မြို့နယ်၊ ကလေးရဲ့ အသက်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိပေမယ့်လည်း ဝန်ကြီးတဦးဦးရဲ့ ထောက်ခံချက် လက်မှတ် မပါတာကြောင့် ကျောင်းသားအဖြစ် လက်မခံဘူးလို့ ရန်ကင်းပညာရေး ကောလိပ်မှာ မူလတန်းကျောင်း အပ်နှံဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားမိဘ မမြတ်သက်မွန်က ဧရာဝတီကို ပြောပါတယ်။

“မကျေနပ်လို့ ကျောင်းအုပ်ကို ဝင်တွေ့တော့ ဝန်ကြီးလက်မှတ် ယူလာခဲ့ဖို့ ပြောတယ်၊ အဲဒီလိုဆိုရင်တော့ စဉ်းစားပေးမယ်တဲ့၊ ဝန်ကြီးလက်မှတ်ပါတဲ့သူက VIP လို့ လည်း သိရတယ်” ဟု မမြတ်သက်မွန်က သူ့ရဲ့ကလေးအတွက်
ကျောင်းအပ်တုန်းက ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

ရန်ကင်းမြို့နယ်မှာနေပြီး ရန်ကင်း ပညာရေးကောလိပ်မှာ ကျောင်းအပ်ခွင့်မရတဲ့ ကလေး အယောက် ၂၀ ကျော် လောက် ရှိတယ်လို့လည်း သူက ပြောပါတယ်။ အပ်ခွင့်မရခဲ့တဲ့ကလေးတွေကတော့ ဝန်ကြီးလက်မှတ် မပါလို့ဖြစ်တယ်လို့ သိရပါတယ်။

“မိဘတွေက မကျေနပ်ကြဘူး၊ အခုချိန်ကြမှ ကျန်တဲ့ကျောင်းကြီးတွေလည်း သူ့လူနဲ့သူ ပြည့်ကုန်ပြီ၊ ကလေးကို
ကောင်းတဲ့အသိုင်းအဝိုင်းကြားမှာ စာသင်စေချင်တယ်၊ တချို့ကတော့ ပိုက်ဆံပုံအောပြီး ကျောင်းကောင်းအပ်နိုင်ဖို့ လုပ်လိုက်ကြတယ်။ ကျမကတော့ ကလေးအတွက် မစီစဉ်ရသေးဘူး၊ အကုန်လွဲကုန်ပြီ” လို့ မမြတ်သက်မွန်က ပြောပါတယ်။

ဝန်ကြီးလက်မှတ် တောင်းနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ အမှတ် (၂) နဲ့ (၃)
အခြေခံပညာ ဦးစီးဌာနတွေက တာဝန်ရှိသူထံကို ဖုန်းဆက်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိပါဘူး။

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အစိုးရ အထက်တန်း ကျောင်းကြီးတွေဖြစ်တဲ့ အ.ထ.က (၁) ဒဂုံ၊ အ.ထ.က (၂) မင်္ဂလာဒုံ၊ ပြည်လမ်း ပညာရေးကောလိပ်နဲ့ ရန်ကင်းပညာရေးကောလိပ် စတဲ့ ကျောင်းအများစုမှာ မူလတန်း ကျောင်းသားသစ် ရွေးချယ်ဖို့အတွက် ဧပြီ ၁၉ ရက်ခန့်က စပြီးလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဧပြီ ၁၉ ရက်မှာ ကျောင်းသားသစ် လျှောက်လွှာ ဝယ်ယူပြီး ဧပြီ ၂၀ နဲ့ ၂၁ ရက်တွေမှာ လျှောက်လွှာတွေ ပြန်တင်ပြပြီးနောက် မေလဆန်းပိုင်းမှာတော့ သက်ဆိုင်ရာ ကျောင်းအလိုက် တက်ခွင့်ရတဲ့ ကျောင်းသားစာရင်းကို
ကြေညာပြီး ဖြစ်နေပါပြီ။

“ဘယ်ဥပဒေမှာမှ ဝန်ကြီးလက်မှတ် ပါရမယ်လို့ မရှိဘူး၊ မြို့နယ်ပညာရေးရုံးကို တိုင်သင့်တယ်၊ ကျောင်းတွေ ဒီလို လုပ်နေတယ်ဆိုတာ တရားမဝင် လုပ်နေကြတာ၊ မဖြစ်သင့်ဘူး” လို့  အငြိမ်းစား ကျောင်းအုပ်ဆရာကြီးလည်းဖြစ်ပြီး
ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကြင်သိန်းက ပြောပါတယ်။

နာမည်ကြီးကျောင်းတွေမှာ ကျောင်းအပ်ချင်တဲ့သူ များတာကြောင့် ကျောင်းအပ်နှံရေးကာလ မတိုင်မီ ကြိုတင်ပြီး မူလတန်းကျောင်းသားတွေကို လက်ခံလေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီလိုလက်ခံရာမှာ ကျောင်းမှာတက်နေတဲ့ ဆွေမျိုးသားချင်ရှိ မရှိ၊ ကျောင်းရဲ့ အကျိုးအတွက် မိဘတွေရဲ့ အထောက်အပံ့ ပေးနိုင်မှုနဲ့ ကျောင်းသားဟောင်း မိဘတွေရဲ့ကလေး စတဲ့ အခြေအနေရှိသူတွေကို ဦးစားပေး လက်ခံကြတယ်လို့ ဦးကြင်သိန်းက ရှင်းပြပါတယ်။

“အခြေခံပညာရေး ဥပဒေ ထွက်လာရင်တော့ ဒါတွေ ပြောင်းလဲလာမှာပါ” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ အခြေခံပညာရေး ဥပဒေက မူကြမ်းအဆင့်ရှိပြီး မေလ ၂၉ ရက်မှာ စတင်ကျင်းပမယ့် ဒသမ အကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွေးကြတော့မှာပါ။

အ.ထ.က (၂) မင်္ဂလာဒုံ အထက်တန်းကျောင်းမှာ မူလတန်းကျောင်း အပ်နှံခဲ့ဖူးတဲ့ ကျောင်းသားမိဘ တဦးကတော့ အလှူငွေ များများ မထည့်နိုင်တာကြောင့် သူ့ရဲ့ ကလေးကို ကျောင်းက လက်မခံခဲ့ဘူးလို့ ပြောပြပါတယ်။

အမည်မဖော်လိုသူ အထက်တန်းပြဆရာမ တဦးကတော့ “နှစ်တိုင်း ကျောင်းတွေမှာ ပြဿနာတက်တယ်။ ဘယ်ကျောင်းသားမိဘက သူ့ကလေးကို လက်မခံလို့၊ သူ့ကလေးကျတော့ နောက်ဆုံးခန်းပဲရလို့ ဆိုတာမျိုးတွေအထိ ရှိတယ်။ ကျမတို့အနေနဲ့က ကျောင်းသား လက်ခံတယ်ဆိုတာ ဘက်စုံကြည့်ရတယ်၊ လူသိပ်များတဲ့ အခါကျတော့ ဟာသွားတာလေးတော့ ဖြစ်နိုင်တာပဲ” လို့ ရှင်းပြပါတယ်။

အခြေခံကစလို့ အဆင့်မြင့် ပညာရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး တာဝန်ရှိသူများက ဆန္ဒရှိပေမယ့် ပညာရေး ဝန်ကြီးဌာနက ပညာရေးဆိုင်ရာ အရာရှိတချို့က ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ တက္ကသိုလ် ဆရာ/ဆရာမများ အသင်းက ဒေါက်တာ အာကာမိုးသူက  သုံးသပ်ပါတယ်။

ဒီနှစ်တွေမှာ ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေ အများအပြား ပေါ်ထွက်လာပေမယ့်လည်း အဲဒီလို ကျောင်းတွေမှာက မြန်မာစာသင်ကြားပေးမှု အားနည်းတာ၊ ကျောင်းဝင်ကြေး၊ စာအုပ်စာတမ်းခ စတဲ့ အကုန်အကျ များခြင်း စတဲ့အချက်တွေကြောင့် တချို့မိဘတွေကတော့ ကိုယ့်သားသမီးတွေ အစိုးရကျောင်းတွေမှာ တက်ရဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

ဧရာဝတီ
နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ မြို့နယ်၊ ကလေးရဲ့ အသက်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိပေမယ့်လည်း ဝန်ကြီးတဦးဦးရဲ့ ထောက်ခံချက် လက်မှတ် မပါတာကြောင့် ကျောင်းသားအဖြစ် လက်မခံဘူးလို့

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ်ရှင်ပြုအလှူပွဲလုပ်

မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁၀ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃၀၀ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။

ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာ များမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ၃ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထား သည်ဟု ဒေသခံ များက ပြောသည်။ယင်းနေ့ နံနက် ၉နာရီ ၁၀မိနစ် ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောရန်

သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့

Photo: သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့
Saturday, May 10, 2014

သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါးမိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။

ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ ၊မြက်ခင်း တွေနဲ့ အိမ်ခေါင် မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ 

ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့ သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံ ပညာရှင်တွေက ယူဆထားပါတယ်။

ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ် မျိုး တစ်ကြိမ် ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုး ရွာခဲ့တာဖြစ် ပါတယ်။

ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:trend Myanmar
သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ငါးမိုးကြောင့် အံ့သြ မင်တက် ခဲ့ရပါတယ်။

ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ ၊မြက်ခင်း တွေနဲ့ အိမ်ခေါင် မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ရန် စာရေးသား လှုံ့ဆော်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေကို ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် မကျေနပ်သူ တစ်ဦးက စာများ ရေးသားကာ လှုံ့ဆော်ခဲ့ကြောင်း ယင်းစာသား ဖတ်ရှုရသည့် ဒေသခံ များက ပြော ကြားသည်။

ယင်းလှုံ့ဆော် စာသားများကို မကွေးတိုင်း ဆေးရုံ၏ နံရံ၊ လူစည်ကားသော နေရာတွင် စိုက်ထူ ထားသည့် ကြော်ငြာဗီနိုင်း ပိုစတာများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်းဘုတ် များတွင် မေလ ၈ ရက်နေ့ နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရကြောင်း ယင်းနေရာတစ်ဝိုက် နေထိုင် သူများက ပြောကြားသည်။

ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ


Photo: ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ
Saturday, May 10, 2014

သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။

စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။

App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောင်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံစဖမ်းပေးမယ့် app ပါပဲ။

နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရစေမှာပါ။

Ref:dailymail.co.uk

From..Trend Myanmar 
သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။

စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။

အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ

Photo: အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ
Saturday, May 10, 2014

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူးယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ

 အမျိုးသမီးယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါနေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။
 
မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းတွေမှာ ခရီးသည်နဲ့စပါယ်ယာတွေကြား ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ပြေလည်စေဖို့အတွက် အခုလိုမျိုး အမျိုးသမီးယာဉ်နောက်တွေထားရှိမှုကို စီစဉ်တာ ဖြစ်တယ်လို့ (၄၈)အထူးယာဉ်လိုင်းကားပိုင်ရှင် ဦးသက်တင်ဦးက ပြောပါတယ်။
 
အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ လူမှုဆက်ဆံရေးပိုမိုပြေပြစ်တဲ့အတွက် ခုလိုအမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိခြင်းဟာ ခရီးသွားတွေအတွက်ပိုမို အဆင်ပြေနိုင်တယ်လို့  ရန်ကုန်မြို့တွင်း သွားလာသူတွေက ပြောကြပါတယ်။  ယခုလို အမျိုးသမီးယာဉ်နောက်လိုက်တွေကို စတင်ခန့်အပ်တာဟာ အဆင်ပြေမှုရှိ၊ မရှိ  စမ်းသပ်နေဆဲကာလဘဲဖြစ်ပါတယ်။

 ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါက အမျိုးသမီးယာဉ်နောက်လိုက်တွေအတွက် မ.ထ.သရုံးမှ ယာဉ်လိုက်ခွင့်လိုင်စင်တွေ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Mrtv4 
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူးယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့ စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါနေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။

၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား


 
 မြောက်ကယ်လိုရိုင်းနား မှာတော့ထိတ်လန့်ဖွယ် ဖြစ် ရပ်တစ်ခု ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်ကို သူမရဲ့အိပ်ယာထဲမှာအဓမ္မပြုကျင့် ခဲ့ပြီး နိုင်ထက် စီးနင်း ပြုခဲ့ပါတယ်။

McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။

ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို ရေးသားမှုတွေကို အရေးယူဆောင်ရွက်မည်

Photo: ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို ရေးသားမှုတွေကို အရေးယူဆောင်ရွက်မည်
Saturday, May 10, 2014

သရုပ်ဆောင် ဆုပန်ထွာက မေလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ အများသိ စေရန် သတိပေးကြေ ညာချက် တစောင် ထုတ်ပြန်ပါပြီ။ 

ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်း လမ်းတာကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက အခုနေဆုံး ဆုပန်ထွာကလည်း အများသိစေဖို့ သတိပေးစာကို ရှေ့နေ ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေး တို့ကို ညွှန်ကြားချက်
ပေး ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဆုပန်ထွာရဲ့ ကြေးမုံသတင်းစာပါ အများသိစေရန် သတိပေးချက်မှာတော့ ဆုပန်ထွာဟာ အနုပညာ လုပ်ငန်းတွေကို ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ သက်တမ်းတလျှောက် လုပ်ကိုင်နေတဲ့ မိကောင်းဖခင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တဦးဖြစ်တဲ့အကြောင်း ပထမ အချက်မှာ ဖော်ပြထားပါတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ တဦးနဲ့ တဦး မေတ္တာ သက်ဝင်ချစ်ခင်စုံမက်တဲ့ အတွက် ရာသက်ပန် အရိုးမြေကျ ပေါင်းသင်းဖို့ ရည်ရွက်ချက်နဲ့ ယခင် အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းထားကြောင်း မိခင်နဲ့အမတွေ ကို အထောက် အထား စာရွက် စာတမ်း ပြသပြီး မိခင်နဲ့အမတွေကို ကျေနပ်လက်ခံတဲ့အတွက် ကိုဥက္ကာကျော်ဟာ လူကြီးစုံရာနဲ့ ဧပြီ လ ၉ ရက်နေ့က ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ဖို့ သတိပေး တားမြစ် တာလို့ ဖော်ပြပြီး သတင်းစာ၊ ဂျာနယ်။ ၀က်ဆိုက်တွေက ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြော ဆို ရေးသားမှုတွေကို စုံစမ်းသိရှိပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ် လို့ အများသိစေ ဖို့ သတိပေး တားမြစ်ကြေညာအပ်ပါတယ်လို့ ဆုပန်ထွာရဲ့ ရှေ့နေ ၂ ဦး လက်မှတ်နဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုဥက္ကာကျော်ရဲ့ တရားဝင်ကွာရှင်းမပြီးသေးဘူး ဆိုတဲ့ ဒေါ်မဉ္စူအောင် ကလည်း မကြာသေးခင်တုန်းက ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲကို ကန့်ကွက်ကြောင်း ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါသေး တယ်။

အဲဒီနောက် ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကလည်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သလို ကြေးမုံ သတင်းစာမှာ ရှင်းလင်းချက်နဲ့ အများ သိစေရန် ကြေညာ ခဲ့ပါသေးတယ်။

ရွှေမြန်မာ 
သရုပ်ဆောင် ဆုပန်ထွာက မေလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံ သတင်းစာမှာ အများသိ စေရန် သတိပေးကြေ ညာချက် တစောင် ထုတ်ပြန်ပါပြီ။

ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်း လမ်းတာကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက အခုနေဆုံး

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်
Saturday, May 10, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ရှေ့နောက်မညီညွတ်သော ဥပဒေအချက်အလက်များအား ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။

"ဥက္ကဋ္ဌ ပါမယ်၊ ကျွန်တော် ပါမယ်။ ဦးအောင်ကြည်ညွန့်ပါမယ်။ လုံခြုံရေးကတော့ ဦးဝင်းထိန်ကြီးကြပ်ပြီးတော့ အဖွဲ့ချုပ် လူငယ်လုံခြုံရေးနဲ့ သွားမှာပေါ့" ဟု အဆိုပါ ဟောပြောပွဲသို့ လိုက်ပါမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မအူပင်မြို့ လူထုတွေ့ဆုံပွဲ ခရီးစဉ် လုံခြုံရေးဆောင်ရွက်ရန် ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အင်အား ၃၀၀ သာမက မအူပင်မြို့နယ် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် ထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

"၁၀ ရက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မအူပင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းအနားမှာ လာရောက်ပြီးတော့ တက်ရောက်ဟောပြောမှာ ဖြစ်ပါတယ်။ ဟောပြောပွဲက ၉ နာရီ ကနေ ၁၂ နာရီအထိပါ။ လုပ်မယ့်နေရာကတော့ မအူပင်-ဖျာပုံ ကားလမ်းမကြီးဘေးမှာ။ အဲဒီဟောပြောမှာကို တက်ရောက်မယ့် ပရိသတ်အားက ၅၀၀၀၀ ကျော်လောက် မှန်းထားပါတယ်။ မြို့မိမြို့ဖတွေက အရမ်းလာစေချင်တာ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် မအူပင်မြို့နယ်ရှိ မြို့မိမြို့ဖများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်း/ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယခုပြုလုပ်သည့် မအူပင်မြို့နယ် လူထုဟောပြောပွဲတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်တို့အတွက် သဘောထားကောက်ခံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခင်ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲများတွင် တက်ရောက်လာသည့် ပြည်သူများအများစုက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် သဘောထား ပေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ခက်ခဲတင်းကျပ် လွန်းနေသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂၊ ပုဒ်မ ၄၃၆ အား ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေးမြို့၌လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မတ် ၃ ရက် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့ဒေသခံ တစ်သိန်းခန့်က ကြိုဆိုခဲ့ကြစဉ်
Eleven Media Group 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ

အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မန်စီမြို့နယ် ကျောက်ဖြူရွာအနီးရှိ အင်နောန်ကောင် ဒေသ တွင် မေလ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ကေအိုင်အေနှင့် အစိုးရ တပ် များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနေ့ နံနက် ၈ နာရီမှ စတင်၍ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် အင်အား ၃၀၀ ခန့်ပါ အစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ညနေ ၄ နာရီထိ ရပ်နားခြင်း မရှိသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးစားရင်းများ မသိရှိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းဒီမိုကရေစီ

Photo: ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းဒီမိုကရေစီ
Saturday, May 10, 2014

ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင် ရှင်န၀ပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။

သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်န၀ပ်ကို အာဏာ အလွဲ သုံးစားမှုနဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ရာထူးကနေ ဖယ်ရှား လိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ်တာဝန်ယူနေသူနဲ့ အစားထိုး၊ လစ်လပ်သွားတဲ့ ရဲချုပ်နေရာမှာ သက်ဆင်ရဲ့ ယောက်ဖ (ဟောင်း) တယောက်ကို တာဝန်ပေးတဲ့ ကိစ္စကို အာဏာ အလွဲသုံးစားမှုလို့ ခုံရုံးတရားသူကြီးတွေက ကောက်ချက်ချပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ဒီလိုကိစ္စမျိုးက မဆန်းပေမယ့် ယင့်လခ် ထွက်ရပ်လမ်းအတွက်တော့ လုံလောက်သွားပါတယ်။

နောက်ကြောင်းပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး အဆိုးသံသရာ စတင်ခဲ့ ကတည်းက ဒီလိုအဖြစ်အပျက်တွေ အတော်များပါတယ်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်ပါတီက သပိတ်မှောက်ခဲ့တယ်။ ယင့်လခ်ရဲ့ အကို သက်ဆင်ရှင်န၀ပ် ခေါင်းဆောင်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းက ထိုင်းကို ချစ်) ပါတီက ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမ၀င်ဘူးဆိုပြီး ပယ်ဖျက်ခဲ့တယ်။

ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ပြင်နေတုန်းမှာ စစ်တပ်က အာဏာ သိမ်းလိုက်တယ်။ ၀န်ကြီးချုပ် သက်ဆင် ပြည်ပြေး ဘ၀ရောက်ခဲ့ရတယ်။ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံး အသစ်က သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်း ပါတီကို ၂၀၀၆ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ ဖျက်သိမ်းလိုက်တယ်။ သက်ဆင်နဲ့ အမတ် ၁၁၁ ယောက်ကိုလည်း နိုင်ငံရေး လုပ်ခွင့်ပိတ်ပင်ခဲ့တယ်။

ထိုင်းရတ်ထိုင်း ပါတီက ခေါင်းဆောင်တွေနဲ့ ပြည်သူ့အင်အားပါတီ (ပီပီပီ) ပါတီကို ဖွဲ့စည်းပြီး ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်တော့ အနိုင်ရပြန် တယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ ၀န်ကြီးချုပ် ဆမတ် ဆန်ဒြာဗက်ကိုလည်း ဖွဲ့စည်းပုံ ခုံရုံးကပဲ ဖြုတ်ချခဲ့ပြန်တယ်။ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ ရုပ်သံလိုင်းတခုမှာ ဟင်းချက်အစီအစဉ် တင်ဆက်မှု (cooking show) အတွက် အခကြေးငွေ ယူတယ်ဆိုပြီး ဖြုတ်ချခဲ့တယ်။ ပီပီပီ ပါတီကိုလည်း မဲမသာမှုနဲ့ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖျက်သိမ်း လိုက်ပြန်တယ်။

သက်ဆင်ဂိုဏ်းသားတွေ ရာထူးလက်လွှတ်ခဲ့ရပြီး ဒီမိုကရက်ပါတီက လွှတ်တော်အတွင်းက ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး  နောက်ထပ် နှစ်နှစ် ခွဲလောက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ၂၀၁၀ မှာ သက်ဆင်ထောက်ခံတဲ့ ရှပ်နီဆန္ဒပြသမားတွေကို စစ်တပ်က နှိမ်နင်းခဲ့တာ အနည်းဆုံး လူ ၉၀ ၀န်းကျင် သေဆုံးခဲ့တယ်။

ပီပီပီ ဖျက်သိမ်းလိုက်ရတဲ့နောက် သက်ဆင်လူတွေနဲ့ အသစ်ဖွဲ့လိုက်တဲ့ ဖွထိုင်း( ထိုင်းအတွက်)ပါတီ (Pheu Thai Party) “သက်ဆင်က တွေးခေါ်၊ ဖွထိုင်းက ဆောင်ရွက်” ရွေးကောက်ပွဲ ကြွေးကြော်သံကို သုံးပြီး သက်ဆင် နှမ ယင့်လခ်ကို ရှေ့ထုတ်ပြီး ရွေးကောက်ပွဲမှာ ၀င်ပြိုင်တော့လည်း တခဲနက် အနိုင်ရပြန်ပါတယ်။ ၂၀၁၁ သြဂုတ်လမှာ  ယင့်လခ် ၀န်ကြီးချုပ် ဖြစ်လာတယ်။ 

အခြေအနေတွေ ပြန်လည်တည်ငြိမ်နေရာက သက်ဆင်အတွက် လွတ်ငြိမ်းချမ်းသာခွင့် အကျုံးဝင်စေမယ့် ဥပဒေမူကြမ်းကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။ ၀န်ကြီးချုပ် ယင့်လခ်က ပါလီမန်ကို ဖျက်သိမ်းပြီး  ၂၀၁၃ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက သပိတ်မှောက်တယ်။ ဆန္ဒပြသမားတွေကြောင့် တချို့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ တရက်တည်းနဲ့ ရွေးကောက်ပွဲကို အပြီးအပြတ် မကျင်းပနိုင်လို့ ဆိုပြီး ဖွဲ့စည်းပုံ ခုံရုံးက ရွေးကောက်ပွဲရလဒ်ကို တရားမ၀င် ကြေညာတယ်။

နောက်တကြိမ် ရွေးကောက်ပွဲကို ဇူလိုင်လမှာ ကျင်းပဖို့ စီစဉ်နေတဲ့အချိန်မှာ အာဏာအလွဲသုံးစားမှုနဲ့ ၀န်ကြီးချုပ် ယင့်လခ်ကို ဖွဲ့စည်းပုံ ခုံရုံးကပဲ ရာထူးကနေ ဖယ်ရှားလိုက်ပြန်တယ်။ နောက်တရက်မှာပဲ နိုင်ငံတော် စပါးဝယ်ယူရေးကိစ္စမှာ တာဝန်ပျက်ကွက်တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆုံးဖြတ်တယ်။ အမှုကို အထက်လွှတ်တော်ကို လွှဲပေးပြီး အယုံအကြည်မရှိ အောင်သွားရင် ယင့်လခ်လည်း နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံရနိုင်တယ်။

ဒါက အခုအထိ ဇာတ်လမ်း အကျဉ်းချုပ်ဖြစ်ပါတယ်။

ပြန်ချုပ်ရင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက နှစ်ကြိမ် သပိတ်မှောက် ခဲ့တယ်။ ရွေးကောက်ပွဲတိုင်းလည်း သက်ဆင်အနွယ်တွေပဲ အနိုင်ရတယ်။ ၂၀၀၆ မှာ စစ်တပ်က တကြိမ်အာဏာသိမ်းတာကလွဲလို့ ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲရလဒ်တွေ၊ အစိုးရအဖွဲ့တွေ၊ သက်ဆင်အနွယ်ပါတီတွေ ပြိုလဲကုန်တယ်။

စစ်တပ် အာဏာသိမ်းမှု (military coup) နဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရေးဟာ အခုတခါ (judicial coup) လို့ ပြောစမှတ်တွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာ တရားသူကြီး ၉ ယောက်ရှိတယ်။ ကနဦး ရွေးချယ်တဲ့ အဆင့်မှာ ၅ ယောက်ကို တရားရေး ဌာနနှစ်ခုက ရွေးချယ်ပြီး၊ လေးယောက်ကို တရားရေးဌာန အကြီးအကဲတွေနဲ့ အောက်လွှတ်တော်က ဥက္ကဌနဲ့ အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင်တို့ပါတဲ့ ဘုတ်အဖွဲ့က ရွေးချယ်ရပါတယ်၊ အားလုံးကို အထက်လွှတ်တော်က အတည်ပြုပြီးရင် ဘုရင်က နောက်ဆုံးခန့်အပ်ပါတယ်။ အထက်လွှတ်တော်မှာ အမတ်ထက်ဝက်ကို တရားသူကြီးတွေနဲ့ အရပ်ဘက်အရာရှိတွေက ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိစနစ်အရ ဖွဲ့စည်းပုံ ခုံရုံးဟာ နိုင်ငံရေးပါတီတွေရဲ့ သြဇာလွှမ်းမိုးနိုင်ဖို့ တော်တော် မလွယ်ပါဘူး။ သြဇာလွှမ်းမိုးနိုင်ဖို့ ဖွထိုင်းပါတီက ကြိုးစားခဲ့သေးတယ်။ 

အထက်လွှတ်တော်ကိုလည်း အောက်လွှတ်တော် နည်းတူ ရွေးချယ်ဖို့ မူကြမ်းတင်တာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပယ်ချခဲ့တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို ထိန်းကြောင်းတဲ့ သြဇာကြီးတဲ့ အင်စတီကျူးရှင်း အနေနဲ့ပဲ ထီးထီးကြီး ရှိနေပါဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရင် ပိုမှန်ပါမယ်။

အခုနောက်ဆုံး ယင့်လခ်ကို စီရင်ချက်ချပြီးတဲ့အချိန်မှာ ဖွဲ့စည်းပုံ ခုံရုံး တရားသူကြီး ကိုးယောက်ထဲက တယောက်ဖြစ်တဲ့ ဆူပေါ့ ကိုင်မွခ် က ပေးလိုက်တဲ့ မှတ်ချက်က မှတ်သားဖို့တော့ ကောင်းတယ်။

“ထိုင်း ဒီမိုကရေစီစနစ်မှာ အများစုကို စံနှုန်းတွေကို ပြဌာန်းခွင့်ပြုထားတယ်။ ဒါပေမယ့် အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ အနည်းစုကို ဖိနှိပ်ရင်တော့ အများစုရဲ့ တရားဝင်မှုလည်း ဆုံးရှုံးမယ်။ ဒါကို ဒီမိုကရေစီလို့ ခေါ်လို့ မရဘူး။ လူများစု ဗိုလ်ကျစိုးမိုးမှု စနစ် ဖြစ်သွားလိမ့်မယ်” လို့ ဆိုတယ်။

သက်ဆင်တို့ မောင်နှမကို ထောက်ခံသူတွေ (ရှပ်နီ) ဘက်က ကြည့်ရင်တော့ တရားစီရင်ရေးစနစ်က ဘက်လိုက်တယ်ပေါ့၊ တရားစီရင်ရေးစနစ်ကို မယုံကြည်ကြတော့ဘူး။ စစ်တပ်ကိုလည်း  မယုံတော့ဘူး။ ဒီလိုပဲ သက်ဆင်တို့ မောင်နှမကို ဆန့်ကျင်သူတွေက ရဲတပ်ဖွဲ့ကို မယုံဘူး။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကိုလည်း  မယုံတော့ဘူး။ ပြည်သူတွေ အချင်းချင်းလည်း မယုံတော့ဘူး။ တရားသူကြီးအိမ်မှာ ဗုံးကွဲတယ်။ ဆန္ဒပြပွဲတွေ အတွင်းမှာ ဗုံးကွဲတယ်။ ခြောက်လ အတွင်း ချောင်းမြောင်း ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု၊ အဓိကရုဏ်းတွေကြောင့် လူ ၂၀ လောက် သေဆုံးခဲ့ရတယ်။

ထိုင်းနိုင်ငံရေးကို နောက်ကြောင်း ခြေရာပြန်ကောက်ရင် ဒီမိုကရေစီ တည်ဆောက်ရေး သင်ခန်းစာယူစရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၁၉၉၂ ဖြစ်ပါတယ်။ လူတွေလမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အစိုးရကို ဖြုတ်ချခဲ့ကြတယ်။ စစ်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံကလည်း ဒီမိုကရေစီအခွင့်အရေးကို တိုးပြီ အာမခံလာတယ်။ ထိုင်းစီးပွားရေးကလည်း တော်တော် မြင့်မားတဲ့ နှုန်းနဲ့ တိုးတက်ခဲ့တယ်။ လူလတ်တန်းစားတွေ ကြီးထွားလာခဲ့တယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေ အားကောင်းခဲ့တယ်။ မီဒီယာတွေ အားကောင်းခဲ့တယ်။

ဒီလိုနဲ့ ပြုပြင်ပြောင်းလဲရေး ၀ါဒီတွေက ဒီမိုကရေစီ အရေးတော်ပုံ လမ်းကြောင်း ဖြောင့်ဖြူးသွားပြီလို့ ယူဆပြီးတော့ လုပ်လက်စတွေကို ရပ်လိုက်ကြတယ်။ အစိုးရကို စောင့်ကြည့် ထိန်းကြောင်းနေတဲ့ လူထု အခြေပြုအဖွဲ့အစည်းတွေကို ကိုယ်သဘောနဲ့ကိုယ် ဖျက်သိမ်း လိုက်ကြတယ်။ မီဒီယာတွေကို  ရပ်နား လိုက်ကြတယ်။ ဒါက ကြီးမားတဲ့ အမှားဖြစ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေက အချိန်မတန်ခင်မှာ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်တဲ့အချိန်မှာပဲ စီးပွားရေးသမားကြီး သက်ဆင်က နိုင်ငံရေး လောကထဲကို ၀င်လာခဲ့တယ်။

ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားနည်းနေတာကို အခွင့်ကောင်း ယူတယ်။ ငွေကြေးအင်အားနဲ့ နိုင်ငံရေးသမားတွေကို ၀ယ်တယ်။ တရားစီရင်ရေး စနစ်ကိုလည်း ၀ယ်ပစ်လိုက်တယ်။ တချိန်တည်းမှာ တိုင်းပြည်ထဲမှာ လူများစုဖြစ်တဲ့ ဆင်းရဲသားတွေ စည်းရုံးတဲ့ ဈေးပေါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်၊ ချေးငွေတွေကို ထုတ်ပေးတယ်။ သက်ဆင်ခေတ် မတိုင်ခင်မှာ မြို့ပေါ် နိုင်ငံရေး သမားတွေဟာ တောနေ ဆင်းရဲသားတွေကို မေ့လျှော့နေခဲ့ကြတယ်။ ဆင်းရဲသားတွေက သက်ဆင်ကို အားကိုးလာကြတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ အာဏာရလာတဲ့ အချိန်ကစလို့ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အခြေခံအောင် တည်ဆောက်သူ မဖြစ်လာဘဲ ရွေးကောက်ခံ အာဏာ ရှင်ဆန် ဖြစ်လာ ခဲ့တယ်။ မီဒီယာတွေကို ပိုပြီး ဖိနှိပ်တယ်။ လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ဖိနှိပ်တယ်။

ဒီလိုနဲ့ ၂၀၀၆ ရွေးကောက်ပွဲမှာလည်း တောနေဆင်းရဲသားတွေထောက်ခံမှုနဲ့ သက်ဆင် တကျော့ပြန် အနိုင်ရတော့ မြို့ပေါ်လူလတ်တန်းစားတွေက ဆန္ဒပြကြတယ်။ နောက်ဆုံးစစ်တပ် အာဏာသိမ်းမှုဆီကို ဦးတည်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်း ဒီမိုကရေစီဟာ နောက်ကြောင်းပြန်သွားခဲ့ပါတယ်၊ ရွေးကောက်ပွဲ ဘယ်နှယ်ကြိမ်ပဲ လုပ်ခဲ့ပေမယ့် ရှေ့ခရီးမဆက်နိုင်တော့ဘဲ ဒုံရင်း ပြန်ဆိုက်နေတယ်။ သွေးကွဲမှုက အချိန်ကြာလေ နက်ရှိုင်းလေဖြစ်လို့ အဆိုးသံသရာကနေ ရုန်းထွက်ဖို့ မလွယ်သေးပါဘူး။

ထိုင်းက ပေးတဲ့ သင်ခန်းစာက ဒီမိုကရေစီတိုက်ပွဲက ထင်သလောက်မလွယ်ဘူး။ စစ်အစိုးရကို မရှိတော့တာနဲ့ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးသွားမယ်လို့  မျှော်လင့်ရင် အမှားကြီး မှားပါလိမ့်မယ်။ အောက်ခြေလူထု အထိ ဒီမိုကရေစီ အုတ်မြစ် မချနိုင်သေးခင်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားတွေက လုပ်လက်စတွေ ရပ်ပစ်လိုက်ရင် နောက်ကျတော့မှ အစကနေ ပြန်စရပါလိမ့်မယ်။ လူတယောက်တည်းကို ပြုပြင်ပြောင်းလဲရေး သမားဆိုပြီး ပုံအပ်မိရင် အသက်သွေးချွေးနဲ့ တည်ဆောက်ထားသမျှ ငါးပါး မှောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီ သမင်လေးကို လမ်းဝက်မှာ ဖြတ်အုပ်မယ့် ကျားငစဉ်းလဲတွေက မူယာ မာယာ အလွန်များတတ်ပါတယ်။ ရုပ်ပြောင်းရုပ်လွှဲလည်း အလွန်တော်ပါတယ်။

ဧရာဝတီ
ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင် ရှင်န၀ပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။

သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်န၀ပ်ကို အာဏာ အလွဲ သုံးစားမှုနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ရာထူးကနေ ဖယ်ရှား လိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ်တာဝန်ယူနေသူနဲ့ အစားထိုး၊

ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး

Photo: ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး
Saturday, May 10, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့နယ်ရှိ မြို့မတောင် ရပ်ကွက်၊ ဘယက်ကျေးရွာနှင့် အလွမ်းဆွတ် ကျေးရွာတို့မှ ဓာတ်တိုင် စုစုပေါင်း ၆၉ တိုင် ပြိုလဲခဲ့ကြောင်း၊ ယင်းမြို့နယ် သဲဖြူချောင်း ကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးမှာ မိုးခြိမ်းသံများကြောင့် နှလုံးခုန်ရပ်ကာ သေဆုံးခဲ့ပြီး ရုံသပြေကျေးရွာ မင်္ဂလွန်းတောင်ကွင်းရှိ လယ်တဲတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ 

ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ကုန်သွယ်ရေး ညွှန်ကြားမှူး ဦးစီးဌာနရုံး အပေါ်ထပ်တွင် မေလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် သွပ်အမိုးကိုင်းများ ပြိုလဲခဲ့ကြောင်း အဆိုပါရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖေသန်းဝင်းက The Voice သို့ ပြောကြားသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး ငါးထပ် အဆောက်အအုံ အပေါ်ထပ် အမိုးမှာ စလပ် လောင်းထားခြင်း ဖြစ်ကြောင်း၊ နှစ်ကြာမြင့်သောကြောင့် အပေါက်များ ဖြစ်ကာ ရေယိုစိမ့်သဖြင့် လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ သွပ်မိုးထားရာမှ ယင်းနေ့က လေပြင်းတိုက်ခတ်ရာမှ ပြိုလဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရုံးက ကမ်းနားလမ်းဘေးမှာ ဖြစ်လို့ မြစ်ဘက်က လာတဲ့လေက ပင့်တိုက်တဲ့ အရှိန်ကြောင့် အဆောက်အအုံ အပေါ်က သွပ်မိုးထားတဲ့ ဝေါပလပ် တိုင်တွေကို ဆွဲထုတ်လိုက်သလို ဖြစ်ပြီး ပြိုလဲကျသွားတာ။ တစ်ခြမ်းပဲ ပြိုလဲသွားတာကြောင့် အောက်ကို ပြုတ်မကျခဲ့လို့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

သန်လျင်မြို့နယ်တွင် မေလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှုများကြောင့် မြို့နယ်တရားရုံး၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ် မြေစာရင်းရုံးတို့တွင် စုစုပေါင်း သွပ်အချပ် ၅၀ ခန့် အမိုးလန် ပျက်စီးခဲ့ပြီး သန်လျင် သတ္တုသန့်စင် စက်ရုံတွင်းရှိ ပင်မစက်ရုံနှင့် ယင်းဝင်းတွင်းရှိ ဧည့်ရိပ်သာ၊ လျှပ်စစ်ရုံး၊ ၁၄ ခန်းတွဲ ဝန်ထမ်း လိုင်းခန်းနှင့် အခြားသော အဆောင်တစ်ခုတို့မှ သွပ်အချပ်ပေါင်း ၂၀၀ ခန့် အမိုးလန် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“လေပြင်း စတိုက်ချိန် ကောင်းကင် တစ်ခုလုံးမှာ ဖုန်အလုံးလိုက်ကြီး ဖြစ်နေတာ။ မြို့ထဲက ကားလမ်းတွေပေါ်မှာ အမှိုက်တွေက ပလူပျံနေတာပဲ။ မဟာဗန္ဓုလလမ်း နဲ့ အနော်ရထာလမ်းက သစ်ပင်တချို့ လဲကျပေမယ့် လူထိခိုက် ဒဏ်ရာရတာမျိုးတော့ မတွေ့မိဘူး” ဟု အဆိုပါ လေပြင်းတိုက်ချိန် ရန်ကုန်မြို့တွင်း လှည့်လည်ကာ ခရီးသည် ပို့ဆောင်ပေးနေသော အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့တွင် မိုးသက်လေပြင်း ကျရောက်ချိန် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ဆယ်မိုင်နှုန်းခန့် ရှိကြောင်း ကမ္ဘာအေး မိုးလေဝသ တိုင်းတာရေးစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့နယ်ရှိ မြို့မတောင် ရပ်ကွက်၊ ဘယက်ကျေးရွာနှင့် အလွမ်းဆွတ် ကျေးရွာတို့မှ ဓာတ်တိုင် စုစုပေါင်း ၆၉ တိုင် ပြိုလဲခဲ့ကြောင်း၊ ယင်းမြို့နယ် သဲဖြူချောင်း ကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးမှာ မိုးခြိမ်းသံများကြောင့် နှလုံးခုန်ရပ်ကာ သေဆုံးခဲ့ပြီး ရုံသပြေကျေးရွာ မင်္ဂလွန်းတောင်ကွင်းရှိ လယ်တဲတွင်

Friday, 9 May 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်

Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်
Friday,May 9, 2014 

ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ (Yang Hee Lee)ကို ဇွန် ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွေးချယ်မယ့်လူစာရင်းတွေထဲမှာ သံတမန်ဟောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ဂျာရစ် ဂျင်ဆာ (Jared Genser)နဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူ ပညာရှင် ဂိုင်းဟော်တန် တို့လည်း ပါဝင်နေပါတယ်။

မစ္စလီဟာ ကလေးစိတ်ပညာနဲ့ ပညာရေးဘက်မှာ အတွေ့အကြုံရှိသလို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက နာမည်ကျော် ဂျော့ရှ်တောင်းတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ကလေးအခွင့်အရေးကော်မတီမှာ ရွေးချယ်ခံရပြီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ အုပ်ချုပ်သူ အစိုးရနဲ့ ပတ်သက်ပြီး ဆက်ဆံရာမှာ အတွေ့အကြုံ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ ဘယ်နိုင်ငံသားကိုပဲ ခန့်အပ် တစုံတရာ ပြောဆိုဖို့ မလိုပေမယ့် ဘယ်သူပဲလာလာ မျှတတဲ့ အမြင်သဘောထားရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“မည်သူပဲလာသည်ဖြစ်စေ မျှတတဲ့အမြင်သဘောထားရှိဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေ တကယ့်ဖြစ်ရပ်မှန်တွေပေါ်မှာ မူတည်ပြီးတော့ လူ့အခွင့်အရေး တိုးတက်လာဖို့ ဆောင်ရွက်တာမျိုးကို ကျနော့်အနေနဲ့ လိုလားပါတယ်။”

ပမာဏ ရွေးချယ်ခံထားရတဲ့ ဂိုင်းဟော်တန်ကတော့ မစ္စလီကို ခန့်အပ်ခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့ အရမ်းခက်ခဲတဲ့ အခြေအနေကို သူက ရယူလိုက်တယ်လို့ ပြောပါတယ်။

ဒါအပြင် ကင်တားနားက မြန်မာနိုင်ငံက လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာကို သတိထားပြီး လီက ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးသံတမန်ဟောင်း မစ္စတာ ကင်တားနား ကတော့ တာဝန်က အနားမယူခင် မြန်မာ့ရဲ့ အခြေတည်စ ဒီမိုကရေစီက လာမယ့် နှစ်တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ် ၊ ၂၀၁၁ စစ်အာဏာရှင်ကနေ အရပ်သား အစိုးရ ခေါင်းဆောင်မှုကို လွှဲပြောင်းပေးပြီးကတည်းက တိုးတက်မှုတွေကို ဖျက်ဆီးမယ့် စွမ်းရည်ဟာ တချို့လူတွေဆီမှာ ရှိနေတယ်လို့ အစီရင်ခံစာ ရေးသားခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့တာ၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာတာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ပွင့်လင်းလာတာ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကို အဆုံးသတ်စေတာတွေကို သူတာဝန်ယူခဲ့တဲ့ ၆ နှစ်အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေကို ယူဆောင်ပေးတဲ့ မြန်မာမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲအဖြစ် မှတ်ယူခဲ့တယ်လို့ ကင်တားနားက ဆိုပါတယ်။

DVB Tv News

မစ္စ ရန်ဟီးလီ
မစ္စ ရန်ဟီးလီ
ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ် လိုက်ပါတယ်။

ပျူမြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလအတွင်း တင်ပြမည်

နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေး မြို့တော် ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီး သည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်

Photo: မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်
Friday,May 9, 2014 

ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စရပ်များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

ရေထုတ်မြောင်းများတူးဖော် ရာတွင် ရပ်ကွက်များအတွင်းရှိ လမ်းများကိုယန်္တရားများဖြင့် ဖြတ် တောက်တူးဖော်လျက်ရှိပြီး ယင်း တူးဖော်ထားသောနေရာများတွင် တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်နိုင်မှုမရှိခြင်းများရှိနေ သောကြောင့် ယင်းသို့အခက်ကြုံ နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

““ကျွန်တော်တို့ ဒဂုံအရှေ့ပိုင်း ၄ ရပ်ကွက်ဗိုလ်ပျိုလမ်းဆိုရင် ဆယ်ပေအကျယ်လောက်ဖြတ် တောက်ထားပြီး လုပ်ငန်းရပ်ဆိုင်း ထားတာ တစ်လလောက်ရှိနေပြီ ဆိုတော့ ရပ်ကွက်နေပြည်သူတွေ သွားရေးလာရေးခက်ခဲပြီး ညရေး ညတာကျန်းမာရေး၊ အဘိုးအဘွား တွေ သွားလာရေး၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ စီးပွားရေးအကုန် အခက်အခဲတွေ့နေရပါတယ်။ အကာအရSafety side  များ မထားခြင်းကြောင့် တစ်လောကပဲ ညအချိန်မှာ လူငယ်တစ်ဦးစက်ဘီး နဲ့အတူပြုတ်ကျပြီး ပြင်းထန်ဒဏ် ရာတွေရရှိခဲ့ပါတယ်။ ၈ ရက်နေ့ ကလည်း လမ်းအတွင်းဘက်က လူတစ်ယောက် ၉၆ ပါးရောဂါနဲ့ သေဆုံးသွားလို့ အလောင်းထုတ် ဖို့ရာ နာရေးကူညီမှုကားလာလို့ မရဘူးဖြစ်နေတယ်။ လယ်ကွင်း တွေရှိတဲ့ဘက်ကလှည့်ထုတ်ရမှာ ဆိုတော့ ဖြတ်သန်းရမယ့်အိမ် တွေကိုလည်း ဆယ်အိမ်ရှိရင် ကန်တော့ပွဲဆယ်ပွဲပေးရမယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆို သည်။

“လေးမြို့နယ် စီမံကိန်းဆိုပြီး ယန်္တရားတွေနဲ့ အနက်ကြီးတူးထား ပြီး ဆက်မလုပ်ဘဲထားတော့ လမ်းသူလမ်းသားတွေအကုန်လုံး ဒုက်္ခတွေ့နေရတယ်။ အခြားလမ်း တွေကပတ်ပြီး အလုပ်သွားအလုပ် ပြန် ကျန်းမာရေး၊ စီးပွားရေးကိစ်္စ တွေအတွက် မလိုအပ်ဘဲ အချိန် ကုန်ပင်ပန်းနေရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကစောင့်ရှောက် မှုလုံးဝမပေးထားလို့ လူတစ် ယောက်လည်းပြုတ်ကျသွားပြီးပြီ။ မေလ ၂၁ ရက်နေ့ အစိုးရကို အပြီးအပ်ရမယ်လို့ ကန်ထရိုက် တစ်ယောက်ဆီကတော့ ကြား ထားတယ်။ လုပ်ငန်းကျတော့ အခုအချိန်ထိရပ်ထားတုန်းပဲ”ဟု ၎င်းလမ်းတွင်နေထိုင်သNLD ပါတီဝင်တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင်လည်း ဖြတ်တောက်တူးဖော်ထားသော လမ်းနေရာများတွင် ဆက်လက် တည်ဆောက်မှုမရှိပဲ ကြန့်ကြာ နေခြင်း၊ တည်ဆောက်ပြီးသော် လည်း မြေကြီးပုံများဖယ်ရှားရှင်း လင်းမှုမပြုသေးခြင်းများကြောင့် လမ်းပိတ်ဆို့ကာအခက်အခဲများ ကြုံနေရကြောင်း သိရသည်။

““သွားရေးလာရေးခက်တယ်။ ကွေ့ဝိုက်သွားနေရတယ်။ ရေ ရောင်းတဲ့သူတွေတော်တော်နဲ့ လမ်းထဲမရောက်လာလို့ သောက် ရေ၊ သုံးရေအခက်အခဲဖြစ်တယ်။ ပွင့်လင်းရာသီဖြစ်လို့ အိမ်အပြောင်း အရွှေ့ပစ္စည်းသယ်ဖို့ခက်တယ်။ လမ်းထဲကားဝင်လို့မရဘူး။ ပြန်ခင်း ပြီးတဲ့ လမ်းတချို့လဲ မြေကြီးပုံ တွေ ပိတ်ထားတုန်းပဲ””ဟု အဆိုပါ အိမ်ရာနေသူတစ်ဦးက ပြော သည်။

မြို့နယ်နေသူများအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ပေးသည်ကို ၀မ်းမြောက်ကြိုဆိုကြသော်လည်း ရပ်ကွက်လမ်းများကိုဖြတ်တောက် တူးဖော်ပြီးသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်စေလိုပြီး တည်ဆောက်ပြီးသည့်လမ်းများကို လည်း လုပ်ငန်းခွင်မှပစ္စည်းပစ္စယ များ ဖယ်ရှားရှင်းလင်း၍ အမြန် ပြန်လည်ဖွင့်လှစ်ပေးရန်လိုလား လျက်ရှိကြောင်း သိရသည်။

Hot News
ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေး ကိစ္စရပ် များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ

Photo: သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ
Friday,May 9, 2014 

မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား သို့ ကလေးဝဆရာတော်၊ ရွှေသု ၀ဏ် ဆရာတော်၊ ရွှေတွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ယင်းစင်တာတွင် ပထမ အကြိမ်အဖြစ် သီလရှင်အပါး ၃၀ လက်ခံသင်ကြားသွားမည်ဖြစ်ပြီးDhamma moli International Buddhist Education Centre (DIBEC)  အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များမှ အသိအမှတ်ပြုထားကြောင်း၊ မြန်မာနိုင်ငံအစိုးရကလည်း လိုအပ် သည့် အကူအညီများကိုပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ယင်းအခမ်း အနားသို့ ကြွရောက်ချီးမြှင့်သည့် ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။

“ဒီနေ့အော်နေတဲ့ လူ့အခွင့် အရေးဆိုနှစ် ၇၀ ပဲရှိသေးတယ်။ ဗုဒ်္ဓအဖွဲ့အစည်းမှာ နှစ်ပေါင်း ၂၆၀၀ ရှိနေပြီ။ လိင်ခွဲခြားမှုမရှိ ဘူး။ ဒါကြောင့် အခုဆရာလေး တွေလည်း ကျင့်မယ်ဆိုရင် အရိယာဖြစ်နိုင်တယ်။ ရဟန္တာ အထိဖြစ်နိုင်တယ်။ ဆရာတော် ကြီးတွေ သြ၀ါဒပေးသလိုစာတတ် စကားတတ်ပြီး သာသနာပြုကြ ပါ။ အဓိက အသိတတ်အောင် ကျင့်ပြီး သာသနာပြုဖို့တိုက်တွန်း ချင်တယ်။ ဒီစင်တာက ထေရ၀ါဒ ကို အကောင်းဆုံးသာသနာပြုနိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါ တယ်”ဟု ဆရာတော်က မိန့်သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တွင် အမျိုးသမီးများအတွက် ဘိက်္ခူနီ သာသနာကို ခွင့်ပြုတော်မူခဲ့ပြီး နှစ်ပေါင်း ၅၀၀ တည်တံ့ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ်မင်းတုန်းမင်း လက်ထက်၌ သီလရှင်သာသနာ အဖြစ်စတင်ပေါ်ထွန်းခဲ့ကြောင်း ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။  

Hot News
မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကလေးဝဆရာတော်၊ ရွှေသုဝဏ် ဆရာတော်၊ ရွှေ တွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

နန်းတော်ရာကန်မြေပေါ်ရှိ ကျူးကျော်နေထိုင်သူများထဲမှ တစ်ဦးတည်းသာ တရားစွဲခံရ

ဒိုက်ဦး၊ မေ ၈- ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံ ကျေး ရွာအုပ်စု မြို့ရိုးကျေးရွာရှိ ကွင်း အမှတ်(၃၃၁/ကခ) ကောလိယမြို့ အမည် ရှိသော မြို့ရိုးကျေးရွာကျက် သရေဆောင် နန်းတော်ရာကန်ကြီး ရှိ မြေနေရာ ၌ နေထိုင်သူတစ်ဦးကို ကျူးကျော်နေသည်ဟုဆိုကာ ကျေး ရွာအုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖတစ် ဦးတို့မှပူးပေါင်း၍ ဧပြီ၅ရက်က တရား စွဲဆိုမှုပြုလုပ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?

Photo: KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?
Friday,May 9, 2014

အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အရေအတွက် ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀ % သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော် နေထိုင်ကြတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ရှုပ်ထွေးမှု တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး သိထားတာကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်လာခဲ့တဲ့ မြန်မာနိုင်ငံ ထဲမှာ ကချင်ပြည်နယ်က လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုချင်တာလား၊ ဒါမှမဟုတ် ကချင်လူမျိုးတွေ သီးခြားနေထိုင်ချင်တဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ခွင့် မရလို့ လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုတာလား မေးစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ရဲ့စကားဟာ KIA ဒုစစ်ဦးစီးချုပ်တစ်ယောက်ဆီက ထွက်သင့်တာမဟုတ်ဘဲ KIA တပ်သားတစ်ယောက်ဆီက ပြောထွက်သင့်တဲ့ စကားဘဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ KIA ဟာ ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတာဆိုတဲ့ ၀ါဒမှိုင်းတွေ အသွင်းခံ ရပြီး တောထဲမှာပဲ ကျင်လည်နေရလို့ ဖြစ်ပါတယ်။

ကချင်လူထုအများစုကတော့ သီးသန့်နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီမိုကရေစီလမ်းကြောင်း အရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကိုပဲ လိုလားခဲ့ကြတာပါ။ အတိတ်ဆီ ကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်ရေးအယူအဆကို ကိုင်စွဲခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးပါပြီ၊ အခုလည်း သူများနဲ့ထူးပြီး အာချောင်လာတဲ့ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ စကားကြောင့် အတိတ်ကလို တိုက်ပွဲတွေနဲ့ အရုပ်ဆိုး အကျည်းတန်မှာကို စိုးရိမ်မိပါတယ်။

လွတ်လပ်ရေးလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကာယကံရှင် KIA ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော်သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence လို့ သုံးနှုန်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ I ဆိုတာ Freedom ကို ဆိုလိုတာ ဖြစ်ကြောင်း သူကိုယ်တိုင် မြစ်ကြီးနားက ကချင်လူထုနဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့ပါတယ်။ အဲဒီစကားအတိုင်းပဲ ကချင်လူထုက သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်ရရေးအတွက် တောင်းဆိုတာဆိုရင် လက်ခံ မှာဖြစ်ပြီး ပြည်ထောင်စု က ခွဲထွက်ရေးအတွက် တောင်းဆိုလာရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောကြားချက် ဟာ ပြည်ထောင်စုမှ ခွဲထွက်ရေးကို မဆိုလို ပေမယ့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်မဟုတ်သော ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားများအတွက် လက်မခံနိုင်သော အခြေအနေဖြစ်နေပြီး လူမျိုးရေး စိတ်ဓာတ်လွန်ကဲမှုနဲ့ အစွန်းရောက်နေသူလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ 

အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ အစွန်းရောက်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူမျိုးရေးမုန်းတီးစိတ်နဲ့လုပ်ရင် ဒီမိုကရေစီ လမ်းကြောင်းထဲက နေ ဘေးထုတ်ခံရတော့မှာ ဖြစ်သလို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလဆီက အတိတ်ဆိုးမျိုးတွေကိုပဲ ကချင်လူမျိုး တွေ ခံစားရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် အဲ့ဒီလို အကျိုးမဲ့ဖြစ်ရပ်တွေ ဖြစ်လာ မယ်ဆိုတာ သိနေရက်နဲ့ KIA လွတ်လပ်ရေးတောင်းဆို ပြီလား မေးစရာ ဖြစ်နေပါတော့တယ်။ 

အင်ခွန်နော်
အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ် လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင် တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့ မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။

"အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"

Photo: "အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"
Friday,May 9, 2014

မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။ 

“စတိတ်ရှိုးတွေမှာ မိန်းကလေးတွေ အများကြီးနဲ့ မလုပ်ဖူး သေးဘူး။ အရင်တုန်း က အယောက် ၄ဝ ကျော်လောက် လုပ်တော့ လုပ်ဖူး ပါလိမ့် မယ်။ ကျွန်မက ဘယ်လို စီစဉ်ဖြစ်တာ လဲဆိုတော့ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း အဆိုတော်တွေကို ပြေပြေပြစ်ပြစ် နဲ့ဆိုတာကို မြင်စေချင်တဲ့ အတွက် စီစဉ်ဖြစ်တာပါ။ နောက်တစ်ခု က မတွဲဖူးသေးတဲ့ သူတွေရော၊ ဆိုထားတဲ့ အထဲမှာပါ ပုံစံလေးတွေ မတူအောင် ရသပေးစွမ်းနိုင်မယ့် ပွဲလေး ဖြစ်စေချင်လို့ပါ။ အများဆုံး ဆိုရမှ တစ်ယောက်ကို ၃ပုဒ်၊ ၄ပုဒ်ပါပဲ။ သီချင်း လေးတွေကို အရင်တုန်းက ပုံစံမျိုး မဟုတ်ဘဲ၊ တစ်ယောက် နဲ့ တစ်ယောက် ခေါ်တဲ့ အခါကျရင် ထူး ထူးခြားခြားလေးဖြစ်အောင် Perform လုပ်မယ် လို့တော့ စိတ်ကူး တယ်။ အဓိကက သီချင်းလေးတွေ လှလှပပလေး တွေဖြစ်အောင်၊ အားလုံး ကလည်း ဆိုနိုင်ကြတဲ့ သူတွေ ချည်းပဲဆိုတော့ ရသကောင်းကောင်း ပေးဖို့တော့ စိတ်ကူးရှိပါတယ်”ဟု မေဆွိက ရှင်းပြသည်။

မျိုးမောင်
Popular Journal
မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။

ရှမ်းပါတီကြီးနှစ်ခု ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိ

ရှမ်းအမျိုးသား ဒီမိုကရေစီပါ တီ (SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့၏ တွေ့ဆုံဆွေးနွေးပွဲ တွင် နှစ် ပါတီ ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်နှင့် ကဏ္ဍအသီးသီးတွင် လက်တွဲလုပ်ကိုင် သွားကြရန် သဘော တူညီမှုရရှိခဲ့ကြကြောင်း အဆိုပါ ပါ တီနှစ်ခုမှ ပြောရေးဆိုခွင့်ရှိသူများက ပြောခဲ့သည်။