Friday, 9 May 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်

Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်
Friday,May 9, 2014 

ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ (Yang Hee Lee)ကို ဇွန် ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွေးချယ်မယ့်လူစာရင်းတွေထဲမှာ သံတမန်ဟောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ဂျာရစ် ဂျင်ဆာ (Jared Genser)နဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူ ပညာရှင် ဂိုင်းဟော်တန် တို့လည်း ပါဝင်နေပါတယ်။

မစ္စလီဟာ ကလေးစိတ်ပညာနဲ့ ပညာရေးဘက်မှာ အတွေ့အကြုံရှိသလို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက နာမည်ကျော် ဂျော့ရှ်တောင်းတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ကလေးအခွင့်အရေးကော်မတီမှာ ရွေးချယ်ခံရပြီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ အုပ်ချုပ်သူ အစိုးရနဲ့ ပတ်သက်ပြီး ဆက်ဆံရာမှာ အတွေ့အကြုံ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ ဘယ်နိုင်ငံသားကိုပဲ ခန့်အပ် တစုံတရာ ပြောဆိုဖို့ မလိုပေမယ့် ဘယ်သူပဲလာလာ မျှတတဲ့ အမြင်သဘောထားရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“မည်သူပဲလာသည်ဖြစ်စေ မျှတတဲ့အမြင်သဘောထားရှိဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေ တကယ့်ဖြစ်ရပ်မှန်တွေပေါ်မှာ မူတည်ပြီးတော့ လူ့အခွင့်အရေး တိုးတက်လာဖို့ ဆောင်ရွက်တာမျိုးကို ကျနော့်အနေနဲ့ လိုလားပါတယ်။”

ပမာဏ ရွေးချယ်ခံထားရတဲ့ ဂိုင်းဟော်တန်ကတော့ မစ္စလီကို ခန့်အပ်ခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့ အရမ်းခက်ခဲတဲ့ အခြေအနေကို သူက ရယူလိုက်တယ်လို့ ပြောပါတယ်။

ဒါအပြင် ကင်တားနားက မြန်မာနိုင်ငံက လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာကို သတိထားပြီး လီက ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးသံတမန်ဟောင်း မစ္စတာ ကင်တားနား ကတော့ တာဝန်က အနားမယူခင် မြန်မာ့ရဲ့ အခြေတည်စ ဒီမိုကရေစီက လာမယ့် နှစ်တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ် ၊ ၂၀၁၁ စစ်အာဏာရှင်ကနေ အရပ်သား အစိုးရ ခေါင်းဆောင်မှုကို လွှဲပြောင်းပေးပြီးကတည်းက တိုးတက်မှုတွေကို ဖျက်ဆီးမယ့် စွမ်းရည်ဟာ တချို့လူတွေဆီမှာ ရှိနေတယ်လို့ အစီရင်ခံစာ ရေးသားခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့တာ၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာတာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ပွင့်လင်းလာတာ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကို အဆုံးသတ်စေတာတွေကို သူတာဝန်ယူခဲ့တဲ့ ၆ နှစ်အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေကို ယူဆောင်ပေးတဲ့ မြန်မာမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲအဖြစ် မှတ်ယူခဲ့တယ်လို့ ကင်တားနားက ဆိုပါတယ်။

DVB Tv News

မစ္စ ရန်ဟီးလီ
မစ္စ ရန်ဟီးလီ
ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ် လိုက်ပါတယ်။

ပျူမြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလအတွင်း တင်ပြမည်

နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေး မြို့တော် ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီး သည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်

Photo: မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်
Friday,May 9, 2014 

ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စရပ်များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

ရေထုတ်မြောင်းများတူးဖော် ရာတွင် ရပ်ကွက်များအတွင်းရှိ လမ်းများကိုယန်္တရားများဖြင့် ဖြတ် တောက်တူးဖော်လျက်ရှိပြီး ယင်း တူးဖော်ထားသောနေရာများတွင် တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်နိုင်မှုမရှိခြင်းများရှိနေ သောကြောင့် ယင်းသို့အခက်ကြုံ နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

““ကျွန်တော်တို့ ဒဂုံအရှေ့ပိုင်း ၄ ရပ်ကွက်ဗိုလ်ပျိုလမ်းဆိုရင် ဆယ်ပေအကျယ်လောက်ဖြတ် တောက်ထားပြီး လုပ်ငန်းရပ်ဆိုင်း ထားတာ တစ်လလောက်ရှိနေပြီ ဆိုတော့ ရပ်ကွက်နေပြည်သူတွေ သွားရေးလာရေးခက်ခဲပြီး ညရေး ညတာကျန်းမာရေး၊ အဘိုးအဘွား တွေ သွားလာရေး၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ စီးပွားရေးအကုန် အခက်အခဲတွေ့နေရပါတယ်။ အကာအရSafety side  များ မထားခြင်းကြောင့် တစ်လောကပဲ ညအချိန်မှာ လူငယ်တစ်ဦးစက်ဘီး နဲ့အတူပြုတ်ကျပြီး ပြင်းထန်ဒဏ် ရာတွေရရှိခဲ့ပါတယ်။ ၈ ရက်နေ့ ကလည်း လမ်းအတွင်းဘက်က လူတစ်ယောက် ၉၆ ပါးရောဂါနဲ့ သေဆုံးသွားလို့ အလောင်းထုတ် ဖို့ရာ နာရေးကူညီမှုကားလာလို့ မရဘူးဖြစ်နေတယ်။ လယ်ကွင်း တွေရှိတဲ့ဘက်ကလှည့်ထုတ်ရမှာ ဆိုတော့ ဖြတ်သန်းရမယ့်အိမ် တွေကိုလည်း ဆယ်အိမ်ရှိရင် ကန်တော့ပွဲဆယ်ပွဲပေးရမယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆို သည်။

“လေးမြို့နယ် စီမံကိန်းဆိုပြီး ယန်္တရားတွေနဲ့ အနက်ကြီးတူးထား ပြီး ဆက်မလုပ်ဘဲထားတော့ လမ်းသူလမ်းသားတွေအကုန်လုံး ဒုက်္ခတွေ့နေရတယ်။ အခြားလမ်း တွေကပတ်ပြီး အလုပ်သွားအလုပ် ပြန် ကျန်းမာရေး၊ စီးပွားရေးကိစ်္စ တွေအတွက် မလိုအပ်ဘဲ အချိန် ကုန်ပင်ပန်းနေရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကစောင့်ရှောက် မှုလုံးဝမပေးထားလို့ လူတစ် ယောက်လည်းပြုတ်ကျသွားပြီးပြီ။ မေလ ၂၁ ရက်နေ့ အစိုးရကို အပြီးအပ်ရမယ်လို့ ကန်ထရိုက် တစ်ယောက်ဆီကတော့ ကြား ထားတယ်။ လုပ်ငန်းကျတော့ အခုအချိန်ထိရပ်ထားတုန်းပဲ”ဟု ၎င်းလမ်းတွင်နေထိုင်သNLD ပါတီဝင်တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင်လည်း ဖြတ်တောက်တူးဖော်ထားသော လမ်းနေရာများတွင် ဆက်လက် တည်ဆောက်မှုမရှိပဲ ကြန့်ကြာ နေခြင်း၊ တည်ဆောက်ပြီးသော် လည်း မြေကြီးပုံများဖယ်ရှားရှင်း လင်းမှုမပြုသေးခြင်းများကြောင့် လမ်းပိတ်ဆို့ကာအခက်အခဲများ ကြုံနေရကြောင်း သိရသည်။

““သွားရေးလာရေးခက်တယ်။ ကွေ့ဝိုက်သွားနေရတယ်။ ရေ ရောင်းတဲ့သူတွေတော်တော်နဲ့ လမ်းထဲမရောက်လာလို့ သောက် ရေ၊ သုံးရေအခက်အခဲဖြစ်တယ်။ ပွင့်လင်းရာသီဖြစ်လို့ အိမ်အပြောင်း အရွှေ့ပစ္စည်းသယ်ဖို့ခက်တယ်။ လမ်းထဲကားဝင်လို့မရဘူး။ ပြန်ခင်း ပြီးတဲ့ လမ်းတချို့လဲ မြေကြီးပုံ တွေ ပိတ်ထားတုန်းပဲ””ဟု အဆိုပါ အိမ်ရာနေသူတစ်ဦးက ပြော သည်။

မြို့နယ်နေသူများအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ပေးသည်ကို ၀မ်းမြောက်ကြိုဆိုကြသော်လည်း ရပ်ကွက်လမ်းများကိုဖြတ်တောက် တူးဖော်ပြီးသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်စေလိုပြီး တည်ဆောက်ပြီးသည့်လမ်းများကို လည်း လုပ်ငန်းခွင်မှပစ္စည်းပစ္စယ များ ဖယ်ရှားရှင်းလင်း၍ အမြန် ပြန်လည်ဖွင့်လှစ်ပေးရန်လိုလား လျက်ရှိကြောင်း သိရသည်။

Hot News
ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေး ကိစ္စရပ် များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ

Photo: သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ
Friday,May 9, 2014 

မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား သို့ ကလေးဝဆရာတော်၊ ရွှေသု ၀ဏ် ဆရာတော်၊ ရွှေတွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ယင်းစင်တာတွင် ပထမ အကြိမ်အဖြစ် သီလရှင်အပါး ၃၀ လက်ခံသင်ကြားသွားမည်ဖြစ်ပြီးDhamma moli International Buddhist Education Centre (DIBEC)  အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များမှ အသိအမှတ်ပြုထားကြောင်း၊ မြန်မာနိုင်ငံအစိုးရကလည်း လိုအပ် သည့် အကူအညီများကိုပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ယင်းအခမ်း အနားသို့ ကြွရောက်ချီးမြှင့်သည့် ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။

“ဒီနေ့အော်နေတဲ့ လူ့အခွင့် အရေးဆိုနှစ် ၇၀ ပဲရှိသေးတယ်။ ဗုဒ်္ဓအဖွဲ့အစည်းမှာ နှစ်ပေါင်း ၂၆၀၀ ရှိနေပြီ။ လိင်ခွဲခြားမှုမရှိ ဘူး။ ဒါကြောင့် အခုဆရာလေး တွေလည်း ကျင့်မယ်ဆိုရင် အရိယာဖြစ်နိုင်တယ်။ ရဟန္တာ အထိဖြစ်နိုင်တယ်။ ဆရာတော် ကြီးတွေ သြ၀ါဒပေးသလိုစာတတ် စကားတတ်ပြီး သာသနာပြုကြ ပါ။ အဓိက အသိတတ်အောင် ကျင့်ပြီး သာသနာပြုဖို့တိုက်တွန်း ချင်တယ်။ ဒီစင်တာက ထေရ၀ါဒ ကို အကောင်းဆုံးသာသနာပြုနိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါ တယ်”ဟု ဆရာတော်က မိန့်သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တွင် အမျိုးသမီးများအတွက် ဘိက်္ခူနီ သာသနာကို ခွင့်ပြုတော်မူခဲ့ပြီး နှစ်ပေါင်း ၅၀၀ တည်တံ့ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ်မင်းတုန်းမင်း လက်ထက်၌ သီလရှင်သာသနာ အဖြစ်စတင်ပေါ်ထွန်းခဲ့ကြောင်း ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။  

Hot News
မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကလေးဝဆရာတော်၊ ရွှေသုဝဏ် ဆရာတော်၊ ရွှေ တွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

နန်းတော်ရာကန်မြေပေါ်ရှိ ကျူးကျော်နေထိုင်သူများထဲမှ တစ်ဦးတည်းသာ တရားစွဲခံရ

ဒိုက်ဦး၊ မေ ၈- ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံ ကျေး ရွာအုပ်စု မြို့ရိုးကျေးရွာရှိ ကွင်း အမှတ်(၃၃၁/ကခ) ကောလိယမြို့ အမည် ရှိသော မြို့ရိုးကျေးရွာကျက် သရေဆောင် နန်းတော်ရာကန်ကြီး ရှိ မြေနေရာ ၌ နေထိုင်သူတစ်ဦးကို ကျူးကျော်နေသည်ဟုဆိုကာ ကျေး ရွာအုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖတစ် ဦးတို့မှပူးပေါင်း၍ ဧပြီ၅ရက်က တရား စွဲဆိုမှုပြုလုပ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?

Photo: KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?
Friday,May 9, 2014

အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အရေအတွက် ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀ % သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော် နေထိုင်ကြတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ရှုပ်ထွေးမှု တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး သိထားတာကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်လာခဲ့တဲ့ မြန်မာနိုင်ငံ ထဲမှာ ကချင်ပြည်နယ်က လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုချင်တာလား၊ ဒါမှမဟုတ် ကချင်လူမျိုးတွေ သီးခြားနေထိုင်ချင်တဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ခွင့် မရလို့ လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုတာလား မေးစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ရဲ့စကားဟာ KIA ဒုစစ်ဦးစီးချုပ်တစ်ယောက်ဆီက ထွက်သင့်တာမဟုတ်ဘဲ KIA တပ်သားတစ်ယောက်ဆီက ပြောထွက်သင့်တဲ့ စကားဘဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ KIA ဟာ ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတာဆိုတဲ့ ၀ါဒမှိုင်းတွေ အသွင်းခံ ရပြီး တောထဲမှာပဲ ကျင်လည်နေရလို့ ဖြစ်ပါတယ်။

ကချင်လူထုအများစုကတော့ သီးသန့်နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီမိုကရေစီလမ်းကြောင်း အရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကိုပဲ လိုလားခဲ့ကြတာပါ။ အတိတ်ဆီ ကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်ရေးအယူအဆကို ကိုင်စွဲခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးပါပြီ၊ အခုလည်း သူများနဲ့ထူးပြီး အာချောင်လာတဲ့ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ စကားကြောင့် အတိတ်ကလို တိုက်ပွဲတွေနဲ့ အရုပ်ဆိုး အကျည်းတန်မှာကို စိုးရိမ်မိပါတယ်။

လွတ်လပ်ရေးလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကာယကံရှင် KIA ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော်သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence လို့ သုံးနှုန်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ I ဆိုတာ Freedom ကို ဆိုလိုတာ ဖြစ်ကြောင်း သူကိုယ်တိုင် မြစ်ကြီးနားက ကချင်လူထုနဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့ပါတယ်။ အဲဒီစကားအတိုင်းပဲ ကချင်လူထုက သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်ရရေးအတွက် တောင်းဆိုတာဆိုရင် လက်ခံ မှာဖြစ်ပြီး ပြည်ထောင်စု က ခွဲထွက်ရေးအတွက် တောင်းဆိုလာရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောကြားချက် ဟာ ပြည်ထောင်စုမှ ခွဲထွက်ရေးကို မဆိုလို ပေမယ့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်မဟုတ်သော ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားများအတွက် လက်မခံနိုင်သော အခြေအနေဖြစ်နေပြီး လူမျိုးရေး စိတ်ဓာတ်လွန်ကဲမှုနဲ့ အစွန်းရောက်နေသူလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ 

အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ အစွန်းရောက်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူမျိုးရေးမုန်းတီးစိတ်နဲ့လုပ်ရင် ဒီမိုကရေစီ လမ်းကြောင်းထဲက နေ ဘေးထုတ်ခံရတော့မှာ ဖြစ်သလို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလဆီက အတိတ်ဆိုးမျိုးတွေကိုပဲ ကချင်လူမျိုး တွေ ခံစားရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် အဲ့ဒီလို အကျိုးမဲ့ဖြစ်ရပ်တွေ ဖြစ်လာ မယ်ဆိုတာ သိနေရက်နဲ့ KIA လွတ်လပ်ရေးတောင်းဆို ပြီလား မေးစရာ ဖြစ်နေပါတော့တယ်။ 

အင်ခွန်နော်
အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ် လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင် တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့ မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။

"အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"

Photo: "အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"
Friday,May 9, 2014

မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။ 

“စတိတ်ရှိုးတွေမှာ မိန်းကလေးတွေ အများကြီးနဲ့ မလုပ်ဖူး သေးဘူး။ အရင်တုန်း က အယောက် ၄ဝ ကျော်လောက် လုပ်တော့ လုပ်ဖူး ပါလိမ့် မယ်။ ကျွန်မက ဘယ်လို စီစဉ်ဖြစ်တာ လဲဆိုတော့ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း အဆိုတော်တွေကို ပြေပြေပြစ်ပြစ် နဲ့ဆိုတာကို မြင်စေချင်တဲ့ အတွက် စီစဉ်ဖြစ်တာပါ။ နောက်တစ်ခု က မတွဲဖူးသေးတဲ့ သူတွေရော၊ ဆိုထားတဲ့ အထဲမှာပါ ပုံစံလေးတွေ မတူအောင် ရသပေးစွမ်းနိုင်မယ့် ပွဲလေး ဖြစ်စေချင်လို့ပါ။ အများဆုံး ဆိုရမှ တစ်ယောက်ကို ၃ပုဒ်၊ ၄ပုဒ်ပါပဲ။ သီချင်း လေးတွေကို အရင်တုန်းက ပုံစံမျိုး မဟုတ်ဘဲ၊ တစ်ယောက် နဲ့ တစ်ယောက် ခေါ်တဲ့ အခါကျရင် ထူး ထူးခြားခြားလေးဖြစ်အောင် Perform လုပ်မယ် လို့တော့ စိတ်ကူး တယ်။ အဓိကက သီချင်းလေးတွေ လှလှပပလေး တွေဖြစ်အောင်၊ အားလုံး ကလည်း ဆိုနိုင်ကြတဲ့ သူတွေ ချည်းပဲဆိုတော့ ရသကောင်းကောင်း ပေးဖို့တော့ စိတ်ကူးရှိပါတယ်”ဟု မေဆွိက ရှင်းပြသည်။

မျိုးမောင်
Popular Journal
မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။

ရှမ်းပါတီကြီးနှစ်ခု ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိ

ရှမ်းအမျိုးသား ဒီမိုကရေစီပါ တီ (SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့၏ တွေ့ဆုံဆွေးနွေးပွဲ တွင် နှစ် ပါတီ ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်နှင့် ကဏ္ဍအသီးသီးတွင် လက်တွဲလုပ်ကိုင် သွားကြရန် သဘော တူညီမှုရရှိခဲ့ကြကြောင်း အဆိုပါ ပါ တီနှစ်ခုမှ ပြောရေးဆိုခွင့်ရှိသူများက ပြောခဲ့သည်။

အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူးယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့ စီစဉ်နေပြီး လက်ရှိမှာ  အမျိုးသမီးယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါနေပြီလို့ သိရပါတယ်။  မကြူကြူခိုင် ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင် လာတာဖြစ်ပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Friday, May 9, 2014

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
 
MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မှာ နေ ရာ စိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရ

Photo: အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရ
Friday, May 9, 2014

ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကိုကိုင်တွယ်နေသံကို 
အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

ရန်ကင်းမြို့နယ် ၊မေတ္တာရိပ်သာလမ်းဆုံ ၁၂ ရပ်ကွက်မှာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး (ခ)အကြီးကောင်က သူ့အိမ်မှာ ပုံမှန် မနက် အစောဘက်ဆို ထမင်းချက်၊ရေနွေးတည် လုပ်ပေးသလို သူတို့နေတဲ့အိမ်ရှေ့ ခြံဝန်းကိုသန့်ရှင်းရေးလည်း လုပ်တယ်။

ရပ်ကွက်ထဲမှာလည်း မြောင်းဖေါ်တာတာဘာညာလည်း ကိုမင်းမင်းဦးပါပါတယ်။
အသတ်ခံရသူ ကိုမင်းမင်းဦးရဲ့ဇနီးဖြစ်သူ မဇင်ဇင်အောင်က “သူဆုံးပြီးပေမယ့်လည်း
မနက်သူထနေကျအချိန်ဆိုရင်အဲ့လို အိုးသံခွက်သံ၊ပန်းကန်သံတွေကြား
ရတတ်တယ်။

သူက ခြံထဲမှာ မျက်ရှင်းတယ်။ပြီးရင် သူ့ယောက္ခမဆီက ကွမ်းဖိုးတောင်းတတ်တယ်။သူ့ပါးစပ်ထဲမှာ အမြဲတမ်းကွမ်း
ရှိတယ်။ တနေ့ သူ ပုံမှန်ခြံရှင်းပြီးချိန်လောက်မှာ ဒေါ်ကြီးရေ၊ဒေါ်ကြီးရေ ဆိုတဲ့ ခေါ်သံ
ကြားရတယ်။

ကျွန်မအေမက အော်အကြီးကောင်တော့ ကွမ်းဖိုးလာတောင်းတာလားမသိဘူးလို့
ပြောတယ်” လို့ပြောပါတယ်။

တစ်လပြည့် ဆွမ်းကျွေးတော့ ဘုရားဆွမ်းတော်ကပ်ထားတာကို သွားကျွေးပြီး
ကလေးတွေကြောက်အောင်လာလာမပြနဲ့တော့ဆိုတော့ လာမပြတော့ဘူးလို့ မဇင်ဇင်အောင်ကဆိုပါတယ်။

မဇင်ဇင်အောင်က “ကျွန်မတိုက်ကြီးကို ဧပြီလ ၂၂ ရက်နေ့ကသွားတော့
ကွမ်းငုံပြီးစားထားတဲ့ အသံနဲ့ မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုလာခေါ်တယ်။ ကျွန်မ အမတွေက လည်း ညဘက်ဆိုတော့ တံခါးမဖွင့်ပေးဘူး။နောက် ည ၁ နာရီလောက်မှာ တစ်ခါ လာတယ်။

မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုပြီးလာခေါ်တာမျိုးကြားရတယ်။မနက်ကျတော့ ကျွန်မ အမတို့က သူတို့ ထင်တဲ့သူကို ညဘက်နင်လာသေးလား ဆိုတော့ အဲ့ဒီ့ကောင်လေးက မလာဘူးလို့ ဖြေတယ်။

ကျွန်မကတော့ ကျွန်မ ယောကျာင်္းအသံဆိုတာ မှတ်မိတယ်။သူက သူအသက်ရှိစဉ်ကတည်းက အိမ်လည်တာမျိုးကို မကြိုက်ဘူးလေ” လို့ပြောပါတယ်။
အဲ့သည့်တိုက်ကြီးကိစ္စက တစ်လပြည့် ဆွမ်းကျွေး အပြီးမှ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။
အိမ်နားမှာတော့ အသံဗလံ ကြားရတာမျိုးမရှိတော့ဘူးလို့ဆိုပါတယ်။

The Modern News Journal
ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကို ကိုင်တွယ်နေသံကို အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

တောင်ကြီးအား/ကာသိပ္ပံ ပထမပညာသင်နှစ်တွင် အားကစားနည်း ၁၀ မျိုး သင်ကြားပေးမည်

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကျောင်းသားများအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် တောင်ကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းကို ဇွန်လပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ပထမပညာ သင်နှစ်တွင် အားကစားနည်း ၁၀ မျိုးအတွက် ကျောင်းသားဦးရေ ၁၀၀ ကျော်ကို လက်ခံသင်ကြားပေး မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသည့် ဦးစီး အရာရှိက ပြောကြားသည်။

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး

ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လို ချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေး မှုများ ပေါ်ပေါက် လာနိုင် သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ဒွဲဘူက ပြော

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲ များလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထို့ပြင် KIA နှင့် ကချင်တိုင်းရင်းသားအချို့အကြား လူမျိုးစွဲအခြေခံသည့် ပြင်းထန်သော အယူအဆများရှိနေပြီး “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်လိုခြင်း အယူဆများလည်း ကာလရှည်ကြာကတည်းက ရှိနေခဲ့သည်။ ထိုအချိန် တွင် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ခါစ ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပါသည်။

အော်ရီဒူးနှင့် MPT ဆက်သွယ်ရေးကွန်ရက် စတင်ချိတ်ဆက်

မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ အော်ရီးဒူးနှင့် မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက်ကာ အပြန်အလှန် ခေါ်ဆိုမှုများ ပြုလုပ်နိုင် ရန် ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။

နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ အငြိမ့်ကမည်

Photo: နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ အငြိမ့်ကမည်
Friday, May 9, 2014

Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါအငြိမ့်ပွဲနှင့်ပတ်သက်ပြီး ဟာသသရုပ်ဆောင် ကျော်ထူးက ''ကျွန်တော်တို့အငြိမ့်ကို ကြိုးစားပြီး တင်ပြသွား မှာပါ။ ခင်ဝင့်ဝါနဲ့ နန်းခင်ဇေယျာကိုလဲ ဆရာ၊ ဆရာမတွေ နဲ့ အကတွေကို သေချာသင်ခိုင်းထားပါတယ်။ ကျွန်တော်တို့ ဘက်ကလဲ ပြက်လုံးတွေကို သေချာဂရုတစိုက် လုပ်ထားပါ တယ်။ အငြိမ့်လောကမှာ ပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် တက်လာတဲ့အဖွဲ့တွေက မော်တော်ပီကယ်မကောင်း ကြောင်း၊ အုပ်ချုပ်ရေးမှူး မကောင်းကြောင်း ပြက်လုံးထုတ်ကြတယ်။ နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ အပ်ကြောင်း တွေ ထပ်နေပါပြီ။ ကျွန်တော်တို့က အဲဒီအပ်ကြောင်းတွေထဲက ခွဲ ထွက်ပြီးတော့ ပရိသတ်တွေရင်ထဲကိုရောက်စေမယ့် ပြက်လုံးတွေ ကို တင်ဆက်သွားမှာပါ''ဟု ပြောသည်။

ထူးထူးခြားခြား တင်ဆက်သွားမည်ဖြစ်သည့် အဆိုပါအငြိမ့် ပွဲကို ဇွန် ၁ ရက် ည ၇ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အခမဲ့အငြိမ့်ပွဲဖြစ်ကြောင်း သိရသည်။

Yangon Media Group
Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အပစ်အခတ်ရပ်စဲရေး မှုကြမ်းပါ အချက်များ ပြည်သူလူထုကိုချပြသင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်မှုကြမ်းပါ အချက်အလက် များကို ပြည်သူလူထုကို ချပြသင့်သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီ ကပြော သည်။

တရားဝင်ကွာရှင်းခွင့်လျှောက်ထားတာ နှစ်ဦးသဘောတူဖြစ်တယ်လို့ လင်းဇာနည်ဇော်ပြော

Photo: တရားဝင်ကွာရှင်းခွင့်လျှောက်ထားတာ နှစ်ဦးသဘောတူဖြစ်တယ်လို့
လင်းဇာနည်ဇော်ပြော
Friday, May 9, 2014

၁၄နှစ်ကျော်ခွဲနေပြီးမှ ကွာရှင်းခွင့်လျှောက်ထားတာဟာ နှဏ်ဦးသဘောတူ
ပြုလုပ်တာဖြစ်ပြီး သမီးဖြစ်သူအတွက်လည်း ဘယ်လိုပြသနာမျိုးမှ
ဖြစ်လာမှာမဟုတ်ဘူးလို့ ခင်ပွန်းဖြစ်သူရဲကိုကိုနဲ့တရားဝင်ကွာရှင်းခွင့်လျှောက်
ထားမှုနဲ့ပက်သက်ပြီး လင်းဇာနည်ဇော်က ပြောပါတယ်။

လင်းဇာနည်ဇော်က "တရားရုံးမှာတရားဝင်ကွာရှင်းခွင့်လျှောက်ထားရတာ
ကသူကအခုပြည်ပမှာပါ။ကွာရှင်းဖို့လက်မှတ်ထိုးတာက နှစ်ယောက်လုံး
အတူထိုးမှတရားဝင်ဖြစ်မှာ။ရုံးမှာလုပ်မှတရားဝင်ဖြစ်မှာမလို့ တစ်ယောက်
နဲ့တစ်ယောက်နားလည်မှုနဲ့နှစ်ဦးသဘောတူခုလိုလုပ်ဖြစ်တာပါ။မုန်းလို့
မဟုတ်ပါဘူး။အနှောင်အဖွဲ့တွေမဖြစ်စေချင်တာကြောင့်ပါ" လို့ပြောပါတယ်။

The Modern News Journal
၁၄နှစ်ကျော် ခွဲနေပြီးမှ ကွာရှင်းခွင့်လျှောက်ထားတာဟာ နှဏ်ဦးသဘောတူ ပြုလုပ်တာဖြစ်ပြီး သမီးဖြစ်သူ အတွက်လည်း ဘယ်လိုပြသနာမျိုးမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ခင်ပွန်းဖြစ်သူရဲကိုကိုနဲ့တရားဝင် ကွာရှင်း ခွင့်လျှောက် ထားမှုနဲ့ပက်သက်ပြီး လင်းဇာနည်ဇော်က ပြောပါတယ်။

မိုးရာသီကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည်ဟုဆို

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်း စတင် ဝင်ရောက်သည့် နေ့မှစ၍ မိုးနှောင်းကာလအထိ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းများ အားကောင်းလာကာ မုန်တိုင်း သုံးကြိမ် ခန့် ဖြစ်ပေါ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန် ထားသည်။

အမေ့ခြေရာခံယူနည်း


မိဘခြေရာကို ခံယူကိုးကွယ်လိုသည့် သားသမီးတို့သည် ရှေးဦးစွာ မိဘနှစ်ပါး ကို မြင့်မြတ်သော ကုလားထိုင်၊ ခုတင်ပေါ်တွင်ထိုင်စေ၍ ရိုသေစွာ လက်အုပ်ချီ ကန်တော့ပြီး ခြေရာကို တောင်းခံရပါသည်။( မိဘနှစ်ပါးလုံးမရှိလျှင် ရှိသည့် အမေ သို့မဟုတ် အဖေကို ယူနိုင်ပါသည်)။