Thursday, 8 May 2014

ကွန်တိန်နာသေတ္တာပိမိသဖြင့် အမျိုးသား(၂)ဦးသေဆုံး

Photo: ကွန်တိန်နာသေတ္တာပိမိသဖြင့် အမျိုးသား(၂)ဦးသေဆုံး
Thursday, May 8, 2014

၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာ
သေတ္တာပိမိ၍ သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း
မြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှစ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင်
နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံးတို့တွင် ညိုမဲဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာ
သေတ္တာများ အတင်အချပြုလုပ်သည့် ယန္တယားအား ထွန်းအောင်ရွှေ၊ (၂၇)နှစ်၊ (ဘ)ဦးထွန်းရှင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှ
မောင်းနှင်ပြီး ကွန်တိန်နာသေတ္တာအားချစဉ် ကွန်တိန်နာသေတ္တာများ
ကြား၌အိပ်ပျော်နေသော ၎င်းတို့(၂)ဦးကိုပိမိသဖြင့် သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ ယန္တယားမောင်းသူ ထွန်းအောင်ရွှေအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၂၉၄ /၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့ နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာ သေတ္တာပိမိ၍ သေ ဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ပန်းတောင်းမြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှ စ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင် နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံးတို့တွင် ညိုမဲဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

Photo: ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး
Thursday, May 8, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ပတ်ဝန်း ကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူများအား မေ ၅ ရက်မှစ၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၆ ရက်တွင် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

ထို့အတူ ယနေ့တွင်လည်း အမ်းမြို့နယ် မင်းတက်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၈၉ ဦး တို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ပတ်ဝန်း ကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူများအား မေ ၅ ရက်မှစ၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၆ ရက်တွင် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် သည်။

အယ်လက်ပိုမြို့မှာ အင်အားပြင်း ဗုံးပေါက်ကွဲ

Photo: အယ်လက်ပိုမြို့မှာ အင်အားပြင်း ဗုံးပေါက်ကွဲ
Thursday, May 8, 2014

 ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရ တပ်ဖွဲ့ တွေရဲ့ အခြေစိုက် စခန်း တစ်ခုအဖြစ် အသုံးပြုတဲ့ အယ်လက်ပို မြို့က ဟိုတယ် တစ်ခုမှာ အင်အားပြင်း ဗုံးပေါက်ကွဲမှာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ အယ်လက်ပိုမြို့ရဲ့ အလယ်ခေတ် ခံတပ်နဲ့ ကပ်ရပ်မှာ ရှိတဲ့ Old City က Carlton ဟိုတယ်ကို ထိခိုက်ခဲ့ပါတယ်။

အစ္စလာမ် သူပုန်တွေက ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲမှာ ပေါက်ကွဲမှု ဖြစ်ရာ နေရာက မီးခိုးလုံးကြီးတွေ ထွက်လာတာကို မြင်ရပါတယ်။

သူတို့က စစ်သား ၅၀ လောက် အထိ သေဆုံးတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တခြား အတိုက်အခံ သတင်းရပ်ကွက်က ပြောဆိုတဲ့ အရေအတွက်ကတော့ အဲဒီထက် နည်းပါတယ်။

သူပုန်တွေဟာ ဟိုတယ်အောက်မှာ သူတို့ တူးထားခဲ့တဲ့ မြေအောက် လှိုဏ်ခေါင်းအတွင်း ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြား ထောင်ထားခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

ဟိုတယ်က လုံးဝ ပြိုကျသွားပြီး အနီးအနားက သမိုင်းဝင် အဆောက်အဦးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အယ်လက်ပိုမြို့က Carlton ဟိုတယ် ပြိုကျသွားတဲ့ ဗုံးခွဲတိုက်ခိုက်မှု
အယ်လက်ပိုမြို့က Carlton ဟိုတယ် ပြိုကျသွားတဲ့ ဗုံးခွဲတိုက်ခိုက်မှု
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရ တပ်ဖွဲ့ တွေရဲ့ အခြေစိုက် စခန်း တစ်ခုအဖြစ် အသုံးပြုတဲ့ အယ် လက်ပို မြို့က ဟိုတယ် တစ်ခုမှာ အင်အားပြင်း ဗုံးပေါက်ကွဲမှာ တစ်ခု ဖြစ်ခဲ့ပါတယ်။

Yingluck Shinawatra ဆန်စပါးကိစ္စ ပေါ့ဆ

Photo: Yingluck Shinawatra ဆန်စပါးကိစ္စ ပေါ့ဆ
Thursday, May 8, 2014

ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ဟာ ဥပဒေကြောင်း နောက်ထပ် အရေးနိမ့်မှုတခုနဲ့ ထပ်ပြီး ရင်ဆိုင်ရပါတယ်။ အငြင်းပွားဖွယ် ဆန် ရောင်းဝယ်ရေးအစီအစဉ်မှာ ပေါ့ဆမှုအတွက် အပြစ်ရှိတယ်ဆိုပြီး ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်လိုက်တာပါ။

ဆန်အစီအစဉ်နဲ့ပတ်သက်ပြီး မစ္စယင်းလပ်အပေါ် အရေးယူဖို့ လုံလောက်တဲ့ အထောက်အထားရှိတယ်လို့ ကော်မရှင် ဒီကနေ့မှာ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာပါ။ အဲဒီအစီအစဉ်ဟာ လာဘ်စားမှုတွေနဲ့ပြည့်နေပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ အလဟဿ ဖြစ်ခဲ့ရတယ်လို့ ၀န်ကြီးချုပ်ဟောင်း ကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီအမှုဟာ အခု အထက်လွှတ်တော်ရှေ့ ရောက်သွားပြီဖြစ်ပြီး မစ္စယင်းလပ်ကို အရေးယူရေး မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပြီးတော့ အတည်ဖြစ်ခဲ့မယ် ဆိုရင် နိုင်ငံရေးကနေ ငါးနှစ်အထိ ပိတ်ပင်တားမြစ်ခံရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်း အခြေခံဥပဒေတရားရုံးက တရားသူကြီးတဦးရဲ့ အိမ်ထဲကို ဒီကနေ့မှာပဲ လက်ပစ်ဗုံးတလုံး ပစ်သွင်းခဲ့ တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။ ၀န်ကြီးချုပ်ကို ရာထူးကဖယ်ရှားပစ်ဖို့ အခြေခံဥပဒေ တရားခုံရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ် ခဲ့တာပါ။

ဒီကနေ့မနက်အစောပိုင်းက ပစ်ခဲ့တဲ့ လက်ပစ်ဗုံးကြောင့် တရားသူကြီးရဲ့ ဘန်ကောက်မြို့တော်က နေအိမ်ခေါင်မိုးနဲ့ ကားတစီး အနည်းငယ်ပျက်စီးသွားပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra။ (မေ ၇၊ ၂၀၁၄)
ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra။ (မေ ၇၊ ၂၀၁၄)

ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ဟာ ဥပဒေကြောင်း နောက်ထပ် အရေးနိမ့်မှုတခုနဲ့ ထပ်ပြီး ရင်ဆိုင်ရပါတယ်။ အငြင်းပွားဖွယ် ဆန် ရောင်းဝယ်ရေးအစီအစဉ်မှာ ပေါ့ဆမှု အတွက် အပြစ်ရှိတယ်ဆိုပြီး ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ် လိုက် တာပါ။

ရဲစခန်းတွင်အထိုးခံခဲ့ရသည်ဟု စာနယ်ဇင်းရှင်း

Photo: ရဲစခန်းတွင်အထိုးခံခဲ့ရသည်ဟု စာနယ်ဇင်းရှင်း
Thursday, May 8, 2014

ရဲစခန်းတွင်တရားခံတစ်ဦးအား သွားရောက်စုံစမ်းရာမှ ယင်းရဲစခန်း ၏စခန်းမှူးအပါအဝင် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရသည် ဟုဆိုကာ အရေးယူပေးရန် ယနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသူ ဦးအောင် သူက မီဒီယာများသို့ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်သူသည် ရန်ကုန်မြို့မှ ၄င်း၏နေရပ်ဖြစ်သော ရမည်းသင်းမြို့နယ် ပေါက်အိုင် ကျေးရွာသို့ရောက်ရှိစဉ် ရန်ကုန်မှ ၄င်း၏မိတ်ဆွေက ရွာတန်းရဲစခန်း တွင် ၄င်း၏ညီဝမ်းကွဲအဖမ်းခံနေရ ၍ အခြေအနေကို သွားရောက်မေး မြန်းပေးရန် အကူအညီတောင်းခဲ့ရာ ယခုနှစ် ဧပြီ ၁၆ရက် ည ၉နာရီ တွင်အဆိုပါရွာတန်းရဲစခန်းသို့သွား ရောက်ခဲ့ကြောင်း၊ အရပ်ဝတ်ဖြင့် လူတစ်ဦးအား တာဝန်မှူးရုံးခန်းကို မေးမြန်းရာ စခန်းအတွင်းမှအော် ဟစ်သောကြောင့်၎င်းပြန်ထွက်လာ စဉ် လူခုနစ်ဦးခန့်က ခြေထောက်ဖြင့် ကန်ကျောက်ပြီး လက်ထိပ်ခတ် ၍ စခန်းအတွင်း၌ ဒူးထောက်ခိုင်း ကာ လက်ထိပ်ခတ်ထားသော လက်ကိုကိုင်၍ ဝိုင်းဝန်းထိုးကြိတ် ခြင်းခံခဲ့ရကြောင်း ၄င်းကဆိုသည်။

ယခုအချိန်တွင် ဦးအောင်သူ သည်ယင်းရဲစခန်း၏တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့်ခံရထားရ ကြောင်း၊ ၄င်းသည်ရဲစခန်းသို့သွား ရောက်စဉ်က ရိုင်းပျစွာအော်ဟစ် ဆဲဆိုခြင်း၊လက်နက်များကိုင်ဆောင် သွားခြင်းမရှိခဲ့ကြောင်း၊ ၄င်းကိုဝိုင်း ဝန်းထိုးကြိတ်ပြီး သွေးထွက်သံယို ဖြစ်အောင်ပြုလုပ်ခဲ့သော ရွာတန်း ရဲစခန်းမှတာဝန်ရှိသူများကို အရေး ယူပေးပါရန် ဧပြီ ၂၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနသို့ လည်း ကောင်း၊ ယမန်နေ့က လူ့အခွင့် အရေးကော်မရှင်သို့လည်းကောင်း တိုင်ကြားစာများပေးပို့ ထားပြီးဖြစ် ကြောင်းသိရသည်။

လင်းလင်း
The Union Daily
ရဲစခန်းတွင်တရားခံတစ်ဦးအား သွားရောက်စုံစမ်းရာမှ ယင်းရဲစခန်း ၏စခန်းမှူးအပါအဝင် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရသည် ဟုဆိုကာ အရေးယူပေးရန် ယနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသူ ဦးအောင် သူက မီဒီယာများသို့ပြောသည်။

ပြည်မြို့တွင် အမိန့်ရအပေါင်ဆိုင် မီးလောင်


ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ ခေတ္တရာ မြို့သစ်ရပ်ကွက်တွင် မေလ၈ရက် နံနက်က အမိန့်ရ အပေါင်ဆိုင် တစ်ခု မီးလောင်ခဲ့ပြီး အပေါင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က မဇ္ဈိမပြောသည်။

နံနံစေ့က အစာအဆိပ်သင့်မှုကို သက်သာစေနိုင်


နံနံစေ့က အစာအဆိပ်သင့်မှုကို သက်သာစေနိုင် အီဂျစ် လူမျိုးတွေက ဗိုက်နာတဲ့ ဝေဒနာ သက်သာစေဖို့ နံနံပင်ကို သုံးခဲ့ကြပါတယ်။

ကျောက်ချဉ်


 ကျောက်ချဉ်သည် အရောင်ကင်း၍ ရှစ်မြှောင့် ခရစ္စတယ်ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။ ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ အလျူမီနီယမ် ဆာလဖိတ်(ဓာတ်ဆား) နှင့် ပိုတက်ဆီယမ် ဆာလဖိတ်(ဓာတ်ဆား) သို့မဟုတ် အမ်မိုးနီးယမ်း ဆာလဖိတ်(ဓာတ်ဆား)နှစ်မျိုးကို အညီအမျှရောစပ်ကာ အရည်ဖျော်၍ လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ် ကျောက်ချဉ်ကလေးများ ဖြစ်လာသည်။

ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

Photo: ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ
Thursday, May 8, 2014

ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ

Muslims Vent Anger over Nigeria Abductions

- နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ်ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

“ဒီလုပ်ရပ်ဟာ အစ္စလာမ်ရဲ့ မွန်မြတ်တဲ့ သွန်သင်မှုတွေနဲ့ ဘယ်လိုမှကို ဆက်နွယ်မှု မရှိပါဘူး။ ဒီမိန်းကလေးတွေကို ချက်ခြင်းလွှတ်ပေးဖို့ အလ်-အဇ်ဟာရ်က တောင်းဆိုပါတယ်” ဟု AFP သတင်း ဌာနက မေလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သော အလ်-အဇ်ဟာရ်၏ ကြေညာချက်တွင် ရေးသားထားသည်။

နိုက်ဂျီးရီးယားမြောက်ပိုင်း ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်း တစ်ခုမှ ကျောင်းသူ ၂၃၄ ဦးအား အစွန်းရောက် စစ်သွေးကြွအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို ပြန်ပေးဆွဲခဲ့ခြင်းအား နိုက်ဂျီးရီးယား အာဏာပိုင်များနှင့် ဘာသာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသည်။ အမေရိကန်နှင့် ယူကေတို့မှ မွတ်စလင်များကလည်း ဒေါသထွက်ခဲ့ကြပြီး၊ ထိုလုပ်ရပ်မှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြသည်။

“ဘိုကိုဟရမ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကလုပ်တဲ့ ရွံစရာကောင်းပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုက်ဂျီးရီးယားကျောင်းသူ ၂၀၀ ကိုပြန်ပေးဆွဲပြီး၊ ရောင်းစားမယ်လို့ ခြိမ်းခြောက်တာမျိုးကို အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာတွေက ခွင့်ပြု မထားပါဘူး။ ပျောက်နေတဲ့ ကျောင်းသူလေးတွေကိုရှာပြီး၊ သူတို့ကို ဖမ်းဆီးတဲ့သူတွေကို တရား ဥပဒေရှေ့မှောက်ရောက်လာအောင် လုပ်ဖို့ နိုင်ဂျီးရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမေရိကန်မွတ်စလင်များ၏ သက်တမ်း အရင့်ဆုံး အကူအညီပေးရေးအဖွဲ့ မြောက်အမေရိက အစ္စလာမ်အသင်း ISNA က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း CAIR၊ လန်ဒန်မွတ်စလင်အသင်းနှင့် အခြားသော အစ္စလာမ်အသင်းအဖွဲ့များကလည်း ဘိုကိုဟရမ်၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။

OnIslam & News Agencies
M-Media
ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာ တစ်ဝှမ်း မှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ
Muslims Vent Anger over Nigeria Abductions
- နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ် ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ရှက်ကီးရာရဲ့ ဒီနှစ် ကမ္ဘာ့ဖလား သီချင်း La... La... La

ကမ္ဘာကျော် အဆိုတော် ရှက်ကီးရာရဲ့ လာ. လာ… လာ ဆိုတဲ့ သီချင်းသစ် မနေ့ကပဲ ယူကျု ပေါ်ရောက် လာပါတယ်။

တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ

Photo: တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ
Thursday, May 8, 2014

မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။

အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ ကြောင်း သိ ရသည်။

ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။ ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ် နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။ ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့ သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက် တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး ဦးအေးမင်းထွန်းက ပြောသည်။

အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက် နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။

ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ် ငန်းရှင် အချို့ က ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal
မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည်တစ်မျိုးကို တွေ့ရှိရ ကြောင်း မန္တလေးတိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာမှ သိရသည်။

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

Photo: ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး
Thursday, May 8, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။

မိုးကြိုး ထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ (၇) ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊ အသက် (၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ် (၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

ငလျင်အပြီး မြေပြင်တုန်ခါမှုများ အများအပြားရှိဟု ထိုင်းငလျင်ဗျူရိုပြော

Photo: ငလျင်အပြီး မြေပြင်တုန်ခါမှုများ အများအပြားရှိဟု ထိုင်းငလျင်ဗျူရိုပြော
Thursday, May 8, 2014

 ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှုတွေ အများအပြားကို ထောက်လှမ်း မိထားတယ်လို့ ထိုင်းငလျင်ဗျူရိုက ပြောပါတယ်။

မေ ၅ ရက်နေ့ ညနေပိုင်းက ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်အပြီး ခုလို ဖြစ်တာလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒီ ငလျင်ဟာ ထိုင်းနိုင်ငံမှာ နှစ် ၆၀ အတွင်း အပြင်းထန်ဆုံးငလျင်လို့လည်း ထိုင်းငလျင် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဒီငလျင် လှုပ်ခတ်မှုကြောင့် လူ ၁ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရပါတယ်။ မေ ၇ ရက်နေ့ မနက် ၅ နာရီလောက်က ပြင်းအား ရစ်ချက်တာစကေး ၄ အထက်မှာ ရှိတဲ့ မြေပြင် တုန်ခါမှု ၃၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

လူအယောက် ၁ ထောင်လောက်နေတဲ့ မဲ့စလွေမြို့ထဲက ရွာပေါင်း ၁၃ ရွာကတော့ အဆိုးရွားဆုံး ပျက်စီးခဲ့ပြီး ဒေသခံတွေအတွက် အစားအစာနဲ့ ဆေးဝါး ကမ်းလှမ်းဖို့ ဒေသတွင်း ကျောင်းတကျောင်းရဲ့ ကလေးကစားကွင်းထဲမှာ ကယ်ဆယ်ရေးဌာန ဖွင့်ပေးထားပါတယ်။

ဌာနတွင်း ယာယီဆေးခန်းရှေ့မှာတော့ ရွာသားတွေ ကုသမှု ခံယူဖို့ တန်းစီ စောင့်နေကြပါတယ်။ လူနာအယောက် ၆၀ လောက်ထဲက တချို့က ငလျင်အပြီး စိတ်ပိုင်းသက်သာမှုတွေ ပေးဖို့ လိုနေတယ်လို့ ထိုင်းစစ်တပ် ဆေးတပ်ဖွဲ့ရဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။

ငလျင်ကြောင့် ဆက်သွယ်ရေးနဲ့ လမ်းပန်းအခြေအနေက ပြတ်တောက်မသွားဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နေလို့ အစားအစာနဲ့ သောက်ရေ ပြတ်လပ်မှုလည်း မရှိခဲ့ပါဘူး။

ဒီဗွီဘီ 
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှုတွေ အများ အပြား ကို ထောက်လှမ်း မိထားတယ်လို့ ထိုင်းငလျင်ဗျူရိုက ပြောပါတယ်။

ယခုလ ၁၅ ရက်အတွင်း မိုးကြိုမုန်တိုင်း ဝင်ရောက်နိုင်

Photo: ယခုလ ၁၅ ရက်အတွင်း မိုးကြိုမုန်တိုင်း ဝင်ရောက်နိုင်
Thursday, May 8, 2014 

ရန်ကုန်၊ ယခုလ ဒုတိယပတ်အတွင်း မိုးကြိုမုန်တိုင်းအန္တရာယ်သတိပြု ရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
လာမည့်မေ ၇ ရက်မှ ၁၃ ရက်အ တွင်း ဘင်္ဂလားပင်လယ်အော် တောင် ပိုင်းတွင် မုန်တိုင်းငယ်တစ်ကြိမ်ဖြစ် ပေါ်နိုင်ကြောင်းကို အမေရိကန် ပြည်ထောင်စုရှိ NOAA ( National Atmospheric Administration ) အဖွဲ့၏ IRI (Intenational Resarch Institute ) မှ ခန့် မှန်းထားသည်။

မုန်တိုင်းငယ်အဖြစ်နှင့် စတင် ဖြစ်ပေါ်လာမည့် အဆိုပါမုန်တိုင်း သည် တဖြည်းဖြည်းနှင့် အပူပိုင်းမုန် တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ အ ဆင့်အထိရောက်ရှိလာနိုင်သည်ဟု လည်း IRI က ဆိုထားသည်။
''စတင်ဖြစ်ပေါ်ရာဒေသ (Source region)ဟာ မုန်တိုင်းရဲ့ရွေ့ လျားမယ့်လမ်းကြောင်းနဲ့ အင်အား ကိုအဆုံးအဖြတ်ပေးသွားနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်း (ကို ကိုးကျွန်းရဲ့ အနောက်ဘက် Preparis Island အနီးရေပြင်)မှာ အစ ပျိုးဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန်မာ နိုင်ငံကိုဝင်ရောက်တတ်ပါတယ်''ဟု ဒေါက်တာထွန်းလွင်က သူ၏ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် အသိပေးထားသည်။
အတိတ်ကာလ စာရင်းအင်းဇ ယားများ (Historical Statiscal Analysis) အရ ၁၈၇၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၃၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကို ဝင်ရောက်ခဲ့ဖူးသော မုန်တိုင်း ၈၅လုံး၏ ၅၁ရာခိုင်နှုန်းသည် ဧပြီ ၂ဝရက်မှ မေ ၁၅ရက်အတွင်းဝင် ရောက်ခဲ့ဖူးသောကြောင့် မိုးကြိုကာ လမုန်တိုင်းအန္တရာယ်သတိထား ရန်လိုအပ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
သို့သော်ဘင်္ဂလားပင်လယ် အော်တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်း များအားလုံး၏ ၃၈ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့ပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကို ဝင်ရောက်ခြင်းမရှိခဲ့သည်ကိုတွေ့ ရသောကြောင့် မေလဒုတိယပတ် အတွင်းဖြစ်လာနိုင်သည့် မုန်တိုင်း သည် မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ ၃၈ ရာခိုင်နှုန်း သေချာမှုရှိသည်ဟု ယင်းကဆက်လက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းဖြစ်လာခဲ့ပါ က ၂ဝ၁၄ ခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဒုတိယမြောက် ဝင်ရောက်သော မုန်တိုင်းဖြစ်သော ကြောင့် 02B ဟု အမည်ပေးထား ကြောင်းသိရသည်။

Yangon Media Group
ရန်ကုန်၊ ယခုလ ဒုတိယပတ်အတွင်း မိုးကြိုမုန်တိုင်းအန္တရာယ်သတိပြု ရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။

မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည်

Photo: မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည် 
Thursday, May 8, 2014 

မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင် ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ စာတိုက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် နည်းစနစ် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန် ဆက်သွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၏ စာပို့နှင့် ချောပို့စနစ်ကို ပိုမိုခေတ်မီ၍ ရိုးရှင်း လွယ်ကူသော ဂျပန်ပုံစံ စာတိုက်နှင့် ချောပို့စနစ်သို့ စနစ်တကျနှင့် အလျင်အမြန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည့် ထောက်ပံ့မှုများပေးမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာထားသည်။

“မြန်မာနိုင်ငံမှာ စာပို့တာနဲ့ ပါဆယ်ပို့တဲ့ နေရာတွေမှာ တိုင်းပြည်ရဲ့ တောင်ဘက်စွန်းကနေ မြောက်ဘက်စွန်းကို ပို့ဖို့တစ်ပတ် ဒါမှမဟုတ် တစ်ပတ်ထက် ပိုကြာပါတယ်” ဟု ဂျပန်နိုင်ငံ စာပို့ ဝန်ဆောင်မှုဌာနမှ ညွှန်ကြားရေးမှူး Masatoshi Kawano က ပြောဆိုသည်။

ဂျပန်နိုင်ငံ၏ စာတိုက်နှင့် ချောပို့စနစ်သည် တိုင်းပြည်၏ မည်သည့်နေရာ သို့မဆို နှစ်ရက်အတွင်း အရောက် ပို့ပေးနိုင်ကြောင်း ၎င်းကဆိုသည်။
“စာတိုက်ကနေ ပါဆယ် မပို့ဖြစ်တာကြာပြီ။ ရန်ကုန်က မိသားစုဆီကို ပစ္စည်းတွေဘာတွေပို့ရင် အချိန်မှန် မရောက်တာများလို့။ အခုနောက်ပိုင်း အဝေးပြေး ကားဂိတ်တွေကနေပဲ ထည့်ပေးတော့တယ်။ တန်ဆာခတော့ နည်းနည်း ဈေးကြီးပေမယ့် အချိန်မှန်ရောက်တယ်” ဟု နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဒေါ်သီတာချိုက ပြောကြားသည်။

The Voice Weekly
မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင် ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

၁၉နှစ်အရွယ် အညိုရောင် ၀က်ဝံ Mangoရဲ့ သွက်ချာပါဒကို ကုဖို့ ကျောရိုးခွဲစိတ်



အသက်၁၉နှစ်အရွယ် အညိုရောက် ၀က်ဝံရဲ့ လမ်းလျှောက်ပုံဟာ မူမမှန်တော့ဘူးဆိုတာကို တိရိစ္ဆာန်ရုံ ထိန်းသိမ်းစောင့်ရှောက်သူတွေက သတိပြုမိခဲ့ပါတယ်။ ၄၈နာရီအတွင်း ၀က်ဝံရဲ့ နောက် ဘက်ခြေထော က်တွေ ဟာ အကြောလုံးဝ သေစပြုလာတယ်လို့ တိမွေးကု ဆရာဝန်တွေက ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလောင်းကို ပဲပုပ်ခင်းတွင် ပြန်တွေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ညက ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ရုပ် ဖျက်ထားသည့် သေနတ်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လာရောက်ဖမ်းဆီးမှု ခံခဲ့ရသည့် ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ အလောင်းကို အဖမ်းခံရပြီး ၁၇ ရက်အကြာ မေလ ၆ ရက် နေ့လယ်ပိုင်းက ရွာ အနောက်တောင်ဘက်ရှိ ပဲပုပ်ခင်းတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရ သည်။

မယ်လဒုက္ခသည် ဇနီးမောင်နှံ အသတ်ခံရ

Photo: မယ်လဒုက္ခသည် ဇနီးမောင်နှံ အသတ်ခံရ
Thursday, May 8, 2014

 ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ပလောတား ကျေးရွာအနီး ပြောင်းဖူးခင်း အတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။

အသတ်ခံ ရသူများမှာ ဇုံ-စီ အမှတ်(၃-ဘီ)ရပ်ကွက်မှ အသက် ၄၀ကျော်အရွယ် စောလှဌေးနှင့် နော်ပေါ်မုတို့ဖြစ်ကြပြီး ၎င်းတို့ သည် မိသားစု စားဝတ်နေရေးအတွက် ဒုက္ခသည်စခန်းအပြင်ဖက် ပလောတားကျေးရွာရှိ ပြောင်းဖူးခင်းပိုင်ရှင်တစ်ဦးထံတွင် အလုပ်လုပ်ကိုင်ရင်း လုပ်အားခငွေချေပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပုဆိန်ဖြင့် ခုတ်သတ်ခံရခြင်းဖြစ်ကြောင်း မယ်လဒုက္ခသည် စခန်း လုံခြုံရေးမှူး စောရှီးရှိုက ကေအိုင်စီသို့ ပြောသည်။

“တစ်ရက်အတွက် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၁၅၀နှုန်းနဲ့ သူတို့ အလုပ်သွားလုပ်တာ သုံးလလောက် ကြာလာတဲ့အခါ အခု လို အသတ်ခံရတာပါ။ မနေ့ညက သူတို့ကို လာခုတ်တဲ့အချိန်မှာ သားနဲ့ သမီးနှစ်ဦးလည်း ရှိတယ်။ သူတို့နှစ်ဦး ထွက်ပြေးလွတ် မြောက်သွားပြီး ဒီမနက်မှာ စခန်းကို ပြန်ရောက်တော့ ဖြစ်စဉ်တွေကို ပြန်လာပြောပြတယ်”ဟု စောရှီးရှိုက ပြောဆိုသည်။

ယနေ့ နေ့လည် ၁၂နာရီကျော်၌ အခင်းဖြစ်ပွားသည့်နေရာမှ မယ်လဒုက္ခသည်စခန်းသို့ ပြန်လည်သယ်ဆောင်လာသည့် သေဆုံး သွားသော ဇနီးမောင်နှံ၏ ရုပ်အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ စောစိုးအယ်က “အလောင်းက သူတို့နေထိုင်တဲ့ နေအိမ်မှာပဲ ပြန်လာထားတယ်။ ဘယ်တော့သင်္ဂြိုလ်မလဲ မသိရသေးဘူး။ ကျနော်တို့ သွားကြည့်တော့ ပုဆိန်သွားဒဏ်ရာနဲ့ပါ။ မောင်လှဌေးဆိုရင် မျက်နှာမှာ ရစရာမရှိအောင် ဖြစ်နေပါတယ်။ နော်ပေါ်မုဆိုရင်လည်း ခေါင်းရဲ့ငယ်ထိပ်တည့်တည့်မှာ ဒဏ်ရာ က အကြီးကြီးပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် အသက်မသေဘဲ ပြန်လည်လွတ်မြောက်လာသည့် အသတ်ခံရသူ ဇနီးမောင်နှံ၏ သားသမီးနှစ်ဦးထဲမှ အကြီးဖြစ်သူ အသက် ၁၄နှစ်အရွယ် မိန်ခလေးကို အမှုမှန်ပေါ်ပေါက်ရေးအတွက် မျက်မြင် သက်သေအဖြစ် ထိုင်းရဲအာဏာပိုင်များက ထာ့ ဆောင်ယန်းမြို့နယ်၊ မဲ့တန့်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက တရားခံကို စုံစမ်းလျှက်ရှိ ကြောင်း စောရှီးရှိုက ဆက်ပြောသည်။

လက်ရှိ ဒုက္ခသည်ဦးရေ ၄သောင်းကျော် နေထိုင်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက် ၆၁ကီလိုမီတာ ကွာဝေးသည့် မယ်လဒုက္ခသည်စခန်းတွင် လူသတ်မှု၊ လူသေမှု၊ ယာဉ်တိုက်ခံရမှု စသည့်ရာဇ၀တ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဧပြီ ၁၅ ရက်နေ့ကလည်း ဒုက္ခသည်အမျိုးသားနှစ်ဦး ကားတိုက်ခံရ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

 စောခါးစူးညား

 ကေအိုင်စီ - KIC News 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ပလောတား ကျေးရွာအနီး ပြောင်းဖူးခင်း အတွင်း ရှိ တဲ တစ်လုံး ထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။

ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြစေချင်

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံတော် အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် တစ်ခုကို သဘောတူ လက်မှတ်ထိုးဖို့ ဘာလို့ ဒီလောက်တောင် အချိန်တွေ ကြန့်ကြာ နေရတာလဲ..၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ရည် ရွယ်ပြီး လုပ်နေကျတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ ညှိလို့မရတဲ့ ဆူးညှောင့်ခလုတ် အဖြစ် ရှိနေ တာတွေက ဘယ်အရာတွေလဲ..၊ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ကြားထဲကနေ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေ တာလဲ….၊ ဆွေးနွေး ပွဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို မလိုလားတာကြောင့်လား…၊ “ဘယ် သူသေသေ ငတေမာရင်ပြီးရော’’ ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ရှိနေတာလား ဆို တာတော့ စဉ်းစားစရာ တစ်ခု ဖြစ်လာခဲ့ပါပြီ။

မြန်မာ့ လေကြောင်း မှ လေ ယာဉ် တစ် စင်း လွိုင် ကော် လေ ဆိပ် တွင် လေယာဉ် တောင်ပံပန်ကာ အင်ဂျင်ပိုင်း မီးလောင်မှု ဖြစ်ပွား

Photo: မြန်မာ့ လေကြောင်း မှ လေ ယာဉ် တစ် စင်း လွိုင် ကော် လေ ဆိပ် တွင် လေယာဉ် တောင်ပံပန်ကာ အင်ဂျင်ပိုင်း မီးလောင်မှု ဖြစ်ပွား
Thursday, May 8, 2014

မြန်မာ့ လေကြောင်းမှ မန္တလေး- လွိုင်ကော်- ရန်ကုန် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လွိုင်ကော် လေဆိပ်၌ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်ခန့်တွင် လေယာဉ် စက်နှိုးစဉ် လေယာဉ်ဝဲဘက် တောင်ပံ ပန်ကာ အင်ဂျင်ပိုင်း မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်မှာ XY-AIB ၊ အမျိုး အစား ATR-42 ဖြစ်ပြီး လွိုင်ကော် လေဆိပ်မှ နိုင်ငံခြားသား ခရီးသည် ရှစ်ဦး၊ ပြည်တွင်း ခရီးသည် ၂၆ ဦးနှင့် ကမ္ဘောဇဘဏ်မှ လွှဲပို့ ငွေများ တင်ဆောင်လျက် ရန်ကုန်သို့ ထွက်ခွာရန် စက်နှိုးစဉ် ဝဲဘက်တောင်ပံ ပန်ကာ အင်ဂျင် လေဝင်ပေါက် ရော်ဘာပြား မီးလောင် ခဲ့ခြင်းဖြစ်သည်။

လေယာဉ်အား ပြုပြင်ရန်အတွက် လေယာဉ် အင်ဂျင်နီယာ အဖွဲ့အား အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ဖြင့် မန္တလေးမှ လိုက်ပါလာသည့် ခရီးသည် များအား တာဝန်ရှိသူ များက တည်းခိုခန်းများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

ရဲနောင် (လွိုင်ကော်)
မြ၀တီ
မြန်မာ့ လေကြောင်းမှ မန္တလေး- လွိုင်ကော်- ရန်ကုန် ခရီးသည်တင် လေယာဉ်တစ်စင်းသည် လွိုင်ကော် လေဆိပ်၌ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်ခန့်တွင် လေယာဉ် စက်နှိုးစဉ် လေယာဉ် ဝဲဘက် တော င် ပံ ပန်ကာ အင်ဂျင်ပိုင်း မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။