Sunday, 4 May 2014

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား
Sunday, May 4, 2014

မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနားသို့ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်း  ရေး၊ ပြည်နယ်တွင်းစီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီးတွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးစကားတွေကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုအပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည်များကိုသက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရတယ်။ ပြဿနာတစ်ခုဒုက္ခတစ်ခုတွေ့တိုင်း ဒီဟာကြီးကခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေစည်းလုံးညီညွတ်  မှုတကယ်ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကိုလည်းသိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းကဆိုသည်။
ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေအတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသားများပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေးတို့တောင်းဆိုလိုက်  ကြောင်း သိရသည်။    

Hot News
မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ

Photo: အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ
Sunday, May 4, 2014

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။
သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။
သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။
Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။

Ref:mashable
အောင်ခမ်း ( ရိုးရာလေး )
SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒပညာနဲ့ ဟက်ကာ ပညာ တတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။

မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်

Photo: မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
Sunday, May 4, 2014

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလော က်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ

Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ
Sunday, May 4, 2014

ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပြီး တစ်ပတ်အ တွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ တရားမဝင်သစ်တန် ချိန် တစ်ထောင်ကျော် ဖမ်းဆီးရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏ သည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုမရပ်ဆိုင်းမီ လတစ်လ၏ သစ်ခိုးထုတ်မှုဖမ်းဆီးရရှိခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာဟနေခြင်းဖြစ်သည်။

‘‘ပုံမှန်ကာလတွေထက်များ တယ်။ အရင်တုန်းက ရက်တိုတို နဲ့ အဲဒီလောက်မဖမ်းမိဘူး’’ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တမလန်းသစ်များပေါက် ရောက်သည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် သစ်တန်ချိန်လေးရာ ကျော် ဖမ်းဆီးရရှိခဲ့ပြီး ကျန်ဒေသ များထက် ပိုများသည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် ရှမ်းပြည်နယ်သည် သစ်ခိုး ထုတ်မှု ဒုတိယအများဆုံးဖြစ် သည်။

‘‘ကချင်ပြည်နယ်မှာ အဲဒီ လောက် ဘယ်ဖမ်းရမလဲ။ သူ့ နယ်မှာ တရုတ်ပို့လွန်းလို့ တမလန်းသစ် မကျန်တော့တာ။ သူ့ဆီမှာ မကျန်တော့လို့ ဒီဘက် ပင်လယ်ဘူးမှာ အခုလာလာခုတ် ကြတယ်။ ခုတ်ထားတဲ့သစ်တွေ ကို ဧရာဝတီမြစ်ကျော်ပြီး ကချင် ပြည်နယ်ဘက်ပို့ကြတယ်။ အဲဒီ ကတစ်ဆင့် တရုတ်ကိုပို့ကြ တယ်’’ဟု ပင်လယ်ဘူးခရိုင်၊ ဝန်း သိုမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင် ကျော်စိုးက ပြောသည်။

တရားမဝင်သစ်ခိုးထုတ်မှု များ ဖမ်းဆီးရရှိသော်လည်း ပိုင် ရှင်မဲ့သစ်များဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်း အချက်ကို ဖော်ထုတ်ဖြေရှင်းမှ သာ တရားမဝင်သစ်ခိုးထုတ်ခြင်း ကို အရေးယူနိုင်သည့်ဥပဒေများ အသက်ဝင်လာမည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ် ရှားသူ Green Network မှ ဦးစောမိုးမြင့်က ပြောသည်။

‘‘ကားတွေနဲ့ အလုံးအရင်း ဖမ်းမိပေမယ့် အများအားဖြင့် ကားသမားတွေဖြစ်နေတယ်။ ဖမ်း မိတဲ့သူတွေဟာ အကိုင်းအခက် တွေဖြစ်နေတယ်။ ခေါင်ကြီးတွေ က လွတ်နေတယ်။ အဲဒါတွေ ဖမ်း ဆီးဖော်ထုတ်နိုင်မှသာ အောင် မြင်မယ်လို့ထင်ပါတယ်’’ ဟု ဦးစောမိုးမြင့်က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ အဖမ်း အဆီးများလာခြင်းတို့ကြောင့် နယ်စပ်သို့တင်ပို့သည့် သစ်ကား များအရေအတွက်နည်းသွား သောကြောင့် တရုတ်နယ်စပ်တွင် တမလန်းသစ်များ ဈေးမြင့်ခဲ့ သည်။ သစ်ဈေးမြင့်လာမှုကြောင့် တရားမဝင်သစ်ခိုးထုတ်သူများ များလာခဲ့သည်ဟု ပင်လယ်ဘူး ခရိုင်မှ ဒေသခံများက ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ် ဆိုင်းသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တရုတ်နယ်စပ် မူဆယ်မြို့နယ် တောလမ်းများမှ တစ်ဆင့် အလုံးလိုက်သော်လည်း ကောင်း၊ ခွဲခြမ်းစိတ်ဖြာပြီးသော် လည်းကောင်း ခိုးဝှက်၍ သစ်တင်ပို့နေသည်မှာ တစ်ရက်လျှင် ကားအစီး နှစ်ဆယ်ကျော်ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

7Day DAILY 
Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ Sunday, May 4, 2014 ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင် ဖမ်းဆီး ရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး

Photo: တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး
Sunday, May 4, 2014

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

China၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗွီဘီ
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone

Photo: နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone
Sunday, May 4, 2014 

Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

The Amazing Spider-Man 2 ရဲ့မင်းသမီးဟာ ပူပန်သောကဖြစ်စေတဲ့အတွေးတွေနဲ့ အမြဲတန်းရုန်းကန်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိတ်ငြိမ်စေတဲ့နည်းလမ်းကိုသုံး၊ စိတ်ကိုလေ့ကျင့်ပေးပြီး အဲဒီ့ပြသနာတွေကိုဖြေရှင်းနိုင်လာပြီလို့ဆိုပါတယ်။

‘ကျွန်မဇန်န၀ါရီက စပြီးတရားထိုင်တာ။ ဒါကျွန်မဘ၀ကို လုံးဝပြောင်းလဲပစ်တဲ့အရာပါပဲ။ ကျွန်မတော်တော်လေးနှစ်သက်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ် ကျွန်မတရားထိုင်တယ်။ ဒါကျွန်မရဲ့စိတ်အတွက် အကောင်းဆုံးအရာဖြစ်လာပါတယ်။ ကျွန်မက တစ်ကိုယ်တည်း စိုးရိမ်ပူပန်မှုတွေ ရတတ်တယ်’ လို့ ပြောပါတယ်။

New York မြို့ Manhattan အရပ်မှာ အခြေချနေထိုင်တာဟာ သူမရဲ့စိုးရိမ်စိတ်တွေကို ငြိမ်းအေးစေနိုင်မယ်လို့ လည်း အသက် ၂၅ နှစ်အရွယ် Emma ကယုံကြည်နေပါတယ်။

‘ကျွန်မပြီးခဲ့တဲ့နှစ်က အိမ်မရှိခဲ့ဘူး။ New York မှာအိမ်ဌားပြီးနေလာတာ ငါးနှစ်ရှိပြီ။ ကျွန်မဟိုတယ်မဟုတ်တဲ့နေရာမှာနေနေတာပါ။ ကျွန်မအရမ်းစိတ်လှုပ်ရှားပါတယ်’ လို့ပြောပါတယ်။

Ref:starpulse.com
Trend Myanmar
Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

အပူရှိန်လွန်ကဲမှုကြောင့် ချောက်မြို့တွင်လူ၁ဝဦးသေဆုံး

မကွေးတိုင်းဒေသကြီးချောက် မြို့တွင်အပူရှိန်လွန်ကဲမြင့်တက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လူ ၁ဝ ဦးခန့်သေဆုံးသွားကြောင်း ချောက်ဒေသခံတစ်ဦးကပြောသည်။''အပူချိန်၄၃ဒီဂရီစင်တီဂရိတ် အထက်မှာရှိ တယ်။ မကျန်းမာတဲ့ လူတွေ၊ အရက်သောက်တဲ့လူတွေ သေကြတယ်။အသက်(၄ဝ)ကျော်နဲ့ (၆ဝ)ကျော်ေ တွပေါ့ '' ဟု၎င်းကပြော သည်။

မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ

Photo: မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ
Sunday, May 4, 2014

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ နှင့် ၂၈ ရက်တို့တွင် ပြည်မြို့ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်သည့် လွန်ဆွဲပွဲများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ထပ်မံ လွန်ဆွဲပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုအရ လုပ်တယ်။ ခုချိန်ထိ ပိတောက်ပွင့်နိုင်တဲ့ မိုးတောင် မရွာသေးဘူး။ မနှစ်ကတော့ လွန်ဆွဲပြီး နောက်နေ့ မိုးရွာတယ်။ ရာသီဥတုက အရမ်းပူနေတော့ ခုလည်း မိုးရွာမယ်လို့တော့ မျှော်လင့်တယ်” ဟု ရွာဘဲနယ် မြေအောင်သုခ ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဖေက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာလို့ အပူချိန် မြင့်တက်လာပြီး မိုးခေါင်တယ်။ ဒီလိုဖြစ်နေရတာတွေက လူတွေရဲ့ နေထိုင်ပြုမူမှုကြောင့် ဖြစ်နေတာပါ၊ ဒီပုံစံကို ဆင်ခြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းရမယ်” ဟု အစိမ်းရောင်မျိုးဆက် အတွင်းရေးမှူး ဦးမျိုးညိမ်းဇော်က မှတ်ချက်ပြုသည်။

အပူရှိန်မြင့်တက်မှုကြောင့် ပြည်မြို့တွင် သေဆုံးသူ အနည်းငယ် ပိုလာပြီး နာရေးကူညီမှုအသင်းများ အနေနှင့် တစ်ရက်လျှင် လူ ၁၀ ဦးခန့်ထိ နာရေးကူညီမှု ပြုလုပ်ပေးနေရကြောင်း မိုးမေတ္တာ နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးညီညီအောင်က ပြောကြားသည်။
“ကျွန်တော်တို့က ဆရာဝန် မဟုတ်တော့ ဒီလူတွေက အပူကြောင့် သေရပါတယ်လို့ တထစ်ချ မပြောနိုင်ဘူး။ အပူချိန် မြင့်တဲ့အတွက် နာရေးလမ်းကြောင်းကတော့ စိပ်လာတာတော့ အမှန်ပဲ” ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ အပူချိန် လွန်ကဲမှုများ ရှိသော်လည်း ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တိုက်ရိုက် ဖြစ်ပွားသည့် အပူရှပ်ရောဂါ လက္ခဏာဖြင့် သေဆုံးသူ မရှိဘဲ အရက်သောက်သုံးသူများနှင့် သက်ကြီးရွယ်အို အချို့သာ ဆုံးပါးမှုရှိကြောင်း ယင်းဆေးရုံကြီး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂၀ ဦးကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်

မြန်မာနိုင်ငံ ၌ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး၌ ၀င်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ ထဲမှ အမှတ်အများဆုံး ဦးရေ ၂၀ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ အစီအစဉ် ဖြင့် ဂျပန်နိုင်ငံ သို့ သီတင်းတစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

Photo: NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
Sunday, May 4, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။

ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို

Photo: ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို 
Sunday, May 4, 2014

သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့်သွင်းထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်မီတာခ ဈေးနှုန်း သက်သာစွာဖြင့် ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရန်၊ ရခိုင်သယံဇာတများကို ရခိုင်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်သူလူထုက လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်စီမံခွင့် ရရှိရန် စသည့် အချက်များလည်း ပါဝင်ကြောင်း မြို့နယ် ကိုယ်စားလှယ်များက ပြောကြားသည်။

ရခိုင်အမျိုးသားညီလာခံက နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွား၊ သဘာဝသယံဇာတ ခွဲဝေသုံးစွဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ မူဝါဒ ၁၆ ချက် ချမှတ်ထားကြောင်း၊ ယင်းမူဝါဒများတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်ကို အပြီးသတ်ရန် ဆွေးနွေးနေဆဲ ဖြစ်၍ မူကြမ်း အဆင့်တွင်သာ ရှိနေသေးပြီး မကြာမီ ပြည်သူလုထုကို ချပြသွားမည် ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ဦးခိုင်သုခက ပြောကြားသည်။

မူဝါဒမူကြမ်းတွင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အားကို လက်ရှိ အခြေအနေထက် သုံးဆ တိုးမြှင့်ပေးရန်၊ ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေတပ်များကို ပြည်နယ်အစိုးရက တိုက်ရိုက်စီမံခွင့် အခွင့်အာဏာပေးရန်၊ မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်ရပ်ရွာများ တိုးချဲ့ရန်နှင့် လုံခြုံရေး အထူးစီမံချက်ချ ဆောင်ရွက်ရန်၊ နယ်စပ်လုံခြုံရေးအတွက် မွတ်ဆလင် မဟုတ်သည့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်တပ် ဖွဲ့စည်း၍ အစိုးရ ကာကွယ်ရေးတပ်များ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကမ်းရိုးတမ်းနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် အဆင့်မြင့် လက်နက်များ၊ နည်းပညာများအပြင် ကမ်းရိုးတမ်း အမြန်ယာဉ်နှင့် အဆင့်မြင့် ရေတပ်သင်္ဘောများ၊ ကင်းလှည့်ရေယာဉ်များ၊ ရေဒါစခန်းများကို တိုးမြှင့်ပေးရန် အချက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်အစိုးရ၊ မီဒီယာ၊ နိုင်ငံတကာ သံတမန်များ စသည်တို့က နည်းလမ်းမျိုးစုံ အသုံးပြ၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းအချက်များကို အစိုးရက အကောင်အထည် မဖော်ပါက လူထုတိုက်ပွဲဖြင့်ပါ တောင်းဆိုမည် ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးလှစောက ပြောဆိုသည်။
“ဆုံးဖြတ်ချက်တွေက လေထဲမှာ ပျောက်သွားမှာ မဟုတ်ပါဘူး။ လူထုတစ်ရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ ဒီမူဝါဒတွေကို နိုင်ငံရေး အင်အားစုတွေက ရတဲ့နည်းလမ်းနဲ့ တောင်းဆိုသွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသား ညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် မူဝါဒ ဦးဆောင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပြီး ရန်ကုန်မြို့တော်တွင်လည်း မကြာမီကာလတွင် ရုံးခန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း တစ်ကျော့ပြန် ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

The Voice Weekly
သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတ များမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြု ရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့် သွင်း ထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းနှစ်ဦး လက်နက်ကိုင်များ ဖမ်းဆီး

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက် ကိုင် အဖွဲ့ အစည်းတစ်ခုမှ အာလမ်ကျေးရွာအုပ်စု အတွင်းရှိ ဒွန်ဂန်ကျေးရွာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်း မကြီးလမ်းပိုင်း တစ်နေရာတွင် မေလ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အာလမ်ကျေးရွာ ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

Friday, 2 May 2014

လယ်ယာမြေကို အခြားနည်း အသုံးမပြုရေး လွှတ်တော်တွင် အတည်ပြုရန် ဖိအားပေးမည်ဟု သမဂ္ဂဆို

Photo: လယ်ယာမြေကို အခြားနည်း အသုံးမပြုရေး လွှတ်တော်တွင် အတည်ပြုရန် ဖိအားပေးမည်ဟု သမဂ္ဂဆို
Friday, May 2, 2014

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြောကြားသည်။

ညီလာခံကို ဧပြီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ညီလာခံ နောက်ဆုံးနေ့တွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး အပါအဝင် စားသောက်ကုန် လုပ်ငန်းများတွင် ဘေးကင်းသော ဓာတုဆေးများ သုံးစွဲရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အညွှန်းပါသည့် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေး စသည့်အချက်များ ကိုလည်း သဘောတူခဲ့ကြောင်း ဦးကြည်ဦးက ဆိုသည်။ 

“သဘောတူညီချက်တွေကို လွှတ်တော်ကနေတစ်ဆင့် တင်ပြပြီး အစိုးရကို ဖိအားပေး လုပ်ဆောင် သွားမှာပါ။ လယ်ယာမြေကို စိုက်ပျိုးရေးအတွက် အသုံးမပြုရင် ကျွန်တော်တို့ကတော့ လူထု Campaign လုပ်ပြီး ကန့်ကွက်မှာပါ” ဟု ၎င်းက ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြောကြားသည်။ 

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) သည် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် အလုပ်သမားသမဂ္ဂ (Inter-national Union of Food-IUF) ၏ အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ ပြည်လုံးကျွတ် ညီလာခံသို့ IUF ၏ အာရှပစိဖိတ် ဒေသတွင်း အထွေထွေ အတွင်းရေးမှူးချုပ်နှင့် IUF အဖွဲ့ဝင် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်သည့် အလုပ်သမားများထံမှ သိရသည်။ 

AFFM ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ လယ်သမား၊ အလုပ်သမား အပါအဝင် လူ ၉၀၀ နီးပါး တက်ရောက် ခဲ့ကြောင်း အဆိုပါ ညီလာခံ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြော ကြားသည်။

အင်အားကြီးလာသည့် လူဆိုးဂိုဏ်းဝင်များကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး

 US
အမေရိကန်နိုင်ငံမှာ အင်အားကြီးထွားလာနေတဲ့ ဆူရင်ညို (Surenos) လူဆိုးဂိုဏ်းဝင်တွေကို အမေရိ ကန်နိုင်ငံ တ၀န်း အမေရိကန်အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။

အခွင့်ထူးခံ လူတန်းစား NGO နဲ့ INGO အဖွဲ့အစည်းများ

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော NGO အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ များ အတွက်ဟု လုပ်ကိုင်နေသည်များ ရှိပါသည်။ သို့သော်လည်း “တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်း အောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၇၀ ထည့်တယ်။ အများဆုံး ၃၀ လောက်ပဲ သုံးတယ်။ ပြည်သူလူထု လက်ထဲကို လုံးဝ မရောက်ဘူး” ဒါတွေ အားလုံးဟာ NGO နဲ့ INGO အဖွဲ့တွေအတွက် အခွင့်ထူးခံ လူတန်းစား တစ်ရပ် လို ဖြစ်နေလေတော့သည်။

အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲပြသမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တဲ့ Yahoo

Photo: အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲပြသမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တဲ့ Yahoo
Friday, May 2, 2014

ယာဟူးကုမ္ပဏီဟာ မူရင်းတီဗီအစီအစဉ်ဇာတ်လမ်းတွဲနှစ်ခုကို ယာဟူးဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်းတွေမှာ ပြသသွားမယ့်အစီအစဉ်ကို
ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယာဟူးကုမ္ပဏီဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဒီဂျစ်တယ်ထုတ်ကုန်ဈေးကွက်မှာ ပါဝင်လာတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်လာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးထုတ်လွှင့်ပြသမယ့် မူရင်းဇာတ်လမ်းတွဲတွေဟာ Other Space  နဲ့ Sin City Saints  လို့ အမည်ပေးထားတဲ့ ဟာသ ဇာတ်လမ်းတွဲဖြစ်တယ်လို့ Yahoo ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ယာဟူးကုမ္ပဏီဟာ ကုမ္ပဏီ ၀က်ဘ်ဆိုက်ပေါ်မှာ ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသပြီးကတည်းက အမေရိကန်နိုင်ငံမှာ Yahoon 
Screen ကို ကြည့်ရှုသူဟာ သန်း(၅၀၀)ရှိနေပြီလို့သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြိုင်ဖက်တွေတဖြည်းဖြည်းတိုးပွားလာမှုတွေနဲ့ ယှဉ်ဆိုင်နေရတယ်လို့ဆိုပါတယ်။
 
Netflixi Hului Amazon နဲ့ မိုက်ခရိုဆော့ဖ်တို့လို ကုမ္ပဏီတွေကလည်း သမာရိုးကျတီဗီအစီအစဉ်တွေနဲ့ ယှဉ်ပြိုင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေမှာ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်အောင် လုပ်ဆောင်လျက်ရှိနေကြပါတယ်။ အချို့ကုမ္ပဏီတွေဆိုရင် ကြည့်ရှုသူတွေ ဗီဒီယိုတွေကို အထစ်အငေါ့မရှိ ကြည့်ရှုနိုင်ရေးအတွက် Internet Service provider  တွေနဲ့ သဘောတူလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။
 
တနင်္လာနေ့က Netflix ဟာ Verizon (internet service provider)  နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း ကြေညာခဲ့ပြီး Netflix အနေနဲ့ Verizon ကွန်ယက်ကို ချိတ်ဆက်ပြီး အင်တာနက် မြန်နှုန်းမြင့်ကို ရရှိတော့မှာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကာလကလည်း Netflix ကုမ္ပဏီဟာ Comcast ကုမ္ပဏီနဲ့လည်း သဘောတူလက်မှတ်ရေးထိုးခဲ့ဖူးတယ်လို့သိရပါတယ်။

MRTV-4
ယာဟူးကုမ္ပဏီဟာ မူရင်းတီဗီအစီအစဉ်ဇာတ်လမ်းတွဲနှစ်ခုကို ယာဟူးဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်းတွေ မှာ ပြသ သွားမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယာဟူးကုမ္ပဏီဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဒီဂျစ်တယ်ထုတ်ကုန်ဈေးကွက်မှာ ပါဝင်လာတဲ့ နည်းပညာ ကုမ္ပဏီကြီးဖြစ် လာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးထုတ်လွှင့်ပြသမယ့် မူရင်းဇာတ်လမ်းတွဲတွေဟာ Other Space  နဲ့ Sin City Saints  လို့ အမည်ပေးထားတဲ့ ဟာသ ဇာတ်လမ်းတွဲဖြစ်တယ်လို့ Yahoo ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ယာဟူးကုမ္ပဏီဟာ ကုမ္ပဏီ ၀က်ဘ်ဆိုက်ပေါ်မှာ ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြ သပြီး ကတည်းက အမေရိကန်နိုင်ငံမှာ Yahoon Screen ကို ကြည့်ရှုသူဟာ သန်း(၅၀၀)ရှိနေပြီလို့သိရ ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြိုင်ဖက်တွေတဖြည်းဖြည်းတိုးပွားလာမှုတွေနဲ့ ယှဉ်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မိုးလေ၀သသတင်း ကြေညာချက်များ အလေးထား

၂ဝ၁၄ ခုနှစ် ဧပြီလ နောက်ဆုံး ရက်သတ္တပတ် ကာလအတွင်း မြန်မာနိုင်ငံ ရာသီဥတု အခြေအနေ များမှ ဧပြီ ၂၆ ရက်တွင် ရှိသော ထူးခြားသည့် နေ့ အပူချိန် များမှာ ကလေးဝ၊ ကလေး၊ ချောက်၊ မင်းဘူး နှင့် မကွေးမြို့ များ၌ ၄၃ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့သည်။ ဧပြီ ၂၇ ရက်တွင် မှတ်သား ဖွယ်ရာ မိုးရေချိန် များမှာ နေပြည်တော်(လယ်ဝေး) သုညဒသမ ၆၉ လက်မ၊ မိုးကုတ် သုည ဒသမ ၄၆ လက်မ၊ နေပြည်တော် (လေဆိပ်) ၁ ဒသမ ၄၂ လက်မ နှင့် နေပြည်တော် (တပ်ကုန်း) သုည ဒသမ ၉၉ လက်မ အသီးသီး ရွာသွန်း ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မိုးကုတ် ၃ ဒသမ ၄၂ လက်မ နှင့် သပိတ်ကျင်း ၁ ဒသမ ၁၈ လက်မ ရွာ သွန်း ခဲ့သည်။

ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ရုံး သို့မဟုတ် ပင်တဂွန်

Photo: ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ရုံး သို့မဟုတ် ပင်တဂွန်
Friday, May 2, 2014

ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။

ယင်းအဆောက်အအုံထဲမှာ အမေရိကန်က ထိပ်သီး ထောက်လှမ်းရေး ဝန်ထမ်းနဲ့ အရာရှိတွေ၊ စစ်ဘက် ပုဂ္ဂိုလ်တွေ စုဝေး နေပါတယ်။ စုဝေးပြီး နေထိုင်တာ မဟုတ်ပါဘူး။ အလုပ်လုပ်တာပါ။ စုစုပေါင်း စစ်ဘက် ဝန်ထမ်း နဲ့ ရိုးရိုး ဝန်ထမ်း အင်အား ၂၈ ၀၀၀ ဦးရေ အလုပ်လုပ်ပြီး ယင်း ဦးရေကို ကူညီထောက်ပံ့ လုပ်ကိုင်မယ့် အရပ်သား ဝန်ထမ်း ဦးရေက ၃၀၀၀ ရှိပါသေးတယ်။ ၂၄ နာရီဖွင့်လှစ်ပြီး လည်ပတ်နေတဲ့ရုံး ဖြစ်ပါတယ်။

ငါးထောင် စတုဂံ ပုံသဏ္ဍန် ရှိပြီး မြေပေါ်မှာ ငါးထပ် ရှိတဲ့ အဆောက်အအုံကြီး ဖြစ်ပါတယ်။ မြေအောက်မှာ ၂ ထပ်ရှိသေးတယ်လို့ပေမယ့် ဒီထက်လည်း များနိုင်မယ့်အထပ်ရေ အကြောင်းအရာကို ပင်တဂွန်တို့ ဘာမှ မဆိုထား ပါဘူး။ ၆သောင်း စတုရန်းမီတာ အကျယ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရုံးဖြစ်ပါတယ်။ စားသောက် ဆိုင် ၊အားကစား ခန်းမ၊ ပလာဇာ အစရှသဖြင့် စုံစုံလင်လင် ထားရှိပေးထားပြီး ဝန်ထမ်းတွေ အတွက် ကမ္ဘာငယ် တစ်ခုလိုပါပဲ။ အကြီးမားဆုံး အက်ဆီးဒန့် တစ်ခုအနေနဲ့ 9/11 တုန်းက အိုစမာဘင်လာဒင် စီစဉ်တဲ့ လေယာဉ် ပျက်ကျပြီး လူဦးရေ ၁၈၉ ဦးကို သေဆုံးစေခဲ့ပါတယ်။ အဆောက်အအုံက လူဦးရေ ၁၂၅ ဦးကို သေဆုံးစေခဲ့ ခြင်းပါ။ ဒါတောင် အဆောက်အအုံရဲ့  ဘေးအနားတစ်ဖက်ကိုသာ ဝင်တိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းဖြစ်ရပ် နောက်ပိုင်း ပင်တဂွန်စစ်ဌာနချုပ် လုံခြုံရေးကို အမြင့်မားဆုံး ဖြစ်အောင် ပြုလုပ်ပြီး မိုင်ပေါင်း ထောင်ချီကလာတဲ့ ဒုံးကျည်ကိုတောင် ခြေရာခံနိုင်မယ့် ကာကွယ်ရေး စနစ်များ ပါရှိကြောင်း ဆိုပါတယ်။ မြေပြင်၊ လေပြင်က လာတဲ့ ရန်သူတွေကို အားလုံး ထောက်လှမ်းနိုင်မယ့် စနစ်တွေ ပါရှိပြီးသား ဖြစ်ပါတယ်။

ကမ္ဘာ့ အတိုက်ခိုက်ခံရရန် အခြေအနေ အများဆုံး နေရာတစ်ခုအဖြစ်လည်း အသိမှတ်ပြုခံထားရပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် ပျက်ဆီးရင် အမေရိကန်ရဲ့  စစ်အင်အားကို သိသိသာသာ ကျဆင်းစေမှာ ဖြစ်ပါတယ်။ အကြောင်းက တစ်ကမ္ဘာလုံးက အမေရိကန် စစ်သားနဲ့ စစ်လက်နက်အားလုံးကို ယင်းဌာန တစ်ခုတည်း ကနေ အများစု ထိန်းချုပ်နေတာ ဖြစ်ပါတယ်။

ပင်တဂွန်ကို သူခိုးကြီးများ စုဝေးရာလို့လည်း ပြောစမတ် ပြုကြပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ ဖုန်းခိုးနားထောင်ခြင်း၊ ကုလသမဂ္ဂ ရုံးချုပ် သတင်းအချက်ခိုးခြင်းတို့ကို ပင်တဂွန်က NSA တို့ ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ် ဟက်ကာများကို ယှဉ် fight နေတဲ့ အမေရိကန် ထိပ်တန်း ဟက်ကာ များလည်း ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ သူခိုးကြီးများ စုဝေးရာ၊ ဟက်ကာများ စုဝေးရာလို့လည်း ပြောစမှတ်ပြုခြင်းပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ကို ၁၉၄၁ ခုနှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ပြီ၃း ၁၉၄၃ မှာ စတင် အသုံးပြု နိုင်ခဲ့ ပါတယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၃ သန်း ရှိပါတယ်။ ယနေ့ငွေကြေးနဲ့ ပြန်လည်တွက်ကြည့် လိုက်တဲ့အခါ အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလျံ ရှိနေတာကို တွေ့ရပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်ကို ကမ္ဘာ့ အလုပ်များဆုံး ရုံး တစ်ခုအဖြစ် အသိမှတ်ပြုထားကြကြောင်း သိရ ပါတယ်။

Ref: wiki
အောင်ခမ်း (ရိုးရာလေး)
ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။

NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည်

Photo: NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည် 
Friday, May 2, 2014

ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ကိုယ်စားလှယ်များကို ယာယီ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရွေးကောက်ပွဲ ကျင်းပချိန်နဲ့ အချိန်သိပ်မကွာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အလားတူ လွှတ်တော်အတွင်း အင်အားအကြီးဆုံး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတင် မကပါဘူ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက်ပါ ကိုယ်စားလှယ်တွေ လျာထားပြီးပါပြီ” ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသား ၁၅ ပါတီ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်မဟာမိတ်ပါတီ FUP ကလည်း ပြည်မ လစ်လပ်မဲဆန္ဒနယ်များတွင် အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမဆုံအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ပြီး ကျင်းပမည့်အချိန်ကို သုံးလကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

The Voice Weekly
ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများကို တရားဝင်လိုင်စင် ထုတ်ပေးပြီ

Photo: ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများကို တရားဝင်လိုင်စင် ထုတ်ပေးပြီ
Friday, May 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ စက်မှုဇုန်တွင် ချင်းပြည်နယ်တောင် တန်းဒေသအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားသော KL SUPER 4 DOORS ဂျစ်ကားများကို တရားဝင်လိုင်စင်ဖြစ်ရေးအတွက် ဧပြီ ၂၈ ရက်မှ စတင်စစ်ဆေးနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး သည် မော်တော် ယာဉ်များ လိုင်စင်ပြုလုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကလေးမြို့ စက်မှုဇုန်မှ ဒေသ အတွင်း အသုံးဝင်သော မော်တော်ယာဉ်များကို ဈေးကွက်အတွင်း အလွယ်တကူ ရရှိသည့် အင်ဂျင်များ ဖြင့်ထုတ်လုပ်ထားသည့် လိုင်စင်မဲ့ ယာဉ်စုစုပေါင်း ၄၃၈ စီးကို သတ်မှတ် ထားသော အတည်ပြု Drawing ပုံစံနှင့်ကိုက်ညီသည့် မော်တော်ယာဉ် များကို လိုင်စင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ဝ ရက်အထိ ယာဉ်စစ်ဆေးခံပြီး ယာဉ် ပေါင်း ၁၅၉ စီးကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ စစ်ဆေးပေးရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ မော်တော်ယာဉ်၊ မော် တော်ဆိုင်ကယ်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆပ်ကော်မတီ(ဗဟို)မှ လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်များကို နောက်ဆုံးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နောင်တွင် ကလေး စက်မှုဇုန်မှ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ထောက်ခံ ချက်အရ သွင်းကုန်လိုင်စင်ဖြင့် တရား ဝင်တင်သွင်းသော Compment Parts ကို အသုံးပြုထုတ်လုပ်ရန်နှင့် ယာဉ်စစ်ဆေးခွင့်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ စက်မှုဇုန်တွင် ချင်းပြည်နယ်တောင် တန်းဒေသအတွက် သီးသန့် ရည်ရွယ် ထုတ်လုပ်ထားသော KL SUPER 4 DOORS ဂျစ်ကားများကို တရားဝင်လိုင်စင်ဖြစ်ရေးအတွက် ဧပြီ ၂၈ ရက်မှ စတင်စစ်ဆေးနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး သည် မော်တော် ယာဉ်များ လိုင်စင်ပြုလုပ်ပေးနေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။