Wednesday, 30 April 2014

ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း

Photo: ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း
Wednesday, April 30, 2014

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
 
မြန်မာ၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်၊ အစ္စရေးလ်၊ အီဂျစ်နဲ့ အင်ဂိုလာ ၆ နိုင်ငံသာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့အကြောင်း ၁၉၉၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် စတင်ကျင့်သုံးခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမှာစကားပါးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။
 
ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက် ရေးဆွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ၁၉၉၃ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အဖွဲ့ဝင်တိုင်းပြည် တခုတော့ ဖြစ်မလာခဲ့ပါဘူး။
 
ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ လိုက်နာကျင့်သုံးဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။
 
သဘောတူညီချက်ကို လိုက်နာတဲ့ တိုင်းပြည်တခု ဖြစ်လာစေဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (OPCW) က ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ကျွမ်းကျင်မှု အကူအညီတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အင်္ဂါနေ့က ကြေညာချက်မှာတော့ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် အသုံးပြုမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သင်ခန်းစာယူပြီး လူသားထုကို ခြိမ်းခြောက်နေတဲ့ လက်နက်တွေကို မသုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတု လက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်

Photo: မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်
Wednesday, April 30, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင်ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြားလာကြောင်း သိရသည်။

''ယခု လက်ရှိမှာတော့ သမုတ်မြစ်ကူး ကူးတို့ကို အမြန်လို အရေးကြီးတဲ့ ခရီးသည်တွေနဲ့ အနီးနားက ဒေသခံ အနည်းအကျဉ်းလောက်ပဲ အသုံးပြု သွားနေကြပါတယ်။ သာမန်အားဖြင့်တော့ ခရီးဝေးပေမယ့် ရှောင်ကွင်း လမ်းကိုပဲ အသုံးပြုကြတယ်။ ခရီးသည်တင် မှန်လုံကားကြီးတွေနဲ့ အခြား ကုန်တင်ကားကြီး၊ ကားလေး တွေလည်း လက်ရှိမှာ ရှောင်ကွင်းလမ်းကိုပဲ အဓိကထား သွားလာ နေကြပါတယ်။ သမုတ်မှ လော့လော့ကို သမုတ်မြစ်ကူးဖို့ ဇက်နှင့်ကူးရင်တော့ ဇက်ကူးခ သောင်းချီပြီး ကုန်ကျပါတယ်။ တံတား ထိုးလိုက်ရင်တော့ ခရီး အနေအထားရော၊ အချိန်ရော အများကြီး သက်သာသွားမှာ ဖြစ်ပေမယ့် ရှောင်ကွင်းလမ်းတွင် ကျေးရွာ တော်တော်များများ ရှိနေပါတယ်။ ရှောင်ကွင်းလမ်းတွင် ဘုတ်-ပပြင်း-ဒေါ အပိုင်း ၁၃ မိုင် ၄ ဖာလုံနှင့် ဒေါ-ပင်းအို-ကဘင်းအပိုင်း ၁၁ မိုင် ၄ ဖာလုံကို ကွေ့ဝိုက်၍ သွားရပြီး လမ်းကောင်းသော်လည်း ကျဉ်းမြောင်းသည့် အတွက် ကားနှစ်စီးဆုံရာ နေရာများတွင် သွားလာရန် အခက်တွေ့ နေပါတယ်'' ဟု ခရီးသွား ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရှောင်ကွင်းလမ်းမကြီးကို တိုးချဲ့ဖောက်လုပ် ပေး ပါက ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည် ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင် ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြား လာကြောင်း သိရသည်။

မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ

Photo: မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ
Wednesday, April 30, 2014

ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ကိုယ်ဝန်ရှိနေကြောင်း ကိုယ့်ကိုကိုယ် မသိဘူးလို့ဆိုတဲ့ ထိုအမျိုးသမီးဟာ ဗိုက်နာတာကြောင့် ဆေးရုံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
သူမအိမ်သာကို သွားတဲ့အချိန်မှာ ကလေးထွက်လာခဲ့တာ လို့ဆိုပါတယ်။

တာဝန်ကျ ဆရာဝန် Gao Yuwen ရဲ့အဆိုအရ မနက် ၁ နာရီလောက်မှာ ဝရံတာက တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားရတယ်လို့ဆိုပါတယ်။

“ကျွန်တော်လည်း ပြေးသွားတော့ အိမ်သာအပြင်ဘက်မှာ လူတွေစုနေတာ တွေ့ရတယ်။ မိန်းမတစ်ယောက်က တံခါးကို အတင်းထုပြီး အထဲကနေ တံခါးဖွင့်ဖို့ နောက်မိန်းမတစ်ယောက်ကို ပြောနေတယ်”
“သူက အိမ်သာထဲဝင်ပြီး သူ့ကိုသူ အထဲက လော့ခ်ချထားတာ။ နည်းနည်းလောက်ကြာတော့ အထဲက ကလေးငိုသံကြားရတယ်။ ကျွန်တော်လည်း တံခါးခေါက်ရင်း အထဲမှာ အဆင်ပြေရဲ့လားလို့ မေးတယ်“ လို့ Gao Yuwen က ပြောကြားခဲ့ပါတယ်။

တံခါးဖွင့်ခိုင်းလို့မရတာကြောင့် လုံခြုံရေးတစ်ယောက်က ရိုက်ချိုးဖွင့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒေါက်တာ Gao က “ကလေးက တအားကိုငိုရင်း အိမ်သာအိုးထဲမှာ နစ်နေတာကို ကျွန်တော်တွေ့တယ်။ အချင်းကလည်း သူ့အမေနဲ့ဆက်လျက်ကြီး” လို့ဆိုပါတယ်။

ကလေးရော၊အမေရော အခြေအနေကောင်းပါတယ်တဲ့။

Credit: ဖိုးသူတော် (www.phothutaw.com)
ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "

Photo: ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "
Wednesday, April 30, 2014

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာမှ ပြန်လည်သက်သာလာတာကြောင့်
လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုတစ်ပတ်က အိုဆာဆူနာအသင်းကို (၄)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ " ဘေးလ် " ဟာ အဖျားဝေဒနာမှ ပြန်လည်သက်သာ လာတာကြောင့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပိယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ " ဘေးလ် " ဟာ ယခုနှစ် ရာသီရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀) ပါဝင်ကစားထားပြီး ဂိုး(၂၀)ထိ သွင်းယူထားတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း (၅)ဂိုးထိ သွင်းယူထားတာဖြစ်ကြောင်း သိရပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် အပါအ၀င် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး(၄)နှစ်မှာ (၄) ကြိမ်စလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်ထိ စံချိန်တင်ဗိုလ်စွဲကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမအကျော့မှာလည်း(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်နေတာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာ မှ ပြန်လည်သက်သာလာတာကြောင့် လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစား ခဲ့ ရ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင် မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

မိုးစက်ဝိုင်ကို သံတမန်အဖြစ် ခန့်အပ်လိုက်သည့် ဘန်ကောက်အဲဝေးစ် လေကြောင်းလိုင်း

ဘန်ကောက်လေကြောင်းလိုင်းကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သံတမန်အဖြစ် မိုးစက်ဝိုင် 
Miss Universe Myanmar 2013 ကို ခန့်အပ်တဲ့ပွဲကို ဧပြီလ(၂၈)ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဘန်ကောက် လေကြောင်းလိုင်းများထဲက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Bangkok Airways လေကြောင်းလိုင်းဟာ ၂၀၀၄ ခုနှစ်က မြန်မာပြည် The Golden Land ကို ပျံသန်းပြေး ဆွဲမှု စတင် ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်တွင် ဘန်ကောက် Airways လေကြောင်းလိုင်းက ဘန်ကောက်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့

Photo: ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့
Wednesday, April 30, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေးကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက အဲဒီလိုကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။ 

သီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ ကေအိုင်အိုက ပေးပို့တဲ့စာမှာပါရှိတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး

Photo: မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး
Wednesday, April 30, 2014

အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့် ပြဿနာမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

"စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"

Photo: "စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"
Wednesday, April 30, 2014

စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

၁။ စာကြည့်တိုက်သို့ ပုံမှန်သွားခြင်းဖြင့် စာပိုဖတ်ဖြစ်မည်မှာ မလွဲတမ်းရမယ့် အားသာချက်ပါ။

၂။ သားသမီးများကို စာကြည့်တိုက် ခေါ်သွားခြင်းဖြင့် သင်ဝယ်ယူနိုင်သည် ထက် ပိုများသော စာအုပ်၊ မဂ္ဂဇင်း များနှင့် သူတို့ကို ထိတွေ့ခွင့် ရစေပါ လိမ့်မယ်။

၃။ စာကြည့်တိုက်က စာကြည့်တိုက်မှူး ဟာ သင်မသိတဲ့ သင် မတွေးမိတဲ့၊ ကလေးငယ်တွေ အတွက် သင့်တော်တဲ့ စာအုပ်၊ စာဖတ် နည်းလမ်းတွေကို အကြံ ပြုပေးနိုင် ပါတယ်။ အသက်အရွယ် အလိုက်၊ စာဖတ်သက် အလိုက် စာပေ ရသစုံကို ဖတ်ရှု ခံစားစေခြင်းဖြင့် အသိ ဥာဏ်နှင့် ဝေါဟာရကို ကြွယ်ဝ လာစေပါ လိမ့်မယ်။

၎။ စာကြည့်တိုက် အချိန်ဟာ ပျင်းရိစရာ ကောင်းမနေတော့ပါဘူး။ ကလေးတွေ အတွက် စာကြည့်တိုက် ဆိုတာ စာဖတ် ရတဲ့ နေရာထက် ပိုပါတယ်။ စိတ်ဝင် စားစရာ အရုပ်တွေ၊ စာအုပ်တွေ နဲ့ ဆော့ လို့ရတဲ့ နေရာပါ။ သူတို့ ပျော်ရွှင် ရပါ လိမ့်မယ်။

၅။ စာကြည့်တိုက် အဖွဲ့ဝင် ကတ် လုပ် ပေးထား လိုက်တာဟာ သင့်ကလေး ငယ် ကို တာဝန်ယူစိတ် စမွေးမြူစေနိုင်ပါလိမ့် မယ်။ ကလေး တစ်ယောက် အတွက် စာ ကြည့်တိုက် ကတ်ဟာ ဘဝ မှတ်တိုင်တစ် ခု ဖြစ်နေပါလိမ့်မယ်။

KYL 
Ref: 5 good reason to take your kids to the Library today.
Popular Myanmar News Journal
စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

အမျိုးသားဝတ်စုံဖြင့်ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်းပညာသင် ကြားခဲ့သော မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် အခြားဒေသ များ ၌တွေ့ ရသော ဗိုလ်ချုပ်ရုပ်တု များနှင့်မတူသည့် အမျိုးသားဝတ်စုံ ဖြင့် ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို ထုလုပ် ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည့် ကော်မတီဝင်တစ်ဦးကပြောသည်။

ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်

Photo: ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်
Wednesday, April 30, 2014

ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲမှာ ခြေကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

Pro-Russian armed men take cover behind a car near the local police headquarters in Luhanskအနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ် လုပ်ခဲ့ပေမယ့် ဒါဟာ တော်လှန်ရေးအတွင်း အကြီးစား အရှိန်မြင့်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ဖျားပိုင်းက ရုရှားနဲ့ နယ်နမိတ်ချင်းထိနေတဲ့ လူဟန့်စ်ခရိုင်မှာ ခရိုင်အစိုးရ ရုံးချုပ်ကို ဆန္ဒပြသူတွေက ၀င်စီးခဲ့ပြီး အဆောက်အဦထိပ်မှာ ခွဲထွက်ရေးသမားတွေရဲ့ အလံကို လွှင့်ထူခဲ့သလို ရဲတွေကတော့ မတားဆီးခဲ့ပါဘူး။

ညဘက်မှာ သူပုန်သေနတ်သမား အယောက် ၂၀ လောက်က ဒေသတွင်း ရဲဌာနချုပ်ကို အော်တိုမက်တစ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အထဲကလူတွေ လက်နက်ချဖို့ ဖိအားးပေးခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရိုက်တာစ်သတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

သူပုန်တွေက တရားရုံးနဲ့ ရုပ်သံလွှင့်ဌာနကိုပါ သိမ်းပိုက်ခဲ့ပြီး ဒီခွဲထွက်ရေးသမားတွေဟာ ဒန်ညက်စ်ခရိုင်အနီးတ၀ိုက်ကို အများကြီး ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။

လွတ်လပ်သော ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ကြောင်းနဲ့ မေ ၁၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီဗွီဘီ
ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲ မှာ ခြေ ကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

HIV/AIDS တိုက်ဖျက်ရေး ယခုဘဏ္ဍာနှစ် ကျပ်လေးဘီလီယံကျော် သုံးမည်

ကျန်းမာရေး ဝန်ကြီးဌာန၏ HIV/AIDS တိုက်ဖျက်ရေး စီမံချက်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်လေး ဘီလီယံကျော် အသုံးပြုမည် ဖြစ်ကြောင်း National AIDS Program ၏ စီမံကိန်း မန်နေ ဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို

ရခိုင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း အဆင်သင့် ရှိနေကြောင်း ကျောက်ဖြူမြို့ ၌ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ရခိုင် အမျိုးသားညီလာခံတွင် ရက္ခိုင့် တပ်မတော် (Arakan Army) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောကြား သည်။

ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ

Photo: ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ
Wednesday, April 30, 2014

၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌

ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမျိုးသား ကင်းထောက်အလံနှင့် အမျိုးသမီး ကင်းထောက် အလံများကို လွှင့်တင်ကြပြီး ကင်းထောက် မောင်မယ်များက ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကြသည်။

ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ''ယနေ့လူငယ် နောင်ဝယ်လူကြီး'' ဆိုသည့် စကားနှင့်အညီ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်တည်တံ့ နိုင်ရေးအတွက် လူငယ်များကို ပြုစု ပျိုးထောင်ပေးခြင်း လုပ်ငန်းထက် ပို၍ အရေးကြီးသော လုပ်ငန်းမရှိနိုင်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်မောင်မယ်များ က ဂါရဝပြု လက်ဆောင် ပေးအပ်ပြီး ''ပြည်သူ့ အတွက် အစဉ်အသင့်'' သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။ ယင်းနောက် ဝန်ကြီးချုပ်က ကင်းထောက်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကင်းထောက်မောင်မယ် များသည် ပြင်ဦးလွင်တွင် စခန်းချ နေထိုင်နေစဉ် အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ အဖြစ် အုပ်စုများခွဲ၍ မဟာအံ့ထူးကံသာ ဘုရား ပရဝုဏ်သန့် ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘိုးဘွားရိပ်သာ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများ အား ပြုစုခြင်း၊ မျက်မမြင် ကျောင်းအတွင်း အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေငယ်ကျေးရွာ အ.လ.က ကျောင်း တွင် သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ ရေငယ်ကျေးရွာ အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း ပြုလုပ်ကြ မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ကမ္ဘာ့ အရှည်ဆုံးငြိမ်းချမ်းရေး အရိပ်အရောင်

နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး ငြိမ်းသတ်တော့ မှာလား။ ဒီအတိုင်း တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ တစ်ခု နိဂုံးချုပ်နိုင်တော့မယ်လို့ ကြိုတင်မြင်ယောင်မိလေသောအခါ လက်တွေ့မှာ ဘယ်လိုအခက် အခဲတွေ ရှိနေကြအုံးမှာလဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းတွေလဲ ထုတ်ပြန် ပြီးပါပြီ။ မကြာမီ မေလ တတိယအပတ်မှာ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲလဲ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာ့နိုင်ငံရေးသမားတွေ အပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက မြန်မာရဲ့နိုင်ငံရေးကို စောင့်ကြည့်ပြီး သုံးသပ်နေတာထက် ပိုပြီး ဝင်ရောက်ပူးပေါင်းလာတာမျိုး မတွေ့ရသေးဘူး။ ဒါကို အားမလိုအားမရ ဖြစ်ရမှာလား၊ ဝမ်းသာ ရမှာလား။ အချို့ကတော့ မြန်မာ့ပြည်တွင်းရေး ပြသနာဟာ နိုင်ငံတကာ အစိုးရက ဖိအားပေး ဖြေရှင်း စေခြင်းကို လက်မခံနိုင်ကြသလို၊ အချို့ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့နိုင်ငံရေး ဒုက္ခ တွေကို စာနာမှုမဲ့ကြောင်း ဝေဖန်ကြပါတယ်။

အဝေးပြေးကားဝင်းတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွဆေးနှင့် သေနတ်ဖမ်းမိ

ဒဂုံဧရာ အဝေးပြေးကားဝင်းအတွင်း ခရီးသည်တစ်ဦးထံမှ ပစ္စတိုလေသေနတ်တစ်လက်နှင့် စိတ်ကြွဆေြး ပား များ ဖမ်းမိကြောင်း သတင်းရရှိသည်။

ပြည်သူ့ဆေးရုံများတွင် အခြေခံဆေးဝါး ဝယ်ယူရေးအတွက် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည်

ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ပြည်သူ့ဆေးရုံများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စရိတ် မျှပေး ကျန်းမာရေးစနစ်အတွက် အခြေခံဆေးဝါးများ ဝယ်ယူရန် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဝင်းဦးက The Voice သို့ ပြောကြားသည်။

KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ

Photo: KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ
Wednesday, April 30, 2014

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

၂၈-၄-၂၀၁၄နေ့ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့တွင် နေထိုင်သည့် ဦးအောင်ပိုက်နှင့်ဦးမြင့်ဦး -ဦးဆောင်သော အဖွဲ့(၁၁)ဦးသည် မိမိတို့စားဝတ်နေရေးအတွက် ၀မ်းစာအတွက် ရှာဖွေလုပ်ကိုင်စားသောက်ရန် ဆင်ဘိုဒေသ ခေါက်ဆာကွင်းသို့ သွားကြရာတွင် KIA တပ်ရင်း(၅)၊ တပ်ကြပ်ကြီး လဂတ်တူး ဆိုသူ ဦးဆောင်သောအဖွဲ့သည် ယင်းဦးအောင်ပိုက်နှင့်ဦးမြင့်ဦး- ဦးဆောင်သော(၁၁)ဦးပါအဖွဲ့အား ဤနေရာ၌ မင်းတို့ရှမ်းတွေကို လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုကြောင်း၊ လာရောက်လုပ်ကိုင်စားသောက်ပါက အသက်အန္တရာယ်တွက် တာဝန်မယူကြောင်း၊ ရှမ်းလူမျိုးများကို ဤနေရာတွင် လာရောက်လုပ်ကိုင်စားသောက်ခွင့်မပြုကြောင်း၊ ကချင်လူမျိုးများကိုသာ လုပ်ကိုင် စားသောက်ခွင့်ပြုထားကြောင်း လက်နက်အားကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။

ဤကဲ့သို့ KIA တို့ ပြုမူဆောင်ရွက်နေခြင်းသည် လူမျိုးရေးခွဲခြား ဆက်ဆံနေကြောင်း၊ လက်နက်အားကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုတို့၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အခွင့်အရေးများကိုလည်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်းနှင့် KIA ဗိုလ်ချုပ်ဂွမ်မော်-က ကချင်နှင့်ရှမ်း ညီရင်းအစ်ကိုလို အတူယှဉ်တွဲနေထိုင်ရေးမူ ရှိပါတယ်လို့ အကြိမ်ကြိမ် အော်ပြောနေသော်လည်း လက်တွေ့တွင် အောက်ခြေ၌ ဒေသခံရှမ်းလူမျိုးများအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက်ခံလျက်ရှိခြင်း၊ တပ်သားသစ်များကို အဓမ္မဖမ်းဆီးလျှက်ရှိခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်နေခြင်း စသည့်လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ယင်းဒေသခံများမှ ပြောကြားခဲ့သည်။

ဦးစိုင်းသာဇုံ
Credit To:ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။

အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁၃ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်- မုံးထသွား ကားလမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော် (၂၉)နှစ်မောင်းနှင်လာသော ၈ဌ/xxxxxလေးလုံးထိုး ထော်လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူ သို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

မြန်မာ - တရုတ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် တရုတ်ကွန်မြူ နစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူး H.E.Mr.Qiu He ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဧပြီ ၂၈ ရက် ညနေ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ နှစ်စဉ်တိုးတက်နေကြောင်း၊ ယင်းကဲ့သို့တိုးတက်ရေး

အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး

Photo: အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး
Wednesday, April 30, 2014

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

လေးနိုင်ငံ အာရှခရီးစဉ် နောက်ဆုံးနေ့တွင် မနီလာမြို့၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို အိုဘားမားက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ဒေသတွင်း၌ တရုတ်နှင့်အမေရိကန်၏ မဟာမိတ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတွေနဲ့ ပြည်သူတွေမှာ လုံခြုံစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရဖို့ သူတို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားခံရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းပြီး ကူးသန်းရောင်းဝယ်မှုကို နှောင့်ယှက်မှု မပြုလုပ်ရပါဘူး။ အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ၊ သန္တာကျောက်တန်းများ၊ ကျောက်ဆောင်များနှင့် ပတ်သက်၍ တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ အများအပြား ရှိနေသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့်  နီးကပ်စွာတည်ရှိသော ရေပြင်များနှင့် အခြားအရာများလည်း ပါဝင်သည်။ ဖိလစ်ပိုင်သည် ဒေသတွင်း၌ စစ်ရေးအရ အားအနည်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်သည် ဖိလစ်ပိုင်နှင့် အငြင်းပွားနေသော နယ်မြေများကို ထိန်းချုပ်ရန်အတွက် စစ်ရေးအရနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လာနေသောကြောင့် ဖိလစ်ပိုင်က သူ၏ရေရှည် မဟာမိတ် အမေရိကန်ကို အကူအညီ တောင်းခံထားသည်။

Ref:AFP
Eleven Media Group 

ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတ အိုဘားမား (Photo:AFP)
ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန် သမ္မတ အိုဘားမား (Photo:AFP)

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။