အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးငွေ ပေးဆောင်ရန် အဆိုကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည်။
Thursday, 24 April 2014
ချစ်သောသူနှင့် ဝေးနေရသူသည် သာမန်လူထက် သေဆုံးမှုပိုမို မြန်ဆန်နိုင်

သိပ္ပံပညာရှင်များ၏ သုတေသန အသစ်တစ်ရပ်အရ မိမိ၏ ချစ်မြတ်နိုးရသူကို ဆုံးရှုံးသွား ပြီးနောက် ပထမ လတွင် နှလုံးအလုပ် မလုပ်တော့ဘဲ နှလုံးရပ် မည့် အန္တရာယ် သို့မဟုတ် လေဖြတ်မည့် အန္တရာယ် နှစ်ဆ ခန့် ရှိနိုင်ကြောင်း ပြသခဲ့ သည်။ ချစ်သောသူနှင့် သေကွဲခွဲရ၍ မကြာမီ လိုက်ပါသေ ဆုံးသော သူကို ရှေးခေတ်ကာလကဆိုလျှင် ရင်ကွဲနာကျ၍ သေသည်ဟု ဆိုကြောင်း စာများတွင် ဖတ်ရှုရ သည်။
မင်းကွန်း မင်းဧကရီအိမ်တွင်းလက်မှုလုပ်ငန်းမှ ကော်ဖီမစ်အိတ်ခွံဖြင့် ဖျာရက်လုပ်ပြီးစီး

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသပုထိုးတော်ကြီးအနီး စစ်ကိုင်း- မင်းကွန်းသွား လမ်းဘေးရှိ မင်းဧကရီအိမ်တွင်း လက်မှုအခမဲ့သင်တန်းမှ စူပါကော်ဖီမစ်အိတ်ခွံဖြင့် ဖျာတစ်ချပ်ရက် လုပ်ရာ သင်္ကြန်အကြို နေ့က ရက်လုပ်ပြီးစီးကြောင်း အဆိုပါဖျာရက် လုပ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။
အမ်အေအိုင်က နှစ် ၂၀ ကျော် သက်တမ်းရှိ လေယာဉ်များ ထုတ်ရောင်းမည်

မြန်မာအဲယားဝေးအင်တာနေရှင်နယ် (အမ်အေအိုင်) ဟာ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ လေယာဉ် ၄ စင်းကို ထုတ်ရောင်းတော့ မယ်လို့ လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောပါတယ်။
နယ်မြေကျူးကျော်ကာ ဆက်ကြေးတောင်းသော KIA အဖွဲ့အား ဒေသခံများ မကျေနပ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မြေပလ္လင်ကျေးရွာအနီးတစ်ဝိုက်ရှိ သစ်စက်များ၊ ဒေသသုံးသစ်၊ ၀ါး ခုတ်သူများနှင့် မီးသွေးဖုတ်သူများ အား အေပြီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေ များ လာရောက်ခြိမ်းခြောက်တောင်းယူသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
တရုတ်နိုင်ငံမှ ဘေဂျင်းကားပြပွဲ

တရုတ် မော်တော်ယာဉ် လုပ်ငန်းများက အရောင်းပမာဏ ကျဆင်းခြင်း အတွက် ညည်းညူကြသည်။ တရုတ်အစိုးရ အာဏာပိုင်များက လည်း ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်စေရန် စည်းမျဉ်းများ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကျော် အမှတ်တံဆိပ် အဖိုးတန် မော်တော်ကား များ ကိုသာ တရုတ်နိုင်ငံသား အများစုက တပ်မက် စိတ်ဝင်စားကြသည့် အစွဲအလမ်းကိုမူ ဖျက်မပစ်နိုင် ခဲ့ချေ။ နာမည်ကျော် ဇိမ်ခံကားများကို တရုတ်နိုင်ငံသားများက မက်မက်မောမော ရှိလွန်းလှသည်ကို ဧပြီလ (၂၂)ရက်နေ့က စတင်ကျင်းပသည့် Auto China 2014 မော်တော်ယာဉ် ပြပွဲကြီးက သက်သေခံနေခဲ့သည်။
ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှု မြင့်တက်လာ
ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ် သားခေါ်ယူမှု မြင့်တက် လာကြောင်း ပြည်ပ အလုပ် အကိုင် အေ ဂျင်စီ များထံမှ သိရသည်။ ယခင်က ဂျပန်မှ လုပ်သားခေါ်ယူမှုမှာ တစ်ကြိမ်လျှင် ၁၅ ဦး ဝန်းကျင် သာရှိခဲ့ပြီး ယခုနှစ်အတွင်း ဦးရေ ၄ဝ အထိရှိ လာခဲ့ကာ ဂျပန်နိုင်ငံဘက်မှ မြန်မာ လုပ်သား များ ခေါ်ယူ ရာတွင် အမျိုးသားများ သာမက အမျိုးသမီးများကိုပါ ခေါ်ယူနေကြောင်း အေဂျင်စီ အသိုင်းအဝိုင်း မှ သိရသည်။
နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသော လိုင်စင်မဲ့မော်တော် ယာဉ်နှစ်စီးကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်း
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိစံပြ ကျေးရွာတွင် နာရေးကူညီမှုများအ တွက် အသုံးပြုလျက် ရှိသော မော် တော် ယာဉ်နှစ်စီးအား ပြစ်မှုကြီးအ မှတ် ၁၄၇၁/၂ဝ၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)အရ ဧပြီ ၉ ရက်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး မြင့်အောင်ပါ ခုနစ်ဦးအား ပြစ်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိ ရသည်။
တရုတ်နိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် ကမ္ဘာ့ဖလား ဆုတံဆိပ်အတုများ

တရုတ်နိုင်ငံ အကောက်ခွန် တာဝန်ရှိသူများဟာ တရုတ်နိုင်ငံအတွင်း ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတု ၁၀၀၀ ထောင်ကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။
Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်

ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။
အမတ်လောင်းမှလွဲ၍ မည်သူမျှ မဲမဆွယ်ရကိစ္စ ဦးတင်အေး ကို ဒေါ်စုမေးမြန်း ထား
လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် အမတ်လောင်းမှလွဲ၍ အခြားမည် သူမှ မဲမဆွယ်ရဆိုသည့် ဦးတင်အေးပြောဆိုချက် အတည်ဟုတ်မဟုတ် NLD ပါတီက မေးမြန်း ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မဲဆွယ်ခွင့်ပြော စကား ရွေးကောက်ပွဲကော်မရှင် ကို NLD က မေးမြန်းထား

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တခုမှာ တခြားသူတွေလာပြီး စည်းရုံး ခွင့်ပြုမှာမဟုတ်ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းက သာလျှင် မဲဆွယ်စည်းရုံး ရမယ်လို့ ညွှန်ကြားချက်ထုတ်မယ့်အကြောင်း ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ မကြာခင်က ပြောကြားခဲ့ တာနဲ့ ပတ်သက်ပြီး အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ရေး အတွက် မေးမြန်းထားကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အမျိုးသမီးများနှင့် စီးပွားရေးအခွင့်အလမ်းများအား အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း

(၂၀၁၃)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း (၁၀)နှစ်စာ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းမှာ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်းများ ထည့်သွင်းရေးဆွဲထား တယ်လို့ သိရပါတယ်။ဒီလို ထည့်သွင်းရေးဆွဲထားမှုမှာ အလုပ်အကိုင် ချေးငွေအရင်းအမြစ်များ၊ ပိုင်ဆိုင်မှု များနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အမျိုးသမီးများ တရားမျှတစွာ တန်းတူညီမျှမှု ရရှိခံစားနိုင်စေဖို့ အာမခံချက်ပေးနိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေး စတာတွေကိုလည်း အဓိကဦးတည်ရေးဆွဲထားတယ်လို့ သိရပါတယ်။
အမေရိကန်ကြည်းတပ် စစ်ရေးလေ့ကျင့်ရန် ပိုလန်ကို ရောက်ရှိ

ပိုလန်နိုင်ငံမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ကြည်းတပ် အင်အား ၁၅၀ ဟာ ပထမ အသုတ် အနေနဲ့ ပိုလန်နိုင်ငံ ဆွီဒ်ဝင်း(Swidwin) မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ရောက်ရှိ လာပြီး နောက်ထပ် တပ်အင်အား ၄၅၀ လည်း မကြာခင် လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်း လာသည့် ဂျပန် လောင်စာဆီတင် သင်္ဘော မလေးရှား ကမ်းလွန်တွင် စီးနင်းခံရ

လက်နက်ကိုင် ပင်လယ်ဓားပြ အုပ်စု တစ်စုသည် မလေးရှား ကမ်းလွန်တွင် ဂျပန် လောင်စာဆီတင် သင်္ဘောတစ်စီး ကို ၀င်ရောက် စီးနင်းခဲ့ပြီး ၄င်းသင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦးကို ပြန်ပေးဆွဲ ခဲ့ကြောင်း ၊ ထို ဖြစ်စဉ်သည် ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက် လာနိုင်ကြောင်း မလေးရှား ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောကြား ခဲ့သည်။
မန္တလေး ဘူတာကြီးအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေး သိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်း လုပ်ကိုင်ခွင့်ပြုလိုက်ပြီ

ခြောက်ထပ်အမြင့်ရှိ မန္တလေးဘူတာကြီးအား ဟိုတယ်လုပ် ငန်း ငှားရမ်း လုပ်ကိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်ပြီဟု မြန်မာ့ မီးရထားမှ သိရှိ ရသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အများအားဖြင့် သာယာနေပြီးကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ အများ အားဖြင့် သာယာ ပါမယ်။
ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48
AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်း ထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံ သား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ

သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် တန်ခိုးရှင်များ ဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်း၏ အလှူခံပုံ နှင့် တရား ပွဲများမှာလည်း မကြာခဏဆိုသလို တိုင်ကြားမှုများရှိနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများ အတွက် လျော်ကြေးပေး ရန် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြို ကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေး ဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။
Subscribe to:
Posts (Atom)