Thursday, 24 April 2014

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာအပြင်အပိုထောက်ပံ့ကြေးငွေ ပေးဆောင်ရန် အဆိုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့တင်သွင်း

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးငွေ ပေးဆောင်ရန် အဆိုကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ချစ်သောသူနှင့် ဝေးနေရသူသည် သာမန်လူထက် သေဆုံးမှုပိုမို မြန်ဆန်နိုင်


သိပ္ပံပညာရှင်များ၏ သုတေသန အသစ်တစ်ရပ်အရ မိမိ၏ ချစ်မြတ်နိုးရသူကို ဆုံးရှုံးသွား ပြီးနောက် ပထမ လတွင် နှလုံးအလုပ် မလုပ်တော့ဘဲ နှလုံးရပ် မည့် အန္တရာယ် သို့မဟုတ် လေဖြတ်မည့် အန္တရာယ် နှစ်ဆ ခန့် ရှိနိုင်ကြောင်း ပြသခဲ့ သည်။ ချစ်သောသူနှင့် သေကွဲခွဲရ၍ မကြာမီ လိုက်ပါသေ ဆုံးသော သူကို ရှေးခေတ်ကာလကဆိုလျှင် ရင်ကွဲနာကျ၍ သေသည်ဟု ဆိုကြောင်း စာများတွင် ဖတ်ရှုရ သည်။

မင်းကွန်း မင်းဧကရီအိမ်တွင်းလက်မှုလုပ်ငန်းမှ ကော်ဖီမစ်အိတ်ခွံဖြင့် ဖျာရက်လုပ်ပြီးစီး

Photo: မင်းကွန်း မင်းဧကရီအိမ်တွင်းလက်မှုလုပ်ငန်းမှ ကော်ဖီမစ်အိတ်ခွံဖြင့် ဖျာရက်လုပ်ပြီးစီး
Thursday, April 24, 2014

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသပုထိုးတော်ကြီးအနီး စစ်ကိုင်း- မင်းကွန်းသွားလမ်းဘေးရှိ မင်းဧကရီအိမ်တွင်း လက်မှုအခမဲ့သင်တန်းမှ စူပါကော်ဖီမစ်အိတ် ခွံဖြင့် ဖျာတစ်ချပ်ရက်လုပ်ရာ သင်္ကြန်အကြို နေ့က ရက်လုပ်ပြီးစီးကြောင်း အဆိုပါဖျာရက် လုပ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။

စူပါကော်ဖီမစ်အိတ်ခွံ ၁ဝ၁ဝ၄ ခွံကိုစု ဆောင်း၍ ဒီဇင်ဘာလမှ စတင်ရက်လုပ်ရာ အလျားခြောက်ပေ၊ အနံသုံးပေရှိ ချိတ်ဒီဇိုင်း ဖျာကို ပစ္စည်းစုဆောင်းမှုအပါအဝင် ငါးလ ကြာ ရက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်မအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ပြသချင်လို့ စွန့်ပစ်ကော်ဖီမစ် အိတ်ခွံတွေကို စုဆောင်းပြီး လက်ကိုင်အိတ်၊ ရေဘူးအိတ်၊ လွယ်အိတ်၊ ဆလင်းဘက်အိတ်၊ ဦးထုပ်တွေ ရက်လုပ်ရောင်းချခဲ့ပါတယ်။ ရေ သန့်ဘူးခွံများကိုလဲ ပန်းအိုး၊ ပန်းစိုက်ခြင်းတွေ ရက်လုပ်ခဲ့ဖူးပါတယ်။ အခုရက်လုပ်တဲ့ စူပါ ကော်ဖီမစ်အိတ်ခွံဖျာက ဒုတိယမြောက် ဖျာ ပါ။ 

ပထမဆုံးကော်ဖီမစ်အိတ်ခွံဖျာကို အိတ်ခွံ တံဆိပ်မျိုးစုံ ၁၁၄ဝဝ နဲ့ စတင်ရက်လုပ်ခဲ့ပါ တယ်။ ပစ္စည်းစုဆောင်းချိန်နဲ့ ရက်လုပ်ချိန် တစ်နှစ်ကြာမြင့်ခဲ့ပါတယ်။ မင်းကွန်းလာတဲ့ နယူးဇီလန်နိုင်ငံသား ခရီးသည်တစ်ဦးက ကော် ဖီမစ်အိတ်ခွံဖျာကို ဒေါ်လာ ၂ဝဝနဲ့ပေးဝယ် တာ ကျွန်မတစ်နှစ်ကျော် အချိန်ယူရက်ခဲ့တာ မို့ မရောင်းဖြစ်ခဲ့ပါဘူး''ဟု ဒေါ်ယဉ်ယဉ်ထွန်း ကပြောသည်။

ဒုတိယမြောက် ရက်လုပ်ပြီးစီးသည့် စူပါ ကော်ဖီမစ်အိတ်ခွံဖျာကို မန္တလေးမြို့ရှိမိတ်ဆွေ တစ်ဦး၏မှာကြားချက်အရ ရက်လုပ်ခဲ့ရာ ပထမ ပြီးစီးသွားသည့် ကော်ဖီမစ်အိတ်ခွံတံဆိပ်မျိုးစုံ ပါသောဖျာထက် ရက်လုပ်မှုခက်ခဲသော်လည်း လက်ရာမှာ ပိုမိုကောင်းမွန်လာကြောင်း သိရ သည်။

အဆိုပါဖျာကို ရန်ကုန်မြို့ရှိ စူပါကော်ဖီ မစ်ကုမ္ပဏီသို့ မန္တလေးမိတ်ဆွေမှ တစ်ဆင့် ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသပုထိုးတော်ကြီးအနီး စစ်ကိုင်း- မင်းကွန်းသွား လမ်းဘေးရှိ မင်းဧကရီအိမ်တွင်း လက်မှုအခမဲ့သင်တန်းမှ စူပါကော်ဖီမစ်အိတ်ခွံဖြင့် ဖျာတစ်ချပ်ရက် လုပ်ရာ သင်္ကြန်အကြို နေ့က ရက်လုပ်ပြီးစီးကြောင်း အဆိုပါဖျာရက် လုပ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။

အမ်အေအိုင်က နှစ် ၂၀ ကျော် သက်တမ်းရှိ လေယာဉ်များ ထုတ်ရောင်းမည်

Photo: အမ်အေအိုင်က နှစ် ၂၀ ကျော် သက်တမ်းရှိ လေယာဉ်များ ထုတ်ရောင်းမည်
Thursday, April 24, 2014

မြန်မာအဲယားဝေးအင်တာနေရှင်နယ် (အမ်အေအိုင်) ဟာ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ လေယာဉ် ၄ စင်းကို ထုတ်ရောင်းတော့ မယ်လို့ လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောပါတယ်။

mai1ဧပြီ ၂၂ ရက်နေ့က လုပ်တဲ့ လေယာဉ် မတော်တဆ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ဒီလို နှစ် ၂၀ ကျော် အသုံးပြု ပြီးသား လေယာဉ်တွေကို အာဖရိက တိုက်နိုင်ငံတွေက ၀ယ်ယူတတ်ပြီး လူစီးဖို့ မဟုတ်ပဲ ကုန်တင်လေယာဉ်တွေ အဖြစ် ပြောင်းလဲ အသုံးပြုလေ့ ရှိတယ်လို့လည်း ဒုတိယမန်နေးဂျင်းဒါရိုက် တာ ဦးကျော်ဟန်က ရှင်းပြပါတယ်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အသုံးမပြုတော့ တဲ့ လေယာဉ်တွေ အပါအ၀င် ညအိပ်ရပ်နားတဲ့ လေယာဉ်တွေ ဟာ လေဆိပ်က လက်ခံနိုင်တဲ့ အရေအတွက်ထက် ပိုလွန်နေလို့ တချို့ အမ်အေအိုင်လေယာဉ်တွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ညအိပ် ရပ်နားရတယ်လို့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက လည်း ပြောဆိုခဲ့ပါတယ်။ 

ဒီဗွီဘီ
မြန်မာအဲယားဝေးအင်တာနေရှင်နယ် (အမ်အေအိုင်) ဟာ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ လေယာဉ် ၄ စင်းကို ထုတ်ရောင်းတော့ မယ်လို့ လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောပါတယ်။

နယ်မြေကျူးကျော်ကာ ဆက်ကြေးတောင်းသော KIA အဖွဲ့အား ဒေသခံများ မကျေနပ်

Photo: နယ်မြေကျူးကျော်ကာ ဆက်ကြေးတောင်းသော KIA အဖွဲ့အား ဒေသခံများ မကျေနပ်
Thursday, April 24, 2014

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မြေပလ္လင်ကျေးရွာအနီးတစ်ဝိုက်ရှိ သစ်စက်များ၊ ဒေသသုံးသစ်၊ ၀ါး ခုတ်သူများနှင့် မီးသွေးဖုတ်သူများ အား အေပြီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်ခြိမ်းခြောက်တောင်းယူသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်နိမိတ်အစပ် နန့်ပမောင်းချောင်းဖျားတွင် သွားလာလှုပ်ရှားနေ သော KIA အဖွဲ့မှ နယ်မြေကျူးကျော်ကာ ဆက်ကြေးလာတောင်းမှုအပေါ် ဒေသခံများက စိတ်ဆိုးဒေါသ ထွက်ကာ မကျေမနပ်ဖြစ်နေကြကြောင်း အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

``သစ်စက်တစ်စက်ကို ငွေတစ်သိန်းတောင်းတယ်၊ သေနတ်တွေကိုင်ပြီး ၀င်လာတော့ အားလုံးကြောက်ကုန် ကြတာပေါ့၊ သစ်စက်ပိုင်ရှင်တွေ လည်း တောင်းတဲ့ငွေပေးလိုက်ရတယ်´´ ဟု သစ်စက်အလုပ်သမား တစ်ဦးက ဆိုသည်။

KIA အဖွဲ့မှ သစ်စက်များအား ဆက်ကြေးငွေတောင်းယူပြီးနောက် အနီးဝန်းကျင်သစ်တော၊ ၀ါးတောများတွင် သစ်၊ ၀ါးခုတ်နေသော ဒေသခံများ ဆီမှလည်း တောင်းယူသွားကြောင်း ကိုယ်တွေ့ကြုံသောရွာသားတစ်ဦးက ယခုလိုပြောကြားခဲ့သည်။

``သစ်ခုတ်၊ ၀ါးခုတ်လာတာ ဘာပိုက်ဆံမှ မပါဘူးလို့ ပြောတော့ ရွာပြန်ယူပြီးပေးလို့ ပြောတယ်။ မပေးရင် KIA တပ်ထဲ လိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်လို့ ရွာပြန်ပြီး ပိုက်ဆံယူပေးခဲ့ရတယ်´´

အဆိုပါ သစ်တော၊ ၀ါးတောများမှာ မြေပလ္လင်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသဖြင့် သစ်ခုတ်၊ ၀ါးခုတ်သူများ နည်းတူ မီးသွေးဖုတ်သူများလည်း ရွာသို့ပြန်ကာ KIA တောင်းသော ဆက်ကြေးငွေအား ယူပေးခဲ့ရကြောင်း မီးသွေးဖုတ်လုပ်ငန်း လုပ်နေသူတစ်ဦးက ပြောသွားသည်။

အင်းတော်မြို့ခံဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ``KIA ရဲ့ လုပ်ရပ်တွေက တရားဥပဒေကို မထီမဲ့မြင်ပြုတဲ့အဆင့် အထိ ရောက်လာပါပြီ။ သူတို့ကချင်ပြည်နယ်ထဲမှာ ဆက်ကြေးကောက်တာ၊ လူသစ်စုတာ နယ်မြေဒေသ အခြေအနေအရ ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ တရားဥပေဒစိုးမိုးမှုရှိတဲ့ ဒီလိုမြို့နယ်ထဲထိ ဆက်ကြေးလာ ကောက်တာ ကတော့ တရားလွန်သွားပြီ၊ လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့် တာတွေ ဆက်လုပ်လာဦး မယ်ဆိုရင် တရားဥပဒေလမ်းကြောင်းအတိုင်း အရေးယူဖို့ ဆောင်ရွက်သွားမှာပါ´´ ဟု ပြောကြားသွားခဲ့ပါသည်။ 

Kachin Daily News
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မြေပလ္လင်ကျေးရွာအနီးတစ်ဝိုက်ရှိ သစ်စက်များ၊ ဒေသသုံးသစ်၊ ၀ါး ခုတ်သူများနှင့် မီးသွေးဖုတ်သူများ အား အေပြီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေ များ လာရောက်ခြိမ်းခြောက်တောင်းယူသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံမှ ဘေဂျင်းကားပြပွဲ

Photo: တရုတ်နိုင်ငံမှ ဘေဂျင်းကားပြပွဲ
Thursday, April 24, 2014 

တရုတ် မော်တော်ယာဉ် လုပ်ငန်းများက အရောင်းပမာဏ ကျဆင်းခြင်း အတွက် ညည်းညူကြသည်။ တရုတ်အစိုးရ အာဏာပိုင်များက လည်း ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်စေရန် စည်းမျဉ်းများ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကျော် အမှတ်တံဆိပ် အဖိုးတန် မော်တော်ကားများကိုသာ တရုတ်နိုင်ငံသား အများစုက တပ်မက် စိတ်ဝင်စားကြသည့် အစွဲအလမ်းကိုမူ ဖျက်မပစ်နိုင်ခဲ့ချေ။ နာမည်ကျော် ဇိမ်ခံကားများကို တရုတ်နိုင်ငံသားများက မက်မက်မောမော ရှိလွန်းလှသည်ကို ဧပြီလ (၂၂)ရက်နေ့က စတင်ကျင်းပသည့် Auto China 2014 မော်တော်ယာဉ် ပြပွဲကြီးက သက်သေခံနေခဲ့သည်။

ဘဂျင်းမြို့တော်တွင် ပြုလုပ်သော ကားပြပွဲကြီးသည် နိုင်ငံတကာ မော်တော်ကား ပြပွဲများအနက် အကြီးမားဆုံး စာရင်းဝင် ပွဲတော်ကြီး တစ်ခုလည်း ဖြစ်သည်။ မော်တော်ကား ဝါသနာအိုးများ၊ ကုမ္ပဏီ အသီးသီးမှ ဝန်ထမ်းများ၊ သတင်းသမားများသည် တဖိတ်ဖိတ် တောက်ပနေသော ဇိမ်ခံကားကြီးများ၊ ပြိုင်ကားများ၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကြားတွင် ပျားပန်းခတ်မျှ သွားလာနေကြသည်။ မီဒီယာသမားများသည် တနင်္ဂနွေနေ့ ကတည်းက အကြိုခင်းကျင်းမှု အစီအစဉ်များတွင် သတင်းယူခွင့် ရခဲ့ပြီး ဖြစ်သည်။ တရုတ်ပြည်သူများ၏ ကားအကောင်းစား မက်မောတတ်မှုကို ကောင်းစွာသိနေသည့် နိုင်ငံခြား ကုမ္ပဏီကြီး အမြောက်အမြားတို့သည် ယခုပြပွဲတွင် ၎င်းတို့၏ နောက်ဆုံးပေါ် ကားသစ်များကို ခင်းကျင်းပြလာခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ် ဝယ်လိုအား အလျင်မြန်ဆုံး မြင့်တက်လာသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။ McKinsey ဈေးကွက်စစ်တမ်းက (၂၀၁၆)ခုနှစ်တွင် တရုတ်၏ မော်တော်ကား ဝယ်လိုအားသည် အမေရိကန်ကို ကျော်တက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ အထူးသဖြင့် အကျိုးအမြတ် များသလောက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လွန်းသည့် တရုတ်မော်တော်ကား ဈေးကွက်က ရင်းနှီးမြှုပ်နှံသူများကို စွန့်စားချင်စိတ် ဖြစ်ပေါ်အောင် နှိုးဆွ ဖိတ်ခေါ်လျှက်ရှိသည်။ Rolls-Royceကဲ့သို့ ကားကုမ္ပဏီကြီးများသည် အနာဂတ်တွင် တရုတ်နိုင်ငံ၌ ဓနအင်အား တောင့်တင်းသော ဖောက်သည်ကောင်းများ ရရှိလာစေရန် မျှော်လင့်လျှက်ရှိသည်။

“ခုဆိုရင် တရုတ်ဟာ ကျွန်တော်တို့အတွက် အမေရိကန်နည်းတူ ထိပ်တန်း ဈေးကွက်ပစ်မှတ် ဖြစ်လာပြီလေ”ဟု ကုမ္ပဏီ၏ အမှုဆောင်ချုပ် တော်စတန် မူလာအော့တ်ဗော့စ်က ဘေဂျင်းကားပြပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ Rolls-Royceသည် မော်ဒယ်လ်သစ် မော်တော်ယာဉ် (၂)စင်းကို ပြပွဲတွင် ခင်းကျင်းပြသခဲ့သည်။ “(၂၀၁၃)ခုနှစ်ကဆိုရင် ဂွတ်ဒ်ဝုဒ်က ကျွန်တော်တို့ရဲ့ ဒီဇိုင်းစတူဒီယိုကနေ ထုတ်လုပ်လိုက်သမျှ ကားတွေရဲ့ (၄)ပုံ(၁)ပုံက တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ်” ဟုလည်း အော့တ်ဗော့စ်က ဆိုသည်။

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် မော်တော်ယာဉ် အမှတ်တံဆိပ်ဖြစ်သည့် Bugattiကလည်း ၎င်းတို့၏ Veyron စီးရီးများအနက် မျိုးဆက်သစ်ဖြစ်သော Type 18 Black Bessကို ဂုဏ်ယူစွာ ခင်းကျင်းခဲ့သည်။ အဆိုပါ မော်တော်ကားသည် တစ်စင်းလျှင် ဒေါ်လာ (၃.၆၁)သန်း တန်ကြေးရှိပြီး စုစုပေါင်း (၃)စင်းသာ ထုတ်လုပ်ထားသည်။ ဘေဂျင်းတွင် ကျင်းပသည့် မော်တော်ကား ပြပွဲကြီးသည် တရုတ်နိုင်ငံသားများ၏ ကားသစ်များအပေါ် ဆာလောင်တောင့်တမှုနှင့် တရုတ်ဈေးကွက်အပေါ် လုပ်ငန်းကြီးများ၏ စိတ်ဝင်စားမှုကို ကြီးစွာထင်ဟပ်စေသည်မှာမူ အထင်အရှားပင်ဖြစ်သည်။ ဘေဂျင်းရဲတပ်ဖွဲ့က အဆိုပါ ကားပြပွဲသို့ နေ့စဉ်ပျမ်းမျှ လူပေါင်း (၁၂၀၀၀၀)မျှ လာရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

Plasnet
တရုတ် မော်တော်ယာဉ် လုပ်ငန်းများက အရောင်းပမာဏ ကျဆင်းခြင်း အတွက် ညည်းညူကြသည်။ တရုတ်အစိုးရ အာဏာပိုင်များက လည်း ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်စေရန် စည်းမျဉ်းများ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကျော် အမှတ်တံဆိပ် အဖိုးတန် မော်တော်ကား များ ကိုသာ တရုတ်နိုင်ငံသား အများစုက တပ်မက် စိတ်ဝင်စားကြသည့် အစွဲအလမ်းကိုမူ ဖျက်မပစ်နိုင် ခဲ့ချေ။ နာမည်ကျော် ဇိမ်ခံကားများကို တရုတ်နိုင်ငံသားများက မက်မက်မောမော ရှိလွန်းလှသည်ကို ဧပြီလ (၂၂)ရက်နေ့က စတင်ကျင်းပသည့် Auto China 2014 မော်တော်ယာဉ် ပြပွဲကြီးက သက်သေခံနေခဲ့သည်။

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှု မြင့်တက်လာ

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ် သားခေါ်ယူမှု မြင့်တက် လာကြောင်း ပြည်ပ အလုပ် အကိုင် အေ ဂျင်စီ များထံမှ သိရသည်။ ယခင်က ဂျပန်မှ လုပ်သားခေါ်ယူမှုမှာ တစ်ကြိမ်လျှင် ၁၅ ဦး ဝန်းကျင် သာရှိခဲ့ပြီး ယခုနှစ်အတွင်း ဦးရေ ၄ဝ အထိရှိ လာခဲ့ကာ ဂျပန်နိုင်ငံဘက်မှ မြန်မာ လုပ်သား များ ခေါ်ယူ ရာတွင် အမျိုးသားများ သာမက အမျိုးသမီးများကိုပါ ခေါ်ယူနေကြောင်း အေဂျင်စီ အသိုင်းအဝိုင်း မှ သိရသည်။

နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသော လိုင်စင်မဲ့မော်တော် ယာဉ်နှစ်စီးကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်း

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိစံပြ ကျေးရွာတွင် နာရေးကူညီမှုများအ တွက် အသုံးပြုလျက် ရှိသော မော် တော် ယာဉ်နှစ်စီးအား ပြစ်မှုကြီးအ မှတ် ၁၄၇၁/၂ဝ၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)အရ ဧပြီ ၉ ရက်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး မြင့်အောင်ပါ ခုနစ်ဦးအား ပြစ်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိ ရသည်။

တရုတ်နိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် ကမ္ဘာ့ဖလား ဆုတံဆိပ်အတုများ

Photo: တရုတ်နိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် ကမ္ဘာ့ဖလား ဆုတံဆိပ်အတုများ
Thursday, April 24, 2014 

တရုတ်နိုင်ငံ အကောက်ခွန် တာဝန်ရှိသူများဟာ တရုတ်နိုင်ငံအတွင်း ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတု ၁၀၀၀ ထောင်ကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ကမ္ဘာ့ဖလား ပုံစံဆုတံဆိပ်အတု ၁၀၀၀ ကျော်ကို တရုတ်နိုင်ငံရဲ့ ပြည်ပနိုင်ငံတွေ ကို အဓိကကုန်သွယ်မှုပြုလုပ်တဲ့ ရီပူမြို့၊ ဇီဂျန်းဆင်ခြေဖုံး၊ ရပ်ကွက်အတွင်းရှိ ဂိုထောင်တစ်ခုထဲ မှာ သေတ္တာများနဲ့ စနစ်တကျထုတ်ပိုးထားတာ ဖြစ်ပါတယ်။

တရုတ်အကောက်ခွန်တာဝန်ရှိသူ တွေဟာ ဂိုထောင်ထဲမှာ စနစ်တကျထုတ်ပိုးထားတဲ့ ကမ္ဘာ့ဖလား ပုံစံဆုတံဆိပ်အတု ၁၀၂၀ ကို ရှာဖွေ တွေ့ရှိခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းဆည်းရမိတဲ့ ဆုတံဆိပ်အတုတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှ ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ပုံစံအတိုင်း ပြုလုပ်ထားတာဖြစ်ပြီး လစ်ဗျားနိုင်ငံကို တင်ပို့ဖို့စီစဉ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အသုံးပြု မယ့် လာဘ်ကောင်ပုံစံ အမျိုးမျိုးကို တရားဝင်ထုတ်လုပ်ခွင့် ရရှိထားတာဖြစ်ပြီး ကမ္ဘာ့ဖလား ကျင်းပရေး တာဝန်ရှိသူတွေဟာ အဆိုပါ လာဘ်ကောင်များကို ကမ္ဘာ့ဈေးကွက်အတွင်း ပမာဏ အများအပြား ရောင်းချရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အကောက်ခွန်ဌာနဟာ တရားဝင်မူပိုင်ခွင့်နဲ့ ထုတ်လုပ်ထားတဲ့ လာဘ်ကောင်များကို မူပိုင်ခွင့်ချိုးဖောက်မခံရဖို့အတွက် ယခုလမှစတင်ပြီး လှုံ့ဆော်တားဆီးမှုတွေကို လုပ်ဆောင်နေသလို ကမ္ဘာ့ဖလားနဲ့ သက်ဆိုင်တဲ့ တရားမ၀င် ပစ္စည်းများကို လိုက်လံသိမ်းဆည်းနေတာဖြစ်ပါတယ်။ 

သိမ်းဆည်းရမိခဲ့တဲ့ ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတုတွေရဲ့ အောက်ခြေ
မှာ နှစ်အလိုက် ဗိုလ်စွဲထားနိုင်ခဲ့တဲ့ နိုင်ငံလက်ရွေးစင် အသင်းများရဲ့ စာရင်းကိုလည်း ရေးသားဖော်ပြထားကြောင်း သိရပါတယ်။ 

၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ဇွန်လ(၁၂)ရက်နေ့ကနေ ဇူလိုင်လ(၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV4
တရုတ်နိုင်ငံ အကောက်ခွန် တာဝန်ရှိသူများဟာ တရုတ်နိုင်ငံအတွင်း ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတု ၁၀၀၀ ထောင်ကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်

Photo: Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်
Thursday, April 24, 2014 

ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များ
ကောင်းမွန်ခြင်း တို့ကြောင့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလ
အတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်
ဆက်ခြင်း၊ အရောင်းမြှင့်တင်ရေး အစီအစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား
သည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင်တာပါ။ 

သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေ
ကို ဝန်ဆောင်မှု ကောင်းကောင်း၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆောင်
ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေ
သိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။ 

The Voice Weekly
ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

အမတ်လောင်းမှလွဲ၍ မည်သူမျှ မဲမဆွယ်ရကိစ္စ ဦးတင်အေး ကို ဒေါ်စုမေးမြန်း ထား

လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် အမတ်လောင်းမှလွဲ၍ အခြားမည် သူမှ မဲမဆွယ်ရဆိုသည့် ဦးတင်အေးပြောဆိုချက် အတည်ဟုတ်မဟုတ် NLD ပါတီက မေးမြန်း ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မဲဆွယ်ခွင့်ပြော စကား ရွေးကောက်ပွဲကော်မရှင် ကို NLD က မေးမြန်းထား

Photo: မဲဆွယ်ခွင့်ပြော စကား ရွေးကောက်ပွဲကော်မရှင် ကို NLD က မေးမြန်းထား
Thursday, April 24, 2014 

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တခုမှာ တခြားသူတွေလာပြီး စည်းရုံး ခွင့်ပြုမှာမဟုတ်ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းက သာလျှင် မဲဆွယ်စည်းရုံးရမယ်လို့ ညွှန်ကြားချက်ထုတ်မယ့်အကြောင်း ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ မကြာခင်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ရေး အတွက် မေးမြန်းထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

"အဲ့ဒီကိစ္စက ပထမဒီဟာ ဟာ ရွေးကောက် ပွဲကော်မရှင်ကို အစ်မတို့အနေနဲ့ တရားဝင်ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကိုတောင်းထားပါ တယ်၊ ဒါကသဘောထားကို တရားဝင်ထုတ်ထား တာမဟုတ်ပါဘူး၊ ပြောကြားချက်ဆိုပြီးတော့ပဲ သတင်းတွေထဲမှာပါလာတယ်ဆိုတော့ အဲ့ဒီဟာကို ဒါဟာအတည်ပြုသလား မပြုသလားဆိုတာကို အစ်မတို့ပထမသိချင်တယ်၊သိပြီးတော့မှ ဒီရွေးကာက်ပွဲကော်မရှင်ရဲ့ အခြေခံပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကိုဆက်လုပ်မှာဖြစ်ပါတယ်"

RFA ကပုံမှန်တင်ဆက်နေတဲ့ “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဏအတွက် မနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေ အပေါ် အစိုးရဖက်က ပိုပြီးသဘောထားကြီးဖို့ လိုတယ်လို့ ပြောပါတယ်။

"ယုံကြည်မှုတည်ဆောက်တယ်ဆိုတာကတော့လေ ခက်တိုတိုပြောလို့ရှိရင် ယုံကြည်လောက်အောင်နေ မှပဲ ယုံကြည်မှုတည်ဆောက်လို့ရမှာပါပဲ၊ အဲ့ဒါနှစ်ဦးနှစ်ဖက်လုံးပေါ့ ဒါပေမဲ့လည်းဘယ်လိုပဲပြောပြော အစ်မတို့အမြင်ကတော့ အင်အားကြီးတဲ့သူတွေက ပိုပြီးတော့သဘောထားကြီးဖို့လိုတယ်၊ အင်အား ပိုပြီးတော့နည်းတဲ့ဘက်ကနေပြီးတော့ ကိုယ့်ကို ယုံကြည်မှုရှိနိုင်အောင်လို့ နေတက်ဖို့လိုတယ်လို့ အစ်မတို့ကတော့ ဒီလိုပဲမြင်တယ်"

ဒါ့အပြင် ကွယ်လွန်သူ NLD နာယက ဆရာ ဦးဝင်းတင်ရဲ့ စိတ်ဓါတ်ခွန်အားနဲ့ အတွေးအခေါ်တွေဟာ ထာဝရ ရှင်သန်နေမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ပါတယ်။

"ဒါဘယ်လောက်ကြီးမားတဲ့ဆုံးရှုံးမှုလဲလို့ မေးကြပါတယ် အဲ့ဒီတော့ကျွန်မပြောတယ် တနည်းအားဖြင့် ဆုံးရှုံးမှုကြီးလို့လဲပြောလို့ရတယ် တနည်းအားဖြင့်ဆိုရင်လည်း ဆုံးရှုံးမှုမဟုတ်ဘူးလို့ပြောလို့ရတယ် အဓိက ဆရာထားပေးခဲ့တဲ့အမွေတွေကကုန်စရာအကြောင်းမရှိပါဘူး၊ စိတ်ဓာတ် အင်အား စကားတွေနဲ့ အတွေးအခေါ်အင်အား ဒါတွေဟာ ဆုံးရှုံးသွားစရာ အကြောင်းမရှိပါဘူး"

ဥရောပခရီးစဉ်နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြောကြားချက်အပါအဝင် အပြည့်အစုံကို “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာနားဆင်ပါ။

RFA Burmese
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တခုမှာ တခြားသူတွေလာပြီး စည်းရုံး ခွင့်ပြုမှာမဟုတ်ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းက သာလျှင် မဲဆွယ်စည်းရုံး ရမယ်လို့ ညွှန်ကြားချက်ထုတ်မယ့်အကြောင်း ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ မကြာခင်က ပြောကြားခဲ့ တာနဲ့ ပတ်သက်ပြီး အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ရေး အတွက် မေးမြန်းထားကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

အမျိုးသမီးများနှင့် စီးပွားရေးအခွင့်အလမ်းများအား အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း

Photo: အမျိုးသမီးများနှင့် စီးပွားရေးအခွင့်အလမ်းများအား အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း
Thursday, April 24, 2014 

(၂၀၁၃)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း (၁၀)နှစ်စာ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းမှာ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်းများ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ဒီလို ထည့်သွင်းရေးဆွဲထားမှုမှာ အလုပ်အကိုင် ချေးငွေအရင်းအမြစ်များ၊ ပိုင်ဆိုင်မှုများနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အမျိုးသမီးများ တရားမျှတစွာ တန်းတူညီမျှမှု ရရှိခံစားနိုင်စေဖို့ အာမခံချက်ပေးနိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေး စတာတွေကိုလည်း အဓိကဦးတည်ရေးဆွဲထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အမျိုးသမီးများ ဦးဆောင်တဲ့ အိမ်ထောင်စုများရဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းနှင့် လိုအပ်ချက်များ၊ စီးပွားရေးနှင့်ဆိုင်တဲ့ အစိုးရဌာနများရဲ့ နည်းပညာ၊ ပညာရှင်ဆိုင်ရာရာထူးနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့  နေရာများမှာအမျိုးသမီးများ ပါဝင်မှုအခြေအနေများကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
(၂၀၁၃)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း (၁၀)နှစ်စာ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းမှာ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်းများ ထည့်သွင်းရေးဆွဲထား တယ်လို့ သိရပါတယ်။ဒီလို ထည့်သွင်းရေးဆွဲထားမှုမှာ အလုပ်အကိုင် ချေးငွေအရင်းအမြစ်များ၊ ပိုင်ဆိုင်မှု များနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အမျိုးသမီးများ တရားမျှတစွာ တန်းတူညီမျှမှု ရရှိခံစားနိုင်စေဖို့ အာမခံချက်ပေးနိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေး စတာတွေကိုလည်း အဓိကဦးတည်ရေးဆွဲထားတယ်လို့ သိရပါတယ်။

အမေရိကန်ကြည်းတပ် စစ်ရေးလေ့ကျင့်ရန် ပိုလန်ကို ရောက်ရှိ

Photo: အမေရိကန်ကြည်းတပ် စစ်ရေးလေ့ကျင့်ရန် ပိုလန်ကို ရောက်ရှိ
Thursday, April 24, 2014 

ပိုလန်နိုင်ငံမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ကြည်းတပ် အင်အား ၁၅၀ ဟာ ပထမအသုတ်အနေနဲ့ ပိုလန်နိုင်ငံ ဆွီဒ်ဝင်း(Swidwin) မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ရောက်ရှိလာပြီး နောက်ထပ် တပ်အင်အား ၄၅၀ လည်း မကြာခင် လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

us armyတချိန်တည်းမှာပဲ အီးယူ လေကြောင်းနယ်နိမိတ် အနား ရုရှားစစ်လေယာဉ်တွေရဲ့ ပျံသန်းမှုတွေ ကို ထောက်လှမ်းတွေ့ ရှိခဲ့တာကြောင့် ဗြိတိန်၊ နယ်သာလန်နဲ့ ဒိန်းမတ် တိုက်လေယာဉ်တွေဟာ အီးယူလေကြောင်းပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ပိုလန်နိုင်ငံခြားရေးဝန်ကြီး၊ အီးယူမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေရဲ့ ဒုတိယတပ်မှူးကြီးနဲ့ ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ တက်ရောက်ခဲ့ကြပြီး အမေရိကန်နဲ့ ပိုလန်နိုင်ငံတို့ရဲ့ ခိုင်မြဲတဲ့ မဟာမိတ်ကို အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က ရရှိခဲ့တဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သဘောတူညီမှုကို ရုရှားနိုင်ငံက ချိုးဖောက်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက စွပ်စွဲပြောဆိုချိန်မှာ ရုရှားလူမျိုးတွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာရင် ဘယ်နေရာမှာမဆို လက်တုံ့ပြန်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလားဗရော့က ပြောဆိုပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုဟာ ပိုလန်နိုင်ငံမှာ ဒီနှစ်အတွင်း တိုးချဲ့ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာတဲ့ ပထမပိုင်း စစ်ရေးလေ့ကျင့်မှုတွေ ဖြစ်ပြီး လာမယ့်နှစ်ထဲအထိ ဆက်လုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ
ပိုလန်နိုင်ငံမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ကြည်းတပ် အင်အား ၁၅၀ ဟာ ပထမ အသုတ် အနေနဲ့ ပိုလန်နိုင်ငံ ဆွီဒ်ဝင်း(Swidwin) မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ရောက်ရှိ လာပြီး နောက်ထပ် တပ်အင်အား ၄၅၀ လည်း မကြာခင် လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်း လာသည့် ဂျပန် လောင်စာဆီတင် သင်္ဘော မလေးရှား ကမ်းလွန်တွင် စီးနင်းခံရ

Photo: မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်း လာသည့် ဂျပန် လောင်စာဆီတင် သင်္ဘော မလေးရှား ကမ်းလွန်တွင် စီးနင်းခံရ
Thursday, April 24, 2014 

လက်နက်ကိုင် ပင်လယ်ဓားပြ အုပ်စု တစ်စုသည် မလေးရှား ကမ်းလွန်တွင် ဂျပန် လောင်စာဆီတင် သင်္ဘောတစ်စီး ကို ၀င်ရောက် စီးနင်းခဲ့ပြီး ၄င်းသင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦးကို ပြန်ပေးဆွဲ ခဲ့ကြောင်း ၊ ထို ဖြစ်စဉ်သည် ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက် လာနိုင်ကြောင်း မလေးရှား ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောကြား ခဲ့သည်။

ဖြစ်ပွားပုံမှာ ပင်လယ်ဓားပြ ၆ ဦးသည် ယမန်နေ့ နံနက် ၁ နာရီခန့်က မလေးရှား အနောက်ဘက် ကမ်းလွန်တွင် Naninwa Maru 1 အမည်ရှိ လောင်စာဆီတင် သင်္ဘောအား စီးနင်း တိုက်ခိုက်၍ ဒီဇယ်ဆီ လီတာ ၅ သန်းမှ ထက်ဝက်ကျော် ကို လုယက် ယူငင်သွားပြီး သင်္ဘောသား ၃ ဦးကိုပါ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသော သင်္ဘောသား များမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပြီး ၄င်းသင်္ဘော ပေါ်၌ အင်ဒိုနီးရှား ၊ ထိုင်း ၊ မြန်မာ နှင့် အိန္ဒိယ နိုင်ငံမှ သင်္ဘောသားများ လိုက်ပါကြောင်း သိရသည်။ အဆိုပါ ဂျပန် လောင်စာဆီတင် သင်္ဘောသည် စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည် ခုတ်မောင်း လာခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ဆီကုန်သွယ်မှု အဓိက ရေကြောင်း ဖြစ်သည့် မလက္ကာ ရေလက်ကြား တွင် ဖြစ်ပွား ခဲ့သော ယင်း ဓားပြတိုက်မှု သည် ၄င်း ရေလက်ကြား အတွင်း ကုန်သွယ်ရေး အပေါ် စိုးရိမ် ပူပန်မှုကို ဖြစ်ပေါ်စေပြီး ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှု နှင့် ပတ်သက်၍ အာမခံကြေး များ ထားရှိ သင့်ကြောင်း ရဲမှူး အက်ဒူရယ် အေဇစ်ဇ်ယုဆော့ဖ် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily via Pyi Chit thar
လက်နက်ကိုင် ပင်လယ်ဓားပြ အုပ်စု တစ်စုသည် မလေးရှား ကမ်းလွန်တွင် ဂျပန် လောင်စာဆီတင် သင်္ဘောတစ်စီး ကို ၀င်ရောက် စီးနင်းခဲ့ပြီး ၄င်းသင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦးကို ပြန်ပေးဆွဲ ခဲ့ကြောင်း ၊ ထို ဖြစ်စဉ်သည် ကမ္ဘာ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက် လာနိုင်ကြောင်း မလေးရှား ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောကြား ခဲ့သည်။

မန္တလေး ဘူတာကြီးအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေး သိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်း လုပ်ကိုင်ခွင့်ပြုလိုက်ပြီ

Photo: မန္တလေးဘူတာကြီးအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ
လေး သိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြုလိုက်ပြီ
Thursday, April 24, 2014 

ခြောက်ထပ်အမြင့်ရှိ မန္တလေးဘူတာကြီးအား ဟိုတယ်လုပ် ငန်း ငှားရမ်း လုပ်ကိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်ပြီဟု မြန်မာ့မီးရထားမှ သိရှိ ရသည်။

“မန်္တလေးဘူတာကြီး အပေါ်ဆုံးထပ်ဖြစ်တဲ့ ၄၊၅၊၆ အထပ်တွေမှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ တင်ဒါစနစ်ဖြင့် ရွေး ချယ်ခဲ့တာပါ။ တင်ဒါတင်သွင်းတဲ့ ကုမ်္ပဏီတွေထဲက Adventure Myanmar ကုမ်္ပဏီက တင်ဒါ အောင်မြင်ခဲ့ပါတယ်”ဟု မြန်မာ့မီး ရထားမှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

မြန်မာ့မီးရထားပိုင် ဘူတာကြီးများကို ဟိုတယ်များ၊ လူနေအိမ်ခန်းများ ဖွဲ့စည်းပြီး လူ အများနေထိုင်ရာ အဆောက်အအုံ ဖြစ်လာရန်နှင့် ထိုအဆောက်အအုံ များမှ လူများက ဘူတာကြီးရှိ မီး ရထားများကို စီးနင်းသွားလာနိုင် တဲ့အထိ အဆင့်မြှင့်တင်ရန်ရည်ရွယ် ထားခဲ့ကြောင်း မြန်မာ့မီးရထားမှ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဌေး က ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ဂေဟာ၌ ပြောကြားခဲ့သည်။

“အထပ် ၄၊၅၊၆ ထပ် အပြင် ခေါင်မိုးထပ်ကိုပါ လုပ်ကိုင် ခွင့်ပြုထားပါတယ်။ နှစ် ၃၀ အပြင် ငါးနှစ်ကို သုံးကြိမ်ထပ်တိုးပြီး ငှား ရမ်းလုပ်ကိုင်ခွင့်ထပ်ရ၊ထပ်တင်။ဒါ့ အတွက်ယူအက်စ်ဒေါ်လာ ၄၄၈၂၈၄ နဲ့ခွင့်ပြုထားတာပါ။ 

မကြာမီလုပ်ငန်း စတင်မှာပါ” ဟု တာဝန်ရှိသူတစ်ဦး က ဆိုသည်။ မန်္တလေးဘူတာကြီး ရှိ မြေညီထပ်၊ ပထမထပ်၊ ဒုတိယ ထပ်နှင့် တတိယထပ်အထိ မီးရ ထားဝန်ကြီးဌာန၏ ရုံးခန်းများနှင့် ဘူတာကြီးအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ မြန်မာ့မီးရထားအနေ ဖြင့် ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများအတွက် ငွေကြေးများ အရှုံးခံပြီးပြေးဆွဲနေခြင်းအတွက်၊ အရှုံးများ ကာမိစေရန် မီးရထားပိုင် မြေနေရာများနှင့် အဆောက်အအုံ များကို ပုဂ်္ဂလိက ကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်စေမှုများ နှစ်စဉ်ရှိ နေကြောင်း သိရသည်။

The First Weekly News Journal
ခြောက်ထပ်အမြင့်ရှိ မန္တလေးဘူတာကြီးအား ဟိုတယ်လုပ် ငန်း ငှားရမ်း လုပ်ကိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်ပြီဟု မြန်မာ့ မီးရထားမှ သိရှိ ရသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အများအားဖြင့် သာယာနေပြီးကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ အများ အားဖြင့် သာယာ ပါမယ်။

ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48

Photo: ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48
Thursday, April 24, 2014 

AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။ 

AKB48 အဖွဲ့ ထူထောင်သူ Yasushi Akimoto ဟာ ၂၀၀၅ ခုနှစ်မှာ တခြား ပေါ့ပ်အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ခု တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ တိုကျိုမြို့ အကီဟာဘာရာ ရပ်ကွက်က ကပွဲရုံမှာ နေ့စဉ်ဖျော်ဖြေပေးမယ့် အဆိုတော်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့အတွက် ကြေညာခဲ့ပါတယ်။ လာရောက် လျှောက်ထားတဲ့ မိန်းကလေး အရေအတွက်ဟာ ၇၉၂၄ ယောက်ရှိခဲ့ပြီး အဲဒီထဲကမှ ၂၄ ယောက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက အယောက်၂၀ ကိုပဲ ပထမဆုံးအကြိမ် ဖျော်ဖြေမှုမှာ မြင်တွေ့ခဲ့ရပြီး အဖွဲ့ခွဲ ၄ ခုထဲက ပထမဆုံး အဖွဲ့ Team A အဖြစ် စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒုတိယမြောက် အဖွဲ့ခွဲအတွက် ၁၁၈၉၂ ယောက်အထိ လာရောက်လျှောက်ထားခဲ့တဲ့ထဲက ၁၉ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Team K အဖြစ် ဖွဲ့စည်းတဲ့အချိန်မှာ ၁၈ ယောက်ပဲ ပါဝင်ခဲ့ပြီး Mariko Shinoda က ပရိသတ်ဆန္ဒမဲနဲ့ ၁၉ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက်ကြီးသွားတဲ့ Yuki Usami ဟာ အဖွဲ့ရဲ့ ပထမဆုံး ပြီးဆုံးအောင်မြင်သူအဖြစ် သတ်မှတ်ခံရပြီး AKB48ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို ပြီးဆုံးအောင်မြင်သူတွေကို အဖွဲ့က နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Team K ဟာ ကပွဲရုံမှာ ၂၀၀၆ ဧပြီ ၁ ရက်နေ့ကနေ စတင်ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။ 

AKB48 ဟာ သီချင်းသီဆိုတဲ့ အဖွဲ့ပုံစံထက် ဖျော်ဖြေရေးအဖွဲ့ပုံစံကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Team B နဲ့ Team 4 ကို ထပ်မံဖွဲ့စည်းခဲ့သလို အခြား အရပ်ဒေသတွေကို အစွဲပြုပြီး SKE48 ၊ JKT48 (Jakata, Indonesia) ၊ TPE48 (Taipei) အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံး Nogizaka46 ကိုလည်း AKB48 ရဲ့ ပြိုင်ဘက်ပုံစံ ဖွဲ့စည်းခဲ့ပါသေးတယ်။ AKB48 ရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုကတော့ မဲပေးရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။ AKB48 ဟာ တခြားအဆိုတော်အဖွဲ့တွေနဲ့ မတူညီပဲ အဖွဲ့ဝင်တွေကို ပရိသတ်တွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။ အဖွဲ့၎ဖွဲ့အပြင် သင်တန်းသူတွေလည်း ရှိသလို ညီအစ်မအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ရည်းစားထားခွင့်လည်း မရှိသလို ကိုယ်ကျင့်စာရိတ္တလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AKB48 ဟာ ပရိသတ်လိုချင်တဲ့အရာကို တိတိပပ ပေးစွမ်းနိုင်စွမ်း ရှိသလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း အတိုင်းထက်အလွန် ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။
AKB48 ရဲ့နောက်ထပ် အားသာချက်က ကိုယ်ပိုင် ကပွဲရုံအပြင် အဖွဲ့ဝင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ အဖွဲ့အချင်းချင်း ပြိုင်ဆိုင်မှုတွေအပြင် အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားမှုတွေကိုပါ အမြဲတမ်း ပရိသတ်သိရှိနိုင်အောင် ထုတ်ပြန်ပေးနေခြင်းပါ။ ပရိသတ်တွေဟာ သူတို့ကို အောင်မြင်ကျော်ကြားသူများ အနေနဲ့ သိပ်မမြင်ပဲ သူတို့ရဲ့ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေလို ခံစားနိုင်အောင် အမြဲတမ်း လုပ်ဆောင်ပေးထားပါတယ်။ အဖွဲ့ဝင်အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၀ စွန်းစွန်းအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ တခါတရံမှာ အဖွဲ့ရဲ့ ဘီကီနီဝတ်စုံနဲ့ ကြော်ငြာတွေ၊ အနည်းငယ် ကြမ်းရှတဲ့ သီချင်းစာသားတွေကြောင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခံရပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။ 
လက်ရှိ AKB48 ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ Minami Takahashi ဖြစ်ပြီး Team A ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ Team A ခေါင်းဆောင်တွေဟာ AKB48 နဲ့ သူ့ရဲ့ အစွယ်အပွား အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Team A, K, B နဲ့ 4 ဆိုပြီး ၄ ဖွဲ့ ခွဲထားသလို သင်တန်းသူတွေလည်း ရှိပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် မဲပေးရွေးချယ်မှုတွေလည်း ပြုလုပ်သလို Rock-Paper-Scissors (မြန်မာလိုဆို ဘိုကျားသေနတ် ကစားသလို) ပြိုင်ပွဲလည်း ပြုလုပ်ပြီး ရွေးချယ်ပါတယ်။ AKB48 ရဲ့ Official Page မှာလည်း အဖွဲ့ဝင်တွေကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myawady News
AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်း ထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံ သား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ

Photo: မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံ သား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ
Thursday, April 24, 2014

သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့် ဆိုင်းဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် တန်ခိုးရှင်များဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်း၏ အလှူခံပုံ နှင့် တရားပွဲများမှာလည်း မကြာခဏဆိုသလို တိုင်ကြားမှုများ ရှိနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။

ယခု ဖမ်းဆီးရမိသည့် ထိုင်းဘုန်းကြီးနှစ်ပါးမှာ သက်တော် ၅၃ နှစ်နှင့် သက်တော် ၄၈ နှစ်တို့ ရှိပြီးဖြစ်ပြီး ဖမ်းဆီးရမိသည့် ကားများတွင် သာသနာ့အလံများ ကျောင်းတံဆိပ်များကို တပ်ဆင်ထားကြောင်းသိရှိရသည်။
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီး ၁၈ ယောက်တို့ ထိုင်းရဲမှာ ထိန်းသိမ်းထားပြီး ၄င်းတို့မှာမူ ထိုင်းတွင် အလုပ်ရှာ၇န်လာခဲ့ကြောင်း စစ်ချက်များအရ သိရသည်ဟု ဆိုသည်။
ထိုင်းရဲမှာ အဆိုပါ ကျောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဘုန်းကြီးများကို လူကုန်ကူးမှု အက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိပါသည်။ 

The Ladies News Journal's 
သည်လေဒီးစ်သတင်းဂျာနယ်
သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် တန်ခိုးရှင်များ ဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်း၏ အလှူခံပုံ နှင့် တရား ပွဲများမှာလည်း မကြာခဏဆိုသလို တိုင်ကြားမှုများရှိနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများ အတွက် လျော်ကြေးပေး ရန် ဆန္ဒပြ

 Photo: ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများ အတွက် လျော်ကြေးပေး ရန် ဆန္ဒပြ
Thursday, April 24, 2014
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြို ကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေးဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။

unnamedမနှစ်က ဒါကာမြို့ပြင်က ဆာဗာရပ်ကွက်အတွင်း ရာနာကုန်တိုက်ပြိုကျမှုကြောင့် စက်ရုံလုပ်သား အယောက် ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၂၅၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။

အထည်ချုပ်လုပ်သား အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ရိုင် ရာမဲ့ရှ်ချန်ဒျာက နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းရဲ့ သဘောတူညီချက် အပိုဒ်ခွဲ ၁၂၁ အရ နာကျင်မှု ဒုက္ခနဲ့ အနာဂတ် ရှာဖွေနိုင်စွမ်း ဆုံးရှုံးမှုတွေအတွက် အခြေခံပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေကို လျော်ကြေးပေးဖို့ ဆော်သြလိုက်ပါတယ်။

“ကျနော်တို့ အထည်ချုပ်လုပ်သားတွေဟာ ကမ္ဘာ့လုပ်သားဈေးကွက်ရဲ့ လုပ်သားတွေပါ။ ကမ္ဘာ့အဆင့်နဲ့အညီ လျော်ကြေးရသင့်တယ်။ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေက ဒီက မြစ်ဖျားခံတာပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (အိုင်အယ်လ်အို) က ကြီးမှူးတဲ့ ယုံကြည်မှုရန်ပုံငွေကတဆင့် လျော်ကြေးပေးသင့်တယ်။”

ဆာရီဒါ ဘေဂမ်ကတော့ သူ့သမီး ကူလ်ဆမ်က ပြိုကျချိန်မှာ ဒီအဆောက်အဦထဲမှာ အလုပ်လုပ်တာ ဖြစ်ပေမယ့် အလောင်း ရှာမတွေ့လို့ ဘာလျော်ကြေးမှ မရဘူးလို့ ပြောပါတယ်။ ဒီအန်အေစစ်ဆေးမှု မတူလို့ အကြာကြီးရှာခဲ့ပေမယ့် မတွေ့တဲ့အတွက် လျော်ကြေးမရတာလို့ ဆိုပါတယ်။

နိုင်ငံတကာ နာမည်ကြီး အထည်ကုန်အမှတ်တံဆိပ်တွေအတွက် ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေ ရှိရာ ၈ ထပ်တိုက် အဆောက်အဦပြိုကျမှုဟာ ကမ္ဘာ့အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

DVB
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြို ကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေး ဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။