Wednesday, 23 April 2014

ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင် KIA တပ်ဖွဲ့ဝင်များ အလင်းဝ င်ရောက်မှု ပိုမိုများပြား


အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA တပ်ဖွဲ့ဝင်များ အလင်း ၀င်ရောက် လာကြရာ အေပြီ ၂၂ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် (၂) ဦး လက်နက်မဲ့ထပ်မံ အလင်းဝင်ရောက် လာ ခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးတစ်ရုံးမှ သိရှိရသည်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းရေး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေး

Photo: ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းရေး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေး
Wednesday, April 23, 2014

ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဆောင်ရွက်ဖို့အဆိုကို တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ (က) လွှတ်တော်အမတ် ဦးမျိုးမင်းအောင်က ဒီနေ့ တင်သွင်းခဲ့တာပါ။ သူ့ရဲ့အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က RFA ကို အခုလို ပြောပါတယ်။

"အပေါ်ကနေ ညွှန်ကြားထားတယ်၊ ဒါပေမဲ့ အောက်ခြေမှာ လိုက်နာမှုအားနည်းနေတာပေါ့၊ အထောက်အကူပြုကော်မတီတို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဌာနတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေဆိုရင်လည်း ရဲစခန်းတွေမှာ ထပ်ပြီးတော့ဖွဲ့ထားပေးတယ်၊ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တစ်မြို့နယ်ချင်း စီမံချက်ကလေးပုံစံမျိုးနဲ့ အကောင်အထည်ဖော်လိုက်နိုင်ရင် တော်တော်လေးလျော့ပါးသွားမယ်လို့ တွက်တာပေါ့၊ တချို့တွေဆိုလို့ရှိရင်လည်း လမ်းဆုံလမ်းခွဖြစ်တယ်၊ မီးပွိုင့်မတတ်နိုင်သေးဘူးပေါ့၊ မတတ်နိုင်သေးတဲ့နေရာတွေမှာ ကျနော်တို့ အင်အားဘယ်လိုချပြီး ဖြေရှင်းမလဲ၊ အရေးယူမှုတွေ ဘယ်လိုလုပ်မလဲပေါ့၊ စီမံချက်ကလေးဆွဲပြီးလုပ်ဖို့ ဆိုလိုတာ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၈မြို့နယ်ရှိရာမှာ မြို့ထဲပိုင်းနဲ့ ဆင်ခြေဖုန်းဘက်တွေမှာ နေ့စဉ်လိုလို ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက် နေ့စဉ် မြို့တွင်းအလုပ်လုပ်ကိုင်ကြရသူတွေဟာ အလုပ်သွားအလုပ်ပြန်မှာ အချိန်ကုန်ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီအဆိုကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာကျင်းပမယ့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က နောက်ဆုံးကျင်းပခဲ့ကြောင်း သိရပါတယ်။

RFA Burmese
ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည် ကျင်း ပ တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။

စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်

Photo: စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်
Wednesday, April 23, 2014

ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။

“ စခန်းကို ရောက်လာတာကတော့ လဂျောင်ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက များတယ်၊ လူလတ်ပိုင်းတွေနဲ့ လူငယ်တွေကတော့ ပါမလာဘူး၊ လောလောဆယ် ဒီစခန်းကို ရောက်လာတာ အိမ်ထောင်စု (၁၂) စုရှိပါတယ် ” ဟုစခန်း တာဝန်ခံကပြောသည်။

လဂျောင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပြောင်းရွှေ့ လာကြသော မိသားစုများမှာ အိမ်ထောင်စု (၂၃) စုခန့်ရှိပြီး မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ရှောင်စခန်းနှင့် ဗန်းမော်မြို့ရှိ AD -၂၀၀၀ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းတို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“ တိုက်ပွဲတွေဖြစ်နေတော့ လဂျောင်ဘက်က မိသားစုတွေ ရွာလုံးကျွတ်နီးပါး ပြေးလာကြတယ်၊ ဒီစခန်းကို ရောက်လာတာတော့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ အမျိုးသားတွေဆိုရင် လည်း လူလတ်ပိုင်းတွေ၊ လူငယ်တွေ မပါသလောက်ပဲ ” ဟု ဗန်းမော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း (၂၀) ကျော်ရှိပြီး လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲ များကြောင့် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့ရာ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၇၀၀၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ဆေးဝါးများမှာလည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

“ လဂျောင်ရွာက မိသားစုတွေ ထွက်ပြေးတိမ်းရှောင်လာတော့ KIA အဖွဲ့က လူလတ်ပိုင်းနဲ့ လူငယ်တွေကို ဖမ်းထားလိုက်လို့ စစ်ရှောင်စခန်းထိဘူး၊ တိုက်ပွဲတွေဖြစ်နေတော့ KIA က အင်အားလို နေပြီလေ၊ ဒါ့ကြောင့် ဘာမှမသိနားမလည်တဲ့ ရွာသားတွေကို လက်နက်တွေပေးပြီး တိုက်ပွဲထဲမှာ အသုံးချဖို့ စီစဉ်နေတယ်လို့ ကြားတယ် ” ဟု မန်စီမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

နိုနို (ဗန်းမော်)
From : KDN
ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။

အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်

Photo: အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်
Wednesday, April 23, 2014

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ သင်တန်းကျောင်း ပလက်ဖောင်းတွင် ညစ်နွမ်း ပေကျံနေသော အဆိုပါ ကလေးငယ်အား တွေ့ရ သဖြင့် ရေချိုး ပေးရန် သင်တန်းကျောင်း ဆရာမများက အ၀တ်အစား ချွတ်ပေးစဉ် သွေးများ ပေကျံနေသော အဓမ္မ ပြုကျင့် ခံရသည့် အမှတ်အသားများ တွေ့ရသဖြင့် မေးမြန်းရာ လက်ဟန်ပြ သင်္ကေတဖြင့် ၄င်းအား အဓမ္မ ပြုကျင့်ခဲ့ သူဖြစ် ကြောင်း ပြောဆိုခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်၏ ပြောကြား ချက်အရ အဓမ္မပြုကျင့်သူသည် ................. လိုင်းခန်း အနောက်ဘက် သစ်ပင်အောက်တွင် ယာယီ တဲထိုး၍ နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ အဆိုပါ သစ်ပင်အောက်တွင် ပင် တွန်းလှဲကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ ဦးခေါင်း ၀ဲဘက် ဂျိုစောင်းတွင် ပွန်းပဲ့ ဒဏ်ရာများ လည်း ရရှိခဲ့ကြောင်း လက်ဟန်ပြ သင်္ကေတ ဖြင့် ပြောဆို ခဲ့ကြောင်း သိရသည်။

““ကလေးကတော့ ကျန်းမာရေး အခြေအနေ သက်သာပါတယ်။ ဆေး စစ်ချက် လည်း ယူထား တာလည်း ရှိပါတယ်။ ဥပဒေ အတိုင်း စစ်ဆေးပြီးတော့ ဆက်လက် ဆောင်ရွက်မှာပါ”” ဟု မန္တလေးမြို့၊ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲမှူး ထိုက်လင်းစိုးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို အ၀တ်အစား သက်သေ များနှင့် အတူ ဖမ်းဆီး ထားပြီး (ပ)၂၂၃/၂၀၁၄ ပြစ်မှု ပုဒ်မ (၃၇၆) ဖြင့် အရေးယူရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသိရ သည်။

The Messenger
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်းဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး ကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက် ပျောက် ဆုံးလေ ယာဉ် ၏ မည် သည့်သဲလွန်စမျှ မတွေ့ရ

Photo: လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက်
ပျောက် ဆုံးလေယာဉ် ၏ မည်သည့်သဲလွန်စမျှ မတွေ့ရ
Wednesday, April 23, 2014

ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံး
နေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း
သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော
ကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး တင်ဆောင်၍
ပျောက်ဆုံးသွားသော ခရီးစဉ်အမှတ် အမ်အိတ် ခ်ျ ၃၇၀ ဘိုရင်း ၇၇၇
လေယာဉ်ကို ဝေဟင်၊ ရေပြင် ရှာဖွေမှုများ အပြင်းအထန်လုပ်ဆောင်နေ
သည့်တိုင် ရှာဖွေရေးဇုန်အတွင်း မည်သည့်အပျက်အစီးမှ မတွေ့ရခြင်း
ကြောင့် ရှာဖွေရေးလုပ်ငန်းမျှော်လင့်ချက်မှာ အမေရိကန်ရေတပ်၏ ဘလူးဖင်း-၂၁ ရေအောက်ရှာဖွေရေးယာဉ်အပေါ်တွင် မူတည်နေပြီဖြစ်
သည်။

သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီး
သည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍မည်သည့်သဲလွန်စ
မျှမရသေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံးလေယာဉ်ပျံသန်းမှုမှတ်တမ်းတင်
ကိရိယာ၏ဒုတိယမြောက်အချက်ပြလှိုင်းထွက်ပေါ်ရာနေရာအား
ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။
ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင်
ရှာဖွေရေးဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက်တွင် စတုရန်းကီလို
မီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျ
တာဝန်ရှိသူများက ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီး သည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန် အကျယ် အ၀န်း ၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံးနေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော ကြား သည်။

အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား

Photo: အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား
Wednesday, April 23, 2014

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး
အချိန်ပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။
 
ဒီအမြန်ရထားမှာ လူစီးတွဲ (၅)တွဲပါရှိပြီး ခရီးသည် (၃၃၀)ဦး လိုက်ပါနိုင်ကြောင်း သိရပါတယ်။ အဲကွန်းအမြန်ရထားအဖြစ် ပြေးဆွဲမှာဖြစ်တဲ့အတွက် အပတ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ထိန်းသိမ်းပြုပြင်မှု အပိုင်းကို အရင်ကထက် ပိုမိုဂရုစိုက်လုပ်ဆောင်ထားကြောင်း သိရပါတယ်။အခုလို အချိန်ပြောင်းလဲ ပြေးဆွဲတာဟာ ကျိုက်ထီးရိုးစေတီကို အရင်ကထက် သွားရောက်မှု ပိုမိုများပြားလာတဲ့အတွက်ဖြစ်ပြီး ရထားပြေးဆွဲရက်ကို ရှေ့တိုးဖို့ ခရီးသည်တွေက တောင်းဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
 
အခုပြေးဆွဲမယ့် အထူးအမြန်ရထားဟာ သောကြာနေ့ည (၁၀)နာရီမှ ရန်ကုန်ဘူတာကြီး ကနေ ထွက်ခွာမှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီမှာ ကျိုက်ထိုဘူတာရုံကနေ ပြန်လည် ထွက်ခွာလာမှာဖြစ်ပါတယ်။ ရထားလက်မှတ်ခကိုတော့ ယခင်နှုန်းထားအတိုင်း (၃၅၀၀)နှုန်းနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်ပမာဏပေါ် မူတည်ပြီး အခေါက်ရေကိုတိုးပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

MRTV-4
ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး အချိန်ပြောင်းလဲ ပြေးဆွဲ သွား မှာဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထား စက်ခေါင်း စက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။

နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်

Photo: နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်
Wednesday, April 23, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် က ပြောကြားသည်။

တိုင်ရင်းသား လူငယ်များနှင့် အခြားအဖွဲ့များအကြား ဆက်သွယ် ဆက်ဆံရေး အားကောင်းလာစေရန်၊ အနာဂတ် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ အတွက် အတူတကွ လက်တွဲပူးပေါင်း လုပ်ဆောင်နိုင်မည့် နည်းဗျူဟာများကို ဖော်ဆောင် လာနိုင်ရန်နှင့် ဒေသအတွင်း မှန်ကန်သော သတင်းချိတ်ဆက်မှု ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက် များဖြင့် တွေ့ဆုံပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ် ၂၀၀ ဦးကျော် တက်ရောက်ကာ တွေ့ဆုံ ဆွေးနွေးကြလိမ့်မယ်” ဟု ဦးဘိုဘိုအောင်က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲ ကာလအတွင်း တိုင်းရင်းသားပေါင်းစုံ ရိုးရာစားစရာ မုန့်ရောင်းပွဲတော် ပြုလုပ်ခြင်း၊ တိုင်းရင်းသား ရိုးရာအက များဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့အပြင် ထားဝယ် ယဉ်ကျေးမှု ပြခန်းတို့ကိုလည်း ခင်းကျင်း ပြသသွားမည်ဟု သိရသည်။

တွေ့ဆုံပွဲသို့ လာရောက်သူများမှ အဖွဲ့၏ လှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များကို လှုပ်ရှားမှု ဓာတ်ပုံများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ မဂ္ဂဇင်း စသည့်များကို ပြင်ဆင်လာကြပြီး ပြသ သွားလိမ့်မည်ဟု ဦးဘိုဘိုအောင်က ရှင်းပြသည်။

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပလာသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲများကို ပထမကြိမ်အဖြစ် မွန်ပြည်နယ် မုဒုံမြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် လည်းကောင်း၊ တတိယအကြိမ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးတွင် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ကရင်ပြည်နယ် မဲဆမိတ် ကျေးရွာတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် ဆဋ္ဌမ အကြိမ်ကို ထားဝယ်ဒေသတွင် ပြုလုပ်ခြင်း ဖြစ်သည်။

ယင်းလူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ကလျာဏမိတ္တ ဖောင်ဒေးရှင်း၊ ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့နှင့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) တို့ ပူးပေါင်း၍ လုပ်ဆောင်မည်ဟု သိရသည်။

The Voice Weekly
မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် က ပြောကြားသည်။

In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ

Photo: In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ
Wednesday, April 23, 2014

Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည်
သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ်တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်းဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။

In Your Eyes ဇာတ်ကားကို ဧပြီ ၂ဝ ရက်ညနေပိုင်းက Tribeca ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ရုံတင် ပြသခဲ့သည်။ ရုပ်ရှင်ဖြန့်ချိရေး စနစ်သစ်ဖြင့် စတင် ဖြန့်ချိခြင်းဖြစ်သည့် အတွက် စိတ်လှုပ်ရှားမိကြောင်း Joss Whedon က ပြောကြားခဲ့သည်။

In Your Eyes ဇာတ်ကားသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ ရေဗက္ကာ အမည်ရှိ အိမ်ရှင်မ တစ်ဦး၏ အချစ် ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ In Your Eyes ဇာတ်ကားတွင် ရေဗက္ကာ ဇာတ်ကောင် အဖြစ် Revolutionary Road နှင့် It's Complicated ဇာတ်ကားတို့မှ မင်းသမီး ဇိုးကာဇန်က သရုပ်ဆောင်ထားပြီး ရေဗက္ကာနှင့် ချစ်ကြိုက်မိသူ ထောင်ထွက်သမားအဖြစ် Cloverfield နှင့် The Congress ဇာတ်ကားတို့မှ မိုက်ကယ်စတာခ်ျလ်ဒေးဗစ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

In Your Eyes ဇာတ်ကားကို Youreyes movie.com နှင့် အမေရိကန် အခြေစိုက် ဗီဒီယိုဖြန့်ချိရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Vimeo ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။

မြ၀တီ
Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည် သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ် တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်း ဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။

စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော

Photo: စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Wednesday, April 23, 2014

စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားမိသားစုများ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေးအရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောရတဲ့ အနေအထားဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဧပြီလအတွင်းက အစိုးရတပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် မမျှော်လင့်သည့် အနေအထားမှ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြောင်းအလဲမရှိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ဗိုလ်ချုပ်ဂွန်မော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော်သည် ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး ကချင်အရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်သွားရန်အတွက်လည်း တောင်းဆိုခဲ့သည်။

‘‘သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာသတင်းဌာနအား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရတို့ မေလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

7 day Daily
စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြား လိုက် သည်။

ကုန်စည်ပို့ဆောင်ရးဆိုင်ရာ အငြင်းပွားမှုတွေအတွက် ရေးဆွဲနေသည့် စည်းမျဉ်း

Photo: ကုန်စည်ပို့ဆောင်ရးဆိုင်ရာ အငြင်းပွားမှုတွေအတွက် ရေးဆွဲနေသည့် စည်းမျဉ်း
Wednesday, April 23, 2014

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အငြင်းပွားမှုတွေနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေကို
 
အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းက ရေးဆွဲနေတယ်လို့ သိရပါတယ်။ အချက်(၁၃)ချက်ပါဝင်တဲ့ အဲ့ဒီစည်းကမ်းချက်တွေဟာ လမ်းခရီးအတွင်း ကုန်စည်ပျက်စီးမှုတွေရှိတဲ့ အခါမှာ လျော်ကြေးပေး မှုတွေအတွက် အငြင်းပွားစရာမဖြစ်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ အဲ့ဒီလို အငြင်းပွားမှုပြဿနာတွေ ဖြစ်ပေါ်လာရင်တော့ ပျက်စီးဆုံးရှုံးမှုအတွက် ယာဉ်ပိုင်ရှင်၊ ကားဂိတ်နဲ့ကုန်သည်တို့ အချိုးတူကျခံစေတယ်လို့ သိရပါတယ်။
 
ကုန်တင်ယာဉ်မောင်းတွေကတော့ လမ်းခရီးမှာ ကုန်ပစ္စည်း ပျက်စီး မှုတွေဖြစ်ပေါ်လာရင် ယာဉ်မောင်းတွေဟာ အဓိကတာဝန်ခံနေရတဲ့အတွက် အခုစည်းမျဉ်းသစ်ကို အတည်ပြုမယ်ဆိုရင် လက်ခံနိုင်တယ် လို့ ပြောဆိုကြပါတယ်။စည်းမျဉ်းမှုကြမ်းကိုတော့ အသင်းရဲ့ ဥပဒေအကြံပေးနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ပြီး အတည်ပြုစည်းမျဉ်းစည်းကမ်းကို အမြန်ဆုံးထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အငြင်းပွားမှုတွေနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေ ကို အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းက ရေးဆွဲနေတယ်လို့ သိရပါတယ်။ အချက်(၁၃) ချက် ပါဝင်တဲ့ အဲ့ဒီစည်းကမ်းချက်တွေဟာ လမ်းခရီးအတွင်း ကုန်စည်ပျက်စီးမှုတွေရှိတဲ့ အခါ မှာ လျော်ကြေးပေး မှုတွေအတွက် အငြင်းပွားစရာမဖြစ်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

Photo: သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး
Wednesday, April 23, 2014

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ရာ ၅၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုလအတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု အများဆုံးမှာ ဧပြီ ၁၂ ရက် နံနက်က ဖြစ်ပွား ခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီး သည်တင် မှန်လုံယာဉ် တစ်စီးက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး အိတ်စပတ်စ် ခရီးသည်တင် မော်တော်ကားကြီးများကို သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှု မရှိစေရေး စစ်ဆေးမှု များအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၄၅ဝ ခန့်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင် ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ စုံစမ်း သိရသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေ ဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြည်လုံကျွတ် သန်းခေါင်စာရင်း အိမ်ထောင်စု ၁၁ သန်းခန့် စာရင်းကောက်ပြီးစီး

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု ၁၀၇၁၉၈၈၇ စု ကောက် ယူပြီးစီးကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ

Photo: နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ
Wednesday, April 23, 2014

တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့
သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်းစစ်ဆေးသူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
 
ဒီလိုတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၁၀၄)ဦးထိ ရှိလာပြီး (၁၉၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သင်္ဘောတိမ်းမှောက်ခဲ့တဲ့အချိန်နဲ့ ဘယ်လိုတိမ်း မှောက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ သင်္ဘောရဲ့ ကြေညာချက် ထုတ်ပြန်ရေးစနစ်ကနေ ဘယ်လို အကြံပေး ကြေညာချက် ထုတ်ပြန်ခဲ့သလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည်တွေရဲ့ ပြောပြချက်တွေ အရတော့ သင်္ဘောတိမ်းမှောက်ချိန် မှာ မိမိရှိနေတဲ့ နေရာမှာ မိမိနေဖို့သာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
အာဏာပိုင်တွေဟာ ဒီသင်္ဘော မှောက်မှုပြီးနောက် လူ(၄၄)ဦးကို နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး အဲ့ဒီပိတ်ပင်ခံရသူတွေ ထဲမှာ ကူးတို့သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ်္ပဏီက အလုပ်အမှုဆောင်တွေနဲ့ ၀န်ထမ်းတွေအပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ ပါဝင်ပတ်သက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဘောကုမ္ပဏီ အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အရေး ပေါ်လေ့ကျင့်ရေး အစီအစဉ် လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေရသလို ကုန်သေတ္တတွေကို လည်း ဘေးကင်းလုံခြုံစွာ တင်ဆောင်လာခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောမာလိန်မှူး၊ တတိယအရာရှိနဲ့ သင်္ဘောပဲ့ကိုင် တို့ကို ပေါ့ဆမှုနဲ့ ဖမ်းဆီးထားပြီး သင်္ဘောမတော်တဆမှု ဖြစ်ပွားချိန်မှာ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေတယ်လို့ သိရပါသည်။ 

MRTV-4
တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့ သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်း စစ်ဆေး သူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ

Photo: အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ
Wednesday, April 23, 2014

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆမှုဖြစ်ပွားရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
 
လက်ရှိအဝေးပြေးယာဉ်လိုင်းတွေမှာ အသုံးပြုနေတဲ့ ယာဉ်အများစုကတော့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံထုတ်ယာဉ်တွေဖြစ်ပြီး အမျိုးအစားပေါ်မူတည်ကာ ယာဉ်ရဲ့တည်ဆောက်ပုံခြင်း ကွာခြားမှုတွေရှိပါတယ်။ ဒါပေမယ့် ယာဉ်အမျိုးအစားအားလုံးမှာတော့ ယာဉ်မတော်တဆ မှုတွေဖြစ်ပေါ်လာတဲ့အခါ ခရီးသည်တွေလွတ်မြောက်နိုင်တဲ့အတွက် အရေးပေါ်ထွက်ပေါက်တွေနဲ့ အရေးပေါ်သုံးပစ္စည်းတွေပါရှိတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ခရီးသည်တွေအနေနဲ့ ယာဉ်ရဲ့အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းနေသလို ယာဉ်အမျိုးအစားကိုလိုက်ပြီး အရေးပေါ်ထွက်ပေါက်ထားရှိရာနေရာ ကွာခြားမှုတွေရှိနေတာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုအတွက် မိမိတို့ယာဉ်လိုင်းရဲ့ ယာဉ်နောက်လိုက်တွေကို အရေးပေါ်ထွက်ပေါက် အသုံးပြုပုံနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
 
မကြာမီကာလအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြာတန်း အဝေးပြေးယာဉ်ရဲ့ မတော်တဆမှုမှာတော့ ခရီးသည်တွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး ကောင်းစွာမသိရှိတာကြောင့် ခရီးသည်(၆) ဦး အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

MRTV-4
အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံမှု အတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆ မှုဖြစ်ပွား ရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာ ပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလို လား အပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့

Photo: လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့
Wednesday, April 23, 2014

အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာအာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိလကာင်္နိုင်ငံကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။

ရဲအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူမဟာ ‘ တခြားလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်တွေကို ထိပါးအောင် လုပ်မှု’ နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ Naomi ဟာ သူမရဲ့ လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ထိုးထားမှုကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရပါတယ်။

သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Trend Myanmar
အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိ လင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာ အာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိ လကာင်္နိုင်ငံ ကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး

Photo: မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး
Wednesday, April 23, 2014

မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန်အကျွံ သောက်သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။

အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။

ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။

Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။

အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။

The Voice Weekly
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အတိုက်ခံရသည့် အမ်အေအိုင်လေယာဉ်သည် သမ္မတစီးသည့် လေယာဉ်ဟုဆို

Photo: အတိုက်ခံရသည့် အမ်အေအိုင်လေယာဉ်သည် သမ္မတစီးသည့် လေယာဉ်ဟုဆို
Wednesday, April 23, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI), A319, Airbus XY-AGR ကို မတော်တဆ လာရောက် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်သည် သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ် သွားသည့်အခါ အသုံးပြုသည့် လေယာဉ်ဖြစ်သည်ဟု အဆိုပါ လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

maiဦးခင်မောင်လတ်က “ဒီလေယာဉ်က သမ္မတသုံးတဲ့ လေယာဉ် ဖြစ်တယ်။ ဒီလေယာဉ်က တော်တော် ကောင်းတယ်။ အဲဒါကြောင့် အရမ်းနှမြောတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ရုံးချုပ်တည်ရာ ဆာကူရာတာဝါတွင် ယခုလ ၂၂ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် Golden Myanmar Airline (GMA) ပိုင် XY-AGT လေယာဉ်အား Bay-1 မှ လေယာဉ်ထွက်ခွာရာနေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက် စဉ် လေယာဉ်သည် ပေ ၁,၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက်ရွေ့လျားသွားပြီး Bay -2 တွင် ညအိပ် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းပိုင် XY-AGR လေယာဉ်၏ နောက်ပိုင်းသို့ GMA လေယာဉ်ဦးပိုင်းဖြင့် အရှိန်မထိန်းနိုင်ဘဲ တည့်တည့်ဝင်တိုက်မိခြင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဦးခင်မောင်လတ်က “GMA လေယာဉ်ရဲ့ လေယာဉ်မှူးအခန်းထဲမှာ အင်ဂျင်နီယာ နှစ်ယောက် ပါတယ်။ လေယာဉ်အပေါ်နဲ့ အောက်ဆက်သွယ်တဲ့ သူလည်းရှိတယ်။ လုပ်ရမယ့် အစီအစဉ်အတိုင်း မလုပ်လို့ဖြစ် ရတာ။ လေကြောင်းလိုင်းတွေ အရမ်း များလာတယ်။ တကယ်ကျွမ်းကျင်တဲ့သူ ဟုတ်လား၊ မဟုတ်လား ဆိုတာ မသိဘူး” ဟု ပြောသည်။
လက်ရှိတွင် လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံထားသည် စင်ကာပူ နိုင်ငံ Pana Harrison မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးလျက်ရှိပြီး MAI လေယာဉ် အလုံးစုံ အာ မခံအတွက် အမေရိကန်ဒေါ်လာ ၇၅၀ သန်းထားရှိပြီး လေယာဉ်ကိုယ်ထည် အာမခံ တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ထားသည်ဟု ဆိုသည်။

၎င်းက “အဲဘတ်စ်ထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီက ကြီးမားတဲ့ ပျက်စီးမှုလို့ ပြောတယ်။ အာမခံပေါ်လစီ အတိုင်း သွားမယ်” ဟု ဖြည့်စွက်ပြောသည်။
MAI လေယာဉ်၏ ညာဘက်နောက်ပိုင်း Frame 62 မှ Fraqme 71 ညာဘက်ခြမ်း ညာဘက်တံခါးပေါက် Nose Landing Gear နှင့် Toilet No-2 တို့ ပျက်စီးသွားပြီး GMA လေယာဉ်မှ Radome မှာ မြေပြင်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးသွားသည်။
တိုက်မိခံရသည့်MAI လေယာဉ်သည် အသုံးပြုခဲ့သည့်သက်တမ်း ၁၂နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံတွင် လေ ယာဉ်သက်တမ်းမှာ နှစ် ၂၀ ကျော်အထိ အသုံးပြုနိုင်သည်။

Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI), A319, Airbus XY-AGR ကို မတော်တဆ လာရောက် ထိ ခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်သည် သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ် သွားသည့်အခါ အသုံးပြု သည့် လေယာဉ်ဖြစ်သည်ဟု အဆိုပါ လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး

Photo: လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး
Wednesday, April 23, 2014

တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း(သုံးသောင်းရှစ်ထောင်)အထက်မှာ
အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅)နာရီနီးပါး လေယာဉ်ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
 
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော် ၀င်ရောက်ခဲ့ပြီး ဟာဝါရီကို သွားမယ့်လေယာဉ်ဆီကို လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဆယ်ကျော်သက်ဟာ အိမ်ကနေ ထွက်ပြေးလာပုံရပြီး ဘီးတစ်ချောင်းသာ ယူဆောင်လာခဲ့တယ် လို့ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ သူ့ကို ဟာဝိုင်ရီမှာရှိတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိထားတယ်လို့သိရပါတယ်။ ၁၉၅၇ ခုနှစ်ကတည်းက အခုလို လေယာဉ်ဘီးထဲမှာ လိုက်ပါ သွားသူဦးရေ(၁၀၅)ဦးရှိခဲ့ပြီး အသက်ရှင်မှု ရာခိုင်နှုန်း(၂၄)ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါသည်။

MRTV-4
တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (သုံးသောင်းရှစ်ထောင်)အထက်မှာ အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅) နာရီ နီးပါး လေယာဉ် ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုအရှိန်မြှင့်

မြောက်ကိုရီးယားတို့ဘက်မှ နျူ ကလီးယားစမ်းသပ်မှု အရှိန်မြှင့် လျက်ရှိကြောင်း တောင်ကိုရီးယား သမ္မတ က ပြော ကြားလိုက်သည်။

လက်ပံတောင်းဒေသခံ ဘွဲ့ရလုပ်သားများ ဆန္ဒထုတ်ဖော်မည်

ဝမ်ပေါင်ကုမ္ပဏီနှင့် လစာညှိနှိုင်းမှုမှာ တစ်လပြည့်သည်အထိ မပြေလည်သည့်အတွက် လက်ပံတောင်း ဒေ သ ခံကျေးရွာ၂၆ ရွာမှ ဘွဲ့ရလုပ်သားများ ဧပြီလ ၂၃ ရက်နေ့ (ယနေ့) တွင် လစာ တိုးမြှင့် ရရှိရန် လူအင် အား ၃၅၀ ဖြင့် ယင်းကုမ္ပဏီ အနီးတွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း လုပ်သား ခေါင်းဆောင် တစ်ဦး က ပြောကြားသည်။