Wednesday, 23 April 2014

၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ

Photo: ၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ
Wednesday, April 23, 2014 
 
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ  နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦး နဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ် အရွယ် ကောင်ကလေး တစ်ဦးနဲ့ ပေါင်းသင်း နေထိုင်ခဲ့ တာဖြစ် ပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး တဲ့ ကျောင်းတစ်ကျောင်းမှာ ၀င် ရောက်လုပ် ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရားရေးဆိုင်ရာ တာဝန် ရှိသူတွေက တော့ ပါလီရာစီယိုဟာ အရွယ်မရောက်သေး တဲ့ ကလေးငယ်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အ ပြင် မဖွယ်မရာဆက်ဆံပုံတွေကို ဗီဒီယို ရိုက် ကူးမှု ပြုလုပ် ခဲ့တာမို့ ယခုလို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ တယ်။

 အမေရိကန်နိုင်ငံမှာ အရွယ်မရောက် သေးတဲ့ ကလေး ငယ်တွေနဲ့ ပေါင်းသင်းဆက် ဆံမှုတွေပြုလုပ်တဲ့ အမျိုးသမီးတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတယ် လို့ သိ ရပါတယ်။

The Messenger
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ  နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယိုအမည်ရ အမျိုးသမီးတစ်ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦး နဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

Tuesday, 22 April 2014

အသင်းဟောင်းကို ရင်ဆိုင်ရချိန်၌ တောရက်စ် တွန့်ဆုတ်နေမည် မဟုတ်ဟု မော်ရင်ဟို ယုံကြည်

Photo: အသင်းဟောင်းကို ရင်ဆိုင်ရချိန်၌ တောရက်စ် တွန့်ဆုတ်နေမည် မဟုတ်ဟု မော်ရင်ဟို ယုံကြည်
Tuesday, April 22, 2014

အသင်းဟောင်းကို ရင်ဆိုင် ရချိန်၌ ဖာနန်ဒိုတောရက်စ် အနေဖြင့် သွေးကြောင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ဟု မိမိယုံကြည်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူး ဒဏ်ရာ ရနေသည့်နောက် စပိန်သား တောရက်စ် အနေဖြင့် ၎င်းတစ်ချိန်က ကျင်လည်ဖူးသည့် ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးတွင် ချယ်လ်ဆီး တိုက်စစ်ကို ဦးဆောင် ပွဲထွက်ရဖွယ် ရှိနေသည်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့၌ တောရက်စ်ကို အသုံးပြုဖြစ်ခဲ့ပါက တောရက်စ်၏ စွမ်းဆောင်ရည်ပိုင်း အပြည့်အဝ ထက်သန်နေလိမ့်မည်ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။ တောရက်စ်သည် (၂၀၀၇)ခုနှစ်က အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ချယ်လ်ဆီးသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းသည် အက်သလက်တီကိုတွင် (၇)နှစ် ရှိခဲ့ပြီး (၉၁)ဂိုးထိ သွင်းယူပေးခဲ့သည်။

မော်ရင်ဟိုက “ချန်ပီယံလိဂ်မှာ ကစားရတယ် ဆိုတာ ကစားသမားတိုင်းအတွက် ကြီးမားတဲ့ စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှု တစ်ခုပါပဲ။ လူတိုင်းက ကစားချင်ကြတယ်လေ။ အရွေးခံရသူတွေ ပျော်ကြတယ်။ အရွေးမခံရသူတွေ မပျော်ဘူး။ ဒါက ဓမ္မတာပဲ”ဟု ပြောဆိုခဲ့သည်။ ၎င်းက “ခုပွဲမှာ တောရက်စ် ပွဲထွက်လာမယ်လို့ ကျွန်တော် မပြောဘူးနော်။ ဒါပေမဲ့ သူဟာ ဘယ်တော့မှ ပုန်းကွယ်နေမှာ မဟုတ်ဘူးလို့တော့ ပြောချင်တယ်။ ဒါကို နေ့စဉ်နေ့တိုင်း သူသက်ဝင် ခံစားလေ့ရှိတယ်။ တောရက်စ်ဟာ တကယ့် အက်သလက်တီကို ပရိသတ် စစ်စစ်မှန်မှန် တစ်ယောက်ပါ။ ဒါကို ကျွန်တော် အလေးအနက် ပြောချင်တယ်။ သူနဲ့ကျွန်တော် နေ့တိုင်းလိုလို စပိန်ဘောလုံးလောကအကြောင်း ပြောဖြစ်ကြတယ်လေ”ဟုလည်း ဆိုသည်။

မော်ရင်ဟိုက “တောရက်စ်က ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ သံသယ မရှိဘူး။ အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ သူသာ ကွင်းထဲရှိနေရင် ချယ်လ်ဆီးအတွက် အစွမ်းကုန် ပေးဆပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် မဟုတ်လား”ဟု ပြောကြားခဲ့သည်။ ၎င်းက မိမိနှင့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်းတို့ကြား ခိုင်းနှိုင်းမှုများကို လက်သင့်မခံလိုကြောင်းလည်း ပြောဆိုသွားသေးသည်။

“ကျွန်တော် လက်မခံချင်ဘူး။ နည်းပြချင်း နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ နည်းပြအတွေ့အကြုံ (၁၅)နှစ်လောက် ရှိတဲ့သူတစ်ယောက်ကို အဲဒီလောက် အတွေ့အကြုံ မများသေးတဲ့သူနဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဆီမြွန်းနဲ့ နှိုင်းယှဉ်မှုတွေကို သဘောမကျပါဘူး”ဟု မော်ရင်ဟိုက ရှင်းပြသွားသည်။ 

Ref:Goal
Soccer Myanmar
အသင်းဟောင်းကို ရင်ဆိုင် ရချိန်၌ ဖာနန်ဒိုတောရက်စ် အနေဖြင့် သွေးကြောင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ဟု မိမိယုံကြည်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

သဲကုန်းမြို့နယ်တွင် လူ ၂၀၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်

Photo: သဲကုန်းမြို့နယ်တွင် လူ ၂၀၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်
Tuesday, April 22, 2014

ပဲခူးတိုင်း သဲကုန်းမြို့နယ်အတွင်းမှာ အလှူအိမ်က ပြန်လာတဲ့ လူအယောက် ၂၇၀ ဟာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပြီး သဲကုန်းဆေးရုံကို တင်ခဲ့ရပါတယ်။

သဲကုန်းမြို့နယ် ညောင်ကုန်း အုပ်စု အင်ပင်လှကျေးရွာနဲ့ အနီးပတ်ဝန်း ကျင်က ကျေးရွာသား ၂၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်နေ့က ပဉ္ဇင်းခံ ရှင်ပြုအ လှူမှာ ကျွေးတဲ့ နို့ စိမ်းခေါက်ဆွဲကို စားပြီး ၀မ်းပျက် ၀မ်းလျှောခဲ့ကြတဲ့အတွက် သဲကုန်းဆေးရုံကို အရေးပေါ် ကုသမှုခံယူဖို့ ရောက်ရှိ နေကြပါတယ်။

ဒေသခံတဦးက “နို့စိမ်းခေါက်ဆွဲကို ကလေးတွေ စကျွေးလိုက်တယ်ပေါ့။ တရားမနာခင် စကျွေးလိုက်တဲ့အခါကျတော့ ကလေးတွေ စားပြီးတော့ ဖြစ်တယ်။ နောက်စားပြီးတော့ လူကြီးတွေ နည်းနည်း ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ သေချာပြီပေါ့။ ဒါ စားလို့ ဖြစ်တယ် ဆိုပြီး တရာမနာတော့ဖူး။ ခုချိန်ထိတော့ ဦးဇင်းတွေက မဘုန်းပေးလို့ မဖြစ်ဘူးပေါ့နော်။ အခု အရင် စားတဲ့လူတွေ ဖြစ်ပြီးတော့ နောက်ထပ် ဆက်စားတဲ့လူတွေ ဖြစ်တယ်ဆိုတော့ အဓိက ဒီ နို့စိမ်းခေါက်ဆွဲကို စားပြီး နောက်ပိုင်းမှာ အခုလို ဖြစ်သွားတာပဲ” လို့ ပြောပါတယ်။

အရေးကြီး လူနာတွေကို သဲကုန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး လူနာ ၇၀ လောက်ကိုတော့ အင်ပင်လှကျေးရွာက ဆေးခန်းမှာပဲ ကုသပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆေးရုံးကို ကိုယ်တိုင်ရောက်ခဲ့သူတဦးက “၁ ပွဲ စားလိုက်တယ်။ ၁ ပွဲစားပြီးတော့ ၁ နာရီခွဲလောက် ကြာတော့ ၀မ်းက သွားပြီ။ ဒါနဲ့ မဖြစ်ဖူးဆိုပြီး ဆေးရုံကို လာလိုက်တာ။ အလှူက ကျန်တဲ့လူတွေလည်း ဖြစ်ကြတော့ အဲဒါနဲ့ ဆေးရုံကို ရောက်လာတာ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း အင်ပင်လှကျေးရွာမှာပဲ အလှူကနေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသလို လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ရာသီဥတု ပူပြင်းတဲ့ နွေရာသီမှာ အခုလို အများစာ ချက်ပြုတ်တဲ့ အလှူ အစားအသောက်တွေက အစာအဆိပ်သင့်မှုတွေ ဖြစ်တတ်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့နယ်ထဲမှာ ရှိတဲ့ ပေါလောကျေးရွာမှာလည်း အလှူကနေ ကျွေးတဲ့ သင်္ကြန်ထမင်းကို စားရာကနေ ရွာလုံးကျွတ် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် ဆေးရုံတင်ခဲ့ရပါတယ်။

DVB
ပဲခူးတိုင်း သဲကုန်းမြို့နယ်အတွင်းမှာ အလှူအိမ်က ပြန်လာတဲ့ လူအယောက် ၂၇၀ ဟာ ၀မ်းပျက် ၀မ်းလျှော ဖြစ် ပြီး သဲကုန်းဆေးရုံကို တင်ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ လာမည်

Photo: တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ လာမည်
Tuesday, April 22, 2014
 
တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး  K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စ သတ်မှတ်ထားတယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။

korea-girls-dayဒီပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို ဥက္ကဋ္ဌဖလားနဲ့ ဥက္ကဋ္ဌရန်ပုံငွေပွဲ အဖြစ် ဖော်ကျွန် အင်တာနေရှင် ကုမ္ပဏီ (Fortune International)က ကျင်းပတာ ဖြစ်ပြီး လက်မှတ်ခအဖြစ် ကျပ် ၁ သိန်း၊ ၇ သောင်း၊ ၅ သောင်း၊ ၄ သောင်းကနေ ၁ သောင်း ၅ ထောင်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

K-pop အဖွဲ့မှာ နာမည်ကျော် တင့်တ်(Tint)၊ ဒန်လ် ရှာလ်ဘက် (Dal Shabet)၊ မိန်းကလေးနေ့ (Girl Day) နဲ့ မြန်မာကြိုက် ကိုရီးယား ဂီတပညာရှင် တချို့ ပါဝင်မယ်လို့ သိရပါတယ်။

DVB
တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး  K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စသတ်မှတ် ထား တယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် အဆိုပြုလွှာ ခေါ်ယူမည်

Photo: ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် အဆိုပြုလွှာ ခေါ်ယူမည်
Tuesday, April 22, 2014

မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့ ရန်ကုန်ဘူတာကြီးကို ဘက်စုံ အဆင့်မြှင့်ဖို့ ရှိနေပြီး ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူတွေကို ရွေးချယ်ဖို့ ပထမအဆင့် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression of Interest တွေကို လာမယ့် ဧပြီ ၂၆ ရက်မှာ ခေါ်ယူသွားမယ်လို့ ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ရိပ်သာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက ပြောပါတယ်။

ဝန်ကြီးရဲ့ ပြောဆိုချက်အရ ရန်ကုန်ဘူတာကြီးကို မန္တလေးဘူတာကြီးလိုပဲ ဟိုတယ်အဖြစ် အသုံးပြုဖို့ အထပ်မြင့်အဆောက်အဦတွေ ထည့်သွင်းတာနဲ့ ရုံးခန်းဖွင့်လှစ်နိုင်မယ့် အခန်းတွေ ပါဝင်အောင် တည်ဆောက်မှာ ဖြစ်ပြီး ဘူတာနဲ့ ရထားလမ်း အဆင့်မြှင့်တင်ရေးကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးကို စင်ကာပူနဲ့ ဂျပန်ကုမ္ပဏီ ၄ ခု နဲ့ ပြည်တွင်းကုမ္ပဏီတချို့က စိတ်ဝင်စားကြောင်း အဆိုပြုလွှာ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

DVB
မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့ ရန်ကုန်ဘူတာကြီးကို ဘက်စုံ အဆင့်မြှင့်ဖို့ ရှိနေပြီး ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူတွေကို ရွေးချယ်ဖို့ ပထမအဆင့် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression of Interest တွေကို လာမယ့် ဧပြီ ၂၆ ရက်မှာ ခေါ်ယူသွားမယ်လို့ ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ရိပ် သာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး က ပြောပါတယ်။

ထွက်ပေါ်လာခဲ့ပြီဖြစ်သည့် PFA အကောင်းဆုံးဆု ဆန်ကာတင်စာရင်း

Photo: ထွက်ပေါ်လာခဲ့ပြီဖြစ်သည့် PFA အကောင်းဆုံးဆု ဆန်ကာတင်စာရင်း
Tuesday 22nd April 2014

အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ PFA  တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်
FA က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါတယ်။ ယခုနှစ်အတွက် ချီးမြှင့်မယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် (၆)ဦးစာရင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား(၃)ဦးထိပါဝင်ခဲ့ပြီး ချဲလ်ဆီးအသင်း၊ မန်ချက် စတာစီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့မှ တစ်ဦးစီပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းမှ တိုက်စစ်မှူးတွေဖြစ်တဲ့ " ဆွာရက်ဇ် " နဲ့  " စတားရစ်ခ်ျ " တို့အပြင် အသင်းခေါင်းဆောင်  " ဂျရတ် " ပါဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
 
တိုက်စစ်မှူး " ဆွာရက်ဇ် " ဟာ ပရီးမီးယားလိဂ်မှာ (၂၉)ဂိုးထိသွင်းယူထားသလို  " စတားရစ်ခ်ျ " ကလည်း ဂိုး(၂၀)ထိ သွင်းယူထားပြီး အသင်းခေါင်းဆောင် " ဂျတ်ရတ် " ကလည်း (၁၃)ဂိုးသွင်းယူကာ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှ ကွင်းလယ်ကစားသမား " ယာယာတိုရေး " ဟာ ပရီးမီးယားလိဂ်မှာ (၁၈)ဂိုးထိသွင်းယူထားတာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့သလို ချဲလ်ဆီးအသင်းမှာ အထူးခြေစွမ်းပြနေတဲ့  " ဟာဇက် " အပြင် ဆောက်သမ်တျန်အသင်းရဲ့ အဓိက ကစားသမား " လယ်လာနာ " လည်း ယခုနှစ်အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သလို တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု အတွက် ဆန်ကာတင်စာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ကာတင်စာရင်းမှာ လီဗာပူးလ်အသင်းမှ  " စတာလင် " နဲ့အတူ  " စတား ရစ်ခ်ျ " လည်း ထပ်မံပါဝင်လာခဲ့ပြီး ချဲလ်ဆီးအသင်းမှ  " ဟာဇက် " လည်း ထပ်မံပါဝင်လာကာ အဲဗာ တန်အသင်းမှ  " ဘာကလေ " ၊ ဆောက်သမ်တန်အသင်းမှ " လုရှော " ၊ အာဆင်နယ်အသင်းမှ  " ရမ်ဆေး "  တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုပေးအပ်ချီးမြှင့်ပွဲကိုတော့ ဧပြီလ(၂၇)ရက်နေ့မှာ လန်ဒန်မြို့တွင် ကျင်းပပြု လုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ PFA  တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါ တယ်။ ယခုနှစ်အတွက် ချီးမြှင့်မယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် (၆)ဦးစာရင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား(၃)ဦးထိပါဝင်ခဲ့ပြီး ချဲလ်ဆီးအသင်း၊ မန်ချက် စတာစီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့မှ တစ်ဦးစီပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းမှ တိုက်စစ်မှူးတွေဖြစ်တဲ့ " ဆွာရက်ဇ် " နဲ့  " စတားရစ်ခ်ျ " တို့အပြင် အသင်းခေါင်းဆောင်  " ဂျရတ် " ပါဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သက်တမ်းကုန်လျှင် ၀န်ကြီးထပ်မလုပ်တော့ဟု လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကြေညာ

သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ၃၆ ဦးအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သက်တမ်းကုန်လျှင် ၀န်ကြီး ဆက်လုပ်မည် မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်သည်။

ပျောက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို

Photo: ပျောက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို
Tuesday, April 22, 2014

ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

malay airlineဒါ့အပြင် မလေးရှားလေကြောင်းလိုင်းက တခြားလေယာဉ်တစီး အရေးပေါ် လေယာဉ် ဆင်းသက်ရမှုအတွက် လည်း ဘေးကင်းရေး ကိစ္စအတွက် မေးခွန်းတွေ ထုတ်နေပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို အပူပိုင်းမုန်တိုင်းတခု ဦးတည်နေလို့ လေကြောင်း ရှာဖွေရေးတွေက  ဒီနေ့ နှောင့်နှေးခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေပြောအပြီး နာရီအနည်းငယ်အကြာမှာ စစ်လေယာဉ် ၁၀ စီးနဲ့ သင်္ဘော ၁၀ စီးက ဆက်လက်ရှာဖွေမှာပါ။

ဂျက်အမည်ရ အပူပိုင်းဆိုင်ကလုန်းကြောင့် လေကြောင်းရှာဖွေရေးကို အချိန်ရွှေ့ခဲ့ ရတယ်လို့ သူတို့က ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေငုပ်ယာဉ်ကတော့ ပင်လယ်ရေအောက် ရှာဖွေရေးတွေ ပြီးဆုံးခါနီးပြီ ဖြစ်ပြီး ဘာအပျက်အစီး အရိပ်လက္ခဏာမှ မတွေ့သေးပါဘူး။

သြစတြေးလျအာဏာပိုင်တွေကတော့ မတ် ၈ ရက်နေ့က လူပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်သွားတဲ့ လေယာဉ်ကို ဝေဟင်နဲ့ ရေအောက်မှာ ရှာဖွေမှုကို မကြာခင် အဆုံးသတ်မယ်လို့ ပြောပါတယ်။

မလေးရှားပြည်သူတယောက်ကတော့ “ဒီလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ တကယ်ဆင်းခဲ့ သလားဆိုတဲ့ သက်သေ အထောက်အထား ဘာမှ မပြနိုင်ခဲ့ဘူးလို့ ပြောသလို အပျက်အစီး တောင် လုံးလုံးမပြနိုင်ခဲ့ဘူး။ အင်မတန် စိတ်ပျက်စရာပဲ” လို့ ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေအောက်သွားယာဉ် ဘလူးဖင်းရဲ့ ရှာဖွေရေး လုပ်ငန်းကတော့ လာမဲ့ ဧပြီ ၂၃ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တည်နေရာအတွက် သက်သေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျန်ခဲ့တဲ့ အပတ်တွေအတွင်းက ရခဲ့တဲ့ ဆိုနာအသံလှိုင်း အချက်ပြမှုကို လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းစုရာ သေတ္တာနက်က အချက်ပြမှုနဲ့ ဆင်တူတယ်ဆိုတဲ့အချက်နဲ့ ရှာဖွေနေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ အိန္ဒိယနိုင်ငံ ဘန်ဂလိုလေဆိပ်ကို ပျံသန်းမယ့် MH 192 လေယာဉ်ဟာလည်း အဆင်းဂီယာ အလုပ်မလုပ်လို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပျံတက်အပြီး ၁၆ မိနစ်အကြာ ပြေးလမ်းပေါ်မှာ လေယာဉ်တာယာ အစအနတွေကို သတိထားခဲ့မိတာလို့ မလေးရှားလေကြောင်းလိုင်းက ဆိုပါတယ်။

လူ ၁၆၆ ယောက်ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာမှ ထပ်မံ ပျံသန်းဖို့ စီစဉ်ခဲ့ရတယ်လို့ ကြေညာချက်ထဲမှာ မလေးရှားလေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

ဒီဗွီဘီ
ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

“လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ရသေးတယ်”

Photo: “လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ရသေးတယ်”
Tuesday, April 22, 2014

မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက်ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများထက်ပင် မြင့်မားနေသည်။

နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် နိုင်ငံတွင် မြေဧရိယာ ပေါများလှစေကာမူ နိုင်ငံသားတဦး အတွက် ကျောချစရာ နေရာတခုရရှိရေး အလွန်ခက်လှသော အခြေအနေသို့ဆိုက် ရောက်နေပါသည်။

နိုင်ငံသားတို့ နေထိုင်ရေးအတွက် အမြန်ဖြေရှင်းမည့် နည်းလမ်းတချို့အပါအဝင် ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး ဆောက် လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သော တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်ချက်က လက်ရှိမှာ ဘာဖြစ်မလဲ။

ဖြေ။ ။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ နည်းပညာ အားနည်းချက်ပေါ့။ နည်းပညာတွေက အရင်တုန်းက အခြေ အနေ ထက် တိုးတက်လာပြီ ဆိုပေမယ့် တကယ့်ခေတ်မီတဲ့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ နည်းပညာတော့ မရောက်သေးတာ အမှန် ပဲ။ ဒါပေမယ့် ဒါကို စိန်ခေါ်မှု တရပ်ရယ်လို့ အများကြီး သတ်မှတ်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ နည်းပညာဆိုတာ လိုချင်ရင် ရက်ပိုင်း အတွင်းမှာ ရပါတယ်။ ပြဿနာမရှိဘူး။ နည်းပညာ လိုချင်ရင် ရှိတဲ့ဆီကနေ ဆွဲခေါ်ပြီးတော့ ခဏတွဲ သုံးပြီး ဒီ Project တခုပြီးရင် နောက် Project တခု မှာ ကိုယ့်ဘာသာလုပ်ရင် ဒီ နည်းပညာတွေမှာ အကုန်လုံး ကိုယ်လိုချင်တာရတယ်။

နည်းပညာနဲ့ ပတ်သက်လို့ အားနည်းချက်ဆိုတာ စိန်ခေါ်မှုကလည်း နည်းပါတယ်။ ရှိတော့ရှိတာပေါ့။ လူ့ စွမ်းအား အရင်းအမြစ် လိုအပ်ချက်လည်း ရှိနေတယ်။ အတိတ်ကာလမှာ ပညာရှင်တွေတော်တော်များများ ငွေပိုရတဲ့ နိုင်ငံရပ်ခြားဆီ ထွက်သွားကြတယ်။ ဒါပေမယ့် တိုင်းပြည် ပြန်လည် ပွင့်လင်းလာပေမယ့် သူတို့တွေက ပြန်မ လာနိုင်ကြသေးဘူး။ ဒီမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် များနေတယ်။ နောက်စိန်ခေါ်မှုက မြေဈေးနှုန်းပဲ။ မြေဈေးက စင်ကာပူမှာ ရှိတဲ့ဈေးနဲ့ အတူတူ လောက်ဖြစ်နေတယ်။ ဆောက်လုပ် ရေးသုံး ပစ္စည်းတွေက ဈေးကြီးလွန်းတဲ့ အကောင်းဆုံး ဆိုတာကို မသုံးနိုင်ဘူး။

မေး။ ။ အစိုးရပိုင်းကို အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မတောင်းဆိုဘူးလား။ အစိုးရဘက်ကရော ဖြေရှင်း မပေးဘူးလား။

ဖြေ။ ။ အဓိက ပြဿနာက ဘာလဲဆိုတော့အုပ်ချုပ်တဲ့ သူတွေရဲ့ Concept (အမြင် သဘောထား)ပေါ့။ အခုဆိုရင် ဗဟိုဘဏ်ကို သီးသန့်ခွဲထုတ်လိုက် တယ်။ ဒါအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့သူ မပြောင်းတဲ့အခါမှာ သူက စီးပွားရေးလုပ်ငန်း ကို နားမလည်တဲ့သူဖြစ် နေတယ်။ ငွေကြေးရဲ့သဘာဝလည်း နားမလည်ဘူး။ အဲဒီတော့ နားမလည်တဲ့သူ အုပ်ချုပ်တော့ သူကပေါ်လစီတွေ ကိုင်ပြီး ထိန်းချုပ်ထားတဲ့အတွက် ဘာမှ အကြောင်း မထူးဘူး။

သမ္မတနဲ့တွေ့တဲ့အခါမှာ ဒီပြဿနာတွေကို ကဏ္ဍ အသီးသီးကနေပြီးတော့ အကုန်လုံး တင်ပြ ထားတာပေါ့။ ဘဏ်နဲ့ပတ်သက်လို့ စိန်ခေါ်မှု အများကြီးဖြစ်တယ်။ စနစ်တကျနဲ့ လုပ်တတ်တဲ့အလုပ်ကို မြန်မာပြည်ရဲ့ကဏ္ဍတိုင်းမှာ မလုပ်နိုင်သေးဘူး။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအထိန်းအချုပ် ကိုင်ဆောင်ထားတဲ့ အညှာဟာ ဗဟိုဘဏ် ပါပဲ။ ပြီးတော့ နိုင်ငံရဲ့ ဥပဒေ တွေ၊ ပေါ်လစီတွေကို ကိုင်ထားတဲ့ ဒီအညှာ သုံးခုပဲပေါ့။ ဥပဒေလည်း ပါတယ်၊ အုပ်ချုပ်သူရဲ့ စီမံခန့်ခွဲမှုနဲ့ ဘဏ်ရဲ့အလုပ်ပေါ့။

ဒီအညှာတွေနဲ့ စီးပွားရေးကို ထိန်းချုပ်ပြီး ကောင်းမွန်စွာ ကိုင်လို့ရတယ်။ ဒါပေမယ့် ဗဟိုဘဏ်က မလုပ်တတ်တဲ့အခါကျတော့ ဒီနိုင်ငံ မှာ ဘယ်စီးပွားရေးလုပ်လုပ် ငွေကြေးပေါ်မှာအခြေခံပြီး လုပ်ရတယ်။ ငွေကြေး လည်ပတ်မှုကို မထိန်းချုပ်နိုင်ရင် ယိုင်ဆင်းသွားမှာက စီးပွားရေးပဲ။ နိုင်ငံတိုင်းမှာ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ထားတယ်။ ဥပမာ အမေရိကန် ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှု အရမ်းကြီးမားပြီးတော့ ဗဟိုဘဏ်က ထိန်းချုပ်ထားတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုသည် တကမ္ဘာလုံးကနေ ပြီးတော့ လှည့်ပတ် သုံးစွဲနိုင်အောင် ဖန်တီးထားတဲ့အတွက် သူတို့ ခံနိုင်ရည်ရှိတယ်။ ပိုက်ဆံတကျပ်ရှိရင် တသိန်းဖြစ်အောင် လုပ်တဲ့နည်း နဲ့ သူတို့ ဖန်တီးလိုက်တာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံ တကျပ်ရှိတာ ၁၀ ပြားပဲတန်အောင် လုပ်ထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ကို တံခါးတော့ ဖွင့်ပေးလိုက်တယ်။ အမြီးနင်းထားတဲ့ အခါကျတော့ သွားလို့မရဘူး။

မေး။ ။ ရန်ကုန်ရဲ့ လူဦးရေနဲ့ နေစရာ အခန်း လိုအပ်ချက်တွေအပေါ် လုပ်ငန်းရှင် တဦးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီနေ့ လူတွေတိုးပွားလာတဲ့ အနေအထားမှာ အခန်း မဝယ်နိုင်တဲ့သူတွေက ဝင်ငွေနည်းပါးတဲ့ သူတွေ၊ အခြေခံ လူတန်းစားတွေပါ။ အိမ်လည်း မဝယ်နိုင်ဘူး၊ ငှားဖို့ကျတော့လည်း ကိုယ့်လခ အကုန်ပေးတာတောင်မှ အိမ်ခန်းတခန်း ပြန်မရနိုင်ဘူး။ လခ ခြောက် သောင်း ရတယ်၊ အိမ်လခက တသိန်းခွဲဆိုတော့ ဘယ်လိုပေးမလဲ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးလို့ဆိုရင် ဆင်းရဲသားတွေအတွက် အဆင်ပြေမယ့် လုပ်ငန်းစဉ်တွေမှာ ဆောက်လုပ်ရေးကို အဓိက အကောင်အထည်ဖော်ရမှာ။ ဆောက်လုပ်ရေးနဲ့ နေဖို့ထိုင်ဖို့အတွက် သက်သက် သာသာလေးများ သူတို့ရခဲ့ရင် သူတို့ ထမင်းတလုတ် ရှာစားဖို့က မခဲယဉ်းတော့ဘူး။ အဲဒီတော့ သူတို့ရဲ့ ဝတ်ဖို့အတွက်၊ စားဖို့အတွက် ရှာရတာလွယ်တယ်၊ နေဖို့အတွက်ခက် နေတာ။

မေး။ ။ တော်ဝင်မိသားစု ကုမ္ပဏီက ဆောက်လုပ်တဲ့ တန်ဖိုးနည်း အိမ်ရာတွေကော လက်ရှိ အနေအထား ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ မုဒိတာ ၁ ၊ မုဒိတာ ၂ ။ အခန်း ၃၀ဝ၀ ကျော် ဆောက်တယ်။ တခန်းကို ၁၆၅ သိန်းနဲ့ ရောင်းတာ၊ အခု သိန်း ၇၀ဝ ကျော် ဖြစ်သွားပြီ။ အဲတော့ ဘယ်လိုလုပ် တကယ့်လူတွေ လက်ထဲကို ရောက်တော့မလဲ။ ဘာဖြစ်လို့လဲ၊ ကစားတယ်။ အဲ့ဒီလူတွေကို မကစားအောင် ဓားနဲ့လိုက်ခုတ်လို့ မရဘူး။ ဒီလို ဈေးတွေ ဘာလို့ တက်သွားသလဲ။ လိုအပ်ချက်တွေ ဖြစ်နေလို့။ ဒီနေ့ မော်တော် ကားတွေ ကြည့်လိုက်လေ။ ကားတွေ အရင်တုန်းက ဈေးပုံမှန်တက်နေတယ်။ ကားဟောင်းတစီး ဝယ်စီးလိုက်တယ်၊ ဈေးတက်သွားတယ်။ မရှုံးဘူး။ ဒီနေ့ကတော့ ကားဒီနေ့ မနက်ဝယ်တယ်။ ညနေရှုံးတယ်။ ဘယ်သူမှ မဝယ်ရဲတော့ဘူး။ မဝယ်ရဲရင် ဘာဖြစ်လဲ။ တကယ့် ဝယ်စီးမယ့်သူက ဝယ်လို့ရသွားတယ်။ အဲ့ဒီလိုပဲ Shortage မရှိအောင် ဖန်တီးပေးလိုက်ရင် ဒီကိစ္စက ငြိမ်းသွားမယ်။

လိုအပ်ချက် မရှိအောင် တယောက်တည်း ဆောက်လို့မရဘူး။ ဆောက်တတ်တဲ့ လူတွေ အများကြီးကို ချက်ချင်းချပေးလိုက်။ ဒီနေ့ ကားတွေ အများကြီးသွင်းတာ ဘယ်သူမှ မဝယ်တော့ဘူး။ ဒီလိုပဲ အဆောက်အအုံတွေ ဆောက်ပေးလိုက်။ မြန်မာပြည်မှာ ဆောက် လို့ရမယ့် မြေအများကြီး။ ရှင်းရှင်းပြောရရင် လှိုင်သာယာဘက်တောင် သွားစရာ မလိုဘူး။ ဒီနေ့ လူဦးရေ ရန်ကုန်မြို့မှာ ၅ သန်း ၆ သန်း ရှိတယ်။ နောက်ထပ် လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ ရသေးတယ်။

မေး။ ။ ဘယ်လို နေရာမျိုးတွေလဲ။

ဖြေ။ ။ မြောက်ဒဂုံ၊ တောင်ဒဂုံ အထိ သွားစရာမလိုဘူး။ မင်္ဂလာဒုံရှိတယ်။ အင်းစိန်ရှိတယ်။ မရမ်းကုန်း ရှိတယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဗဟန်း၊ လှိုင်၊ ကမာရွတ် ဒီလို နေရာတွေမှာ Google ကကြည့်လိုက်။ မြေကွက် အလွတ်တွေနဲ့ ဆောက် ရင်တောင်မှ နောက်ထပ် လူ ၁၀ သန်းအထိ ထားလို့ရသေးတယ်။ အဲ့ဒီလို တကယ့် စနစ်ကျကျ Town Plan ကို သေချာလုပ်လိုက်ရင်၊ စင်ကာပူလိုမျိုး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ။ မြေတွေအားလုံး က နိုင်ငံတော်က ကိုင်ထားတာ။ နိုင်ငံတော်က ကိုင် ထားတဲ့၊ တိုင်းဒေသကြီးတွေက ကိုင်ထားတဲ့ မြေကြီးတွေ။

ဒီနေ့ မြို့ထဲမှာ တပ်မတော်က ကိုင်ထားတဲ့ မြေကြီးတွေ အများကြီးရှိတယ်။ အဲ့ဒီမြေကြီးတွေကို အသုံးချလိုက်ရင် တပ်မတော်အတွက်လည်း အကျိုးရှိမယ်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမယ်။ Developer အတွက် လည်း အကျိုးရှိတယ်။

မေး။ ။ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့အတွက် မြေဧရိယာ ဘယ်လောက် လိုသလဲ။

ဖြေ။ ။ အခန်း ၁ သောင်း၊ ၂ သောင်း ဆောက်ဖို့အတွက်က မြေဧက ရာဂဏန်းလောက် ပေးမှ။ နို့မို့ဆို ဆောက်လို့ မရဘူး။ များများပေးလေ တန်ဖိုးနည်းလေပဲ။ ဥပမာ ဗိုလ်မှူး ဗထူး အိမ်ရာက မြေ ၁၀၅ ဧက ရှိတယ်။ မြေ ၁၀၅ ဧကရရင် ၄၄ သိန်းတန် အခန်း နှစ် သောင်း ဆောက်ပေးမယ်။ ၈၄ သိန်းတန် အခန်း တသောင်း ဆောက်ပေးမယ်။ ၁၂၄ သိန်း အခန်း နှစ်သောင်း ဆောက်ပေးမယ်။ အဲ့ဒီမြေ ၁၀၅ ဧကမှာ အခန်းသုံးသောင်း ဆောက်ပေးမယ်။ အဲ့ဒီမှာ ဆေးရုံလည်း ပါမယ်၊ ကျောင်းလည်း ပါမယ်။ ပြီးရင် နိုင်ငံတော် ကို သိန်း ၇ သောင်းနဲ့ မြေဖိုးပေးမယ်။ အလကား မယူဘူး။

မေး။ ။ အခုနောက်ဆုံး တိုက်ခန်းဈေးတွေ အရမ်းမြင့်တက်ပြီး အခန်းတခန်းပိုင်ဖို့ အရမ်းခက်လာတယ်။ အစိုးရအနေနဲ့ နိုင်ငံသား တွေ နေထိုင်ရေး အဆင်ပြေစေဖို့ အမြန်ဆုံး ဘယ်လို နည်းလမ်းနဲ့ ကုစားပေးနိုင်မလဲ။

ဖြေ။ ။ အမြန်ဆုံးကုစားနိုင်မယ့် နည်းလမ်းက နောက်ဆုံး နိုင်ငံတော်ကနေပြီးတော့ ဇိကုတ်ပြီး နတ်ပြည် တင်သလိုပေါ့။ မင်းတို့ လမ်းဘေး နေတဲ့ သူတွေလည်းရော့ အိမ်ပိုင်မရှိရင် တိုက်ခန်းအလကားပေးမှာ အလုပ်တော့လုပ်။ အလုပ်လုပ်ပြီးမှဆပ်ဆိုရင် အလကားလည်း မပေးရဘူး။ တိုက်ပေါ် တင်ပေးလိုက် သလိုပေါ့။

အခုန ပြောတဲ့ Plan တွေလိုပေါ့။ မင်းတို့ တဲတွေနဲ့မနေပါနဲ့၊ မီးလောင်နေတယ်ပေါ့။ မီးလောင်ရင် မင်းတို့လည်း ဆုံးရှုံးတယ်။ တိုက် ပေါ်မှာနေ ဆိုပြီးတော့ တိုက်ပေါ်တင်တဲ့ Plan အဲ့ဒါတွေလုပ်ဖို့ Developer တွေမှာ ကျနော်တို့ကတော့ တန်ဖိုးများများမှ ရောင်း တတ် တာ၊ မလုပ်တတ်ဘူး ဆိုရင်လည်း မလုပ်တတ်ရင် လုပ်တတ်တဲ့သူဆီမှာ သွားပြီးတပည့် ခံပေါ့။ နောက်ဆုံးမရရင် ဘယ်သူ လုပ်မလဲ။ ကိုထွေး လုပ်တယ်။ လာခဲ့၊ မင်းလုပ်တဲ့ နည်းလေးကို သူတို့ကို ပြောပြလိုက်။ မင်းတို့ သူတို့ လုပ်တဲ့အတိုင်း လိုက်လုပ် ဖြစ်အောင် လုပ်ဆိုရင် အခြေအနေကောင်း သွားတာပေါ့။ ။

ဧရာဝတီ
မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက် ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများ ထက်ပင် မြင့် မားနေသည်။

ဘီယာ၊ ၀ိုင် ၆ပိုင့်ကနေ ၁၃ပိုင့်သာက်ရုံနဲ့ ကျန်းမာရေးကို မထိခိုက်နိုင်

Photo: ဘီယာ၊ ၀ိုင် ၆ပိုင့်ကနေ ၁၃ပိုင့်သာက်ရုံနဲ့ ကျန်းမာရေးကို မထိခိုက်နိုင်
Tuesday, April 22, 2014 

ဘီယာချစ်သူတွေအတွက် သတင်းကောင်းပါပဲ။ ဘီယာ၊ ၀ိုင် တစ်နေ့ကို ၆ပိုင့်သောက်ရုံနဲ့ သင့်ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလို့ ယမကာသိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာ ယမကာကျွမ်းကျင်ပညာရှင် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Dr. Kari Poikalainen ဟာ ဆယ်စုနှစ်များအတွင်းက ယမကာရဲ့ အကျိုးသက်ရောက်မှုများ သုတေသနစာတမ်းတွေကို ပြန်လည်လေ့လာ သုံးသပ်ခဲ့ပါတယ်။

တစ်နေ့ကို ၁၃ပိုင့်ထက် ကျော်ပြီး သောက်သုံးတဲ့သူတွေသာ ကျန်းမာရေးထိခိုက်သွားတယ်လို့ သူက ယုံကြည်ပါတယ်။

ယောကျာ်းဆိုရင် တစ်နေ့ ၄ပိုင့်၊ မိန်းမဆိုရင် တစ်နေ့ ၃ပိုင့်ထက် ပိုမသောက်ရဘူးဆိုတာမျိုး လက်ရှိမှာ ပြောနေကြတာမျိုးတော့ ရှိပါတယ်။

Trend Myanmar
ဘီယာချစ်သူတွေအတွက် သတင်းကောင်းပါပဲ။ ဘီယာ၊ ၀ိုင် တစ်နေ့ကို ၆ပိုင့်သောက်ရုံနဲ့ သင့်ကျန်းမာရေး ကို မထိခိုက်နိုင်ဘူးလို့ ယမကာသိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး

Photo: တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် 
၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး
Tuesday, April 22, 2014

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတွင် လူကုန်ကူးမှု ပညာပေးဆိုင်းဘုတ် ဆိုက်ထူထားသည်ကို တွေ့ရစဉ်
တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူမှာ ၂၅၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ ၃၂ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

"လူကုန်ကူးခံရတဲ့သူတွေကို ပြန်ကယ်ဖို့အတွက် အချို့ဟာတွေက နေရာမသိဘူး။ အခုပြန်လွှဲပေးတဲ့သူတွေကလည်း ပြဿနာဖြစ်ရင်းနဲ့ ထွက်ပြေးလာကြတာဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် စက်ရုံသူဋ္ဌေးနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို ထိုင်းတရားရုံးမှာ တရားစွဲထားတယ်။ တရုတ်နိုင်ငံကျတော့ လက်ထပ်ပေါင်းသင်းတဲ့ အမျိုးသားတွေကို အရေးယူတာတွေမရှိသေးဘူး" ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ အမျိုးသား (၄)ဦးတို့သည် ၂၀၁၃ခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ထွက်ပြေး လွှတ်မြောက်လာခဲ့ရာ ထိုင်းနိုင်ငံရှိ စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်ရပြီး ထိုင်းနိုင်ငံမှ ယခုနှစ် ဧပြီလ ပထမပတ်အတွင်း၌ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခြင်းခံရသော ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးအား ယခုနှစ် ဧပြီလအတွင်း၌ ရွှေလီလူကုန်ကူးအထူးအဖွဲ့မှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၁၃ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိသေးသည့် လူကုန်ကူးခံရသူ ၂၆ ဦး ကျန်ရှိသေးသည်။

နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များတွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် သက်သေအဖြစ် အမှုဆိုင်ရင်နေသည့် မြန်မာနိုင်ငံသားများမှာ တရား
စီရင်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် နေရပ်ကိုပြန်လိုသော်
လည်း ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

Eeven Media Group
အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတွင် လူကုန်ကူးမှု ပညာပေးဆိုင်းဘုတ် ဆိုက်ထူထားသည် ကို တွေ့ရစဉ်

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“လုရှော”ကိုခေါ်ယူဖို့ နီးစပ်နေသည့် မန်ချက်စတာယူနိုက်တက်

Photo: “လုရှော”ကိုခေါ်ယူဖို့ နီးစပ်နေသည့် မန်ချက်စတာယူနိုက်တက်
Tuesday, April 22, 2014

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန် နောက်ခံကစားသမား“လုရှော”ကို ခေါ်ယူနိုင်ဖို့
 
နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။အဆိုပါ အသက်(၁၈)နှစ်အရွယ် အင်္ဂလန်လူငယ်နောက်ခံကစားသမား ယခုနှစ်ရာသီ ဆောက်သမ်သန်အသင်းမှာ အထူးခြေစွမ်းပြကစားနေတာကြောင့် ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ “လုရှော”ကို အခြားအသင်းများထက် လက်ဦးမှုရယူပြီး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
 
မန်ချက်စတာယူနိုက်အသင်းဟာ “လုရှော”ကို တစ်ပတ်ပေါင် (၈)သောင်းကျော် ပေးချေသွားမှာဖြစ်ပြီး “လုရှော”ကလည်း မန်ချက်စတာယူနိုက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရမယ်လို့ အာမခံချက် ရရှိပါက ပြောင်းရွှေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။ မန်ချက် စတာယူနိုက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း (၁၀၀)ခန့် သုံးစွဲသွားမှာဖြစ်ပြီး အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ကစာသးမားများနေရာကို အစားထိုးခေါ်ယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
အသင်းရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ “ဗီဒစ်”၊ “ဖာဒီနန်”၊ “အီဗရာ”တို့ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိသေးတာ ကြောင့် “လုရှော”တို့လို အရည်အသွေးမြင့် လူငယ်တွေကို ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်အသင်း တာဝန်ရှိသူများဟာ ယခုနှစ်ရာသီရလဒ်ဆိုးရွားနေမှုကို လာမယ့်ရာသီမှာ ချေဖျက်နိုင်ဖို့အတွက် ပေါ်တူဂီကလပ် စပို့တင်းလစ်ဘရွန်းအသင်းရဲ့ တောင်ပံ ကစားသမား“ကာဗယ်ဟို”ကိုလည်း ပေါင်(၃၇)သန်းနဲ့ ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရပါတယ်။
 
အင်္ဂလန်နောက်ခံကစားသမား “လုရှော”ဟာ ယခုနှစ်ရာသီမှာ ဆောက်သမ်တန်အသင်းအ တွက် (၃၄)ပွဲထိပါဝင်ကစားထားတာဖြစ်သလို အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

MRTV-4
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း ဟာ ဆောက်သမ်တန် နောက်ခံကစား သမား“လုရှော”ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။အဆိုပါ အသက်(၁၈)နှစ် အရွယ် အင်္ဂလန်လူငယ်နောက်ခံကစားသမား ယခုနှစ်ရာသီ ဆောက်သမ်သန်အသင်းမှာ အထူးခြေ စွမ်းပြကစားနေတာကြောင့် ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ မန်ချက် စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ “လုရှော”ကို အခြား အသင်းများထက် လက်ဦးမှုရယူပြီး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

လှိုင်သာယာတွင် မြစ်ကမ်းပါး ပြိုကျမှုကို ယာယီ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်

Photo: လှိုင်သာယာတွင် မြစ်ကမ်းပါး ပြိုကျမှုကို ယာယီ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်
Tuesday, April 22, 2014

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ သာယာကုန်း ဘုန်းတော်ကြီးကျောင်း အနီးတွင် ဧပြီလ ၂၀ ရက်နေ့က လှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျခဲ့သော နေရာများတွင် ရပ်ကွက်နေထိုင်သူများ၏ အစီအစဉ်ဖြင့် ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ထားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က The Voice သို့ ပြောကြားသည်။

လှိုင်မြစ်ရေ အတက်အကျ ကြမ်းမှုကြောင့် ဧပြီ ၂၀ ရက်နေ့ နံနက် လေးနာရီနှင့် ညနေ ငါးနာရီခန့်တို့တွင် ကမ်းပါး ပြိုကျခဲ့သောကြောင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

လတ်တလောတွင် မြစ်ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သော မြေနေရာတွင် မြစ်ရေတိုက်စားမှု ထပ်မံ မဖြစ်ပွားစေရန် သဲအိတ်များနှင့် ဝါးကပ်များ ကာရံပြီး ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သံဃာများ သီတင်းသုံးနိုင်ရန် ယာယီကျောင်းဆောင်များ တည်ဆောက်ထားကြောင်း အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က ပြောကြားသည်။ 
“ကမ်းပါးပြိုတဲ့နေရာကို ကိုယ့်မှာရှိတဲ့ ငွေအင်အားနဲ့ ယာယီသာ ထိန်းနိုင်ပေမယ့် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေ အမြန်ဆုံး လုပ်ကိုင်ပေးမှ အဆင်ပြေမှာ” ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါ ကမ်းပါးတိုက်စားမှုကြောင့် M-5 သင်္ဘောကျင်း၌ သင်္ဘောများ ဆိုက်ကပ်ရန် ပြုလုပ်ထားသော အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ ကွန်ကရစ်ဆိပ်ခံ တံတား၏ အစိတ်အပိုင်း အချို့နှင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ရှစ်ခန်းတွဲ အုတ်ညှပ်သွပ်မိုး အိမ်သာများ တိမ်းစောင်းခဲ့ပြီး နှစ်ထပ်အုတ်ညှပ် သွပ်မိုးကျောင်းဆောင် တစ်ဆောင်၏ အောက်ခြေနားထိ မြစ်ရေများ ရောက်လာသဖြင့် ကျောင်းဆောင်ကို ဖျက်သိမ်းကာ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို ကျောက်တန်း၊ ဆိပ်ကြီးခနောင်တို၊ ရွှေပြည်သာ မြို့နယ်များတွင် ဆောင်ရွက်လျက် ရှိကြောင်း၊ လတ်တလောတွင် လှိုင်မြစ်ကမ်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရှိရသောကြောင့် ယင်းနေရာသို့ ကွင်းဆင်းလေ့လာပြီးမှသာ မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန (ဒေသ ၁) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ သာယာကုန်း ဘုန်းတော်ကြီးကျောင်း အနီးတွင် ဧပြီလ ၂၀ ရက်နေ့က လှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျ ခဲ့သော နေရာများတွင် ရပ်ကွက်နေထိုင်သူများ၏ အစီအစဉ်ဖြင့် ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်ထားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က The Voice သို့ ပြော ကြားသည်။

စစ်ပြီးခေတ်အကြွေးနှင့်ပတ်သက်၍ဂျပန်ကုန်သင်္ဘောကို တရုတ် ဖမ်းဆီး

စစ်ပြီးခေတ်အကြွေးတစ်ရပ်နှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံက ဂျပန်ကုန်သင်္ဘောတစ်စင်းကို ဖမ်းဆီးထားခြင်း သည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများဆက်ဆံမှုကို ထိခိုက် နိုင်ကြောင်း ဂျပန်အစိုးရ ထိပ်တန်း ပြောရေး ဆိုခွင့် ရှိသူက သတိပေးလိုက်သည်။

မြန်မာနိုင်ငံတွင် ၄ လအတွင်း အပူချိန် အမြင့်ဆုံးဖြစ်

Photo: မြန်မာနိုင်ငံတွင် ၄ လအတွင်း အပူချိန် အမြင့်ဆုံးဖြစ်
Tuesday, April 22, 2014

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ပထမ ၄ လပတ်အတွင်း ဒီနေ့ အပူချိန် အမြင့်ဆုံး ဖြစ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

Slide4ဧပြီ ၂၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ဒေသတွင် အပူချိန်မြင့်တက်ရာမှ
တောမီးလောင်ကျွမ်းခဲ့ကာ အနီးအနားကျေးရွာတရွာရှိ ဆီစက်နဲ့ သစ်စက်များကို ကူးစက် လောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နေ့ကို မြေကမ္ဘာနေ့ (Earth Day) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာ တော့ ဒီနေ့ဟာ အပူဆုံးနေ့ ဖြစ်လာနိုင်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။

ဦးထွန်းလွင်ရဲ့ အဆိုအရ ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွေမှာ အပူချိန် ၄၄ ဒီဂရီအထိ အမြင့်ဆုံးရှိနိုင်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာ အပူချိန် ၄၃ ဒီဂရီ၊ ပဲခူးတိုင်းဒေသကြီးမှာ အပူချိန် ၄၁ ဒီဂရီ၊ ရန်ကုန်တိုင်းဒေသမှာတော့ ၃၉ ဒီဂရီနဲ့ ကျန်ဒေသတွေမှာလည်း အပူချိန် ၃၄ ဒီဂရီအထက်မှာ ရှိနေပါတယ်။

ဒီဗွီဘီ
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ပထမ ၄ လပတ်အတွင်း ဒီနေ့အပူချိန် အမြင့်ဆုံး ဖြစ်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မော်တော်ယာဉ် စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်

Photo: မော်တော်ယာဉ် စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်
Tuesday, April 22, 2014

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်း အပ်နှံခွင့်နှင့် ပတ်သက်၍ အက္ခရာ နံပါတ်သစ်များ လက်ခံမည်ဟု ကြေညာခဲ့ခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေး ကျဆင်းသွားခဲ့ရာမှ ဧပြီလ ဒုတိယပတ်အတွင်းမှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့် စလစ်တစ်စောင်လျှင် ကျပ်ဆယ်သိန်းနီးပါးခန့် ပြန်လည် မြင့်တက်လာကြောင်း ရန်ကုန် ကားဈေးကွက်အတွင်းမှ သိရသည်။

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်း အက္ခရာ နံပါတ်သစ်များကို ထပ်မံအပ်နှံခွင့် ပြုမည်ဖြစ်ကြောင်း မတ်လ တတိယပတ်အတွင်းက ကြေညာခဲ့သော်လည်း အပ်နှံသူ အရေအတွက် နည်းပါးပြီး စလစ် ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေးနှုန်းများမှာ ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် စလစ်ဝယ်ရောင်း အသိုင်းအဝိုင်းက ပြောကြားသည်။ 

“စလစ်ဈေးက ထပ်တက်ဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စလစ် အရောင်းအဝယ်က အရမ်းကောင်းနေပြီးတော့ ရောင်းမယ့်လူ မရှိဘူး။ အပ်ကားကလည်း နည်းနေတယ်။ တချို့ကလည်း ကညနရဲ့ ပိတ်ရက်တွေကြောင့် မအပ်ကျတာ” ဟု ရန်ကုန်မြို့တော် အခြေစိုက် စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ဆိုသည်။

မော်တော်ယာဉ် ဈေးကွက်အတွင်း စလစ်မော်တော်ယာဉ်များမှာ အရောင်းအဝယ် ကောင်းမွန်လျက် ရှိပြီး စလစ်မော်တော်ယာဉ် အပ်နှံမှုမှာမူ လျော့ကျလျက် ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ် စလစ် ဈေးနှုန်းများသည် မြန်မာနှစ်သစ်ကူး သင်္ကြန်မတိုင်မီ (ဧပြီ ပထမအပတ်အတွင်း) က ကျပ် သိန်း ၉၀ ကျော်ခန့်သာ ဈေးရှိခဲ့ရာမှ ဧပြီလ တတိယအပတ် အရောက်တွင် စလစ်တစ်စောင် ပေါက်ဈေးသည် ကျပ် ၁၀၂ သိန်းခန့် ဈေးနှုန်းသို့ မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် မော်တော်ယာဉ် ဝယ်ရောင်းများထံမှ သိရသည်။

လတ်တလောတွင် ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်း၌ စလစ်ဈေးနှုန်းများ မြင့်တက်လျက် ရှိပြီး မော်တော်ယာဉ် အရောင်းအဝယ် များပါ ကောင်းမွန်လျက် ရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း အခြေစိုက် မော်တော်ယာဉ် ဝယ်ရောင်း ဦးအေးကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက စလစ်ကပ်၍ မော်တော်ယာဉ် တင်သွင်းခွင့် စတင် ခွင့်ပြုခဲ့စဉ်က ကျပ်သိန်း ၁၈၀ ဝန်းကျင်ခန့်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၃၀ ဝန်းကျင် ပေါက်ဈေးဖြင့် ဒုတိယမြောက် စံချိန်တင် ဈေးမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်းသည် ယင်းသို့ မော်တော်ယာဉ် တင်သွင်းခွင့် စလစ်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ပေးရန်အတွက် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံသို့ ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ် အတွင်းက တင်ပြခဲ့သော်လည်း ဧပြီလ တတိယပတ် ရောက်သည်အထိ ပြန်လည် အကြောင်းကြားခြင်း မရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။

The Voice Weekly
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်း အပ်နှံခွင့်နှင့် ပတ်သက်၍ အက္ခရာ နံပါတ်သစ်များ လက်ခံမည်ဟု ကြေညာခဲ့ခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေး ကျဆင်းသွားခဲ့ရာမှ ဧပြီလ ဒုတိယပတ်အတွင်းမှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့် စလစ်တစ်စောင်လျှင် ကျပ်ဆယ်သိန်း နီးပါးခန့် ပြန်လည် မြင့်တက်လာကြောင်း ရန်ကုန် ကားဈေးကွက်အတွင်းမှ သိရသည်။

အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ်ကို ပြန်လည် ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချ မှုများ ရှိနေ

Photo: အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ်ကို ပြန်လည် ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချ မှုများ ရှိနေ
Tuesday, April 22, 2014

အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ် များကို ပြန်လည်ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချမှုများ ရှိနေသဖြင့် ဝယ်ယူ သုံးစွဲရာတွင် သတိပြုသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ ငွေကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ်များ ဖြစ်နေပြီး ဈေးကွက် အနေအထား အားဖြင့် နယ်မြို့များတွင် ပိုမိုကြုံတွေ့နေရကြောင်းလည်း သိရသည်။

ယင်းအပြင် အဆိုပါ ကတ်များကို ဖြန့်ဖြူးသူများသည် နယ်မြို့များရှိ ကွမ်းယာဆိုင်နှင့် ကုန်စုံဆိုင် ကဲ့သို့သော လက်လီကုန် မျိုးစုံဆိုင်များသို့ ဦးတည်ဖြန့်ဖြူးပုံ ရသည်ဟု လေ့လာသူ တစ်ဦးက ပြောသည်။

''ကျွန်တော်ကြုံခဲ့ရတာက စစ်ကိုင်းမှာပါ။ သင်္ကြန်ကာလ စစ်ကိုင်း ဝါးချက်ကျေးရွာဘက်က ချောင်တစ်ချောင်မှာ အလှူပွဲအတွက် ရောက်နေတုန်း ဖုန်းကတ်ကို ကွမ်းယာဆိုင် တစ်ဆိုင်ကနေ ဝယ်လာခဲ့တာပါ။ Connection က တက်လိုက်ကျလိုက် ဖြစ်နေတော့ ငွေမဝင်ဘူးလို့ ထင်ပြီး မန္တလေး ရောက်မှ ငွေဖြည့်ကတ်ကို ထပ်ပြီးတော့ ငွေဖြည့်ကြည့်ပါတယ်။ ဒါနဲ့ ကွမ်းယာဆိုင်ကို မေးကြည့်တော့ မန္တလေးဘက်က မင်းကွန်းဘက်ကို သွားတဲ့ဘုရားဖူး ကားတစ်စီး ပေါ်ကနေ ငွေဖြည့်ကတ်တွေ ပါတယ်၊ ယူဦးမလား ဆိုပြီး ရောင်းသွားတယ်လို့ ပြောပါတယ်။ ၅ဝဝဝ တန် ငွေဖြည့်ကတ် တစ်ကတ်ကို ၄၅ဝဝ နဲ့ ပေးသွားတယ်လို့ ပြောပါတယ်။ အဲဒီ ငွေဖြည့်ကတ်ကို ဝယ်ယူ အသုံးပြုတဲ့ ပထမ လူက ခဲခြစ်ပြီး ဖုန်းထဲ ထည့်၊ ငွေဖြည့်ပြီးတဲ့အခါ ကတ်ကို လွှင့်ပစ် တတ်ကြပါတယ်။ ဒါကို လိမ်ရောင်းမယ့် သူက ပြန်လည် စုစည်းပြီး ခဲခြစ်ထားတဲ့ နေရာကို ခဲပြန်အုပ်တယ်။ မသုံးရသေးတဲ့ Orginal ကတ်ပုံမျိုး ဖြစ်လာအောင်ပေါ့။ အဲဒီခဲနဲ့ ဆက်စပ်နေတဲ့ ၅ဝဝဝ ဆိုတဲ့ ပုံနှိပ်စာလုံးကို မင်ဖျက်ဆေးနဲ့ ဖျက်ပြီး အပေါ်မှာ ၅ဝဝဝ လို့ အသစ် ပြန်ရေးထားတယ်။ ဒီတော့ ကတ်က ငွေဖြည့်လို့ မရတော့ဘူး။ ဒါကို ဝယ်သုံးမိတဲ့သူ အဖို့ ငွေဆုံးတာပေါ့။ ခဲခြစ်ပြီးတော့ နံပါတ်ရိုက်ထည့်တော့မှ အတုမှန်း သိတာ''ဟု ရန်ကုန်မြို့မှ စစ်ကိုင်းမြို့ ဝါးချက်ကျေးရွာသို့ ရောက်နေခဲ့သည့် ဦးအောင်သူက ပြောပြခဲ့သည်။

အလားတူ အဖြစ်မျိုးကို နှစ်ကြိမ်ခန့် ကြုံဖူးသည့်အတွက် ငွေဖြည့်ကတ်ကို တွေ့ရာနေရာတွင် မဝယ်တော့ဘဲ မိုဘိုင်းလ်ဖုန်းဆိုင် များတွင်သာ ဝယ်ယူပြီး ငွေဖြည့်ကတ်ကိုလည်း အဆိုပါ မိုဘိုင်းလ်ဆိုင်ရှိ ဝန်ထမ်းများအား ဖြည့်ခိုင်းကြောင်း မန္တလေးမြို့မှ ကိုအောင်ကျော်ဆန်း က ပြောပြခဲ့သည်။

''ကျွန်တော်လည်း နှစ်ကြိမ်တောင် ကြုံဖူးတယ်။ ဝယ်တာလည်း လှည်းတန်းဈေးနားက ဆိုင်တစ်ဆိုင်ပဲ။ မိုဘိုင်းလ်စင်တာတော့ မဟုတ်ဘူး။ ကုန်စုံဆိုင် ထင်တာပဲ။ ဝယ်ပြီး ခဲခြစ်ပြီး နံပါတ်ရိုက်လိုက်တာနဲ့ the Cards Invalid ဆိုပြီး ပေါ်တာပဲ။ နံပါတ်မှားတယ် ထင်တာနဲ့ သူများတွေနဲ့ အကြိမ်ကြိမ် စမ်းကြည့်ပြီးပြီ။ အဲတော့မှ ဒါကတ်အစစ် မဟုတ်မှန်း သိတော့တယ်။ ပြုပြင်ထားတဲ့ ကတ်က ငွေဖြည့်တဲ့ နံပါတ်နေရာမှာ မင်ဖျက်ဆေးနဲ့ တို့ထားပြီး အသစ် ပြန်လုပ်ထားတာ။

အဲဒီကတည်းက ငွေဖြည့်ကတ် ဝယ်ရင် မိုဘိုင်းလ်ဆိုင်က ဝယ်တယ်။ သူတို့ကို ထည့်ခိုင်းတယ်။ ဒါမှမဟုတ် အသိဆိုင်တွေက Message နဲ့ လှမ်းပြီးတော့ ထည့်ပေးလိုက်တာ ရှိတယ်လေ။ အဲလိုပဲ လုပ်တော့တယ်''ဟု ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှ ဦးဆန်နီထွန်းက ပြောပြခဲ့သည်။ အဆိုပါ ပြန်လည် ပြုပြင်ထားသော ငွေဖြည့်ကတ် များသည် GSM ငွေဖြည့်ကတ်များတွင် အများဆုံး တွေ့ရသည်ဟု သိရသည်။

မြ၀တီ
အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ် များကို ပြန်လည်ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချမှုများ ရှိနေသဖြင့် ဝယ်ယူ သုံးစွဲရာတွင် သတိပြုသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့ စံချိန်တင် လေလံဈေးရရှိခဲ့သည့် လိမ္မော်ရောင် စိန်ပွင့်ကြီး

Photo: ကမ္ဘာ့ စံချိန်တင် လေလံဈေးရရှိခဲ့သည့် လိမ္မော်ရောင် စိန်ပွင့်ကြီး

ရှားပါးသည့် ကမ္ဘာ့အကြီးဆုံး လိမ္မော်ရောင် စိန်ပွင့်ကို ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၁၂ ရက်က အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၅၄ သန်းဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ လိမ္မော်ရောင် စိန်ကြီးအား လေလံတင် ရောင်းချခဲ့ရသည့် ဈေးနှုန်းမှာ ကမ္ဘာ့စံချိန်တင် ဈေးနှုန်းသစ် ဖြစ်ကြောင်း Christie လေလံတင် ကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်းလေလံတင် ဈေးမှာ တစ်ကာရက်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းရှိပြီး ၂ဝဝ၉ ခုနှစ်က ဟောင်ကောင်တွင် ရောင်းချခဲ့ရသော Vivid ပန်းရောင်စိန် ရောင်းချမှု၏ လေလံဈေး ၂ ဒသမ ၁၅ သန်း ဖြစ်သည့် စံချိန်ဟောင်းကို ရိုက်ချိုးသွား နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ္မော်ရောင် စိန်ကို တောင်အာဖရိကမှ တူးဖော်တွေ့ရှိခဲ့ပြီး အလေးချိန် ၁၄ ဒသမ ၈၂ ကာရက် ရှိကြောင်း၊ အရောင်ပါသော စိန်များ လေလံတင် ရောင်းချရမှုတွင် တန်ဖိုး အများဆုံး ရရှိသည့် စိန်ဖြစ်ကြောင်း၊ ၄င်း၏ တန်ဖိုးမှာ ကမ္ဘာကျော် ပန်းချီဆရာ ပီကာဆို၏ လက်ရာမြောက် ပန်းချီကား တစ်ချပ်ကို လေလံတင် ရောင်းချခဲ့ရသော တန်ဖိုးနီးပါး ရှိကြောင်း လေလံ ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့သည်။
ရှားပါးသည့် ကမ္ဘာ့အကြီးဆုံး လိမ္မော်ရောင် စိန်ပွင့်ကို ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၁၂ ရက်က အမေရိ ကန် ဒေါ်လာ ၃၅ ဒသမ ၅၄ သန်းဖြင့် လေလံ တင် ရောင်းချ ခဲ့ကြောင်း သိရသည်။

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲ


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။

ကျောက်ကပ်ရောဂါခံစားနေရသောမိတ်ဆွေများလက်ထဲရောက်အောင် မျှဝေပေးပါ

Photo: ကျောက်ကပ်ရောဂါခံစားနေရသောမိတ်ဆွေများလက်ထဲရောက်အောင် မျှဝေပေးပါ
Tuesday, April 22, 2014

ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက် အတန့် တခုသာ ထိန်းထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်းဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ် သက်သာ အကုန် အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသော ဆေးနည်းမှာ
ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။
၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ ( အသား၊ ငါး မရော ပါနှင့်၊ ရောဂါမရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျား များ အတွက် ယောက်ျား ပီသစေပါသည်)
၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေ သဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါ သည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံ သီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာ လာပါမည်။

၎။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလ အနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။
ပျောက်ကင်း သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ရပါသည်။

Sandar Laynyuntmg
Aye Chan Mon
ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါ တစ်ခုဖြစ် ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။ ကျောက် ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက် အတန့် တခုသာ ထိန်း ထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေ ရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။