Saturday, 12 April 2014
သင်္ကြန် ပွဲတော်အတွင်း ယာဉ်ကိုဘေး ဖြစ်စေသော အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်းသည် အကျိုးမဲ့ လုပ်ရပ်သာဖြစ်
Photo: သင်္ကြန် ပွဲတော်အတွင်း ယာဉ်ကိုဘေး ဖြစ်စေသော အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်းသည် အကျိုးမဲ့ လုပ်ရပ်သာဖြစ်
Saturday, April 12, 2014
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန် ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက်သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။ သို့ပါသော်လည်း အများစုမှာ ရေကစားမဏ္ဍပ် များတွင် ရေပက်ခြင်း၊ တချို့သော ကုမ္ပဏီများက မဏ္ဍပ်များ တည်ဆောက်ကာ အက၊ အခုန် သီချင်း ဖျော်ဖြေမှုများဖြင့် အရောင်းမြှင့်တင်ရေးများကို ပြုလုပ်ကြသည်။ ဆချို့သော ပြည်သူများက ပျော်ရွှင်မှုတစ်ရပ် အနေဖြင့် ရေထဲတွင် အမွှေးနံ့သာများ၊ ပင်ပွားများ၊ မှို့များကို ထည့်၍ ရေလောင်းရေပက် တတ်ကြသည်။
တစ်ခါတစ်ရံ ရေခဲများ ထည့်၍ အေးစက်နေသော ရေများဖြင့်လည်း လောင်းတတ်ကြသည်။ ယင်းသို့ပြုလုပ်၍ ရေပက်ရာတွင် ရေပက်ခံသော ပြည်သူများအတွက် ဘေးအန္တရာယ် မဖြစ် သော်လည်း လုံခြုံမှုချိုးဖောက်၍ ဘေးဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ဘေးဖြစ်စေနိုင်သော ထိခိုက် အနာတရ ဖြစ်စေနိုင်သည့် ဝတ္ထုတစ်ခု (ရေခဲတုံးသေးများ၊ သစ်သားစများ)ကို ရေနှင့်ရော၍ ပက်မိလျှင် ဥပဒေအရ အရေးယူခံရ နိုင်သည်။
ယခုလို မဟာသင်္ကြန်ကာလ မတိုင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၊ မြို့တော်စည်ပင် သို့မဟုတ် အုပ်ချုပ်ရေး ဌာနများက ပျော်ရွှင်စွာ နှစ်သစ်ကူး ရေကစား ပွဲတော် ဆင်နွှဲနေကြသည့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိရအောင် စည်းကမ်းချက်များ ထုတ်ပြန် ပေးထားသည်။
ရေထဲတွင် ညစ်ညမ်းသည့် အရည်၊ ရေခဲတုံး အသေး၊ အကြီး၊ အက်စစ်၊ မသန့်ရှင်းသော ရေ၊ သစ်တိုသစ်များ၊ ခဲများ၊ သဲများနှင့် လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာဝတ္ထု တစ်ခုခု ကို ရော၍လောင်း ပက်ြကမည်ဆိုလျှင် ဘေးအန္တရာယ် ဖြစ်စေနိုင်၍ သတိထား ဆင်ခြင်ရန် လိုအပ်သည်။ အကယ်၍ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်ကို သိပါလျက်နှင့် ပြုလုပ်ပါက ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က အရ တရားစွဲဆို ခံရနိုင်၍ ယင်းဥပဒေ မူရင်းအား တင်ပြရပါလျှင် ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က တွင် မည်သူမဆို ယာဉ်တစ်စီးစီး၌ စီးနင်းလာသူ တစ်ဦး တစ်ယောက်၏ လုံခြုံမှုကို ဘေးဖြစ်စေနိုင်သော အကြံဖြင့် သော်လည်းကောင်း၊ ထိုသို့ြ့ဖစ်စေနိုင်သည်ကို သိလျက်နှင့်သော် လည်းကောင်း၊ အများ ပြည်သူဆိုင်ရာ နေရာ၌ ယာဉ်တစ်စီးကို သစ်သာဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်စစ်ဖြင့်ဖြစ်စေ၊ တခြား အရာဝတ္ထုဖြင့် ဖြစ်စေ၊ ပစ်ခတ်လျှင် သို့မဟုတ် ထိုယာဉ် တစ်စီးစီးပေါ်၌ ထိုအရာ တစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင် ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေကျပ် ငါးသောင်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြဋ္ဌာန်းထားသည်။
သို့ပါသောကြောင့် နှစ်စဉ်ကျင်းပလျက် ရှိသော သင်္ကြန်ပွတြော်တွင် အေးချမ်းပျော်ရင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ပါဝင်ဆင်နွှဲ ကြစေရန် သင်္ကြန်ပွဲတော်အတွင်း မြို့အနှံ့ ရေပက်ခံ လည် ပတ်နေသော ယာဉ်ကို ဘေးဖြစ်စေသော ၀တ္ထုဖြင့် ပစ်ခတ်ခြင်း မပြုမိအောင် ဆင်ခြင်မှု သတိတရားများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ စေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါ သည်။ ။
မြ၀တီ
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံ သူ၊ နိုင်ငံသားများအားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန်ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက် သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့် လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။
မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်း စုကြည်ပြော
Photo: မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်း စုကြည်ပြော
Saturday, April 12, 2014
အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့ အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူတုန်း သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”
ဆုပေးပွဲအခမ်းအနားကို ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပါတယ်။ ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ ပါတီရဲ့ခေါင်းဆောင်တွေ ဂျာမနီ ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ ဆုလက်ခံ အခမ်းအနားမှာ မြန်မာ့နိုင်ငံရေး အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို လည်း ပြော သွားပါတယ်။
“စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ် ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ စစ်တပ်ကိုလည်း အထူးအခွင့် အရေး ပေးထားတယ်ဆိုတာ သတိထားမိကြပါ လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီိမိုကရေစီစံနှုန်းတွေ အပြည့်အ၀ရှိတဲ့ နိုင်ငံတခုဖြစ်လာအောင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှာ ဖြစ်ပါတယ်။”
ဒါဟာ သူ့ရဲ့ ပထမဆုံး ဂျာမဏီနိုင်ငံခရီးစဉ်ဖြစ်ပြီး ဂျာမန် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချူပ်တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ ဧပြီ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့အချိန် ဖြစ်တယ်လို့ အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
ဗဟိုအာဖရိက သမ္မတနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၂၀၀၀ စေလွှတ်မည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ ငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင် ၁၂ဝဝဝ စေလွှတ် ရန် မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့ခဲ့
ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေး မှု လုပ်ငန်း စဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာ အုပ်စု ငါးဟေကျေးရွာတွင် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ၄င်းရွာနေ ဦးလောတား၏ နေအိမ်၌ ထမင်းချက်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၆၂ လုံး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် လေးစီး၊ လက်တွန်း ထွန်စက်ခြောက်စီးနှင့် ဆန်စက် ၁ဝ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၃၂၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
သင်္ကြန်ကာလ ကားစင်းလုံးငှားမှု လျော့ကျ
 ပြည်ပက ကားများ တင်သွင်းခွင့်ပြုလိုက်သဖြင့် ၂၀၁၄ခုနှစ် အတာသင်္ကြန်ကာလအတွက် ရန်ကုန်မြို့တွင်း ကားဖြင့် လည်ပတ်ရန် ကားစင်းလုံးငှားရမ်းနှုန်းသည် ယခင်နှစ်ထက် ကျဆင်းသွားပြီး ဘုရားဖူးထွက်ရန် ငှားသူသာ များပြားသည်ဟု ကားငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
အနုပညာရှင်တွေကို သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး တိုက်တွန်းနှိုးဆော်လွှာထုတ်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး
မြန်မာနိုင်ငံအစည်းအရုံးက မဟာသင်္ကြန်ကာလ အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လွန်ကဲ တဲ့  ၀တ်စား ဆင်ယင်မှုတွေ ကိုရှောင်ကြဉ်ဖို့ တိုက်တွန်းနှိုးဆော်လွှာကို ဧပြီလ(၈)ရက်နေ့မှာ ထု တ်ပြန်ခဲ့ တယ်လို့ ရပါတယ်။အခုလိုအနုပညာရှင်တွေနဲ့ပတ်သက်ပြီး နှိုးဆော်လွှာ ထုတ်ရခြင်းကတော့ အနုပညာ ရှင်တွေ ဟာ ပြည်သူတွေရဲ့ စံပြဖြစ်တာကြောင့် ပြည်သူတွေအနုယူမှုမမှားစေဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Photo: မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, April 12, 2014
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ Willy Brandt လူ့အခွင့်အရေးဆု လက်ခံတဲ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြား လိုက်တာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းလမ်း ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အရင်ကစစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပုံသေအတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်နေ တုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ကျွန်မတို့ အစိုးရအဖွဲ့ဝင်အတော်များများဟာ အရင်အစိုးရလက်ထက်က အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ အဝတ်လေးလဲရုံနဲ့၊ ဆိုလိုတာက စစ်ဝတ်စုံကို အရပ်အဝတ်အစားပြောင်းပြီး လဲဝတ်လိုက်တဲ့အတွက် အသားကျနေတဲ့ အတွေးအခေါ် အလိုအလျောက်ပြောင်းလဲသွားတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး လို့ ပြောသွားတာပါ။ မြန်မာအစိုးရကို ကမ္ဘာက စောင့်ကြည့်ပြီး မေးခွန်းထုတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပြည်ထောင်စုကို ရှေးရှုသွားချင် တာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အယောင်ဆောင်ပြီး အာဏာရှင်နိုင်ငံ တစ်နိုင်ငံကို သွားချင်သလားလို့ မေးခွန်းထုတ်ဖို့ တိုက်တွန်းတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးအခွင့်အရေးပေးထားပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
RFA Burmese
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်များ ဖောက်ထွင်း ခံရ
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင် ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ဖောက်ထွင်း ခံခဲ့ရကြောင်း အတိုက်အခံ ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးက ဧပြီ ၁ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့်မှုများ ပြုလုပ်မည်
မြန်မာနိုင်ငံ အတွင်း အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့် လေ့လာမှု များ ပြုလုပ်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရ သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား
Photo: ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား
Saturday, April 12, 2014
ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေးရွာ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်း ကောက်ယူနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျုံခဝန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်း ရှင်းလင်းပွဲကို ကျင်းပရာ ရှေးဦးစွာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် မွန်ပြည်နယ် ဦးစီးဌာနမှူး ဦးသန်းဝင်းတို့က ပြည်နယ်များ အတွင်း သန်းခေါင်စာရင်း ကောက်ယူ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် မြေပြင် ကွင်းဆင်း ကောက်ယူမှု အခြေအနေများ၊ လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းက သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အပေါ် KNU အဖွဲ့အစည်းမှ ပူးပေါင်း ပါဝင်မှုများနှင့် လုပ်ငန်းများ အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယခင်ကာလများက တည်ငြိမ် အေးချမ်းမှုမရှိသော နေရာဒေသများအား သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေး၏ အသီးအပွင့် ရလဒ်များကြောင့် နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်မှ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် မူတည်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိရောက်သော စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူ အားလုံးအား နိုင်ငံနှင့် ပြည်သူအကျိုး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ UNFPA နှင့် UNDP တို့မှ ဌာနေ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်အား လေ့လာခွင့် ရရှိပြီး KNU အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းကာ သန်းခေါင်စာရင်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် မိမိတို့မှလည်း ဆက်လက်ပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ စသည့် ကျေးရွာများသို့ လှည့်လည် သွားရောက်၍ ကျေးရွာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြု အဖွဲ့များ၊ စာရင်းစစ် စာရင်းကောက်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတွင် သမိုင်းတွင်မည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတွင် ပါဝင် ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားကာ သင်္ကြန်အကြို အတာရေများ ပက်ဖျန်းကာ "ပြည်သူ အားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူသော သန်းခေါင်စာရင်း ဆောင်ပုဒ်ကို သံပြိုင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
The Mirror Daily
ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထော င် စု ဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေး ရွာ ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်း များ မေးမြန်း ကောက် ယူနေမှု ကို ကြည့်ရှု အားပေးသည်။
ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
Photo: ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
Saturday, April 12, 2014
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ဘတ်စကား မှတ်တိုင်များတွင် ရပ်နား၍ ခရီးသည်အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာ ယာဉ်လုပ်သားများ ကို မှာကြားထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ရပ်-ချ-တင်-ထွက် စနစ်ကို ကျင့်သုံးမှသာ ခရီးသွား ပြည်သူများ၏ မြို့တွင်း သွားလာရေးတွင် အချိန်ကုန် သက်သာမည့်အပြင် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျော့နည်းစေပြီး ယာဉ်မတော်တဆမှု ကင်းရှင်းစေ နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
မြေနီကုန်း၊ ဆူးလေ၊ လှည်းတန်း၊ မဟာမြိုင်၊ ပန်းဆိုးတန်းနှင့် အခြားသော မှတ်တိုင်များတွင် ခရီးသည်တင် ယာဉ်များ အနေဖြင့် ခရီးသည် အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ်ကို မကျင့်သုံးဘဲ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အ တင်အချ ပြုလုပ်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို နေ့စဉ်တွေ့မြင် ရမည်ဖြစ်သည်။
''မှတ်တိုင်တွေမှာ ရပ်နားပြီး လူတင်၊လူချ ပြုလုပ်တဲ့အခါ ယာဉ်ရပ်ပြီး ကားပေါ်က ခရီးသည်ကို ချမယ်။ ပြီးရင် အောက်က တက်လာမယ့် ခရီးသည်ကို တင်မယ်။ ပြီးရင် ထွက်မယ်။ အဲဒီ စနစ်ကို သုံးရမယ်။ အဲဒါမှ ယာဉ်ကြောရှင်းမယ်'' ဟု မ-ထ-သ (ဗဟို) စည်း ကမ်းထိန်းသိမ်းရေး ဌာနမှ ဦးကာကျော်က ပြောကြားခဲ့သည်။ အထက်ပါ ခရီးသည်တင် ယာဉ်များစွာ ရှေ့ဆင့်နောက်ဆင့် တန်းစီရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သော မှတ်တိုင်ကြီးများတွင် ခရီးသည်တင် ယာဉ်များ၏ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်းကြောင့် နောက်မှ အခြားသော မော်တော်ယာဉ် များမှာ ရှေ့ဆက် သွား၍မရဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသည့်အပြင် ခရီးသွား ပြည်သူ များအနေဖြင့် လိုရာခရီး သွားလာရာတွင် လည်း အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့ မည် ဖြစ်ကြော င်း ပညာ ရှင် များက သုံးသပ်ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
Photo: ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
Saturday, April 12, 2014
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်းမြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင်
မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင်၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
''အခု ကျွန်တော်တို့ ဒီလမ်းလျှောက် ခရီးစဉ်ကို စတင် ဆောင်ရွက်ခဲ့တာ အောင်မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်လ တွေမှာလည်း လစဉ်ပုံမှန် ဆောင်ရွက်သွားမှာပါ။ ဒီလေ့လာရေး ခရီးစဉ်ကို အခမဲ့ ဆောင်ရွက် ပေးနေတာပါ။
ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တွေကို ပြည်သူတွေ မျက်မြင် ကိုယ်တွေ့ အနီးကပ် လေ့လာနိုင်ပြီးတော့ ဂုဏ်ယူတန်ဖိုးထား လာစေဖို့ရယ်၊ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ အသိတရားတွေ ဝင်လာစေဖို့ရယ် အဲဒီ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုး ဒီခရီးစဉ် တွေကို ဆောင်ရွက်ပေးတဲ့ သဘောပါ။ အဆောက်အအုံ တစ်ခုစီရဲ့ သမိုင်းကြောင်း တွေကိုလည်း တာဝန်ရှိသူတွေက သေသေချာချာ ရှင်းပြပေး သွားမှာပါ''ဟု YHT က တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ထိုလေ့လာရေး ခရီးစဉ်တွင် လိုက်ပါလေ့လာ လိုသူများအနေနှင့် ကြိုတင်စာရင်း ပေး သွင်းရန် လိုအပ်ပြီး လက်ရှိတွင် တစ်လလျှင် ခရီးစဉ်တစ်ခေါက် လှည့်လည်ပြသရန် စီစဉ်ထားကာ အဆိုပါ ခရီးစဉ်တစ်ခေါက်တွင်လည်း ကြိုတင်စာရင်း ပေးထားသူများ ထဲမှ လူ ၃ဝ ခန့်ကို ဦးစားပေး ရွေးချယ် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း YHT ၏ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများကို လမ်းလျှောက် လှည့်လည် လေ့လာသော ခရီးစဉ်တွင် လိုက်ပါလိုသူများ အနေဖြင့် အမှတ် (၂၂-၂၄) ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လူကိုယ်တိုင် လာရောက် စာရင်း ပေးသွင်းနိုင်ပြီး ဖုန်း-ဝ၁-၂၄ဝ၅၄၄ နှင့် အီးမေးလ်- info@yangonheritagetrust.org သို့လည်း ဆက်သွယ် စုံစမ်းကာ ကြိုတင် စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။
မြ၀တီ
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်း မြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင် မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင် ၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက် အအုံ များအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
သန်းခေါင်စာရင်း နဲ့ မွတ်စလင်ဦးရေ
ကုလသမဂ္ဂအကူအညီနဲ့ သန်းခေါင်စာရင်း ပြုစုရာမှာ စာရင်းမကောက်နိုင်လို့ ကျန်နေတဲ့နေရာနဲ့ တမင်ချန် ထားတဲ့ နေရာတွေရှိတဲ့အတွက် တိုင်းရင်းသားအချို့ နဲ့ မွတ်စလင်ဦးရေကို ရေတွက်ဖို့ အခက်အခဲရှိနိုင် ပါတယ်။ ဒီနေရာမှာ ရှိပြီးသာမြို့ နယ် လူဦးရေစာရင်းကို အားကိုးနိုင်ပါတယ်။ ဥပမာ မောင်တောမြို့ နယ် အုပ်ချုပ်ရေးဦးစီးဌာန မနှစ်က ထုတ်ပြန်တဲ့ ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်လိုမှတ်တမ်းမှာ လူဦးရေစာရင်းကို တွေ့နိုင်ပါတယ်။ သန်းခေါင်စာရင်း မကောက်နိုင်သေးလို့ ကျန်နေတဲ့နေရာမှာ လည်း ဒေသအခြေအနေကိုလိုက်ပြီး နောင်အခါမှာ လူဦးရေစာရင်း ကောက်ယူနိုင်ပါတယ်။
ဗြိတိန်တွင် ခြောက်လနှင့်အထက် နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက်ထားမည့်သူများ တီဘီရောဂါ စစ်ဆေးရန် လိုအပ်ကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်
https://scontent-a-kul.xx.fbcdn.net/hphotos-frc3/t1.0-9/10157320_607243779366666_8840010941429660805_n.jpg
(တီဘီရောဂါကုဆေးရုံ (အောင်ဆန်း)တွင် တက်ရောက်ကုသနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်))
ဗြိတိန်တွင် ခြောက်လထက်ပိုသော တာရှည်နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက် ထားမည့် သူများ တီဘီရောဂါ စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိသျှသံရုံးမှ ဧပြီ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့ သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ဗြိတိန်နိုင်ငံတွင် ခြောက်လထက်ပိုသော တာရှည်နေ ထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာကို မြန်မာနိုင်ငံတွင် လျှောက်ထားသူများ အနေဖြင့် ပြည်ဝင်ခြင်းမပြုမီ အဆုတ်နာ တီဘီရောဂါ ကြိုတင်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် ကာလတိုနေထိုင်မည့် ပြည်ဝင်ခွင့်ဗီဇာ၊ လုပ်ငန်း ကိစ္စ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများ အနေဖြင့် စစ်ဆေးရန်မလိုကြောင်း၊ ခရီးသွားများနှင့် အခြား ကာလ တို နေထိုင်သူ ဧည့်သည်များနှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Photo: ၀ီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Saturday, April 12, 2014
ဥရောပ တိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံ တကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊ Willy Brandt House မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက်ခဲ့ကြပါတယ်၊
ဒီဆုပေးပွဲအခမ်းအနားမှာ SPD ပါတီရဲ့ ဥက္ကဌက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစုအတွက် သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ပြောဆိုဂုဏ်ပြုသွားကြောင်း ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူကပြောပါတယ်။
"၀ီလီဘရန့် ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဂျာမန်နိုင်ငံရေးသမားတစ်ယောက်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လို အကြမ်းမဖက်တဲ့နည်းတဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက်ကို ပေးတဲ့ဆုမျိုးပေါ့၊ ဂျာမန်လူမျိုးတွေထဲမှာ ဒီဆုက တော်တော်မြင့်မားတဲ့ဆုဖြစ်ပါတယ်၊ SPD ပါတီ ဥက္ကဌပြောတဲ့ မိန့်ခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်ခဲ့တာ ၂၁ ရာစုမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲလို့ ပြောသွားတယ်၊ ဒါကတကယ့်ထူးခြားပြီးတော့ ကြည်နူးဖို့ကောင်းတဲ့ နေ့တစ်နေ့ပေါ့"
ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်ကြောင်း ၊အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ဘယ်လိုအလုပ်မှ ဆက်လုပ်နိုင်မှာ မဟုတ်ကြောင်း အကျယ်တ၀င့်ပြောသွားခဲ့သလို မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ဂျာမနီနိုင်ငံက အကူအညီပေးဖို့တွေကိုလည်း တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံးခဲ့သလို၊ ဂျာမနီသမ္မတ Joachim Gauk နဲ့ပါ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်၊ ဒါ့အပြင် ဧပြီ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာလင်မြို့ က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
RFA Burmese
ဥရောပတိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
ကမ္ဘာ့ဘဏ် နဲ့ မြန်မာပြည်ကူညီရေး အစီအစဉ်
ကမ္ဘာ့ဘဏ်ရဲ့ နွေဦးရာသီ ညီလာခံမှာ မြန်မာပြည်ကူညီရေး အစီအစဉ် နဲ့ပတ်သက်ပြီး သုံးသပ်တာတွေ လုပ်နေပါတယ်။
အခြားကဏ္ဍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည် နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
Photo: အခြားကဏ္ဍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည် နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
Saturday, April 12, 2014
“ ဥက္ကဌ ကတော့ လာမည့်၂၀၁၅ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ စနစ်တခု ဖြစ်စေရမယ် လို့ ပြောပါ တယ်။ ဒီတော့ ပြီးခဲ့တဲ့ နိုဝင် ဘာ(၇)ရက်နေ့ က  ကျင်းပခဲ့ တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ အားနည်း ချက်တွေကို အမြင် ဖလှယ်ကြ တာ ဖြစ်ပါတယ်။” ဟုဆိုပါသည်။
အားနည်း ချက်များထဲမှ ကြိုတင်မဲ ပေးမှုများ ပြသနာ၊ပါတီ တည်ထောင် ခွင့် အချိန် ပေးမှု နည်းပါးသည့် ပြသနာ၊  တိုတောင်းသည့် အချိန်ရရှိမှု များသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၏ အရေးကြီးဆုံး ပြသနာဟု သုံးသပ်ပြီး  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် နမူနာကောင်း ဟုသုံးသပ်ကြောင်း ဆိုပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး သည် “ပြည်သူတွေ ဟာမဲပေးပိုင်ခွင့် နှင့်ဥပဒေ အရရွေး ချယ်ခံ ပိုင် ခွင့်ရှိကို ရှိရ မယ် မရခဲ့ ဘူးဆို ရင် တော့ အဲဒါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာ ဖြစ်တယ်။  လူ့ အခွင့်အရေး အရ လည်း ထိခိုက် ဆုံးရှုံးမှာ ဖြစ်တယ်” ဟုပြောခဲ့ ကြောင်း ဆိုပါသည်။
အစည်းအဝေး တက်ရောက် သူ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဗဟို အလုပ်မှု ဆောင်ကော် မတီဝင် နိုင်လှ ခိုင် ကမူ  “ အဓိက ကတော့ ကိုယ်စား လှယ် လောင်းတွေရဲ့ ရွေးချယ်မှု မှာ မဲစာရင်း မှန်ကန် ဖို့နဲ့ ၂၀၁၀မှာ ပေးခဲ့တဲ့ ကြိုတင်မဲ တွေ ဟာ အငြင်းပွား စရာ ဖြစ်နေ လို့  ဒါတွေကို၂၀၁၅ မှာပြုပြင် သွားဖို့လိုတယ်” ဟုပြောသည်။
တက်ရောက် လာသောနိုင်ငံရေး ပါတီများမှကိုယ် စားလှယ်များ ကလည်း ဥပဒေအရ တင်ပြ လာခြင်း မရှိဘဲ အပေါ်ယံပြင် ဆင်မှုမျှ သာဆွေးနွေးနေ ကြခြင်း ဖြစ် သည်။ အနှစ်သာရ ဖြစ်သည့် ၂၀၀၈ဖွဲ့ စည်းပုံ၏ အားနည်း ချက်ထဲ မှရွေးကောက် ပွဲအတွက်ပြင် ဆင်ရမည့်ရွေးေ ကာက် ပွဲဆိုင် ရာပုဒ် မများ အကြောင်း တင်ြ ပဆွေး နွေးကြခြင်း မရှိကြပေ။
ယင်း တွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင် ၊မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကေ ရစီ ပါတီ၊ မွန်ဒေ သလုံး ဆိုင်ရာဒီမို ကရေ စီပါတီ၊ တိုင်း ရင်း သား စည်းလုံး ညီ ညွတ်ရေးပါတီ ၊၈၈မျိုး ဆက်ကျောင်း သားလူ ငယ်များပါ တီနှင့် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် များ စုစုေ ပါင်း(၂၀၀) ၀န်းကျင် ခန့် တက်ရောက် ခဲ့ပါသည်။
၁၉၈၈ ပြည်သူ အရေး အခင်း ဖြစ် ပြီးသည့် နောက်ပိုင်း စစ်အစိုးရသည် ရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပ ပေးခဲ့ ပါသည် ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နှင့် ၂၀၁၀ ရွေး ကောက်ပွဲ ဟူ၍ ဖြစ်သည်။ ၁၉၉၀ ရွေးကောက် ပွဲသည် လွတ်လပ် ပြီးတ ရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု တကမ္ဘာ လုံးက လက်ခံ ထား သော်လည်း စစ်အစိုးရ မှ အာဏာ လွှဲပြောင်း ပေးခြင်း မရှိခဲ့ပေ။
၂၀၁၀ ရွေးကောက်ပွဲ သည်လည်း အငြင်းပွားမှု  များစွာနှင့် ကျင်းပ ခဲ့ပြန်ပါ သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို တဖက်သတ် ရေးဆွဲထားပြီး ပြင်ဆင် သင့်သော ပုဒ်မများကို လည်း မပြင်ဘဲ တင်းခံနေရင်း ဆန္ဒခံယူမှု များ လိုက် လု ပ်နေခြင်း သည်ပင် ရည်မှန်းချက် တရပ်အား ဆက်လက် အကောင်အ ထည် ဖေါ်နေခြင်း ပင် ဖြစ်သည်ဟု ဝေဖန်နေကြ ပါသည်။
ဤအခြေအနေ ကို ကြည့်ခြင်း အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ သည် လည်း ၄င်းတို့ စိတ်တိုင်း ကျ ကျင်းပဦးမည် ဖြစ် သည်။ ၂၀၁၀ ရွေးကောက် ပွဲမှ တက်လာေ သာ ပြည်သူ့ကိုယ်စား လှယ်များသည် အများစုသည် အာဏာရ အစိုးရ ပါတီဝင် များဖြစ်သည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲ သည်လည်း တစုံတရာ ပြောင်းလဲ မည့် အနေအထား မတွေ့ရ ကြောင်း သုံးသပ် နေကြပါသည်။
ရွှေဟင်္သာ သတင်းဌာန
ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ်
ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ်
အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်
Photo: အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်
Saturday, April 12, 2014
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး Kathleen Sebelius ရာထူးကနေ နှုတ်ထွက် သွားပါတယ်၊ Obamacare လို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
ကျန်းမာရေးအာမခံ ဒီနှစ်အတွက် နောက်ဆုံးထား ဝယ်ယူဖို့ သတ်မှတ် ချိန်ပြည့်ပြီး သီတင်းတပါတ် အကြာမှာပဲ Kathleen Sebelius ရာထူးကနေ နှုတ်ထွက် သွားတာလဲဖြစ်ပါတယ်၊ Obamacare ကျန်းမာရေးအာမခံတွေ
စတင် ဝယ်ယူနိုင်ပြီလို့ ကြေညာခဲ့ပြီးတဲ့ သီတင်းပါတ်တွေမှာ အဲဒီ Website ရဲ့ ချွတ်ယွင်း ချက်ကြောင့် အာမခံဝယ်ချင်သူ သန်းနဲ့ချီ ဝယ်မရတဲ့ပြဿနာကို ကြုံခဲ့ကြရပါတယ်၊
အဲဒီထဲက Sebelius ရာထူးကနေဆင်းဖို့ အတိုက်အခံ Republican တွေ ဖက်က တောင်းဆိုခဲ့ပေမဲ့ သမ္မတ အိုဘားမားက ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးကိုထောက်ခံ မှုပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တဲ့ကာလဟာ အောင်မြင်ခဲ့တယ်လို့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ သီတင်းပါတ်မှာ ကြေညာချိန်မှာတော့ ဝန်ကြီး Sebelius ကို မတွေ့ခဲ့ရပါဘူး၊
ကျန်းမာရေးအာမခံကို ၇ သန်းလောက်ဝယ်ယူကြလိမ့်မယ်လို့ အိုဘားမား အစိုးရကခန့်မှန်းထားခဲ့ပေမဲ့ အာမခံအတွက် စာရင်းပေးသူဟာ အဲဒီအရေအတွက်ကို ကျော်လွန်ခဲ့ပါတယ်၊
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး Kathleen Sebelius ရာထူး ကနေ နှုတ်ထွက် သွားပါတယ်၊ Obamacare လို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက် ကျန်း မာရေးစောင့်ရှောက် မှု အာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း
Photo: ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း
Saturday, April 12, 2014
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ၀န်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်းထားပါတယ်။
“ဗဟိုအစိုးရဟာ ဒေသတွေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ရုံ သာမက နိုင်ငံသား အားလုံးရဲ့ ဥပဒေနဲ့အညီ လိုလားချက်တွေနဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်ဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်၊ ပြောင်းလဲ ထားတဲ့ အခြေခံဥပဒေ မူဘောင်အောက်မှာ ဒေသတခုချင်းစီရဲ့ သီးခြားပန်ကြားချက်တွေကို မိမိတို့ ဖြည့်စွမ်းပေးနိုင်မှာပါ။” လို့ ယာယီ ၀န်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။
ဝန်ကြီးချုပ် ယက်ဆင်နျူက်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းအရှေ့ပိုင်းက အုပ်ချုပ်ရေးမှူးတွေ၊ မြို့တော်ဝန် တွေနဲ့သာမက ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး Rinat Akhmetov အပါအ၀င် အရှေ့ပိုင်းက သြဇာကြီးမားသူ တွေနဲ့ Donetsk မြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရအဖွဲ့တွေကို ဗဟိုအစိုးရက ခန့်ထားတာမျိုး ဆက်မလုပ်တော့ဘဲ ဒေသဆိုင်ရာ လူထု ဆန္ဒခံယူပွဲတွေကို ခွင့်ပြုမယ့် အခြေခံဥပဒေနဲ့ တခြားဥပဒေတွေ ပြင်ဆင်ရေးကို သူထောက်ခံတယ်လို့ ယာယီဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလား တဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ၀န်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်း ထားပါတယ်။