Wednesday, 9 April 2014

၁ က အက္ခရာ ယာဉ်အိုယာဉ်ဟောင်း စတင်အပ်နှံ

မှတ်ပုံတင်သက်တမ်းကြာမြင့်မှုထိန်းသိမ်းရေးနှင့် အစားထိုး ယာဉ်တင် သွင်းရေး စီမံချက်ရ ဆောင်ရွက် လျက် ရှိသောရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် ကညန(မြင်သာ) အနေဖြင့် ၁က အက္ခရာ ယာဉ်အို ယာဉ်ဟောင်း အပ်နှံခြင်းကိုဧပြီ ၄ ရက် နံနက် ၇ နာရီမှ စတင်၍ အဆိုပါ ဝင်းအတွင်း၌ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

Photo: အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်
Wednesday, April 9, 2014

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး

ရောဂါအကြောင်း ....
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။
ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း

ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်းလွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး

ရောဂါအကြောင်း -ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။

ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟုတ်၊ မဟုတ် သေချာအောင် ဆီးထဲမှာ ဘက်တီးရီးယားပိုးရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ဆီးအိတ်ကို Cytoscope သုံးပြီး ကြည့်ရှုခြင်း။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ဖြစ်ပွားနှုန်း - အဖြစ်များပေမယ့် လူဦးရေ ဘယ်လောက်မှာ ခံစားနေရမှန်း အတိအကျမသိပါ

ရောဂါအကြောင်း - ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - ခန္ဓာကိုယ်ကို စစ်ဆေးမှု ပြုလုပ်ခြင်း (Physical Examination)

၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခုနစ်သန်းနီးပါး

ရောဂါအကြောင်း - ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်း (လဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အပူကပ်တဲ့အခါမှာ နာကျင်မှု ပိုဆိုးတတ်ပါတယ်)

စမ်းသပ်စစ်ဆေးခြင်း - Transcervical venogram လို့ခေါ်တဲ့ အထူးစစ်ဆေးနည်းသုံးပြီး ပုံမမှန်သွေးပြန်ကြော အရွယ်အစားနဲ့ သွေးစီးဆင်းနှုန်းကို တိုင်းတာနိုင်ပါတယ်။

၅။ တာရှည် မိန်းမကိုယ်နာခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခြောက်သန်းနီးပါး

ရောဂါအကြောင်း - တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - နာကျင်မှုကို စစ်ဆေးနိုင်ဖို့ မိန်းမကိုယ်ဝကို စစ်ဆေးတဲ့ Cotton Swab test နဲ့ စစ်ဆေးလေ့ရှိပါတယ်။

Health
မြ၀တီ
အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့် ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

SSPP/SSA အဖွဲ့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး မန္တလေး-မိုင်းရှူးလမ်းပေါ် တွင် ဆက်ကြေးကောက်ခံ

Photo: SSPP/SSA အဖွဲ့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး မန္တလေး-မိုင်းရှူးလမ်းပေါ် တွင် ဆက်ကြေးကောက်ခံ
Wednesday, April 9, 2014

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီး/ယာဉ်ငယ်၊ ခရီးသည်တင်ယာဉ်များအား မန္တလေး-လားရှိုး-မိုင်းရှူး လမ်းကြောင်းအတိုင်း ၀မ်ဟိုင်းကျေးရွာသို့ ဖြတ်သန်းရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ စေခိုင်းချက် အရ တာဝန်ခံအဖြစ် အစ္စလာမ်ဘာသာဝင် ကျော်ဝင်းဆိုသူမှ ပုံမှန်ဖြတ်သန်းကြေး၊ တစ်နှစ်စာ နှစ်စဉ်ကြေးများအား ၂၀၁၄ မတ် ပထမပတ်မှစ၍ အတင်းအဓမ္မကောက်ခံလျက်ရှိကြော်ငး ကားသမားထံမှ သိရသည်။

နှုန်းထားများအနေဖြင့် ပုံမှန်ဖြတ်သန်းနေသော ၆/၁၀/၁၂ ဘီးယာဉ်များအား ၅၀၀၀ ကျပ်နှုန်း၊ ကိုယ်ပိုင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအား ၁၀၀၀ ကျပ်နှုန်း၊ ၎င်းအပြင် နှစ်စဉ်ကြေးအနေဖြင့် ၁၀/၁၂ ဘီးယာဉ်များအား ၆ သိန်း ကျပ်နှုန်း၊ ၆ ဘီးယာဉ်များအား ၃ သိန်းကျပ်နှုန်း၊ ခရီးသည်တင်ယာဉ်များအား ၁ သိန်းကျပ်နှုန်း သတ်မှတ် ကောက်ခံ ကာ ဖြတ်ပိုင်းများ ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၎င်းသတင်းနှင့်ပတ်သက်၍ မိုင်းရှူးမှ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ `` ကျနော်က လားရှိုးမြို့ကနေ မိုင်းရှူး မြို့ကို ၁၀ ဘီးကားနဲ့ ကုန်ပစ္စည်းတွေ သွားပို့တာရက်တော့ မမှတ်မိဘူးဗျ၊ ရှမ်းစစ်သားတွေနေတယ်ဆိုတဲ့ ၀မ်ဟိုင်းရွာကို ဖြတ်တဲ့အချိန်မှာ သေနတ်တွေကိုင်ထားတဲ့ ရှမ်းစစ်သား ၈ ယောက်၊ ၁၀ ယောက်လောက်တော့ ရှိမယ်ဗျ၊ ကျနော့ ၁၀ ဘီးကားကိုတားတယ်၊ ပြီးတော့ ခေါင်းဆောင်လို့ထင်တာပဲ၊ ရုပ်ကရှမ်းရုပ်လဲ မပေါက်ဘူး၊ ကုလားရုပ်ဗျ၊ ပြီးတော့သူတို့ တောင်းတာက ပုံမှန်ဖြတ်သန်းကြေး ၅၀၀၀ ကျပ်၊ နှစ်စဉ်ကြေးက ၆ သိန်းသွင်း ရမယ်တဲ့၊ မပေးရင် မဖြတ်ရဘူးတဲ့၊ ပြီးတော့ ပြောသေးတယ်ဗျ၊ အဲ့ဒီကုလားရုပ်နဲ့လူက ပိုက်ဆံသွင်းရင် ဖြတ်ပိုင်း ရမယ်၊ နောက်ပိုင်းအဲ့ဒီ လက်မှတ်ပြမှ ဖြတ်ခွင့်ရမယ်တဲ့ဗျာ၊ အဲ့ဒါနဲ့ ကျနော်လဲ အသက်မွေးဝမ်းကျောင်း အလုပ်က ဒါပဲလုပ်တတ်တာလေ၊ ပြီးတော့ သူတို့က သေနတ်တွေနဲ့မို့ ကြောက်ကြောက်နဲ့ပဲ နှစ်စဉ်ကြေး ၆ သိန်းနဲ့ ပုံမှန်ကြေး ၅၀၀၀ သွင်းခဲ့ရတယ်ဗျာ ´´ ဟု ပြောသည်။

လားရှိုးမှ ၆ ဘီးယာဉ်မောင်း တစ်ဦးမှလည်း `` အဲဒီ ပိုက်ဆံကောက်တဲ့သူက ကုလားရုပ်ဖြစ်နေတော့ ကျနော်လဲ မိုင်းရှူးမှာ မေးမြန်းကြည့်တယ်၊ အဲ့ဒီလူနာမည်က ကျော်ဝင်း၊ ကုလားလူမျိုး၊ မွတ်စလင်လို့ သိရတယ်ဗျ၊ ဘယ့်နှယ်ဗျာ ရှမ်းလူမျိုး၊ ဗုဒ္ဓဘာသာတွေကြားမှာ အဲ့ဒီကျော်ဝင်းလို မွတ်စလင်ကုလားတွေ ဘယ်လောက် များရှိနေလဲ မသိပါဘူးဗျာ၊ ကျနော်ကြားဖူးတာကတော့ ၀မ်ဟိုင်းမှာရှိတဲ့ ရှမ်းစစ်တပ်က လူမျိုးရေးကို အခြေခံ ထားတယ်ဆိုပြီး ဘယ်လိုလုပ် ဘာသာခြားတွေရှိနေလဲ မသိပါဘူးဗျာ၊ ပြီးတော့ ပိုက်ဆံကောက်ခိုင်းတော့လဲ မွတ်စလင်ကုလားကိုမှ ကောက်ခိုင်းရတယ်လို့ ၊ ကုလားနဲ့ ဗမာ ခဏခဏပြဿနာဖြစ်နေတာ အဲဒီခေါင်းဆောင်တွေ မသိဘူးလား မသိဘူး ´´ ဟု ဆိုသည်။

မိုင်းရှူးမြို့ခံ လွှတ်တော်အမတ်တစ်ဦးက`` တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလမှာ ဒေသခံပြည်သူတွေ ယုံကြည်အောင်လုပ်ပြဖို့ လိုပါတယ်၊ ရှမ်းပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ရှမ်းတွေ ပဲ ဖြစ်ရပါမယ်၊ အခု အစ္စလာမ်ဘာသာဝင် ကုလားကဆက်ကြေး ကောက်ေ ပး နေတာ သိရတော့ ဒေသခံဗုဒ္ဓဘာသာ ရှမ်းတွေ တော်တော်စိတ်ပျက် သွားကြတယ်၊ အဲဒီ SSPP/SSA ဌာနချုပ် တည်ရှိတဲ့ ၀မ်ဟိုင်းကျေးရွာထဲမှာ ကုလားတွေ များလာရင်တော့ ရှမ်းတွေ ခွေးပြေးဝက်ြေ ပး ပြေးရတော့မှာ မြင်ယောင်သေးတယ်၊ ရခိုင်ပြည်နယ်ကိုပဲ ကြည့်လေ´´ ဟု ပြောကြားသွားခဲ့သည်။

Credit To:စိုင်းအောင်
Kachin Daily News
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီး/ ယာဉ်ငယ်၊ ခရီးသည်တင်ယာဉ်များအား မန္တလေး-လားရှိုး-မိုင်းရှူး လမ်းကြောင်းအတိုင်း ၀မ်ဟိုင်းကျေးရွာသို့ ဖြတ်သန်းရာတွင် ရှမ်းပြည် တိုး တက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ စေခိုင်းချက် အရ တာဝန်ခံအဖြစ် အစ္စလာမ်ဘာသာဝင် ကျော်ဝင်းဆိုသူမှ ပုံမှန်ဖြတ်သန်းကြေး၊ တစ်နှစ်စာ နှစ်စဉ်ကြေးများအား ၂၀၁၄ မတ် ပထမပတ်မှစ၍ အတင်းအဓမ္မကောက်ခံလျက်ရှိကြော်ငး ကားသမားထံမှ သိရသည်။

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ

Photo: ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင်
ညအိပ်စောင့်ဆိုင်းနေရ
Wednesday, April 9, 2014

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲက လာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှု ခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့် ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍ တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့် လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

“အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။

အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေး သက်သာပြီးဈေးဝယ်၍ကောင်းခြင်းကြောင့်ပိတ်ရက် ရှည်များ တွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

ဇေဝေယံ
Popular Myanmar News Journal
ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ် လူပေါင်း ၄၀၀ ကျော် ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန် တန်းစီသူ တစ်ဦးထံမှ သိရ သည်။

ရွှေဘိုမြို့မှ ပူတာအိုအထိ အိန္ဒိယအကူဖြင့် လမ်းဖောက်မည်

Photo: ရွှေဘိုမြို့မှ ပူတာအိုအထိ အိန္ဒိယအကူဖြင့် လမ်းဖောက်မည်
Wednesday, April 9, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ကနေ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုအထိ အိန္ဒိယအစိုးရရဲ့ချေးငွေနဲ့ ကားလမ်းဖေါက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ မနေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ချေးငှားဖို့ မူအားဖြင့် သဘောတူကြောင်းနဲ့ အသေးစိတ်ကို ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။

"ဒီလမ်းလုပ်ဖို့ ရွှေဘို-မြစ်ကြီးနား-ပူတာအို လမ်းလုပ်ဖို့ ဒေါ်လာ သန်း ၁၂ဝ ချေးဖို့ ဆွေးနွေးနေတုန်းပဲ၊ ဒါကို ရမယ် မရဘူးဆိုတာကတော့ အသေးစိတ်နည်းနည်းညှိနေတုန်းပဲ၊ သူတို့လည်း အခုဆွေးနွေးနေတုန်းပဲ၊ မူအားဖြင့် ဒေါ်လာ သန်း ၁၂ဝ ဒီလမ်းလုပ်ဖို့အတွက် မှန်းထားတယ်"

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Gautam Mukhopadhaya ကလည်း

"ကချင်ပြည်နယ်မှာ အိန္ဒိယအစိုးရက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကထားပြီး လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ငါးရာ ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်ပါတယ်။ တချို့စီမံကိန်းတွေ ဥပမာ- ကလေးနဲ့ တမူးကားလမ်းဆိုရင် ပြီးစီးပြီဖြစ်ပါတယ်။ ကုလားတန် ဘက်စုံစီမံကိန်းဆိုရင် အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း ပြောပါတယ်။

အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ တွ့ဆုံဆွေးနွေးတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

RFA Burmese
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ကနေ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုအထိ အိန္ဒိယ အစိုးရရဲ့ချေးငွေနဲ့ ကားလမ်းဖေါက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည် နယ် ၀န်ကြီးချုပ်တို့ မနေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကေအိုင်အေက စစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ ဆွေးနွေး

Photo: ကေအိုင်အေက စစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ ဆွေးနွေး
Wednesday, April 9, 2014

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရေး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်များ ဧပြီ ၆ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဆွေးနွေးပွဲသို့ ဖမ်းဆီးခံရသူများ၏ မိဘငါးဦးကိုယ်တိုင် လိုက်ပါသွားပြီး စစ်သားအဖြစ် စုဆောင်းခံရသည့် အမျိုးသား အမျိုးသမီး ၃၃ ဦးကိုလည်း ပြန်လည်လွှတ်ပေးရန် ရှမ်းရေးရာအဖွဲ့က တောင်းဆိုခဲ့ကြောင်း သိရသည်။

ရှမ်းရေးရာအဖွဲ့မှ ခေါင်းဆောင် ဦးစိုင်းသာဇုံက "ကေအိုင်အိုင်နည်းပညာအကြံပေးအဖွဲ့ကိုဆွေးနွေးဖို့ ကမ်းလှမ်းတာက ကြာပါပြီ။ အခုမှ PCG အဖွဲ့နှင့် ဆွေးနွေးဖြစ်တာ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကျွန်တော်တို့အဖွဲ့ကို အစိုးရရဲ့ လက်အောက်ခံအဖွဲ့လို့ထင်နေတာ၊၊ ကျွန်တော်တို့က ရှမ်းလူမျိုးအရေးကို ကိုယ့်အားကိုယ်ကိုးအဖွဲ့၊ အကြောက်တရားအောက်မှာ လုပ်နေရတဲ့အဖွဲ့ဆိုတာကိုပါ ရှင်းပြရတယ်။ ရှမ်းကချင်လူမျိုးရေး အတူယှဉ်တွဲနေထိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့အထိ သုံးယောက်တော့ ပြန်လွတ်လာတယ်။ မိဘတွေအကြောင်းကြားလာတယ်။ ကျွန်တော်တို့ကောက်ယူထားတဲ့ စာရင်းအရ ရှမ်းလူမျိုး ၂၉ ယောက်ကျန်သေးတယ်။ တခြားလူမျိုးတွေက ဒီကိစ္စနှင့်တောင်းဆိုလာရင်လည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်။ အမျိုးသမီးတွေလည်းပါတော့ မိဘတွေစိတ်ထဲ ဘယ်လိုနေမယ်ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ" ဟု ပြောကြားသည်။
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ ရွှေလုပ်ကွက်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်က အဖမ်းဆီးခံသွားရသူ မောင်ထွန်းထွန်းနိုင်၏ မိခင်ဖြစ်သူ ဒေါ်စင်းဝယ်က "ကျွန်မက သားကို တစ်ခေါက်သွားတွေ့ပြီးပြီ။ လွှတ်ပေးမယ်ပြောပြီး ငွေတစ်သိန်းတောင်းတာ နှစ်သိန်းပေးလိုက်တယ်။ ပြန်လည်းရောက်မလာဘူး။ အမြန်လာခေါ်ဖို့ ခဏခဏဆက်သွယ်ပြောနေတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတာ။ စစ်သားတွေတက်သွားပြီကြားရင် အိပ်မပျော်တော့ဘူး" ဟု The Daily Eleven ကို ပြောကြားသည်။
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က "အဲဒီကိစ္စကို ကေအိုင်အို (ဗဟို) ကို ဖုန်းဖြင့်အကြောင်းကြားထားပါပြီ။ စာနှင့်လည်း အကြောင်းကြားဖို့ ရေးနေပါပြီ။ တာဝန်ထမ်းနေတာကြာပြီဆို အားလုံးနဲ့ညှိရဦးမယ်ထင်တယ်။ အရင်ကလည်း ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး အများကြီးလွှတ်ပေးခဲ့ပါတယ်။ အခုလည်း သူတို့ဆန္ဒနဲ့အခြေအနေကို မေးမြန်းပြီး ဆောင်ရွက်မယ်ထင်ပါတယ်။ ရှမ်းရေးရာအဖွဲ့နှင့်တွေ့တာတော့ ပထမအကြိမ်ပါ" ဟု ပြောကြားသည်။

Eleven Media Group
ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရေး ရှမ်းမျိုးနွယ်စုရေး ရာ အဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်များ ဧပြီ ၆ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့အတွင်း ခြောက်မြို့နယ် ယာဉ်ရပ်နားခပြန်လည်ကောက်ခံ

Photo: ရန်ကုန်မြို့အတွင်း ခြောက်မြို့နယ် ယာဉ်ရပ်နားခပြန်လည်ကောက်ခံ
Wednesday, April 9, 2014

ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နားရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

၁၉၉၆ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မြောက်ဘက်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ဘက်၌ ကမ်းနားလမ်း၊ အရှေ့ဘက်၌ ဗိုလ်အောင်ကျော်လမ်း၊အနောက်ဘက်၌ လမ်းမတော် လမ်းဧရိယာ တွင်းရှိ အမည်တပ် လမ်းငယ်များ၊ အမည်တပ်လမ်းမကြီးများ၊နံပါတ်တပ်လမ်းများကို ယာဉ်ရပ်နားမှု ကန့်သတ် ရန်များ သတ်မှတ်၍အဆိုပါနေရာများတွင် ယာဉ်ရပ်နားပါက ယာဉ်ရပ်နားခကောက်ခံခဲ့သော်လည်း ၂၀၁၃ ဧပြီ ၁ ရက်မှစ၍ကောက်ခံမှုမရှိဘဲ ရန်ကုန်မြို့တွင်းယာဉ်ရပ်နားရန်နေရာများ တိုးချဲ့ခြင်း၊ စင်္ကြံသွား လူသွားလမ်း များပြုပြင်ခြင်းကို ပြုလုပ် လာခဲ့ကြောင်း၊၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်အဆိုပါ ယာဉ်ရပ်နားခ ကောက်ခံ လုပ်ငန်းမှလေလံဝင်ငွေကျပ်သိန်း ၁၄၀၀၀ခန့်ရရှိခဲ့ကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်ဟု ရန်ကုန်မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း ယာဉ်ရပ်နားခကောက်ခံမှုတွင် နံပါတ်တပ်လမ်းများ၊ အမည်တပ် လမ်းငယ်များ မပါဝင်ဟု သိရကြောင်း၊ နာရီအလိုက် ယာဉ်ရပ်နားခငွေကောက်ခံလာခြင်းကြောင့်ယာဉ်ရပ်နားရာတွင် အချိန်ကြာမြင့်စွာ ရပ်တန့်မှု နည်းလာ နိုင်ကြောင်း၊အထူးသဖြင့် ကားလမ်းမကြီးများတွင် နာရီ ရှည်ရပ်တန့် ထားခြင်းမျိုး နည်းလာကြောင်း၊ ယာဉ်ရပ်နားရန်နေရာများတွင် ယာဉ်ရပ်နားခငွေကောက်ခံမှုကြောင့် လမ်းဘေးဈေး သည်များ နံနက် ၈ နာရီ မှ ညနေ၆ နာရီအတွင်း ဈေးရောင်းချမှု နည်းလာနိုင်သည်ဟု လသာမြို့နယ်တွင်နေထိုင်သူ တစ်ဦး ကဆိုသည်။
ယခုရက်ပိုင်း ပြန်လည်၍ယာဉ်ရပ်နားခ ကောက်ခံ ရာတွင် လမ်းမတော်မြို့နယ်တွင်း ကောက်ခံမှု ရှိလာကြောင်း၊ ယာဉ်ရပ်နားခငွေပြန် လည်ကောက် ခံခြင်း ကြောင့် အခွန်ငွေရရှိလာသကဲ့သို့ ယာဉ်ရပ် နားမှု လျော့နည်း သွားမည်ဟု လမ်းအသုံးပြုသူတစ်ဦးက ဆိုသည်။

MOI Webportal Myanmar
ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နား ရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

မလေးလေယာဉ် အချက်ပေးသံ မကြားရရင် ရှာဖွေရေးခက်ခဲနိုင်

Photo: မလေးလေယာဉ် အချက်ပေးသံ မကြားရရင် ရှာဖွေရေးခက်ခဲနိုင်
Wednesday, April 9, 2014

ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကနေ ထုတ်လွှတ်တဲ့ နောက်ထပ် ping အချက်ပေးသံတွေကိုသာ မရဘူးဆိုရင် သမုဒ္ဒရာကြမ်းပြင်မှာ အပျက်အစီးကို ရှာဖွေဖို့ စက်ရုပ်ကို လွှတ်နိုင်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Angus Houston က ပြောလိုက်ပါတယ်။

“အခုချိန်ဆင်းသွားပြီးတော့ အမြင်နဲ့ရှာမယ်ဆိုရင် ရက်ပေါင်းမြောက်များစွာ ကြာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သမုဒ္ဒရာကြမ်းပြင်မှာ ရှာရတဲ့အလုပ်ဟာ သိပ်ကိုနှေးလွန်းပြီး ခက်ခဲလွန်းတာကြောင့်ပါ။ ဒါ့အပြင် ရေအောက်ကို သိပ်နက်လွန်းပြီး စိန်ခေါ်မှုများတဲ့ လုပ်ငန်းဖြစ်ပါတယ်။” လို့ Angus Houston က ပြောပါတယ်။

လေယာဉ်ရဲ့ black box ကနေ ထုတ်လွှတ်တာလို့ ယူဆတဲ့ လျှပ်စစ်အချက်ပေးသံ ရပြီးတဲ့နောက် တောင်ပိုင်းအိန္ဒိယသမုဒ္ဒရာရဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ရှာဖွေရေးအဖွဲ့တွေ အပူတပြင်း ရှာနေကြတာဖြစ်ပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းနဲ့ လေယာဉ်မောင်းခန်း အသံဖမ်းစက်က အသံတွေနဲ့ ကိုက်ညီတဲ့ မတူကွဲပြားတဲ့ အသံနှစ်ခုကို အမေရိကန်ရေတပ် ကိရိယာကနေ ဖမ်းမိခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက နောက်ထပ် ဘာသံကိုမှ ထပ်မကြားရသေးပါဘူး။

ရေအောက်က အချက်ပေးသံ ထွက်လာတဲ့နေရာကို ရှာဖွေရတာ ရက်ပေါင်းများစွာ ကြာလိမ့်မယ်လို့ Houston က ပြောပါတယ်။

Black box ထဲက ဘက္ထရီဟာ ရက် ၃၀ လောက်ပဲခံတာမို့ ရှာဖွေသူတွေအတွက် အချိန်သိပ် မကျန်တော့ပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကနေ ထုတ်လွှတ်တဲ့ နောက်ထပ် ping အချက်ပေးသံတွေကိုသာ မရဘူးဆိုရင် သမုဒ္ဒရာကြမ်းပြင်မှာ အပျက်အစီးကို ရှာဖွေဖို့ စက်ရုပ်ကို လွှတ်နိုင်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Angus Houston က ပြော လိုက်ပါ တယ်။

မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲဆင်နွှဲ

Photo: မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲဆင်နွှဲ
Wednesday, April 9, 2014

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင် ယာမြေများ ပြန်လည်ရရှိရန် ဒေသခံတောင်သူများမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။

၁၉၉၀-၉၁ ခုနှစ်ခန့်က ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံမှ သိမ်းယူခဲ့သော ယာမြေဧက ၈၀ ကျော်အား ပြန်လည်ရရှိရန် ဒေသခံများမှ ဧပြီ ၈ ရက် နံနက် ၉ နာရီက ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံတောင်ဘက်ရှိ ယာမြေကွက်ပေါ်တွင် ဘိုးဘွားပိုင်မြေနေရာ မည်သူမှ မကျုးကျော်ရ ဆိုင်းဘုတ်စိုက်ထူခြင်း၊ မြေနေရာသတ်မှတ်ခြင်းနှင့် ထွန်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

“၁၉၇၆-၇၇ ခုနှစ်က ဗာဂျီနီးယား ဆေးစက်ရုံကနေပြီး ယာမြေဧက ၆၀၀ လောက် သိမ်းယူသွားတဲ့ထဲမှာ ဒေသခံ ဘိုးဘွားပိုင်ယာမြေ ဧက ၈၀ ကျော်လောက် ပါသွားတယ်။ အဲဒီလို သိမ်းယူသွားပြီး နစ်နာကြေးလည်း မပေးဘူး။ မြေအစားပြန်ပေးတာလည်း မရှိတဲ့အပြင် ဖယ်ရှားမပေးတဲ့ တောင်သူတွေ တရားစွဲဆိုခံရတယ်။ ၂၀၁၂ ခုနှစ်က သက်ဆိုင်ရာဝန်ကြီးဌာနကို စာတွေတင်ပြီး တောင်းခံခဲ့ပေမယ့်လည်း ဘာမှမထူးဘူး။ ဒီယာမြေတွေကို မသိမ်းခင်အထိ မြေခွန်ဆောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်” ဟု ရေနံ့သာကျေးရွာရှိ ယာမြေဧက ခုနစ်ဧက သိမ်းဆည်းခံရသည့် တောင်သူဦးစံတူက ပြောပါသည်။

“ဒေသခံတွေ အခုထွန်နေတဲ့ ယာမြေတွေကို ၁၉၉၁ မှာ ဗာဂျီးနီးယား ဆေးစက်ရုံကနေ ဆေးရုံက လက်လွှဲယူလိုက်တယ်။ ၁၉၉၂ မှာ ယာမြေတွေကို စိစစ်ကြည့်တော့ ဒေသခံက ၀င်လုပ်နေပြီ။ ဒါနဲ့ ဆေးရုံအုပ်ကြီးက တရားစွဲတဲ့အခါ နိုင်သွားတော့ ဆေးရုံက သိမ်းယူသွားတယ်လို့ ဒေသခံတွေက ထင်နေကြတာ။ မြေစာရင်းမှာ သွားကြည့်တော့လည်း အခုဝင်ထွန်တဲ့ အကွက်က ဆေးရုံပိုင်မြေအကွက် အမှတ် ၁၃၅ (ဂ) ဖြစ်နေတယ်။ ဒေသခံတွေက သူတို့ပိုင်မြေအကွက် အမှတ် (၁၅၄) လို့ပဲ ထင်နေကြတယ်။ အမှန်တကယ် သူတို့ပိုင်မြေဖြစ်တယ်။ အထောက်အထားလည်း ပြနိုင်ပြီး ဆေးရုံအတွက် အပိုမြေဖြစ်နေရင် ပြန်လည်စိစစ်ပြန်ပေးဖို့ အစီစဉ်ရှိပါတယ်” ဟု ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာက ပြောကြားသည်။

အဆိုပါ သိမ်းဆည်းခံ ယာမြေဧက ၈၀ ကျော်ကို ဒေသခံတောင်သူ ၁၃ ဦးပိုင်ဆိုင်ပြီး ထွန်ရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မိုးကျလာပါက သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် ယာမြေများပေါ်တွင် ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံဝန်ထမ်းများမှ စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဆေးရုံပိုင်မြေ စုစုပေါင်း ၁၉၄၆ ဧက ရှိသည့်အနက် ၁၈၄ ဧကကို ဆေးရုံဝန်ထမ်းများအား အချိုးကျခွဲကာ ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။  

Eleven Media Group 

မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်
မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင် ယာမြေများ ပြန်လည် ရရှိရန် ဒေသ ခံတောင်သူများမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။

အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်ကို ခေါ်ယူ သတိပေးထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကို အခွန်ဥပဒေဖြင့် အရေးယူမည်ဟုဆို

မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူ သတိပေး မှု ပြုလုပ်ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဧပြီ ၇ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီ အပါအ၀င် ပြည်တွင်းကုမ္ပဏီရှစ်ခု ရွေးချယ်ခံရ

မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြား ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီအပါအ၀င် ပြည်တွင်း ကုမ္ပဏီရှစ်ခု ရွေးချယ် ခံရကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Tuesday, 8 April 2014

ဧပြီ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Photo: ဧပြီ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်
Tuesday, April 8, 2014

ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်း နေတာကို တွေ့ရှိ ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မုတ္တမကွေ့၊ မွန်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်။ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက်သာ မြင့်တက်နိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ မြောက်ပိုင်းဒေသ တွေမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေ အနည်းငယ်ကျဆင်းနိုင်ပါတယ်။

ကချင်ပြည်နယ်မှာ ပုံမှန်အပူရှိန်ထက် အနည်းငယ်ပိုနိုင်ပြီး အညွှန်းကိန်း ၇ သာ ရှိနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အညွှန်းကိန်း ၈ လောက် ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အညွှန်းကိန်း ၉ လောက်ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ လွန်ကဲအဆင့်ထိ မြင့်တက်နိုင်ပြီး ကော့သောင်းမြို့မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၁၄ ထိ မြင့်တက်နိုင်ပါတယ်။ ကျန်ဒေသတွေမှာ ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ မြင့်မားနိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေပူထဲကို မထွက်ဖို့ အလွန်အရေးကြီးပါတယ်။

တကယ်လို့ မဖြစ်မနေ သွားရတဲ့အခါမှာလည်း ထီး၊ ဦးထုပ်၊ အကျီလက်ရှည်နဲ့ နေကာမျက်မှန်တွေ ၀တ်ဆင်ပြီး သွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလာက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးရေချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ တနင်္သာရီတောင်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၂၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာ နိုင်ပါတယ်။

ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။

ဧပြီ ၉ ရက်နေ့အတွက် ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB 
 ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို

Photo: လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို
Tuesday, April 8, 2014

အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင်ကူးပြောင်းပြီ ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

မြန်မာနိုင်ငံရဲ့ ကံဇာတာ အခြေအနေကို မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုရဲ့ တွက်ချက် ဟောပြောချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

အသံဖိုင် နားဆင်ရန်

https://soundcloud.com/dvbradio/kh-zay-yar-ko

DVB
ဦးဇေယျာကို
အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင် ကူးပြောင်းပြီ ဖြစ်ပါတယ်။

ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များ သည် ခါး ပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ၇.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ မှတ်တိုင်၌ သတင်းစုံစမ်းဆောင်ရွက်နေစဉ် ယာဉ်လိုင်းအမှတ်(၄၃) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ပေါက်စီ(ခ) သန့်ဇင်ဦး၊ (၃၅)နှစ်၊ (ဘ)ဦးလှဦး၊ ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၂)နှစ်၊ (ဘ)ဦးကျင်သန်းနှင့် ကြည့်မြင်တိုင်မြို့နယ်နေ မောင်ဇော်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်းတို့(၃)ဦးကိုတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ပေါက်စီ (ခ)သန့်ဇင်ဦး၏ ကျောပိုး အိတ် အတွင်းမှငွေကျပ်(၁၇၆၀၀) ကိုတွေ့ရှိခဲ့ပါသည်။

နိုင်ငံတော် စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရေး ဝိုင်းဝန်း ကြိုးပမ်း

အာရှဖွံ့ဖြိုးရေး ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ငွေထုတ်ချေးသူများ၏ လွတ်လပ်သော အကဲဖြတ်ဌာနက ဧပြီ ၄ ရက်တွင် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ၎င်းအစီရင်ခံစာအရ အာရှ တိုက်တွင် နေထိုင်သော လူတစ်ဦး တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ်လာအောက် လျော့ နည်း နေသေးခြင်းကြောင့် ဝင်ငွေ မညီမျှမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကထက် ၂ဝ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရမည့် အစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီး ပွားရေး ကွာဟမှု ပိုမိုကျယ်ဝန်း၍ ပြည်သူများ၏ ဆင်းရဲမှုမှာလည်း တိုးတက်မှု မရှိသေးကြောင်း သိရသည်။

X-Factor သီချင်းဆို ပြိုင်ပွဲတွင် ချယ်ရီကိုးလ် ဒိုင်အဖြစ် ပြန်လည်ပါဝင်မည်

 
ကမ္ဘာကျော်အဆိုတော် ချယ်ရီကိုးလ်သညဗြိတိန်နိုင်ငံ၌ အထင်ကရရှိုးပွဲ တစ်ခုဖြစ်သည့် X-Factor သီချင်း ဆို ပြိုင်ပွဲမှ ထွက်ခွာပြီး သုံးနှစ်ကြာ ယင်းပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်ရန် စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် သဘောတူ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည်။

နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ

Photo: နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ
Tuesday, April 8, 2014

စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။

အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာနိုင်ငံထဲက နာမည်ကြီး သူဌေးကြီးတယောက်ဖြစ်တဲ့ ဦးမိုးမြင့် ရဲ့ ပက်ထရိုလီယံ အီးအင်န်ပီ ကုမ္ပဏီ၊ ဦးကျော်ကျော်လှိုင်ရဲ့ စမတ် အီးအင်န်ပီ အင်တာနေရှင်နယ် ကုမ္ပဏီ၊ အေ၀မ်း မိုင်းနင်းကုမ္ပဏီနဲ့ ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေး ကုမ္ပဏီတွေ ပါဝင်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနက တင်ဒါပေးလိုက်တဲ့ လုပ်ကွက် ၂၀ အနက် ကမ်းဝေး လုပ်ကွက်တွေကို နိုင်ငံခြားကုမ္ပဏီတွေပဲ သီးခြား လုပ်ကိုင်ခွင့်ရှိပေမယ့် ကမ်းနီးလုပ်ကွက်တွေ အတွက်ကိုတော့ မြန်မာနိုင်ငံသားကုမ္ပဏီတွေနဲ့ ဖက်စပ် ပူးပေါင်း လုပ်ကိုင်ကြဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

DVB
စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။

ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ

၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင် မှ ၎င်းသည် မြို့တွင်းသို့ သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရ

ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်

Photo: ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်
Tuesday, April 8, 2014

ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက်ထဲ အပ်ခဲ့ပါတယ်။

သူတို့စုံတွဲဟာ ငွေကြေးကိစ္စနဲ့ စကားများပြီးနောက် အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ရောက်စ်ဇာနာ ဗယ်ဒဲ့စ်ကာနိုက သူအဖော်ကို ပစ်သတ်ခဲ့တာလို့ ရဲအစီရင်ခံစာက ဆိုပါတယ်။

chileanအဲဒီနောက် ခန္ဓာကိုယ်ကို ခုတ်ထစ်ပြီး အစိတ်အပိုင်းတွေကို အိုးကြီးထဲ ထည့်ပြုတ်ခဲ့ တယ်လို့ အခင်းဖြစ်ရာနေရာက အာဏာပိုင်တွေက ပြောပြီး ခေါင်းကိုလဲ ဖြတ်ထားတယ်လို့ ရဲဗိုလ်ကြီး ဟွမ်ကာရဲ့စ်ကိုက ပြောပါတယ်။

ရဲချုပ် ပက်ဒရိုဒိယက်စ်က ထိတ်လန့်စက်ဆုပ်စရာ လုပ်ရပ်အတွင်း ဗယ်ဒဲ့စ်ဟာ စိတ်ပြောင်းသွားပုံရပြီး သူကိုယ်သူ ရဲလက်အပ်ခဲ့တယ်လို့ ပြောပါတယ်။

အစကတော့ ခန္ဓာကိုယ်နဲ့ သက်သေတွေကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မလုပ်ရဲတော့လို့ မလုပ်နိုင် ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဗယ်ဒဲ့စ်ကို ရဲစခန်း အချုပ်ခန်းမှာ ထိန်းသိမ်းထားပြီး ရဲတွေက လူသတ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။

 ဒီဗွီဘီ
ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက် ထဲ အပ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

Photo: ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက မွေးဖွားခဲ့သော ပုဂ္ဂိုလ်များနှင့် စကားပြောဆိုရသကဲ့သို့ပင်  ၎င်းပုဂ္ဂိုလ်တို့၏ ဘဝတစ်လျှောက် ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံများ တိုက်ရိုက် ရရှိနိုင်သည့် အခွင့်အရေးကို စာကြည့်တိုက်ကြီးများတွင် ရရှိနိုင်သည်။ အဆိုပါ စာကြည့် တိုက် ကြီးများတွင် စာအုပ်များကို အလွယ်တကူ ရှာဖွေရရှိနိုင်ရုံမျှသာ မကဘဲ အတွေး အခေများ ဖလှယ်ခြင်း၊ စိတ်ဝင်စားစရာ နေရာများကို စူးစမ်းလေ့လာခြင်း၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာ ခြင်းတို့ကိုလည်း စာကြည့်တိုက်များမှ တစ်ဆင့် ပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် စာအုပ် အများဆုံး စုဆောင်းထားသည့် စာကြည့်တိုက်ကြီးများကို ထုတ်နုတ် တင်ပြလိုက်ပါသည်။

အမေရိကန်ကွန်ဂရက် လွှတ်တော် စာကြည့်တိုက် အမေရိကန် ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်သည် စုဆောင်းထားသော စာအုပ်နှင့် စာအုပ်စင် အရေအတွက်တို့အရ  ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်သည်။ စာအုပ် အရေအတွက် ၁၅၁ သန်းကျော် စုဆောင်းထားရှိပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌တည်ရှိသည်။ အဆိုပါ စုဆောင်းထားမှုများထဲတွင် ဘာသာပေါင်း ၄၇ဝ ကျော်ဖြင့် ထုတ်ဝေထားရှိသည့်  စာအုပ်များ ပါဝင်သည်။  ပုံနှိပ်စာအုပ် ၃၄ ဒသမ ၅  သန်းကျော်နှင့် လက်ရေးမူ ၆၆ ဒသမ ၆ သန်းကျော် ရှိနေသည်ဟု သိရသည်။ ထို့ပြင်အဆိုပါ စာကြည့်တိုက်သည်  ဥပဒေ အထောက် အကူပြု ပစ္စည်း၊ မြေပုံ၊ ဖလင်၊ အသံဖမ်းဖိုင်နှင့် တေးဂီတ ဓာတ်ပြားများကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး စုဆောင်းထားသော နေရာလည်းဖြစ်သည်။

 ဗြိတိသျှ စာကြည့်တိုက် စာအုပ်ရေ စုစုပေါင်း သန်း ၁၅ဝ ကျော်သို မှီးထားသည့် ဗြိတိသျှ စာကြည့်တိုက်သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးမားဆုံးသော စာကြည့်တိုက်ဖြစ်သည်။

လန်ဒန်မြို့၌ တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်း၏ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သည်။ နှစ်စဉ် စာအုပ်စာတမ်း စုစုပေါင်း သုံးသန်းကျော် အသစ် စုဆောင်းလေ့ရှိသည်ဟု ဆိုသည်။ စိတ်ဝင်စားစရာအချက်တစ်ခုမှာ စာဖတ်သူတစ်ဦးအနေဖြင့် တစ်နေ့လျှင် စာအုပ်ငါးအုပ်ကို နေ့စဉ်ဖတ်ရှုမည် ဆိုပါကနှစ်ပေါင်း ၈ဝဝဝဝ အချိန်ယူ ဖတ်ရှုမှ စာကြည့်တိုက် တစ်တိုက်လုံးရှိ စာအုပ်များကို ဖတ်ရှုပြီး စီးနိုင်မည်ဟုဆိုသည်။ အဖိုးတန် စုဆောင်းမှုများ ထဲတွင် မက်ဂနာကာတာလီယိုနာ ယိုဒါဗင်ချီ၏ မှတ်စာအုပ်နှင့် ဘီတယ်လ် တေးဂီတ အဖွဲ့ဝင်များ၏ လက်ရေးမူများ လည်းရှိသည်။

 နယူးယောက် ပြည်သူစာကြည့်တိုက်ကမ္ဘာပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ကြီး နှစ်ခုပြီးလျှင် တတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်မှာ နယူးယောက် ပြည်သူ့ စာကြည့်တိုက် ဖြစ်ပြီး စုဆောင်းထားသည့် စာအုပ်စာတမ်း ၅၁ ဒသမ ၃ သန်းကျော်ရှိသည်။  အမေရိကန် ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်ပြီး  ဌာနခွဲ  ၉၁  ခုရှိသည်။ ၁၈၉၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဆိုပါ စာကြည့်တိုက်သည် လွန်ခဲ့ သောနှစ်ပေါင်း ၁ဝဝ ကျော်မှစ၍ ဝန်ဆောင်မှု ပေးနေခြင်းဖြစ်သည်။ အများပြည်သူကို  အခမဲ့ ဝန်ဆောင်မှု ပေးနေသော စာကြည့်တိုက်ကြီး တစ်ခု ဖြစ်သည်။

ကျော်ဇင်ထွဋ်
စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။