Wednesday, 2 April 2014

တိုင်းရင်းသားများနှင့် သွေးစည်းညီညွတ်မှုရရန် NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ၁၉၉၀ အမတ်များ အကြံပြု

NLD ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် အမှန်တကယ် သွေးစည်းညီညွတ်မှု ရရှိစေရန်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲများ၌လည်း သက် ဆိုင်ရာ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး တိုင်းရင်းသားဒေသများတွင် NLD ပါတီက ဒေသခံ တိုင်း ရင်းသားတို့နှင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ အခွင့်အရေးပေးရန် လိုအပ်သည်ဟု ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များက ပြောကြားသည်။

IFC က ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း၏ အကျိုးအမြတ်တွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထား

Photo: IFC က ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း၏ အကျိုးအမြတ်တွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထား
Tuesday, April 2, 2014

IFC(International Finance Corporation) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မည့် လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍတွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) ကို စီးပွားဖြစ် ကုမ္ပဏီအဖြစ် ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ရန်ကုန်မြို့၏ လျှပ်စစ်ယူနစ်၊ ဓာတ်အားခ၊ လျှပ်စစ်ဓာတ်အားပေးရေး အခြေအနေတို့ကို IFC (International Finance Corporation) က လေ့လာမှုပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က “အခုက ကော်ပိုရေးရှင်းလုပ်တယ်။ အဲဒီတော့ အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ကျွန်တော်တို့ ပုဂ္ဂလိက,ကတော့ ၄၉ ရာခိုင်နှုန်းအချိုးနဲ့ လုပ်ဆောင်မှာပါ” ဟု ပြောကြားသည်။

ယင်းအပြင် IFC (International Finance Corporation) မှ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍအတွက် လက်ရှိတွင် သဘောတူညီမှု လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဦးထွန်းကြွယ်က ဆက်လက်ပြောကြားသည်။

သို့သော် IFC နှင့် စီးပွားဖြစ်ကုမ္ပဏီဘက်သို့ ပြောင်းလဲလုပ်ကိုင်မည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်များမှာ လက်ရှိကာလများအတွင်း လုပ်ငန်းလည်ပတ်နိုင်ဦးမည် မဟုတ်သေးဘဲ နှစ်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြင့်လျှပ်စစ်မီးမရသော နေရာများသို့ ပုံမှန်လျှပ်စစ်မီးကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားနိုင်ပြီး လျှပ်စစ်လေလွင့် ဆုံးရှုံးမှုများကိုလည်း လျော့နည်းသွားစေမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုင်းများမှ လျှပ်စစ်ဆုံးရှုံးမှုမှာ ၂၇ ရာခိုင်နှုန်းခန့်ထိ ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC မှာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာ့အရှေ့တိုင်းဘဏ်နှင့် ဖေဖော်ဝါရီလအတွင်းက လက်မှတ်ရေးထိုးမှု ပြုလုပ်ထားပြီး ဖြစ်သည်။

ယင်းအပြင် IFC (International Finance Corporation) မှာ ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးစ ဈေးကွက်များ၏ ပုဂ္ဂလိကပိုင်းတွင် အဓိကထား လုပ်ဆောင်နေသည့် အကြီးမားဆုံး ကမ္ဘာ့ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ရှိ ဘဏ် ၅၅၀ နှင့် ပူပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Eleven Media Group 

ရန်ကုန်မြို့ရှိ လျှပ်စစ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းအချို့ (ဓာတ်ပုံ-နွဲ့ယဉ်အေး)
ရန်ကုန်မြို့ရှိ လျှပ်စစ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းအချို့ (ဓာတ်ပုံ-နွဲ့ယဉ်အေး)
IFC(International Finance Corporation) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်မည့် လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍတွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အစိုးရပိုင် အရန်ငွေကြေး ဒေါ်လာ သုံးဘီလျံ သာရှိပြီး ပုဂ္ဂလိကတွင် လေးဘီလျံကျော်ရှိနေကြောင်း IMF သုံးသပ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အရန်ငွေကြေး (reserve money) နည်းနေသေးကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ short term အစီရင်ခံစာတွင် ဖော်ပြလိုက် သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် စုဆောင်းထားသော အရန်ငွေကြေး ၇ ဒသမ ၈ ဘီလျံရှိကြောင်းနှင့် ထုတ်ပြန်ချက်အရ ယင်း အနက် နိုင်ငံပိုင်အရန်ငွေကြေး သုံးဘီလျံကျော်သာရှိပြီး ကျန်သည့်ပမာဏမှာ ပုဂ္ဂလိက ကဏ္ဍမှ ငွေကြေး များဖြစ်ကြောင်း သိရှိသည်။  

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း IMF ခန့်မှန်း

၂၀၀၄- ၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာ မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိ လာမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ခန့်မှန်းချက်အရ သိရသည်။

Monday, 31 March 2014

ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆို

Photo: ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆို

March 31, 2014

ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုပျောက်ဆုံး လျက်ရှိသော မလေးရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပေါ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ယနေ့ ရောက်ရှိလာပြီး ပျောက်ဆုံးလေ ယာဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ အမှန်အတိုင်း ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

MH-370 လေယာဉ် ခရီးစဉ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည် ၁၅၃ ဦးအနက် ၁၈ ဦး၏ ဆွေမျိုး ၃၉ ဦးသည် ကွာလာလမ်ပူသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိလာသည်ဟု မလေးရှား လေကြောင်းလိုင်း၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဟုခ်ျဒန်လေဗီးက ပြောကြားသည်။

တရုတ်ခရီးသည်များ၏ ဆွေမျိုးများသည် ကွာလာလမ်ပူမြို့ မြို့စွန်နားရှိ ၎င်းတို့ တည်းခိုလျက်ရှိသည့် ဟိုတယ်တွင် MH-370 အတွက် ဆုတောင်းကြ ဟူသည့် စာတန်း ပါဝင်သော အဖြူရောင် တီရှပ်များ ဆင်တူ ဝတ်ဆင်ကာ “ငါတို့ကို အမှန်အတိုင်းပြောပါ”၊ “ငါတို့ ဆွေမျိုးတွေကို ပြန်ခေါ်ပေး” ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး တောင်းဆိုမှုများ ပြုလုပ်လျက် ရှိသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးကို တင်ဆောင်သွားသော MH-370 လေယာဉ်ခရီးစဉ်သည် မတ်လ ၈ ရက်နေ့က စတင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သဖြင့် ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ် သုံးပတ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး သမိုင်းတွင် အထူးခြား အဆန်းကြယ်ဆုံး လေယာဉ်ပျောက်ဆုံးမှု တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

ခရီးသည်များထဲတွင် အရေအတွက် အများဆုံးဖြစ်သည့် တရုတ်ခရီးသည်များ၏ ဆွေမျိုးများက မလေးရှားအစိုးရသည် သတင်းအချက်အလက် ထုတ်ပြန်ရာ၌ အပြည့်အစုံ ထုတ်ပြန်ခြင်း မပြုဘဲ ထိမ်ချန်ထားသည်ဟု စွပ်စွဲထားပြီး ၎င်းတို့ကို အမှန်အတိုင်း ပြောရန်နှင့် အထောက်အထားများ ထုတ်ဖော်ပေးရန် တောင်းဆိုလျက် ရှိသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က MH-370 လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ အားလုံး အသက်ဆုံးရှုံးသွားသည်ဟု ဂြိုဟ်တုမှ ရရှိသည့် သတင်းအချက်အလက်များကို သရုပ်ခွဲ စိစစ် လေ့လာမှုများကို ကိုးကားပြီး ကြေညာခဲ့ကာ မလေးရှား လေကြောင်းလိုင်းကလည်း ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများကို အဆိုပါ သတင်းအား မိုဘိုင်းလ်ဖုန်း စာတိုပို့စနစ်ဖြင့် အကြောင်းကြားခဲ့သည်။

မလေးရှား ဝန်ကြီးချုပ်၏ ထိုသတင်း ထုတ်ပြန်ချက်ကို တရုတ်ခရီးသည်များနှင့် မလေးရှား ခရီးသည်များ၏ ဆွေမျိုးများက လက်မခံခဲ့ဘဲ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိမှသာ ထိုသတင်းကို ယုံကြည်နိုင်မည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် သြစတြေးလျ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့များသည် လေယာဉ် ၁၀ စင်း၊ သင်္ဘောရှစ်စင်းဖြင့် သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ မိုင်ပေါင်း ၁၁၅၀ မိုင် အကွာရှိ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်တွင် ကြိုးစားပမ်းစား ရှာဖွေလျက် ရှိသော်လည်း ပြင်းထန်ဆိုးရွားသော ရာသီဥတုကြောင့် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
တရုတ်ခရီးသည်များ၏ ဆွေမျိုးများက မလေးရှားအစိုးရကို ဝေဖန် ပြောကြားလျက် ရှိသော်လည်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင်ကမူ မလေးရှားနိုင်ငံ အနေနှင့် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးထားသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံကို အလွန် တာဝန်ကျေတဲ့ တိုင်းပြည်အဖြစ် သမိုင်းက မှတ်ကျောက်တင်သွားပါလိမ့်မယ်” ဟု မစ္စတာဟီရှာမူဒင်က ပြောကြားခဲ့သည်။ 

The Voice Weekly
ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေး ရန် မလေးရှား အစိုးရကို တောင်းဆိုပျောက်ဆုံး လျက်ရှိသော မလေးရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပေါ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ယနေ့ ရောက်ရှိလာပြီး ပျောက်ဆုံးလေ ယာဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ အမှန်အတိုင်း ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ

Photo: သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ
Monday, March 31, 2014

၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ)ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VANအဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကင်းတဲအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော ရဲတပ်သား ဇော်ဇော်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ နှုတ်ခမ်းအပေါ်၊ အောက်ညိုမဲ ဒဏ်ရာများရရှိပြီး သန်လျင်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ၎င်းယာဉ်၏ နောက်ခန်းတွင်စီးနင်းလိုက်ပါလာသူ ဦးစိုးမိုးတွင် ယာလက်ကောက်ဝတ်ကျိုးဒဏ်ရာရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း တက်ရောက်ကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်သူ ယာဉ်မောင်း နေ၀င်းအောင်အား သန်လျင်မြို့မရဲစခန်းယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ) ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VAN အဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအားဝင်ရောက်တိုက်မိခဲ့ ပါ သ ည်။

အခြေခံပညာကျောင်းများတွင် မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထားမည်

အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများကို ခန့်ထားရာ၌ မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထား မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ က ပြောကြား သည်။

KIO.ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင်


မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက် ယူနေပြီ ဖြစ်ပေ မယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင် စာရင်း ကောက် ယူနိုင်ခြင်း မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းအားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေ

Photo: ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းအားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေ
Monday, March 31, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအခြေအနေအချိန်အခါအရပြင် ဆင်ရန်လိုအပ်ပါကဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း၁၂၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဟု ၆၉ နှစ် မြောက်တပ်မတော်နေ့အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကမိန့်ကြားသွားသည့်အပေါ် CSO များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအကြားဝေဖန်သံ များထွက်ပေါ်လျှက်ရှိသည်။

၂၀၀၈ ခုနှစ် လူဦးရေ ၅၇ သန်းကျော်တွင်ဆန်္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက်၊ မဲပေးသူ ၂၆ သန်းကျော်ထဲက ၂၄ သန်း ကျော်ထောက်ခံဆန်္ဒမဲပေးခဲ့သော ကြောင့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည် ဟူ၍လည်းအဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မတ် ၂၆ ရက်နေ့ကပြော ကြားခဲ့သည့်သမ်္မတမိန့်ခွန်းတွင် လည်းအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင်နိုင်ငံရေးအကျပ် အတည်းဆီသို့ဦးတည်မသွားစေရန် ထည့်သွင်းပြောကြားခဲ့ခြင်းနှင့် ကာ/ချုပ် ၏တပ်မတော်နေ့မိန့်ခွန်း တို့သည်ဆက်နွယ်မှုရှိနေသည်ဟု ဝေဖန်သံများထွက်ပေါ်လာပြီး ““၂၀၀၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့နိုင်ငံရေးအရွေ့ကိုရှုမြင်နေ ကြခြင်းပဲဖြစ်တယ်””ဆိုသည့်စကား ကိုလုံးဝလက်မခံနိုင်ကြောင်းနိုင်ငံ ရေးလေ့လာသူ၊ တက်ကြွလှုပ်ရှား သူများကဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူ တစ်ရပ်လုံးရာခိုင်နှုန်းပြည့်နီးပါး ထောက်ခံထားတာမို့လို့တပ်မတော် အနေနဲ့ပြင်ဆင်ဖို့မသင့်ဘူးလို့ပြော ချင်ပုံရတယ်။ ၂၀၀၈ ကိုပြင်လိုက် ရင်တပ်မတော်ဟာတပ်မတော်နေ ရာမှာပဲရှိပြီး၊ နိုင်ငံတော်ရဲ့အထွဋ် အထိပ်နေရာဘယ်တော့မှပြန်မ ရောက်တော့ဘူး၊ ဒါကိုသူနဲ့သူ့ ဆရာကြီးက ပြောချင်ပုံရတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေ သူနိုင်ငံရေးအကျဉ်းသားဟောင်း ကိုမိုးကြိုးကပြောကြားလိုက်သည်။MDCF အဖွဲ့ခေါင်းဆောင်ကိုထင် ကျော်ကလည်း “ကာချုပ်ကဖွဲ့စည်း ပုံပြင်ဆင်ရေးဆွဲဖို့ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်သေးဘူး၊ ကာချုပ် ဟာပြည်သူ့ဝန်ထမ်း၊ ပြည်သူကို အလုပ်အကျွေးပြုရမယ်၊ ပြည်သူ့ အကျိုးစီးပွားကိုကာကွယ်ရမယ်၊ ဒီယုံကြည်ချက်နဲ့တာဝန်ကိုမျက် ကွယ်ပြုထားတယ်လို့မြင်တယ်”ဟုပြောသည်။

အချို့သောနိုင်ငံရေးပါတီများ ကတော့နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းများအပေါ်တွင်တစ်စုံတစ်ရာ ဝေဖန်မှုမရှိဘဲထောက်ခံလိုက်ကြ ကြောင်းသိရသည်။

ဇော်မြင့်
The Hot News Weekly
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအခြေအနေအချိန်အခါအရပြင် ဆင်ရန်လိုအပ်ပါကဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း၁၂၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင် ရွက်ရမည်ဟု ၆၉ နှစ် မြောက်တပ်မတော်နေ့အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကမိန့်ကြားသွားသည့်အပေါ် CSO များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ များအကြားဝေဖန်သံ များထွက်ပေါ်လျှက်ရှိသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေး ဖမ်းမိမှု လေးဆ နီးပါး မြင့်တက်

မန္တလေးမြို့တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသ တစ်ခုဖြစ်သည့် ကြယ်ဂေါင်မြို့တို့ကို ဆက် သွယ်ပေးရာ အချက်အချာလမ်း တစ်ခုဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးဂိတ် (နောင်ချို) တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ၂ နှစ်တာ ကာလအတွင်း သိသိသာ သာ မြင့်တက်လာကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း မူးယစ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

Photo: ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

မန္တလေး၊ မတ် ၃၀

နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

အနိမ့်ဆုံး ရှိရမည့် ရေမှတ်ထက် ရေအမြင့် ပေ ၃၀ ခန့် ရှိနေသေးသဖြင့် လက်ရှိနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၉၀ ထိ ထုတ်လုပ်နိုင်သော်လည်း မဂ္ဂါဝပ် ၄၅၀ သာ ထုတ်လုပ်ပေးနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မနက် ၅ နာရီကနေ စက်မောင်းတယ်။ နေ့လယ် ၁၁ ကျရင် ရပ်ထားတယ်။  ညနေ ၅ နာရီမှာ စမောင်းတယ်။ ည ၁၁ နာရီမှာ ပိတ်တယ်၊ ဓာတ်အား လိုအပ်တဲ့ အချိန်မှာ မီးပေးနိုင်ဖို့ပဲ စက်ကို မောင်းတော့တယ်။ ရေချွေတာတဲ့ သဘောပါ” ဟု ဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ရရှိမည့် ဓာတ်ငွေ့ဖြင့် တည်ဆောက်လျက် ရှိသော သဘာဝ ဓာတ်ငွေ့သုံး ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကျောက်ဆည်မြို့နယ်တွင် ဧပြီလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ သိရှိရသည်။

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ သားဖွားသင်တန်းကျောင်းတွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံပွဲတွင် သင်တန်းကျောင်း၌ လျှပ်စစ်မီး အခက်အခဲ ရှိကြောင်း မီးပျက်သည့်အခါ မီးစက်နှိုးထားရပြီး လက်ရှိ ဒုသမ္မတ လာရောက်ချိန်တွင်လည်း မီးပျက်နေသဖြင့် မီးစက်နှိုးထားရကြောင်း ယင်းသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယင်းတွေ့ဆုံပွဲတွင် ပြန်လည် ပြောကြားသည်။
နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ

Photo: KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ
Monday, March 31, 2014

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင် စာရင်း လိုက်လံကောက် ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။

“KIA က တပ်ရင်းမှုးလို့ပြောတယ်…ကျွန်မတို့ကို သန်းခေါင်းစာရင်ကောက်ဖို့ မလာနဲ့၊ လာလို့ သူတို့ဘက်က စစ်သားတွေ တခုခု လုပ်ရင် တာဝန်မယူဘူး ” ဟု ဆိုပြီး လာရောက်ပြောကြားကြောင်း သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဆရာမ တစ်ဦးမှ ပြောသည်။

ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း KIA ရင်း ၂၇ တာဝန်ရှိသူများက သန်းခေါင်စားရင်း အကောက်မခံရန်ပြောကြားခဲ့ သလို ရင်း (၁) လက်အောက်ခံ အင်ဘာပါ ၊ တုန်ဟုန်း၊ လွယ်ဂျယ်အစရှိသည့် ရှမ်းရွာများတွင်လည်း သန်းခေါင်းစာရင်း အကောက်မခံရန် ပြောကြားထားကြောင်း လွယ်ဂျယ်မြို့ခံတစ်ဦးထံမှ သိရသည်။

“ သူတို့တွေ….ကျွန်မနဲ့အတူ ဆရာတစ်ဦးကို သန်းခေါင်းစာရင်း လိုက်ကောက်နေတုန်း ဖမ်းခေါ်သွားတယ်…. မနေ့က တော့ မေးခွန်ပုံစံတွေသိမ်းပြီး လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်….နောက်တစ်ခေါက်ကျရင် ဖမ်းခံရတဲ့သူကို သတ်ပြစ်မယ်လို့ ပြောလိုက်ဆိုပြီးပြောတယ်….ခု ကျွန်မတို့တွေ သန်းခေါင်းစာရင်းတောင် ဆက်မကောက်ရဲတော့ဘူး” ဟု လွယ်ဂျယ်မြို့နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူနေသော ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကာယကံရှင် ဆရာမကပြောသည်။

ယခုကဲ့သို့ KIA မှ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို ခွင့်မပြုသည့်အပြင် ကချင်ပြည်နယ် အတွင်း တခြားကျေးရွာများကို သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဝန်ထမ်းများကိုပါ ဖမ်းဆီးနေခြင်းကြောင့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာမျာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင်စားရင် လိုက်လံကောက်ယူမည့် ဆရာမများမှာ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်လျှက်ကြောင်း ဒေသခံဆရာမ တစ်ဦးက ပြောကြားသွားခဲ့ပါသည်။

ခိုင်မြဲအောင်

https://www.facebook.com/profile.php?id=100004684952735
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာ များတွင် သန်းခေါင် စာရင်း လိုက်လံကောက်ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ

Photo: သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း
ကောက်ယူမှုခံယူ|
Monday, March 31, 2014

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ စတင်
ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်း
နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦး
ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍
နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမံဇာ
ခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့် သန်းခေါင်စာရင်း
ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြရာ သန်းခေါင်စာရင်း မေးခွန်း ၄၁ ချက် ကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး
မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း
အင်အား ၁၁၁၂၅၄ ဦးအား သင်တန်းများပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း
ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း ၁၄၈၃၅၆၀၀ နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် စာရွက်စာတမ်း အပြည့်အစုံအား
နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ၊ရပ်ကွက်၊ ကျေးရွာကွပ်ကဲရေးရုံးများ
တွင် ဖြန့်ဝေ ထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စု တစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ချက် မေးမြန်း
ကောက်ယူမည်ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား မတ် ၂၉ ရက် ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကာ မတ် ၃၀ မှ ဧပြီ
၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှစတင်ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်းနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် ၌ ဖော်ပြခဲ့သည်။

မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်

Photo: မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်
Monday, March 31, 2014

အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ် ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီး လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တောင် ကုန်းလောကမာရဇိန်စေတီအတွင်းရှိ ဗုဒ္ဓဆင်းတု တော်သည် မတ်၂၃ ရက် သန်းခေါင်ယံအချိန်၌ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်ပြီး တန်ခိုးပြသ ခဲ့ပြီးနောက်ပိုင်း နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်ပေါင်း ၅ဝဝကျော်ခန့် လာရောက် ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း ဂေါ ပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

''အခြားမြို့ကြီးတွေက ဘုရားဖူးတွေ ရော ကားတွေနဲ့ လာဖူးကြတာကိုတွေ့ရတယ်။ နေ့စဉ် ၅ဝဝနီးပါးရှိတယ်ဆိုတာ ဒီမှာလှူသွား ကြတဲ့ အလှူငွေဖြတ်ပိုင်းကိုကြည့်ပြီး ပြောတာ။ စပြီးပွင့်တဲ့နေ့ကဆို အတွင်းမှာလူပြည့်လို့ နောက် ပိုင်းသံဆန်ခါပိတ်လိုက်ပြီး အပြင်ကပဲဖူးမြော် စေခဲ့ရတယ်။ သုံးရက်အတွင်း လာရောက်ဖူးမြော် သူတွေရဲ့ လှူဒါန်းငွေ၁၅သိန်းကျော်ရှိပါပြီ''ဟု ¤င်းက ဆက်လက်ပြောသည်။

အဆိုပါဆင်းတုတော်အား တပို့တွဲ လပြည့်နေ့တွင် ရွှေသင်္ကန်းပူဇော်ကာ ရောင်တော် ဖွင့်ပြီးနောက်ပိုင်း ယခုကဲ့သို့ မျက်လုံးတော်ဖွင့် တန်ခိုးပြသခဲ့ခြင်းကို ကြုံတွေ့ရကြောင်း ဂေါပက အဖွဲ့မှ ပြောသည်။

''၂၃ရက် မွန်းလွဲ၂နာရီလောက်ကတည်း က ဒီဘုရားကိုလာတဲ့ကလေးတွေကစပြီး ဝဲ ဘက်မျက်လုံးတော်ပွင့်လာတာကို သူတို့မိဘတွေ ပြန်ပြောပြရင်း ဒီဖြစ်ရပ်ကို သိသွားတာ။ လွန်ခဲ့ တဲ့နှစ်ပေါင်း၃ဝကျော်ကလဲ မျက်တောင်လှုပ်ခတ် ပြီး ရောင်ခြည်တော်ကွန့်မြူးခဲ့သေးတယ်။ ဝဲ ဘက်မျက်လုံးကစပွင့်ပြီး ညပိုင်းကျတော့ နှစ် ဖက်စလုံးပွင့်လာတာ။ မျက်ဆန်တွေကအစ အား လုံး ထင်ထင်ရှားရှားဖူးတွေ့ရတော့ အကုန်အံ့သြ သွားကြတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစေတီတော်ကို မူလတည်ထားသူ မှာ ကောဇာသက္ကရာဇ် ၄၇၉ခုနှစ်၊ ပုဂံနန်းစံ ၄၅ ဆက်မြောက်မင်းဖြစ်သော အလောင်းစည်သူမင်း ကြီး ဗဒုံ(ခေါ်) အလုံမြို့သို့ ဖောင်စကြာဖြင့်ဆိုက် ရောက်စဉ် ဗဒုံမြို့တောင်ဘက် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်မှတစ်ဆင့် အရှည်နှစ်မိုင်ခန့် ရှိ သော လှေကူးအင်းအတွင်း လှည့်လည်ရှုစား စဉ် တောင်ဘက်ကုန်းကမူအရပ်၌ ဆိုက်ကပ်ပြီး အထိမ်းအမှတ်အဖြစ် သဲပုံစေတီတစ်ဆူတည် ထား၍ တောင်ကုန်းလောက မာရဇိန်ဘုရားဟုဘွဲ့ သမုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရသိရသည်။

အဆိုပါဘုရားသမိုင်းကို ပြုစုသူ အသက် ၈၃နှစ်အရွယ် မုံရွာမြို့ခံစာရေးဆရာကြီး သုဓမ္မ မဏိဇောတဓရ ဦးစန်းမောင်(မုံရွာစန်းမောင်)က ''ဟိုတုန်းက ဗဒုံ(အလုံ)နဲ့ မုံရွာမြို့ကြားမှာ လှေ ကူးအင်းကြီးခြားတယ်။ အခုမြေတွေဖို့လိုက်တော့ လှေကူးအင်းရဲ့ လက်ကျန်က ကန်သာယာကန်ပဲ ကျန်တော့တာ။ အဲဒီနောက် ကုန်းဘောင်ခေတ် မှာ ဗဒုံမြို့စားဖြစ်ခဲ့တဲ့ ဘိုးတော်ဦးဝိုင်းက လှေ ကူးအင်းကိုလာတော့ လှေကူးအင်းအလယ် တည့် တည့်မှာရှိတဲ့ ဘေးလောင်းတော် ဖောင်စကြာ ရှင်တည်ခဲ့တဲ့ သဲပုံစေတီရှိကြောင်း အမတ်ကြီး စိန္တကျော်သူဦးသြက တင်လျှောက်လို့ အဲဒီနေ ရာမှာ ကိုးတောင်ပြည့်အုတ်စေတီ ထပ်မံတည် ထားတာ။ နောက်ပြီး အင်းထဲက သားငါးမျိုးစုံ ငှက်မျိုးစုံကိုလဲ ဘေးမဲ့ပြုတော် မူပေးခဲ့တယ်။ နောက် ချုံနွယ်တွေထူထပ်လာပြီး သားကောင် မျိုးစုံ ခိုအောင်းလာတယ်။ အင်းကလဲ ကောလာ တယ်ပေါ့။ နောက်တော့ လယ်တီဆရာတော် ဘုရားကြီးရောက်လာပြီး လောကမာရဇိန်ဘုရား ကို ကျောပေးလျက် အင်းကိုမျက်နှာမူပြီး နေ့စဉ် တရားအားထုတ်ခဲ့တယ်။ နေဝင်ချိန်တိုင်း ဆရာ တော်ကြီး ပျောက်ပျောက်သွားလို့ တပည့်တွေက လိုက်ရှာရင် ဆရာတော်ကြီး မလှမ်းမကမ်းမှာ ကျားသစ်ကြီးနှစ်ကောင် ဝပ်ပြီး ဖူးမြော်နေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကြီး နှစ်ပေါင်း များစွာ တရားအားထုတ်ခဲ့တဲ့ နေရာဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဆရာတော်နဲ့ ကုလားလူမျိုး၊ မြန် မာလူမျိုးတွေ စုပေါင်းပြီး Óဏ်တော်ပေ ၃ဝ ထပ်မြှင့်တည်ခဲ့တာ၊ ဘွဲ့တော်ကို မူလဘွဲ့တော်ပဲ မှည့်ခေါ်ခဲ့တာပါ''ဟု ပြောသည်။

ယခင် လောကမာရဇိန်ဘုရား တည်ရှိရာ နေရာတွင် ကိုလိုနီခေတ်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သော ဟိန္ဒူလူမျိုးများ၊ မြန်မာလူမျိုး များသည် ဒေါနပန်းပင်များစိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းပြုခဲ့ရာ နေရာဖြစ်သောကြောင့် ဒေါနခြံရပ်ကွက်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရ သည်။

Yangon Media Group
အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓ ဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ်ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကွင်းလယ်ဒိုင်ကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်အသင်းမန်နေဂျာကို ထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ကို ထုတ်ပယ်လိုက်ကြောင်း ယင်းအသင်း အမှုဆောင် အရာရှိ ဦးရဲလှိုင်ဝင်းက ပြောကြားသည်။

ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်

Photo: ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်
Monday, March 31, 2014

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

ယင်းအဖွဲ့များသည် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးတွင် ဝင်ရောက် ဖမ်းဆီးသည်ကို တွေ့လျှင်ဖြစ်စေ၊ သတင်းရရှိလျှင် ဖြစ်စေ၊ ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းကာ သက်သေ အထောက်အထား ခိုင်လုံမှု ရှိစေရန် မှတ်တမ်းဓာတ်ပုံ ရယူစေခြင်း၊ သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနများသို့ သတင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောကြားသည်။
“မေလ ပထမပတ်မှာ စဖွဲ့ဖြစ်မယ်။ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတိုင်းမှာ ဖွဲ့စည်းသွားမယ်။ ကမ်းနီး ငါးဖမ်းကွက်ကို ကိုယ့်ဟာကိုယ် စောင့်ရှောက် ကာကွယ်နိုင်အောင် လုပ်ဆောင်တာပါ” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအေး မေးမြန်းခဲ့သည့် ဥပဒေမဲ့ တရားမဝင် ငါးဖမ်းနေမှုများအပေါ် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန အနေနှင့် မည်ကဲ့သို့ ထိရောက်စွာ စစ်ဆေးကြပ်မတ် အရေးယူနေသည်ကို သိရှိ လိုပါကြောင်းနှင့် အဆိုပါ စစ်ဆေး ကြပ်မတ်မှုများ မထိရောက်ပါက အနာဂတ် သယံဇာတများ မပြုန်းတီးရေးနှင့် ကမ်းနီး ရေလုပ်သားများ ရှေ့ရေးအတွက် ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဝန်ကြီးမှ ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပါကျဉ်းကျန် ပိုက်ကွက် (ခြင်ထောင်ဇာ) ဖြင့် ငါးဖမ်းဆီးခြင်း၊ စည်းကမ်းမဲ့ ကမ်းဝေးဝါးလတ်၊ ဝါးတန်းလှေများမှ ကမ်းနီး လုပ်ကွက်တွင် ဖမ်းဆီးခြင်း၊ ဗုံးခွဲလှေများဖြင့် ငါးဖမ်းဆီးခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကြောင့် ရေသယံဇာတများ ရှားပါးလျက် ရှိသည့်အပြင် ကမ်းနီး လှေငယ်များ၏ ငါးဖမ်း ကိရိယာများ ပျက်စီးဆုံးရှုံးခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဦးထွန်းအေးက ပြောဆိုသည်။
“တရားမဝင် ငါးခိုးဖမ်း လှေများကို အချိန်မီ ဖမ်းဆီးနိုင်ရေးကို ပင်လယ်ပြင် စိုးမိုးရေးတပ်များ၊ တပ်မတော် (ရေ) တပ်များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ကမ်းဝေး ငါးဖမ်းစက်လှေများသည် စက်လှေ နံပါတ်ပြားများကို သံပြားများဖြင့် ဖုံးအုပ်ကာ ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းဆီးခြင်း၊ အမှောင်ကို အမှီပြုကာ ညအချိန်များတွင် ဝင်ရောက်လေ့ ရှိခြင်းကြောင့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူရန် အခက်ကြုံတွေ့ရသည်ဟု ရေလုပ်သားများက ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း တရားမဝင် ထိုင်းငါးခိုး ဝါးလတ်တစ်စီး၊ ထိုင်းစာတန်းပါ ငါးခိုးလှေတစ်စီး၊ ထိုင်း ကဏန်းဖမ်းလှေ တစ်စီး၊ ဗုံးခွဲလှေသုံးစီး၊ အမည်မဲ့ ဗုံးခွဲလှေ နှစ်စီး၊ တရွတ်ဆွဲလှေ ၄စီး၊ ထိုင်းငါးကဲ့လှေနှစ်စီး၊ ငါးသယ်လှေ နှစ်စီး၊ ဝါးလတ် နှစ်စီး၊ ပါကျဉ်း ကျန်ပိုက်ပါစည်းပျက်လှေ လေးစီး၊ ကမ်းဝေးစည်းပျက်လှေ တစ်စီး၊ ပြည်ပ ကျူနာငါးခိုးလှေငါးစီး၊ စည်းပျက် တရွတ်ဆွဲပိုက် တစ်စီး၊ ဝိုင်းချုပ် စည်းပျက်လှေ တစ်စီး၊ စည်းပျက်လှေ နှစ်စီးတို့ကို ဖမ်းဆီးရမိပြီး တည်ဆဲ ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါ လွှတ်တော် အစည်းအဝေးထံမှ သိရှိရသည်။

The Voice Weekly
ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ေ ရာက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား

Photo: တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား
Monday, March 31, 2014

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာသဖြင့် အဆိုပါ တရားမဝင် ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“သတ္တုမတူးဖော်ရတဲ့ ကန့်သတ် မြေနေရာတွေက လွဲရင် တရားဝင် လျှောက်ထားခွင့် ပြုထားတယ်။ ခိုးတူးရင် စိစစ်ဖော်ထုတ် အရေးယူသွားမယ်” ဟု ဝန်ကြီး ဦးသန်းစိုးမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သစ်ပင်ကြီးများ ပေါက်ရောက်သော ဒေသများ၊ ဓမ္မတာ မျိုးဆက် ဧရိယာများ၊ ရေဝေရေလဲ ဧရိယာများကို ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့် မပြုသည့်အပြင် ပုသိမ်ကြီး မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဓာတ်သတ္တု တူးဖော်ခွင့် မပြုတော့ကြောင်း၊ အဆိုပါ ကန့်သတ်နေရာများတွင် တူးဖော်နေသူများနှင့် လုပ်ပိုင်ခွင့် လျှောက်ထားခြင်း မရှိဘဲ ဓာတ်သတ္တု ခိုးယူတူးဖော်သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့များက စိစစ်ဖော်ထုတ်ပြီး သတ္တုတွင်း ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အခြား ဓာတ်သတ္တုထွက်သော နေရာများတွင် သတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရန် သတ္တုတွင်း ဥပဒေများနှင့်အညီ အကြီးစားလုပ်ကွက်၊ အလတ်စား လုပ်ကွက်များ ချပေးကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“တရားမဝင် ခိုးပြီး သတ္တုထုတ်ယူတာကတော့ ဒေသခံတွေ အများစုပါ။ တရားဝင် လုပ်ငန်းရှင်တွေကတော့ ခိုးတူးစရာမှ မလိုဘဲ။ သူတို့ကလည်း ဒီအလုပ်မှ မလုပ်ရရင် လုပ်ကိုင်စားစရာမှ မရှိတာ။ အရင်ကတော့ တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေ ဒေသခံတွေကို ချပေးမယ်ဆိုပြီး အခုထိ ချမပေးသေးတော့ လုပ်စရာမရှိလို့ ခိုးတူးနေကြတာပါ” ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် လင်းသန့် သတ္တုတူးဖော်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်သတ္တုတူးဖော်ရေး လုပ်ကိုင်နေကြသည့် ဒေသများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဥ့်ကူး၊ ပြင်ဦးလွင် စသော ဒေသများတွင် မိရိုးဖလာအရ ရွှေတူးဖော်ရေး လုပ်ငန်းများကို အများစု လုပ်ကိုင်နေကြပြီး အဆိုပါ အလုပ်ကို လုပ်ကိုင်နေကြသည့် လူအများစုမှာ လိုင်စင်မရှိဘဲ ရွှေထွက်သည့် ဒေသများသို့ အုပ်စုလိုက် ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာ သဖြင့် အဆိုပါ တရားမဝင်ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ် အုပ်ချုပ်ရေးမှူး များ မှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

Photo: မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

March 31, 2014

အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ စပိန်တင်းနစ် ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယား တင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် နာဒယ်လ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ၎င်းနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူ သောမက်စ်ဘာဒိုက်ခ်ျမှာ ဒဏ်ရာရရှိပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ သီးခြား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ခုတွင် ဂျိုကိုဗစ်သည် ပြိုင်ဘက်ဖြစ်သူ ကေနီရှီကိုရီမှာ အစာအိမ်ရောဂါကြောင့် ပြိုင်ပွဲမှ ထွက်ခွာသွားသဖြင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့သည် တင်းနစ် ချန်ပီယံ ပြိုင်ပွဲ တစ်ခု၏ ဆီမီးဖိုင်နယ် ပွဲစဉ်တို့တွင် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဗိုလ်လုပွဲစဉ်သို့ တစ်ပြိုင်တည်း အလို အလျောက် တက်ရောက်လာသည့် ATP သမိုင်းတွင် ပထမဆုံးသော တင်းနစ် ကစားသမားများ ဖြစ်လာ သည်ဟု သိရသည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ် လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ်အဆင့်ရှိ စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယားတင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်ကြော င်း သိရ သည်။

မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား

Photo: မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား
Monday, March 31, 2014

မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံ တောင်သူ ၅၀ ဦးခန့်ထံမှ မြေဧကပေါင်း ၁၄၂ ဒသမ ၇၈ ဧက သိမ်းဆည်းခဲ့ပြီး မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက ပေ ၈၀၊ ပေ ၆၀ ရှိသည့် မြေကွက်နှစ်ကွက် ပြန်လည် ရရှိမည်ဟု တာဝန်ရှိသူများနှင့် သဘောတူထားသူ ၃၇ ဦးရှိရာ ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။
“ဒီမြေတွေက စိုက်ပျိုးလို့ မကောင်းတဲ့အတွက် အစပိုင်းကတည်းက မြို့ကွက်သစ် ရိုက်ဖို့ အားလုံးနီးပါး သဘောတူညီခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အုံတုံပင် ကျေးရွာက ဒေသခံ ၁၃ ဦးက သဘောမတူဘူး ဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ လုပ်ပါတယ်။ စပြောတုန်းကတည်းက ထန်းပင်အတွက် လျော်ကြေး မပါပါဘူး။ အခုတော့ ထန်းတစ်ပင်အတွက် လျော်ကြေး ကျပ်တစ်သောင်းခွဲ ပေးမယ်လို့ ကြားတယ်” ဟု မြို့ကွက်သစ် စီမံကိန်း ဖော်ဆောင်ရန် သဘောတူသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ရဲတပ်ရင်း(၂၈) မှာ မုံရွာ- ပုသိမ် ကားလမ်းမကြီး၏ အနောက်ဘက်တွင် ရှိပြီး သိမ်းဆည်းခဲ့သည့် မြေဧက ၁၄၂ ဒသမ ၇၈ ဧကအနက် ဧကပေါင်း ၈၀ ကျော်သုံးစွဲမည် ဖြစ်ကြောင်း၊ မြို့ကွက် သစ်အတွက် ဧက ၅၀ ကျော် ပြန်လည် အသုံးပြုမည်ဖြစ်ကာ ယခင်က လျော်ကြေးပေးရန် သဘောတူညီမှု မရှိခဲ့သော်လည်း ထန်းပင်တစ်ပင်လျှင် တစ်သောင်း ငါးထောင်ကျပ် လျော်ကြေးပေးမည် ဖြစ်ကြောင်း ယင်းစီမံကိန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းယာမြေများပေါ်တွင် မြို့ကွက်သစ် ဖော်ဆောင်၍ အကွက်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးရန် ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြေပိုင်ရှင် ၄၁ ဦး စုပေါင်း လက်မှတ်ထိုး၍ တိုင်းအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ် တင်ပြခဲ့ကြောင်း၊ မြေပုံအညွှန်းအရ ယခု မြေယာများမှ အကွက်ရိုက်လျှင် အကွက်ပေါင်း ၃၃၄ ကွက်ရမည်ဟု မြေယာ ပြန်လည် ချထားပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းက ပြောဆိုသည်။

မတ်လ ပထမပတ်အတွင်းက ထန်းပင်များ ဖြိုလှဲခံရခြင်း၊ မြေယာ ညှိခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်မှုကို ကန့်ကွက်သည့် အုံတုံပင် ဒေသခံများနှင့် မတ်လ ဒုတိယပတ်တွင် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မတ်လ အတွင်း၌ပင် မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းရမ်း စားသောက်သည့် ပုံသဏ္ဌာန်များလည်း ပြုလုပ်ခဲ့ကြသည်။

The Voice Weekly
မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေ လိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ဆရာတော်ဦးဝီရသူက နိုင်ငံသား အစ္စလာမ်ဘာသာအသိုင်းအဝိုင်း ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟုကြေညာ

အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံအပေါ် သစ္စာစောင့်သိမှုကို အခြေခံသည့် ''နိုင်ငံသား'' အစ္စလာမ် ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။