Monday, 31 March 2014

ယူကရိန်းနယ်စပ်က ရုရှားတပ်တွေရုပ်ဖို့ အမေရိကန်တောင်းဆို

Photo: ယူကရိန်းနယ်စပ်က ရုရှားတပ်တွေရုပ်ဖို့ အမေရိကန်တောင်းဆို
Monday, March 31, 2014

ယူကရိန်းနယ်စပ်တလျှောက်မှာ ချထားတဲ့ ထောင်သောင်းချီတဲ့ ရုရှားတပ်တွေကို ပြန်ဆုတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အခုလိုတပ်တွေချထားတာဟာ ယူကရိန်းနိုင်ငံတွင်း စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်လာအောင် လုပ်နေသလို ဖြစ်နေတယ်လို့ လည်း ပြောပါတယ်။

ဝန်ကြီးကယ်ရီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၄ နာရီကြာ ဆွေးနွေးမှုတွေ အပြီး တနင်္လာနေ့ အစောပိုင်းက သတင်းထောက်တွေကို ခုလိုပြောဆိုလိုက်တာပါ။

ယူကရိန်းနိုင်ငံရဲ့ ရှေ့ရေးအတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိစေဖို့ ရုရှားကရော အမေရိကန်ကပါ သဘောတူခဲ့ကြတယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို ရုရှားက သိမ်းပိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ပြေလျော့လာအောင် ဘယ်လို လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ၂ ဘက်စလုံးက အကြံပြုခဲ့ကြတယ်လို့လည်း ပြောပါတယ်။

သီးခြားပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ယူကရိန်းနိုင်ငံတွင်း လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာစကားဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တိုးတက်စေဖို့အတွက် သူဟာ ယူကရိန်းအစိုးရနဲ့ရော ယူကရိန်းနိုင်ငံသားတွေနဲ့ပါ လက်တွဲလုပ်ဆောင်ဖို့ သဘောတူတယ်လို့ ပြောပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Sergei Lavrov (ယာ) ပဲရစ္စ်မြို့က ရုရှားသံအမတ်နေအိမ်မှာ တွေ့ဆုံစဉ်။ (မတ်လ ၃၀၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Sergei Lavrov (ယာ) ပဲရစ္စ်မြို့က ရုရှားသံအမတ်နေအိမ်မှာ တွေ့ဆုံစဉ်
ယူကရိန်းနယ်စပ်တလျှောက်မှာ ချထားတဲ့ ထောင်သောင်းချီတဲ့ ရုရှားတပ်တွေကို ပြန်ဆုတ်ပေးဖို့ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အခုလိုတပ်တွေ ချထားတာဟာ ယူကရိန်းနိုင်ငံတွင်း စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်လာအောင် လုပ်နေသလို ဖြစ်နေတယ်လို့ လည်း ပြောပါတယ်။

အမေရိကန်အဆင့်မြင့် နည်းပညာသုံးကိရိယာနဲ့ မလေးလေယာဉ်ပျောက် ရှာဖွေ

Photo: အမေရိကန်အဆင့်မြင့် နည်းပညာသုံးကိရိယာနဲ့ မလေးလေယာဉ်ပျောက် ရှာဖွေ
Monday, March 31, 2014

လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ black box ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

တချိန်တည်းမှာပဲ ဒေါသထွက်နေကြတဲ့ တရုတ်မိသားစုဝင် ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့ဆီ ဒီကနေ့ ရောက်လာကြပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မလေးရှားအစိုးရက ဖုံးကွယ်ထားတယ်လို့ စွပ်စွဲပြီး သူတို့မိသားစုဝင်တွေ ပါသွားတဲ့ လေယာဉ်
ဘာဖြစ်သွားတာလဲဆိုတာကို ထဲထဲဝင်ဝင်ပြောပြဖို့ တောင်းဆိုနေကြပါတယ်။

၈ ရက်နေ့ကတည်းက ပျောက်သွားတဲ့ လေယာဉ်ပေါ်မှာ တရုတ်လူမျိုးတွေ အများစုပါသွားတာဖြစ်ပါတယ်။ မလေရှားလေကြောင်းလိုင်းလေယာဉ်နဲ့
အရောင်ဆင်တူတဲ့ အရာဝတ္ထုတွေကို တရုတ် ရှာဖွေရေး လေယာဉ်တွေပေါ်ကနေ စနေနေ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီအရာဝတ္ထုတွေရော ဆယ်ယူနိုင်ခဲ့တဲ့ အရာတွေပါ မလေးရှားလေယာဉ် အပိုင်းအစတွေဖြစ်တယ်ဆိုတာ အတည် မပြုနိုင်သေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

VOA

မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ
မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ

လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့် နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီးပျောက်နေတဲ့ မလေးရှားလေကြောင်း လိုင်းလေ ယာဉ် ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ

Photo: ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ
Monday, March 31, 2014

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ် ။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ဦးထွန်းလင်းခြံလမ်းမှာ တ.က.သ အဖွဲ့ဝင်တွေ စုပေါင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

"ပြီးခဲ့တဲ့ရက်ပိုင်ကထွက်သွားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်း လွှတ်တော်ကနေအတည်ပြုသွားတယ် ကျနော်တို့အနေနဲ့ အဲ့ဥပဒေကြမ်း သတင်းစာမှာမပါတဲ့ အစိုးရကလုပ်တဲ့ လွှတ်တော်ကနှစ်ခုပေါင်းလုပ်တဲ့ ဥပဒေကြမ်းကို ဆန္ဒပြဖို့ ဒီနေရာကို ကျနော်တို့ရောက်ရှိနေတာ ဖြစ်ပါတယ်၊ အစိုးရအနေနဲ့ အခုလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ လုံးဝအယုံအကြည်မရှိပါဘူး၊ ဒါပြီးလို့ရှိရင် ကျနော်တို့ ဆက်တိုက် ဆက်တိုက် ရှေ့ဆက်ဖို့ အများကြီးရှိပါတယ်၊ ကျနော်တို့အခုစပြီး ဆန္ဒပြခြင်းဖြင့် ကျနော်တို့တွေ အစိုးရကို ကျနော်တို့ အစိုးရကို ကနဦး ပထမဆုံး စိန်ခေါ်ခြင်းပဲ"

တက္ကသိုလ်တိုင်းမှာ ဆန္ဒပြဖို့ တ.က.သအဖွဲ့ဝင်တွေအနေနဲ့ ဆက်လက်ပြီး နှိုးဆော်သွားမယ်လို့ ဒီနေ့ ကန့်ကွက်ကြောင်း မိန့်ခွန်းပြောကြားခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေး ဝန်ကြီးဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်းအချက် ၁၃ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဆန္ဒပြရာမှာ အမျိုးသားပညာရေးကောင်စီ အလိုမရှိကြောင်း ၊ ပညာရေးလွတ်လပ်ခွင့်ရှိရေး နဲ့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ရေး ၊ ကျောင်းသား သမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ရရှိရေးနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အတည်ပြု ပြဌာန်းရာမှာ လွှတ်တော် ၊ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လည်း တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် ၊နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် ၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့က ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲကိုလည်း ခွင်ပြုချက်မယူဘဲ နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ)အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့် ကွက် ဆန္ဒပြ ခဲ့ကြပါတယ် ။

သရက်မြို့မှ လက်ဝှေ့ပြိုင်ပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍  သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ

မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင် ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ရှမ်းနီဒေသမှ ၂၀၁၄ သန်းကောင်စာရင်း၏ ကသောင်းကနှင်းများ

၃၀.၃.၂၀၁၄ စီခမ်းကြီး ၊ စီအူကျေးရွာများ သန်းခေါင်စာရင်းကောက်ခွင့်ရရှိ ယခင်စီခမ်းကြီး ၊ စီအူ ၊ ကောင်လွင် ကျေးရွာများတွင် KIA တပ်ရင်း(၁၂)မှ သန်းခေါင်စာရင်းကောက်ခွင့်မပေး နိုင်ကြောင်း တားမြစ် ထားသော်လည်း ယနေ့သတင်းအရ အစိုးရစစ်တပ်၏ လုံခြုံရေးအကူအညီပေး မှုဖြင့်သန်းခေါင် စာရင်းကို ပြန်လည်ကောက်ခံခွင့်ရရှိကြောင်းသိရပါသည်။ ကောင်လွင်ကျေးရွာမှာမူ ယခုအချိန်အထိ KIA တပ်ရင်း (၁၂) မှ သန်းခေါင်စာရင်းကောက်ယူခွင့် မပေးသေးကြောင်းသိရှိရပါသည်။

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို မြို့တော်စည်ပင်မှ ဖယ်ရှားရန်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သပိတ်စခန်း ဆက်လက်ဖွင့်လှစ်

Photo: မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို မြို့တော်စည်ပင်မှ ဖယ်ရှားရန်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သပိတ်စခန်း ဆက်လက်ဖွင့်လှစ်
Monday, March 31, 2014

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရန်ပြုလုပ်သော်လည်း သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများက နစ်နာမှုများအတွက် ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

မတ် ၃၀ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို စည်ပင်မှ လူအင်အား ၁၀၀ ခန့်ဖြင့် အင်အားသုံးဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက “စည်ပင်ဥပဒေပုဒ်မ ၆၁(က)အရ မည့်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းကို တားမြစ်ထားကြောင်း၊ ပုဒ်မ ၆၃(င)အရ အများပြည်သူဆိုင်ရာ လမ်းပေါ်အုပ်မိုး၊ ထိုးထွက်၍ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ စုပုံခြင်းမပြုရဟု တားမြစ်ထားကြောင်း” စသည့်အချက်များကို သပိတ်စခန်းဖျက်သိမ်းနိုင်ရန် ကြေညာခဲ့သည်။

ထို့ပြင် လမ်းများ၊ စင်္ကြန်များပေါ် လက်ရှိဆောက်လုပ်ထားသည့် ယာယီတဲနှင့် အမိုးအကာများကို ဖျက်သိမ်းရန် မေတ္တာရပ်ခံကြောင်း၊ မပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ အသိပေး ကြေညာအပ်ပါသည်ဟု မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနေသူများကို ဖျက်သိမ်းဖယ်ရှားရန် ထပ်မံအသိပေးခဲ့သည်။

“စည်ပင်ဥပဒေကိုဘမ်းပြပြီး ခရိုနီအကျိုးစီးပွားကာကွယ်ဖို့ သပိတ်စခန်း ဖြိုခွင်းနည်းလို့ပဲ ထင်တယ်။ သတိပေးစာနဲ့ တရားဝင်အကြောင်းကြားစာပို့ပြီး လုပ်ရမှာ။ ညကဖျက်ဖို့ ခေါ်လာတဲ့လူတွေက ဘယ်သူတွေ လဲဆိုတာ အရှေ့ပိုင်းခရိုင် စည်ပင်အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အားလုံးစည်ပင်က၀န်ထမ်းလို့ မပြောပဲ တာဝန်ရှိသူတွေလို့ပဲပြောတယ်” ဟု အဆိုပါ သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအေးမြင့်က မတ် ၃၀ ရက် ညနေပိုင်းတွင် ပြောကြားသည်။

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများမှာ လတ်တလောတွင် အမိုးအကာများကို ဖြုတ်သိမ်းထားပြီး ၀ါဝါ၀င်းအိမ်ရာရှေ့ တွင် နေထိုင် လျက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group 

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက် ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက် ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရန်ပြုလုပ်သော် လည်း သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများက နစ်နာမှုများအတွက် ဆက်လက်၍ ဖွင့်လှစ်သွား မည်ဖြစ်ကြော င်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မ .ထ .သ အုပ်ချုပ်မှုကို လိုလားမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပြုရန် ဆန္ဒထုတ်ဖော်

တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ဗဟို၏ အုပ်ချုပ်မှုကို လိုလာမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပုံမှန်ပြေးဆွဲခွင့်ပြုရန် ဆန္ဒ ထုတ်ဖော်ခြင်းကို မတ် ၃၀ ရက် နံနက် ၈ နာရီတွင် တိုက်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့သည်။

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်

Photo: မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြသဖြင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး
Monday, March 31, 2014

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။

ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ်နေခြင်း၊ ကျေး လက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော် ဖယ်ရှားခံရခြင်းတို့ကြောင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့်အတွက် ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ပေါင်တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော် ဖယ်ရှားခံရတော့မှာဖြစ်လို့ ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ” ဟု ဆန္ဒပြသူ ကိုအောင်ကိုဦးက ပြောကြားခဲ့သည်။

ထိုသို့ မီးရှူးဖောက်၍ ဆန္ဒပြမှုကြောင့် လူအများ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ဆန္ဒပြသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ဟိုတယ်ဝန်ထမ်းများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး စခန်းအတွင်းသို့ ခေါ်ဆောင်ထိန်းသိမ်း ခဲ့ကြသည်။

“အခု ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့သူကို အများပြည်သူသွားလာတဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ မီးရှူးဖောက်မှု ရန်ကုန်ရဲအက်ဥပဒေ ၄၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၅၀ နဲ့ထောင်ဒဏ် ၈ ရက် ကျနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီပုဒ်မတွေအပြင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာမျိုး မရှိပါဘူး။ မနက်ဖြန် သူ့ကို တရားရုံးထုတ်မှာပါ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအုပ်တင်မောင်ဆွေက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အဆိုပါနေ့၌ပင် ဆူးလေကုန်းကျော်တံတားအနီး မီးပွိုင့်လမ်းဆုံ၌ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မျက်နှာဖုံးစွပ် အမျိုးသားငါးဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေကော်မရှင်၏ စီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး”၊ “ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နဲ့ သာသနိက အဆောက်အအုံများ ကမ္ဘာတည်သရွေ့ တည်ရှိပါစေ” ဟု ရေးထားသော ဗီနှိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven Media Group 

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်
မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။

သန်းခေါင်းစာရင်းကောက်ယူမှု လုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည်အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက် ယူ မည့်သူများကို တွေ့ဆုံနေစဉ် (ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည် အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မတ် ၃၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့ကြောင်း မတ်  ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက်အရ သိရသည်။

၁၁ ရက်ကြာကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်တွင် စတင်ကောက်ယူ

Photo: ၁၁ ရက်ကြာကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်တွင် စတင်ကောက်ယူ
Monday, March 31, 2014

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရေး ရည်ရွယ်ချက်ဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား မြန်မာနိုင်ငံ အနှံ့အပြားတွင် မတ် ၃၀ ရက်မှစတင်ကာ ကောက်ယူလျက်ရှိပြီး ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ၁၉၈၃ ခုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်း ၄၁ ခုနှင့် တိုင်းရင်းသားလူမျိုးစု ကုတ်နံပါတ်များ စသည့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား မြို့နယ်၊ ရပ်ကွက်အသီးသီးတွင် ကြိုတင်ဝေကာ အချိန်ယူဖြေဆိုစေကြောင်း စာရင်းကောက်ဆရာ၊ ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေကြားချက်များကို သန်းခေါင်စာရင်း ဥပဒေအရ ကာကွယ်ပေးထားသည်ဟု ဆိုသော်လည်း မေးမြန်းသည့် မေးခွန်းများထဲအနက် ပိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြည်သူများအနေဖြင့် ပြောဆိုရန် ၀န်လေးနေကြောင်းနှင့် သံသယရှိကြောင်း စာရင်းကောက်ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

တာမွေမြို့တွင် နေထိုင်သူ လုပ်ငန်းရှင်တစ်ဦးက “သန်းခေါင်စာရင်း ဥပဒေမှာက ပိုင်ဆိုင်မှုအပါအ၀င် အချက်အလက်တွေအားလုံးကို လျှို့ဝှက်ပေးထားမယ်လို့ ပြောပေမယ့် အဲဒီစာရင်းဇယားတွေအားလုံးက အစိုးရလက်ထဲမှာ ရှိနေမှာ။ ဒီတော့ ကျွန်တော့်အနေနဲ့ လူဦးရေစာရင်းမှာ ပါသွားဖို့ကလွဲပြီး တခြားဘာမှပြောဖို့ မရှိပါဘူး” ဟုပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးသည့် အိမ်များတွင် အမှတ်အသားကတ်ပြား ချိတ်ဆွဲထားခဲ့မည်ဖြစ်ပြီး ယင်းကတ်ပြားများကို သုံးလကြာသည်အထိ ထားရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခု သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လူမျိုးစုစာရင်းများ ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ရေးအတွက်မူ သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ လူမျိုးစုတိကျ မှန်ကန်ရေးကို ဒုတိယအဆင့်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

သန်းခေါင်စာရင်းကောက်ယူရန် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၀န်ထမ်းအင်အား တစ်သိန်းလေးသောင်းကျော်ဖြင့် ကောက်ယူလျက်ရှိကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ၇ သန်းနီးပါး တိုးပွားလာခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများ ကောက်ခဲ့ကာ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ ရာ ခိုင်နှုန်းအထိ ရောက် ရှိနေပြီဖြစ်ပြီး လက်ရှိတွင် လူဦးရေ ပိုမိုတိုးပွားလာနိုင်ကြောင်း ဗဟိုသန်းခေါင် စာရင်း ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

Eleven Media Group 

မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို မတ် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို မတ် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရေး ရည်ရွယ်ချက်ဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား မြန်မာနိုင်ငံ အနှံ့အပြားတွင် မတ် ၃၀ ရက်မှစတင်ကာ ကောက်ယူလျက်ရှိပြီး ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်

Photo: မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်
Monday, March 31, 2014

အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ ရာသီဥတု ရုတ်တရက် ပြောင်းလဲလာချိန်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှု တိုးမြင့်လာသောကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွင် အားနည်းချက်ရှိသော နေရာများ၌ အပြစ်ဖြစ်ကာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က မတ် ၃၀ ရက်တွင် ပြောကြားသည်။

“ရာသီဥတုက ရုတ်တရတ် ပြောင်းလဲလာတဲ့အခါမှာ ဓာတ်အားတွေ တိုးသုံးလာတဲ့အခါ နည်းနည်းနာနေတဲ့နေရာတွေက ထထပြီးတော့ အပြစ်ဖြစ်တာပါ။ အားနည်းချက်ရှိတဲ့ နေရာလေးတွေက အပြစ်ဖြစ်လို့ လိုက်ပြင်နေရတယ်။ နွေကာလမှာ ရန်ကုန်မြို့ကို မီးပေးနိုင်ဖို့ စီစဉ်ထားပြီးသား။ ပေးမယ်လို့လည်း ပြောထားပါတယ်။ ဒီနှစ်နွေရာသီမှာ ပြည်သူတွေကို ဓာတ်အားစဉ်ဆက်မပြတ်ပေးမယ်လို့ ၀န်ကြီးဌာနက ကြေညာထားတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုံ၊ လှော်ကား၊ ရွာမနှင့် သာကေတ စသည့်နေရာများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံများ လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ထိုင်းအစိုးရမှ မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ်သည့် မီးစက်ကြီးများ စမ်းသပ်လည်ပတ်နေပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင် ဓာတ်အား ၂၄ နာရီ အပြည့်အ၀ ပေးနိုင်တော့မည် ဖြစ်သည်ဟုလည်း ဦးထွန်းကြွယ်က ဆိုသည်။

“နွေရာသီဆိုရင် လျှပ်စစ်မီးပြတ်တဲ့ မီးမမှန်ဒဏ်ကို အမြဲတမ်း ခံစားနေရတော့ ဒီအချိန်ရောက်ရင် အမြဲစိုးရိမ်နေရပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၉ ရက်၌ အတည်ပြုပြီးနောက် ယခင်လျှပ်စစ်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group 

မတ် ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက်နေစဉ် 
မတ် ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက်နေစဉ်
အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

Sunday, 30 March 2014

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီ ၁၁ ပါတီသာရှိ

Photo: သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီ ၁၁ ပါတီသာရှိ 

March 30, 2014

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ တက်ရောက်လာသည့် ပါတီများကို သမ္မတထံ တိုက်ရိုက်တင်ပြခွင့်အတွက် မဲနှိုက်စေခဲ့ပြီး နံပါတ်စဉ် ၁ မှ ၁၁ အထိရသည့် ပါတီများက တိုက်ရိုက်တင်ပြခွင့် ရခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပါတီများမှ တင်ပြခွင့်အတွက် ငါးမိနစ်စီ အချိန်ရခဲ့ပြီး တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ၁၁ ပါတီမှာ ကယန်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

“ပါတီတစ်ခုကို ငါးမိနစ်ပြောရင်တောင်မှ ပါတီ ၆၀ ဆိုရင် မိနစ် ၃၀၀ လောက်အထိ ဖြစ်သွားနိုင်ပါတယ်။ တစ်နေကုန် ဆွေးနွေးလို့တောင် ပြီးချင်မှပြီးမယ့် အနေအထားဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အပိုင်းအားဖြင့် ခွဲခြားပြီးတော့ ပထမပိုင်းမှာတော့ ကျွန်တော်ပါဝင်နားထောင် ဆွေးနွေးပေးပြီးတော့ ကျန်တဲ့အပိုင်းတွေမှာတော့ ကျွန်တော်တို့ဆီက ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိတဲ့ဝန်ကြီးတွေ ရှိပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရှိပါတယ်။ အဲဒီတော့ ဒုတိယပိုင်းဆက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နောက်တချို့လည်း ပြောစရာကျန်ရှိနေရင် ကျွန်တော်တို့ဆီကို စာနဲ့ပေနဲ့ ပို့ပေးလို့ရပါတယ်။ စာနဲ့ပေနဲ့ ပေးပို့တင်ပြလာရင်လည်း ဒါတွေကို အရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၁၁ ပါတီတင်ပြမှုအပြီး ပြန်လည်သုံးသပ်ရာတွင် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်ရေးဦးတည်ကာ နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်ကြိုးစားနေပါကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသည် နှင့်အဓိက အင်အားစုများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခုကို ရေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါမူဘောင်မှတစ်ဆင့် မည်သူများပါဝင်သင့်သည်၊ မည်ကဲ့သို့ လုပ်ဆောင်သင့်သည် ဆိုသည်များကိုမူတည်ကာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။

“အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်မယ်ဆိုတဲ့ ကိစ္စတွေကလွဲရင် အခြားကိစ္စအားလုံးကို ဆွေးနွေးနိုင်ဖို့အတွက် တံခါးဖွင့်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အသက်ဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနှင့် သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည် ဆိုသည့်အခြေခံမူကို ၎င်းအနေဖြင့် ဆုပ်ကိုင်ထားရမည်ြ1ဖစ်ကြောင်း၊ ၎င်းအနေဖြင့်မူ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို တားမြစ်ခြင်းမျိုး မဖြစ်စေလိုသည့် စေတနာရှိသော်လည်း တစ်ဖက်တွင်လည်း မိမိတို့အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သည့် အကာအကွယ်ပေးနိုင်သည့် အခြေခံမူများရှိရန်လည်းလိုလားကြောင်း သမ္မတက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်ခံ့စေရန် ဦးတည်သကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးပေါက် ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးကြသူများအနေဖြင့် နောက်ပြန်မလှည့်ပါဘူးဆိုသည့် သန္နိဋ္ဌာန်လည်း ဖြစ်ပါကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီများအနေဖြင့် တင်ပြမှုများ ပြုလုပ်ရာတွင် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးမပြင်ရေး၊ ပါတီငယ်များ၏ အခက်အခဲများ၊ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ စသည်တို့ တင်ပြခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တင်ပြရာတွင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဖျက်သိမ်း၍ အဆိုပါကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သမ္မတမှ တာဝန်ယူဆောင်ရွက်ရန်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အနာဂတ်လွှတ်တော်များတွင် အဆင့်ဆင့်လျှော့ချသွားရန်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနကို ဖျက်သိမ်းပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ထည့်သွင်းရန်၊ ၀န်ကြီးနေရာအားလုံးတွင် သင့်လျော်သော အရပ်ဘက်ပုဂ္ဂိုလ်များအား ဦးစားပေးခန့်အပ်ရန် စသည်ဖြင့် တင်ပြမှုများပြုလုပ်ခဲ့သည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က တင်ပြရာတွင် တပ်မတော်သားများသည် လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် မဲပေးခွင့် ထပ်မံမပေးရန်၊ လေးပွင့်ဆိုင်တွေ့ဆုံမှုအစား တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ထည့်သွင်းကာ ငါးပွင့်ဆိုင်ဆွေးနွေးမှုဖြစ်စေရန် စသည်ဖြင့် တင်ပြမှုများ ပြုလုပ်ခဲ့သည်။

သမ္မတသည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုအနေဖြင့် ယခင်က သုံးကြိမ်ရှိခဲ့ပြီး အတိုက်အခံပါတီ NLD အပါအ၀င် ပါတီ အားလုံးနှင့် တွေ့ဆုံမှုမှာမူ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ တက်ရောက်လာသည့် ပါတီများကို သမ္မတထံ တိုက်ရိုက်တင်ပြခွင့်အတွက် မဲနှိုက်စေခဲ့ပြီး နံပါတ်စဉ် ၁ မှ ၁၁ အထိရသည့် ပါတီများက တိုက်ရိုက်တင်ပြခွင့် ရခဲ့ကြခြင်းဖြစ်သည်။

မောင်တောမြို့နယ်အတွင်း စိုက်ခင်းရေလောင်းရန် သွားသော ဒေသခံတစ်ဦး မတ် ၂၉ ရက် နေ့လယ်ပိုင်း၌ အသတ်ခံခဲ့ရ

မောင်တောမြို့မှ လေးမိုင်အကွာတွင်ရှိသော မကျည်းကုန်း တိုင်းရင်းသားကျေးရွာမှ သက်လူမျိုး တောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းစိန်မှာ မိမိစိုက်ခင်းထဲသို့ နွားကျောင်းရင်းဖြင့် စိုက်ခင်းရေလောင်းရန် သွားရောက်ခဲ့စဉ်အတွင်း နေ့လယ်ပိုင်းအချိန်၌ပင် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတ်ဖြတ်ခံရသူမှာ မကျည်းကုန်းကျေးရွာနေ ဦးထွန်းစိန်၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းဇံဖြစ်ပြီး ဖြစ်စဉ်မှာ ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၎င်း၏ တောင်ယာစိုက်ခင်းသို့ နွားကျောင်း၊

သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်

Photo: သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည် 

March 30, 2014

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven  သတင်းစာသို့ မိန့်ကြားသည်။

အစားပြန်လည်နေရာချပေးသည့် မြေကွက်သို့ မတ် ၂၇ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး မြေကွက်များကို မဲနှိုက် နေရာချ ပေးသည့်အခါ အမည်ပေါက် မပေးသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၆၄ စုက လက်မှတ်မထိုးကြဘဲ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဝါးယားကုန်းမှ ပြန်လည်ထွက်ခွာလာသည့် သမီးကလေးကျေးရွာသားတစ်ဦးက  “အာမခံချက် ဘာမှမရှိဘူး။ မြေကွက်ပိုင်ဆိုင်မှုဆိုတာလည်း မရှိဘူး။ ၀ါးတဲတောင် မဆောက်ပေးဘူး။ နောက်ပြီး ဒီမြေကွက်မှာ ၁၀ ရက်အတွင်း အိမ်ဆောက်နေရမယ်ဆိုတော့ ဘာမှမရှိတာ ဘယ်လို သွားဆောက်ရမှာလဲ။ ရေ ရတယ်လို့ပြောတယ်။ သောက်ရေက ရှိမှမရှိတာ။ နောက်ပြီး မြွေပွေးကလည်း တော်တော်ပေါတယ်။ ဒါကြောင့် မနေနိုင်တော့ဘူး။ DKBA နောက်ပဲ လိုက်တော့မယ်။ အားလုံးလိုလိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”ဟု ပြောကြားသည်။

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက“ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စု ၆၄ စုလုံး ဒီမနက်မှာပဲ ဘုန်းကြီးကျောင်းကို ပြန်ရွှေ့လာကြတယ်။ သူတို့ မနေနိုင်တဲ့အချက်ကတော့ ဒီမြေကွက်တွေက ရေရှည်နေထိုင်ခွင့်ရဖို့ အာမခံချက် မရှိတဲ့အတွက်လို့ ပြောတယ်။ ပဲခူးမြို့နယ်ထွေအုပ်လည်း ကျောင်းကိုလာသွားတယ်။ တဲတွေကို ဖျက်ခိုင်းတယ်။ ကိုယ့်ဘာသာကိုယ် မဖျက်ရင် သူတို့ဖျက်မယ်လို့ပြောတယ်။ ဦးဇင်းကတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကုန်ပြီ။ ခုလေးတင်ပဲ DKBA ကို ဖုန်းလှမ်းဆက်ပြီး သွားပါပြီ။ သမီးကလေး ရွာသားတွေတင်မကဘူး အနီးနားရွာက လူတွေလည်းလိုက်ကြမှာ”ဟု မတ် ၂၉ ရက် နံနက်ပိုင်းက မိန့်ကြားသည်။

မြေနေရာ ပြန်လည်ချပေးသည့်နေရာမှာ လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးဖြစ်ကာ အိမ်ထောင်စုတစ်စုလျှင် ပေ ၂၀၊ ပေ ၅၀ရှိ မြေကွက်များကို မဲနှိုက်ချပေးခဲ့ခြင်း ဖြစ်သော်လည်း သမီးကလေးကျေးရွာသားများကမူ မိုးတွင်းဘက် ရေ၀ပ်သည့်နေရာဖြစ်ခြင်း၊ ကွင်းပြောင်ပြောင်ဖြစ်ခြင်းနှင့် ရေရှည်ပိုင်ဆိုင်ခွင့် မရှိခြင်းတို့ကြောင့် လက်မခံဘဲ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “ဘာကြောင့်ပြန်ပြောင်းရွှေ့ရတာလဲဆိုတာတော့ အကြောင်းစုံ မသိသေးပါဘူး” ဟု မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

လက်ရှိတွင် ပြန်လည်ထွက်ခွာလာခဲ့သည့် အိမ်ထောင်စု ၆၄ စုမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ခိုလှုံလျက်ရှိကြောင်း နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်နေထိုင်ခွင့်မှာ မတ် ၃၀ ရက် နောက်ဆုံးဖြစ်ကြောင်း သိရသည်။ 

Eleven
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာ အနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ

Photo: Electronic Ticket အစားထိုး အသုံးပြုမည့် မြို့ပတ်ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စတင်ခေါ်ယူ 

March 30, 2014

ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထားလက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉  ရက်က ခေါ်ယူမှု ပြုလုပ်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ရထားစီးနင်းခ လက်မှတ်များကို ပြောင်းလဲအသုံးပြုခြင်းမှာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရပ်ကွက်မှ ရထားအသုံးပြုသူများ ပိုမိုအဆင်ပြေရန်အတွက် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

“အခုက ဒီ E-ticket ကို အသုံးပြုဖို့ လုပ်ဆောင်တာက စီနင်းသူတွေ များလာတယ်။ များလာတဲ့အတွက်လည်း လက်မှတ်အသုံးပြုတာကိုလည်း အဆင်ပြေအောင် လုပ်ဆောင်တာပါ။ နောက်ပြီး ရထားစနစ်တွေကိုလည်း နိုင်ငံတကာစံနှုန်းနဲ့ မီအောင် လုပ်ဆောင်နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းစနစ်ကို ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ပြေးဆွဲနေသော ရထားအားလုံးတွင် အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဝက်ခန့်တွင်  စတင်နိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လုပ်ကိုင်လိုသူများအနေဖြင့် ဧပြီ ၁၁ ရက်မတိုင်မီ ရန်ကုန်ဘူတာကြီးသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က ဒေါ်လာဖြင့် ကောက်ခံနေသော ရန်ကုန်မြို့ပတ်ရထားအား အသုံးပြုနေသည့် နိုင်ငံခြားသားများအတွက် ရထားလက်မှတ်ခကိုလည်း မြန်မာကျပ်ငွေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ ရောင်းချမှုကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထား အသုံးပြုမှုမှာ တစ်ရက်လျှင် စုစုပေါင်းလူဦးရေ ၁၀၀၀၀၀ ခန့် ရှိနေပြီး နိုင်ငံခြားသားခရီးသည်များမှာ ၂၀၀ ခန့်ရှိနေကြောင်း ရန်ကုန်ဘူတာကြီး မှ သိရသည်။

လက်ရှိတွင် ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်ရန် နိုင်ငံတကာအပါအ၀င် ပြည်တွင်းမှ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိပြီး ဂျပန်အပါအ၀င် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီ လေးခုမှ လာရောက်တင်ပြထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ 

Eleven
ယခင်က ခရီးသည်တင် ဘတ်စ်ကားများတွင် အသုံးပြုခဲ့သည့် i-pay ကတ်ကဲ့သို့ အသုံးပြုနိုင်မည့် ရထား လက်မှတ်အား လုပ်ကိုင်ခွင့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို မတ် ၂၉ ရက်က ခေါ်ယူမှု ပြုလုပ် ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

Friday, 28 March 2014

ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်

Photo: ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်
Friday, March 28, 2014

ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူးမှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..

”အမေရိကကို အလည် သွားပြီး ပြန်လာတော့ ဒီမှာ ၄ ရက်လောက် နေသေးတယ်။ ပြီးမှ ကိုရီးယားမှာ ကြော်ငြာ သွားရိုက်တယ်။ အမေရိက ကတော့ Personal ပဲ ဒီအတိုင်း သွား တာဆိုတော့ ဘာမှ ထွေထွေထူးထူး သိပ်မရှိဘူး။ ကိုရီးယား မှာတော့ ကြော်ငြာ သွားရိုက် တာပါ။ ကိုရီးယား က ဒါရိုက်တာ နဲ့သူ့အဖွဲ့တွေ နဲ့ ရိုက် ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး အလုပ်လုပ် ရတာဆို တော့ တအား Excited ဖြစ်ကြ တယ်။ တအား ကြိုးစားကြတယ်။

မနက် ၆ နာရီ တည်းက မိတ်ကပ်တွေ စပြီးပြင် ဆင်တာ မနက် ၉ နာရီဆို စရိုက်ပြီ။ ည ၁၂ နာရီ လောက်ရောက် သွားတယ်။ နေ့လယ်စာ ကိုလည်း ရိုက်ကူး ရေးအပိုင်းတွေ မပြီးမှာ စိုးလို့ မစား ဘူး။ နေ့လယ် စာ ၁၂ နာရီမှာ စားရ မှာကို ၄ နာရီလောက် မှစားတယ်။ သူတို့ အဲဒီလောက် ထိလုပ်တဲ့အတွက် ဝမ်းသာတယ်။ သူတို့တောင် အဲဒီ လောက် လုပ်တဲ့အတွက် ကိုယ်လည်း ပို ကြိုးစားတယ်။ မိုးစက် ရိုက်ရမယ့် Scence တစ်ခုက ညဘက်မှာ အင်္ကျီ ပါးပါးလေးနဲ့ လမ်း ထွက်လျှောက်ရ တာ။

မိုင်းနပ် ၅ဒီဂရီ ဆိုတော့ တအား ချမ်း တယ်။ လေက လည်း တိုက်နေ တယ်။ ဒါပေမဲ့ သူတို့ကလည်း တအား ကြိုးစားကြတော့ ကိုယ်လည်း ပြန်ကြိုး စားရတာပေါ့။ ကိုရီးယားရဲ့ ယဉ် ကျေးမှုတွေ ကတော့ သူတို့ ရုပ်ရှင် ထဲက အတိုင်း ပါပဲ။ သူ တို့ သရုပ်ဆောင်တာ တအားကောင်းတယ်။ ရုပ်ရှင်ထဲမှာ သူတို့စားနေ တာကိုကြည့်ရင် တအားစားလို့ ကောင်းတယ်။ အပြင်မှာ တ ကယ် စားတဲ့ အခါ အဲဒီလောက် ကြီးလည်း မကောင်းဘူး။ ကိုရီးယား ပြင်ဆင်တာတွေ သေချာလုပ်တယ်။ Story Board တွေနဲ့ အသေးစိတ် ပြင်ဆင်တယ်” လို့ ပြောပါ တယ်။

မိုးစက်ဝိုင် က မတ်လ ၂၈၊ ၂၉၊ ၃ဝ ရက် မှာ ပြုလုပ်မယ့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည် ရေးဖျော်ဖြေ ပွဲကြီးမှာ Presenter အဖြစ် ဆောင်ရွက်သွားမှာ ဖြစ် တယ် လို့ သိရပါတယ်။ 

Popular News
ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့ က မြန် မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူး မှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..

KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်

Photo: KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်
Friday, March 28, 2014

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။

ဖာပွန်ခရိုင်တာဝန်ရှိသူတဦးက အစိုးရ၀န်ထမ်းများကို ၎င်းတို့နယ်မြေအတွင်း ၀င်ရောက်ကာ သန်းခေါင်စာရင်းခေါက်ခံမည့် အစီအစဉ်နှင့်ပတ်သက်၍ ခွင့်ပြုမည့်သဘောထားမရှိဟု ယခုရက်ပိုင်းအတွင်းပြောဆိုခဲ့သည်။
KNU ဗဟိုက စေလွတ်သည့်စာရင်းကောက်ခံရေးနည်းပြများစာ ရင်းစစ်များကိုသာလက်ခံခွင့်ပြုမည်ဖြစ်ပြီး-သန်းခေါင်စာရင်းကောက်ခံမှုများကို ဗဟိုနှင့်သာဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည်ဟုလည်း ဖြည့်စွက်ပြော ဆိုသည်။

လက်ရှိနိုင်ငံရေး အခြေအနေများအရ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်မှုမရိှသေးသည့် အနေအထားများတွင် အစိုးရ၀န်ထမ်းများကို မိမိတို့နယ်မြေအတွင်း ၀င်ရောက်ခွင့်ကန့်သတ်ရခြင်းဖြစ်သည်ဟုလည်း ခရိုင်တာဝန်ရှိသူတဦးက သီးသန့်ပြောဆိုသည်။
လက်ရှိအချိန်တွင်ဖာပွန်ခရိုင်အတွင်းသန်းခေါင်စာရင်းကောက်ခံရေးနှင့်ပတ်သက်၍ ညှိနှိုင်းနေသည့်အဆင့်သာရှိနေသေးသဖြင့် လုပ်ငန်းစဉ်များမှာ ဖြစ်နိုင်ခြေနည်းသွားပြီးဟုလည်း လေ့လာသူများကသုံးသပ်ပြောဆိုနေကြသည်။

မြန်မာတနိုင်ငံလုံးတွင် သန်းခေါင်စာရင်း ကောက်ယူမည့်ကာလမှာ ယခုလ ၃၀ ရက်နေ့မှ လာမည့်လ ၁၀ ရက်နေ့အထိဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့် နယ်မြေဒေသများတွင် သန်းခေါင်စာရင်း ကောက်ခံမည် မဟုတ်သည့်အကြောင်း ယခုရက်ပိုင်းအတွင်းကပြောဆိုခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူမည့်ရက် နီးကပ်လာပြီဖြစ်သော်လည်း KIO နှင့် KIAထိန်းချုပ်ဒေသများတွင်လည်း စာရင်းကောက်ခံရန်အတွက် ညှိနှိုင်းပြေလည်မှု မရရှိသေးဟုလည်း လ၀က၀န်ကြီးဌာန တာဝန်ရှိသူတဦးက ယခုလ ၁၄ ရက်နေ့က နေပြည်တော်တွင်ပြောဆိုသည်။

ကြေးမုံသတင်းစာ
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။

၁၀၀ မဂ္ဂါဝပ်ထွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံ ဧပြီလအတွင်း အပြီးတည်ဆောက်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မည့် ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံကို မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တောမကျေးရွာတွင် ဧပြီလအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာန တိုင်း လျှပ်စစ်အင်ဂျင် နီယာ က ပြောကြားသည်။

Samsung အမှတ်တံဆိပ် Galaxy S5 ဖုန်းနှင့်,Gear 2,Gear Fit တို့အား ဧပြီလ ၁ရက်နေ့မှ ၉ ရက်နေ့အထိPre Order ရယူနိုင်မည်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့တွင်စတင်ရောင်းချမည်Pre Order မှာယူထားသူများကို သာ ဦးစားပေးရောင်းချသွားမည်

Photo: Samsung အမှတ်တံဆိပ် Galaxy S5 ဖုန်းနှင့်,Gear 2,Gear Fit တို့အား ဧပြီလ ၁ရက်နေ့မှ ၉ ရက်နေ့အထိPre Order ရယူနိုင်မည်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့တွင်စတင်ရောင်းချမည်Pre Order မှာယူထားသူများကို သာ ဦးစားပေးရောင်းချသွားမည်
Friday, March 28, 2014

ပြည်တွင်းဈေးကွက်သို့ မကြာမီရောက်ရှိတော့မည့် ရေစိုခံတန်းမြင့် စမတ်ဖုန်း တစ်လုံးဖြစ်သည့ှ်Samsung Galaxy S5 အား လက်တွေ့စမ်းသပ်ပြသ မိတ်ဆက်သည့် ပွဲအား ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ပန်းလှိုင်ဂေါက်ကွင်း တွင်ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် Galaxy S5 ၊၄င်းနှင့်တွဲဖက် အသုံးပြုနိုင်သည့် Gear2 နှင့် Gear Fit တို့အား ဧပြီလ ၁ ရက်နေ့မှ စတင်၍ ၉ ရက်နေ့အထိ ကြိုတင်မှာယူနိုင်မည်ဖြစ်ကြောင်း၊Pre Order မှာယူထားသူများကိုသာ ဧပြီ လ ၂၁ ရက်နေ့တွင်စတင်ကာဦး စားပေးရောင်းချပေးသွားမှာဖြစ်ကြောင်း Samsung Myanmar Branch မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်မိုးအောင် မှပြောသည်။ ကျွန်တော်တို့ အနေနဲ့ ၁ ရက်နေ့က ၉ ရက်နေ့အထိ Pre Order စတင်လက်ခံသွားမှာပါ။အော် ဒါမှာယူတဲ့သူုတွေအနေနဲ့ စရန်ငွေ ၁၀၀၀၀၀ ကျပ်ပေးထားရမှာဖြစ်ပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ စရောင်းမယ် Pre Order မှာထားတဲ့သူတွေကိုပဲ ရောင်းသွားမှာပါ။အဲဒီနေ့မှ လာဝယ်တဲ့သူတွေကိုတော့ ရောင်းပေးသွား မှာမဟုတ်ပါဘူး။နောက်ပိုင်း မှာတော့ Samsung Brand Shop တွေမှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပရိုမိုးရှင်းခံစားခွင့်တွေတော့မရတော့ဘူးပေါ့။Pre Order မှာထားတဲ့ သူတွေဆိုရင် ရေစိုခံ S View Cover, ဧပြီ ၁၁ မှာ ပြုလုပ်မယ့် Galaxy S5 Music Concert Ticket 2 စောင်,Gear 2 နဲ့ Fit ကိုဝယ်ဖို့အတွက် 10000 တန် Discount Cupon တွေရရှိမှာဖြစ်ပါတယ်။

ထုတ်တဲ့ကာလာက ၄ ရောင်ရှိတယ်။ဒီကိုတော့ နှစ်ရောင်လာမှာပါ။အနက် နဲ့ အဖြူ ပေါ့။Storage ကတော့ 16 GB နဲ့ပဲဝင်မှာပါ။ဈေးနှုန်းကတော့ Galaxy S5 က ၆၄၅၀၀၀၊Gear 2 က ၂၅၀၀၀၀ ၀န်းကျင်၊Gear Fit က ၁၈၀၀၀၀ ၀န်းကျင်နဲ့ရောင်းချပေးသွားမှာပါ ဟုပြောသည်။ Galaxy S5၊Gear 2 နှင့် Gear Fit တို့အား မီဒီယာများ၊ဖိတ်ကြားထားသူများဖြင့် ကြိုတင်စမ်းသပ် သုံးစွဲသည့် ပွဲတွင် Galaxy ကျွမ်းကျင်သူများမှ Rich Tone HDR Camera၊လက်ဗွေစနစ်ဖြင့်လုံခြုံရေးစနစ်၊နှလုံးခုန်နှုန်းတိုင်းတာပေးသည့် ထူးခြားသည့်စနစ်များအား ရှင်းလင်းပြသခဲ့သည်။Galaxy S5 အနေဖြင့် 0.3 စက္ကန့်အတွင်းစွမ်းဆောင်ရည်မြင့်ကင်မရာ၊အမြန်ဆုံးကွန်ရက်ချိတ်ဆက်နိုင်မှု၊ကျန်းမာရေးအတွက် အထောက်အကူပြုစွမ်းဆောင်နိုင်သည့်စနစ် များ၊လက်ဗွေစနစ်သုံးလုံခြုံရေးစနစ်၊၁ မီတာတွင် မိနစ်၃၀ ထိရေစိမ်ခံ ရေစိုခံနိုင်သည့်လုပ်ဆောင်ချက်အသစ်များပေါင်းစပ်ပါဝင်ထားသည့် တန်းမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်းသိရသည်။

Gear 2 အနေဖြင့် ပိုမိုကောင်းမွန်သည့် ကွန်ရက်ချိတ်ဆက်မှု၊တ ကိုယ်ရည်ဝတ်ဆင်မှုအတွက် ကြိုးအရောင်သုံးရောင်လဲလှယ် တပ်ဆင်နိုင်မှုများရရှိမည်ဖြစ်ပြီး Gear Fit အနေဖြင့် Super AMOLED မျက်နှာပြင်အခုံးနှင့်အတူ၊ကျန်းမာရေးဆိုင်ရာအထောက်အကူပြုနည်းပညာ၊သပ်ရပ်စတိုင်ကျမှုနှင့် မိုဘိုင်းချိတ်ဆက်မှုတို့အားရရှိစေနိုင်မည့် နည်းပညာမြင့် ပစ္စည်းများဖြစ်ကြောင်းသိရသည်။Samsung Electronic Co.Ltd အနေဖြင့် လက်ရှိတွင် နိုင်ငံပေါင်း ၈၀ မှဝန်ထမ်းပေါင်း ၂၈၆၀၀၀ ကျော်ဖြင့် လည်ပတ်နေသည့် ကုမ္ပဏီဖြစ်ပြီး နှစ်စဉ်ရောင်းရငွေံ ၂၁၆.၇ ဘီလီယံရှိနေကြောင်းသိရသည်။

ရာဇကိုကို
TechSpace Journal
ပြည်တွင်းဈေးကွက်သို့ မကြာမီရောက်ရှိတော့မည့် ရေစိုခံတန်းမြင့် စမတ်ဖုန်း တစ်လုံးဖြစ်သည့ှ်Samsung Galaxy S5 အား လက်တွေ့စမ်းသပ်ပြသ မိတ်ဆက်သည့် ပွဲအား ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ပန်းလှိုင်ဂေါက်ကွင်း တွင်ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် Galaxy S5 ၊၄င်းနှင့်တွဲဖက် အသုံးပြုနိုင်သည့်