Thursday, 20 March 2014

သီလဝါ အစုရှယ်ယာ ၁၃ သိန်းကျော် ရောင်းရန် ကျန်ရှိ

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holding Public Limited –MTSH) ၏ အစုရှယ်ယာ ရောင်းချရန် အစုရှယ်ယာ ၁၃ သိန်းကျော် ကျန်ရှိနေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

လက်နက်နှင့် မူးယစ်ဆေးများ မုပ္ပလင်လမ်းဆုံ၌ ဖမ်းမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံတွင် မြဝတီနယ်စပ်မှ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် သယ် လာသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သိမ်ဇရပ် နယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားနှင့် နည်းပြစာရင်းကို မက်ဆီနှင့် မော်ရင်ဟိုတို့ ဦးဆောင်

လက်ရှိကမ္ဘာ့ဘောလုံးလောကတွင် ၀င်ငွေအကောင်းဆုံးကစားသမားနှင့် နည်းပြဦးရေ ၂၀ ကို Football မဂ္ဂဇင်းက ပြုစုထုတ်ပြန်ခဲ့ရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုတို့ ဦးဆောင်နေသည်။

ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည်ဖော်ရန် အမေရိကန်ဖိအားပေး

သမ္မတ အိုဘားမားနှင့် ၀န်ကြီးကယ်ရီတို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်နှင့် တွေ့ဆုံခဲ့ပြီးနောက် လာမည့်ရက်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ဆက်လက်အကောင်အထည်ဖော်ရန် အမေရိကန်က ဆက်လက်ဖိအားပေးရန် စီစဉ်လျက်ရှိသည်ဟု မတ် လ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီဂျစ်ပါမောက္ခတစ်ဦး စာမေးပွဲ မေးခွန်း နှင့် လိင်ကိစ္စ အပေးအယူလုပ်၍ ကျောင်းသူ ၈၅ ဦး နှင့် အိပ်စက်ခဲ့

အီဂျစ်ပါမောက္ခတစ်ဦး နှင့် ၎င်း၏လက်ထောက်တို့သည် ကျောင်းသူ ၈၅ ဦးအား စာမေးပွဲအောင်မြင်ရေး အတွက် အကူအညီပေးခဲ့ကာ အပြန်အလှန် အနေဖြင့် သူမတို့နှင့် လိင်ကိစ္စရယူအိပ်စက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ၎င်းတို့အား ဖမ်းဆီးလိုက်သည်။

ထောင် ၁၁ နှစ်ကျ တရားခံကို ဘိန်းဖြူပေးရန် ကြံစည်မှု စစ်ဆေးနေ

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည့်အပြင် မူးယစ်ဆေးဝါးမှုဖြင့်ပင် တရားရုံးက ဆက် လက်စစ်ဆေးဆဲဖြစ်သည့် တရားခံတစ်ဦးထံသို့ ဘိန်းဖြူများထည့်ပေးရန် ကြံစည်မှုကို စစ်ဆေးတွေ့ရှိသ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စားသုံးရန်မသင့်သည့် အရည်အသွေးနိမ့် ဆီများ စိစစ်နိုင်သည့် အနေအထားမရှိ

ကျန်းမာရေးအတွက် စားသုံးရန်မသင့်သည့် အရည်အသွေးနိမ့်ဆီများ ဈေးကွက်အတွင်း ၀င်ရောက်လျက် ရှိသော်လည်း ၄င်းတို့ကိုစိစစ်နိုင်သည့် အနေအထားမရှိသေးကြောင်း မန္တလေးတိုင်း ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းက ပြောသည်။

မီးဖြတ်စက်အပူလွန်ပြီး မီးလောင်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ၇၂ လမ်း၊ ၇၃ လမ်းကြား ၃၅လမ်း နှင့် ၃၆ လမ်းကြားအကွက် အမှတ်(၆၉၈၊၆၉၉)နေ ဦးကိုကိုဆွေ နေအိမ်မှ ရေခဲသေတ္တာမီးဖြတ်စက်(Safeguard)  အပူလွန်ကဲရာမှ အိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု မတ်လ ၁၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်က ဖြစ်ပွား ခဲ့ပြီး ၁၂ နာ ရီ ၅၅ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။

ရွှေစက်တော် ဘုရားပွဲ၌ မီးလောင်

Photo: ရွှေစက်တော် ဘုရားပွဲ၌ မီးလောင်
Thursday, March 20, 2014

ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့် ရွှေစက်တော် ဘုရားပွဲတွင် မတ်လ ၁၉ ရက် နံနက် ၂ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အရေးကြီး ဧည့်သည်များ တည်းခိုဆောင် သုံးခု အပါအဝင် အခြား တည်းခိုဆောင် ၁၁ ခုကို မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ နှင့် သုံးသောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းက ပြောကြားသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် နမ္မဒါ တည်းခိုဆောင် အဆောင် (၅) အခန်း (၆) ၌ ငှားရမ်း နေထိုင်သော ဦးဇော်မင်းသိန်း ထွန်းညှိသည့် ခြင်ဆေးခွေမှ တစ်ဆင့် ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အရာရှိက ရှင်းပြသည်။

“အမေက ကလေးနဲ့ ကုန်းပေါ်တက်နေဆိုလို့ ကျွန်မလည်း သွားနေရတယ်။ ကျွန်မတို့ ကုန်းပေါ်တက်တော့ ၂ နာရီခွဲ ရှိပြီ” ဟု တည်းခိုဆောင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ၂ နာရီ မိနစ် ၂၀ တွင် သတင်းရရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှူး ဦးအောင်ဝင်းစိန် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် ၆၃ ဦး၊ မီးသတ် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးသတ်ယာဉ် တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ် နှစ်စီး၊ ငဖဲမြို့မှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ရွှေစက်တော် မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ဦးကျော်သိန်းက ပြောကြားသည်။

“ကလေးတွေနဲ့ ဆိုတော့ အသက်လုပြီး ပြေးရတာ” ဟု မီးလောင်မှု ဖြစ်ပွားရာ ဘေးချင်းကပ် အဆောင်တွင် တည်းခိုခဲ့သူ အမျိုးသမီးက ဆိုသည်။

မီးစတင် လောင်ကျွမ်းရာ တည်းခိုဆောင်မှ ဦးဇော်မင်းသိန်းကို စကု ရဲစခန်းက (ပ) ၂၅/၁၄၊ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တိုင်းမီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်ကျွမ်းမှု မဖြစ်ပွားမီ တစ်ပတ်ခန့်က တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနက မီးသတ်ယာဉ် အစီး ၂၀ ကို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် တစ်ခုလျှင် မီးသတ်ယာဉ် တစ်စီးကျစီ လွှဲပြောင်း ပေးအပ်ထားသည်။

The Voice Weekly
ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့် ရွှေစက်တော် ဘုရားပွဲတွင် မတ်လ ၁၉ ရက် နံနက် ၂ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အရေးကြီး ဧည့်သည်များ တည်းခိုဆောင် သုံးခု အပါအဝင် အခြား တည်းခိုဆောင် ၁၁ ခုကို မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ နှင့် သုံးသောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းက ပြောကြားသည်။

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်

Photo: ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်
Thursday, March 20, 2014

သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်နှစ်တွင် ပေ ၁၀၀ နှင့် အထက် သင်္ကြန်မဏ္ဍပ် အကြီး ၄၁ ခုသာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးကာ စုစုပေါင်း မဏ္ဍပ်ကြီး ၅၇ ခုထိ ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် ၁၀ ခု၊ ပြည်လမ်းတွင် လေးခုနှင့် ကျန်နေရာများတွင် မဏ္ဍပ်ကြီးများကို အသီးသီး ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အကြီးတန်း အရာရှိက ပြောကြားသည်။

ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှု ၈၀ ကျော် ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု အများဆုံး ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၅၄ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ထုတ်ပြန်ထားသည်။

“ကျွန်တော်က ဒီနှစ်မှ မဏ္ဍပ် စလုပ်တာ အရင်နှစ်တွေကတည်းက လုပ်နေကြသူတွေပဲ လုပ်ခွင့်ကြမှာပဲလို့ ပြောသံကြားတယ်။ ဘာပဲဖြစ်ဖြစ် သေသေချာချာ စိစစ်ပြီးတော့ အသစ် စလုပ်မယ့် သူတွေကိုလည်း ခွင့်ပြုပေးစေချင်တယ်” ဟု ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ၊ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် ဦးရန်နောင်က ပြောကြားသည်။

မဏ္ဍပ်များ လျှောက်ထားခွင့် ပြုရာတွင် မဲနှိုက်သည့် စနစ်ဖြင့် ခွင့်ပြုပေးမည် ဖြစ်ကာ မဲပေါက်သည့်သူများ အနေနှင့် မဲပေါက်သော နေရာတွင်သာ ဆောက်လုပ်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ယခင်နှစ် ဆောက်လုပ်ခွင့် ရရှိခဲ့သော သူများအနေနှင့် စည်းကမ်း ချိုးဖောက်မှုများ ရှိခဲ့ပါက ယခုနှစ်တွင် ဆောက်လုပ်ခွင့် ရရှိနိုင်ရန် နည်းပါးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိက ပြောကြားသည်။

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်မည့် သူများအနေနှင့် စည်းကမ်းချက် ၄၉ ချက် လိုက်နာရမည် ဖြစ်ကာ အဆိုပါ စည်းကမ်းချက်များတွင် မဏ္ဍပ်အကြီးများသည့် အာမခံ စပေါ်ငွေ ကျပ် ၇၅သိန်း၊ မဏ္ဍပ် အလတ်များသည် အာမခံ စပေါ်ငွေ ကျပ် ၄၅သိန်း ကြိုတင် ပေးသွင်းရမည် ဖြစ်ကြောင်း၊ ရေကစား မဏ္ဍပ်များသည် နေ့စဉ် နံနက် ၇ နာရီမှ စတင်ကာ ညနေ ၆ နာရီတွင် နောက်ဆုံးထား ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး သုံးစွဲရာတွင် ယာယီမီတာ တပ်ဆင် သုံးစွဲရမည် ဖြစ်ကြောင်း၊ မဏ္ဍပ်တိုင်း မီးသတ်ဆေးဘူးများ ထားရှိရမည် ဖြစ်ကြောင်း အဆိုပါ စည်းကမ်းချက်များအရ သိရှိရသည်။

The Voice Weekly
သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ပြုမူဆက်ဆံပုံ တစ်နိုင်ငံလုံး ထိတ်လန့်ဟုဘရာဇီးသမ္မတ ပြောကြား

Photo: ရဲတပ်ဖွဲ့ဝင်များ ပြုမူဆက်ဆံပုံတစ်နိုင်ငံလုံးထိတ်လန့်ဟုဘရာဇီးသမ္မတ
ပြောကြား
Thursday, March 20, 2014

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေးရိုး၏ လူအစည်ကားဆုံး လမ်းတစ်လမ်းပေါ်တွင် ရဲကားတစ်စီးက ဒရွတ်တိုက်ချိတ်ဆွဲမောင်းနှင်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးသည့်အတွက် သမ္မတဒီလ်မာရူးဆက်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပြီး တစ်နိုင်ငံလုံး အထိတ် တလန့်ဖြစ်သွားရသည်ဟု ပြောကြားခဲ့သည်။

အသက် ၃၈နှစ်ရှိ ကလေးလေးယောက် မိခင် ကလောဒီယာဒီဆီးလ်ဗားဖာဇိုင်ရာသည် သူမနေထိုင်ရာ ဆင်းရဲသားရပ်ကွက်၌ ရဲတပ် ဖွဲ့ဝင်များနှင့် ဒုစရိုက်သမားများ အပြန်အလှန် ပစ်ခတ်ကြရာတွင် ဒဏ်ရာရရှိခဲ့သည်။

ရဲသားများက သူမကို ၄င်းတို့၏ ကင်း လှည့်ကားနောက်ခန်းအတွင်းသို့ ပစ်ထည့်ပြီး မောင်းထွက်ခဲ့ရာ နောက်ဖုံးမှာ မတော်တဆ ပွင့်ကျသွားခဲ့သည်။

မစ္စဖာဇိုင်ရာ၏ ဆွေမျိုးများက ရဲတပ်ဖွဲ့ ဝင်များသည် သူမကို တိရစ္ဆာန်တစ်ကောင်ပမာ ဆက်ဆံခဲ့ကြသည်ဟု ပြောသည်။ ရဲကားသည် မီးပွိုင့်နီ၍ ရပ်သည်အထိ မီတာ ၃ဝဝ (ပေ ၁ဝဝဝ) ကျော်တိုင်အောင် အဆိုပါ အမျိုးသမီး ကို ဒရွတ်တိုက်ဆွဲသွားခဲ့သည်။

ရဲသားနှစ်ဦးသည် ကားအတွင်းမှ ထွက် လာပြီး သူမကို ကားနောက်ခန်းအတွင်း ပြန် ထည့်၍ နီးစပ်ရာ ဆေးရုံသို့ မောင်းပို့ခဲ့သော် လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်။

ရီယိုဒီဂျနေးရိုးမြို့ မာဒူရီအိုင်ရာရပ်ကွက် အတွင်း၌ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်ကို ဘရာဇီး ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

၎င်းရဲတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးထားပြီး လူမဆန်စွာ ပြုမူခဲ့သည်၊ ရပ်ကွက်သားများက ကားကိုရပ်ရန် အော်ပြောနေသည်ကို လျစ်လျူ ပြုခဲ့သည်ဟု စွပ်စွဲထားသည်။ ရဲများက ဖာဇိုင် ရာကို မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးဖြစ်သည် ဟု သံသယရှိသဖြင့် ရက်စက်စွာ ဆက်ဆံခြင်း ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ အပြုအမူသည် မသတီ စရာကောင်းကြောင်း၊ လူသားမဆန်သည့် အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ပစ်သင့်ကြောင်း ရီယိုဒီဂျနေးရိုးမြို့တော်ဝန် ဆာဂျီယိုဂေါဘရာ က ပြောသည်။ 

ဘီဘီစီ။
ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေးရိုး၏ လူအစည်ကားဆုံး လမ်းတစ်လမ်းပေါ်တွင် ရဲကားတစ်စီးက ဒရွတ်တိုက် ချိတ်ဆွဲမောင်းနှင်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးသည့်အတွက် သမ္မတဒီလ်မာရူးဆက်က ဝမ်း နည်းကြောင်း သဝဏ်လွှာပေးပို့ပြီး တစ်နိုင်ငံလုံး အထိတ် တလန့်ဖြစ်သွားရသည်ဟု ပြောကြားခဲ့သည်။

ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ

Photo: ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ
Thursday, March 20, 2014

ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ယခုပြုလုပ်မည့်ပွဲတွင် မြန်မာအနုပညာ ရှင်များလည်း အတူတကွပါဝင်ဆင်နွှဲမည်ဖြစ် သည်။ ၄င်းပွဲကို စီစဉ်နေသူတစ်ဦးအား မေး မြန်းခဲ့ရာ ''ဧပြီ ၃ဝမှာ ကိုရီးယား K-POP အဖွဲ့ Girl’s Day လာရောက်ဖျော်ဖြေဖြစ်မယ်။ ကျင်းပမယ့်နေရာကတော့ အတိအကျမသိရ သေးပါဘူး။ အထက်က ချပေးတဲ့နေရာမှာလုပ် ရမှာပါ။

သတင်းအပြည့်အစုံသိရရင် Press Conference လုပ်ပေးပြီး မြန်မာနိုင်ငံက ပရိသတ်တွေကိုအသိပေးမှာပါ'' ဟုပြောသည်။
ထို့အပြင် K-pop အဆိုတော် Girl’s Day ရဲ့ဖျော်ဖြေပွဲအစီအစဉ်ကို မြဝတီရုပ်သံ မှာ ထုတ်လွှင့်ဖို့အစီအစဉ်ရှိကြောင်း ကိုရီး ယား Website တစ်ခုမှသိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုရီးယားသံရုံး သို့ ဆက်သွယ်မေးမြန်းရာတွင် ''ကိုရီးယား K-Pop အဆိုတော်အဖွဲ့လာမယ်ဆိုတာတော့ ကြားထားပါတယ်။ သံရုံးကနေ စီစဉ်တာ တော့မဟုတ်ပါဘူး။ မြန်မာဘက် Entertainment ကုမ္ပဏီတစ်ခုကနေ စီစဉ်တာပါ'' ဟု ဖြေ ကြားခဲ့သည်။

Yangon Media Group
ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ခရိုင်းမီးယားဒေသ ရှိ ယူကရိန်းရေတပ် ဌာနချုပ်ကို ရုရှား လိုလားသူ များက စီးနင်းသိမ်းပိုက်

Photo: ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို
ရုရှားလိုလားသူများက စီးနင်းသိမ်းပိုက်
Thursday, March 20, 2014

ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို ရုရှားနိုင်ငံအားလိုလားသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မတ် ၁၉ရက်တွင် စီးနင်းခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံနှင့်ပေါင်းစည်းရန် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယူကရိန်းရေတပ်ဌာနချုပ်ကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက သိမ်းပိုက်ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဆီဗက်စတို ပိုလ်မြို့ရှိ ရေတပ်ဌာနချုပ်ကို အင်အား ၂ဝဝခန့် ပါဝင်သော လူအုပ် ကြီးက စီးနင်းခဲ့သည်။ မိမိတို့သည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိ ကြောင်း၊ မိမိတို့ဘက်မှ တစ်စုံတစ်ရာပစ်ခတ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဆာဂေးဘိုဂလန်နော့ဗ်က ပြော ကြားသည်။ အဆိုပါရေတပ်ဌာနချုပ်ရှိ စစ်အရာရှိများက စီးနင်း ဝင်ရောက်လာသူများနှင့် ထိပ်တိုက်ပဋိပက္ခမဖြစ်ပေါ်စေရန် အတား အဆီးများကို အဆောက်အအုံအတွင်း ချထားခဲ့ကြသည်ဆို၏။
ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ၁၈ရာစုကတည်းကပင် ရုရှားရေတပ် စစ်သင်္ဘောများအတွက် ပင်လယ်ရေကြောင်းထွက်ပေါက် အဖြစ် အသုံးပြုလာခဲ့သည်။ ပီတီအိုင်။

ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို ရုရှားနိုင်ငံအားလိုလားသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မတ် ၁၉ရက်တွင် စီးနင်းခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံနှင့်ပေါင်းစည်းရန် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယူကရိန်းရေတပ်ဌာနချုပ်ကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက သိမ်းပိုက်ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဆီဗက်စတို ပိုလ်မြို့ရှိ ရေတပ်ဌာနချုပ်ကို အင်အား ၂ဝဝခန့် ပါဝင်သော လူအုပ် ကြီးက စီးနင်းခဲ့သည်။ မိမိတို့သည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိ ကြောင်း၊ မိမိတို့ဘက်မှ တစ်စုံတစ်ရာပစ်ခတ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဆာဂေးဘိုဂလန်နော့ဗ်က ပြော ကြားသည်။ အဆိုပါရေတပ်ဌာနချုပ်ရှိ စစ်အရာရှိများက စီးနင်း ဝင်ရောက်လာသူများနှင့် ထိပ်တိုက်ပဋိပက္ခမဖြစ်ပေါ်စေရန် အတား အဆီးများကို အဆောက်အအုံအတွင်း ချထားခဲ့ကြသည်ဆို၏။
ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ၁၈ရာစုကတည်းကပင် ရုရှားရေတပ် စစ်သင်္ဘောများအတွက် ပင်လယ်ရေကြောင်းထွက်ပေါက် အဖြစ် အသုံးပြုလာခဲ့သည်။

ပီတီအိုင်
Myanmaalinn
ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို ရုရှားနိုင်ငံအားလိုလားသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များက မတ် ၁၉ရက်တွင် စီးနင်းခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ပဋိပက္ခ ဒေသများရှိ အခြေခံပညာကျောင်းများ အတွက် ထောက်ပံ့ကြေး ပံ့ပိုးရန်စီစဉ်

ဖွံ့ဖြိုးမှုနှောင့်နှေးသော တိုင်းရင်းသား ဒေသနှင့် ပဋိပက္ခ ဒေသတို့ရှိ ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင် ထောက်ပံ့ကြေးများ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

ငွေကြေးချို့တဲ့သူများအတွက် ပညာသင် ထောက်ပံ့မှု စီမံကိန်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည်

ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျ အစိုးရတို့၏ အကူအညီဖြင့် စတုတ္ထတန်းမှ ဒသမတန်း အထိ ငွေကြေးနွမ်း ပါးသော ကျောင်းသား၊ ကျောင်းသူများ အတွက် လေးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဦးတည်ချက် မရှိဟု ဒေါက်တာဦးမြင့် ဝေဖန်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု များသည် ဦးတည်ချက် ပျောက်နေကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ဝေဖန် ပြောကြားလိုက်သည်။ 

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို

Photo: တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို
Thursday, March 20, 2014

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံးရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆို လိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

Photo: တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်
Thursday, March 20, 2014

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှု မတိုင်မီ မတ်လဆန်းပိုင်းကလည်း တပ်မတော် (ရေ) ၏ အနော်ရထာ စစ်ရေယာဉ်မှ ရေယာဉ်ပစ် ဒုံးပျံ တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း တပ်မတော် (ရေ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း တပ်မတော် ကြည်း၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို မိတ္ထီလာဒေသတွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဆင့်မီ တပ်မတော်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ အတွင်းက ပြောကြားထားသည်။

The Voice Weekly
မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Photo: မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ
Thursday, March 20, 2014

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ) 

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

The Voice Weekly
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် eSavings Account ၀န်ဆောင်မှုစနစ် သမ၀ါယမဘဏ်တွင် စတင်အသုံးပြု

လသာမြို့နယ်ရှိ သမ၀ါယမဘဏ် ရုံးချုပ်အား တွေ့ရစဉ်
ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ဆောင်ရွက်နိုင်သော eSavings Account စနစ်အား သမ၀ါယမဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးဇေယျာကျော်၏ ပြောကြားချက်အရ သိရသည်။