နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲဆိုခံရသော Unity ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးတို့ကို ပခုက္ကူတရားရုံးတွင် ဒုတိယအကြိမ် ကြားနာ စစ်ဆေး ခဲ့ကြောင်း ယင်းအမှုတွင် တရားစွဲ ခံရသူများဘက်မှ ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။
Tuesday, 4 March 2014
အင်းလျားဘေး ၃၄ ထပ်မြင့် အဆောက်အဦ ဆောက်တာ ဥပဒေနဲ့ ညီရဲ့လား

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲ အသိပေးချက်ထုတ်ပြန်ထား

(၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်း အဝေးသတင်း စာ ရှင်းလင်းပွဲကို မတ်လ ၅ရက်နေ့ နေ့လည် နှစ်နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ် မည်ဖြစ် ကြောင်း သိရသည်။
မန္တလေး လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာဖွင့်ဟတဲ့ လူရွှင်တော်ဘဝ "
မန္တလေးမြို့မှာ ပွဲကရင် ဒါမှမဟုတ် ပွဲလုပ်ရင် ရှုံးတယ်လို့ လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးချစ်စရာက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးချစ်စရာက” ရန်ကုန်မှာ မော့စ် တစ်နှ စ်ပြည့် လုပ်ကြတာပေါ့။ လုပ်သင့်တဲ့ ပွဲပါ။ ဝမ်းသာပါတယ်။ မန္တလေးမှာ အဲဒီလိုမျိုး သက်ကြီးရန်ပုံငွေအတွက်လုပ်ဖို့ တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ လုပ် ရင်လည်း ရှုံးမှာပဲ။ ငွေအင်အားလည်းလို သေးတယ်လေ။ လုပ်ရင်လည်းရှုံးတာက များတာကြောင့် မလုပ်ဖြစ်ဘူး။
မြောက်ကိုရီးယား တာတိုပစ်ဒုံးကျည် ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံသည် တနင်္လာနေ့က တာတိုပစ် ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကမ်းခြေမှ ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တာလီဘန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ပါကစ္စတန် ကြေညာ
တာလီဘန်စစ်သွေးကြွများက ပါကစ္စတန် အစိုးရနှင့် တစ်လကြာ အပြန်အလှန်အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ပြီးနောက် တစ်ရက်တွင် ၎င်းတို့အား လေကြောင်းမှ တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာ ခဲ့သည်ဟု မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အချစ်က ဥာဏ်ကောင်းစေဟု ဆို

သိပ္ပံပညာအရ လေ့လာတွေ့ရှိထားခြင်းလို့ ဆိုပါတယ်။ Falling in Love လို့ ခေါ်တဲ့ ချစ်စိတ်ဝင်နေခြင်းက ခန္ဓာကိုယ် နဲ့ စိတ် ကို တည်ငြိမ်စေ ပါသတဲ့။ အကြောင်းအရင်းကတော့ ဦးနှောက် အာရုံကြော ဖွံ့ဖြိုးမှုနှုန်ကို ပိုမို မြန်ဆန်စေခြင်းကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်မြင့်မား
ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၇ မြို့မှာ အခု မတ်လဆန်း က စလို့ ဒီတပတ် အတွင်းမှာ ခရမ်းလွန် ရောင်ခြည် (Ultra Violet Rays) မြင့်မား လာဖို့ ရှိကြောင်း မိုးလေဝသ နဲ့ ဇလဗေဒ ဌာန မှ ပညာရှင်တွေ က ပြောပါတယ်။
အဆင့်မြင့် ကျောက်ဖြူအကျဉ်းထောင်သစ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၏စံချိန်စံညွှန်းနှင့် အညီ အဆင့်မြင့် အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ် ထိတ်လန့်မှုများရှိလာသည်ဟု မြို့ခံအချို့ကဆိုသည်။
တရုတ်နိုင်ငံသား ဘီလီလျံနာများ အံ့သြစရာနှုန်းနဲ့ တိုးတက်လာ

Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှု စာရင်း မှာ တရုတ်နိုင်ငံရဲ့ ထင်ပေါ်မှုဟာ ဒီနှစ်ရဲ့ အား အကောင်းဆုံး အလားအလာတစ်ရပ် ဖြစ်နေတယ်လို့ အယ်ဒီတာ Randall Lane က CNBC ကို မတ်လ ၄ရက်နေ့မှာ ပြောသွားပါတယ်။
MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့အသင့်

ရခိုင်ပြည်နယ်မှာ ဆက်လက် ဆောင်ရွက်ခွင့် မရတော့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည်နယ်အာဏာ ပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂ ရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား

လိင်တူချင်း မင်္ဂလာအခမ်းအနားကျင်းပမှုကို မတ် ၃ ရက်ထုတ် The Voice သတင်းစာ၊ 7Day သတင်းစာနှင့် Democracy Today သတင်းစာတို့၏ မျက်နှာဖုံးများ၌ ဖော်ပြထားသည်ကို တွေ့ရစဉ်
အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံ၌ ခွင့်ပြုလိုက်ပြီလားဆိုသည့် မေးခွန်းများထွက်ပေါ်နေသည်။
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။
ဗီဇာသက်တမ်းလွန်နေတဲ့ ထိုင်းက မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှု ယာယီဆိုင်းငံ့

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီး အရေးယူမယ့် မူဝါဒကို ယာယီဆိုင်းငံ့ ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ပရာဝတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။
ပင်လုံကတိအတိုင်းသာသွားမည်ဟု အင်တောမြို့ SNLD ရုံး ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော

မတ်ခ်ျ ၂ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့ SNLD ရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌ ခွန်ထွန်းဦး က ‘သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှရေးအတွက် ၁၉၄၇ ကသဘော တူ ခဲ့တဲ့ ပင်လုံ စာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့မူ ချထားတယ်’ - ဟု ပြောပါသည်။
ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။
မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို

မောင်တောမြို့နယ်အတွင်းရှိ လယ်ကွင်းများကိုတွေ့ရစဉ် ဓာတ်ပုံ − မောင်ကံ
လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန် လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မြောက်ဥက္ကလာပရှိ ကျောင်းတိုက်တစ်ခု၌ မယ်သီလရှင်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားဟု ဆို
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်းတစ်ကျောင်း၌ အတူနေ သီလရှင်၏သားက အခြားမယ်သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ၂၄-၂-၂၀၁၄ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းမှ သိရသည်။
ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး

ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂါနေ့ မနက် အစောပိုင်း GMT ၃ နာရီ မတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။
လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
Subscribe to:
Posts (Atom)