ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည် ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။
Sunday, 2 March 2014
ရုရှားက ယူကရိန်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပါက ဆိုချီ ၌ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဟု အိုဘားမား သတိပေး

ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းပြည်မနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ရုရှား အလံ(၀ဲ)နှင့် ရုရှားရေတပ်အလံ(ယာ)တို့ အောက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ဘာကက်တပ်ဖွဲ့ဝင်တစ်ဦး ရိုင်ဖယ်ဖြင့်ချိန်ထား စဉ်
အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားဥပရောပခေါင်းဆောင် များက ရုရှားသည် ယူကရိန်း နယ်မြေ သို့ ကျူးကျော်ဝင်ရောက်သည်ဟု သူတို့အနေဖြင့် ဆုံးဖြတ်ပါက ဆိုချီ၌ ပြုလုပ်မည့် ဂျီ-၈ ထိပ် သီးဆွေးနွေး ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း မတ် ၁ ရက်တွင် သတိပေးလိုက်သည်။
ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်

မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်
မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချ သွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များ မှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာ တစ်ခုဖြစ် လာသော Lumpini ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ

ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။
မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။
MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်
ကျန်းမာရေးဝန်ကြီးဌာနက MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ် ခံခဲ့ ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။
တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃၀၀၀ ကျော်ကို ဖယ်ရှားရန် သတိပေးစာများ ထပ်မံပေးပို့

အင်းစိန်မြို့နယ်ရှိ မီးရထားစက်ခေါင်းစက်ရုံပိုင်မြေအတွင်းရှိ ကျူးကျော်နေအိမ်များကို ဖေဖော်ဝါရီ ၂၁ ရက်က ဖယ်ရှားခဲ့စဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စုပေါင်း ၅၈ဝဝဝ ကျော်မှ ၅ဝဝဝ ခန့်ကို အင်အားသုံး ဖယ်ရှားပြီးနောက်တွင် နောက်ထပ် ကျန်ရှိနေသည့် ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃ဝဝဝ ကျော် ဖယ်ရှားရန် သတိပေးစာများ ပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ် ၁ ရက်တွင် ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် မိတ်ဆက်ပြသ

လေသင်္ဘောပုံစံ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် ဖေဖော်ဝါရီ ၂၈ ရက် က မိတ်ဆက် ပြသခဲ့သည်။ ဗြိတိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hybrid Air Vehicles က အမေရိကန်စစ်တပ်အတွက် ထုတ် လုပ်သော Airlander လေယာဉ်သည် ပေ ၃ဝဝ (၉၁ မီတာ) ရှည်လျားသည်။ ယင်းလေယာဉ်သည် သုံးပတ် အထိ လေထဲတွင် ပျံသန်းနိုင်ပြီး ကမ္ဘာတစ်ဝန်း၌ ကုန်စည်ပို့ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူညီများ ဖြန့်ဖြူးရေးတို့တွင် အဓိက အသုံးဝင်မည် ဖြစ်သည်။ တန် ၆ဝ အထိ တင်ဆောင်နိုင်သော ယင်းလေယာဉ်သည် လက်ရှိကမ္ဘာ့အရှည်ဆုံး လေယာဉ် ရုရှားလေယာဉ် Antonov AN-225 (၈၄ မီတာ) ထက် ပိုမိုရှည်လျားသည်။ Airlander လေယာဉ်သည် လေသင်္ဘောပုံစံ ကိုယ်ထည်သုံးခုကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်များဖြစ်သည့် ဘိုရင်း- ၇၄၇၊ အဲဘတ်စ် အေ-၃၈ဝ တို့ထက် ပေ ၆ဝ ကျော် ပိုမိုရှည်လျားသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅၇၃ ဦးရှိခဲ့ပြီး နှစ်စဉ် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော် တိုးလာ
၂ဝဝ၉ ခုနှစ် ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေ အတွက် ၁၄၅၇၃ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ပျမ်းမျှ နှစ်စဉ် ၁၄ ရာခိုင်နှုန်းကျော် တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မများပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၌ မတ် ၁ ရက်တည်း နှစ်ကြိမ်ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ် ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြစဉ်(ဓာတ်ပုံ - မျိုးမင်းထက်)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများ မြင့်တက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဒီမို ကရေစီစနစ်နှင့် မကိုက်ညီသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် မတ် ၁ ရက်တည်းတွင် ရန်ကုန် တိုင်းဒေသကြီး၌ နှစ်ကြိမ်ဆန္ဒပြခဲ့ကြောင်း သိရသည်။
အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး

နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်
တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေး၊ လူကုန်ကူးမခံရရေးအတွက် အေဂျင်စီများအား တရားဝင်လိုင်စင်များ ထုတ်ပေးနေ
ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေးနှင့် လူကုန်ကူး မခံရရေးအတွက် ပြည်ပအလုပ် အကိုင်အေဂျင်စီများကို တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။
Saturday, 1 March 2014
အင်းစိန် မီးရထားပိုင်မြေအတွင်း နေအိမ်ဖယ်ရှားခံရသော လူဦးရေ ၂၀၀ ကျော် နေရေးအခက်ကြုံ
အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ ရပ်ကွက်၊ မီးရထားစက်ခေါင်း စက်ရုံပိုင် မြေအတွင်း နေအိမ် ၁၂၀ နီးပါး ဖယ်ရှားခံရသောကြောင့် လူဦးရေ ၂၀၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် နေရာမရှိ၍ ဖယ်ရှား ခံရသည့် နေရာတွင်ပင် ယာယီ အမိုးအကာများထိုးကာ ခိုလှုံနေရကြောင်း ယင်းနေရာတွင် နေထိုင်နေသူများထံမှ သိရှိရသည်။
ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training

Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြု လုပ် ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဝ နဲ့ မိုင်းလားမှာ သန်းခေါင်စာရင်း စောစီးစွာကောက်ခံမည်

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို တပြည်လုံးအတိုင်းအတာနဲ့  မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ ထိဆောင်ရွက်မှာဖြစ်ပေမယ့် UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၂ ၊ မိုင်းလားတပ်ဖွဲ ထိန်းချုပ်ရာ အထူးဒေသ ၄ နဲ့  ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အခုမတ်လဆန်းကစပြီး ကောက်ခံမယ်လို့  ဗဟိုသန်းခေါင်စာရင်းကော်မတီက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Subscribe to:
Posts (Atom)