Saturday, 1 March 2014

အင်းစိန် မီးရထားပိုင်မြေအတွင်း နေအိမ်ဖယ်ရှားခံရသော လူဦးရေ ၂၀၀ ကျော် နေရေးအခက်ကြုံ

အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ ရပ်ကွက်၊ မီးရထားစက်ခေါင်း စက်ရုံပိုင် မြေအတွင်း နေအိမ် ၁၂၀ နီးပါး ဖယ်ရှားခံရသောကြောင့် လူဦးရေ ၂၀၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် နေရာမရှိ၍ ဖယ်ရှား ခံရသည့် နေရာတွင်ပင် ယာယီ အမိုးအကာများထိုးကာ ခိုလှုံနေရကြောင်း ယင်းနေရာတွင် နေထိုင်နေသူများထံမှ သိရှိရသည်။ 

ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training

Photo: ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training
Saturday, March 1, 2014

Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung
Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
စာတွေ့သင်ကြားတဲ့ကာလအနေနဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ 21ရက်နေ့အထိ လေးပတ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ စာတွေ့သင်ကြားပြီးချိန်မှာ  လက်တွေ့Project ကာလအနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ မတ် ၂၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဒီသင်တန်းမှာ Android Operating System ပေါ်မှာ အသုံးပြုနိုင်မယ့် application တွေကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 
 
ဒီသင်တန်းမှာတော့ ရွေးချယ်ထားတဲ့ သင်တန်းသား 18ယောက်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေကတော့ ထိုင်းနိုင်ငံက ၀ါရင့်ဆရာတွေက လာရောက်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးချိန်မှာလည်း သင်တန်းသားတွေရဲ့ တင်ပြပေးမယ့် project တွေကို ရွေးချယ်ဆုပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ဒီSamsumg Tech Institude Mobile App Trainingမှာ တက်ရောက်နေကြတဲ့ သင်တန်းသား 18ယောက်လုံးကလည်း Group project အဖြစ် Shwedagon Audio Guide လို့ခေါ်တဲ့ Application ကိုရေးသားခဲ့ပါတယ်။ ဒီ application ကတော့ ရွှေတိဂုံဘုရားရဲ့ အံ့ဖွယ်နေရာတွေနဲ့ အထင်ကရနေရာတွေကို ရုပ်ရော၊ အသံပါ ကြည့်ရှု့နိုင်မှာ ဖြစ်ပြီး နိုင်ငံခြားသားတွေရော ပြည်သူတွေပါ အလွယ်တကူသိရှိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ရေးသားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီသင်တန်းကတော့ မြန်မာနိုင်ငံရဲ့ ITနည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နည်းပညာနယ်ပယ်မှာ အရည်အချင်းပြည့်မှီတဲ့ မျိုးဆက်သစ် IT ပညာရှင်တွေကိုမွေးထုတ်ပေးတဲ့ သင်တန်းတစ်ခုပဲ ဖြစ်ပါတယ်။

MRTV-4
Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြု လုပ် ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဝ နဲ့ မိုင်းလားမှာ သန်းခေါင်စာရင်း စောစီးစွာကောက်ခံမည်

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို တပြည်လုံးအတိုင်းအတာနဲ့  မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ ထိဆောင်ရွက်မှာဖြစ်ပေမယ့် UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၂ ၊ မိုင်းလားတပ်ဖွဲ ထိန်းချုပ်ရာ အထူးဒေသ ၄ နဲ့  ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အခုမတ်လဆန်းကစပြီး ကောက်ခံမယ်လို့  ဗဟိုသန်းခေါင်စာရင်းကော်မတီက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လမ်းဘေးရပ်ထားသော ယာဉ်ထိန်း မော်တော်ယာဉ် ဝင်တိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရ

ဒဂုံမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီခန့်က ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေသော ဆိပ်ကမ်းမြို့နယ်မှ ယာဉ်ထိန်း တပ်ဖွဲ့ပိုင်ကားကို ကိုယ်ပိုင်ယာဉ် တစ်စီးက အရှိန်လွန်ပြီး ဝင်တိုက် ခဲ့သောကြောင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ 

ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ

Photo: ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ
Saturday, March 1, 2014

ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။

လောင်စာဆီသိုလှောင်မှုများအား စစ်ဆေးအရေးယူခြင်းနှင့်ပတ်သက်ပြီး ကြို့သုံးပင်ရပ်ကွက်နေ ဆီသိုလှောင်ရောင်းချသူ ဦးနံပွီးက ”ကျွန်တော်အခု ဆီပီပါ ၈ လုံး ပါသွား တယ်။ နွေပေါက်တော့ ၁ ပီပါလောက်ထားပါလို့ သူတို့က ပြောတယ်။ အခုတင်ပဲဖမ်းရင်း ပြောသွားတာပါ။ အရင်က ခရက၊ မယက အစည်းအဝေးတွေ မှာ နွေ ပေါက် တဲ့အခါများများမသိုလှောင် နဲ့ ဝေးဝေးတွေမှာ ထားပါလို့ပြောထားတာတော့ ရှိပါတယ်”လို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ်ရဲဌာနသို့သွားရောက် မေးမြန်း ရာတွင်မြို့နယ်ရဲစခန်း တာဝန်ရှိသူ ရဲဝန်ထမ်းတစ်ဦးက ”ဒီအမှုတွေက ရဲအရေးပိုင်အမှုတွေ မ ဟုတ်ပါဘူး။ တရားရုံးကပဲ စစ်ဆေးမှာပါ။ အချက်အလက်ကလေးတွေတော့ ရှိပါတယ်”ဟု ပေါ်ပြူလာနယူးစ် သို့ ဖြေကြားခဲ့သည်။ ဆီသိုလှောင်မှု ပမာဏတစ်ပီပါ ထက်ကျော်သော သိုလှောင်မှုများကို လိုက်လံစစ်ဆေးအရေးယူပြီး တစ်ပီပါထက်ပိုသောဆီ များအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အရေး ယူမှုအနေဖြင့် သတ် မှတ်ချက်ထက် ကျော်လွန်သောဆီသိုလှောင်သူ များ ရောင်းချသူများ အား ဒဏ်ကြေးငွေ ကျပ် ၅ဝဝ အား ချမှတ်ခဲ့ကြောင်း သိရသည်။

ယခင်က ၎င်းတို့ဆီဆိုင်များအတွက်သီးသန့်နေရာသတ်မှတ်ပေး သည့် နေ ရာတွင် ရောင်းခဲ့ကြောင်း ယခုဆီအရောင်း ဇုန်သတ်မှတ်ပေးရန် လည်းလိုအပ်ကြောင်း ယခု အစိုးရအနေဖြင့် သတ်မှတ်ပေးထားခြင်းမရှိသေး ပဲ စစ်ဆေးအရေးယူမှု လုပ်ခြင်းထက် သတ်မှတ်နေရာတွေ စီစဉ်ပေးပြီးမှ လုပ်တာက ပိုကောင်းမယ်ထင်ကြောင်း ဆီ သိုလှောင်မှုတွင် အရေးယူခံခဲ့ရ သူ ဆီဆိုင်ရှင်တစ်ဦးက ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး ၎င်းက ”တကယ်တော့ ဒီလိုဆီသိုလှောင်တာတွေကို ဖမ်းဆီးစစ်ဆေးတာဟာ တရားမမျှတဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြို့ပြင်ဘက်ကျတဲ့နေ ရာမှာ ရောင်းတာ။ ရပ်ကွက်သစ် သတ်မှတ်တာတောင် တစ်နှစ်လောက်ပဲ ရှိသေးတယ်။ မြို့ထဲမှာ တကယ်ကို အန္တရာယ်ရှိပြီး လူဦးရေ ထူထပ်တဲ့နေရာတွေမှာ ပီပါနဲ့ချ ပြီး ရောင်းနေ တာတွေ ရှိတယ်။သူတို့ကျတော့ အရေးယူခံရတဲ့အထဲမှာ မပါဘူး” ဟုလည်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ လောင်စာဆီသိုလှောင်မှုတွင် မြို့ နယ်ရဲ တပ်ဖွဲ့မှတ်တမ်းအရ ဆီသို လှောင်သူလေးဦး အရေးယူခံရကြောင်း သိရပြီး လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃ ဖြင့် အရေးယူခံခဲ့ရကြောင်း လည်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal
ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။

မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်

Photo: မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်
Saturday, March 1, 2014

ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲလာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။

”မိန်းကလေးတစ်ယောက်ကို နမ်း လိုက်မိရုံပါပဲ။ ဒါပေမဲ့ ဒီခံစားမှုကို ကျွန် မ တကယ် အများကြီးနှစ်သက်မိတယ်”ဟု မိုင်လီက စမတ်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် နေကြသော ပရိသတ် ဆီသို့ ပြောကြား ခဲ့သည်။

အဆိုပါ မိုင်လီ၏ ဖျော်ဖြေပွဲသို့ ဟောလီးဝုဒ် အကျော်အမော်များ ဖြစ် သော ကိုးလ်ကာဒါရှိန်း၊ ဟီလာရီ ဒပ်ဖ်၊ နီးကိုးလ်ရစ်ချီ၊ ခရစ္စတီးနား အဂွီလီ ရာတို့ တက်ရောက် ခဲ့ကြပြီး ကေတီ သည် ရှေ့ဆုံးတန်းတွင် ကြည့်ရှုအား ပေးနေ ခဲ့ခြင်းဖြစ်သည်။

လာရောက် ကြည့်ရှုကြသော ပရိ သတ်ထောင်သောင်း များစွာ၏ ရှေ့ မှောက် တွင် ဤကဲ့သို့ အပြုအမူမျိုးကို ပြုလုပ်လိုက်မိသည့် အတွက် မိုင်လီမှာ အနည်းငယ်မျှ ရှက်ရွံ့ မိခြင်း၊ စိတ်ပျက် ခြင်းမရှိကြောင်း ပြန် လည်ပြောကြားခဲ့ သည်။

ထို့အပြင် ကေတီကလည်း သူမ ၏ တွစ်တာ စာမျက်နှာပေါ်တွင် ”နမ်း ပြီးသွားတော့မှ ငါနင့်ကိုပိုချစ်လာတယ်”ဟု ရေးသားသွားခဲ့သည်။

KTZO
Popular Myanmar News Journal
ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲ လာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။

ဥပဒေပညာရှင် မပါသော ပထမဆုံး တရားခွင်လက်တွေ့ သရုပ်ပြမှု ဒဂုံတက္ကသိုလ်တွင် ကျင်းပ

Photo: ဥပဒေပညာရှင် မပါသော ပထမဆုံး တရားခွင်လက်တွေ့ သရုပ်ပြမှု ဒဂုံတက္ကသိုလ်တွင် ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး လုပ်ငန်းခွင် ဥပဒေပညာရှင် မပါဘဲ ပထမဆုံး တရားခွင် လက်တွေ့သရုပ်ပြ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

ပထမအကြိမ် တရားခွင် သရုပ်ပြ အခမ်းအနားကို ဝါရင့်ရှေ့နေကြီးများ အကူအညီနှင့် ကျင်းပခဲ့သော်လည်း ကျောင်းသားများသာ ပါဝင်သော အဆိုပါသရုပ်ပြ အခမ်းအနားကိုမူ နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ရန်ကုန်ရှေ့နေအသင်း ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော် ရှေ့နေ ဦးသန်းဌေးက ပြောဆိုသည်။

ယင်းအခမ်းအနားအတွက် ရန်ကုန် ရှေ့နေအသင်းက တစ်ပတ်ခန့် ကြိုတင် လေ့ကျင့်ပေးခဲ့ပြီး သရုပ်ပြ အခမ်းအနားအတွက် ကုန်ကျစရိတ် များကိုလည်း တာဝန်ယူထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
“ကျောင်းသားတွေ လုပ်ငန်းခွင်ဝင်တဲ့အခါ အထောက်အကူဖြစ်လို့ နှစ်တိုင်း ဒီလိုကျင်းပသွားမယ်” ဟု ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

တရားခွင်သရုပ်ပြ အခမ်းအနားအတွက် အခြားတက္ကသိုလ်များက လာရောက် ကမ်းလှမ်းမှုများ ရှိပါက လိုက်လံ ကူညီရန် စီစဉ်ထားကြောင်း ရန်ကုန် ရှေ့နေအသင်းထံမှ စုံစမ်းသိရှိရသည်။

နှစ်ပေါင်း ၃၅ နှစ်ကြာ ရပ်နားထားသော တရားခွင် သရုပ်ပြအခမ်းအနားကို ယခင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနက ပြန်လည် စတင်ခဲ့သည်။
ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး လုပ်ငန်းခွင် ဥပဒေပညာရှင် မပါဘဲ ပထမဆုံး တရားခွင် လက်တွေ့သရုပ်ပြ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်

Photo: မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Choi Yong-il က ပြောကြားသည်။

အဆိုပါ လုပ်သားများကို EPS (Em-plyonment Permit System) စနစ်အရ တောင်ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးပြီး ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာလုပ်သား ခေါ်ယူရန် တာဝန်ယူ လုပ်ကိုင်နေသည့် HUMAN RESOURCES  DEVE-LOPMENT SERVICE OF KOREA မှ ဒါရိုက်တာလည်းဖြစ်သူ ၎င်းကဆိုသည်။
“ရိုးသား ကြိုးစားမှုကြောင့် မြန်မာလုပ်သားတွေကို အလုပ်ရှင်တွေက ကြိုက်ကြတယ်။ ဒါပေမဲ့ တရားမဝင် အလုပ်သမားတွေ ဆိုရင်တော့ ခေါ်ယူတဲ့နေရာမှာ နှောင့်နှေး သွားစေမယ်” ဟု Mr.Choi Yong-il က ပြောဆိုသည်။

တောင်ကိုရီးယားက မြန်မာလုပ်သား ၁၉၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းထားပြီး နောက်ထပ် တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း၊ ကိုရီးယား အရည်အချင်း စစ်စာမေးပွဲကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ပြုလုပ်ရန် ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

တောင်ကိုရီးယား နိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သား အရေအတွက် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ စာရင်းအရ တရားမဝင် မြန်မာလုပ်သား ၆၀၀ ဝန်းကျင် ရှိကြောင်း၊ ယင်းသို့ တရားမဝင် လုပ်သား နှုန်းထား မြင့်တက်လာမှုသည် လာမည့် ဒီဇင်ဘာလတွင် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးရေးကိစ္စကို အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာလုပ်သားများ တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်သည့် လုပ်ငန်းစဉ်ကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက တာဝန်ယူသည့် သုံးနှစ်ကျော် အကြာတွင် မြန်မာလုပ်သား ၁၈,၀၀၀ ကျော်ကို စေလွှတ်ပြီး ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

EPS စနစ်ဖြင့် တောင်ကိုရီးယား နိုင်ငံက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လုပ်သားများ ခေါ်ယူလျက် ရှိသည်။
စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ်အတွင်း တောင်ကိုရီး ယားနိုင်ငံ သို့ ခေါ်ယူမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Choi Yong-il က ပြောကြားသည်။

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး

Photo: အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး
Saturday, March 1, 2014

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက "ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်"ဟု ထောက်ခံ ပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က "ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်"ဟု ရှင်းလင်းပြောဆိုသွားသည်။

Planet Myanmar Network
အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ဘဏ္ဍာနှစ်မကုန်မီ ကုမ္ပဏီအခွန် ရာနှုန်းပြည့် ကောက်ခံပြီးစီး

၂၀၁၃-၁၄ ဘဏ္ဍာနှစ် မကုန်ဆုံးမီ (မတ်လ ၃၁ ရက်နေ့မတိုင်မီ) ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကုမ္ပဏီများထံမှ အခွန်ရာနှုန်းပြည့် ကောက်ခံပြီးစီးပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးထံမှ သိရှိရသည်။

ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများအတွက် ဥပဒေ ပြဋ္ဌာန်းမည်

နိုင်ငံတော်အတွင်း ပြည်သူလူထု၏ လုံခြုံရေး ပြဿနာများကို ဖြေရှင်းရာတွင် စနစ်တကျ ဖြစ်စေရန် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

အမှိုက်မှ လျှပ်စစ်ထုတ်ရန် ကိုရီးယား ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင် စာချုပ်ချုပ်ဆို

Photo: အမှိုက်မှ လျှပ်စစ်ထုတ်ရန် ကိုရီးယား ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင် စာချုပ်ချုပ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စွန့်ပစ် အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် အတွက် ကိုရီးယား အခြေစိုက် Chasson International Korean ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း အဆိုပါ ကိုရီးယား ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ကိုရီးယား ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရရှိလာသည့် အကျိုးအမြတ် ခွဲဝေမှုမှာ ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။

“ဒီစာချုပ် ချုပ်ဖို့ စောင့်နေတာ လေးလလောက် ရှိပါပြီ။ အခုတော့ လုပ်ငန်း စတင် လုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဦးထွန်းဝင်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင် အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ပြီး BOT (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း၊ လာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ် အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက်တန်ချိန် ၈၄၇ တန်ဝန်းကျင်ကို စွန့်ပစ်လျက် ရှိပြီး အဆိုပါ ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး အတွက် YCDC က တင်ဒါ ခေါ်ပြီးနောက် လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association + ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။
စွန့်ပစ် အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် အတွက် ကိုရီးယား အခြေစိုက် Chasson International Korean ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း အဆိုပါ ကိုရီးယား ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

ရန်ကုန်အရှေ့ပိုင်းကို ရေပေးမည့် လဂွန်းပြင် ရေသန့်စင်စက်ရုံ ၂၀၁၅ အပြီးဆောက်မည်

Photo: ရန်ကုန်အရှေ့ပိုင်းကို ရေပေးမည့် လဂွန်းပြင် ရေသန့်စင်စက်ရုံ ၂၀၁၅ အပြီးဆောက်မည်
Saturday, March 1, 2014

ရန်ကုန် အရှေ့ပိုင်းမြို့နယ်များသို့ ရေဂါလံသန်း ၄၀ ဖြန့်ဝေနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း၏ ရေသန့်စင်စက်ရုံ ဆောက်လုပ်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“မြေသားညှိတာ၊ ဘိုးပိုင်စိုက်တာတွေနဲ့ ဆောက်လုပ်မှုတွေကတော့ စနေပါပြီ” ဟု ၎င်းကပြောဆိုသည်။

လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၂) လမ်းမဘေးတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စီမံကိန်း တစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းမှ ရရှိမည့်ရေများကို ယုဇန ဥယျာဉ်မြို့တော် အပါအဝင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံနှင့် သီလဝါ မြို့နယ်များသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
“အခုနောက်ပိုင်း ရေမပျက်တာ တော်တော်ကြာပြီ။ ခြောက်လနီးပါးလောက် ရှိနေပြီ။ ရေပမာဏ ထပ်တိုးပေးတာထက် ရေမပျက်ရင် တော်ပါပြီ” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် နေထိုင်သူ ဦးအောင်ရဲကျော်က ပြောကြားသည်။

ရန်ကုန်မြို့အတွင်းသို့ တစ်ရက်လျှင် ရေဂါလံသန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် လိုအပ်မည့် ရေဂါလန်သန်း ၆၀၀ ခန့် ဖြန့်ဝေနိုင်ရန် တိုးမြစ်နှင့် ကုက္ကိုဝမြစ်ရေတင် ရေပေးစီမံကိန်း များကိုလည်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ထံမှ သိရသည်။

The Voice Weekly
ရန်ကုန် အရှေ့ပိုင်းမြို့နယ်များသို့ ရေဂါလံသန်း ၄၀ ဖြန့်ဝေနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း၏ ရေသန့်စင်စက်ရုံ ဆောက်လုပ်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “မြေသားညှိတာ၊ ဘိုးပိုင်စိုက်တာတွေနဲ့ ဆောက်လုပ်မှုတွေကတော့ စနေပါပြီ” ဟု ၎င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်မှ HIV/AIDS လူနာများအတွက် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ယူမည်

ပဋိပက္ခ သတင်းမှား ထုတ်လွှင့်မှုကြောင့်ဟု ဆိုကာ နားလည်မှု စာချွန်လွှာ ရပ်နားခံရသော နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ၏ HIV/AIDS လူနာ ၇၀၀ ကျော်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက် တာဝန်ယူမည် ဖြစ်ကြောင်း အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီး ဖောက်လုပ်ရန် ဒေါ်လာနှစ်ဘီလျံ ထုတ်ချေးပေးမည့် တရုတ်၏ ကမ်းလှမ်းမှု မြန်မာလက်မခံ

တရုတ်-မြန်မာ စင်္ကြံလမ်းမကြီးအဖြစ် ရွှေလီ-ကျောက်ဖြူ လမ်းမကြီးကို ဖောက်လုပ်ရာတွင် အသုံးပြုရန် အတွက် တရုတ်မှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကို ထုတ်ချေးပေးမည်ဟု ကမ်းလှမ်းထားသော်လည်း မြန်မာဘက်မှ ယာယီသဘော မတူကြောင်း အကြောင်း ပြန်ကြားရန် စီစဉ်ထားသည်ဟု အစိုးရတာဝန်ရှိသူ အချို့ထံမှ စုံစမ်းသိရသည်။

၂၀၁၄ တွင် GDP ၈ ဒသမ ၅ ရာခိုင်နှုန်း တက်မည်ဟု Oxford Business Group ဆို

င်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဝင်ရောက် နေမှုကြောင့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ GDP (ပြည်တွင်း စုစုပေါင်း ထုတ်ကုန်တန်ဖိုး) ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးတက်လာမည် ဖြစ်ကြောင်း Oxford Business Group က သုတေသန ပြုလုပ်ထားသည့် “The Report Myanmar 2014” အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သောက်သုံးရေ ပေးဝေရေး အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့မည်

အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) နှင့် အမေရိကန် အခြေစိုက် Procter & Gamble (P & G) ကုမ္ပဏီတို့က မြန်မာနိုင်ငံ အနှံ့တွင် သန့်ရှင်းသော သောက်သုံးရေ ပေးဝေနိုင်ရေး အတွက် အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း USAID က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

ရန်ကုန်တွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အန္တရာယ်ရှိ အဆင့်ရောက်

Photo: ရန်ကုန်တွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အန္တရာယ်ရှိ အဆင့်ရောက်
Saturday, March 1, 2014

အိုဇုန်းလွှာ ပါးလာခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန် ရောင်ခြည် (UV Radiation) ကျရောက်မှု ပိုမို ပြင်းထန်လျက် ရှိရာ ယခုနှစ်တွင် ရန်ကုန်မြို့ပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းမှာ လွန်ကဲအဆင့် (အန္တရာယ်ရှိ အဆင့်) အထိ မြင့်တက် ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

မြန်မာ အလယ်ပိုင်း ဒေသများနှင့် အောက်ပိုင်း ဒေသတို့တွင် ၂၀၁၂ ခုနှစ်က အညွှန်းကိန်းမှာ ၈ မှ ၁၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ အပါအဝင် မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသများတွင် နံနက် ၁၁ နာရီမှ ၁ နာရီ အတွင်း၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများမှာ လွန်ကဲအဆင့် ၁၁ ထက် ကျော်လွန် ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်းမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များလာပါက အရေပြား ကင်ဆာနှင့် မျက်စိ တိမ်စွဲခြင်း၊ ကွယ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ထားသည်။

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၄ မှ ၇ အထိသည် ပြင်းအား အသင့်အတင့် ရှိပြီး ညွှန်းကိန်း (၈) ထက် ကျော်လွန်ပါက အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပေါ်နိုင်၍ နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နေပူထဲ သွားလာရန် မသင့်တော်ဘဲ ထီး၊ ဦးထုပ် စသည်တို့ကို အကာအကွယ် ယူပြီး သွားလာရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

လာမည့် မိုးရာသီ ကာလ မတိုင်မီ အထိ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုမှာ လွန်ကဲ အဆင့်ထိ ရောက်ရှိနေမည် ဖြစ်ပြီး ယင်းဖြစ်စဉ်ကို သတိပြု ကာကွယ်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

The Voice Weekly
အိုဇုန်းလွှာ ပါးလာခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန် ရောင်ခြည် (UV Radiation) ကျရောက်မှု ပိုမို ပြင်းထန်လျက် ရှိရာ ယခုနှစ်တွင် ရန်ကုန်မြို့ပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းမှာ လွန်ကဲအဆင့် (အန္တရာယ်ရှိ အဆင့်) အထိ မြင့်တက် ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့

Photo: ၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့
Saturday, March 1, 2014

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

အစိုးရဝန်ထမ်းများအား ၂ဝ၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့် ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ်တွင်လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှုရှိနေပြီး လက်ရှိတွင် ဆန်၊ ဆီ၊ အသားငါး ဈေးနှုန်းများမှာ ယခင်ကထက် ကုန်စည်အမျိုးအစားအလိုက် ကျပ် ၂ဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းတက်လေ့ ရှိသော်လည်း ယခင်နှစ်ကထက် များစွာမြင့်တက်မှုရှိနေပြီး ဆန်ချောဈေးမှာ ယခင်ကထက် တစ်အိတ်လျှင် ကျပ်  ၂ဝဝဝ မှ ၅ဝဝဝ ကျပ်အထိ မြင့်တက်မှုရှိကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ မြင့်တက်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးနှုန်းမှာ အဓိကအားဖြင့် ပြည်ပမှ တင်သွင်းရောင်းချ ရသည့်အတွက် ငွေလဲဈေးမြင့်တက်ခြင်းကြောင့် ယခင်က ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မြင့်တက်မှုရှိကာ နှမ်းဆီဈေးမှာလည်း နယ်ဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိမြင့်တက်နေပြီး ပဲဆီဈေးနှုန်းမှာမူ အတက်အကျမရှိကြောင်း သိရသည်။

အလားတူ အသားငါးဈေးနှုန်းများမှာ ယခင်ကထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပုစွန်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်မှုရှိခဲ့ပြီး ကြက်သွန်ဖြူ၊ နီ၊ အာလူး ဈေးနှုန်းများမှာ ယခင်နှစ် ဈေးထက်ကျပ် ၃ဝဝ မှ ကျပ် ၇ဝဝ အထိ မြင့်တက်မှုရှိခဲ့ပြီး လက်ရှိ၌မူ နယ်စုံမှဝင်ရောက်မှုနှင့် တရုတ်ဘက်မှ ဝယ်လိုအားနည်း နေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ကုန်စိမ်းများမှာမူ ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအဝင်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအဝင်နည်းပါက ဈေးနှုန်းတက်လေ့ရှိကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက“အိမ်ရှင်မတွေအတွက် ကုန်ဈေးနှုန်းတက်လာရင် အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဈေးထဲရောက်ရင် လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ဈေးဝယ်နေရတယ်။ ကုန်ဈေးနှုန်းကလည်း လစာတိုး သတင်းကြားတာနဲ့ လိုက်တိုးချင်နေတာ။ အခုက တိုးပေးတဲ့လစာနဲ့ တက်သွားတဲ့ ကုန်ဈေးနှုန်းက အတူတူပဲဖြစ်နေတယ်။ အခုဆိုရင် လစာတိုးပြီး ကုန်ဈေးနှုန်းက အနည်းဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်အထိ တက်သွားတော့ နှစ်သောင်းတိုးပေးလိုက်လို့ ပိုသုံးရတဲ့ ပိုက်ဆံက ငါးထောင်ပဲရှိတယ်။ ဒါက မီးဖိုချောင် အသုံးစရိတ်ပဲ ရှိသေးတာ။ အခုလဲ လစာနှစ်သောင်းထပ်တိုး ပေးမယ်လို့ကြားတယ်။ ဘာတွေထပ်တက်ဦးမလဲမသိဘူး”ဟု ပြောပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး“အရင်နှစ်က ဝန်ထမ်းလစာ နှစ်သောင်းတိုးတယ်။ ဒါပေမဲ့ ဈေးဝယ်တဲ့အခါသုံးရတာ အရင်ကထက်တောင် ချွေတာနေရသေးတယ်။ အရင်ကဆိုရင် ဆန်ကို အိတ်လိုက်ဝယ်ထားနိုင်ပေမယ့် အခုဆိုရင် လိုသလောက် တစ်ပြည်ချင်းစီပဲဝယ်တယ်။ ဆီဆိုရင်လည်း ဒီလိုပဲ လစာတိုးလို့ အသုံးစရိတ် ပိုလျှံလာတာမျိုး မရှိပါဘူး”ဟု ပြောပြသည်။

“လစာတိုးတာတော့ ကောင်းပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်း လိုက်တက်လာတာမျိုး မရှိအောင် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ငွေကြေးဖောင်းပွတယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခွင့်အရေး တစ်ခုလိုမျိုး အသုံးချပြီး ဈေးမကစားသင့်ဘူး။ လစာတိုးတာရော ကုန်ဈေးနှုန်းတက်တာရောက အစိုးရနဲ့ဆိုင်တဲ့အတွက် လစာတိုးတိုင်း ကုန်ဈေးနှုန်း လိုက်မတက်ဖို့အတွက် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်”ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ဆူဇန်နာလှလှစိုးက ဆိုသည်။

“ကုန်ဈေးတက်တာကို ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်။ တက်သွားတဲ့ ကုန်ဈေးနှုန်းအပေါ် နှိုင်းယှဉ်တတ်ဖို့လိုအပ်တယ်။ လစာနဲ့ယှဉ်ရင် အခြေခံကျတဲ့ အသုံးစရိတ် မလောက်တာလား၊ ကျန်းမာရေး အသုံးစရိတ်အတွက် မလောက်တာလား ဆိုတာကို နှိုင်းယှဉ်နိုင်ဖို့ လိုပါတယ်။ ရွှေဈေးတက်တာ ကျတာက အရေးမကြီးဘူး။ ကုန်ဈေးနှုန်းတက်တာကတော့ အခြေခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။ လစာတိုးတာကတော့ အခုထက်ပိုပြီး ခေတ်နဲ့အညီလိုက်ပြီး ထပ်တိုးပေးရဦးမှာပါ။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လည်းလို နေပါတယ်”ဟု စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ ဦးခင်မောင်ဦးက ပြောပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးရန်နှင့် ပင်စင်လစာဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အစိုးရဝန်ထမ်းလစာ ထပ်မံတိုးမြှင့်ပေးမည် ဆိုသောကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့် ဆန်၊ ဆီဈေးနှုန်းမှအပ အခြားကုန်စည်ဈေးနှုန်း များမှာမူ တက်ရိပ်မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်စည်အမျိုးအစား     ရေတွက်ပုံ       ယခင်ဈေးနှုန်း   ယခုဈေးနှုန်း

ရွှေဘိုပေါ်ဆန်း(သစ်)    တစ်အိတ်        ၃၈၀၀၀          ၄၃၀၀၀

ရွှေဘိုပေါ်ဆန်း(ဟောင်း)တစ်အိတ်        ၄၀၀၀၀          ၄၅၀၀၀

ဖျာပုံပေါ်ဆန်း              တစ်အိတ်        ၃၄၀၀၀          ၃၆၀၀၀

မနောသုခ                 တစ်အိတ်        ၁၇၀၀၀          ၁၉၀၀၀

ဧည့်မထ                  တစ်အိတ်        ၁၉၀၀၀          ၂၀၅၀၀

စားအုန်းဆီ                တစ်ပိဿာ      ၁၅၀၀            ၁၇၀၀

နှမ်းဆီ                     တစ်ပိဿာ      ၄၀၀၀            ၆၀၀၀

Bralioတံဆိပ်နေကြာဆီတစ်လီတာ      ၂၈၀၀            ၃၁၀၀ 

ကြက်သား                 တစ်ပိဿာ      ၅၀၀၀-၈၀၀၀    ၆၀၀၀-၁၀၀၀၀

ဝက်သား                   တစ်ပိဿာ      ၅၀၀၀-၇၀၀၀    ၆၀၀၀-၈၀၀၀၀

အမဲသား                   တစ်ပိဿာ      ၄၅၀၀-၈၀၀၀    ၅၀၀၀-၁၀၀၀၀

ဆိတ်သား                 တစ်ပိဿာ      ၁၀၀၀၀-၁၃၀၀၀          ၁၂၀၀၀-၁၅၀၀၀

ငါးကြင်း                   တစ်ပိဿာ      ၃၁၀၀            ၃၈၀၀

ငါးမြစ်ချင်း                 တစ်ပိဿာ      ၂၅၀၀            ၃၆၀၀

ငါးရံ့                       တစ်ပိဿာ      ၄၅၀၀            ၆၅၀၀

ပုစွန်ကျော့                 တစ်ပိဿာ      ၅၀၀၀            ၇၅၀၀

ပုစွန်တုပ်                   တစ်ပိဿာ      ၁၅၀၀၀          ၂၂၀၀၀

ကြက်သွန်နီ                တစ်ပိဿာ      ၃၀၀-၃၇၀       ၆၀၀-၁၀၀၀

ကြက်သွန်ဖြူ              တစ်ပိဿာ      ၁၈၀၀            ၂၅၀၀

အာလူး                   တစ်ပိဿာ      ၆၀၀              ၁၀၀၀

Eleven Media Group

ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်

Photo: မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်
Saturday, March 1, 2014

မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် သမ္မတကြီးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စများနှင့် ပတ်သက်၍ မီဒီယာများ၏ ၀ိုင်းဝန်းမေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ငါလည်း မပြောချင်ဘူး။ မပြောတာ အကောင်းဆုံးပဲ။ တပ်မတော်ပိုင်း လည်း ကျွန်တော်မသိဘူး။ မပြောတာ ပိုကောင်းတယ်။ ဒီ့ထက် ကျွန်တော် ဘာမှ ပြောစရာမရှိဘူး။ ကျွန်တော် မီဒီယာတွေကို ကြောက်သွားတယ်။ လန့်သွားတယ်။ မထိုးဖြစ်တော့ဘူး ပြောတဲ့သူက ရှိတယ်။ ရက်ချိန်းတွေ ပြောင်းတယ်လို့ အပြစ်တင်တဲ့ သူက ရှိတယ်။ ဒါကြောင့်မို့ မပြောတော့ဘူး။ ထိုးတဲ့နေ့ကျမှပဲ ထပ်ပြောမယ်””ဟု ဦးအောင်မင်းက ဆိုသည်။

KNU (ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ) လော်ခီးလာ စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်တိတိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ““တိုင်းရင်း သားစည်းလုံးညီ ညွတ်မှု”” မှတစ်ဆင့် အုပ်ချုပ်သူ အစိုးရအဖွဲ့အစည်းများ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စုပေါင်း တည်ဆောက်ကြပါရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ ထပ်မံ ဆွေးနွေးနိုင်ခြင်း မရှိဘဲ ရပ်တန့်နေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

““ဒီမိုကရေစီမှာ မီဒီယာကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ မြင်တာ ကတော့ သူတို့အတွင်းမှာပဲ ဖိအားပေး ခံနေရလို့လား ပေါ့ဗျာ။ ကျွန်တော်တို့ကြားတာက တပ်မတော်က လျှော့လွန်းတယ်ပေါ့ဗျာ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ပေါ့။ တကယ်တော့ ဘာမှလျှော့တာ မရှိပါဘူး။ ကျွန်တော်တို့ မြင်တာကတော့ အထိန်းအကွပ်တွေ များလွန်းတယ်””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဖြစ်သူ ပဒိုဒေးဗစ်သာကပေါက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ အား မေးမြန်း ရာ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ ပြန်လည် ဖြေကြားမှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် ဖြေကြားချက် ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။

““ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ သူတစ်ယောက် အနေနဲ့ မီဒီယာများကို ကြောက်တဲ့အတွက် မဖြေချင်ကြောင်း၊ မဖြေတာ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားတာဟာ အတော့်ကို အခြေအမြစ် ကင်းတယ်လို့ မြင်ပါတယ်။ သတင်းမီဒီယာ တွေဆိုတာ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေနဲ့ တန်းတူရှိတဲ့ Fourth Pillar ပါ။ ပွင့်လင်း မြင် သာမှု ရှိရမယ်။ တာဝန်ယူရဲမယ်။ တာဝန်ရှိမယ်ဆိုရင် မမြင်ရဲ စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေအတွက် မီဒီယာမှမဟုတ် ဘယ်သူ့ကိုမှ ကြောက်စရာ လိုမယ် မထင်ဘူးလို့ မြင်မိပါတယ်””ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

ဝိုင်းမော်
Myanmartandawsint Newspaper
မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။