Thursday, 27 February 2014

စားဝတ်နေရေး ခက်ခဲလာ၍ ကမ်းဝေးငါးဖမ်း သင်္ဘောကြီးများကို ရခိုင်ရေလုပ်သားများ ဆန္ဒပြ

ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုကြောင့် တစ်ပိုင်တစ်နိုင် ရေလုပ်သားငယ် မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရေလုပ်သားများက ဆန္ဒပြကြကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားများ၏ သဘောထားများသိနိုင်ရေးဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌနှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ

ပြည်လုံးကျွတ်သန်းခေါင်စာရင်း နှင့်ပတ်သက်ပြီး တိုင်းရင်းသား များ၏သဘောထားများကို သိရှိ နိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ UNFPA ကိုယ်စားလှယ်များ ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ Mount Pleasant ဟိုတယ်တွင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
Thursday, February 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။

“ဦးပဉ္ဇင်း အပါအ၀င် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။

တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘောမတူဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာပါ” ဟု ဦးဝင်းတင်က ဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကို လက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ်သဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာမှုများရှိကြောင်း ဦးဝင်းတင် က ဆိုသည်။

“သူကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး ဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက် ပွဲမှာ အနိုင်ရတာကို မလိုချင်ဘူး။ နိုင်ငံခြားသားတယောက်နဲ့ လက်ထပ်ခဲ့သူတယောက်ကို အာဏာ မရစေချင်ဘူး” ဟု ဦးဝင်းတင် က ပြော သည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည် က သမ္မတ တာဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း သူ့ကို ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းတင်က ထိုသို့ သဘောမျိုး ဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLDက လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောပြ ခဲ့သည်ဟု လည်း ဆိုသည်။

“မြန်မာ့နိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ဘုန်းတော်ကြီး တွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်း တခု အတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူအားလုံး အကျိုးရှိဖို့က အရေးကြီးတယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူစလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြောဆိုစွပ်စွဲခံရသူလည်း ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် တချို့က ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမျိုးဘာသာကို ကာကွယ်ကြရန် နှင့် မူစလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ကြရန် ဟောပြောတိုက်တွန်းခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်းအရောင်ကို အစွဲပြု၍ “ရွှေဝါရောင် တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

ဧရာဝတီ

ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို
Thursday, February 27, 2014

သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည် ဟု ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့ ရှင်းပြခဲ့ကြောင်း၊ ယင်းဥပဒေများနှင့်ပတ်သက်၍ ပြဌာန်းရန် လိုလားနေသော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသော်လည်း ယင်းတို့၏ သဘောဆန္ဒကို ရယူခြင်း မရှိခဲ့ကြောင်း သိရသည်။

"သမ္မတ သ၀ဏ်လွှာ ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် ဆွေးနွေးညှိနှိုင်းခဲ့တယ် လို့ ကြားပါတယ်။ အဓိကအချက်ကတော့ ဒီဥပဒေလေးခု ပြဌာန်းရေးနဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ သဘောထားကို ရယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်စားလှယ်အတော်များများက ဒီဥပဒေတွေကို ပြဌာန်းစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေပေါ့။ ဥပဒေကြမ်းကော်တီကို လွှဲပြောင်းပေးပြီး လေ့လာသုံးသပ်တာတွေ မလုပ်တော့ဘဲ ဒီလို ဆုံးဖြတ်ပြီး သ၀ဏ်လွှာ ပေးပို့တာကတော့ နာယကကြီး ပြောပြောနေတဲ့ လွှတ်တော် ဆန္ဒ မဟုတ်နိုင်ဘူး လို့ ထင်ပါတယ်။ လွှတ်တော်သဘောထားကို ယူသင့်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ယူသင့်သလား ရှင်းနေပြီးသားပဲ" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

အလားတူ လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒကို လေးစားရမည် ဖြစ်၍ ဤသို့ ယတိပြတ်ပယ်ချလိုက်ခြင်းကြောင့် လွှတ်တော်အပေါ် သံသယများ ဖြစ်လာနိုင်ကြောင်း၊ မပြီးပြတ်သေးသည့် အငြင်းပွားဖွယ်ရာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိစ္စလည်း ရှိနေသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ပြီး ဆုံးဖြတ်ချက် ချမည် ဆိုလျှင် လွှတ်တော်အစည်းအဝေး ကျင်းပနေသည်မှာ အဓိပ္ပါယ် မရှိတော့ဟု ယူဆနိုင်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွင်း မျိုးစောင့်ဥပဒေလေးခု ပြဌာန်းရေးအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ခြင်း ဟု ယူဆကြသူများ ရှိနေသလို နိုင်ငံအတွက် လိုအပ်ချက် ဟု မှတ်ယူထားကြသူများလည်း ရှိနေရာ ပြည်ထောင်စုလွှတ်တော် နာယက၏ လုပ်ဆောင်ချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုသည်။

"ဒီအချိန်မှာ သံသယတွေ ဖြစ်နေတာ ဘာသာပြောင်းခိုင်းတာတွေ၊ မိန်းမ အများကြီးယူနေတာတွေ၊ ကလေးတွေ မဟားဒရားမွေးနေတာတွေ၊ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့လို့ ပြည်သူတွေအကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့ကတော့ ဒီ ဥပဒေလေးခု ပြဌာန်းဖို့ သဘောတူယ်။ ထောက်ခံတယ်။ ပြည်သူတွေထဲမှာလည်း အများစုက ဒီသဘောထားအတိုင်း ရှိနေတယ်။ အခု အရေးပေါ်အစည်းအဝေး ဆိုတာကလည်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်တဲ့ သီးသန့်အစည်းအဝေး ဆုံးဖြတ်ချက်ပဲ။ လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်မလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ကြည့်မလား။ အဓိကအချက်က ဒါပါပဲ။ လွှတ်တော်က ပြဌာန်းချင်တဲ့ ဥပဒေတွေဆိုရင် ဘယ်သူကမှ တိုက်တွန်းစရာ မလိုဘဲ အားကြိုးမာန်တက် ရေးဆွဲနေတာ အားလုံး အသိပဲ။ ဒီဥပဒေလေးခုကျမှ အစိုးရနဲ့ တရားရုံးချုပ်က ရေးဆွဲသင့် တယ် ဆိုတာကတော့ သက်သက်မဲ့ ခေါင်းရှောင်တာပဲ လို့ မြင်တယ်" ဟု ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

"ကျွန်တော်တို့အတွက်တော့ ရှင်းသွားပါပြီ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ဆောင်ပုဒ်တွေ ထောင်မနေပါနဲ့။ လက်တွေ့ လုပ်ဆောင်ချက်တွေက အဖြေပေးသွားပါပြီ။ ကျွန်တော်တို့ နားလည်တာကတော့ ဒီဥပဒေလေးခု ပြဌာန်းပေးဖို့ ကျွန်တော်တို့ ရဟန်း ရှင်လူတွေက လက်မှတ်ရေးထိုး တောင်းဆိုတယ်။ သမ္မတလက်မှတ်ထိုးတဲ့ သ၀ဏ်လွှာနဲ့ လွှတ်တော်ကို ဆက်ပို့တယ် ဆိုတာက သမ္မတကိုယ်တိုင် ထောက်ခံလက်မှတ်ရေးထိုးတယ် လို့ ကျွန်တော်တို့က ယုံကြည်ထားတယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုး ဘာသာ သာသနာအတွက် အားကိုးအားထား ပြုထိုက်ပါရဲ့လား မေးစရာ မလိုတော့ဘူး လို့ မြင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေကြမ်းအထိ ပြုစုဖို့ သီတဂူဆရာတော် ဘုရားကြီး လမ်းညွှန်ထားတဲ့အတိုင်း တည်ဆဲဥပဒေတွေလေ့လာပြီး ဥပဒေကြမ်းတွေ ရေးသားပြုစုထားတာတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေကို အစိုးရဆီ ဆက်ပို့မယ်၊ အစိုးရက လိုအပ်တာပြင်ဆင်ပြီးရင် လွှတ်တော်ကို တင်မယ်။ ဒီလမ်းစဉ်အတိုင်း မဖြစ်ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားမယ်" အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ အထောက်အကူပြု ဥပဒေပညာရှင်တစ်ဦးက ပြောဆိုသည်။

"ဘုန်းကြီးတို့က ဥပဒေကြမ်းအဆင့်အထိ ပြင်ဆင်ထားပြီးသားပါ။ သီတဂူဆရာတော်ဘုရားကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ ပညာရှင်တွေ ကူညီပြီး လုပ်ပေးနေတာတွေ ရှိပါတယ်။ ဒါကို လွှတ်တော်ကို တင်ပြပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့လည်း ရှိပြီးသားပါ။ အခုအခြေအနေအတိုင်း ဆိုရင်တော့ လွှတ်တော်က ဘုန်းကြီးတို့ ဆန္ဒ သဘောထားကို ပယ်ချလိုက်တာပေါ့။ ဒါဆိုရင်လည်း သမ္မတနဲ့ အစိုးရဘက်က တင်ပြနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။ လွှတ်တော်က ဘုန်းကြီးတို့ကို လျှော့တွက်လွန်းတယ် ထင်ပါတယ်" ဟု အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

"ကျွန်တော့်အမြင် ပြောရရင် လွှတ်တော်က ခေါင်းရှောင်လိုက်တာပဲ။ အမျိုးသားရေးကို ကျောခိုင်းလိုက်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုးကွယ်တဲ့ ဘာသာ ကူးပြောင်းမှုက စင်္ကာပူလိုနိုင်ငံတွေမှာ ရှိတယ်။ အစ္စလာမ္မစ်နိုင်ငံတွေ မှာ ရှိတယ်။ သူ့နိုင်ငံလိုအပ်ချက်အရ သူ ပြဌာန်းရတာ။ ဒီကိစ္စဟာ ပြည်သူတွေကြားထဲမှာ အတင်းအကျပ် ဘာသာပြောင်းခိုင်းတာတွေ ရှိခဲ့တယ်။ ဒီလို အတင်းအကျပ် မပြောင်းနိုင်အောင် ဥပဒေနဲ့ ကာကွယ်တားဆီးရမယ်။ ဒါဆို ပြည်သူတွေလည်း စိတ်အေးချမ်းသွားမယ်။ ဒါဆိုရင် ပဋိပက္ခဖြစ်စေမယ့် အကြောင်းရင်းတစ်ခု လျော့သွားမယ်။ ဒါက ပထမအချက်။ ဒုတိယဥပဒေ ဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ဒါကလည်း ရှိပြီး သား ဥပဒေကို နည်းနည်းလေး ပြန်သုံးသပ် ပြင်ဆင်လိုက်ရင် ပြီးသွားပြီ။ လက်ထပ်ထိမ်းမြားတဲ့အခါ စင်္ကာပူမှာဆိုရင် သီးသန့် တရားရုံးတွေ ထားပြီး လက်ထပ်ရတာမျိုး ရှိတယ်။ ဒီနိုင်ငံမှာ ဘယ်ဟာမျိုးနဲ့ သင့်တော်မလဲ။ ဒါကိုလည်း ဆွေးနွေးပြီး ပြင်ဆင်ချက် လုပ်ဖို့ပဲ လိုတယ်။ တတိယ ဥပဒေက ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီးသား။ မြန်မာနိုင်ငံသားတွေဟာ တစ်လင်တစ်မယား စနစ်ပဲ ကျင့်သုံးနေကြတာ။ ဒါကိုလည်း ဥပဒေအရ ပြန်ပြီး တရားဝင် လုပ်တဲ့ သဘောပဲ။ လက်မခံနိုင်စရာ မကြောင်းမရှိဘူး။ နောက်ဆုံးဥပဒေကလည်း ဒီကနေ့ နိုင်ငံတကာကျန်းမာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ တွန်းအားပေး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ပဲ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ လူဦးရေ တိုးပွားနှုန်းထိန်းသိမ်းရေးဟာ အဓိက ဆက်စပ်နေတယ်။ ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ ဥပဒေနဲ့အညီ ထိန်းသိမ်းဖို့ လိုတယ် လို့ ကျွန်တော်တို့က ရှုမြင်တယ်။ ဒါကြောင့် လွှတ်တော်က ပယ်ချလိုက်တာဟာ အမျိုးသားရေးကို လျစ်လျူရှုလိုက်တဲ့ သဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ၄င်း၏အမြင်ကို ပြောကြားသည်။

"ပြည်ထောင်စုလွှတ်တော် နာယက သ၀ဏ်လွှာမှာ ပါတဲ့ လူသားအရေး ဆိုတာ ဘာလဲ။ စကားကို လှည့်ထားတာ။ လူ့အခွင့်အရေးကို ပြောချင်တာ။ လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့ အနေအထားမှာ လွှတ်တော်က လူ့အခွင့်အရေးကို ဦးစားပေးလိုက်တာပါပဲ။ ကျွန်တော်တို့ကတော့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင် သွားမှာပါ" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းနိုင်ရေး သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယကက ပယ်ချလိုက်ခြင်း ဖြစ်သည်။

P-74990426
ပြည်သူ့အာဏာ
သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြ ည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်နီဒုက္ခသည်များ နေရပ်ပြန်ရေး ကြန့်ကြာနေခြင်းက ၄င်းတို့၏ ကိုယ်စားလှယ်များကြောင့်သာဖြစ်ဟု ကယားအစိုးရအဖွဲ့တုံ့ပြန်

ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခ သည်များ နေရပ်ပြန်ရောက်ရေးအတွက် အစိုးရ၏ ဆောင်ရွက်မှု ကြန့်ကြာနေသည်ဟု တိုင်းရင်း သားလက်နက် ကိုင်များက ဝေဖန် ထားသော်လည်း အဆိုပါဒုက္ခ သည်များ၏ ကိုယ်စားလှယ်များက လာရောက် မညှိနှိုင်းခြင်းေ ကြာင့် ဟု ကယားပြည်နယ်အစိုးရအဖွဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

နိုင်ငံတစ်ဝန်း လစ်လပ်နေသော သားဖွားဆရာမများကို ယခုနှစ်အပြီးခန့်မည်

အကြောင်းအရင်း အမျိုးမျိုးကြောင့် လက်ရှိရာထူးမှ ရွှေ့ဆိုင်းခံရသော သားဖွားဆရာမများ၏ လစ်လပ် နေရာများကို ၂၀၁၄ ခုနှစ်တွင် အစားထိုး ခန့်အပ်မှု အပြီးသတ် ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့

မန္တလေးမြို့တွင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူခြင်း အခမ်းအနားအား တွေ့ရစဉ် 

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

Wednesday, 26 February 2014

နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို

Photo: နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို
Wednesday, February 26, 2014

နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိတန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင် များက အသေး စိတ်ထပ်မံလေ့လာနေသည်။

၎င်းကျောက်တုံးကြီးအား ယခုလ ၉ ရက်က ဖားကန့်ရှိ ပုဂ္ဂလိကပိုင် လုပ် ကွက်အတွင်းတွင် တစ်ပိုင် တစ်နိုင် ကျောက်စိမ်းတူးဖော်သူ တစ်ဦးမှတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး နိုင် ငံတော်ပိုင် ပစ္စည်း အဖြစ် အစိုးရမှ ထိန်းသိမ်း ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှအရာရှိ တစ်ဦးက ပြည်တွင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အလေးချိန် တန် ၄ဝ နီးပါးရှိ ထိုကျောက်တုံးကို လုံးခင်းရှိ သတ္တုတွင်း ရုံးသို့ သယ်ဆောင်ပြီး ခွဲခြမ်းစစ်ဆေးစဉ် ကျောက်စိမ်းသက်နု ၅ တန်ခန့် ပါဝင် နေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

”ပလွမ်ပါတဲ့ ကျောက်စိမ်းသားလို့ ပြောလို့ရပါတယ်”ဟု သတ္တုတွင်း ဝန် ကြီးဌာနရှိ ကျောက်မျက်ဌာနမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ က ပြောသည်။

ယင်းကျောက်တုံးအား အပိုင်း ၃ ခြမ်းခွဲ၍ စမ်းသပ်စစ်ဆေးမှုကို သတ္တု တွင်းဝန်ကြီးဌာနက ပြုလုပ်ခဲ့ရာ ၂ ခြမ်း မှာ ကျောက်စိမ်းသားလုံးဝ မပါဝင် သော သာမန်ကျောက် တုံးများသာ ဖြစ် သည်ဟု သတ္တုတွင်းဝန်ကြီးဌာနထံ တင်ပြသော အစီရင်ခံစာအရ သိရသည်။

ဦးသိန်းဆွေက ”ဒီကျောက်တုံးကို သယ်ယူရာမှာ ကွဲကြေမှုတွေရှိခဲ့ တယ်။ နောက်ပြီး ပြုတ်ကျတာလည်း ပါတယ်။ ကျောက်စိမ်းအမှန်ဆိုရင် မာဆင့်က ၇ ရှိတယ်။ ခု ၅ ပဲရှိတယ်။ ကျောက်စိမ်း စစ်စစ်မဟုတ်ဘူး။ ဒီလိုစပြီးသုံးသပ်မှု ရှိထားပြီးသား”ဟု ထပ်လောင်းပြော သည်။

ပလွမ်သည် အရည်အသွေး ကောင်း ကျောက်စိမ်းကဲ့သို့ ဈေးကွက်ထဲ တွင်ဈေးကောင်းမရသော်လည်း ထိုက် သင့်သည့်တန်ဖိုးရှိသည်။

ယင်းပလွမ်ကျောက်စိမ်းသား (ခန့် မှန်းခြေ ၃ တန်မှ ၅ တန်)အတွင်း၌ ကြည်လင်ပြတ်သားသော ကျောက်စိမ်း သတ္တုကြော ပါမပါကို တိကျစွာ မပြော နိုင်သေးပါဟု ၄င်းက ဆက်ပြောသည်။

မန္တလေး၊ ကျောက်ပွဲဈေးမှ ကုန် သည်တစ်ဦးက ”အရည်သိပ်ပြီးတော့ မကောင်းဘူး။ ဒီမှာတော့ အကြိုက် နည်းတယ်။ ဝယ်သူအချို့တော့ရှိတယ်” ဟု ပလွမ်ကျောက်ဈေး ကွက်နှင့် ပတ် သက်၍ ပြောသည်။

ဖားကန့်တွင် ကျောက်စိမ်းတူး ဖော်မှုကို ၂ဝ၁၂ ခုနှစ်မိုးတွင်းကာလ မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရာ လက် ရှိအချိန်အထိ မဖွင့်သေးသော် လည်း ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်နေသူ များ ရှိနေကြသည်။

Popular Myanmar News Journal
နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိ တန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင်များက အသေး စိတ်ထပ်မံလေ့လာနေသည်။

နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ

Photo: နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
Wednesday, February 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

“တရုတ်ပြည်ကလည်း ၀င်လုပ်နေပါတယ်။ စိစစ်ပေးစေချင်ပါ တယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအတွင်း နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးတေဇက ကျောက်မျက်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများကို စီမံကြီးကြပ်ပေးရန် အကြံပြုခဲ့သည်။

အမည်ခံလုပ်ကိုင်နေသူများမှာ လုပ်ငန်းကြီးမားသော ကျောက်မျက် လုပ်ငန်းတစ်ခုတည်းတွင်မဟုတ်ပေ။ အကျိုးအမြတ်ရရှိသော ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း စသည့်ကဏ္ဍမျိုးစုံတွင် ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ၀င်ရောက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

အမည်ခံလုပ်ကိုင်နေသော နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား များသာမက ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံသား များပါဝင်သည်။

ရာဂဏန်းမျှသာရှိသော ကမ္ဘာ့လှည့်ခရီးသွားများကုမ္ပဏီတွင် မြန်မာနိုင်ငံသားအမည်ခံပြီး ဖွင့်လှစ်ထားသော ကုမ္ပဏီ ၂၀ ကျော်ခန့်ရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“အထည်ချုပ်အသင်းဝင်တွေထဲမှာတောင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

ထို့ကဲ့သို့ မြန်မာနိုင်ငံသားများအမည်ခံ၍ လုပ်ကိုင်နေကြခြင်းမှာ ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းကပင် ရှိနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လုပ်ငန်းများ ပိုမိုကောင်းမွန်လာသဖြင့် လုပ်ကိုင်သူများ ပိုမိုများပြားလာခြင်းဖြစ်သည်။

“ဒီလိုဖြစ်တာက အရင်အစိုးရလက်ထက်က စက်ရုံငှား၊ မြေငှားရင်း နိုင်ငံခြားသားကို အစိုးရဆီကပဲခွင့်ပြုတယ်။ ပုဂ္ဂလိကဆီကငှားရင် တစ်နှစ်ပဲခွင့်ပြုတယ်”ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကရှင်းပြသည်။

ထို့အပြင် အစိုးရငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာသတ်မှတ်ထားသဖြင့် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံသားများအား ကုမ္ပဏီများတွင် အမည်ခံခိုင်းခြင်းဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားသားများအား သာသနာပိုင်မြေ ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ်ထားသည့်မြေ၊ အမှုအခင်းဖြစ်ပွားလျက်ရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေးလုပ်ငန်းကြောင့် မြို့ပြလူနေထိုင်မှုတွင် ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရပ်ဒေသများတွင်ရှိသော
မြေများမှလွဲ၍ ကျန်မြေယာများ ငှားရမ်းခွင့်ပေးခဲ့သည်။ ကျန်မြေများကို နှစ် ၃၀ နှင့် ထပ်တိုး ၁၅ နှစ်စီ နှစ်ကြိမ် စုစုပေါင်း နှစ် ၆၀ ငှားရမ်းခွင့်ပြုပေးခဲ့သည်။

အလားတူ ငွေလဲနှုန်းကိုလည်း တစ်ဒေါ်လာလျှင် ခြောက်ကျပ်အစား ၂၀၁၂ ခုနှစ်မှစတင်၍ ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးနှုန်းရှင်ဖြင့် နေ့စဉ်သတ်မှတ်ပေးခဲ့သည်။

ထို့ကဲ့သို့ နိုင်ငံခြားသားများ လုပ်ကိုင်နိုင်စေရန် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲပေးလိုက်သော်လည်း နာမည်ခံလုပ်ကိုင်နေသူများမှာ လျော့မသွားပဲ ပိုမိုတိုးပွားလာလျက်ရှိသည်။

ထိုသို့များပြားနေခြင်းမှာ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာတွင် တစ်ရာရာခိုင်နှုန်း ခွင့်မပြုခြင်းကြောင့် မြန်မာနိုင်ငံသားအမည်ခံခိုင်းမှုများ ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကဆိုသည်။

“အမည်ခံလုပ်ပေးတဲ့လူအများစုက အမျိုးသမီးတွေများတယ်။ Living Together (လက်မထပ်ဘဲအတူနေခြင်း) နေတယ်။ ရုံးအလုပ်လေး၊ ဘာလေး ကူလုပ်ပေးရတယ်။ လစာပေးထားတယ်။ အကျိုးအမြတ်တော့ ခွဲမပေးဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထိုကဲ့သို့ အမည်ခံပြီးလုပ်ကိုင်ပေးသော မြန်မာနိုင်ငံသားများအနေဖြင့် ဥပဒေကြောင်းအရ အရေးယူမှုခံရနိုင်သည်။

ဦးသိန်းစိန်လက်ထက်တွင် ပြန်လည်ရေးဆွဲသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများအား ၈၀ ရာခိုင်နှုန်းသာ အများဆုံးခွင့်ပြုထားသည်။

“အခွန်ရှောင်မယ်။ စိတ်ကြိုက်အလုပ်လုပ်မယ်။ အစိုးရကန့်သတ်ချက်ကျော်ပြီး လုပ်ချင်တာပေါ့။ ဘာ Responsibility(တာဝန်ယူမှု)မှမယူချင်ပဲ အခြေအနေမကောင်းရင် ဆုတ်ပြန်လို့ လွယ်အောင်ပေါ့။ မြန်မာနိုင်ငံသားကို အမည်ခံခိုင်းတာ”ဟု Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စပယ်အောင်က နိုင်ငံသားအမည်ခံ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သူ၏အမြင်ကိုပြောသည်။

ကျောက်မျက်လုပ်ငန်းအပါအ၀င် ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းအားနည်းမှုတို့ကြောင့် အခွန်ရှောင်ရန်နှင့် ငွေမည်းများကို ငွေဖြူလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ခိုင်းရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကဆိုသည်။

“ဖက်စပ်လုပ်တာလည်း သူတို့လှည့်ချင်တိုင်းလှည့်လို့ရတဲ့ မြန်မာလူမျိုးကို အမည်ခံသက်သက်နဲ့ လုပ်တာများတယ်။ ဒါအန္တရာယ်ရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအေးကျော်ကထောက်ပြသည်။

ထို့အပြင် နိုင်ငံသားများအမည်ခံ ဖွင့်လှစ်ထားသည့်ကုမ္ပဏီအချို့သည် တိုင်းပြည်ပုံရိပ်ကျဆင်းစေသည့်လုပ်ငန်းများကိုပင် လုပ်ကိုင်မှုများရှိလာကြောင်း သတင်းရရှိသည်။ ခရီးသွားလုပ်ငန်းတွင် အမည်ခံလုပ်ကိုင်ထားသော ခရီးသွားကုမ္ပဏီအချို့မှာ Night Tour များ လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ထောက်ပြပြောဆိုသည်။

အလားတူ အိမ်ခြံမြေလုပ်ငန်းတွင်လည်း မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ကိုင်မှုများစွာရှိသည်။ ဥပမာ ဂျပန်နိုင်ငံသားတစ်ဦးက မြန်မာတိုင်းရင်းသူနှင့်ပေါင်းဖက်ကာ ထိုအမျိုးသမီးအမည်ဖြင့် မြေများလိုက်လံဝယ်ယူရင်းနှီးမြှုပ်နှံသည်။ ထိုသို့ ၀ယ်ယူထားပြီး နောက်ဆက်တွဲပြဿနာများဖြစ်ပွား၍ စ,သုံးလုံးကစစ်ဆေးစဉ် အမျိုးသမီးငယ်က တိုက်ပေါ်မှခုန်ချ၍ မိမိကိုယ်မိမိသတ်သေသည့် ဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယခုလောလောဆယ်မှာပင် သီလ၀ါဆိပ်ကမ်းအနီး မြေကွက်ဝယ်ယူရာတွင် အမည်ခံခိုင်းထားသော မြန်မာနိုင်ငံသားထွက်ပြေးသဖြင့် ပိုင်ရှင်ဂျပန်နိုင်ငံသားက ဖေဖော်ဝါရီ ၂၃ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားအမှုဖွင့်ထားသည်။

ထိုသို့ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံသူများကို “လိမ်လည်မှု၊ စာချုပ်စာတမ်းဖောက်ဖျက်မှု၊ ဌာနဆိုင်ရာကို မမှန်မကန်လုပ်မှု၊ ငွေကြေးခ၀ါချမှု၊ အဂတိလိုက်စားမှုတို့နဲ့ အရေးယူလို့ရတယ်”ဟု မည်သို့အရေးယူနိုင်ကြောင်း Internatioal Law Firm မှ ရှေ့နေဦးသန်းမောင်က အောက်ပါအတိုင်းပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါအ၀င် ကုမ္ပဏီများမှတ်ပုံတင်ထုတ်ပေးသည့်ဌာနတို့က အရေးယူဆောင်ရွက်နိုင်ပြီး အရေးယူမှုများလည်းရှိသည်။ သို့သော် ထိုအခြေအနေကို အမည်ခံပြီးလုပ်ကိုင်ပေးနေသူအများစုက မသိရှိကြပေ။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီးနောက် နာမည်ခံလုပ်ငန်းများအား ပိုင်ရှင်မှန်အမည်ပြောင်းရန် တရားဝင်ဖိတ်ခေါ်ခဲ့သဖြင့် လုပ်ငန်းအချို့မှာ အမည်ပြောင်းလဲလုပ်ကိုင်မှုများရှိခဲ့သည်။

သို့သော် လုပ်ထုံးလုပ်နည်းများ အားနည်းနေမှုနှင့် ၀န်ကြီးအချို့၏ လာဘ်ပေးလာဘ်ယူမှုများရှိနေသဖြင့် အမည်ခံလုပ်ငန်းများမှာ လျော့မသွားပဲ ဆက်လက်တိုးပွားနေခြင်းဖြစ်သည်။

“နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ ပြည်တွင်းလုပ်ငန်းရှင်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လို့တယ်”ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကအကြံပြုသည်။

ထို့အပြင် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့်လည်း အမည်ခံလုပ်ကိုင်နေသူများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ သတင်းပေးတိုင်ကြားမှုများ လုပ်ရန်လိုကြောင်း ပြည်တွင်းလုပ်ငန်းရှင်အချို့ကဆိုသည်။

အမည်ခံရင်းနှီးမြှုနှံမှုများပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အတွက် ရရှိမည့်အခွန်ငွေများဆုံးရှုံးခြင်း၊ အဆိုပါလုပ်ငန်း၌ လုပ်ကိုင်နေသော အလုပ်သမား၊ ၀န်ထမ်းများ အခွင့်အရေးရပိုင်မှု ဆုံးရှုံးခြင်း၊ လုပ်ငန်းတူ နိုင်ငံသားလုပ်ငန်းရှင်များအတွက်လည်း တရားမ၀င်နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကြောင့် ငွေကြေးအင်အားမယှဉ်နိုင်ဘဲ အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ထို့အပြင် တိုင်းပြည်၏ တရားဝင်စီးပွားရေးဖွံ့ဖြိုးမှုကိုပါ အတားအဆီးများဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအရ နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက အခွန်အခများ စနစ်တကျပေးဆောင်နေသည့်အပြင် လူမှုဘ၀တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်စေရေး စသည့်သတ်မှတ်ချက်များ ပါဝင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ကိုင်စေမှုကြောင့် မြန်မာနိုင်ငံတွင် နစ်နာမှုများ များစွာရှိသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဦးတေဇက ယခုလို မှတ်ချက်ပြုပြောကြားခဲ့သည်။

ကျောက်စိမ်းအဓိကထွက်သော ဖားကန့်နှင့် မြစ်ကြီးနားမှာ အခုချိန်ထိ မတိုးတက်သော်လည်း တရုတ်နိုင်ငံ ကွမ်ဂျိုးခရိုင်အတွင်းရှိ မြို့သုံးမြို့မှာ ဖွံ့ဖြိုးတိုးတက်သွားပြီဟူ၍ဖြစ်သည်။

ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း
မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

မန္တလေးစက်မှုဇုန် ဓာတ်အားလိုင်း တည်ဆောက်မှု ကန့်ကွက်မှုများကြောင့် ရပ်နားထားရဟုဆို

မန္တလေး စက်မှုဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ငါးမိုင်ခန့် ရှည် လျားသော ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် ရွာသစ်ကလေးကျေး ရွာ ဒေသ ခံ တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသောကြောင့် တည်ဆောက်မှု ရပ်နားထားရကြောင်း အဆိုပါ စက်မှုဇုန် မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုး က ပြောကြားသည်။

JP Morgan မှ ယခုနှစ်အတွင်း အလုပ်အကိုင် ရှစ်ထောင်ကျော် ဖြတ်တောက်သွားမည်ဟုဆို

ပေါင်နှံမှု စီးပွားရေး ကျုံ့ဝင်လာမှုနှင့် လုပ်ငန်းခွဲများတွင် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Jp Morgan Chase ကုမ္ပဏီမှ ယခုနှစ်အတွင်း အလုပ်အကိုင်နေရာ ရှစ်ထောင်ကျော်ကို ဖြတ်တောက်သွားရန် ပြင်ဆင်လျှက် ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စနစ်တကျ အကောင် အထည် ဖော်ဆောင် ရွက် လျက်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း၏ မဟာဗျူဟာကျသည့် အချက် အချာနေရာဒေသတွင် တည်ရှိသော အကောင်းဆုံးရေနက် ဆိပ်ကမ်းဒေသတစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစီးပွားရေးဇုန်အားရေရှည် စီမံကိန်းများ ချမှတ်ကာ ရေနက် ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီး ပွားရေးဇုန်တို့ကို စနစ်တကျအကောင်အထည်ဖော်လျက်ရှိပြီး ဖြစ် ထွန်းပေါ်ပေါက် လာပါကကျောက်ဖြူဒေသသာမက ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက် အကူဖြစ်စေမည်ဖြစ်သည်။

ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

Photo: ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား
Wednesday, February 26, 2014 

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ By The Messenger
ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။

ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

The Messenger
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်
အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့်ထား သည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်း အချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတပေးပို့သော အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီးနောက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် တရားဝင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းရန် အဆိုအား ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာချက် ၆/၂၀၁၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်

Photo: ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်
Wednesday, February 26, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။
    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ်ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေသူတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား မြန်နိုင်သမျှ မြန်မြန်ပြုပြင်မှသာ မြန်မာနိုင်ငံနှင့်ပြည်သူများ တိုးတက်နိုင်မည်ဟု NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီပြောကြား Wednesday, February 26, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်အတွက် ပြည်သူများအပါအ၀င် နိုင်ငံတကာက စိတ်အားထက် သန်နေသော် လည်း အာဏာရပါတီနှင့် တပ်မတော်အတွင်းမှ အချို့လူများအနေနှင့် ပြင်ဆင်ရန် စိတ်မ၀င် စားသည့်ပုံသဏ္ဌာန် ပြသနေမှုအပေါ်တွင် အခြေခံဥပဒေပြင်ဆင်ရန်အချိန် ကြာမြင့်ပါက တိုင်းပြည်နှင့်ပြည် သူ များသာ နစ်နာမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံဥပဒေအား မြန်နိုင်သမျှမြန်မြန်ပြင်ဆင်ရန် လိုအပ်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ပြုလုပ်သည့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် NLD ပါတီ ဥပဒေအထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင် ဦးကိုနီက ပြောကြားသည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်းအချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေ ရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Monday, 24 February 2014

သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု

Photo: သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
Monday, February 24, 2014

လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ သီလ၀ါဇုန်ကို သမ္မတ ဦးသိန်းစိန် လာရောက် လည်ပတ်ချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို သင့်တင့်တဲ့နှုန်းနဲ့ မြေငှားရမ်း ခွင့်ပြုမှာ ဖြစ်သလို သတ်မှတ်တဲ့အချိန်အတွင်း အကောင်အထည် မဖော်ခဲ့ရင် နိုင်ငံတကာနည်းတူ ပြန်ပြီး သိမ်းယူမယ့် စည်းကမ်းချက်တွေကိုပါ ထည့်သွင်းသွားမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံထဲက အခြားသော စက်မှုဇုန်နဲ့ စီးပွားရေး ဇုန်တွေရဲ့ စံပြဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ဦးဆက်အောင်က ပြောပါတယ်။

DVB TV News
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။