ကမ္ဘာကျော် ကျောက်စိမ်းတွင်းများ တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ကို ဇာတ်အိမ် တည်ထားသည့် ကျောက်စိမ်း မြို့တော်ဟု အမည် ပေးထားသည့် ပထမဆုံးသော ကချင် တိုင်းရင်းသား ရုပ်သံ ဇာတ်လမ်းတွဲကို လာမည့် သီတင်းပတ် အတွင်း စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ရိုက်ကူးမည့် ကချင် တိုင်းရင်းသား အနုပညာရှင် ဒါရိုက်တာ သရုပ်ဆောင် အဆိုတော် ဒေါင်လွဏ်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
Monday, 24 February 2014
MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတေ
မိန်းကလေးများ အတွက် မှို

လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။
လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်
လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း ကျေးရွာများတွင် GSM တာဝါတိုင်စခန်း ၄၁ ခု တိုးချဲ့ တည်ဆောက်
ရခိုင်ပြည်နယ်အတွင်း တန်ဖိုးနည်း GSM မိုဘိုင်းဖုန်း သုံးစွဲသူကျေးလက်နေပြည်သူများ GSM ဖုန်းများသုံးရာ တွင် မိုဘိုင်းစနစ်ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်အတွက် GSM တာဝါတိုင်စခန်း ၄၁ခုကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊မင်းပြား၊ မြေပုံ၊ မောင်တော၊ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ကျေးလက်ဒေသများတွင် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများ က တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်

ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်စေချင်
တောင်ကြီးမြို့ပေါ် နေရာအနှံ့အပြားတို့တွင် ယခင်ကကဲ့သို့ လမ်းဘေး တရားမဝင် စက်သုံးဆီ အရောင်း ဆိုင်ငယ်လေးများ ဖွင့်လှစ်ရောင်းချခြင်းများမပြုလုပ်ဖို့ တင်းကျပ်စွာ တားမြစ်အရေးယူမှုများ လုပ်ဆောင်မှု ကြောင့် ယခုအခါ မြို့တွင်း၌ တရားမဝင်စက်သုံးဆီများ ရောင်းချနေမှုများမရှိတော့ပေ။
ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိုင်ကလောင်ကျေးရွာ ရဲဘက်စခန်းတွင် အကျဉ်းသားများအား မတရားညှဉ်းပန်း နှိပ်စက်ရုံမက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများအား ဗြောင်ကျကျလုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ဘ၀သစ် အမှတ် (၂) ၊ အိုင်ကလောင်ကျေးရွာ စိုက်ပျိုးမွေးမြူရေး ရဲဘက်စခန်းတွင် ယခုတာဝန်ကျသည့် တာဝန်ခံ ထောင်ပိုင်ဦးဇော်ဦးလက်ထက်၌ ၀န်ထမ်းရန်ပုံငွေဟု ဆိုကာ အကျဉ်းဦးစီးပိုင်မဟုတ်သည့် အရပ်သားလယ်မြေများတွင် အကျဉ်းသားများအား လယ်ငှားအဖြစ် တစ်ဧကလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် အလုပ်ချိန်တစ်ရက် (၈) နာရီထက်ပို၍ မတရားနှိပ်စက်ကာခိုင်းစေ လျှက်ရှိသည် ။
ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်
ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာ သည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ

ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ ဖွင့် လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်အတွင်း စတင်မည်ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အမြန် ဆုံးရွေးချယ်နိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက် မည်ဖြစ်ကြော င်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေး ချယ်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ

ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်
မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား
မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက် လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများ က ပြော ကြားသည်။
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း
ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။
Sunday, 23 February 2014
အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာထားငွေမှ ကျပ်သန်း ၁၀၀၀ ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်
မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျ
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ
ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာ
ထားငွေကျပ် သန်း ၁၂၆၉၄ ဒသမ ၅၂၆ အနက် ကျပ်သန်း ၁၀၂၄ ကို ဖြတ်တောက်ရန်
ပြည်သူ့ လွှတ်ေ တာ် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု
စိစစ်ရေးကော်မတီက ပြည်ထောင်စု လွှတ်ေ တာ် ၌ အဆို တင်သွင်းခဲ့သည်။
Subscribe to:
Posts (Atom)