နိုင်ငံတော်သမ္မတရုံး၏
၂၀၁၄-၂၀ ၁၅ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ် အတွက် ငွေကျပ် သန်း တစ်သောင်းငါး
ထောင်ကျော် အဆိုပြုထားရာ ယခင်နှစ်ထပ် သန်းသုံးထောင်ကျော် ပိုလာ သည်။
Saturday, 22 February 2014
လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟော င်း ဆင်းတု ရုပ် ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရ သည်။
ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ
အသက်
၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာ တစ်မျိုး
ကြောင့် ပါး သိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့
ပါးသိုင်း မွေးများ ရှိခြင်း သည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း
ပြောကြား ခဲ့သည်။
အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton

ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်း သား ဖြစ်ခဲ့ရပါတယ်။
အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများအကြောင်း အားရပါးရ ဖတ်လို့ ရပါပြီ

(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁)ချင်းသေနတ်ကိုင် တပ်ရင်း
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁)ချင်းသေနတ်ကိုင် တပ်ရင်း
လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး

ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Friday, 21 February 2014
မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု

မန္တလေးမြို့လယ်
အချက်အချာရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး
ဘူတာရုံကြီး ကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD
ပါတီက မန္တလေးမြို့တော် စည်ပင်သာ ယာရေး
ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ
တွဲဖက် အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြား သည်။
Social Media သတင်းအချက်အလက်များကို အမှန်အမှား ခွဲခြားပေးမည့်စနစ်

ကောလာဟလများနှင့်
သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media
လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ
အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ
ပေးလာဖွယ် ရှိသည်။
အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ
သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံ
ခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊
ကုရ်အာန်ကျမ်းစာလာ မျက်လုံး တစ်လုံးအတွက်မျက်လုံးတစ်လုံး၊
သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ် ထဲ က
နေ ရာ တူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။
" University of British Columbia (UBC)မှ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူး ဆောင်ပါမောက္ခရာထူးနှင်းအပ် "

ကြီးမားသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လိုအပ်နေသောစီးပွားရေး ပညာ၊ စီမံခန့်ခွဲမှု ပညာ ဘာသာရပ်များကို သင်ကြားပို့နေ သူ ဒေါက်တာ အောင်ထွန်းသက်အား University of British Columbia (UBC) မှ ဂုဏ်ထူးဆောင် ပါမောက္ခရာထူး Honarary Professorship နှင်း အပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဇုန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အင်းစိန် မီးရထားပိုင်မြေရှိ ကျူးကျော်များ ဖျက်သိမ်းရန်စီစဉ်
ရန်ကုန်တိုင်း
အင်းစိန်၊ ဈေးကုန်းအရှေ့ စံကျော်စုရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း
နှစ်၂၀ ကျော်နေ ထိုင်ခဲ့သည့် အိမ်ခြေ ၃၅ လုံးကို ဖေဖော်ဝါရီ ၂၁ ရက်တွင်
ဖျက်သိမ်းမည်ဖြစ်ပြီး မီးရထားရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူရမည်ဖြစ်သည်ဟု
အင်းစိန်မြန်မာ့မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ(၁၄)မှ တပ်ကြပ်ကြီးမြင့်ငွေက
မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် တန်ဖိုးရှိ ရေတပ်သုံး ရေဒါကိရိယာများ အိန္ဒိယထံမှမြန်မာ ဝယ်ယူမည်
အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၄ သန်းတန်ဖိုးရှိ ရေတပ်သုံးရေဒါ ကိရိယာများကို မြန်မာနိုင်ငံ အစိုးရက အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် The Time of India သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေလိုဟု KNU/KNLA ရှင်းလင်း

ဖေဖော်ဝါရီ ၂၀ ရက်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်တာတင်မိုသီ မီဒီယာများနှင့် တွေ့ဆုံနေစဉ်
ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေ လိုပြီး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ဖွယ် မရှိဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်
အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်း ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
မြန်မာ့လုံထိန်း ၁၄၀၀ ကျော်ကို အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း ပို့ချပြီးဟု အီးယူသံအမတ်ကြီးဆို

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် မြန်မာ့လုံထိန်း ၁၄၁၉ ဦးကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။
အစီရင်ခံစာပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် ယခုနှစ် ဇွန်နှင့်စက်တင်ဘာ နောက်ဆုံးထား ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများနှင့်ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံစိုက်မြေ များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား လွှတ်တော်က တိုက်တွန်းခဲ့သည်။
လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှုတွင် မြေဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းခိုင်မာ၍ ပြန်မပေးနိုင်သည့် မြေဧက သုံးသိန်းကျော်ရှိကြောင်း အစိုးရကိုယ်စား ပြည်ထဲရေးဒုဝန်ကြီး ကာကွယ်ပြောကြား

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ရှင်းလင်းစဉ်
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ တွင် လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှု တွင် မြေဧရိယာဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းရင်း ခိုင်မာ၍ စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေဧရိယာ ဧကသုံးသိန်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းများအတွက် လျာထားတောင်းခံသည့် ငွေများထဲမှ ကျပ် ၈၆ ဘီလျံကျော် ဖြတ်တောက်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုတင်သွင်း

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စားကသာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ပြော ကြားနေစဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ လုပ်ငန်းစီမံကိန်းများ အတွက် လျာထားတောင်းခံထား ငွေများထဲမှ ငွေကျပ် ၈၆ ဒသမ ၇၂၁ ဒသမ ဖြတ်တောက်၍ ၇၉ ဒသမ ၁၁၈ ဘီလျံအား ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲအသုံး ပြုရန် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။
မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံ သားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။
Subscribe to:
Posts (Atom)