ပြီးခဲ့တဲ့
ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး
နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊
နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား
ရေးသားဖော်ပြခဲ့ပါတယ်။
Tuesday, 4 February 2014
ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အစားအသောက်များ

လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုပ်ယူ သုံးစွဲ ပါတယ်။
နျူကလိယဗုံး ၂ လုံးစလုံးရဲ့ သေဘေးက လွတ်ခဲ့သူ

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က Tsutomu Yamaguchi ဟာ ဟီရိုရှီးမား ကို အလုပ်ကိစ္စ တစ်ခု နဲ့ ရောက်ပါတယ်။ သူရောက်ပြီးတော့မှပဲ အမေရိကန် လေတပ်က Little Boy လို့အမည်ရတဲ့ နျူကလိယ ဗုံးကို ကြဲခဲ့ ပါတယ်။
နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအပေါ် ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းနိုင်ငံသားများထံမှ နိုင်ငံခြားသားအချို့က ငွေကြေးလိမ်လည်မှု သုံး
မှု ဖြစ်ပွားခဲ့ပြီး ဂါနာနိုင်ငံမှ ပြစ်မှုကျူးလွန်သူအား ဖမ်းမိရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ချိတ် ဆက်ဆောင် ရွက်နေကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်မှာ ထူးထူးခြားခြားဖြစ်အောင် ရုပ်ရှင်ရိုက်ဖို့စဉ်းစားနေတဲ့ မိုးစက်ဝိုင်

အနုပညာ အလုပ် များနှင့် ပရဟိတ လုပ်ငန်းများကို လုပ်ဖြစ် နေသည့် မိုးစက်ဝိုင်သည် ၂ဝ၁၄ ခုနှစ်အတွင်း သူမ၏ ပရိသတ်များ အတွက် ထူးထူးခြားခြား လေးအဖြစ် ရုပ်ရှင်ကား ရိုက်ရန် စဉ်းစား နေကြောင်း ကို ပြောပြ ခဲ့သည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့လောကမာရ်အောင်စေတီ၏ ထီးတော်တွင်ဒုတိယအကြိမ်ရောင်တော်မြူးနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသရှမ်းစုရပ်ကွက်ရှိ သစ်ပျံပရိယတ္တိ စာသင်တိုက် လောက မာရ်အောင် စေတီ၏ ထီးတော်တွင် ဇန်န၀ါရီ ၂၃ရက်နေ့ညနေပိုင်းမှစတင်ပြီး ယနေ့တိုင် ရန်ဖန် ရံခါရောင်တော်မြူးနေသဖြင့် ရပ်ဝေးရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော် ကြကြောင်း စေတီတော်ဂေါပက များက ပြောကြသည်။
လေဆိပ်၌ဒေါ်လာ၅ဝဝအောက်ပစ္စည်းများအခွန်ကောက်မည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာသောခရီး သည် ဝန်စည်ပစ္စည်းများအနက် အခွန်ကောက်ခံရန် လိုအပ်သော ဒေါ်လာ ၅ဝဝအောက် တန်ဖိုးရှိ ပစ္စည်းများကို လေဆိပ်၌ အခွန် စည်းကြပ်ကောက်ခံသွားမည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့ရင်ပြင်ရှေ့တွင်အစပြုရန်ရှာခဲ့သည့်လူငယ်များမှ လမ်းတွင်ကားချင်းလိုက်တိုက်
၃.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ မောင်ကောင်းမြတ်သည် သူငယ်ချင်း (၂)ဦးနှင့်အတူ ဒဂုံမြို့နယ်၊ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ရောက်ရှိအပန်းဖြေနေခဲ့ကြောင်း၊
ဝန်ကြီးချုပ်ပြုတ်ကျသည်အထိ ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲသွားမည်
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ၀န်ကြီးချုပ်ယင်လပ် ရာထူးမှ နုတ်ထွက်ရေးအတွက် လမ်းပေါ် ထွက် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ဖေဖော် ၀ါရီ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ခြောက်ပိဿာ လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးရှိ ရွှေဆိုင်နှစ်ဆိုင်မှ ရွှေထည်လက်ဝတ်ရတနာ မျိုးစုံ ခြောက်ပိဿာခန့် လုယက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီး ထားပြီး စစ်ဆေးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ ရဲမှူးခင်အောင် က ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။
2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ဧပြီလအတွင်း စတင်ကျင်းပရန်လျာထား
2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေးပွဲစဉ်များနှင့် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး ဧပြီလအတွင်းကျင်းပရန် လျာထားသည်ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပ ရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။
ရေယာဉ်နှင့် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ပြီးပါက ပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများ ဖမ်းဆီးနိုင်မည်ဟုဆို
အစိုးရအဖွဲ့က ဖွဲ့စည်းခွင့်ပြုထားသောရေကြောင်းရဲတပ်ဖွဲ့ သုံးခုနှင့်ရေကြောင်းရဲတပ်ဖွဲ့စု ရှစ်ခုတို့တွင် ရေ ယာဉ်နှင့်တပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့ခန့်အပ်ပြီး မိုဘိုင်းအဖွဲ့များအတွက် ထိရောက်သောကာကွယ် မှု ပေးနိုင်ပါကပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးကာကွယ်နိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ဖေဖော်ဝါရီ ၃ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့် အိန်္ဒိယနိုင်ငံသား ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံ
လှည်းတန်းဂုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး
ထွက်ပြေးတိမ်းရှောင်သွားသည့် အိန်္ဒိယ နိုင်ငံ သား ကျောင်းသားလူငယ်သည်
အခင်းဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက် ညနေမှာပင် ကိုယ်တိုင် လာ ရောက် အဖမ်းခံသည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
Monday, 3 February 2014
ယခုဘဏ္ဍာနှစ်တွင် ဟိုတယ်အခန်း ၁,၇၀၀ ကျော် တိုးလာမည်
၂၀၁၃ ခုနှစ်မှ စတင်ကာ နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာနိုင်ငံကိုနိုင်ငံတကာမှ စိတ်ဝင်စားလာသည်နှင့် အတူ မန္တလေးဒေသသို့ ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်များထက် များပြားလာမည်ဟု ခရီးသွား လုပ်ငန်းရှင်များက မျှော်မှန်းထား ကြပြီး ဟိုတယ်သစ် တည်ဆောက်ဖွင့်လှစ်မှု များပြားလာသဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ဟိုတယ်အခန်းအရေအတွက် ၁,၇၀၀ ကျော် တိုးတက်လာမည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနစာရင်းများတွင် ဖေါ်ပြထားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ လေးဘီလီယံ အနည်းဆုံးဝင်ရန်တိုးမြှင့်လျာထား
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏလျာထားချက်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လျှော့ချထားခြင်းမရှိဘဲ ကန်ဒေါ်လာ ငါးဘီလီယံအထိတိုးမြှင့်၍သာ လျာထားသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။
နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်

ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာ က နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်
![]() |
| ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲအား တွေ့ရစဉ် |
မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက် မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲ အတိုင်း ထားရှိ သင့်သည်ဟု ထုတ်ပြန်ခဲ့သည်။
Friday, 31 January 2014
တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း အလုပ်သမား များလုပ်ခ လစာ (၇) ရာခိုင်နူန်း တိုးမြှင့်ပေး မည်ဆို သည့်ကမ်းလှမ်း ချက်ကို ပယ်ချ
တောင်အာဖရိက
ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည်
၎င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ
တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း
သိရသည်။
ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။
မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ်ထား သောကြောင့် နှစ်နိုင်ငံပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ် လွှာ ပေးပို့ လိုက်သည်။
Subscribe to:
Posts (Atom)
