Monday, 6 January 2014
ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်
ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သ ည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသ ည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ
ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့်
ဝါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ
ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု
ဆောင်းကောက် ယူခဲ့ကြသည်။
ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသ
သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း
နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို
ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ
မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။
3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ
ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့်
စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။
လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊
ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။
ရှယ်ယာတစ်ခုအောင်မြင်မည်။
အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။
ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို
ရန်ကုန်၊ ဇန်န၀ါရီ ၅။ နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင်
ပြည်သူ့အတွက် အာမခံချက်ပေးနိုင် ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည်
ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို
ပိတ်ပင်တားဆီးရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈
မျိုးဆက် ကျောင်း သားခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ
ပြောဆိုလိုက်သည်။
Thursday, 2 January 2014
မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်
အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။
(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။
တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား
၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာ ပြီး ဈေးေ ကာင်း ရကြသည် ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက် များက ပေါင်ပိုချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများ က ပြော ကြား သည်။
နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်
ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။
အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

၂.၁.၂၀၁၄
ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည်
စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား
မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ
နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့်
တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊
ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ
လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့်
ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့်
နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။
ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ် ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု

၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော် တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ် သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။
မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ များ ဆန္ဒပြ

မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
သင့်ဇနီး မီးဖွားပြီးချိန်မှာ

မိသားစုထဲက ကလေးတစ်ဦး ဝင်ရောက်လာ တာဟာ မိသားစုဘဝကို ပိုအဓိပ္ပာယ်ရှိလာ စေသလို ပျော်ရွှင် ကြည်နူးဖွယ်ရာလည်း ကောင်းပါတယ်။
အံသြဖွယ်ရာ သခွားသီး အစွမ်းများ

အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရိုးရာဓလေ့ဖြင့် ဖြေရှင်းမှုကြောင့် ကယား အမျိုးသမီးများ နစ်နာ
ကယားပြည်နယ် ဒေသတွင်းရှိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများအတွက် ရိုးရာ ဓလေ့နည်းဖြင့် ကိုင်တွယ် ဖြေရှင်းမှုသည် ကာယကံရှင် အမျိုးသမီးတို့၏ အခွင့်အရေး နစ်နာဆုံးရှုံးလျက် ရှိကြောင်း ကယန်း အမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်မူအန်းဂျေလာ ကပြောကြားသည်။
လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား

လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ် သည်။
စစ်သွေးကြွတွေကို အင်ဒိုရဲ နှိမ်နင်း

ဂျာကာတာ မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုက အိမ်တအိမ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က ဝင်စီးရာမှာ စစ်သွေးကြွလို့ မသင်္ကာသူ ၆ ဦးသေဆုံးခဲ့ တယ်လို့ အင်ဒိုနီးရှား ရဲက ပြောပါတယ်။
အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်

နိုင်ငံတော်သမ္မတရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားတချို့လည်း ထပ်မံ လွတ်မြောက်လာပါတယ်။ အမှုရင်ဆိုင်နေရဆဲ လူပေါင်း ၁၀၀ ကျော်တို့ဟာလည်း ချုပ်နှောင် ခံထားရာ ကနေ လွတ်မြောက်လာခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတွေ လွတ်မြောက်ဦးမယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တွေကလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေး ပို့ ခဲ့ပါတယ်။
Subscribe to:
Posts (Atom)