Thursday, 26 December 2013

KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော

KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့

၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။ ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့်   ဆွေးနွေးရန် လိုအပ်ဟုဆို
Thursday, December 26, 2013

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်းတိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင်က  " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေးတာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့  ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှလိုလားသည့် တွေ့ဆုံဆွေးနွေးပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

@[114803668557265:274:Eleven Media Group] 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)  
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
 
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို

Myanmar Online News's photo.

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်
 
မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင် အသုံးပြု သည့် သေနတ် မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့် ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား

Photo: ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
Thursday, December 26, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့်အသုံးပြုခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက်တွင် ပြောကြားခဲ့သည်။
    
" ကျွန်တော်တို့နိုင်ငံက သမ္မတကြီးက တရုတ်နိုင်ငံသမ္မတကြီး မြန်မာနိုင်ငံမှာ ဆီးဂိမ်းကြီးလုပ်မယ်၊ နည်းပညာအကူအညီပေးပါဆိုပြီး ပြောတော့ ကူညီတာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုကတော့ ဒီလိုမျိုးရှိ တယ်ဆိုပြီး တရုတ်နိုင်ငံသား ပညာရှင်တွေကို ပြောပြပြီးတော့ သူတို့နဲ့ညှိနှိုင်းလုပ်ခဲ့တာပါ။ သူတို့ကို တရုတ်နိုင်ငံအစိုးရက စေလွှတ်တဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံယဉ်ကျေးမှုဝန် ကြီးဌာနစကားကိုပဲ နားထောင်ရမယ်ဆိုတာမျိုးနဲ့ စေလွှတ်လိုက်တာပါ '  ဟု ဦးအေးမြင့်ကြူက ဆိုသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီရာတွင် ငွေနှင့်မဟုတ်ဘဲ နည်းပညာအကူအညီဖြင့် ပထမဆုံးကူညီခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရပိုင် CCEG ကုမ္ပဏီမှ ပညာရှင်များလာရောက်ကူညီခဲ့ခြင်း ဖြစ်ကာ တရုတ်နိုင်ငံသားများ၏ နေထိုင်မှုစရိတ်၊ စားသောက်စရိတ်များအား တရုတ်နိုင်ငံမှသာ ကျခံခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်များကိုပင် တရုတ်အစိုးရကုမ္ပဏီမှ ကျခံခဲ့ခြင်းဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် အဓိကကုန်ကျသည့် စရိတ်များမှာ အခမ်းအနားအစီအစဉ်များတွင် တင်ဆက်ဖျော်ဖြေသှု ကျောင်းသားကျောင်းသူများအပါအ၀င် လူ ဦးရေ ၈၀၀၀ ကျော်အတွက် တစ်နေ့လျင် ထမင်းကျွေးစရိတ် လူတစ်ဦး ၃၂၀၀ကျပ် နှင့် ဖျော်ဖြေရာတွင် ၀တ်ဆင်သည့် အ၀တ်အစားများနှင့် သယ်ယူပို့ဆောင်စရိတ်၊ ဖျော်ဖြေမှုများအတွက် ရိုက်ကူးသည့် ကင်မရာအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းခြောက်သောင်းကျော် စသည့် ကုန်ကျစရိတ်များသာဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံမှ နည်းပညာများ အကူအညီပေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည့်ဝသောထောက်ပံ့ကူညီမှုအား အဆက်ပြတ်နေသော နည်းပညာခြားနားမှု အနေအထားကြောင့် အပြည့်အ၀ရရှိခဲ့ခြင်းမရှိကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ နည်းပညာအကူအညီများကြောင့် မြန်မာနိုင်ငံ၏ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများသည် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ မလုပ်ကိုင်သင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး ထိုကဲ့သို့ကွဲပြားခြားနားသည့် အမြင်များပေါ်တွင်လည်း တုန့်ပြန်လိုမှုမရှိကြောင်း ဦးအေးမြင့်ကြူက ပြောကြားခဲ့သည်။

Eleven Media Group 

မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။

Wednesday, 25 December 2013

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

F.25.12
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။
ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင် အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် . . .

ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို

အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။

Tuesday, 24 December 2013

သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

Photo
ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင် လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ် -မြိတ် ရွှေလီ ရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။

တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ

Photo: တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ 
Tuesday, December 24, 2013

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်တွေဖြစ်တဲ့ ဘီပီ – ၇၇ နဲ့ ဘီပီ ၈၇ ကြားဟာ နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ်သတ်မှတ်မှု မရှိသေးဘဲ အငြင်းပွားနေဆဲနေရာဖြစ်ပါတယ်။

အဲဒီနေရာမှာ အိန္ဒိယအစိုးရဘက်က မြေထိုးစက်တွေ နဲ့ မြေတူးတာ၊ မြေဖို့တာ၊ မြေညှိတာတွေ ပြုလုပ်နေပြီး ICP (Integrated Check Post) အဆောက်အဦ ဆောက်ဖို့ ပြင်ဆင်နေလို့ ဆန္ဒကြတာဖြစ်ပါတယ်။

တမူးခရိုင်အုပ်ချုပ်ရေးမှူးက အိန္ဒိယအစိုးရကို ဒီဇင်ဘာလအတွင်း ၁၃ ကြိမ် ကန့်ကွက်စာ ပို့ထားပေမယ့်လည်း ဆက်လုပ်နေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြကြတာပါ။

တမူးလူငယ်ကွန်ရက်၊ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်၊ ဇိုမီးလူငယ်အဖွဲ့၊ မင်းကင်းလူငယ်အဖွဲ့နှင့် တမူးမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွေအပါအ၀င် တမူးမြို့က ဟိန္ဒူလူမျိုးများတွေပါ ပါဝင်ဆန္ဒပြကြပါတယ်။

အိန္ဒိယအစိုးရဘက်က မရပ်တန့်ဘူးဆိုရင် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကလေးမြို့နဲ့ ရန်ကုန်မြို့ အိန္ဒိယသံရုံးရှေ့တို့မှာလည်း ဆန္ဒဖော်ထုတ်မယ်လို့ သိရပါတယ်။

ဒီဗွီဘီ
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်း ဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်း ဖုန်း လိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။

Christiano Ronaldo Profile နှင့် ဘဝအစိတ်အပိုင်းအချို့

Photo
နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro

ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့

Photo: ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့ 
======================================
Tuesday, December 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ်လွန်သူ များအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

““၉၆ ပါးသောရောဂါနဲ့သေတဲ့ အခါမှာ အမှန်တကယ်သေကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ် ပါမှဒေသန္တရကသေစာရင်းထုတ် ပေးတာဖြစ်တဲ့အတွက် ရပ်ကွက် ထဲမှာ လူသေတဲ့အခါအရပ်ထဲက ဆရာဝန်တွေဆီကနေပြီး အမှန် တကယ်သေကြောင်း ထောက်ခံ ချက်လက်မှတ်တောင်းတဲ့အခါမှာ သူတို့ကုတဲ့လူမဟုတ်ရင်လက်မှတ် မပေးဘူး။ မသာကြီးကသင်္ဂြိုဟ်လို့ မရဘဲလည်နေရော။ ဒါပေမဲ့ ဆရာဝန်တွေကိုပိုက်ဆံပေးရင် တော့ သူတို့ကုကုမကုကုအပင်ပန်း ခံပြီး စမ်းပေးတယ်။ ထောက်ခံ ပေးတယ်။ အဲဒီလက်မှတ်တစ်ခါ ရဖို့ကို (၂)သောင်းပေးရပါတယ်။ ကျွန်တော်တို့ (၁၆/၂)ရပ်ကွက်မှာ သေဖို့တောင် တော်တော်ခက်တဲ့ အနေအထားဖြစ်နေပါတယ်””ဟု (၁၆/၂)ရပ်ကွက် ဓမ်္မာရုံဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လွှတ်တော်တွင် အနိမ့်ဆုံးအနေဖြင့် ကြယ်ပွင့်မပြ မေးခွန်းမေးရန်အစီစဉ်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ““ဒီကိစ္စကိုကျွန်တော် တော်တော် လေးအံ့သြသွားတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားက ဒီလောက်တောင်ထိခိုက်နေပြီ လား။ ကျွန်တော်နားလည်ထား သလောက်ပြောရရင် ဆရာဝန် တစ်ယောက်ဟာ မိမိကုသည်ဖြစ် စေ၊ မကုသည်ဖြစ်စေ လူတစ် ယောက်ကွယ်လွန်တာဟုတ်မဟုတ် ဆိုတဲ့ ဆန်းစစ်မှုကိုအဖြေပေးဖို့ လိုတယ်။ ဒါဟာ လူနာဆေးကု တာမှမဟုတ်ဘဲ။ သူ့တာဝန်တစ် ရက် သူဆောင်ရွက်ပေးတဲ့အခါမှာ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ကိုယ့် တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်တယ်။ လူထုအတွက်နောက် ဆုံးအချိန်မှာ ပူဆွေးနေတဲ့မိသားစု ကို ကိုယ်ကူညီတယ်ဆိုတဲ့စိတ်မျိုး ထားရင် အခုလိုငွေကြေးရမှလိုက် တယ်ဆိုတဲ့ဟာက ပညာရှင် လောကအတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ရပ်တွေပဲလို့ပြော ပါရစေ။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာအနည်းဆုံးကြယ်ပွင့် မပြမေးခွန်းတော့ မေးရမှာပေါ့””ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

ညီညီအောင်
Hot News Journal
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ် လွန်သူများအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည် 
==================================

Tuesday, December 24, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ မြို့နယ်များမှ ရရှိလာသော လူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ ထောက်ခံမှု ရာခိုင်နှုန်း များကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုထောက်ခံမှု ရရှိထားပြီး ဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာ ကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်း ပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်တွင် ပြောကြားထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက် များကို အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့်  ပင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့ က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး က ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း

Photo: ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း 
Tuesday, December 24, 2013

ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေး များဖြစ်နေသည့်အတွက် အပြစ် ပေးသည့် အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်ထီးရိုးတက် တာ။ ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန် ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲတွေလက်ထဲထည့် ပြီး ရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ゞင်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ゞင်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ  family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီးတော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် ဖောက်ထွင်းသမားတွေလို လုပ်တာ။ ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရားရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီး လုပ်ဆောင်စရာများကို ဆက် လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌဌတွေ လာ ပြီး လှိုင်ရဲစခန်း ကို လွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်းတက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သားလေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့ အရမ်း စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ - Yangon Media Group
ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်

Photo: လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်
Tuesday, December 24, 2013

ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ် အစိုးရမှခွင့်ပြုချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည် နယ်အစိုးရအဖွဲ့အား လုံးဝအယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်စနစ်ဖြစ်သော် လည်း ဗဟိုချုပ်ကိုင်မှုများသောကြောင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသား လူမျိုးစုများမှ အလိုရှိလျက်ရှိပေသည်။ ဘာတေးလစ်တနာ၏ ဆောင်းပါးတွင် မြန်မာနိုင်ငံမှာ အခြားနိုင်ငံများလို ဖက်ဒရယ်မျိုးထူထောင်နိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ထောက်ပြသွားပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးကြီး(၈)မျိုး၊ လူမျိုးစုပေါင်း(၁၃၅)မျိုး တည်ရှိသဖြင့် လူမျိုးစုအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များပေးလိုက်ပါက ကမ္ဘာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ တိုင်း အများဆုံးနိုင်ငံ ဖြစ်သွားနိုင်ပေသည်။ ဒါကြောင့်လည်းထောက်ပြပြောဆိုသွားခြင်းဖြစ်မည်ထင်ပါသည်။ဘာကြောင့် လဲဆိုတော့ ကချင်ပြည်နယ်အစိုးရအနေဖြင့် Sea Game ကာလအတွင်း လိုင်ဇာတွင် လူထုဆန္ဒ ဖော်ထုတ်ပွဲလုပ်တော့ ခွင့်ပြုပြီး ရှမ်းနီလူမျိုးများ ဆန္ဒဖော်ထုတ်ဖို့ကြတော့ ခွင့်မပြုသဖြင့် ရှမ်းနီ လူမျိုးစုများမှ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခြင်းဖြစ်ပေသည်။
လူမျိုးစုများမတူသဖြင့် လူမျိုးစွဲများအပေါ်အခြေခံပြီး ဖြစ်ပွားလာသည့် ပြဿနာများပင် ဖြစ်ပေသည်။ အလားတူရှမ်းပြည်နယ်တွင်လည်း လူမျိုးစုပေါင်းများစွာနေထိုင်သဖြင့် ရှမ်းလူမျိုးများ မှ ရှမ်းပြည်နယ်အား သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေစဉ်မှာပဲ ရှမ်းပြည်နယ်ထဲရှိ “၀” လူမျိုးများမှလည်း သူတို့နေထိုင်သည့်ဒေသအား “၀” ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆို လာနေပြီဖြစ်သည်။ နောက်ထပ် တောင်းဆိုလာနိုင်သည့် လူမျိုးစုများလည်း ရှိလာနိုင်ပေသည်။ ထိုပြဿနာများကို မည်သို့ဖြေရှင်းမည်နည်း။ နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သော် စစ်ရေးနည်းဖြင့် ဖြေရှင်းကြပေမည်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်များတောင်းဆိုရာတွင် နောင်ဖြစ်ပေါ်လာမည့် ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားစေချင် ပါသည်။ ကချင်ပြည်နယ်အတွင်းမှာပင် နေထိုင်ကြသည့် ကချင်နှင့် ရှမ်းနီ လူမျိုးတို့ အချင်းချင်းပင် လူမျိုးစွဲ၍ သွေးကွဲနေပေသည်။ နောင်တွင် ရှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာ သော် ကချင်လူမျိုးများလက်ခံနိုင်ပါမည်လား။ စဉ်းစားစေချင်ပါသည်။ လက်ရှိနိုင်ငံရေး စနစ်အရ အကြေအလည်ဆွေးနွေးနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သဖြင့် လူမျိုးစွဲများရှေ့တန်းမတင်ဘဲ ပြည်ထောင်စုကြီးမပြိုကွဲအောင် စည်းစည်းလုံးလုံးဖြင့် Sea Game တွင် ကမ္ဘာသိအောင်ပြသ သွားသည့် မြန်မာ ဆိုသည့်စိတ်ဓာတ်ကို အစဉ်စောင့်ထိန်းကြစေလိုကြောင်း ရေးသားလိုက်ရ ပါသည်။

စိန်ဝင်းမောင်(ညောင်ရွှေ)

https://www.facebook.com/photo.php?fbid=603725976367999&set=a.373854472688485.82239.373828456024420&type=1&relevant_count=1
ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြု ချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အား လုံးဝ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။

မွန်နှစ်ပါတီ ပေါင်း၍ မွန်အမျိုးသားပါတီ အမည်ဖြင့် မှတ်ပုံတင်ရန် ဆုံးဖြတ်

မွန်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီ ပါတီ(AMDP) နှင့် မွန်ဒီမိုကရေစီပါတီ(MDP) တို့ ပေါင်းစည်းရန် သဘောတူ လိုက်ကြပြီး “မွန်အမျိုးသား ပါတီ” အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မီဒီယာများနှင့် ဆက်ဆံရေး မြှင့်တင်ရန် ဌာနတစ်ရပ် ဖွဲ့စည်းမည်

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီးသော ကဏ္ဍအဖြစ် ရပ်တည်နေသည့် မြန်မာမီဒီယာ များနှင့် ဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနတစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာန အကြီးအကဲ နှင့် သံရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Gao Mingbo က The Voice သို့ ပြောကြားသည်။

တန်ဖိုးနည်း ဖုန်းများ မောင်တော နယ်စပ်တွင် ဆက်သွယ်မှုခက်

တန် ဖိုးနည်းဖုန်းများ လစဉ်ချပေး ပြီးနောက် မောင်တောနယ်စပ် ၏ဖုန်းလိုင်းများမှာ ဆက်သွယ် မှုလုံးဝမကောင်းကြောင်း ဖုန်း သုံးစွဲသူ များက ပြောသည်။