Monday, 23 December 2013

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သားလွှတ်တော်အမတ်များ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော်သား အမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော် အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

Photo: တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့
====================================

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7day Daily
တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲက ဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

Photo: ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
Monday, December 23, 2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး

Photo: ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး 
Mon , December 23 , 2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။

မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြ သူ ထောင်နဲ့ ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး

Photo: အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး
Monday, December 23, 2013

အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

ကာတာရီနာဟာ အစောပိုင်းတုန်းကလည်း သူ့ရဲ့ အပျို စင်ဘ၀ ကို ရောင်းချမယ်လို့ အွန်လိုင်းပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာ တစ်လွှားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။ အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy မဂ္ဂ ဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက် တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။

ပထမတစ်ကြိမ် လေလံတင်ရောင်းချခဲ့ စဉ်က ဂျပန်နိုင်ငံသားတစ်ဦးက အနိုင်ရသွား ခဲ့ပေမယ့် သူ့ကို ဘာမှလုပ်ခဲ့ခြင်း မရှိလို့ ကာ တာရီနာအနေနဲ့ အပျိုစင်ဘ၀ကိုနောက်တစ် ကြိမ် လေလံ ပစ်ဖို့ အခွင့် အရေးရ သွား ခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည် ကြီး လာ အောင် တမင်ဖန်တီးနေခြင်းဖြစ်တယ် လို့ မီဒီယာတွေက
ရေးသားဖော်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာ တာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာ မှာ တစ်ကမ္ဘာ လုံးရဲ့ စိတ်ဝင်စား မှုကို ရခဲ့ပြီး မှတ် တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်
ဖို့အထိ ဖြစ်ခဲ့ပါတယ်။

ကာတာရီနာဟာ ကျောင်းပညာ ရေး သင်ယူနေ ဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာ ခိုင်နှုန်းကို လူမှုရေးအဖွဲ့ အစည်းတွေ ကို ပြန် လည်လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေအိမ်ပြုပြင်ရာမှာ အသုံးပြုသွား မယ်လို့ ကြော်ငြာထားပါတယ်။

ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ ကာတာရီနာရဲ့အကြောင်း ကို စိတ်ပါဝင်စားမှု လျော့နည်း သွားတယ်လို့ သိရပါတယ်။

Credit: Myawady
Posted From Myanmaalinn
အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် သမ္မတဖြစ်သင့်ဟု ဥပဒေပညာရှင်တို့ အကြံပြု

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေပညာရှင်များက အကြံပြုစာတမ်းပေးပို့ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲသည် နိုင်ငံတော်သမ္မတ သာ ဖြစ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ကြောင်း Myanmar Aid Network ၏ Case official တရားလွှတ်တော် ချုပ် ရှေ့နေဦးမြင့်သွင်က မဇ္ဈိမသို့ ပြော သည်။

2016 AFF Suzuki Cup နောက်ဆုံးအဆင့် ပွဲစဉ်များ မြန်မာနှင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

Photo: 2016 AFF Suzuki Cup နောက်ဆုံးအဆင့် ပွဲစဉ်များ မြန်မာနှင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Monday, December 23, 2013

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ဘုရင် HRH Sultan HJ Ahmad Shah နှင့် ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ နံနက် ၉နာရီအချိန်၌ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဘဏ္ဍာရေးကော်မတီက ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ နံနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီခန့်အထိ ကောင်စီအစည်းအဝေးအား ဆက်လက် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ဦးစွာပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက်တွင် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဘောလုံးအဆင့်အတန်း တိုးတက်ရေးကိစ္စရပ်များအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တွင် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံအား ရွေးချယ်သတ်မှတ်ရန်အတွက် မဲခွဲဆုံးဖြတ်မှုဆက်လက် ပြုလုပ်ခဲ့သည်။ အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက ၉မဲဖြင့် ဖိလစ်ပိုင်က ၆မဲ၊ အင်ဒိုနီးရှားက ၄မဲရရှိခဲ့ကာ မြန်မာနှင့် ဖိလစ်ပိုင်တို့က အုပ်စုအဆင့် ပွဲစဉ်များအား အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့သည်။

Myanmar Football Federation
မိုးတိမ် (တမာမြေ)
Football Café
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ

Photo: အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ 
Monday, December 23, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကိုယ်ပိုင်ကားသည် မိုင်တိုင်အမှတ် ၁၀ ကြားအရောက်တွင် လမ်းကွေ့ကြောအားကွေ့စဉ် ယာဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောတန်းများကို တိုက်မိခဲ့သည်။

ထို့နောက် လမ်းလယ်ကျွန်းရှိအုတ်ကန်ကို ၀င်တိုက်မိပြီး ယာဉ်ရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှင့် အသက် ၁၃ နှစ်အရွယ် ကလေးတို့မှာ နှာခေါင်း၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။

““ကားပေါ်မှာတော့ သူရယ်ကလေးနှစ်ယောက်ပဲပါတယ်။ အမြန်လမ်းမှာ ယာဉ်မှောက်တာအမျိုးသားတွေပဲများတယ်။ အမျိုးသမီးမောင်းလို့ ယာဉ်တိမ်းမှောက်တာသိပ်မရှိဘူး”” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းကြေသွားခဲ့ပြီး ကိုယ်ထည်များတွင်လည်းပွန်းပဲ့သွားခဲ့ရာ ငွေကျပ်တန်ဖိုးသိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ၎င်းအား အမှတ် (၃)အမြန်လမ်းမရဲစခန်း မှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day Daily
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ ၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည်

Photo: အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည် 
Monday, December 23, 2013

အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လအသုံးစရိတ် စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းတွင် လုပ်သားများ၏ တစ်လတာ အသုံးစရိတ်တွင် ပါဝင်သည့် အသား၊ ငါး၊ ဆန်၊ ဆီ စသည့် စားသောက် ကုန်ပစ္စည်းများ၊ တံမြက်စည်းစသည့် အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ကလေး၏ ကျောင်းစရိတ်ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး အိမ်ရှိ မိသားစုသုံးဦးအပေါ် မူတည် တွက်ချက်ထားချက်အရ တစ်လအတွင်း အသုံးစရိတ်မှာ ၁၈၂ç၉၁၀ ကျပ် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုကဲ့သို့ တွက်ချက်မှုအတိုင်း လုပ်သားများ အပြည့်အဝ မရပါက လုပ်သားများ အနေနှင့် အလုပ်တွင် အားသွန်ခွန်စိုက် လုပ်ကိုင်လိုစိတ် နည်းပါးလာပြီး ခိုးဝှက်ခြင်းကဲ့သို့ ကိုယ်ကျင့်တရားများ ပျက်ပြားလာနိုင်ကာ ကလေးငယ်များ အနေနှင့်လည်း ကျောင်းမတက်နိုင်ဘဲ ကလေးလုပ်သား ဖြစ်သွားနိုင်ကြောင်း ဦးအောင်လင်းက ပြောကြားသည်။

စစ်တမ်း ကောက်ယူထားသည့်အတိုင်း လုပ်သားများကို အဆိုပါ နှုန်းထားအတိုင်း လစာငွေ ပေးအပ်နိုင်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း၊ သို့သော် ယခုကဲ့သို့ ပေးအပ်ရန်အတွက် အလုပ်သမားများ၏ အလုပ် လုပ်နိုင်စွမ်းအပေါ် ကြည့်သင့်ကြောင်း၊ အဆိုပါ စစ်တမ်းအရ အလုပ်သမားများတွင် တစ်လလျှင် လစာကျပ်တစ်သိန်း ရှစ်သောင်း ပေးသင့်သူ ရှိသကဲ့သို့ တစ်သိန်းတစ်သောင်း ပေးသင့်သူလည်း ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ စိုက်မျိုးစပါး တင်သွင်းဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်သော ASIA DANSITY INTERNA TION SERVICE ကုမ္ပဏီ၏ ဒါရိုက်တာ ဦးထိန်လင်းက ပြောကြားသည်။

လစာနှုန်းထားများအပေါ် ယခုကဲ့သို့ စစ်တမ်း ကောက်ယူပေးသည့် အတွက် ကောင်းမွန်သော်လည်း လုပ်သားများကို ယခုကဲ့သို့ လစာပမာဏ ပေးရန်မှာ အလုပ်ရှင်နှင့် အဆင်မပြေနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။

ယင်းစစ်တမ်းကို အောက်တိုဘာလမှ စတင်ကာ သုံးလကြာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုမှ မြို့နယ်ပေါင်း ၄၆ မြို့နယ် အတွင်းရှိ လုပ်သား အဖွဲ့အစည်းများမှ တစ်ဆင့် ကုန်ဈေးနှုန်းများ ကောက်ယူခြင်းနှင့် လုပ်သားများထံ မေးမြန်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လ အသုံးစရိတ်စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွား မည် ဖြစ်ေ ကြာ င်း အဆို ပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အသိပေး ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်မည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း အသိပေး ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်မည်
Monday, December 23, 2013

ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် မော်တော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင်ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည်
ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။

အဆိုပါ အမြန်လမ်းတစ်လျှောက် စိုက်ထူထားသည့် အသိပေး ဆိုင်းဘုတ်ပါ အင်ဂျင်နီယာမှူးကြီး၏ ဖုန်းနံပါတ်မှာ ခေါ်ဆိုတိုင်း မရခြင်း၊ ပြည်သူအချို့မှာ ဆက်သွယ်ရ ခက်ခဲခြင်းများ ကြုံတွေ့နေရလျက် ရှိရာ ယင်းနှင့် ပတ်သက်၍ The Voice က သီးခြား ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း
ဖြေကြားခြင်း ဖြစ်သည်။

“အင်ဂျင်နီယာမှူးကြီးက မွန်ပြည်နယ်ဘက် တာဝန် ရွှေ့ပြောင်း သွားပါပြီ။ နောက်အသစ် ရောက်ရှိလာတဲ့ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ရဲ့ဖုန်းနံပါတ်ကို မကြာခင် အသိပေး ထုတ်ပြန်ပေးပါမယ်။
နောက်ထပ် ၁၅ ရက်လောက် နေရင်ပေါ့” ဟု ဒုတိယ အင်ဂျင်နီယာ
မှူးကြီးက ဆိုသည်။

၂၀၀၉ ခုနှစ် မတ်လက စတင်ဖွင့် လှစ်ခဲ့သော မိုင်ပေါင်း ၃၆၅ ကျော်ရှိ အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ် အကူအညီ တောင်းခံနိုင်သည့် အသိပေးဆိုင်းဘုတ် ၂၅ ခုခန့် စိုက်ထူထားပြီး ယင်းဆိုင်းဘုတ်အားလုံး ပြန်လည် ပြောင်းလဲ တပ်ဆင်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် ယာဉ်နှင့် ပတ်သက်သည့် မတော်တဆမှုနှင့် အခြားအကူအညီများ စောင့်ရှောက်မှုပေးမည့် အမြန်လမ်း ရဲစခန်းပေါင်း ၁၅ ခုနှင့် ရဲဝန်ထမ်းပေါင်း ၇၀၀ ကျော်တို့က ၂၄ နာရီ အချိန်ပြည့် တာဝန်ယူထား ပေးကြောင်း ယင်းအမြန်လမ်း ရဲစခန်းများ တာဝန်ခံ ဒုတိယရဲမှူးကြီး နေဝင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် တွင်ေ မ်ာတော်ယာဉ်နှင့် အခြားထိခိုက်မှု တစ်စုံတစ်ရာ ကြုံတွေ့က တိုင်ကြား အသိပေး၊ အကူအညီ တောင်းခံနိုင် ရန် စိုက်ထူထားသော အသိပေး ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည် ဖြစ်ကြောင်း အမြန်လမ်း ဒုတိယ အင်ဂျင်နီယာမှူးကြီးက ပြောကြားသည်။

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ

Photo: မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ
Monday, December 23, 2013

လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်
ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀)အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

“ကျွန်တော်က (၁၀)အိမ်စုမှူးလည်းဖြစ်တော့ ကိုယ့်ရပ်ကွက်သားတွေပဲ ဆိုပြီးတော့ မင်းတို့တွေကွာ ညဥ့်နက်နေပြီ မဆူကြပါနဲ့တော့
ပြန်ကြပါတော့ကွာလို့ပြောတာကို ဒီကောင်တွေက ခင်ဗျားက ဘာကောင်မို့လို့ပြောရ တာလဲ ဆိုပြီးတော့ဆက်သောင်းကျန်းနေပါတယ်၊
ဒါနဲ့ ကျွန်တော်လည်း (၉း၁၅)နာရီ အချိန်မှာ ရဲစခန်းကို ဖုန်းဆက် တိုင်လိုက်တာ၊ ဒါကို ဒီကောင်တွေကသိသွားပြီး ခင်ဗျားကဘာမို့လို့ ဖုန်းဆက်ရတာလဲ၊ သတ္တိရှိရင် ခြံတံခါးဖွင့်ပြီးထွက်ခဲ့ဆိုပြီး ခဲတွေ ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်တော့တာပဲ၊ အဲဒါတွေခြံထဲမှာရှိသေးတယ်၊ ကျွန်တော် မရှင်းခိုင်းသေးပါဘူး၊ ကျွန်တော်ကတော့ သူတို့ပစ်ပေါက်တဲ့ ဘီယာပုလင်းထိပြီး ဘယ်ချိုစောင်းကွဲသွားတယ်၊ ချုပ်ထားရပါတယ်” ဟု (၁၀)အိမ်စုမှူး ဦးရန်နိုင် က ပြောသည်။

အဆိုပါမူးယစ်ရမ်းကားနေသူ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိသူ ၎င်းတို့(၃)ဦးအား မြို့မရဲစခန်းမှ(ပ)၅၃၂/၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၅၊ ၁၁၄ အရ အမှုဖွင့် အရေးယူဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

စိုးမင်းနိုင်
The Myanma Age
လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာ ပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့ သည်။

ခရီးသွားအ၀င် မြင့်တက်လာသော်လည်း အင်းလေးဒေသသို့ ယခုလပိုင်းအတွင်း သွားရောက်လည်ပတ်မှု ယခင်နှစ်များကထက် လျော့ကျနေ

ယခုနှစ် ခရီးသွားအ၀င်မှာ တစ်သန်းကျော် ၀င်ရောက်လာသော်လည်း အင်းလေးဒေသသို့ သွားရောက် လည်ပတ်သော ပြည်ပခရီးသွားများမှာ ယခုလပိုင်းအတွင်း လျော့ကျနေကြောင်း အင်းလေးဒေသမှ သိရ သည်။

Sunday, 22 December 2013

ပုဂ္ဂိုလ်ရေး အားပြိုင်မှုများ ရှိသော်လည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုရှိဟု အမေရိကန်သုံးသပ်

မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် အာဏာသုံးရပ်နှင့် နယ်ပယ်အလိုက် အဓိက တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ မဏ္ဍိုင်အချင်းချင်း အားပြိုင်မှုများ ရှိနေသော်လည်း အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် ပုံမှန် တိုးတက်မှု ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သုံးသပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့် ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်

နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ICRC အနေဖြင့် ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေး ခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

DSC 0089mmk
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး အပြီး ကော်မတီဝင်များအား တွေ့ရစဉ်
မကြာမီ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူများ ပြန် လည်လွတ်မြောက်လာဖွယ်ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် များ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။
 

Saturday, 21 December 2013

မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး

Photo: မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး
Saturday, December 21, 2013

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပျောက်ဆုံးမှုတွင် ဗောဓိကုန်းကျေးရွာနေ ဦးစိုးကွန့်၏သား မောင်ဇေမောင်မောင်(၁၄နှစ်)၊ အောင်ချမ်းသာရပ်ကွက်နေ ဦးသူရထွန်း၏သား မောင်ဟိန်းသူထက်(၁၄နှစ်)၊ စက်ကုန်းရပ်ကွက် နေ ဦးဝင်းမြိုင်၏သား မောင်ရဲရင့်ပိုင်(၁၄နှစ်)နှင့် စိမ်း ရတနာမွန်(တောင်ပိုင်း) ရပ်ကွက်နေ ဦးလဒွဲ၏သား မောင်နော်အောင်(၁၄နှစ်) တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

''ပျောက်တဲ့နေ့က ကာယလေ့ကျင့်မယ်ဆိုပြီး ကျောင်းကနေပြန် မလာတော့တာ။ ညနေပိုင်းရှာတော့ ကျောင်းကိုမရောက်ဘူးလို့ ဆရာမတွေကပြောတယ်။ မဟုတ်တဲ့နေရာတွေ ရောက်သွားမှာ စိုးရိမ်ပါတယ်'' ဟုမောင်ရဲရင့်ပိုင်၏ဖခင် ဦးဝင်းမြိုင်ကပြောသည်။

ယင်းပျောက်ဆုံးမှုကို အခြားရဲစခန်းများသို့ ကူညီ စုံစမ်းပေးပါရန်နှင့် မိုးညှင်းရဲစခန်းက နယ်ထိန်း တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားကြောင်း၊ မိုးညှင်း ရဲစခန်း၏ လူပျောက်အမှတ်စဉ် ၅/၂ဝ၁၃ ဖြင့် အမှုဖွင့် ထားကြောင်း ယနေ့မိုးညှင်းရဲစခန်းတာဝန်မှူး ဒုတိယ ရဲအုပ် စောအောင်ဝင်းဝင်း ကပြောသည်။

ယင်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိုးညှင်းရဲစခန်း ဝ၇၄-၆ဝဝ၁၂၊ မခင်မာလွင် ဝ၉-၄ဝဝဝ၁၈၁၃၂၊ ဦးဝင်းမြိုင် ဝ၉-၆၄၁ဝ၄၃၉၊ ဦးဝင်းဌေး ဝ၇၄-၆ဝ၂၇၈ တို့အား တွေ့ရှိပါက ဆက်သွယ်အကြောင်း ကြားရန် သက်ဆိုင်ရာကမေတ္တာရပ်ခံထားသည်။

ကျော်ဇင်
The Union Daily
ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

Photo: မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး
Saturday, December 21, 2013

 မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးတွင် စိတ်ကြွဆေးပြားများနှင့်အတူ  အမျိုးသားနှစ်ဦးကို မြ၀တီမြို့၊ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ၀န်ခံချက်အရ မြ၀တီမြို့၊ ရပ်ကွက်(၅)တွင် ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေသည့် ဦးပဉ္ဇင်း ဦးပညာဆိုသူကို ထပ်မံဖမ်းဆီး၍ လူဝတ်လဲ အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
““ဒီဦးပဉ္ဇင်းက ကျောင်းမှာ တစ်ပါးတည်းနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်နေတာ။ ရဲတပ်ဖွဲ့က အခုလိုအရေးယူသွားတာကို ဒေသခံတွေအနေနဲ့ ကျေးဇူးတင်ပါတယ်””ဟု ရပ်ကွက်(၅) တွင်နေထိုင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းကိုးဆယ်ကျော်ဖိုးရှိပြီး အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူသုံးဦးကို မြ၀တီမြို့မရဲစခန်း၌ ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ဖြင့်   အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day Daily
မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို

Photo: လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး
လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို
Saturday, December 21, 2013

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်းလွှတ်တော်ရုံးမှသိရသည်။

ဒေသအသီးသီးမှ လွှတ်တော်ရုံးသို့ တင်ပြချက်များအရ လုပ်ငန်းပေါင်း(၁၅၂)ခုရှိပြီး ကျပ်သိန်းတစ်သောင်းကျော်ခန့်နေကြောင်း၊ ဒီဇင်ဘာ၁၈ရက်နေ့ စာရင်းဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာ အုပ်စုများ
အတွက် လုပ်ငန်းများခွဲဝေပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါ်မြင့်မြင့်ကြည်က
ပြောသည်။

“၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေသိန်းတစ်ထောင်ပဲ ခွင့်ပြုထားပါတယ်၊ အခုဒေသအသီးသီးမှတင်ပြ တောင်းဆိုလာတာ ခွင့်ပြုရန်ပုံငွေထက်ဆယ်ဆလောက် ရှိနေပါတယ်၊ မြို့နယ်အတွင်း
သောက်သုံးရေရရှိရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့အခြားလုပ်ငန်းများအတွက် အခြေခံကျေးလက်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကများနေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ပြည်သူတွေလိုအပ်ချက်များကို အမြန်ဆုံး ပြည်စုံနိုင်ဖို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မိုးညှင်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေးက ပြောသည်။

“ဒေသဖွံ့ဖြိုးရေးကိုမြို့နဲ့ နီးတဲ့နေရာတွေထက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ရွာတွေကို ဦးစားပေးစေချင်တယ်၊ လုပ်ဆောင်မှုတိုင်းကို
ပြန်လည်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်ဒါမှ လုပ်ပြီးပြီးရော မဟုတ်ဘဲ အမှန်အကန်နဲ့ရေရှည် တည်တံ့နိုင်မှာပါ၊ အမှန်တကယ်
စေတနာထားပြီး ဆောင်ရွက်ပေးရင် စေတနာအကျိုးပေးကြမှာပါ”ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြထားကြသည့် လုပ်ငန်း များနေသောကြောင့် ကျေးရွာအုပ်စုတစ်စုကို လုပ်ငန်းတစ်ခုစီ
ဦးစားပေး၍ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လွှတ်တော်ခွင့်ပြုငွေ သိန်း၁ထောင်နှင့် ညီမျှအောင် စိစစ်ရေး
ကော်မတီတွေဖွဲ့စည်း၍ မျှမျှတတဖြစ်အောင်ဆောင်ရွက်
ပေးနေပါကြောင်း လွှတ်တော်ကိုယ်စားလှယ်တွဲဘက် တာဝန်ခံဒေါ်ဝါ၀ါလွင်က ပြောသည်။

သီဟအောင်(ကချင်)
မြန်မာ့ခေတ်
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသ ဖွံ့ဖြိုးရေးေ ဆာင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်း လွှတ်တော် ရုံးမှသိရသည်။