မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် အာဏာသုံးရပ်နှင့်
နယ်ပယ်အလိုက် အဓိက တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊
မဏ္ဍိုင်အချင်းချင်း အားပြိုင်မှုများ ရှိနေသော်လည်း အတိတ်ကာလများနှင့်
နှိုင်းယှဉ်လျှင် ပုံမှန် တိုးတက်မှု ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက
သုံးသပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က
ပြောကြားသည်။
Sunday, 22 December 2013
သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို
အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့်
ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု
ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က
ပြောကြားသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်
နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က
မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က
ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ICRC အနေဖြင့် ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေး ခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ICRC အနေဖြင့် ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေး ခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့်
အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း
ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။
မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး အပြီး ကော်မတီဝင်များအား တွေ့ရစဉ်
မကြာမီ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င်
နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူများ ပြန် လည်လွတ်မြောက်လာဖွယ်ရှိကြောင်း
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် များ၏ ပြောကြားချက်အရ
သိရသည်။
ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့်
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏
အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြား ခဲ့ခြင်း
ဖြစ် သည်။
Saturday, 21 December 2013
မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။
မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသ ဖွံ့ဖြိုးရေးေ ဆာင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်း လွှတ်တော် ရုံးမှသိရသည်။
ဂျပန်နိုင်ငံ၏အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို စစ်ရေး ချဲ့ထွင်ခြင်းဟု တရုတ်နိုင်ငံကစွပ်စွဲပြီးရှုံ့ချ

တရုတ်နိုင်ငံကာကွယ်ရေး
ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ မစ္စတာ ဘိန်းယန်ရှိန်က ထုတ်ပြန်ကြေငြာချက်
တစ်ရပ် တွင် ဂျပန်နိုင်ငံ၏ ခေတ်မှီစစ်လက်နက်သစ်များဝယ်ယူမှုသည် ဒေသတွင်း
တင်းမာမှု ကို မြင့်မား လာစေသည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင်
စင်ဟွာသတင်းက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေငြာခဲ့ သည်။
အမေရိကန်နှင့် တရုတ်စစ်သင်္ဘော တိုက်မိလုနီးပါးကိစ္စ တရုတ်စစ်သင်္ဘော တာဝန်မဲ့ဟု အမေရိကန် ပြောကြား

တောင်တရုတ် ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သင်္ဘော၏ တာဝန်မဲ့သော လုပ် ရပ် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ခ်ဟေဂယ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြေအရောင်းအဝယ် အေးသော်လည်း တိုက်ခန်းနှင့် ကြိုပွိုင့်များ အရောင်းတက်
ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် မြေကွက်နှင့် လုံးချင်းများ
အရောင်းအဝယ် အေးနေသော်လည်း တိုက်ခန်းများနှင့် ကြိုပွိုင့် ရောင်းချသော
တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအဝယ် မြင့်တက်နေကြောင်း ရန်ကုန် အိမ်၊ ခြံ၊
မြေ အကျိုးဆောင်များထံမှ သိရသည်။
နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းနေဟုဆို
နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းလျက် ရှိနေကြောင်း နောင်ချိုဒေသခံများမှ သုံးသပ် ပြော ကြား လိုက် သည်။
အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိမည်

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောနှစ်စင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ထပ်မံ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး NLD ဒုတိယအကြိမ် ကမ်းလှမ်း
၂၀၁၅
ရွေးကောက် အပါအဝင် လာမည့် ရွေးကောက်ပွဲများတွင် ရှမ်းတိုင်းရင်းသားပါတီ
တစ်ခုတည်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရှမ်းပါတီနှစ်ခု
ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က
ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ကို ဒုတိယအကြိမ် ထပ်မံ
ကမ်းလှမ်း လိုက်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က
ပြောကြားသည်။
ဆွေးနွေးလျက် ရှိသည့် မြန်မာ - ဂျပန် ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာမှု

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ၀င်ထွက် သွားလာ မှုများမှာ ဗီဇာ မလိုဘဲ သွားလာ နိုင်ဖို့ အတွက် ၂ နိုင်ငံ အစိုးရ အဖွဲ့များ အကြား စီစဉ် ဆွေးနွေး လျက်ရှိတယ်လို့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ပြည်ပလေကြောင်းလိုင်း ဥပဒေ လာမည့် ဘဏ္ဍာနှစ်အတွင်း စသုံးမည်
ပြည်ပ လေကြောင်းလိုင်းများ ဆိုက်ရောက်နှင့် ထွက်ခွာရာတွင် အခွန်ကောက်ခံမှု ဥပဒေ မရှိခြင်းကြောင့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေပြီး ယင်းဥပဒေကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးထံမှ သိရသည်။
သန်း ၆ဝ ကောင်းကင်ပေါ်က သိန်းတစ်ထောင် ပေါက္ခရ ဝဿမိုး
ဒေသဖွံ့ဖြိုးရေးအတွက်သုံးမည့် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့် ပါရှိသော
ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပထမ
အကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နောက်ဆုံးရက်တွင် အ
တည်ပြုခဲ့ပြီးနောက် တစ်ကြိမ် တစ်ခါမျှ မကြုံတွေ့ခဲ့ ဖူးသည့် ယင်း အခြေအနေ
အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ သည်။
Subscribe to:
Posts (Atom)