Saturday, 21 December 2013

ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်

Photo: ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည် 
Saturday, December 21, 2013

လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လေထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်၏ လူမှုစီးပွား တိုးတက်လာမှုနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု များကို လျင်မြန်စွာ ဖြေရှင်းရန် ဂျပန်နိုင်ငံ IGES အဖွဲ့အစည်းမှ ခေတ်မီ နည်းပညာများကို အသုံးချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လေထု ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင်မည့် နေရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

၂၀၁၃ ခုနှစ် အတွင်းတွင် ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ လေးသိန်းကျော်အထိ မြင့်တက်လာပြီး လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပိုမိုပျံ့နှံ့ ရောက်ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတ မြို့နယ်တွင် Particular Matter (PM10 မှာ120 μg/m3) ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ် တို့တွင် Particular Matter (PM10 မှာ102 μg/m3) ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ များပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာနထံမှ သိရသည်။

The Voice Weekly
လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

တရုတ်ကုမ္ပဏီများ တာဝန်ယူမှုနှင့်တာဝန်ခံမှု အားနည်းဟု တရုတ်သံအမတ်ကြီးဝန်ခံ

တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးစီမံကိန်းများ လုပ် ဆောင်ရာတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းနေပြီး ယင်း အားနည်းချက်များကို ပြုပြင် ရန် တရုတ်အစိုးရမှ ကုမ္ပဏီများ အား တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံ အမတ်ကြီး H.E.Mr Yang Houlan က ပြောသည်။

ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ

Photo: ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ
Saturday, December 21, 2013

ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။
မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေမည့် ပြက္ခဒိန်သစ်အတွက် အီရီနာရှက်ခ်က ဆွဲဆောင်မှု ပြည့်ဝသည့် ဓာတ်ပုံများ အရိုက်ခံပေးခဲ့ကြောင်း သိရသည်။ ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ LED မီးလုံးလေးများဖြင့် အလှဆင်ထားသည့် နောက်ခံတွင် အီရီနာက Calvin Klein၏ ဖက်ရှင်ကို ဆင်မြန်းရင်း ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ပေါ်တူဂီ လက်ရွေးစင် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ချစ်သူသည် သီချင်းစည်းချက်အလိုက် ယိမ်းနွဲ့ပျော့ပြောင်းစွာဖြင့် ကိုယ်ဟန်ပြရင်း သူမ၏ ပူလောင်ပြင်းပြသည့် အလှအပများကို ထုတ်ပြသွားခဲ့သည်။

နောက်ပိုင်းတွင် အီရီနာသည် ခရစ္စမတ် အထိမ်းအမှတ် ကြယ်ကြီးတစ်ပွင့်ကို ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။ အသက်(၂၇)နှစ်ရှိ အီရီနာသည် ယခင်က နာမည်ကျော် Victoria's Secret ဖက်ရှင်အမှတ်တံဆိပ်အတွက် ကိုယ်ဟန်ပြခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တသီးတခြား ခွဲထွက် ရပ်တည်လာခဲ့သည်။ 19 of Love၏ ပြက္ခဒိန် ရိုက်ကွင်းကို ဗီဒီယို မှတ်တမ်း ယူထားရာတွင် အီရီနာ အနေဖြင့် သီချင်းစာသား မှားဆိုမိသည်ကိုလည်း ရယ်ရွှင်ဖွယ် အခြေအနေအဖြစ် တွေ့မြင်ရသေးသည်။ သူမသည် ရော်နယ်လ်ဒို၏ ကိုယ်ပိုင်ပြတိုက်ဖွင့်ပွဲအခမ်းအနားအတွက် ပေါ်တူဂီသို့ ရောက်ရှိနေခဲ့ပြီးနောက် ယခုသီတင်းပတ် အစောပိုင်းတွင်အလုပ်ခွင်ထဲ ပြန် လည် ခြေချလာခြင်း ဖြစ်သည်။

Planet Myanmar Network
ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ် ဟန်ပြပေး ခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေ

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ် ခံရမှုများ ရှိနေသော်လည်း သွားရောက် လုပ်ကိုင်သူ များလာကြောင်း သတင်းရရှိသည်။

သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါအချက်များ ပြင်ဆင်မပေးပါက လာမည့်ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား

Photo: သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါအချက်များ ပြင်ဆင်မပေးပါက လာမည့်ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား
Saturday, December 21, 2013

၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက်ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီးကပ်စောင့်ကြည့် နေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။ မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအပေါ် စိတ်ဝင် စားမှုကြီးမားစွာထားရှိနေပါ တယ်။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ဒါလုပ်ရမယ်၊ သူ မနိုင်ကိုနိုင်ရမယ်လို့ပြောလို့မရပါဘူး။ ခင်ဗျားတို့ရဲ့ဒီမိုကရေ စီဟာ အမေရိကန် ဒီမိုကရေစီ နဲ့ဆင်တူရမယ်လို့လဲ မပြော နိုင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်း လဲမှုဟာ ဒီမိုကရေစီနိုင်ငံ တစ် နိုင်ငံရဲ့ အခြေခံစံနှုန်းတွေနဲ့ ကိုက် ညီမှုရှိဖို့တော့လိုပါတယ်''ဟု သံ အမတ်ကြီးက ဆက်လက် ပြော ကြားသည်။

''ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြမှာလဲ။ သူမရဲ့အနေ အထားနဲ့ပတ်သက်ပြီး ဘယ် လိုသဘောထားကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါ တယ်။ အဲဒါ ခင်ဗျားတို့ပြည် သူတွေရဲ့ကိစ္စဖြစ်ပါတယ်။ နိုင် ငံတကာအသိုင်းအဝိုင်းအနေ နဲ့ ဒါလုပ် သင့်တယ် ၊ ဒါမလုပ် သင့်ဘူးလို့ပြောရမှာခက်ခဲပါ လိမ့်မယ်။ ကျွန်တော်တို့အနေ နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ပါတယ်''ဟု သံအမတ်ကြီးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က သာယာဝတီမြို့လူထုနှင့် ဒီဇင်ဘာ ၁၅ရက်ကတွေ့ဆုံစဉ် အခြားတစ်ဖက်ကို မမျှမတအ ခွင့်အရေးပေးထားတဲ့ ပြိုင်ပွဲမျိုးကို ဝင်မပြိုင်သင့်ဘူးဟု ပြောဆို ခဲ့ခြင်းကိုကိုးကား၍ သူမအား သမ္မတအဖြစ် အခြေခံဥပဒေက ခွင့်မပြု လျှင် ရွေးကောက်ပွဲအား သပိတ်မှောက်ဖွယ်ရှိသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြောင်း ဝေါစထရိဂျာနယ်က ရေးသားခဲ့ ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးဉာဏ်ဝင်းက လည်း ပါတီအနေဖြင့် ရွေး ကောက် ပွဲဝင် မဝင်မဆုံးဖြတ် ရသေးကြောင်း အဆိုပါသတင်း စာသို့ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင် တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ် မှ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခဒေးဗစ်စတင်းဘတ်ခ် က ''၂၀၁၅ရွေးကောက်ပွဲက လွတ်လပ်မျှတတဲ့ရွေးကောက် ပွဲလို့ဆိုပါစို့။ ဒါပေမဲ့ အဲဒီ အချိန်ထိ အခြေခံဥပဒေက မ ပြင် ပေး သေး ဘူးဆိုရင် အမေ ရိကန်နိုင်ငံခြားရေးမူဝါဒက ဘယ်လိုတုံ့ပြန်မလဲဆိုတာ အဓိ ကမေးခွန်းထုတ်စရာဖြစ်လာ လိမ့်မယ်''ဟု ဝေါစထရိကိုပြော သည်။

Yangon Media Group
၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက်ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီးကပ်စောင့် ကြည့် နေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။ မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

KIA က ဖမ်းဆီးထားသူများကို လွတ်ပေးရန် ရှမ်းမျိုးနွယ်စုများ ဆန္ဒဖော်ထုတ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများ အား ပြန်လည်လွှတ်ပေး ရန် ယနေ့ (ဒီဇင်ဘာလာ ၂၀ရက်)တွင် ရှမ်းတိုင်းရင်းသားက ရှမ်းစုမြောက်ရပ်ကွက်ရှိ ဝန်တိုကျောင်းဝင်း အတွင်း၌ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ နာယက ဦးစိုင်းသာဇုံက မဇ္ဈိမကို ပြောသည်။
“၈ နာရီက ၁၁ နာရီခွဲလောက်ထိ လူက ၂သောင်း ၅ထောင်ဝန်းကျင်လောက်ရှိတယ်၊ ကျွန်တော်တို့ အပြင် ကို မထွက်တော့ဘူး။ ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက် မရတာနဲ့ ဥပဒေကို ဆန့်ကျင်ပြီး မလုပ်ချင်ကြ လို့ ဝန်းတိုကျောင်းထဲမှာပဲ လုပ်လိုက်ပါတယ်”ဟု ဦးစိုင်းသာဇုံက ပြောသည်။

မြန်မာ ဒုက္ခသည်တွေ ဘဝ အစပျိုးနိုင်ရေး အမေရိကန် အစိုးရထောက်ပံ့

Photo: မြန်မာ ဒုက္ခသည်တွေ ဘဝ အစပျိုးနိုင်ရေး အမေရိကန် အစိုးရထောက်ပံ့
Saturday, December 21, 2013

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ရောက်ရှိလာကြတဲ့ မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရကနေ ဒေါ်လာ ၆ သိန်း ပထမဆုံးအကြိမ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အဓိက ကူညီပေးတာဖြစ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် အခြေခံလိုအပ်ချက်တွေကို ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြထားပါတယ်။။

အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services) ကနေပြီး တော့ - အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားပုလိစ့်မြို့မှာ အခြေချနေထိုင် လာကြတဲ့ မြန်မာ နိုင်ငံသား တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အတွက်ကို ပထမဆုံးအကြိမ် အဖြစ် အမေရိကန် ဒေါ်လာ ၆ သိန်း ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ဒီအကူအညီတွေကို အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် ကူညီသွားမှာဖြစ်ပြီးတော့ - အဓိကအားဖြင့် ဒုက္ခသည်တွေ အခြေခံလိုအပ်တဲ့ ပညာရေးလို ကဏ္ဍမျိုးတွေမှာ ဒီအကူအညီတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦးက ပြောပါတယ်။

"ဒီရာက်လာတဲ့မြန်မာပြည်သားတွေ သူတို့ဘဝ စပြီး တည်ထောင်ဖို့ လုပ်တဲ့အခါမှာ လိုသမျှ ပြင်ဆင်မှုတွေ ပညာရေးအားဖြင့် သင်တန်းတွေ၊ Workshopတွေ၊ အတန်းတွေ ကျမတို့ဖွင့်ထားတာရှိတယ်။ အခမဲ့ပေါ့လေ ကျမတို့ပညာရေးအစီအစဉ်တွေ လုပ်ထားတာရှိတယ်။ ပညာရေးသပ်သပ်လို့ ဆိုတဲ့အခါမှာ အထူးသဖြင့်ကျောင်းသားတွေ ကျောင်းမှာ ရှိနေတဲ့ မူလတန်း၊အလယ်တန်း၊ အထက်တန်းနဲ့ ဒီကောလိပ်ကို သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ပညာရေး အတွက်ကို ကျမတို့ ကူညီတယ်။ နောက်ပြီးတော့ ပြင်ဆင်မှုတွေ အကုန်လုံးပေါ့လေ။ ပညာရေးထောက်ပံ့ကြေးလျောက်တာ၊ ကျောင်းဝင်ခွင့်လျောက်တာ အကုန်လုံးပေါ့ နောက်တခုက Wrokforce Development အသက်မွေးကျောင်း ဆိုင်ရာမှာ ကျမတို့ အလုပ်ရှာတာ၊ အလုပ်အတွက်ပြင်ဆင်တာတွေ၊ ကျမတို့ အစီအစဉ်တွေ လုပ်ပေးတယ်။ သူတို့သင်တန်းလိုတယ်ဆိုရင်လည်း ဘယ်မှာ ဘယ်လို သင်တန်းမျိုးလဲ၊ ကျမတို့မပေးနိုင်တဲ့သင်တန်းမျိုးဆို ဘယ်မှာ သင်တန်းတွေရှိသလဲ စသည်ဖြင့်ပေါ့လေ။ အသိပညာပေးတာ၊ သင်ပေးတာတွေရှိတယ်။

နောက်တခုက ကျမတို့ ရောက်လာတဲ့အခါ မိသားစုကိစ္စ ပြဿနာတွေ အမျိုးမျိုးပဲရှိတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ ကျမတို့မိသားစုကိစ္စတွေ ကူညီတာရှိတယ်။ ပြီးရင် ကျမ်းမာရေးကိစ္စ၊ သူတို့နေရေးထိုင်ရေး အိုးအိမ်ကိစ္စတွေ ကျမတို့ကူညီတာရှိတယ်။ ဒီအလုပ်တွေကိုပဲ ကျမတို့ ဆက်ပြီးလုပ်သွားမှာဖြစ်တယ်။ ဒီအလုပ်တွေအတွက်ကိုပဲ အစိုးရဆီက ကျမတို့ အထောက်အပံ့ရတာဖြစ်ပါတယ်။"

အခုလိုမျိုး အမေရိကန်အစိုးရ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနကနေပြီးတော့ အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို ကူညီဖို့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့လည်း နော်မေဦးက အခုလို ရှင်းပြပါတယ်။

" အဓိက ဒီအထောက်အပံ့တွေကို သူတို့ပေးတာက၊ တခြားနိုင်ငံ ကနေပြီးတော့ ရောက်လာတဲ့ အရင်တုန်းက ဒုက္ခသည်တွေ၊ ကိုယ့်ကို ကိုယ်ပြန်ပြီးတော့ ကိုယ်ထူ ကိုယ်ထ လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ အတွက် သူတို့ အထောက်အပံ့တွေပေးတာဖြစ်တယ်။ ကျမတို့မြန်မာလူမှု အသိုင်းအဝိုင်းကလည်း တော်တော်လေးရှိတယ်။ လူသစ်တွေလည်း အများကြီးရှိတယ်။ ရောက်ပြီးတာ နည်းနည်းကြာ သွားတဲ့သူတွေလည်းရှိတယ်။

ဒီကိုယ်ထူကိုယ်ထလုပ်ငန်းတွေမှာ ကျမတို့ဌာနက လုပ်တာဆိုတော့ ဒီဌာနရဲ့လုပ်ငန်းတွေမှာ ပိုပြီးတော့ အထောက်အကူဖြစ်စေဖို့ လျောက်တော့ ရတာဖြစ်တယ်။"

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦး ဖြစ်ပါတယ်။

ဒီ BCCE မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာနကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အင်ဒီးယားနား ပုလိစ့်မြို့မှာ ဖွင့်လှစ် ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို အခုလိုပဲ ကူညီပံ့ပိုးပေးနေခဲ့တာဖြစ်ပါ တယ်။

အဲ့ဒီ အင်ဒီးယားနားပုလိစ့်မြို့လေးမှာ မြန်မာဒုက္ခသည်ဦးရေ ၁ သောင်းကျော်နေ ထိုင်ပြီး၊ အများစုက ချင်းတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ် စတင်ကတည်းက အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် သန်းနဲ့ချီရှိပြီး၊ သူတို့ထဲက တချို့ကို UNHCR ကနေတဆင့် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင် ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မြန်မာဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၁ သိန်းပြည့်တော့မှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံသား ဒုက္ခသည်တွေအပါအ၀င် ကမ္ဘာတ၀ှမ်းက ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ၁၉၇၅ ခုနှစ်ကနေ စတင် လက်ခံလာခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ သန်းကျော်သွားပြီဖြစ်ပါတယ်။

အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services)

VOA
အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services)
အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ရောက်ရှိလာကြတဲ့ မြန်မာ တိုင်းရင်းသား ဒုက္ခ သည်တွေ အတွက် အမေရိကန် အစိုးရကနေ ဒေါ်လာ ၆ သိန်း ပထမဆုံးအကြိမ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အဓိက ကူညီပေးတာဖြစ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် အခြေခံလိုအပ်ချက်တွေကို ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြထားပါတယ်။

ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်

Photo: ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်
Saturday, December 21, 2013

ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆင့်မြှင့်တင်ရန် စီစဉ်ထားသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ယခုနှစ် အောက်တိုဘာလ အတွင်းမှစပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူနေမှုဘ၀ ထိခိုက်နိုင်မှုတို့အပေါ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းလေ့လာမှုများ အပြီးတွင် ရထားလမ်းကို အဆင့်မြှင့်တင်မှုအပိုင်း သုံးပိုင်းခွဲခဲ့ပြီးနောက်တွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး ၎င်းအပိုင်းများအတွက် ဂျပန်နိုင်ငံမှ ရထားလမ်းပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များနှင့် ထပ်မံအတည်ပြု လုပ်ဆောင်သွားရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် အပိုင်းသုံးပိုင်း ခွဲပြီးတဲ့နောက်မှာ ဂျပန်က ပညာရှင်တွေနဲ့ အစီအစဉ်တွေ ရေးဆွဲရမယ်။ ထပ်ပြီးတော့ လေ့လာမှုတွေ ထပ်လုပ်ရမယ်။ နောင်နှစ်အတွင်းမှာတော့ အကောင်အထည် ဖော်နိုင်မှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆင့်မြှင့်တင် သွားမည်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၁၀၀(မိုင်၆၀) နှုန်းအထိ မောင်းနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ယခင်က ကြာမြင့်ချိန် ၁၅ နာရီရှိသော ခရီးစဉ်ကို ၈ နာရီသို့ လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အပိုင်းများတွင် ရထား-ကား လမ်းဆုံများကို ပြုပြင်ခြင်း၊ ရထားလမ်းရှိ တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံ၊ ရထား အလုပ်ရုံများအား ပြုပြင်ခြင်း၊ အချက်ပြ စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ ထိန်းချုပ်ရေး ဌာနများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် တွဲ-စက်ခေါင်းများ၏ စက်ရုံများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ၎င်းတို့ အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထား ကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျော့ချပြေးသွားမည်ဖြစ်ပြီး ခရီးစဉ် အခေါက်ရေကိုပါ လျှော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

Eleven Media Group

(ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်)
(ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်)
ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထား လမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့၌ ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာ ဖြစ်စေနိုင်ကြောင်း NLD ရှင်းလင်း

Photo: ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့၌ ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာ ဖြစ်စေနိုင်ကြောင်း NLD ရှင်းလင်း 
Saturday, December 21, 2013

ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာများ ဖြစ်စေနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေး ကော်မတီခေါင်းဆောင် မုံရွာအောင်ရှင်က The Daily Eleven သို့ ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက် သာယာဝတီမြို့၌ ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထား ရယူပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားချက်များမှ စကားများ ကောက်နုတ်၍ သတင်းများ ပြန်လည် ဖော်ပြရာတွင် လွဲမှားမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

ထိုသို့ ဖော်ပြရာတွင် အွန်လိုင်းသတင်းဌာန တစ်ခုဖြစ်သော ဧရာဝတီ သတင်းဌာနက ''ဖွဲ့စည်းပုံမပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်'' ဟု လည်းကောင်း၊ ပြည်တွင်း သတင်းဂျာနယ် တစ်ခုဖြစ်သော စောင့်ကြည်သတင်း ဂျာနယ်မှလည်း ''၁၀၀ ရာခိုင်နှုန်း သေချာတယ် ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မယ်'' ဟု လည်းကောင်း သတင်းခေါင်းစဉ်များဖြင့် သတင်းရေးသား ဖော်ပြထားသည်။

''ကျွန်မတို့ကတော့ တပ်မတော်ထဲမှာရော၊ တခြားအဖွဲ့အစည်းတွေ ထဲမှာရော၊ တခြားနိုင်ငံရေး ပါတီတွေမှာရော၊ ကိုယ်ရဲ့သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာလည်း လူအမျိုးမျိုး ရှိတာပဲ။ တခြားပါတီ အဖွဲ့အစည်း တွေမှာလည်း လူအမျိုးမျိုး ရှိမှာပဲ။ ဒီတော့ ကိုယ့်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကျလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ကိုယ့်ဘက်ကို အလေးသာအောင် လုပ်ထားပြီးမှ ၀င်တယ်ဆိုတာ မသင့်တော်ဘူး။ ဥပမာ ဆိုပါတော့ ကျွန်မတို့ဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒကို ထောက်ထားပြီး ၀င်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီး ၀င်ရာမှာ မမျှတတဲ့ အခြေအနေမှာ စွန့်စားပြီးဝင်ရာမှာ ကျွန်မတို့မှာ သိက္ခာကျစရာ ဘာမှမရှိပါဘူး။ အထက်စီး ယူပြီးတော့ ၀င်တဲ့လူတွေ အတွက် သိက္ခာမရှိဘူးလို့ ကျွန်မဒီလိုပဲ ဆိုပါရစေ။ ကျွန်မတို့ နိုင်ငံမှာ မှန်မှန်ကန်ကန် လုပ်ရဲတဲ့ သတ္တိရှိတဲ့သူတွေ အများကြီး လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုပြန်ကြားရေး ကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်က ''ဒါသေသေချာချာ ရှင်းရမယ့်ကိစ္စပဲ။ ဒါမကောင်းဘူးလေဗျာ။ ဒီလိုကာလမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် သံသယဖြစ်စရာ၊ ထိပ်တိုက်တွေ့စရာ မဖြစ်သင့်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ရှင်းတာပါ။ လုပ်တဲ့သူက တမင်ပဲလုပ်သလား။ ဒါမှမဟုတ် သူတို့အယူအဆ လွဲပြီးတော့ပဲ ထည့်သလား။ မပြောနိုင်ဘူး။ အဲဒါတော့ သူတို့ပဲသိမှာပဲ။ ကျွန်တော်တို့က လွဲရင်လွဲတာကိုတော့ ပြန်ရှင်းပြရမှာပဲ'' ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာဝင် ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့ကာ လွှတ်တော်တွင်း ဒုတိယအင်အား အကြီးဆုံး ပါတီအဖြစ် ရပ်တည်လျက်ရှိသည်။

Eleven Media Group
ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှော က်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြချက်များ သည် ဒေါ်အောင်ဆန်း စုကြည် ၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာများ ဖြစ်စေနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေး ကော်မတီခေါင်းဆောင် မုံရွာအောင်ရှင်က The Daily Eleven သို့ ပြောကြားသည်။

အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် ရေဒီယိုနှင့် စက်ပစ္စည်းများ အဓိကပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်

အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ အတွက် အဓိက ပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်လိုက်ကြောင်း Ooredoo Myanmar မှ သတင်းရရှိသည်။

နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို SNLD ထပ်မံကမ်းလှမ်း

နှစ်ပါတီပူးပေါင်းရေး ဆိုင်ရာများကို ဆွေးနွေးရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၁၇ ရက်တွင် ဒုတိယအကြိမ် ကမ်းလှမ်း မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်

Photo: လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ် 
Saturday, December 21, 2013

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးအတွက် ဒဏ်ငွေ ၄ သောင်းကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပေးဆောင်ခဲ့တယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ဒဏ်ငွေတစ်သောင်း ပေးဆောင်ရမယ်၊ ဒဏ်ငွေတစ်သောင်း မပေးဆောင်နိုင်ပါက ထောင်တစ်လဆိုပြီးတော့ အဲဒီအမိန့်သံပဲ ကျနော်ကြားလိုက်တယ်၊ ကျနော်တို့ကို ဒဏ်ငွေပေးဆောင်ခိုင်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် အနိုင်ကျင့်တယ်လို့ပဲ ကျနော်ခံယူတယ်၊ ထောင်ထဲကိုလည်း ကျနော်တို့က ပြန်ပြီးတော့ သွားစရာအကြောင်းမရှိဘူး၊ တိုင်းပြည်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးထားတာလည်း မဟုတ်ဘူး၊ အများပြည်သူအတွက်နဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် ကြားထဲက ကူညီဆောင်ရွက်ပေးတာပဲ၊ ဒဏ်ငွေကိုလည်း ပေးဆောင်စရာအကြောင်း မရှိဘူး၊ ဒဏ်ငွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကျိုးကို ကူညီပြီးတော့ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သူဝင်ဆောင်သွားပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခ ၂ ဆနီးပါး တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြသူတွေဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာကြောင့် ပန်းပဲတန်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ကာ စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင် ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဥရောပ ပရီး မီးယားလိဂ် တစ်ခုတွင် မြန်မာ လူမျိုး ဘောလုံး သမား ချစ်စန်းကျော် ဝင်ရောက် ကစားနေ

Photo: ဥရောပ ပရီး မီးယားလိဂ် တစ်ခုတွင် မြန်မာ လူမျိုး ဘောလုံး သမား ချစ်စန်းကျော် ဝင်ရောက် ကစားနေ
Saturday, December 21, 2013

ဖင်လန် ပရီးမီးယား လိဂ်အသင်း တစ် သင်းဖြစ် သည့် KUPS လူငယ် အသင်း တွင် မြန်မာ လူမျိုး ဘောလုံး သမား တစ်ဦး ဝင်ရောက်က စားနေပြီ ဖြစ်ကြောင်း သိရသည်။ KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစား လျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝ ပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း ၏ရွေး ချယ်ခြင်း ကို ခံခဲ့ရ သူလည်း ဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွား ခဲ့ပြီး အသက် ၁၉ နှစ်အောက် အသင်းတွင် ၂၀၁ဝ ပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံ ရကာ အသင်း နှင့်အတူ ကာလတို လေ့ ကျင့်ခွင့်ရ ခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့် အတူ လေ့ကျင့် ခွင့်ရခဲ့သူ ကစား သမား အချို့မှာ ယူ-၁၉ ဥရောပ ချန်ပီ ယံရှစ်တွင် ဖင်လန်နှင့် အတူ ဝင်ရောက်ယှဉ် ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ် ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ် ၂၀ ဝတ်ဆင် ကစားကြောင်း KUPS အသင်း လူစာ ရင်းတွင် ဖော်ပြထား ချက်အရ သိရသည်။ ယင်း အနေဖြင့် ဖင်လန် ထိပ်တန်း လိဂ်မှ အသင်းတစ် သင်း၏ လူငယ် အသင်းတွင် ကစား နေရခြင်း အပေါ် အွန် လိုင်းပေါ်မှ လူအများ စိတ်ဝင် စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ် မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်း မွန်မည် ဟုလည်း သုံးသပ်လျက်ရှိ သည်။

KUPS အသင်းသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ယူရို ပါလိဂ်နှင့် ယခုနှစ် ယူရိုပါလိဂ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် အသင်းဖြစ်ကာ လက်ရှိ ဖင်လန် ပရီး မီးယားလိဂ်တွင် အဆင့် (၁၀) ဖြင့် ရပ်တည် နိုင်ခဲ့ သည့် အသင်းလည်း ဖြစ်သည်။ (၂၇) ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစား ခဲ့သူအချို့မှာ လာမည့် (၂၈) ကြိမ်မြောက် အ ရှေ့တောင် အာရှ အားကစားပြိုင် ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အသက်လွန် ပြီဖြစ်ရာ မြန်မာ ဘောလုံး အသင်း အနေဖြင့် မျိုး ဆက်ပြတ် မသွား စေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်း လာရန် အရေးတကြီး လိုအပ် လျက်ရှိ သည်။

Yangon Media Group
ဖင်လန် ပရီးမီးယား လိဂ်အသင်း တစ် သင်းဖြစ် သည့် KUPS လူငယ် အသင်း တွင် မြန်မာ လူမျိုး ဘောလုံး သမား တစ်ဦး ဝင်ရောက်က စားနေပြီ ဖြစ်ကြောင်း သိရသည်။

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း

Photo: ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း
Saturday, December21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင် ခွင့်တောင်းခံ ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့်ကို ပြည်နယ်ရဲဌာနမှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လူသူစုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနားစသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ယင်းလူထု အစည်းအဝေးသည် လေးနာရီခန့်ကြာ စုဝေးခဲ့ပြီး အဓမ္မ ဆက်ကြေးကောက်တဲ့ ကေအိုင်အေ အလိုမရှိ၊ အဓမ္မစစ်သား စုဆောင်းသည့် ကေအိုင်အေ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဗညားဦးက ''ကျွန်တော်တို့ နိုင်ငံမှာက ဆီးဂိမ်းစ်ကာလကို အရေးပေါ်ကာလလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီကာလ ကျော်သွားရင်တော့ ခွင့်ပြုနိုင်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းတာတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ တရားဝင် ခွင့်ပြုချက်ရရင်တော့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့ အသင့်ရှိပါတယ်'' ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ''ကျွန်မသားကို ဖမ်းသွားတာ လာမယ့် တပို့တွဲလဆန်း ၁၃ ရက်ဆိုရင် နှစ်နှစ်ပြည့်ပြီ။ သားရော သမက်ရော ဖမ်းသွားတာ။ သမက်ကတော့ ထွက်ပြေးပြီး လွတ်လာတယ်။ သားကတော့ သေလားရှင်လား မသိရဘူး။ သူ့ဆန္ဒနှင့် လက်နက်ကိုင်တာ မဟုတ်ဘူး။ အခင်းမှာ အလုပ်လုပ်နေရင်း စုဆောင်းရေး ပါသွားတာ။ အဖေသေတာလည်း တွေ့မသွားရဘူး။ အားလုံးကို သားပြန်လာနိုင်ဖို့ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်'' ဟု The Daily Eleven သို့ ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ခုနစ်သိန်းကျော် ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာ အဖွဲ့က ပြောဆိုနေသော်လည်း အစိုးရ စာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာ စာရင်းရှိကြောင်း သိရသည်။

Eleven Media Group

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)








 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒ ထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင်ခွင့်တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် ကို ပြည်နယ်ရဲ ဌာန မှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲလက်မှတ် မှောင်ခိုဈေးနှုန်း ကျပ် ၆၀၀၀၀ အထိ ရောက်ရှိ

ဆီးဂိမ်းစ်ဖွင့်ပွဲ ခမ်းနားမှုအပေါ် မူတည်၍ ပိတ်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှုရန် ပရိသတ်များ စိတ် ၀င် စားသော်လည်း လက်မှတ်များကုန်သွားသဖြင့် ပြင်ပမှောင်ခို ပေါက်ဈေး ငွေကျပ် ၆၀၀၀၀ ၀န်း ကျင် ဈေးရှိနေကြောင်း သိရသည်။

Friday, 20 December 2013

အမေရိကန်-မြန်မာ နဲ့ မြောက်ကိုရီးယား ပြဿနာ

Photo: အမေရိကန်-မြန်မာ နဲ့ မြောက်ကိုရီးယား ပြဿနာ
Friday, December 20, 2013

မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့  အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူကို ရာထူးကဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။ မြောက်ကိုရီးယားသတင်းကို အမေရိကန်မှာ အထူးစိတ်ဝင်စားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဝါရှင်တန်အခြေစိုက် Heritage Foundation ဆွေးနွေးပွဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို ရှင်းလင်းစွာသိဖို့လိုကြောင်း ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အရာထမ်းဟောင်း Keith Luse က အိုဘားမားအစိုးရကို တိုက်တွန်းထားပါတယ်။

နောက်ပြီးတော့ လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်း မြောက်ကိုရီးယားပါဝင်ခဲ့တဲ့ မြန်မာ့စီမံကိန်းအားလုံးရဲ့  စာရင်း၊ မြောက်ကိုရီးယားဆီက ရယူထားတဲ့ စစ်လက်နက်ပစ္စည်းစာရင်းအပြည့်အစုံ၊ ဒုံးလက်နက်နဲ့ အဏုမြူစီမံကိန်းမှာပါဝင်တဲ့ မြောက်ကိုရီးယားကုမ္မဏီစာရင်း၊ မြောက်ကိုရီးယား စစ်ပစ္စည်းတင်သွင်းရာမှာ တရုတ်ပါဝင်တဲ့အခန်းကဏ္ဍ စတာတွေကို အမေရိကန်အစိုးရ သိသင့်တယ်လို့ Keith Luse က ဆိုပါတယ်။ အခြားပညာရှင်တွေကလည်း ဒီအဆိုကို ဝိုင်းဝန်းထောက်ခံကြပါတယ်။ မြန်မာကိုပြန်လည်ဆက်ဆံတဲ့အကြောင်းရင်းထဲမှာ မြောက်ကိုရီးယားကိစ္စပါဝင်တယ်လို့ ယူဆသူလည်းရှိပါတယ်။

ဗမာစစ်အုပ်စုက (၁၅) နှစ်လောက် လျှို့ ဝှက်စွာ ပြုစုပျိုးထောင်လာခဲ့တဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုအားလုံးကို အတိအလင်းကြေညာဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တာကို လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဗမာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှုရှိနေတာကို အမေရိကန်အစိုးရသိတာကြောင့် ကကထုတ် (ခေါ်) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးရဲ့  အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဇူလိုင်လဆန်းပိုင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ဒဏ်ခတ်ဖို့ မရည်ရွယ်ဘူးလို့လည်း အမေရိကန်အစိုးရက ကြေညာပါတယ်။ အစိုးရကို အရေးမယူဘဲ လက်အောက်ခံအမှုထမ်းတဦးကိုသာ ကွက်ပြီးအရေးယူတာဟာ ဝေဖန်ရှုတ်ချစရာ ဖြစ်နေပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တယောက်တည်းလုပ်တာ မဟုတ်တဲ့အတွက် အခုလို အမည်ထုတ်ဖော်ပြီး အရေးယူတာဟာ ယုတ္တိမရှိဘူးဆိုတာကို အိုဘားမားအစိုးရကလည်း နားလည်းသဘောပေါက်မှာပါ။ ဦးသိန်းစိန်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ဗမာစစ်တပ် ဆက်သွယ်နေတာကို အမေရိကန်အစိုးရက သိရှိကြောင်း ပြသတဲ့အနေနဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ရွေးပြီးဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်ပုံရပါတယ်။ ၂၀၀၈ နိုဝင်ဘာလက မြောက်ကိုရီးယားကိုသွားတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်အဖွဲ့မှာ ဗိုလ်ချုပ်သိန်းဌေး လိုက်ပါခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ မြောက်ကိုရီးယားစစ်ဦးစီးချုပ်တို့ နားလည်းမှုစာချွန်လွှာ လက်မှတ်ထိုးတာကို ပေါက်ကြားသွားတဲ့ စစ်မစ်ရှင်ရဲ့  (၃၇) မျက်နာ အစီရင်ခံစာအရ သိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကင်ချုပ်စစ်တို့ လက်မှတ်ထိုးကြတဲ့ နားလည်မှုစာချွန်လွှာကြောင့် အမေရိကန်အစိုးရရဲ့  မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာ့ရေးရာဝါရင့်အကဲခတ် Bertil Lintner က အောက်တိုဘာ (၈) ရက်ထုတ် ဧရာဝတီစာစောင်မှာ ရေးထားပါတယ်။ အမေရိကန်ရဲ့  ရေရှည်ဦးတည်ချက်ဟာ တရုတ်ကို ထိန်းထားနိုင်ဖို့ ဖြစ်ဖွယ်ရာရှိပေမယ့် လောလောဆယ်ကတော့ မဟာဗျူဟာ အချက်အချာဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ရင်းနှီးမသွားဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဦးသိန်းစိန်တက်လာပြီး ပြုပြင်ရေးလုပ်တဲ့အခါမှာ လက်တွဲလုပ်ကိုင်ဖို့ အိုဘားမားအစိုးရက ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဗမာအစိုးရကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အပျက်ခံမှာ မဟုတ်ဘူးလို့ Bertll Lintner့ က သုံးသပ်ပါတယ်။

အမေရိကန်နဲ့ အီးယူးဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်တားမြစ်ထားတာ အနှစ် (၂၀) ကျော်နေပါပြီ။ အခုလည်း စစ်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားဆဲဖြစ်ပေမယ့် တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကတော့ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာကိုရဖို့ အခက်အခဲရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်ရဲ့  မှီခိုအားထားရာ နိုင်ငံတွေ ဖြစ်လာပါတယ်။ တရုတ် နဲ့ ရုရှား စစ်ပစ္စည်းကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။

တရုတ်နဲ့ ရုရှား စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီက ဝယ်ရင်ငွေအစား ဆန်နဲ့ ကောက်ပဲသီးနှံကို ပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခု ဖြစ်ပါတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးခံရတဲ့ ကွယ်လွန်သူဗိုလ်ချုပ်ကြီးနေဝင်းရဲ့  မြေးတွေကို ထောင်ကလွှတ်ပေးလိုက်ပေမယ့် မြောက်ကိုရီးယားခရီးအစီရင်ခံစာ ပေါက်ကြားမှုနဲ့ ထောင်ကျနေတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ အပေါင်းပါကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမှန်သမျှကို ဖုံးဖုံးဖိဖိ လုပ်ထားဖို့သာ ဗမာအစိုးရ ရည်ရွယ်တာ ထင်ရှားပါတယ်။

VOA
မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့  အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူ ကို ရာထူးက ဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။

တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့

Photo: တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့
Friday, December 20, 2013

ပြည်သူလူထူအား ကျန်း မာရေး စောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များ၊ ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း များ၊ နိုင်ငံတကာလူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကနှင့် ဘာသာရေးအသင်းအဖွဲ့များက အနောက်တိုင်း ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေ သကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော် ခန်း မ၌ကျင်း ပသော ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများသို့ အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာ ဖြန့်ဝေသည့် အခမ်းအနားတွင် ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက ဆက်လက်၍ ကျန်းမာရေးစောင့် ရှောက်မှု အလှမ်းကွာဝေးသည့် နယ်စပ်ဒေသနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသများအထိ အနောက်တိုင်းဆေးပညာသာမက တိုင်းရင်းဆေးပညာ အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ပေးနိုင်စေရန် တိုင်းရင်းဆေးပညာ သင်တန်းများ၊ ကျန်းမာရေးပညာပေး ဟောပြောမှုများ၊ ကွင်းဆင်းကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာ့တိုင်းရင်းဆေးဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရေးပေါ်သုံး တိုင်းရင်းဆေးသေတ္တာများ ကို ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်စီမံချက်ချဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးတွင် အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာပေါင်း ၁၂၇၉၇ အထိ ဖြန့်ဝေနိုင်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာရှိ ကျေးရွာများ အားလုံး၏ ငါးပုံ၊ တစ်ပုံကို ဖြန့်ဝေနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်းရှိ ကျေးရွာတိုင်းတွင် ဆေးသေတ္တာ တစ်ခုစီ ရောက်ရှိရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာတို့က ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာများကို ပေးအပ်ကြပြီး Nippon Foundation မှ Mr. Takasuki Nakajima နှင့် ညွှန်ကြားရေးမှူးချုပ်များက တနိုင်း၊ မန်စီ၊ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်တို့မှ ကိုယ်စားလှယ်များအား အရေးပေါ်သုံး မြန်မာ့ တိုင်းရင်းဆေးသေတ္တာများကို ပေးအပ်ကြသည်။၂၀၁၀ ပြည့်နှစ်က ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ မြန်မာ့တိုင်းရင်းဆေး သေတ္တာ ၅၀၀ ကို ပထမအကြိမ်အဖြစ် ဖြန့်ဝေခဲ့ပြီး ယခုအခါ ကျန်ရှိသော ကျေးရွာပေါင်း ၁၄၁၃ ရွာသို့ ဆက်လက် ဖြန့်ဝေပေးခြင်းဖြစ်သည်။

အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာတွင် ပါဝင်သည့် ဆေးဝါးများသည် ခေတ်မီနည်းပညာများဖြင့် သုတေသနပြုလုပ်၍ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့ အသုံးပြုနေသည့် ဆေးဝါးများ ဖြစ်ပြီး ကိုင်တွယ်ထိန်းသိမ်းမည့် တာဝန်ခံများကို စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချပြီး ဖြစ်ရာ အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေးသေတ္တာကို ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲခြင်းအားဖြင့် ကျေးလက်ဒေသ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
ပြည်သူလူထူအား ကျန်း မာရေး စောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုရေးအသင်းအဖွဲ့ များ၊ ပုဂ္ဂလိကနှင့် ဘာသာရေးအသင်းအဖွဲ့များက အနောက်တိုင်း ဆေးဝါးများဖြင့် ကျန်း မာရေးစော င့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါး များဖြင့် ကျန်း မာရေးစောင့်ရှောက် မှု ပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဖေသက်ခင်က ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ကျင်း ပသော ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများသို့ အရေးပေါ်သုံး မြန်မာ့တိုင်း ရင်းဆေးသေ တ္တာ ဖြန့်ဝေသည့် အခမ်းအနားတွင် ပြောကြားသည်။

နှာခေါင်းနှင့် လည်ချောင်းသည် လူ့ကိုယ်ခန္ဓာ၏ အဓိက အရေးကြီးသော အင်္ဂါဖြစ်ပြီး


အသက် ရှူသွင်း ရှူထုတ် ရာနှင့် စကားပြော ရာတွင် အဓိက အရေးပါသည်။ ယခုခေတ်တွင် စက်မှု လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာ သည်နှင့် အမျှ ပတ်ဝန်းကျင် လေထု သည်လည်း ညစ်ညမ်း လာသောကြောင့် နှာခေါင်း ရောင်နာနှင့် လည်ချောင်းရောင် ရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာသည်။

တရားမ၀င်ကုန်သွယ်မှုများ ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှုတန်ဖိုး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ လေး ဘီလျံကျော် တိုးတက်

Photo: တရားမ၀င်ကုန်သွယ်မှုများ ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှုတန်ဖိုး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ လေး ဘီလျံကျော် တိုးတက်
Friday, December 20, 2013

တရားမ၀င်ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏တရားဝင်ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာလေး ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကိုးလအတွင်း ပို့ကုန်အမေရိကန် ဒေါ်လာ ၆၀၉၄ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆၄၄၆ သန်းကျော်နှင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်ရှိပြီး ယခုဘဏ္ဍနှစ်ကိုးလအတွင်း ကုန်သွယ်မှုစာရင်းများအရ ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်းကြောင့်  ယခင်ဘဏ္ဍာနှစ်ထက်ပင် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ကုန်သွယ်မှု တန်ဖိုးပိုလာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာမှစ၍ မြန်မာ-ထိုင်းနယ်စပ်နှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ တရားမ၀င်ကုန်သွယ်နေမှုများကို Mobile Team (တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး) အဖွဲ့များဖြင့် ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယခင်မြန်မာနိုင်ငံတွင်းသို့ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်စည်များကိုဖမ်းဆီးရမိခဲ့ပြီး ပညာပေးကာလအတွင်း ပညာပေးခြင်းများပြုလုပ်ကာ နောက်ပိုင်းတွင်ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်တရားမ၀င် ကုန်သွယ်မှုများမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ရောက်ရှိလာခြင်းမှာလည်း ကုန်သွယ်မှုတန်ဖိုးပိုမိုရရှိခဲ့သည့် အချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုဆိုင်ရာဗျူဟာများ ချမှတ်၍လုပ်ကိုင်နေမှုများလည်းရှိကြောင်း သိရသည်။

နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှုပြု လုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ပြီး ဒုတိယအများဆုံးအဖြစ် မြန်မာ-ထိုင်းနယ်စပ်မှကုန်သွယ်မှုပြုလုပ်နေပြီး အဆိုပါနယ်စပ်များ၌ပင်   ကွင်းလမ်းများမှ တရားမ၀င်ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တစ်ဝိုက်တွင် တရားမ၀င်ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိရှိကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှုများအား ဖမ်းဆီးရာတွင် ကျောက်စိမ်း၊ အရက်၊ ဘီယာ၊ စက်သုံးဆီ၊ စိတ်ကြွမူးယစ်ဆေးဝါး၊ ဖုန်းဟန်းဆက်နှင့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် City Mart ပိုင်ရှင်နှင့်ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီမှတွေ့ရှိထားသည့် ၀ိုင်နှင့်အရက်အများစုမှာ တရားဝင်တင်သွင်းခွင့်အထောက်အထားပြသနိုင်ခြင်းမရှိ၍ ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် အရေးယူခဲ့ကြောင်းသိရသည်။

တရားမ၀င်များ ဖမ်းဆီးမှုကြောင့် လက်ရှိတိုးလာသော ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အပေါ်၌ပင် အကောက်ခွန်မပါ ကုန်သွယ်လုပ်ငန်းခွန်တစ်မျိုးတည်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကျပ်ဘီလျံ ရာဖြင့်ချီကာ တိုးတက်ရရှိခဲ့ ကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တရားမ၀င်ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏တရားဝင်ကုန်သွယ်မှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာလေး ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

LG က မိတ်ဆက်လိုက်တဲ့ မျက်နှာပြင်အကျယ် ၁၀၅ လက်မရှိတဲ့ ကွေးကောက် TV



LG ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ သူ့ရဲ့ မျက်နှာပြင်အကျယ် ၁၀၅ လက်မရှိတဲ့ ကွေးကောက် Ultra HD TV ကို မိတ်ဆက်လိုက်ပါတယ် ။ ဒီလောက်ကြီးတဲ့ TV ကို သင့်ရဲ့ ဧည့်ခန်းထဲမှာ ဘယ်လိုထားမလဲ ဆိုတာကို မတွေးခင် သင်သိထားရမှာကတော့ ဒီ LG ရဲ့ ကွေးကောက် TV ဟာ သင်ကြည့်နေကြ TV တွေရဲ့ Standard Ratio 16:9 မဟုတ်ပါဘူး Ultra Wide 21:9 Ratio ပဲဖြစ်ပါတယ် ။ ဒါကြောင့် ရုပ်ရှင်ရုံတွေမှာ ကြည့်ရှု့လို့ရတဲ့ ခံစားမှု့အတိုင်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။ သူ့ရဲ့ ထုထည်ကြီးမားတဲ့ LCD Panel ကြီးဟာ 11 Million Pixel 5120×2160 Resolution ဖြစ်ပါတယ် ။ ကွေးကောက် TV တွေထုတ်လုပ်မှုမှာတော့ ဒီ TV ဟာ အရွယ်အစား အကြီးမားဆုံးလို့ LG ပြောကြားသွားခဲ့ပါတယ် ။