Monday, 16 December 2013

ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ်

Photo: ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ်
Monday, December 16, 2013

လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။

ထို့ကြောင့် ဘေဖန်လီ ဟာ သူ၏ ဆိုက်ကား နင်းတဲ့ အလုပ် ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခ ပေးရမှာ စိုးသော ကြောင့် သူဟာ ဘူတာရုံ မှာ နေပါတယ်။ အဝတ်အစား ဆိုလျှင် လည်း ဝယ်ပြီး မဝတ်ပါဘူး။ လမ်းဘေးမှာ သူများ တွေ ပစ်ထားသော အဝတ်အစား တွေ ကိုပဲ ဝတ် ပါတယ်။ အစား အသောက် ဆိုလျှင် လည်း ချို့ချို့ တည့်တည့် စားပြီး ပိုက်ဆံ ကို စုဆောင်း ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက် မှာ သူ၏ အသက် ဟာ ၉၀ ရှိပါပြီ။ တရုတ် နိုင်ငံမှ တန်ဂျင် ရိုဟ ဆိုတဲ့ အလယ်တန်း ကျောင်းကို သွားခဲ့ ပါတယ်။ ထို့နောက် သူဟာ အခုလို ပြောပါတယ်။ " ကျွန်တော် အလုပ် မလုပ်နိုင် တော့ ပါဘူး၊ ဒီ ပိုက်ဆံ ဟာ ကျွန်တော် ၏ နောက်ဆုံး ထောက်ပံ့ ငွေပါ။ " ထို အချိန်မှာ အဲဒီ ကျောင်းမှ ဆရာမနှင့် ကျောင်းသား တွေ ဟာ မျက်ရည် တွေ ကြခဲ့ ကြပါတယ်။ဘေလီဖန် ဟာ ၃၅၀၀၀၀ ယွမ် ကို ဆင်းရဲသော ကျောင်းသား များ အတွက် လှူဒါန်း လိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီး ကို ကျောခိုင်း ထွက်ခွာ သွားခဲ့ပါတယ်။

အချုပ်အား ဖြင့် ဆိုရလျှင် လေလီဖန် ဟာ အလွန် ဆင်းရဲသော လူ့ အသိုင်း အဝိုင်း မှာ ပေါင်ဖွား ကြီးပြင်း လာခဲ့ တယ်။ သူဟာ ဆိုက်ကား နင်းတဲ့ အလုပ် ကို လုပ်ကိုင် ခဲ့တယ်။ သူဟာ ပညာ မတတ်ပါဘူး။ သို့သော်လည်း ပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ် အောင် သင်ကြား ပေးနိုင် ခဲ့တယ်။ ဒါကြောင့် ဘေလီဖန် ဟာ ဂုဏ်ယူ လေးစား ထိုက်တဲ့ လူ တစ်ယောက် ဆိုလည်း မမှားပါဘူး။ လောက မှာ ဖြစ်ချင် တဲ့ စိတ်၊ လုပ်ချင် တဲ့ စိတ် တစ်ခု တည်းသာ ရှိပါစေ အရာ အားလုံး၊ အခက် အခဲ အားလုံး ကို ကျော်လွှား နိုင်မှာ အလွဲ ဧကန်ပါ။

တန်ဖိုး ရှိတဲ့ လူ တစ်ယောက် ဖြစ်ချင်တယ် ဆိုလျှင် မိမိ တစ်ယောက် တည်း အောင်မြင် နေရုံ ဖြင့် မလုံလောက် ပါဘူး။ မိမိ ပတ်ဝန်းကျင် မိမိ အသိုင်း ကိုပါ ပြုပြင် ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။ 

ကျော်လင်းနိုင် 
ရိုးရာလေး
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။

အဖျား ရောဂါ နဲ့ ဓာတ်စာ

Photo: အဖျား ရောဂါ နဲ့ ဓာတ်စာ
Monday, December 16, 2013

ကိုယ်အ ပူချိန် ၃၇ ဒီဂရီ စင်တီ ဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင် ဟိုက်ထက် ပိုရင် အဖျား တက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျား တက်ခြင်းဟာ နေထိုင် မကောင်း ခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာ ကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူ ဥထဲက ဖျား စေတဲ့ ပစ္စည်း တချို့ ထွက်လာ အောင် လှုံ့ဆော် စေတယ်။ သာမန် အအေး မိလို့ ဖျားရင် နှစ်ရက် ကနေ လေး ရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက် ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။

ဖျား နာချိန်
ဖျား နာချိန်မှာ အနား ယူဖို့ လိုပါ တယ်။ ယပ် ခတ်ခြင်း၊ ရေဖတ် တိုက်ခြင်း၊ ပါး လွှာတဲ့ ချည်သား အိပ်ရာ ခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထား တဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်း တို့ ပြုလုပ် နိုင်ပါ တယ်။

အဖျား ဆေးများ
တစ် နှစ်အောက် ကလေး တွေကို အက်စပရင် မတိုက်ရ ပါဘူး။ ပါရာစီ တမောကို တိုက်နိုင်ပါ တယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျား တက်ရတဲ့ အကြောင်း အရင်းကို ရှာဖို့ လိုပါ တယ်။

စားသင့် တဲ့ အစား အစာ
တုပ်ကွေးနဲ့ အအေး မိခြင်းဟာ ဗိုင်းရပ်စ် ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစား အသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင် စိတ် ရှိ လာမယ် ဆိုရင် အဖျား သက်သာ လာလို့ ပါပဲ။ အစား အစာမှာ သစ်သီး၊ ဟင်းသီး ဟင်း ရွက်နဲ့ ဖျော်ရည်က အကောင်းဆုံးပါ။ ဖျော်ရည်ဟာ အရသာ ကောင်း မွန်လို့ နေမ ကောင်းတဲ့ သူကို စားချင် သောက် ချင်စိတ် ဖြစ်ပေါ်လာပြီး ပြန်ပြီး နာလန် ထစေပါတယ်။

မကျန်း မာတဲ့ သူတွေဟာ ဗီတာ မင်အေ၊ ဗီတာ မင်စီ တို့ ပါတဲ့ အစား အစာတွေကို စားသင့် ပါတယ်။ ဗီတာမင် တွေမှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း ပါဝင်ပြီး ဖရီး ရယ်ဒီ ကယ်ကြောင့် ဖြစ်ရတဲ့ ပျက်စီး မှုကို အကာ အကွယ် ပေးပါတယ်။ ကိုယ်ခံ အားကို မြင့်စေပါတယ်။ နေကောင်း လာသည်နှင့် အမျှ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်ကို အစိမ်းတိုင်း ဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားနိုင်ပါ တယ်။ တရုတ် ဆီးသီး၊ မုန်လာ ဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊ ရေကန်စွန်းရွက် တွေမှာ ဗီတာ ကယ်ရိုတင်း (ဗီတာမင်အေ) နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ ရှောက်သီးနဲ့ အခြား အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင် ပါတယ်။ ကြက်သွန် နီနဲ့ ကြက်သွန် ဖြူက ရောဂါပိုး ဝင်ရောက် ခြင်းကို တိုက်ဖျက် ပေးတယ်။

ဓာတ် စာများ
အကြံ ပြု လိုသည်မှာ အဖျား ကျသည်နှင့် အစာကို အလွယ် တကူ စားဖို့ လိုပါတယ်။ ကြော်လှော်တဲ့ အစာ အာဟာ ရနဲ့ အဆီကို ရှောင် သင့်တယ်။ အသင့် အမြန်စား စနစ် အစား အစာ တွေဟာ အစာ မကြေ ဖြစ်စေပြီး လူကို ပင်ပန်း စေတယ်။ ရေများများ သောက် ရမယ်။ သစ်သီး ဖျော်ရည်၊ ဆေး ဖက်ဝင် အပင်နဲ့ ဖျော်စပ် ထားတဲ့ လက်ဖက် ရည်ကို နေ့စဉ် သောက်သုံး သင့် တယ်။ ကဖင်း ဓာတ် ပါတဲ့ ကိုလာ အချို ရည်တွေ မသောက် သင့်ပါဘူး။ 

ဒေါက်တာ လွင်သန့် (ဆေး-၂)
ကိုယ်အ ပူချိန် ၃၇ ဒီဂရီ စင်တီ ဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင် ဟိုက်ထက် ပိုရင် အဖျား တက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျား တက်ခြင်းဟာ နေထိုင် မကောင်း ခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာ ကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူ ဥထဲက ဖျား စေတဲ့ ပစ္စည်း တချို့ ထွက်လာ အောင် လှုံ့ဆော် စေတယ်။ သာမန် အအေး မိလို့ ဖျားရင် နှစ်ရက် ကနေ လေး ရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက် ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။

ချောင်းသာနှင့် ငွေဆောင်သို့ ဓာတ်အား သွယ်တန်းမှု စီမံကိန်း သုံးနှစ်ကြာမည်

ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်မှု အများဆုံး နေရာများတွင် ပါဝင်သော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာနှင့် ငွေဆောင် ကမ်းခြေဒေသများသို့ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းသည် သုံးနှစ် ကြာမြင့်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အာဏာရယူရန် ပါတီထောင်ထားခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် အရွေးခံလိုကြောင်း ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် မြန်မာနိုင်ငံရေး တွင် အာဏာရယူ လိုသောကြောင့် ထူထောင်ထားသည့် ပါတီတစ်ခု မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ရယူပွဲ၌ ပြောကြားသည်။

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း

 
မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်း က အနံ့ဆိုး ထွက်နေတယ် ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေ ဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။

ပျောက်ဆုံးနေသော ရခိုင်အမျိုးသမီးငယ် ၆ ဦး

 ဓါတ်ပုံ. ပျောက်ဆုံးသူ (၆) ဦးထဲတွင် ပါဝင်သူ အမျိုးသမီးငယ် တစ်ဦး။
တနင်္သာရီတိုင်းသို့ရောက်နေဟုဆို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ပျောက်ဆုံးနေသော အမျိုးသမီးငယ် (၆) ဦးသည် ယခုအခါ တနင်္သာရီတိုင်းသို့ ရောက်ရှိ နေကြောင်း ABC ဆောက်လုပ်ရေး ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောသည်။

ဆက်ကြေးကောက် နာဂတပ်သား သုံးဦးကို မတရားသင်း ပြစ်မှုဖြင့် ထောင်ခြောက်နှစ်စီ ပြစ်ဒဏ်ချ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် နိုဝင်ဘာလအတွင်းက ဆက်ကြေး တောင်းယူ ခဲ့သည့် နာဂလက်နက်ကိုင် တပ်သားသုံးဦးကို မြို့နယ်တရားရုံးက မတရားအသင်း ပြစ်မှုအရ ပြစ် ဒဏ် ခြောက်နှစ်စီ အမိန့်ချခဲ့ကြောင်း အဆိုပါ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ခေတ်ပြိုင် နိုင်ငံရေးကို ကြောက်တာလား တောဖွဲ့ တောင်ဖွဲ့တွေပဲ ကြိုက်တာလား


ခုတလော ကလေးမှာ စိတ်ဝင် စားဖွယ် ကောင်းသော သတင်း ပွတ်တိုက် မှုတွေက နေ့စဉ်နှင့် အမျှ စီးဆင်းနေသော ကြောင့် မူလရေးရန် လျာထား သတ်မှတ် ချက်မှာ တဖြည်းဖြည်း နောက်သို့ ရွှေ့ပြီး ရင်း ရွှေ့နေတော့သည်။

အပြင်ပေါက်ဈေးတွေ ကျဆင်းလာတဲ့ (၁၅၀၀)တန် ဆင်းကဒ်များ


နေပြည်တော်ဒေသတွင် (၁၅၀၀)တန် ဆင်းကဒ်များ ဈေးကျ ဆင်းလာတယ် လို့ သိရပါတယ်။

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု ဟွေလုံကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မြန်မာ သဘင်ပညာရှင်များ တရုတ်သို့ သွားရောက် ဖျော်ဖြေမည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပြုလုပ်မည့် အာရှနိုင်ငံများနှင့် ကျွန်းနိုင်ငံများ ပါဝင်သော အနု ပညာ ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံမှ သဘင်ပညာရှင်များ သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမနက်က အသေးစားခွဲစိပ်မှု အောင်မြင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက အာရှတော်ဝင် ဆေးရုံမှာ အသေးစား ခွဲစိပ်မှု လုပ်ဆောင်ခဲ့ပြီး အောင်မြင်သည့် ခွဲစိပ်မှု ဖြစ်တယ် လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုလိုက်ပါတယ်။

နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ


ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။

မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့

ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။

ကျန်ရှိနိုင်ငံရေး အကျဉ်းသား ၄၄ ဦး လွတ်မြောက်ရေးကို လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် တင်ပြမည်

(၁၂)ကြိမ် မြောက်ပြုလုပ်မည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီအစည်းအဝေးတွင် ကျန် ရှိနေသော နိုင်ငံရေးအကျဉ်းသား ၄၄ဦး လွတ်မြောက်ရေးအတွက် တင်ပြသွား မည်ဖြစ်ကြောင်း ကော် မတီဝင်ဦးရဲအောင်က ပြောသည်။

ပြေးခုန်ပစ် ရွှေရရင် ဦးတေဇ သိန်း ၃၀၀ ဆုချမည်

Photo: ပြေးခုန်ပစ် ရွှေရရင် ဦးတေဇ သိန်း ၃၀၀ ဆုချမည်

ဒီဇင်ဘာ ၁၆ ရက် ၂၀၁၃

လက်ရှိ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲတွေအတွက် ရွှေတံဆိပ် ၁ ခု ဆွတ်ခူးရင် ကျပ်ငွေ သိန်း ၃၀၀ ချီးမြှင့်မယ်လို့ ထူးကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဦးတေဇက ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြေးခုန်ပစ် အဖွဲ့ချုပ် အစည်းအဝေးမှာ ဦးတေဇ ကိုယ်စား ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက အားကစားသမားတွေကို ကတိပေးခဲ့တာ ဖြစ်ပါတယ်။

မနေ့က ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်အားကစားမယ် စောမာလာနွယ်က အမြန်လမ်းလျှောက်အားကစားနည်းမှာ ပွဲဦးထွက် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

လက်ရှိ ဆီးဂိမ်းမှာ ရွှေရရင် ကျပ်ငွေ သိန်း ဘယ်လောက်ပေးမယ် ဆိုပြီး လုပ်ငန်းရှင် သူဌေးကြီးတွေ အပြိုင်အဆိုင် ကြေညာနေကြရာမှာ ဦးတေဇ ပေးမယ့် ဆုကြေးငွေက အများဆုံး ဖြစ်ပါတယ်။

အလားတူ စက်ဘီးဆိုရင် အဖွဲ့လိုက် ရွှေရရင် ကျပ် သိန်း ၁၀၀၊ တဦးချင်း ရွှေရရင် ကျပ် သိန်း ၅၀၊ ဘိလိယက်နဲ့ စနူကာ အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၅၀၊ ပန်ကြပ်ဆီလတ် အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၁၀၀၊ ဘောလုံးအသင်း ရွှေရရင် ၁ ယောက် သိန်း ၁၀၀ နဲ့ တသင်းလုံးအတွက် ကျပ် သိန်း ၂၃၀၀ စသဖြင့် ချီးမြှင့်မယ်လို့ ရွှေတောင်ကုမ္ပဏီ၊ ကမ္ဘောဇ ဘဏ်နဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေက သီးခြားစီ ကြေညာထားကြပါတယ်။

DVB

အမျိုးသမီး ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပခဲ့ရာ မြန်မာအသင်းမှ မစောမာလာနွယ်
လက်ရှိ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲတွေအတွက် ရွှေတံဆိပ် ၁ ခု ဆွတ်ခူးရင် ကျပ်ငွေ သိန်း ၃၀၀ ချီးမြှင့်မယ်လို့ ထူးကုမ္ပဏီ ပိုင်ရှင် သူဌေးကြီး ဦးတေဇက ကြေညာပါတယ်။

ကာချုပ်၏ ကိုကိုးကျွန်းခရီးစဉ်နှင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့ စစ်သင်္ဘောကြီး အောင်ဇေယျ

Photo: ကာချုပ်၏ ကိုကိုးကျွန်းခရီးစဉ်နှင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့ စစ်သင်္ဘောကြီး အောင်ဇေယျ
Monday, December 16, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုလ (၁၃)ရက်နေ့တွင် ကာကွယ်ရေဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကိုကိုးကျွန်းသို့ မြန်မာ့တပ်မတော်(ရေ)မှ ဖရီးဂိတ်စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) ဖြင့် ထွက်ခွာခဲ့ရာ ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့မှကိုကိုးကျွန်းသို့ ခရီးသွားချိန် (၁၅)နာရီကြာမြင့်သော စစ်ရေယာဉ် အောင်ဇေယျ၏ ခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ) မှတ်တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် စီးနင်းလိုက်ပါခဲ့သည့် သမိုင်းဝင်ခရီးတစ်ခုဖြစ်ပြီး ပို၍ထူးခြားသည်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လိုက်ပါလာသော စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် တပ်မတော်(ရေ)မှ အတတ်ပညာရှင်များ ကိုယ်တိုင်တည်ဆောက်ခဲ့သည့် ပထမဆုံး Frigate စစ်သင်္ဘောဖြစ်ကြောင်း ရေတပ် တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသွားပါသည်။

သတင်းများအရ အာဆီယံနိုင်ငံများအပြင် အခြားနိုင်ငံအများစုသည်လည်း ယခုကဲ့သို့ Frigate စစ်သင်္ဘောများအား ကိုယ်တိုင်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အင်အားကြီးနိုင်ငံများမှ ဈေးနှုန်းမြင့်မားစွာ ၀ယ်ယူအသုံးပြုနေရကြောင်း၊ ASEAN နိုင်ငံများတွင်လည်း မြန်မာတစ်နိုင်ငံတည်းသာ Frigate စစ်သင်္ဘော များအား ကိုယ်တိုင်တည်ဆောက်နိုင်ကြောင်း၊ ယခုကာချုပ်ခရီးစဉ်တွင် အသုံးပြုခဲ့သည့် ဖရီးဂိတ် စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) သည် အရှေ့တောင်အာရှရေတပ်များတွင် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော ပထမဆုံး Frigate စစ်ရေယာဉ်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)မှ ပညာရှင်များ၊ အင်ဂျင်နီယာများအနေဖြင့် ယခုကဲ့သို့ စစ်သင်္ဘောများ ကိုယ်တိုင်တည်ဆောက်နိုင်ခြင်းသည် နိုင်ငံတော်အတွက် ဂုဏ်ယူစရာပင်ဖြစ်ကြောင်း ၄င်းအရာရှိကပင်ဆက်လက်ပြောကြားခဲ့သည်။
စစ်ရေယာဉ် အောင်ဇေယျအား ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်တွင် ကျရောက်ခဲ့သည့် (၆၃)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် တပ်တော် ဝင်နိုင်ခဲ့သည်။ ၎င်းစစ်ရေယာဉ်သည် အရှည်(၁၀၈)မီတာရှိပြီး သင်္ဘောပစ်ပဲ့ထိန်းဒုံးပျံများ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်များ၊ ရေငုပ်တိုက်ခိုက်ချေမှုန်းရေးလက်နက်များ၊ အဆင့်မြင့်ရေဒါစနစ်များ တပ်ဆင် ထားကြောင်း၊ ထို့အပြင် ၎င်းသင်္ဘောသည် ဒေသတွင်းတွင် အောင်ဇေယျ Class အဖြစ် တန်းဝင်စစ် ရေယာဉ်တစ်စီးဖြစ်ခဲ့ပြီး ယခုနှစ်အစောပိုင်းကပင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း သိရှိရသည်။ ကာချုပ်၏ ယခုခရီးစဉ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက် ကိုကိုးကျွန်းသို့ မြန်မာနိုင်ငံမှ တည်ဆောက်ထားသည့် ဖရီးဂိတ်စစ်ရေယာဉ်ဖြင့် သွားရောက် ခဲ့သည့် ပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

Zaw Min Kha
မြန်မာ့လင်းရောင်ခြည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုလ (၁၃)ရက်နေ့တွင် ကာကွယ်ရေဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကိုကိုးကျွန်းသို့ မြန်မာ့တပ်မတော်(ရေ)မှ ဖရီးဂိတ်စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) ဖြင့် ထွက်ခွာခဲ့ရာ ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနှင့် ပွဲတွင် ဒဏ်ရာ ရခဲ့သော ကြည်လင်း ဆီးဂိမ်းပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိ

ယမန်နေ့က ထိုင်းနှင့်ကစားခဲ့သောပွဲတွင် မြန်မာယူ-၂၃ အသင်း၏ အားထားရသော ကွင်းလယ် တောင်ပံ ကစားသမား ကြည်လင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကြီး တစ်ခုလုံးနှင့် လွဲချော်ဖွယ် ရှိနေသည်။

တရားမဝင်တင်သွင်းထားသောနိုင်ငံခြားဖြစ်ဝိုင်နှင့်အရက်မျိုးစုံ သိန်းပေါင်း၅၇ဝဝကျော်ဖမ်းဆီး ရမိမှုဆက်လက်အရေးယူ

တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ ရန်ကုန်တိုင်းဒေသကြီး ကွပ်ကဲမှု တာဝန်ခံထံသို့ နိုဝင်ဘာ ၂၈ရက် ညနေ ၆နာရီတွင် တာဝန်သိပြည် သူတစ်ဦးက အမှတ်(၁ဝ) မြမာလာ

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရရှိရန် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ်နေ့တွင် တောင်းဆို

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရရှိရန် ရခိုင်ပြည်သူများက ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာ၌ ပြုလုပ်သော (၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှတစ်ဆင့် တောင်းဆိုခဲ့သည်။