Sunday, 15 December 2013
မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ
ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး
ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော်
တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ
ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား
ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့
ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး
အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ်
မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ
ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ
ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာမှာ ရေးထားပါတယ်။ သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။
Ziyi Kuek ဆိုတဲ့ တယောက်က FHM မဂ္ဂဇင်းမော်ဒယ်ပါ။
အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ် မှာ ကော်ဖီဆိုင် ထိုင်ဖို့ အသွား ပြဿနာဖြစ်တယ် လို့ သတင်းမျာ ရေးထားပါတယ်။
တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိနေအိမ်တစ်လုံး၌
လက်လုပ် ဗုံးပေါက် ကွဲမှု ဖြစ် စဉ်နှင့် ပတ်သက်၍ နောက်ဆုံးထပ်မံ
စစ်ဆေးတွေ့ရှိချက်အရ လက်လက်ဗုံးတရားခံ စစ်ဆေး ရာ၌ တောင်ကြီးမြို့
၊ကံသာရပ်၊ဂျိုးဖြူလမ်းတွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊
(၅၃)နှစ်၊ (ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါး ဆက်နွှယ်နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး
Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ
မူးယစ်ဆေးဝါးဆက်နွယ်နေမှုများနှင့် ပတ်သက်၍ အဆိုပါဖြစ်စဉ်များကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီး ကိုကိုအောင် က
ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား
စင်ကာပူ
အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု
ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ
ပြစ်ဒဏ်ပေးလိုက်ပါတယ်။
ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက်
The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။

Friday, 13 December 2013
ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေးအဆို မှတ်တမ်း အဖြစ်သာထားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆုံးဖြတ်
ရန်ကုန်တိုင်းဒေကြီးအတွင်း မော်တော်ယာဉ် စီးရေ များပြားလာမှုကြောင့်
ယာဉ်ကြော ပိတ်ဆို့မှုများ အမြန်ဆုံး ဖြေရှင်းပေးရန် အစိုးရကို
တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့
တင်သွင်းရာ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်လိုက်သည်။
ပရိဘောဂလုပ်ကိုင်နေသည့် အိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့ဝင်ဖမ်း
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ပရိဘောဂ လုပ်ငန်းလုပ်ကိုင်နေသော
နေအိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့က ဒီဇင်ဘာ ၉ ရက်က ၀င်ရောက်ဖမ်းဆီးရာ
သံသယရှိ တရားခံထွက်ပြေးသွားသဖြင့် ဥက္ကံမြို့ နယ်မြေရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းထားသည်။
သီလ၀ါဆိပ်ကမ်းလျော်ကြေး လယ်တစ်ဧက ကျပ်သိန်း ၇၀ ဖြင့် ယာယီသဘောတူ
သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအတွင်းပါဝင်သည့် လယ်ယာမြေများ အတွက်
လျော်ေ ကြး ငွေကို တစ် ဧက လျှင် ကျပ်သိန်း ၇၀ ပေးရန် နှစ်ဖက်
ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဟု လယ်သမားများက မဇ္ဈိမ ကို ဒီဇင်ဘာ ၁၁ ရက်တွင်
ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာ နိုင်ငံ ဆိုင်ရာ အင်ဒို နီးရှား နိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်၊ ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး ၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံသည်။
ပြိုင်ဘက်များကို အနိုင် ကစားပြီး ရွှေရအောင် ယူမည်ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း နည်းပြ ပြောကြား

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပြိုင်ဘက် အသင်းထိုင်းကို အနိုင် ကစားသွားမည် ဖြစ်ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် ဆီးဂိမ်း ချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကို အနိုင်ကစား၍ ရွှေတံဆိပ် ရယူမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဂျပန်လူမျိုး ကုမာရာက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာ စက်ဘီးသမားများ တစ်ဦးချင်းတွင် ရွှေရပါက ကျပ်သိန်း ၅ဝ ရမည်

အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ၏ စက်ဘီးစီးပြိုင်ပွဲတွင် ကစား သမားများ အနေဖြင့် ရွှေတံဆိပ် ဆွတ်ခူးပါက အသင်းလိုက် ပြိုင်ပွဲတွင် ကျပ်သိန်း ၁ဝဝနှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ကျပ်သိန်း ၅ဝ ချီးမြှင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအငြင်းပွားဖွယ် အသည်းအစားထိုး လှူဒါန်းမှုပြဿနာ ပြေလည်မှုမရသေး

ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့၊ ဘုရားနီးကျေးရွာနေ ကိုနိုင်ဦးက
ကျောင်းကုန်းမြို့ ဧရာဝတီ ပဲသန့်စင်စက်နှင့် ဒါးကမြို့ ခိုင်မေတ္တာ
ဆန်စက်ပိုင်ရှင် ကိုမောင် မောင်ယု(ခ)စဖို၏ အစ်ကို ဦးမောင် မောင်ဦးအား
အိနိ္ဒယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မီဒန်တာဆေးရုံ၌ အသည်းတစ်ခြမ်း
အစားထိုးလှူ ဒါန်းခဲ့ရာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့်
နစ်နာကြေး ကိစ္စများ အတွက် ဖြစ်ပေါ် လာသော ပြဿနာများ အား ဖြေရှင်းရာတွင်
ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ထောက်လှမ်းရေးများ၏ လုပ်ဆောင်မှုများ နိုင်ငံသား အခွင့်အရေး မထိခိုက်ရန် အရေးကြီးဟု ဦးရဲထွဋ်ဆို

နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန်
ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ
အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ
စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း
နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်း စုကြည်ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊
စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့်
တွေ့ဆုံစဉ် ပြောကြားသည်။
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များအတွက် ဒီဇင်ဘာ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်မည်
လာလီဂါကလပ် ဗလင်စီယာအသင်းသည် လက်ရှိအချိန်တွင် အသင်း၏ဘဏ္ဍာ ရေးအခက်အခဲ များ ကြောင့် ပြည်ရင်းမြှုပ်နှံမှုများရယူရန် ဆန္ဒရှိနေကြောင်းသိရသည်။
အမေရိကန်ရှိ ထိပ်တန်းအဆင့် သတ်မှတ်ခံရသော တက္ကသိုလ်ကြီးတွင် မြန်မာ ကျောင်းသားများ ပညာ သင်ယူနိုင်

အမေရိကန် နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်း များစွာထဲမှ Top 15 ရာခိုင်နှုန်းအဆင့် သတ်မှတ်ခံ ထားရသော တက္ကသိုလ်တစ်ခု ဖြစ်သည့် James Medison University, South U.S News and World Report မှ သတ်မှတ်သော ပုဂ္ဂလိက တက္ကသိုလ် များထဲတွင် အဆင့်နှစ် နေရာတွင်ရှိပြီး မြန် မာ ကျောင်းသား များ လည်း ပညာ သင်ယူနိုင်ရန် ဖိတ်ခေါ်ထားသည်။
ပေါက်တော ဒုက္ခသည် စခန်းမီး၊ ကလေးတဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ
မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး
ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။
ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ
![]() |
| ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ |
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ
ကလေး ကူးသန်းရောင်းဝယ် မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။
Subscribe to:
Posts (Atom)
