Thursday, 12 December 2013

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

Photo: အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို
Thursday, December 12, 2013

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းကပြောကြားလိုက်ခြင်း ဖြစ်သည်။

''အချုပ်တို့၊ အကျဉ်းစခန်းတို့တွေ မှာ အချုပ်သား၊ အကျဉ်းသားတွေကို အခုအချိန်အထိ နှိပ်စက်တာတွေရှိနေ သေးတာကြောင့် တာဝန်ရှိသူတွေက ဘာပဲပြောပြော ဒါတွေဟာ လူသားတစ် ယောက်ရဲ့အခွင့်ရေးကို ချိုးဖောက် တာအပြင် တရားဥပဒေရဲ့ကာကွယ် ပေးမှုဟာ အားနည်းနေတယ်''ဟု ဦးမြင့် အေးက ပြောသည်။

တပ်မတော်မှာ ၁၈နှစ်အောက် စစ်မှုထမ်းများကို ပြန်လည်တပ်ထွက် ခွင့်ပေးထားသော်လည်း ကလေးစစ် သားသစ်စုဆောင်းမှုနှင့်ပတ်သက်၍ မိမိတို့ဆီ ယခုအချိန်အထိ မိဘများ မိသားစုများမှ မိမိတို့ထံ လာရောက် အကူအညီတောင်းခြင်း၊ တိုင်ကြားခြင်း များရှိနေဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ယင်းကလေးစစ်သားသစ် စု ဆောင်းခံရမှုနှင့်ပတ်သက်၍ လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အား ယခုနှစ်အတွင်း တိုင်ကြားစာ ၁၃ စောင်ရှိပြီး သမ္မတအမိန့်ဖြင့် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ထံတွင်မူ ကလေး စစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ တိုင်ကြားမှုမှာ ယခင်နှစ်ကထက် လျော့ နည်းလာကြောင်း သိရသည်။

ယခင်ကာလက အုပ်ချုပ်သူ အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ကသာ လူ့အခွင့်အရေးချိုးဖောက်မှု အ များဆုံးတွေ့ရှိရသော်လည်းယခုအချိန် တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ လူ့အ ခွင့်အရေးချိုးဖောက်မှုမှာ ပိုမိုများပြား လာကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူ ဦးအောင်မျိုးမင်း (Equality Myanmar) ကပြောသည်။

၁၉၄၈ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုကြေညာခဲ့ပြီး ယခုအချိန် တွင် (၆၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့၌ ကမ္ဘာတစ်လွှား တွင် ဟော ပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ နှစ် စဉ်ကျင်းပကြသော် လည်း မြန်မာနိုင်ငံ တွင်မူ ကျင်းပခွင့်ရရှိသည်မှာ နှစ်နှစ် တာကာလမျှပင် ရှိသေးကြောင်း သိရ သည်။

ရည်မွန် ၊ဟေမန် - Yangon Media Group
မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေး က ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်

Photo: ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်
Thursday, December 12, 2013

ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်းအ၀ယ်ကောင်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။

“ဈေးက ပစ္စည်းပြတ်လို့ မဟုတ်ဘူး။ ၀ယ်သူအကြိုက်ဆန် ဖြစ်လို့ပဲ ကုန်စည်ဒိုင်ကို ဆန်ရောက်တာနဲ့ ကုန်ဖြစ်နေတာ”ဟု ၎င်းက ပြောကြား သည်။

ယခုနှစ် ဆန်ဈေးမြင့်တက်ခြင်းသည် ယခင်နှစ်ထက် ဆန်ချော တစ်အိတ်ကျပ် ၃၀၀၀နှင့် ဆန်ကြမ်းတစ်အိတ် ကျပ် ၁၀၀၀ခန့် ဈေးပိုမြင့် ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ၀ါရင့်ဆန်ကုန် သည်ကြီးတစ်ဦးက ပြောကြားသည်။

“ယခင်နှစ်က မြောင်းမြပေါ်ဆန်းတစ်အိတ် ကျပ် ၁၉၀၀၀ ဒီနှစ်မှာက ၂၂၀၀၀က အနိမ့်ဆုံးပဲ၊ အကြမ်းဆိုရင် မြောင်းမြ ရွှေပြည့်စုံတစ်အိတ် ကျပ် ၁၈၅၀၀ပဲရှိတယ်၊ ဒီနှစ်ကတော့ တစ်အိတ်ကျပ် ၂၂၀၀၀အနိမ့်ဆုံးပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုအပတ်အတွင်း ရွှေဘိုဆန်ဟောင်းတစ်အိတ် ၃၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းဟောင်း တစ်အိတ်ကျပ် ၂၇၀၀၀မှ ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းသစ်တစ်အိတ် ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ တောင်ပျံဟောင်းတစ်အိတ် ၂၅၀၀၀ကျပ်မှ ၃၀၀ ၀၀ကျပ်၊ တောင်ပျံသစ် တစ်အိတ် ၂၀၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ပေါ်ကျွဲတစ်အိတ် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်နှင့် အကြမ်းဟောင်း တစ်အိတ် ၁၉၀၀၀ကျပ်မှ ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရသည်။

ရေးသားသူ- မျိုးပပစန်း၊
တည်းဖြတ်- နီတိုး

People power
ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်
Thursday, December 12, 2013

(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ကြာသပတေးနေ့တွင် လူသတ်မှုအတွက် ကနဦး စွဲချက်တင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ (၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။ ထိုစဉ်က ဖြစ်ရပ်တွင် လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသည်။ ထိုစဉ်က ဒုတိယ ဝန်ကြီးချုပ်နှင့် ယခုလက်ရှိ ဖျက်သိမ်းလိုက်ပြီဖြစ်သော အရေးပေါ် အခြေအနေ ဖြေရှင်းမှု ဗဟိုထိန်းချုပ်ရေးအဖွဲ့ (CRES)၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့် ဆူသပ်သောင်ဆူဘန်သည်လည်း အလားတူ စွဲချက်နှင့် ကြုံနေရသည်။

ဘီဆစ်သည် ယခုကနဦး စွဲချက်တွင် ကြားနာမှု ပြီးဆုံးပါက အာမခံဖြင့် ပြန်လွတ်နေမည် ဖြစ်သည်။ ဆူသပ်ကိုမူ တရားခွင်တွင် မတွေ့မြင်ခဲ့ရချေ။ ဆူသပ်သည် လက်ရှိအချိန်တွင်မူ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ၏ အစိုးရကို ဆန္ဒပြနေမှုများအား အဓိက ဦးဆောင်လျှက် ရှိသည်။ ဆူသပ်က တရားရုံးသို့ ရှေ့နေတစ်ဦး စေလွှတ်ကာ မိမိအပေါ် စစ်ဆေးမှုကို ရွှေ့ဆိုင်းပေးပါရန် ပန်ကြားခဲ့ပြီး မိမိအနေဖြင့် ဆန္ဒပြမှုများကို ဦးဆောင်နေရသဖြင့် မအားလပ်ကြောင်း အသိပေးခဲ့သည်။ ဆူသပ် တာဝန်ယူခဲ့သည့် CRESသည် စစ်တပ်နှင့် ရဲများအား ရှပ်နီ ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းရန် အမိန့်ပေးခဲ့သည့်နောက် ထိုစဉ်က ရှပ်နီ (၉၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

Photo: အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ
Thursday, December 12, 2013

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက်ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ် အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ် ၀တ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင် ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံ တန်ရုံ မသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

မြန်မာနိုင်ငံက EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ တွင်မှ လျှောက်ထားနိုင်မည်ဟုဆို

နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အဖွဲ့(EITI)၏ အဖွဲ့ ဝင်လောင်းနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လျှောက်ထား နိုင်မည်ဖြ စ်ကြော င်း သိရ သည်။

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

Photo: အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည် 
Thursday, December 12, 2013

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အလယ်တန်း ကျောင်းအပ်စဉ်တွင် ကျောင်းလခကြေး၊ မိဘဆရာ အသင်းကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး တို့ကို ကောက်ခံခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခကြေး မကောက်ခံဘဲ ကျန်ရန်ပုံငွေ များကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံငွေများနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပေးသွားရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အလယ်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လာမည့်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာသင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
“ပညာရေးဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရတဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့တာပါ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းနှင့် စာရွက်သားများကို ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းလည်း ပိုမြင့်သွားနိုင်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခအတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခအတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ရှစ်ရာ သတ်မှတ်ထားကြောင်း အခြေခံပညာ စာသင်ကျောင်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေး ဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁)အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ဦးစီးဌာန ပူးတွဲညွှန်ကြားရေးမှူး ချုပ် ဒေါက် တာ မျိုးသိမ်းကြီးက ပြောကြားသည်။

တ​ရုတ်​လုပ်​ငန်း​ရှင်​များ​ကို ​တာဝန်​သိ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​လုပ်​စေ​လို

Photo: တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို 
Thursday, December 12, 2013

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းရှင် ၇၀ ၀န်းကျင် ရန်ကုန်ကို လာရောက်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၅၀ လောက်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

 လက်ရှိ အချိန်မှာ တရုတ်တင်မက ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်စပြုနေပြီ ဖြစ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ စက်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း နဲ့  လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နှီး​မြှုပ်​နှံ​တော့​မယ်​ဆို​ရင် ​နိုင်​ငံ​တ​ကာ ​စံ​ချိန်​စံ​ညွှန်း​တွေ​နဲ့​အ​ညီ ​တာဝန်​သိ​သော ​ရင်း​နှီး​မြှုပ်​နှံ​မှု​ကို​ပဲ ​လုပ်​စေ​ချင်​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​ကုန်​သည်​များ​နဲ့ ​စက်​မှု​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (UMFCCI ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဦး​အေး​လွင်​က ​ပြော​ပါ​တယ်။

ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော

Photo: ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။

အခု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့တဲ့ ၀ဏ္ဏသိဒ္ဓိကွင်းထဲမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ ရှိပြီး တရုတ်က ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေအတွက် ဘယ်လောက်ကျခံ သုံးစွဲထားသလဲဆိုတဲ့ အမေးကိုတော့ ပွဲပြီးမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် ကျခံသုံးစွဲခဲ့ပြီး မြန်မာတာဝန်ရှိသူတွေကလည်း မြန်မာဆီးဂိမ်းမှာ အင်ဒိုဆီးဂိမ်းထက်မနည်း သုံးရမှာပဲလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်ကို ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ဆီး ​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှုများ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေး က ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား

Photo: ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား
Thursday, December 12, 2013

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦးကပြောသည်။

၎င်းက''ဦးအနေနဲ့ကျိုက်ထီးရိုး ဘုရားကို အဓိဋ္ဌာန်နဲ့ နှစ်စဉ်လာဖူး တာ ၁၅နှစ်ကျော်သွားပြီ။ အရင်က ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ကိုတော့ နှစ်စဉ် မဖူးဖြစ်ဘူး။ ဒီလို ပူးတွဲပြီး အဓိဋ္ဌာန်ပြု ဖူးမြော်ခြင်း အားဖြင့် ထူးခြားတဲ့ တိုက်ဆိုင်မှု တွေ ရှိလာလို့ မိတ်ဆွေတွေကိုပါ တိုက်တွန်းပြီး ဒီဘုရားနှစ်ဆူကို နှစ်စဉ် အဓိဋ္ဌာန်နဲ့ ပူးတွဲဖူးတာ ရှစ်နှစ်ကျော်သွားပြီ။ တစ်ဖွဲ့လုံးလဲ ကျိုက်ပေါလောမှာပဲ တည်းပြီး ဖူး တာ။ ကျိုက်ထီးရိုး တောင်ပေါ်မှာ က ဘုရားဖူး သိပ်များရင် တည်းခို ခန်းက မလွယ်ဘူး။ ကျန်းမာရေး ကြောင့် ဘုရားရင်ပြင်မှာလဲ မအိပ် ရဲတော့ ကျိုက်ပေါလောကို အရင် ဝင်ဖူးပြီးရင် အထုပ်အပိုးတွေထား ခဲ့ပြီး ကျိုက်ထီးရိုးကို ကျိုက်ထို ကနေ နေ့ချင်းပြန်ဖူးတော့ လူလဲ သက်သောင့်သက်သာရှိတယ်'' ဟု ဆိုသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားသည် မွန်ပြည်နယ် ကျိုက်ထို မြို့တွင် တည်ရှိပြီး ရုပ်ပွားတော်၏ လက်ယာဘက်နားထင်စွန်းအထက် နားတွင်ပါရှိသော အမည်းစက် (မှဲ့ရှင်တော်)အား အဓိဋ္ဌာန်ပြု၍ သော်လည်းကောင်း၊ အကြောင်း သင့်လျော် ပါရမီထူး၍သော်လည်း ကောင်း စူးစိုက်ဖူးမြော်ပါက မှဲ့တော်သည် ခပ်ရေးရေး ရွေ့လျား နေသည်ကို ဖူးမြင်ရသည်ဟုဆိုကြ သည်။ ထို့ပြင် အဆိုပါမှဲ့ရှင်၏ ထူးခြားချက် တစ်ခုမှာမှဲ့တော် ပေါ်သို့ ရွှေဆိုင်းများဖြင့် အထပ် ထပ် အုပ်ကပ်ကာ ရွှေချစေကာမူ များမကြာမီ နဂိုအတိုင်း ပြန်လည် ပေါ်ထွက်လာမြဲဖြစ်သည်ဟု ယင်း ဘုရားဂေါပက အဖွဲ့မှတာဝန် ရှိသူ တို့ကပြောသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားမှ တည်းခိုခန်းများနှင့် ပတ် သက်ပြီး ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက အဆိုပါတည်းခို ခန်းများသည် နှုန်းထားသတ်မှတ် ထားခြင်းမရှိသည့် အခမဲ့တည်းခို ခန်းများ ဖြစ်ကြကြောင်း၊ တည်းခို သူများက သက်သောင့်သက်သာ နှင့် အဆင့်မြင့်မြင့် တည်းခိုနိုင် သဖြင့် စေတနာသဒ္ဓါတရား ထက် သန်စွာ လှူဒါန်းကြသောကြောင့် ထပ်မံ၍ သီးသန့်ခန်းများ၊ စုပေါင်း နားခိုဆောင်များပါဝင်သည့် အဆင့် မြင့်သုံးထပ်တည်းခိုဆောင်ကြီး တစ်ခုတည်ဆောက်တော့မည် ဖြစ် ကြောင်း၊ ယင်းတည်းခိုဆောင်ကြီး ပြီးစီးပါကလည်း အခမဲ့တည်းခို ခွင့်ရရှိကြဦးမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားကြသည်။

''ကျိုက်ပေါလော မှဲ့ရှင်ဘုရား မှာ တည်းခိုခန်းတင်မှ မဟုတ်ဘူး။ ဘာမဆို နှုန်းထားသတ်မှတ်ထား တာ မဟုတ်ဘူး။ အားလုံး အခမဲ့ ချည်းခွင့်ပြုထားတာ။ ဥပမာ-ခရီး တစ်ထောက် နားချိန် ရေဝင်ချိုးကြ တယ်။ သန့်စင်ခန်း ဝင်ကြတယ်။ ထိုင်းနိုင်ငံသားတွေက အဆင်ပြေ ပြီး အားလုံး အခမဲ့ချည်းဆိုတာ သိသွားကြလို့ ဘိုထိုင်၊ ရေချိုးခန်း ပါတဲ့ သန့်စင်ခန်းတွေ ဆောက်ပေး ပါ ဆိုပြီး လှူဒါန်းကြလို့ ခြောက် ခန်း လုပ်ပေးထားတယ်။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်း တွေ၊ ရေချိုးခန်းတွေလဲ ရှိတယ်။ အခုနောက်ပိုင်း ခရီးတစ်ထောက် နားပြီး သန့်စင်ခန်းသုံးသူတွေ၊ တည်းခိုသူတွေများကြ လွန်းလို့ သုံးထပ်တည်းခိုဆောင်ကြီးတစ်ခု အမြန်ဆုံး ဆောက်လုပ်သွားမယ်။

လက်ရှိ အဆင့်မြင့်သန့်စင်ခန်းတွေ ထပ်ဆောက်ထားတာပြီးသွားပြီ။ ဒါတွေကိုလဲ သုံးစွဲနေကြပါတယ်'' ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)က ပြောသည်။

စွမ်းရဲထွဋ် - The Union Daily
ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြားသည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ်လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦး ကပြောသည်။

ဆီးဂိမ်းသို့ အာဆီယံဒေသတွင်း မှ လာရောက်သူ ထိုင်းအများဆုံးဖြစ်


ထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ဆန္ဒပြမှုပြင်းထန်နေသော် လည်း မြန်မာနိုင်ငံ တွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲသို့ လာရောက်သော ထိုင်းနိုင်ငံ သားအရေ အတွက် မှာ ကျန် အာဆီယံ နိုင်ငံများထက် အများဆုံးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီး ဌာနမှ သိရသည်။

KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ဖမ်းဆီး ခေါ်ဆောင်နေ မှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြား

Photo: KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

ဒီဇင်ဘာ ၁၂ ရက် ၂၀၁၃

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA  မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။

KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။

KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ  ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။

အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။

KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။ 

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"

Photo: "ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"
Thursday, December 12, 2013

မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရတယ် ဆိုရင် ကိုယ့်ရဲ့ ရုပ်ရှင် လောကသားတွေ အတွက် အကောင်း ဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပြလာပါတယ်။

“ရှေ့နှစ်ထဲမှာ အစည်းအရုံး ကဦးစီးပြီး အကယ်ဒမီ ကို ကျင်းပ ပေးမယ် ဆိုပေမယ့်လည်း အဲဒီ အချိန်မှာ အစ်ကိုက ဥက္ကဋ္ဌ မဟုတ် နိုင်တော့ဘူးလေ။ အဲဒီတော့ အစ်ကို လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အစ်ကို စီစဉ်ဆောင် ရွက်ခွင့် ရတယ်၊ လောကသားတွေ အတွက် တောင်းဆိုခွင့်တွေ ရတယ်၊ စီမံ ဆောင်ရွက် ပိုင်ဆိုင်ခွင့် ရတယ် ဆိုရင် အစ်ကို့ရဲ့ ရုပ်ရှင်လောက အတွက် အစ်ကို အတတ်နိုင်ဆုံး လုပ်သွား မှာပါပဲ။ ဒါကို ဘယ် သူပေးပေးပေါ့။ အကယ်ဒမီပေးပွဲ ဆိုတာက အစ်ကိုတို့ လောက သားတွေ အထွဋ် အမြတ်ထား တဲ့ပွဲတစ်ပွဲပဲလေ” လို့ လူမင်းက ပြောပြပါတယ်။

အကယ်ဒမီ အခမ်းအနားတွေ ကိုတော့ သူ့အနေနဲ့ နှစ်ပေါင်း များစွာ တက်ရောက်ပြီး ကိုယ့်ရဲ့ ရုပ်ရှင် လောကသား အချင်းချင်း အားပေး နေ ကျဖြစ်သော် လည်း နှစ် တိုင်း၊ နှစ်တိုင်း တူညီတဲ့ စီစဉ် တင်ဆက် မှု တွေကိုပဲ မြင်တွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပြတဲ့ ကိုလူမင်း က

“အစ်ကို့ အနေနဲ့ အကယ်ဒမီ ပွဲတွေကို နှစ်ပေါင်း များစွာ တက်လာ ခဲ့ပြီးပြီ။ နှစ်တိုင်း၊ နှစ်တိုင်းမှာ တူညီတဲ့ အစီ အစဉ် တင်ဆက်မှုတွေ နဲ့ပဲ တက် လာခဲ့ရတာ ဆိုတော့ အစ်ကို ကိုယ်တိုင် အပြောင်းအလဲ တစ်ခုကို လိုချင်နေ ခဲ့ တာ။ အခု အပြောင်းအလဲ တစ်ခု ဖြစ်အောင် ကိုယ်ကိုယ်တိုင် လည်း ဆောင်ရွက်ခွင့် ရပြီ ဆိုတော့ သေချာ တာတော့ အပြောင်း အလဲ တစ်ခုပေါ့။ အပြောင်းအလဲ ဆိုတဲ့ နေရာမှာ ပိုကောင်းတဲ့ပြောင်းလဲ မှု၊ ခမ်းနားတဲ့ ပြောင်းလဲမှုတွေ ဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြစ်အောင် ဒီနှစ် အကယ်ဒမီ အတွက် ကြိုးစားပေး သွားမယ်လို့ ကတိပေးနိုင် ပါတယ်။ အစ်ကိုတို့ လောကသားတွေရော၊ ကြည့်ရှု ကြမယ့် ပရိသတ်တွေရော ဒီနှစ် အကယ်ဒမီ ပွဲကိုတော့ အရင်နှစ် တွေထက် ထူးခြား ဆန်းသစ်မှုတွေ နဲ့ ခံစားကြ ရလိမ့်မယ်လို့ အစ်ကိုမျှော် လင့်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ကိုလူမင်းက ပြောပြ ပေးခဲ့ပါတယ်။

ထက်လူလူ
Popular Academy
မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ်မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့အတွက် လက်ရှိဥက္ကဋ္ဌ အနေ အထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရ တယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ရှင် လောကသားတွေအတွက် အကောင်းဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ် တယ်လို့ ပြောပြလာပါတယ်။

လူမှုဖူလုံရေး အာမခံထားသော အမျိုးသမီးများ မီးဖွားခွင့် သုံးလခွဲအတွက် ခံစားခွင့် ရရှိတော့မည်

Photo: လူမှုဖူလုံရေး အာမခံထားသော အမျိုးသမီးများ မီးဖွားခွင့် သုံးလခွဲအတွက် ခံစားခွင့် ရရှိတော့မည် 
Thursday, December 12, 2013

လူမှုဖူလုံရေး အာမခံထား ရှိသူအမျိုးသမီးများသည် လာမည့်နှစ်မှစ၍ ကိုယ်ဝန်ဆောင်မှုနှင့်မီး ဖွားမှုများအတွက် ထည့်ဝင်ကြေး ၏ရာခိုင်နှုန်းရ၀ အကျိုးခံစားခွင့် နှင့် မီးဖွားခွင့်သုံးလခွဲအကျိုးခံစား ခွင့်ရရှိတော့ မည်ဖြစ် ကြောင်း သိ ရသည်။ လက်ရှိတွင် လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်အနေဖြင့် မီးဖွားခွင့်စုစုပေါင်း သုံးလ ၁၂ပတ် နှင့် ထည့်ဝင်ကြေး၏ ၆၆ဒသမ ၆ရရာခိုင်နှုန်းရရှိကြပြီး ၂၀၁၄ခုနှစ် ဧပြီလမှစကာ ယင်းသို့အကျိုးခံစား ခွင့်များ တိုးမြှင့်ရ ရှိ မည်ဖြစ် ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် (ဆေးဌာန)က ပြောသည်။

''၂၀၁၄ခုနှစ် ဧပြီလလောက် မှာ စနစ်သစ်ပြောင်းရင်တော့ မမွေးခင် ခြောက်ပတ်၊ မွေးပြီးရှစ် ပတ်ပေးတော့မှာမို့ စုစုပေါင်းမီး ဖွားခွင့် ၁၄ပတ်ရမှာပါ။ ထည့်ဝင် ကြေးကိုလဲ အမှန်တကယ်ဝင်ငွေ ရဲ့ ငါးရာခိုင်နှုန်းကောက်ခံပြီးခံ စားခွင့်ပေးတဲ့အခါ အဲဒီဝင်ငွေ ရဲ့ ရာခိုင်နှုန်း ရဝရမှာပါ။ လစာတစ် သိန်းဆိုရင် တစ်လ၅ဝဝဝကျပ် ထည့်ဝင်ပြီး မီးဖွားခွင့် ၁၄ပတ် (သုံးလခွဲ)အတွက် တစ်လခုနစ် သောင်းကျော်ပြန်ရမှာပါ''ဟု ယင်း က ထပ်မံပြောသည်။

ယင်းအပြင် အာမခံထားရှိ သူအလုပ်သမားများအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွား သည့်အခါခွင့်ပြုသည့်ဆေးရုံ၊ ဆေး ခန်း၌ အခမဲ့ဆေးကုသခြင်း၊ မီးဖွား ပြီး တစ်နှစ်တိတိအထိ ကလေးကို ဆေးကုသမှု ခံယူနိုင်သည့်အပြင် အမြွှာ ကလေးမွေး ပါက မီးဖွားခွင့် ခံစားပြီးနောက် ဆက်လက်၍ ကလေးစောင့်ရှောက်မှုအတွက် ခွင့်လေးပတ် ထပ်မံခံစားခွင့်ရရှိ မည်ဖြစ်ကြောင်း သိရှိရသည်။

ကိုယ်ဝန်ပျက်ကျခြင်းကိစ္စ များကြောင့် ခံစားခွင့်ရှိသောမီး ဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ် ခ၏ ရာခိုင်နှုန်း ရဝကိုခံစားခွင့်ရှိ မည်ဖြစ်ကြောင်း၊ ယင်းအကျိုးခံ စားခွင့်များနှင့်ပတ်သက်၍ ငွေ ကြေးအကျိုးခံစားခွင့်ကို ခွင့်စတင် ခံစားသည့် နေ့မတိုင် မီ သက်ဆိုင် ရာအလုပ်ဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ပြီး အဆိုပါကာလ အတွင်း အနည်းဆုံးခြောက်လ အတွက် ထည့်ဝင်ကြေးငွေပေး သွင်းပြီးသူဖြစ်မှသာလျှင် အကျိုး ခံစားခွင့်ရှိမည်ဖြစ်သည်။

ခင်သက်မွန်
Yangon Media Group
လူမှုဖူလုံရေး အာမခံထား ရှိသူအမျိုးသမီးများသည် လာမည့်နှစ်မှစ၍ ကိုယ်ဝန်ဆောင်မှုနှင့်မီး ဖွားမှုများအတွက် ထည့်ဝင်ကြေး ၏ရာခိုင်နှုန်းရ၀ အကျိုးခံစားခွင့် နှင့် မီးဖွားခွင့်သုံးလခွဲအကျိုးခံစား ခွင့်ရရှိတော့ မည်ဖြစ် ကြောင်း သိ ရသည်။ လက်ရှိတွင် လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်အနေဖြင့် မီးဖွားခွင့်စုစုပေါင်း သုံးလ ၁၂ပတ် နှင့် ထည့်ဝင်ကြေး၏ ၆၆ဒသမ ၆ရရာခိုင်နှုန်းရရှိကြပြီး ၂၀၁၄ခုနှစ် ဧပြီလမှစကာ ယင်းသို့အကျိုးခံစား ခွင့်များ တိုးမြှင့်ရ ရှိ မည်ဖြစ် ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် (ဆေးဌာန)က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို 
Thursday, December 12, 2013

 ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာထိပ်တန်းမှ ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ် သည်ဟု ယင်းက သုံးသပ်သည်။

ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက် ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်း ပုံကလဲ စစ်အစိုးရလက်ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။ ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ်ချက် တွေပါတယ်။ ဒါပေမဲ့ ဒီအချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံအရ ဒေါ်စုသမ္မတဖြစ်ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး'' ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းမြင့်က ''အစိုးရအနေနဲ့ ဒီမို ကရေစီတည်ဆောက်ချင်ရင် လွှတ် တော်အနေနဲ့ ဒီမိုကရေစီတည် ဆောက်ချင်ရင် တပ်မတော်အနေ နဲ့ ဒီမိုကရေစီ တည်ဆောက် ချင် တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရ အောင် လုပ်ပေးသင့်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ် ချက်တွေက ၄ရအခြေခံဥပဒေနဲ့ ၇၄အခြေခံဥပဒေထဲမှာလဲ မပါ ပါဘူး။ နိုင်ငံတကာမှာလဲ ဒါမျိုး မရှိဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့အကျိုးစီးပွားအတွက် လုပ်ပေး နိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး''ဟု ပြောသည်။

၂၀၁၅တွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးနှင့်ပတ် သက်၍ အဓိကကန့်သတ်ချက်မှာ ၂၀၀၈ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများမှ ပုဒ်မ-၅၉(စ) ဖြစ် သည်။  အဆိုပါ ပုဒ်မ-၅၉(စ)နှင့် ပတ်သက်၍ ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်း အောင်တင်မြင့်က ''တကယ်တော့ ပုဒ်မ-၅၉(စ)က ဘောင်ခတ်ထား သလိုဖြစ်နေပါတယ်။ ဒါပေမဲ့လဲ ကျွန်တော် တို့ပါတီ အနေနဲ့ ကတော့ ဘယ်သူဘယ်ဝါ သမ္မတဖြစ်ပါဆို တာထက် နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို ရှေးရှုမယ့်သူမျိုးကိုမျှော် လင့်တယ်။ ဆုံးဖြတ်ရမှာကတော့ ပြည်သူတွေပါပဲ''ဟု ပြောသည်။

ဒီခေတ်နေ - Yangon Media Group
ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။

ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်

Photo: ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည် 
Thursday, December 12, 2013

ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့် စည်းကမ်းချက်များ ထုတ်ပြန် မထားသော်လည်း တက္ကသိုလ် ပရိဝုဏ်အတွင်း ကြော်ငြာခြင်း၊ စည်းရုံးခြင်းနှင့် လှုံ့ဆော်ခြင်း မပြုလုပ်ရန် ကန့်သတ်ထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျောင်းသားတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာမျိုး လုံးဝမရှိဘူး။ ဒါပေမဲ့ လှုပ်ရှားမှုတစ်ခု လုပ်မယ်ဆိုရင် ကျောင်းမှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူကို ခွင့်ပြုချက် တောင်းဖို့လို တယ်” ဟု ဒေါက်တာလှဆွေက ပြောဆိုသည်။

အဆိုပါ တက္ကသိုလ် အဆောင်နေ ကျောင်းသားများသည် အဆောင်သို့ ည ၁၀ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ပြီး ကျောင်းသူများက ညနေ ၆ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ကြောင်း၊ ထမင်းစားချိန်ကို နံနက် ၆ နာရီမှ ၉ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ နှစ်ကြိမ် သတ်မှတ် ထားကြောင်း အဆောင် စည်းကမ်းချက်များအရ သိရသည်။

ရန်ကုန် တက္ကသိုလ်၌ ၁၉၇၀ ပြည့်နှစ် ကျော်နှစ်များတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်မှ လွဲ၍ အနုပညာ အသင်းအဖွဲ့၊ အားကစား အသင်းအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်အလိုက် အသင်းများ ဖွဲ့စည်းကာ ခရီးထွက်ခြင်း စသည့်လှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရာ ကော်မတီ ဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

အဆောင်နေထိုင်ခွင့် ပြုခဲ့သော ရန်ကုန် တက္ကသိုလ်တွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူ ရှစ်ဆယ်နီးပါး ရှိပြီး အမျိုးသမီးများကို ရွှေဘိုဆောင်နှင့် ဒဂုံဆောင်တွင် ထားရှိကာ အမျိုးသားများကို အင်းဝ၊ ပင်းယ၊ ပဲခူးနှင့် စစ်ကိုင်းဆောင်တို့တွင် ထားရှိကြောင်း ရန်ကုန်တက္ကသိုလ် စီမံဌာနထံမှ သိရသည်။

The Voice Weekly
ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

ရဲစခန်းအတွင်း အချုပ်သားသေဆုံးမှု စခန်းမှူးကို ရာထူးတစ်ဆင့်ချ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရဲစခန်းအတွင်း အချုပ်သား သေဆုံးမှုအတွက် စခန်းမှူး ရဲအုပ် ဆန်းလင်းကို ရဲစည်းကမ်းဥပဒေအရ တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ အရေးယူထား သည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

လွတ်မြောက် နိုင်ကျဉ်းနှစ်ဦး ချက်ချင်း ပြန်အဖမ်းခံရ

ဖောက်ခွဲမှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် ထောင်ခုနစ်နှစ်ကျခံနေရသူ ဦးမျိုးမြင့်အောင် ပြန်လည်လွတ်မြောက်လာသည်ကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ထိုနေ့တွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ဦးထင်ကျော်နှင့် ဦးအေးသိန်းတို့ ပါဝင်ခဲ့သော် လည်း ထောင်မှလွှတ်ပြီးချင်းပင် ကျန်ရှိပုဒ်မများဖြင့် ပြန်လည်အဖမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-ဘိုဘို) 
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား များထဲမှ နှစ်ဦးသည် အခြားသောအမှုများ ရင်ဆိုင်ရန် ကျန်ရှိနေသေးသဖြင့် ချက်ချင်း ပြန်လည် အဖမ်းခံ ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

စီးပွားရေး ပိတ်ဆို့မှုကို ဖေါက်ဖျက်မှုနဲ့ RBS ဘဏ်ကို ဒဏ်ငွေချမှတ်

Photo: စီးပွားရေး ပိတ်ဆို့မှုကို ဖေါက်ဖျက်မှုနဲ့ RBS ဘဏ်ကို ဒဏ်ငွေချမှတ် 
Thursday, December 12, 2013

 မြန်မာ၊ အီရန်၊ ဆူဒန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူခဲ့တာကို မလိုက်နာ ဖေါက်ဖျက်မှုနဲ့ RBS ခေါ် Scotland Royal Bank အပေါ် ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

RBS ဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတေ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနဲ့ အီရန်အပါအ၀င် ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံလေးနိုင်ငံနဲ့ ငွေပေးငွေယူလုပ်ငန်းတွေကို စနစ်တကျနဲ့ လျှို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတွက် အမေရိကန်အစိုးရက Scotland Royal Bank အပေါ် စုစုပေါင်း ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ Scotland Royal Bank က ဒေါ်လာ သန်း ၁၀၀ ဒဏ်ငွေဆောင်မယ်လို့ သိရပါတယ်။ ဒါ့ပြင် Scotland Royal Bank အနေနဲ့ ဒီကိစ္စမှာ တာဝန်ရှိသူဝန်ထမ်းတွေကို ထုတ်ပယ်လိုက်ပြီး၊ နောက်ထပ် အလားတူ ကျုးလွန်မှုမျိုးမဖြစ်ရအောင် စီစဉ်မယ်လို့ သဘောတူညီခဲ့ပါတယ်။

RFA Burmese
မြန်မာ၊ အီရန်၊ ဆူဒန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူခဲ့ တာကို မလိုက်နာ ဖေါက်ဖျက်မှုနဲ့ RBS ခေါ် Scotland Royal Bank အပေါ် ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေ ချမှတ် လိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်နိုင်လို့ IRIN ပြော

Photo: မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်နိုင်လို့ IRIN ပြော 
Thursday, December 12, 2013

 မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊ ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျမလာဘဲ ဖြစ်နေတယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာနက ပြောပါတယ်။

မြွေကိုက်ခံရတဲ့နှုန်း မြင့်မားတဲ့ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြွေကိုက်မှု ထိန်းချုပ်ရေးအဖွဲ့ဖွဲ့ပြီး ပညာပေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပညာပေးလုပ်ငန်းတွေကြောင့် အခုအခါ မြန်မာနိုင်ငံမှာ မြွေကိုက်ခံရသူတွေကို အရင်ကလို ရှေးရိုးနည်းတွေနဲ့ ကုသတာတွေ မလုပ်ကြတော့ဘဲ ဆေးရုံတွေကို သွားရောက်ကုသခံယူကြတာတွေ တိုးတက်များပြားလာနေပါတယ်။ ဒါပေမဲ့ ဆေးရုံ ဆေးခန်းတွေမှာ မြွေဆိပ်ဖြေဆေးတွေ အလုံအလောက်မရှိတာကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေတယ်လို့ IRIN သတင်းက ဖေါ်ပြပါတယ်။

ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာမှာ မြင်းတွေကတဆင့် ထုတ်လုပ်ရပါတယ်။ ဒါပေမဲ့ အခုအခါ မြင်းဈေးကြီးမြင့်တဲ့အတွက် ဈေးသက်သာတဲ့သိုးတွေကို အသုံးပြုထုတ်လုပ်နေရပါတယ်။ ဒါပေမဲ့ သိုးတွေဆီက မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရရှိနှုန်းဟာ မြင်းနဲ့နှိုင်းစာရင် ၂၀ ရာနှုန်းပဲ ရရှိတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ထိုင်းနဲ့ အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးတွေ အသုံးပြုနေရပေမယ့်၊ ပြည်တွင်းထုတ်လောက်မကောင်းဘဲ အာနိသင်နိမ့်နေကြောင်း၊ နိုင်ငံအလိုက် မြွေအမျိုးအစားချင်း မတူတာကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ လာမယ့်နှစ် ကျန်းမာရေးအသုံးစရိတ် တိုးတက်ရရှိမယ်ဆိုရင်တော့ ပြည်တွင်းမြွေဆိပ်ဖြေဆေးပမာဏ တိုးတက်ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ဆရာဝန်တွေက ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ်မြွေကိုက်ခံသူပေါင်း တစ်သောင်းနှစ်ထောင်လောက်ရှိပါတယ်။ ဒါပေမဲ့ ထိုင်းမှာ သေဆုံးသူ ၁၀ ယောက်လောက်ပဲရှိပြီး၊ မြန်မာမှာ သေဆုံးသူ တစ်ထောင်အထိရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊ ပြည်တွင်းမှာ မြွေ ဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျ မလာ ဘဲ ဖြစ်နေ တယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာနက ပြောပါတယ်။