Friday, 25 October 2013

မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု

Photo: မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု 
Friday, October 25, 2013

ရခိုင်ပြည်နယ်အတွင်းဖြစ်တဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတိုးတက်လာတယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ ပြန်လည်ထောက်ပြခဲ့ပါတယ်။ မနေ့တုန်းက ကုလသမ၈္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးချက်တွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ 

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား ဆွေးနွေးသွားချက်တွေထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာမှုတွေကိုအသိအမှတ်ပြုခဲ့သလိုပဲ၊ စိုးရိမ်စရာတွေနဲ့ မြန်မာအာဏာပိုင်တွေဖက်ကလုပ်ဆောင်စရာတွေ ကျန်နေသေးတာကိုလည်း ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာအစိုးရလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရတယ်လို့ အသိအမှတ်ပြုသလိုပဲ၊ ပဋိပက္ခဖြစ်တဲ့နေရာက ဒေသခံတွေ ဒုက္ခသည်တွေ အမျိုးသမီးတွေရဲ့ ဆန္ဒသဘောထား အယူအဆတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံတဲ့ တာဝန်ရှိသူတွေကို အရေးယူတဲ့ Accountability ကိစ္စကိုလည်း အလေးထားဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဟာ အဓိက စိုးရိမ်စရာဖြစ်တယ်လို့ မစ္စတာကင်တာနားက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေအနေဟာ တနိုင်ငံလုံးပါ ရိုက်ခတ်တဲ့အထိဖြစ်ခဲ့ပြီး၊ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ ထပ်မံ သတိပေးခဲ့ပါတယ်။

“ ရခိုင်ပြည်နယ်က အခြေအနေဟာ မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးအယူအဆတွေကိုကျယ်ကျယ်ပြန့်ပြန်ဖြစ်စေခဲ့ပြီး၊ ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ကြီးမားတဲ့ စိုးရိမ်စရာခြိမ်းခြောက်မှုဖြစ်နေပါတယ်။”

မြန်မာသမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားခဲ့သလို၊ မတူကွဲပြားတဲ့ လူများ ဘာသာဝင်တွေအကြား အပြန်အလှန်ယုံကြည်လေးစားဖို့ဆိုတာကို အလေးပေးပြောခဲ့တယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြုပြောပါတယ်။ ဒါပေမယ့်လို့လည်း အားနည်းတဲ့လူမှုအသိုင်းအ၀ိုင်းတွေကို အကာအကွယ်ပေးဖို့နဲ့၊ မတူကွဲပြားချက်တွေကို ခွဲခြားဆက်ဆံတဲ့ အယူအဆအမြင်တွေ ကျယ်ပြန့်လာတဲ့အပေါ် အစိုးရအနေနဲ့ ကိုင်တွယ်အရေးယူဖို့လိုမယ်လို့ ပြောပါတယ်။ အထူးသဖြင့်ကတော့ လူနည်းစုမူဆလင်တွေအပေါ် အမုန်းပွားတဲ့ ပြောဆိုရေးသားမှုတွေ၊ အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်မှုတွေကို အာဏာပိုင်တွေဖက်က အရေးယူကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာပိုင်းတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမှုကို ကန့်သတ်ထားတဲ့ နည်းဥပဒေပုဒ်မ ၁၈ နဲ့ ဥပဒေအချို့ကို ပြန်လည်စီစစ်ဖို့ တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြလို့ ဖမ်းခံရသူ အများစုဟာ လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ စစ်တပ်ကနေ လယ်ယာမြေတွေကို အရင်တုန်းက မတရားသိမ်းယူထားတာနဲ့ အခု လက်ရှိ ဖွံဖြိုးရေးစီမံကိန်းတွေကို တိုးချဲ့လုပ်လာတာတွေကြောင့် ၊ လယ်ယောမြေကိစ္စဟာ အစိုးရအတွက်အတော်လေးကို အထိအရှမခံ ဖြစ်နေပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မစ္စတာကင်တာနားရဲ့ အစီရင်ခံစာဟာ ပြည့်စုံတဲ့ အစီရင်ခံစာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တကယ်အဖြစ်မှန်ကို ထပ်ဟပ်မှုမရှိတဲ့ အချက်တွေအများကြီးပါရှိတဲ့အပြင်၊ အစိုးရရဲ့အာဏ
ရခိုင်ပြည်နယ်အတွင်းဖြစ်တဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအယူအဆတွေ ကို ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက် ပါတယ်။

Thursday, 24 October 2013

အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့

Photo: အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့
Thursday, October 24, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

ဆွေးနွေးပွဲတွင် KNPP ဘက်မှ တင်ပြလာသော အဆိုပြုချက် လေးချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တင်ပြလာသော အချက်သုံးချက်တို့အား ဦးတည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက် ခုနစ်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံပွဲကြီးသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်သွားကြရန်၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ၁၀ ဦးဖြင့် ဖွဲ့စည်းခြင်းအား နှစ်ဖက်သဘောတူ အတည်ပြု၍ ဆောင်ရွက်ကြရန် ၊ မယ်စဲ့မှ ဘီပီ (၁၃)နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအား KNPP ကူညီ ဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နှစ်ဖက် တာဝန်ရှိသူများ ပူးတွဲဆောင်ရွက်သွားကြရန် IDP များအတွက် Pilot Project အား ပူးတွဲ ဆောင်ရွက်ရန်တို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တို့ သဘောတူကြသည်။

ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ Myanmar Peace Center မှ အထူးအကြံပေး ဦးလှမောင်ရွှေက လက်တွေ့ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အချက်များကိုသာ သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း၊ KNPP ဘက်မှ လူများသည် အင်မတန် ရိုးသားသောသူများ ဖြစ်သည်ကို တွေ့ရကြောင်း၊ လာမည့် လိုင်ဇာတွင် ပြုလုပ်မည့် ပွဲအတွက် နှစ်ဖက်ပြင်ဆင်နိုင်မည်ကို တွေ့ရကြောင်း သတင်းထောက်များအား ပြောကြားသည်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းကို KNPP ဘက်မှ ပါတီအမြဲတမ်း ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး(ကယားပြည်နယ်)မှ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးအောင်တို့က လက်မှတ်ရေးထိုး ခဲ့သည်။

ဆွေးနွေးပွဲသို့ KNPP ဘက်မှ ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်မတီဝင်များဖြစ်သော ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ခူးဒယ်နရယ်၊ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် အပါအ၀င် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ၀န်ကြီးဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးလှမောင်ရွှေတို့အပြင် ဒုတိယ၀န်ကြီးဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဇော်မျိုးတင်တို့ တက်ရောက်၍ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်(ရပခ) နှင့် ဒကစမှူး (လွိုင်ကော်) ဗိုလ်ချုပ် ဇော်ထွတ်တို့လည်း တက်ရောက်ခဲ့သည်။   

Eleven Media Group

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့မှ တာဝန်ရှိသူများအား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့ တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

N.24.10.2013
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ

Photo: အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ
Thursday, October 24, 2013

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့အထိ ပြင်ဆင်ဖို့ကို ပြည်သူတွေက လက်ခံကြတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။

“ဘုံသဘောတူညီချက်ကတော့ ပြင်ဆင်ဖို့ပဲ၊ ကျမတို့အနေနဲ့ အဓိကချပြတာကလည်း ပြုပြင်ရေးပါပဲ၊ ပြင်ဆင်တဲ့နေရာမှာ တစ်ပိုဒ်ပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ တဝက်လေးပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ နည်းနည်းလေး ပိုပြီးလေးလေးနက်နက် ဖြစ်သွားတာကတော့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသည်အထိ ပြင်ဆင်ရမယ်ဆိုတာကိုပဲ ပြည်သူအများစုက လက်ခံပါတယ်”

အဲဒီဆွေးနွေးပွဲကို တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ဟဲဟိုး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး၊ ပင်းတယ၊ ဆီဆိုင်စတဲ့မြို့တွေက NLD အဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုတဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ခုမှာ ဒေသခံတွေနဲ့ တွေ့ဆုံကျင်းပနေတာဖြစ်ပါတယ်။

ဒီအတောအတွင်း NLD ပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့ လာရေးကော်မတီဝင် ရှေ့နေ ဦးအောင်သိန်းနဲ့အဖွဲ့ဟာ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေလှည့်ပြီး အခြေခံဥပဒေမှာ ပြင်ဆင်သင်တဲ့ အချက်တွေကို ရှင်းလင်းဟောပြောနေသလို ပြင်ဆင်မလား အသစ်ရေးမလားဆိုတဲ့ သဘောထားတွေကိုလည်း ကောက်ခံနေပါတယ်။

RFA တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေး ပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပ ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးကြောင်း ဗြိတိန် ပြောကြား

O.24.10.2013
ဗြိတိန်မင်းသားချားစ်၊ ဇနီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး အခြေအနေများကို ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်၊ ဖွံ့ဖြိုးရေး ၀န်ကြီး ဂျက်စတင်းဂရင်းနင်းတို့နှင့် လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။

Wednesday, 23 October 2013

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်း

Photo: ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်း

Wednesday, October 23, 2013

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရတဲ့ သူကလည်း သူ့ကို တိုက်ခိုက်တဲ့ သူက နှစ်ဦးဘဲ ဖြစ်တယ်လို့ ထွက်ဆိုတဲ့ အတွက် တိုက်ခိုက်ရာမှာ ပါဝင်သူ နှစ်ဦးကို သက်သေ အထောက်အထား တုတ်ဓါးတွေနဲ့ အတူ ကျနော်တို့က ဖမ်းဆီး အရေးယူထားလိုက်ပါပြီ” ဟု ကျောက်တော်မြို့ ရဲစခန်း တာဝန်ကျ ရဲအရာရှိက နိရဉ္စရာသို့ ပြောကြားသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဆင်အိုးပေါက် တောရွာက ဘင်္ဂလီ လူမျိုး အယုအာလီနှင့် အီကရောင် တို့ ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။
“ အင်တာနက်တွေမှာ တက်နေသလို လူ ၈ ယောက် မဟုတ်ပါဘူး။ သတ်တဲ့ တရားခံတွေကရော၊ ဒဏ်ရာရတဲ့ တရားလိုကရော တိုက်ခိုက်တာက လူနှစ်ဦးဘဲလို့ ထွက်ဆိုတဲ့အတွက် ပါဝင်ပတ်သက်သူ ဘင်္ဂလီ လူမျိုး အယုအာလီနဲ့ အီကရောင်ကို ဖမ်းဆီး စစ်ဆေးပြီး အခု တရားစွဲဆိုဖို့ စီစဉ်နေပါတယ်” ဟု ၎င်း ရဲအရာရှိက ပြောသည်။
ကျောက်တော်မြို့ ပေါက်တောပလောင်ကျေးရွာ ဦးကျော်သိန်းလှ အသက်(၅၂) သည် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ (၆:၃၀)အချိန်မှာ ပေါက်တောပလောင်ကျေးရွာ နှင့် ဆင်အိုးပေါက်တောရွာကြားချောင်းမှာ ငါးဆင်းရှာ ရန် အသွားတွင် အဆိုပါ တရားခံ နှစ်ဦးမှ တုတ်ဓါးများဖြင့် မသေမချင်း တိုက်ခိုက်ပြီး လမ်းဘေးတွင် ပစ်ထားခဲ့သည်ဟု သိရသည်။
နောက်တစ်နေ့ နံနက် ၄ နာရီခန့်တွင် ဦးကျော်သိန်းလှမှာ သတိပြန်လည်ရလာပြီ ဒဏ်ရာများဖြင့် အိမ်ကို ပြန်လာခဲ့ကြောင်း၊ အိမ်ကို ပြန်ရောက်ပြီး အခြေအနေ မကောင်းသဖြင့် မိသားစုဝင်များက ချက်ချင်း ကျောက်တော် ဆေးရုံကိုတင်ပို့ခဲ့ကြောင်း၊ ဒဏ်ရာမှာ အသက်အန္တရယ်စိုးရိမ်ရသော အဆင့်ထိ ရှိသဖြင့် ကျောက်တော် ဆေးရုံမှ စစ်တွေ ဆေးရုံကြီးသို့ ၎င်းနေ့ နေလယ် (၁) နာရီခန့်တွင် ကျောက်တော်နာရေး ကူညီမှုအသင်းကားဖြင့် ရွှေ့ပြောင်း ယူဆောင်ခဲ့ရသည်ဟု သိရသည်။
ဦးကျော်သိန်းလှတွင် ဦးခေါင်းတွင် ဓါးခုတ် ဒဏ်ရာနှစ်ချက် ၊ မေးစေ့မှာ တုတ်နှင့် ရိုက်ထားသော ဒဏ်ရာ တစ်ချက် ၊ဘယ်နားရွက်တွင် ဓါးထိုး ဒဏ်ရာနှစ်ချက် ၊ ညာဘက်လက်မောင်းတွင် တုတ်ဒဏ်ရာများ ရရှိပြီး အသက် အန္တရယ် စိုးရိမ်ရသော အနေအထားတွင် ရှိကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။
လက်ရှိ ချိန်မှာ သတိ လုံးဝ ပြန်မရနိုင်ဘဲ စစ်တွေပြည်သူ့ဆေးရုံ ကျားခွဲ စိပ် ဆောင်တွင် တက်ရောက် ကုသနေကြောင်း၊ (A) အမျိုးအစား သွေးများလည်း လိုအပ်နေကြောင်း စစ်တွေ ဘုရာကြီး သွေးအလှူရှင်များ အသင်းဝင် တစ်ဦးက ပြောသည်။
အခြေအနေ အတော်အသင့် တည်ငြိမ်လာသော ကျောက်တော်မြို့နယ်တွင် ရခိုင် တစ်ဦးကို ဘင်္ဂလီ နှစ်ဦးက တုတ်ဓါးများဖြင့် ပြန်လည် စတင် တိုက်ခိုက်လာသဖြင့် မတည်မငြိမ် ပြန်ဖြစ်မည်ကို စိုးရိမ်သော ကျောက်တော် လူထုက ပြစ်မူ ကျူးလွန်သူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရန် လိုလားနေကြသည်ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

narinjara
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်

အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

မိုးညှင်းမှ ခဲပေါက်ဆိုင်ကယ်စီးလူငယ်အဖွဲ့ကို ခံဝန်ဖြင့်ပြန်လွှတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်နှင့်နမ်းဘုတ်ကျေးရွာရှိ အိမ်အချို့ကို ခဲဖြင့်ပစ်ပေါက်ခဲ့သူ လူငယ်(၈)ဦးကို မိုးညှင်း ရဲစခန်းမှ အောက်တိုဘာလ(၂၂)ရက်က ခံဝန်ကတိလက်မှတ်ရေးထိုးကာ ပြန် လွှတ်ပေးခဲ့သည်ဟု မြို့ခံနှင့် အာဏာပိုင်များထံမှ သိရှိရသည်။

ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို

ငါး နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေ သည့် အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန် နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အစိုးရ တပ်ဖွဲ့မှ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ပစ်ခတ် သိမ်းပိုက်

Photo: အစိုးရ တပ်ဖွဲ့မှ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ပစ်ခတ် သိမ်းပိုက်**
Wednesday, October 23, 2013

ကချင် ပြည်နယ် ဗန်းမော်ခရိုင် မန်စီ မြို့နယ်တွင် ရှိသော မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ဗန်းမော် အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တဦးက ဆိုပါသည်။

“ ဗန်းမော်က အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီးတော့၂၂ရက်နေ့ မနက် (၁၁) နာရီ မှာ လက်နက် ကြီးနဲ့ စတင် ပစ်ခတ် ပြီးတော့ (၂) နာရီ ခွဲလောက်မှာ ဒုက္ခသည် စခန်းကို တက်သိမ်း လိုက်တာပါ။ ထိခိုက်မှု ရှိနိုင် ပါတယ်။ အသေးစိတ် ကိုတော့ လောလောဆယ် မသိရ သေးဘူး” ဟု ဆိုပါသည်။

မုန်းဒိန်းပါ ဒုက္ခသည် စခန်းကို ၀င်ရောက် သိမ်းပိုက် ခဲ့သော အစိုးရ တပ်ဖွဲ့ များမှာ စကခ (၂၁) မှ နည်းဗျူဟာမှူး တဦး ဦးစီးပြီး ခလရ ၄၅ ၊ ခလရ ၅၆ ၊ ခမရ ၂၃၆ ၊ ခမရ ၂၄၀၊ ခမရ ၂၇၆ ၊ ခမရ ၆၀၁ နှင့် ခမရ ၆၀၂ တပ်ဖွဲ့များ ပါဝင်သော စုစုပေါင်း အင်အား တစ်ထောင် ကျော်ဖြင့် စစ်ဆင် ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များ၏ စစ်ဆင် ရေးကြောင့် ယမာန်နေ့ ပစ်ခတ် မှုတွင် မုန်ဒိန်းပါ ရွာသား နှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ပါသည်။ ယနေ့ စစ်ဆင် မှုတွင် မုန်းဒိန်ပါ ကျေးအနီးရှိ ဒုက္ခသည် စခန်းကို ပစ်ခတ် ရှင်းလင်း ခဲ့ရာ ထိခိုက်မှု မသိရ သေးဟု ဗန်းမော်မြို့ ဂရုဏာ လူမှု ကယ်ဆယ်ရေး အဖွဲ့မှ စီမံကိန်း ကြီးကြပ် ညွှန်ကြားသူ ကိုနော်ဒင်းမှ ဆိုပါသည်။

ယင်း မုန်းဒိန်ပါ ကျေးရွာ နားရှိ ဒုက္ခသည် စခန်းသည် မန်စီ မြို့နယ်ရှိ ကျေးရွာ များမှ စစ်ပြေး ဒုက္ခသည် အင်အား (၅၀၀) ခန့် ရှိပြီး၊ ၂၀၁၁ခု နှစ် အစိုးရ စစ်ဆင်ရေး စတင် ကတည်းက ထွက်ပြေး နေရသော ရွားသားများ ဖြစ်သည်ဟု KIO ထိန်းချုပ် နယ်မြေ တွင်းရှိ စစ်ပြေး ဒုက္ခသည် စခန်းများ ကော်မီတီမှ ဦးဒွဲပီဇာက ပြောသည်။

ယင်းနေရာ သည်လည်း ယခင်က KIA တပ်ရင်း (၁၂) နေရာဟောင်း ဖြစ်ပြီး အစိုးရ စစ်ဆင် ရေးကြောင့် ဆုတ်ခွာ လိုက်သည်မှာ ၂၀၁၂ ခုနှစ် နှစ်လည် ကတည်း ကပင် ဖြစ်ပါသည်။ ဤကဲ့သို့ အချိန် ကြာမြင့်စွာ ဆုတ်ခွာ ခဲ့သော နေရာသို့ အနီး အနားရှိ ဒုက္ခသည် များက သွားရောက် အခြေချ ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် အဆိုပါ နေရာအား စကခ (၂၁) စစ်ဗျူဟာမှ ယနေ့ နေ့လည် ပိုင်းတွင် မော်တာ လက်နက်ကြီးများ ပစ်သွင်းပြီး တက်ရောက် စခန်းသိမ်း လိုက်ခြင်း ဖြစ်ပါသည်။

“ဒီနေရာမှာ KIA တပ်တွေ မရှိတာ ကြာပြီးလေ။ တကယ်ဘဲ KIA တပ်တွေ ရှိမယ် ဆိုရင် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်မှာပေါ့။ အရင် တုန်းက ဆိုရင် သူတို့ အဲဒီလို ပစ်ပြီးတော့ ဆုတ်ဆုတ် သွားတယ်လေ။ ဒီတပွဲ မှာတော့ ဒုက္ခသည် စခန်းကိုပါ တက်သိမ်း လိုက်တယ်။ ဒုက္ခသည် တွေကတော့ ဘယ်လို ဖြစ်သွား ကြတယ် ဆိုတာ ကတော့ မပြောတတ် သေးဘူး” ဟု ဆိုပါသည်။

စကခ(၂၁) စစ်ကြောင်း များသည် ၄င်းဒေသအား ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့ ကတည်းက စတင် စစ်ဆင် နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်း စစ်ဆင် ရေးကြောင့် မန်စီ မြို့နယ်မှ နာအူကြီး ရွာသား (၂၀၀) ကျော်သည် ဖန်ခါးကုန်း နှစ်ခြင်းခရစ်ယာန် ကျောင်းတော်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ ပါသည်။ ထို့အပြင် အနီး အနား တ၀ိုက်က ကျေးရွာ လူထု များလည်း မြို့နှင့် နီးသော ကျေးရွာများ ဖက်သို့ ပြောင်းရွှေ့ ခဲ့ရ ပါသည်။

KIA သည် အစိုးရနှင့် ဆွေးနွေး နေသော ငြိမ်းချမ်းရေး အစီအစဉ်အား ထိခိုက်မည် စိုးသဖြင့် ဤကိစ္စ ထုတ်ဖေါ် ပြောကြားရန် ၀န်လေး နေကြ သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့ များသည် ကချင် ဒုက္ခသည် စခန်းအား လက်နက် ကြီးဖြင့် ပစ်ခတ် ခဲ့ဘူး သော်လည်း ၀င်ရောက် စီနင်းမှု မရှိ ခဲ့ဟု KIA စစ်ရုံးချုပ် အရာရှိက ဆိုပါသည်။

ရွှေဟင်္သာ
ကချင် ပြည်နယ် ဗန်းမော်ခရိုင် မန်စီ မြို့နယ်တွင် ရှိသော မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခ သည် စခန်းအား ဗန်းမော် အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တဦးက ဆိုပါသည်။

မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား

Photo: မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား 
Wednesday, October 23, 2013

 မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံတွေကို ရောက် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ၀င်မလာသေးတာဟာ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဥရောပ ပါလီမန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအတွက် နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လိုသလို၊ စီးပွားရေး အခြေခံအဆောက်အဦးတွေ ကောင်းမွန် တိုးတက်လာဖို့အတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်ခဲ့ပါတယ်။

“တကယ်တမ်းပြောရရင် အစိုးရက မျှော်လင့်ထားသလောက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်မလာသေးပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ သင့် မသင့် ချိန်ဆနေသူတွေဟာ စနစ်ရဲ့ အားနည်းချက်တွေကို မြင်ကြလို့ပါ။ ဥပမာဆိုရရင် တရားဥပဒေစိုးမိုးရေး အာမခံချက် မရှိပါဘူး။ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ သူတို့အနေနဲ့ လုံလုံလောက်လောက် ယုံကြည်မှု မရှိကြသေးပါဘူး။ နောက်ပြီးတော့ စီးပွားရေးအတွက် အခြေခံ အဆောက်အဦးတွေလည်း မရှိသေးပါဘူး။ ဒါဟာ ကျမတို့လူထုအတွက် တကယ့်ကို လိုအပ်ချက်ပါ။ ဒါကြောင့် ကျမတို့နိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက် ကောင်းမွန်လာဖို့ အကူအညီမျိုးတွေကို ကြိုဆိုပါတယ်။”

သူ့အနေနဲ့တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်စေဖို့ လိုလားတယ်လို့လည်း ပြောခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက် အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နိမ့်ပါးနေတဲ့ အခြေအနေကိုလည်း ပြောခဲ့ပြီး၊ လတ်တလော မြန်မာလူထုအတွက် အရေးအကြီးဆုံးကတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းကလည်း အင်မတန် ကြီးပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ကိစ္စပါ။ အခုလို လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာဟာ ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလိုပါပဲ။ အလုပ်မရှိတဲ့ လူငယ်တွေအဖို့ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါဟာ ပြဿနာရပ် အတော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒီဥရောပက လူငယ်တွေအတွက်ဆိုရင် ရေကောင်းရတယ်၊ လမ်းတွေရှိတယ်၊ လျှပ်စစ်မီးရတယ်၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိတယ်။ ကျမတို့ လူထုက ဒါတွေလိုချင်တာပါ။ သူတို့အားလုံး တညီတည်းပြောတာတခုကတော့ အရင်ဆုံး အလုပ်အကိုင် လိုချင်တာပါ။ ဒါဟာ အရေးကြီးဆုံးပါ။ အလုပ်အကိုင် ရှိခြင်းဟာ ကိုယ် ရပ်တည်နေထိုင်ဖို့တင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားမှုလည်း ဖြစ်စေပါတယ်။”

နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးပြီး၊ ဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း တတ်နိုင်သလောက် ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။ ငြိမ်းချမ်းမှု မရှိဘဲနဲ့ ကောင်းမွန်တဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်မလာနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင်ကြည့်ပြီး အကူအညီ ပေးစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

“EU ဥရောပသမဂ္ဂအနေနဲ့ သူမှာရှိတဲ့ သြဇာ သူ့ရဲ့အာဏာတွေကို မြန်မာ့ဒီမိုကရေစီရေးအတွက် အကူအညီပေး အသုံးချစေလိုပါတယ်။ ကျမ တလျှောက်လုံး ပြောလာတာကတော့ အခြေအနေတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင် ကြည့်စေချင်ပါတယ်။ အပေါ်ယံ အပြောင်းအလဲမျိုးတွေနဲ့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်မယ့် စစ်မှန်တဲ့ ပြောင်းလဲမှုမျိုးတွေလိုချင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးတဲ့အကြောင်းကိုလည်း ထပ်ပြောခဲ့သလို၊ သူ့အနေနဲ့ကတော့ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုမပြင်ဘဲ၊ အပေါ်ယံ အပြောင်းအလဲ လုပ်ပြတာမျိုးတွေကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေကိုရော အနောက်နိုင်ငံတွေကိုပါ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံခြားရေးမူဝါဒကို အနာဂတ်မှာလည်း ဆက်သွားလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ဟာ ၁၉၅၀ ကာလလောက်ကတည်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပေမဲ့၊ ကွန်မြူနစ်တရုတ်အစိုးရကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့နိုင်ငံပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံဟာ တကယ့်ကို တောင့်တင်းခိုင်မာတဲ့ နိုင်ငံခြားရေး မူဝါဒရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အဲဒီအချိန်ကာလမှာ တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသလိုပဲ၊ အမေရိကန် ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့လည်း မိတ်ဆွေနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီ မူဝါဒမျိုးကိုနဲ့ ရှေ့အနာဂတ် ဆက်သွားလိုပါတယ်။ တရုတ်နိုင်ငံအပြင် အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်းဆက်ဆံရေးထားလိုပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အနောက်မိတ်ဆွေ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်း ထားလိုပါတယ်။”

မနေ့တုန်းကလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ ဥရောပပါလီမန်ရဲ့ ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပပါလီမန် ဥက္ကဌ Martin Schulz လည်း အတူ ပါဝင်ပေမဲ့၊ သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်မေးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်ကပဲ အဓိက ဖြေကြားသွားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အပြည့်အ၀ ထောက်ခံခဲ့သလို၊ ဆက်ပြီး ထောက်ခံသွားမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေ တိုးတက်မှုတွေကိုတော့ သတိထားပြီး စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဌ Martin Schulz က အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)
 မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန် လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံတွေကို ရောက် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာ၌ရှိ

Photo: အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာ၌ရှိ
Wednesday, October 23, 2013

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ
ရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

သဘာဝ ဘေးအန္တရာယ်ဟု သတ်မှတ်ထားချက်တွင် ရေကြီးမှုများ၊ မုန်တိုင်းဝင်ရောက်မှုများ၊ မီးလောင်မှု ဖြစ်စဉ်များနှင့် ငလျင်ဒဏ် ခံစားရမှုများ အဓိကပါဝင်ပြီး ယင်းအခြေအနေတွင် အရှေ့တောင်အာရှ နိုင်ငံများထဲမှ အင်ဒိုနီးရှားနိုင်ငံမှာ ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယနေရာသို့ ရောက်ရှိနေသည်။

"သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ကမ္ဘာနဲ့ ချီပြီးတော့ စာရင်းပြုစု ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံ အင်ဒိုနီးရှားနောက်မှာ ဒုတိယနေရာ ရောက်ရှိနေပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁၄၀၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင်လည်း သဘာဝ ဘေးအန္တရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ ၂၃၁၄၅၈၄ ဦး ရှိခဲ့သည်။

ယင်းအတွက် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပါရှိချက်အရ ဘေးအန္တရာယ် အများဆုံး ခံစားရသည့် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူနှင့် အမျိုးသမီးများကို ဦးစားပေး ကူညီစောင့်ရှောက်သွားရမည်ဟု ထည့်သွင်းထားကြောင်း သိရသည်။ ယင်းအပြင် ကြိုတင်ခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များတွင်
ဒေသခံအစိုးရမှာ စီမံတုံ့ပြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြီးမားသော သဘာဝ ဘေးအန္တရာယ်များအတွက် နိုင်ငံတော်အဆင့်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ သိရသည်။

"အဓိကဖြစ်လာတဲ့ သဘာဝဘေး အန္တရာယ်ပေါ်မှာမူတည်ပြီး ဒေသခံအစိုးရနဲ့
နိုင်ငံတော်အဆင့်က လုပ်ဆောင်မှုတွေ ပြုလုပ်သွားမှာပါ။ ရခိုင်မှာဖြစ်မယ့် အနေအထား သဘာဝ ဘေးအန္တရာယ်ဆိုရင် နိုင်ငံတော်အဆင့်ခေါ်ပြီး
ဆွေးနွေးတယ်။ ပြီးတော့ ဒုတိယသမ္မတက သွားပြီး ဆောင်ရွက်တယ်။ ဒါပေမဲ့ အသေးအဖွဲ့ ဖြစ်စဉ်တွေဆိုရင် ဒေသခံ အစိုးရက ၀င်ဆောင်ရွက်
တယ်" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

ယင်းအပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ချက်ချင်း ဖြေရှင်းနိုင်
ရန်အတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လေ့ကျင့်မှု အစီအစဉ်များ၊ သင်တန်းများ ပြုလုပ် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

Eleven Media Group
အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ အကျိုးအမြတ် အချိုးကို ရှင်းလင်းစွာ ချပြနိုင်ခြင်း မရှိသေးချိန်တွင် မြန်မာ့အသံ ၀င်းအတွင်းမှ မြေဧကအချို့ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရန် ပြန်ကြားရေး ၀န်ကြီးဌာန စီစဉ်

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ နိုင်ငံတော်သို့ ပေးသွင်းရမည့် အကျိုးအမြတ် အချိုးကို အများပြည်သူသို့ ရှင်းလင်းစွာ ချပြခြင်း မပြုနိုင်သည့် အချိန်တွင် ပြည်လမ်းပေါ်ရှိ မြန်မာ့အသံဝင်း အတွင်းမှ မြေဧကအချို့ကို ပုဂ္ဂလိကသို့ အပြီးအပြတ် လုပ်ကိုင်ခွင့် ပေးနိုင်မည့် နည်းလမ်းမျိုး ကျင့်သုံး ရန် ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ကော်မရှင်ဖွဲ့ စစ်ဆေးခြင်း ခံနေရသော ပြည်နယ်တရားသူကြီး ဒေါ်စီစီအား သမ္မတက တာဝန်မှ အနားယူခွင့်ပြု

လာဘ်ငွေယူကာ အာဏာအလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ် လွှတ်တော် မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူ ကြီး ဒေါ်စီစီအား ၎င်း၏သဘော ဆန္ဒအလျောက်ဟုဆိုကာ အောက်တိုဘာ ၂၂ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးကိစ္စ တရုတ် ကာကွယ်ပြောဆို

Photo: လူ့အခွင့်အရေးကိစ္စ တရုတ် ကာကွယ်ပြောဆို
Wednesday, October 23, 2013

တရုတ်နိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ရေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း တရုတ်အစိုးရက အသိအမှတ်ပြု ပြောသွား ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေး တိုးတက်လာမှုတွေကိုလည်း မီးမောင်း ထိုးပြသွား ပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး သုံးသပ် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုစဉ်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူးကိုယ်စားလှယ်က အခုလို ပြောသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရုံး အပြင်ဘက်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက တိဘက်မှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ စာတမ်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄နှစ်တုန်းက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး သုံးသပ်ချက်ပါ အချက်တွေကို တရုတ်အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး သုံးသပ် ဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

BBC
တရုတ်နိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ရေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်နေ ရဆဲ ဖြစ်ကြောင်း တရုတ်အစိုးရက အသိအမှတ်ပြု ပြောသွား ပါတယ်။

အိန္ဒိယ ကြက်သွန်ဈေးတက်

Photo: အိန္ဒိယ ကြက်သွန်ဈေးတက်
Wednesday, October 23, 2013

အိန္ဒိယမှာ မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်း ဖြစ်တဲ့ ကြက်သွန်ဈေး မကြုံဖူးအောင် ထိုးတက် သွားပြီး တခိျု့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ် နေရ ပါတယ်။

မနှစ်က ဒီအချိန်မှာ ရောင်းတဲ့ ဝယ်တဲ့ဈေး ထက် ၅ ဆ လောက် ကွာကြောင်း လေ့လာသူ တဦးက ပြောပါ တယ်။

ဒီလို ထိုးတက် ရတာက ကြက်သွန်စိုက်တဲ့ ဒေသတွေမှာ အချိန်အခါ မဟုတ် မိုးအကြီးအကျယ် ရွာသွန်းတာနဲ့ ကုန်သည်တွေ သိမ်းကျုံး ဝယ်လို့ ဖြစ်ကုန် ရတာလို့ ပြောဆို နေကြ ပါတယ်။

ကြက်သွန်ဈေး ကျဖို့ ကြက်သွန် ပြည်ပ ပို့တာ တားမြစ်ဖို့ စဉ်းစား နေကြောင်း အိန္ဒိယ အရာရှိ တွေက ပြောဆို နေကြ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အိန္ဒိယမှာ မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်း ဖြစ်တဲ့ ကြက်သွန်ဈေး မကြုံဖူးအောင် ထိုးတက် သွားပြီး တခိျု့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ် နေရ ပါတယ်။

မြန်မာ့သတ္တု တူးဖော်ရေး ကဏ္ဍအတွက် လိုအပ်သည့် ဥပဒေသစ် ပြင်ဆင်ရေး ဆွဲရာတွင် နိုင်ငံခြားငွေ ရရှိမှုထက် နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သည့် ဥပဒေဖြစ်ရန် ပိုမိုအရေးကြီးကြောင်း သြစတြေးလျ ပညာရှင်များ သုံးသပ်

မြန်မာ့သတ္တု တူးဖော်ရေး ကဏ္ဍတွင် လိုအပ်သည့် ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရာတွင် လည်းကောင်း နိုင်ငံခြားငွေ ရရှိမှုထက် နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော ဥပဒေဖြစ်ရန် ပိုမိုအရေးကြီးကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်း ချုပ်တွင် ကျင်းပသော သတ္တုတူးဖော်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် သြစတြေးလျ ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား လေကြောင်းခရီးဖြင့် အပြန်အလှန် သွားရောက်မှုများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့ သဘောတူ

Photo: မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား လေကြောင်းခရီးဖြင့် အပြန်အလှန် သွားရောက်မှုများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့ သဘောတူ
Wednesday, October 23, 2013

ထိုင်းနိုင်ငံသား အများစု လိုက်ပါလာသည့် Nok Air လေကြောင်းလိုင်း မော်လမြိုင်လေဆိပ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်ကို တွေ့ရစဉ်
လေကြောင်းမှ တစ်ဆင့် အချိန်တို အလည်အပတ် သွားရောက်သည့် မြန်မာနှင့် ထိုင်းနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့် ပေးရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။ 

အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လေကြောင်းမှတစ်ဆင့် လာရောက်သော ခရီးသည်များကို ၁၄ ရက်ကြာ နေထိုင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပေးရန် တင်ပြချက်ကို အစိုးရအဖွဲ့က သဘောတူပေးလိုက်ခြင်းဖြစ်သည်။

သဘောတူညီချက်သည် နှစ်နိုင်ငံလုံးက လက်မှတ်ရေးထိုးပြီးမှသာ သက်ရောက်မည် ဖြစ်ကြောင်းကို အစိုးရ အဖွဲ့အစည်းအဝေးတွင် အစိုးရရုံးမှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ထိုင်းအစိုးရအဖွဲ့က ယခုလို သဘောတူညီ လိုက်သည်ဆိုသော်လည်း နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးမည့်နေ့ကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။

ယခု ဗီဇာကင်းလွတ်ခွင့် ပေးမည့်အစီအစဉ်သည် သတ်မှတ်ထားသော ထိုင်းလေဆိပ် ၂၃ ခုမှ တစ်ဆင့် ၀င်ထွက်သွားလာသော ခရီးသွားများအတွက်သာ သက်ရောက်မည်ဖြစ်ပြီး နယ်စပ် ဂိတ်များမှတဆင့် ဖြတ်ကျော်သွားရောက်သော ခရီးသွားများအတွက်မူ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အကြုံးဝင်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က ပြောကြားခဲ့သည်။

ယခု ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို မြန်မာဘက်က သော်လည်းကောင်း၊ ထိုင်းဘက်က သော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့် ရှိသော်လည်း ဖျက်သိမ်းခြင်း မပြုမီ နိုင်ငံခြားရေး ၀န်ကြီးများမှတစ်ဆင့် ရက်ပေါင်း ၆၀ ကြိုတင် သတိပေးရမည်ဖြစ်သည်။ ကျန်းမာရေး သို့မဟုတ် လုံခြုံရေး အခြေအနေများအရ ဗီဇာကင်းလွတ်ခွင့် ၁၅ ရက် ကြိုတင်သတိပေးပြီး ပိတ်ပင်နိုင်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ထိုင်းနိုင်ငံသား အများအပြားမှာ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှု များပြားလျှက်ရှိနေပြီး လက်ရှိ ဗီဇာသက်တမ်းမှာ ၂၈ ရက်ရှိကြောင်း သိရသည်။ 

ယခုကဲ့သို့ မြန်မာနှင့် ထိုင်းနိုင်ငံအကြား ဗီဇာကင်းလွတ်မှု သဘောတူညီချက်အရ အကျိုးအမြတ် ရရှိနိုင်မည့်သူများမှာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသာ ဖြစ်ဖွယ်ရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများအား လာရောက် လေ့လာရာတွင် ဗီဇာကင်းလွတ်ခွင့်ကြောင့် ယခင်ထက် ပိုမိုလွတ်လပ်စွာ လာရောက်နိုင်မည်ဖြစ်သည်။ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြပြီး မကြာသေးခင် အချိန်ကလည်း စရိတ်နည်းလေကြောင်းလိုင်းဖြစ်သော Nok Air လေကြောင်းလိုင်း၏ ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စတင်ပြေးဆွဲနေပြီး ထိုင်း စီးပွားရေး လုပ်ငန်းရှင် အများစု လိုက်ပါစီးနင်းလျှက်ရှိကြောင်း သိရသည်။

Eleven Media Group
ထိုင်းနိုင်ငံသား အများစု လိုက်ပါလာသည့် Nok Air လေကြောင်းလိုင်း မော်လမြိုင်လေဆိပ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်ကို တွေ့ရစဉ်
လေကြောင်းမှ တစ်ဆင့် အချိန်တို အလည်အပတ် သွားရောက်သည့် မြန်မာနှင့် ထိုင်းနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့် ပေးရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက် ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ရရှိ

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက် တာ ညိုညိုသင်းက ရရှိခဲ့ကြောင်း သတင်းရရှိသည်။