ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ
များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင်
မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန်
ကြေညာခဲ့သည်။
Friday, 18 October 2013
ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့်
ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့်
ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား
၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း
ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။
ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်
ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း
ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍
အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့်
လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇
ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ
တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော်
ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင်
နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော်
ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း
သတင်း ထွက်ပေါ် ခဲ့သည်။
Thursday, 17 October 2013
ကော့သောင်း ထောင်မှူးနှင့် ၀န်ထမ်းများ လူ့အခွင့်အရေး ချိုးဖောက်ဟုဆို

ကော့သောင်းထောင်အတွင်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့ တာဟာလူ့အခွင့်အရေးချိုးဖောက်တာလို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ဖော် ပြော ဆိုလိုက်ပါတယ်။
ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
1996 ကတည်းကသိမ်းဆည်းခံ ယာမြေများပြန်ပေးရန် ကြူကုတ်ဒေသခံများတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်
ပန်ဆိုင်းမြို့နယ်ခွဲဘက်တွင် ယခင်အစိုးရ လက်ထက်ကတည်းက သိမ်း ဆည်း လိုက်သော
လယ်ယာမြေများကို ဒေသခံက ပြန်လည်တောင်းဆို နေကြောင်း ဒေသတွင်း သတင်း ရပ်
ကွက်ကဆို ပါသည်။
ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက် ထမ်းဆောင်တော့မည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
နှင်းထူ ထပ်မှုကြောင့် ဧဝရတ် တောင်ထိပ်၌ ပိတ်မိ နေသူများအား ကယ်ဆယ်နိုင်ခဲ့

တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အလယ်ပိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ် တောင်ထိပ် အခြေစိုက် စခန်းတစ်ခု မြောက်ဘက်၌ နှင်းထူ ထပ်မှုကြောင့် ပိတ်မိ နေ ခဲ့သော နိုင်ငံခြား သား ခရီးသွား ဧည့်သည် ၁၃ ဦးအပါအဝင် တောင်တက် ခရီးသည် ၈၆ ဦးကို တရုတ် နိုင်ငံမှ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
လာအိုမှာ လေယာဉ်ပျက်ကျ၊ ပါသွားသူ ၄၉ ဦး သေဆုံးဖွယ်ရှိ

လာအိုနိုင်ငံမှာ
ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ
၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော နိုင်ငံခြား ခရီးသွားအချို့ ခရီးစဉ်ဖျက်သိမ်း

အောက်တိုဘာ ၁၆ ရက်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်
နိုင်ငံခြားသားအချို့အား ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် တွေ့ရစဉ်
(ဓာတ်ပုံ - အောင်မျိုးသန့်)
ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ အပါအ၀င်
နယ်မြို့အချို့တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှု
ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော နိုင်ငံခြား
ခရီးသွားအချို့ ခရီးစဉ်များကို ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများ
ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြား ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသော
ကုမ္ပဏီများထံမှ သိရသည်။
သစ်တောဥပဒေပါ အရေးယူခြင်းနှင့် သက်ဆိုင်သည့် ဒဏ်ကြေးငွေများ တိုးမြှင့်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေ
သစ်တောဥပဒေတွင် တားမြစ် သစ်ပင်များကို ကာကွယ်သည့် ပုဒ်မ ၄၂ အား ပိုမို
ထိရောက်စေရန်အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်ရေး ဆောင်ရွက်လျှက်ရှိကြောင်း
အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က
ပြောကြားသည်။
ပွဲလမ်းသဘင်၊ ရှိုးပွဲများ ပြုလုပ်ခွင့်ကို လုံခြုံရေး အခြေအနေအပေါ် မူတည်၍ ခွင့်ပြုမည်

Ruby Mart Shopping Centre တွင် လုံခြုံရေး စစ်ဆေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို )
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များ
ကျင်းပမှု၊ ရှိုးပွဲများ၊ အခမ်းအနားများနှင့် ဆက်စပ်ပွဲများ ပြုလုပ်ခွင့်ကို
လုံခြုံရေး အခြေအနေပေါ် မူတည်၍ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများက ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟု ၀န်ခံထားကြောင်း ကနဦး စစ်ဆေးချက်အရ သိရ
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK
RUBY စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးဖြင့် ကျူးလွန်ခဲ့သူများကို
ဖမ်းဆီးရမိပြီး ငွေကြေးပေးကာ ခိုင်းစေခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးချက်အရ
သိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ အောက်တိုဘာ ၁၆
ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူသုံးဦးကို အောက်တိုဘာ ၁၅ ရက်တွင်
ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
ဝင်းကြည်က ပြောကြားသည်။
ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား

ဖမ်းဆီးထားသူ စောမြင့်လွင်ကို တွေ့ရစဉ်
ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
မပေါက်ကွဲသေးသော ဗုံးတွေ့ရှိ ခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU
တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး
ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ
၁၆ ရက် ည ၉ နာရီ အချိန် တွင် ပြော ကြားသည်။
Wednesday, 16 October 2013
Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု
ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook
သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။
ခြောက်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု မှတ်တမ်း
နိုင်ငံတ၀န်း ဗုံးပေါက်ကွဲခြင်းနှင့် ဗုံးတွေ့ရှိရသည့် နေရာများ၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့
သတိပေးနှိုးဆော်ချက်
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်
ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ
ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊
မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့်
လုံခြုံရေးကိုထိခိုက်အောင်ပြုလု ပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက် ခြင်းကို တားမြစ်သည်။
ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ၃ နာရီအတွင်း ဖမ်းဆီးရမိ
ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား
အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)


