Saturday, 28 September 2013

နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား

Photo: နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား
Saturday, September 28, 2013

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက် အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။

“အခုရဲနဲ့ဖြစ်တယ်၊ ရဲတွေအိမ်ပေါ်တက်တယ်၊ ညအချိန်မတော်မှာလာတယ်၊ အဲအတိုင်းပဲ ဟုတ်ပြီ ရဲကိုလည်းစစ်မယ်၊ အဲဒီစစ်တဲ့ ဟာ အားလုံးက ဥပဒေဝန်ထမ်းဆီရောက်သွားမယ်၊ ဒါတွေဟာ အကုန်လုံးသိမယ်၊ ရဲအပြစ်ရှိမယ်၊ ရွာသားအပြစ်ရှိမယ်၊ ဘက်လိုက်လို့ မရဘူး”

ဝဲကြီးရွာက ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့ ဝဲကြီးရွာသား ကိုဇော်လတ်က ရွာသားတွေ ဖက်ကလည်း ပြန်လည်တရားစွဲသွားမယ်လို့ ပြောပါတယ်။

"ကျနော်အပါအဝင် လူ ၁ဝ ဦးက နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အမှုကိုပြန်ဖွင့်သွားမယ်၊ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီးတော့ စွပ်စွဲထားတာရှိပါတယ်၊ အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကတော့ ကျနော်တို့ဘက်က အပြစ်ကျူးလွန်ရင် ကျနော်တို့ဘက်က ရဲရဲခံသွားမှာပါ၊ သက်ဆိုင်ရာဘက်ကပဲဖြစ်ဖြစ် ကျေးရွာထဲက လှုံ့ဆော်ပြီးလုပ်တဲ့လူပဲဖြစ်ဖြစ် သူတို့ဘက်က အပြစ်ကျူးလွန်ရင်လည်း တရားဥပဒေကို ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

အစိုးရ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေ ဆောက်လုပ်ဖို့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနားက လယ်ယာမြေဧက ၅ဝဝကျော်ကို ပြီးခဲ့တဲ့ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်လောက်က ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ဝဲကြီးရွာသား ၆ ယောက်ကို ဇေယျာသီရိမြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝဲကြီးရွာမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် ပဋိပက္ခဖြစ်ခဲ့တာပါ။

ကိုဇော်လတ်နဲ့ ရွာသား ၁ဝ ယောက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက တိမ်းရှောင်နေခဲ့ပြီး ဒီနေ့ ကျည်တောင်ကန်ရဲစခန်းမှာ အဖမ်းခံခဲ့တာပါ။

RFA
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက် အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ

Photo: မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ
Saturday, September 28, 2013

စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။
သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။

ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားတွေက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တန်းစီပြီး ချပြပါရစေ။
ဟိုတစ်ယောက်တွေ့လည်း ခေါ်တော တစ်ထောင်အားနဲ့ ငေး၊ သည် တစ်ယောက် တွေ့လည်း ဂဏန်းမျက်လုံးမျိုးနဲ့ ငမ်းနေတဲ့ အစ်ကို ပုရိသများဟာ မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာအဆက်အပေါက် အမျိုးမျိုးအမယ်မယ်ကို ဘယ်လို ရှုမြင်သုံးသပ်နေကြသလဲဆိုတာ မမတို့ သိချင်မယ် ထင်ပါတယ်။
ပြီးတော့လည်း မမတို့ စိတ်ထဲမှာ ကိုကိုတွေကဖြင့် ဟိုငါးရံ့ကိုယ်လေးကို မျက်စိကျနေပြီ၊ ဟိုအယ်စတုံကြီးကိုဖြင့် မြင်ပြင်းကပ်နေမှာ စသဖြင့် တွေးထားသမျှဟာလေ… (ဟင်း… အမှန်အတိုင်း ဖွင့်ချရရင်ပေါ့ခင်ဗျာ) တက်တက်စင်ကြီးကို လွဲလှပါသဗျ။

တကယ်တော့ဗျာ၊ ယောက်ျားတိုင်း ကြိုက်ပါတယ်၊ သဘောကျပါတယ်လို့ အပြည့်အဝ အာမခံနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို တန်းပြောပါဆိုရင် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တင်ပါးကိုမှ အာရုံကျတတ်တဲ့ ယောက်ျား၊ ခြေသလုံးကိုမှ နှလုံးသွင်းတတ်တဲ့ ယောက်ျား၊ ရင်ကိုမှ မင်တဲ့ယောက်ျား၊ ခြေဖနောင့်ကိုမှ စောင့်ကြည့်တတ်တဲ့ယောက်ျား၊ ဆံပင်ကိုမှ ခင်တွယ်တဲ့ ယောက်ျား၊ အိုး… အစုံပါခင်ဗျ။ အဲတော့ကာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ် အစိတ်အပိုင်းကိုမဆို ပြောကြည့်လိုက်စမ်းပါ။ 

ထပ်ပြောမယ်နော်… ဘယ်နေရာလေးကိုမဆို ပြောလိုက်စမ်းပါ။ ဆံဖျားကနေ ခြေဖျားအထိ၊ ကြိုက်တဲ့နေရာ ပြောကြည့်။ အဲ… အဲဒီ့အပိုင်းလေးကိုမှ ရွေးပြီး စုံမက်တဲ့ ယောက်ျား တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဤမဟာဘဒ္ဒကမ္ဘာမှာ မသွေမုချ ရှိကို ရှိနေရမှာ မလွဲဧကန်ပါခင်ဗျ။
အဲ… သို့သော်လည်းတဲ့… ဘယ်ယောက်ျားဟာဖြင့် ဘယ်နေရာကိုမှ ကြိုက်တတ်ပါတယ်ဆိုတာကို ကံသေကမ္မ ဟောကိန်းထုတ်ဖို့ အင်မတိ အင်မတန် ခက်လှပြန်ပါသေးတယ်ခင်ဗျာ။ တကယ့်တကယ်ကျတော့လည်း ကျွန်တော်တို့ ယောက်ျားတွေရဲ့ အကြိုက်ကလည်း အချိန်နဲ့အမျှ ပြောင်းပြောင်း နေတတ်ပါသေးတယ်။

သည်နေရာမှာ ဥပမာအဖြစ် တခြားသူတွေ အကြောင်းမပြောဘဲ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါရစေ။ ကျွန်တော် လူပျိုပေါက်စ ဘဝတုန်းကဆိုရင် မိန်းမတွေရဲ့ နှုတ်ခမ်းကို အတော် စွဲလန်းခဲ့ဖူးသဗျ။ အဲ… လူပျိုပေါက်စအရွယ်ကို ကျော်လွန်ပြီး လူပျို ကောင်းကောင်းဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ရင်တွေ၊ တင်တွေကို စိတ်ဝင်တစား ကြည့်တတ်လာပါတော့တယ်။ အဲလိုကနေ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ခြေသလုံးတွေကို စိတ်ဝင်စားမိပြန်ပါရော လားခင်ဗျာ။ နောက်ကျတော့ ခြေဖနောင့် အိအိလေးတွေကို ကြိုက်လာပြန်ရော။ ကျွန်တော် တစ်ယောက်တည်းနော်၊ အမျိုးမျိုး ပြောင်းနေတာ။ နောက် နည်းနည်းလေး အသက် ရလာတော့ ခါးသားလေးတွေ၊ ပုခုံးသားလေးတွေ၊ လက်ပြင်နဲ့ ချိုင်းနားက အသားလေးတွေအထိတောင် ကြိုက်တတ်လာတယ်။
ကျွန်တော့်အိမ်သူကိုဆိုရင် ပေါင်းလာတာ ၂၁ နှစ်ရှိပြီ။ အပျိုတုန်းကတော့ သူလည်း ငါးရံ့ကိုယ်နဲ့ပါပဲ။ ကလေးနှစ်ယောက် မွေးပြီးတော့ သူ့ကိုယ်လုံးက ပုံပျက်သွားပြီ။ 

ပထမကလေးကို မွေးပြီးစတုန်းကဆို တော်တော်ကြီးကို ဝလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူ့ ဝလာလို့ ကျွန်တော်ဖြင့် တစ်စက်မှ စိတ်မပျက်ခဲ့ဖူးတဲ့အပြင် ပိုတောင် သဘောကျမိသေးတယ်။ ဒါပေမယ့် မမက ကျွန်တော့်ဘာသာ ကျွန်တော် ဝါသနာဘာဂီ ဆက်တိုင်းမှီမို့ ကွယ်ရာမှာ ခြေများမိတာကိုပဲ သူ ဝလာလို့ ဖြစ်ရတယ် အထင်ရောက်ပြီး ပိန်အောင် ပြန်လုပ်ယူတယ်ခင်ဗျ။
သို့ပေမယ့် ကလေးနှစ်ယောက်အမေဟာ ဘယ်လောက် ပိန်သွားသွား အပျိုလို အချိုးအဆက်တော့ ဘယ်ရှိပါတော့မလဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့လက်ချောင်းလေးတွေရယ်၊ သူ့ခြေသလုံးရယ်က ရင်ခုန်စရာ ကောင်းနေတတ်ပါတယ်။
သုတေသနတွေအရ ခိုင်ခိုင်မာမာ ပြောနိုင်တာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ယောက်ျားတွေအားလုံးအတွက် ဘယ်လို ပုံပန်းပဲ ပေါက်နေနေ၊ ဘယ်လို အဆက်အပေါက်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ခန္ဓာ အချိုးအစားကို ကိုယ့်ဘာသာ စိတ်တိုင်းကျနေတဲ့ မိန်းမသားတွေကို ယောက်ျားတွေ သဘောတွေ့တတ်ကြပါတယ်။ ပြောင်းပြန် ပြန်ပြောရင်တော့ ကိုယ့်ကိုယ်ခန္ဓာကို အလိုမကျ ဖြစ်နေတဲ့ မိန်းမသားတွေကို ယောက်ျားအတော်များများက စိတ်ပျက်တတ်ကြပါတယ်။

ဆိုကြပါစို့… အချိုးအဆက် အင်မတန် ကျလင့်ကစား ကိုယ့်ကိုယ်ကိုယ် ဝလှပြီလို့ အောက်မေ့ ညည်းညူနေတဲ့ ကာယအလှမယ် မိန်းကလေးတစ်ယောက် နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်ဖိုင့်ဖိုင့် ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ကြစတမ်း ဆိုရင်လားဗျာ။ ကိုကိုတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိုင့်တိုင့်တိုင့်လေးနောက် ကောက်ကောက်ပါသွားနိုင်ပါတယ်။
သည်လိုပြောလိုက်လို့ ယောက်ျားတွေမှာ မျက်စိ မပါဘူးလို့ ဒေါ်ဒေါ် မမတွေ မအောက်မေ့စေချင်ဘူး။ ယောက်ျားတွေဟာ မိန်းမတွေထက် အလှအပကို ခံစားတတ်၊ အမြင်စူးတတ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ယောက်ျားတွေဟာ အလှအပတစ်မျိုးတည်း၊ အမြင်တစ်မျိုးတည်းကို ဖက်တွယ်ထားသူတွေလည်း မဟုတ်ကြပြန်ဘူး။ ယောက်ျားတွေအမျိုးမျိုး ကွဲပြားနေသလို တစ်ဦးစီရဲ့ အာရုံ ခံစားပုံကလည်း မတူခြားနားနေပါတယ်။

တချို့ယောက်ျားတွေအတွက်ကျတော့ မိန်းမသားတွေရဲ့ ကိုယ်နံ့က သူတို့ အတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတတ်တယ်။ (အဲဒီ့ထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။) အဲ… တချို့ကျတော့လည်း မိန်းမတစ်ယောက်ရဲ့ အသံနဲ့တင် အင်သွားနိုင်တယ်။ (အဲဒါလည်း ကျွန်တော် ဖြစ်ဖူးတယ်။ လူလေးကတော့ ချစ်စရာ၊ ကိုယ်လုံးလေးကလည်း မက်စရာ။ စကားပြောလိုက်တဲ့အခါကျတော့မှ ယောက်ျားသံလို အစ်တစ်တစ်၊ အောတောတောနဲ့မို့ တစ်ခါတည်းနဲ့ လန်သွားခဲ့ဖူတာ တစ်ယောက် ရှိဖူးတယ်။) တချို့ကျတော့လည်း အသားအရေကမှ ပဓာန ဖြစ်ချင်ဖြစ်နေပြန်သေးတယ်။ (ဒါတော့ ကျွန်တော်နဲ့ သိပ်မဆိုင်ဘူး ထင်ပါတယ်။)

မမတွေ မမေ့သင့်တဲ့ နောက်အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသားတွေ ရှုမြင်ခံစားတာဟာ ရုပ်သေ၊ ရုပ်ရှင်တွေမှာ သူတို့ကြည့်ခဲ့ဖူးလေသမျှ မလုံ့တလုံ ပုံရိပ်တွေကိုသာ စံထားနေတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ဆိုလိုတာက ရမ္မက်စိတ် တစ်ခုတည်းနဲ့တင် မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာကို ရှုမြင်သုံးသပ်ရာက ပေါ်ပေါက်လာတဲ့ ခံစားချက်မျိုး မဟုတ်ပါဘူး။

အမေတွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ကစားဖော်တွေနဲ့ မိသားစု ဇာတ်လမ်း အထွေထွေက အဲလို မပေါ့်တပေါ် ပုံတွေကို မကြည့်ဖူးခင် ပဝေသဏီကတည်းက ယောက်ျားတွေရဲ့ နှလုံးအိမ်မှာ မိန်းမဆိုတာ ဘယ်သို့ ဘယ်ပုံ ဖြစ်သင့်တယ်လို့ မူချ ပြဋ္ဌာန်းနှင့်ပြီး ဖြစ်ပါတယ်။
အမျိုးသမီးအများစုရဲ့ ကိုယ်အလေးချိန်နဲ့ အဆက်အပေါက်အပေါ်မှာ ထားရှိတဲ့ ယောက်ျားသားများရဲ့ စံကို မိန်းမတွေက လျှော့တွက်တတ်ကြတယ်။ ယောက်ျားအများစုဟာ အချိုးအဆက်ကျတဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို အမျိုးသမီးတွေ ထင်ထားတာထက်ကို အများကြီး ပိုသဘောကျတတ်ကြပါသဗျ။ အတိအကျ ပြောရရင် အမျိုးသမီးတို့ရဲ့ တင်အလှကို အမျိုးသမီးတွေ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ရင်ခုန်တတ်ကြသပေါ့ဗျာ။

ကိုယ်လုံးသွယ်သွယ်နဲ့ ပါးပါးလှပ်လှပ် မိန်းကလေးတွေအနေနဲ့ သူ့ဘာသာ မိုးပျံအောင် လှနေပါစေ၊ အစ်ကိုပုရိသတွေကတော့ မကြိုက်တတ်တာလည်း အမှန်ပါပဲခင်ဗျ။ အဲဒီ့ အရိုးပေါ်အရေတင်နေတဲ့ ငါးဖောင်ရိုးမ လှတပတလေးတွေဟာလည်း တစ်ကမ္ဘာလုံးမှာ ထွက်ရှိနေသမျှ အမျိုးသမီး မဂ္ဂဇင်းတွေမှာသာ ရှေ့တန်းက နေရာယူထားတာဖြစ်ပြီး အမျိုးသားတွေ အစဉ်တစိုက် အားပေး ဖတ်ရှု နေတဲ့ အမျိုးသားများအတွက် သီးသန့်မဂ္ဂဇင်းတွေထဲမှာတော့ အဲလို ပါးလှပ်လှပ်မိန်းကလေးတွေရဲ့ ဓာတ်ပုံ တစ်ပုံတစ်ကွက်လောက် နေရာရဖို့ အင်မတန် ခက်လှတာလည်း အမှန်ပါပဲ။
ဆိုလိုတာက စလင်းဘော်ဒီဆိုတဲ့ ပါးလှပ်လှပ်၊ ပိန်လျလျ၊ အရိုးဂေါက်ဂက်နဲ့ ကိုယ်ဟန်ပြမယ်တွေကို မိန်းမတွေကသာ စိတ်ဝင်စားတာ ဖြစ်ပြီး ကျွန်တော်တို့ ယောက်ျားသားတွေအတွက်ကတော့ အဲသလိုဟာမျိုးဆိုရင် နငယ်လုံးကြီးတင် တစ်ချောင်းငင် ဝစ္စအလုံး နှစ်ဆယ် ပေါက်တဲ့အထိ နိုးပါခင်ဗျား။
အဲတော့ကာ မမတို့အနေနဲ့က ကိုယ်နဲ့ အရှည် ဆက်ဆံနေတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားဆိုရင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။ ဖြစ်နိုင်ရင် တစ်နှစ် တစ်ခါ၊ နှစ်နှစ် တစ်ခါလောက် သတိထားပြီး မေးလိုက်စမ်းပါ။ အခုဆို ကျုပ် ကိုယ်ပေါ်မှာ တော့်အကြိုက်ဆုံး အစိတ်အပိုင်းက ဘာတုံးလို့။ ဒါမှမဟုတ်လည်း ကိုကိုရယ်၊ မောင်မောင်ရယ်၊ ကျွန်မရဲ့ဘယ်နားလေးကို ကိုကိုမောင်မောင် သဘောအကျဆုံးလဲဟင်လို့။ မရရအောင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။

သူတို့ဆီက တကယ် မှန်ကန် တိကျတဲ့ အဖြေကိုသာ ရမယ်ဆိုရင် မမတွေ အံ့ဩသွားမှာလည်း အမှန်ပါပဲ။
ယောက်ျားတွေ အိမ်ထောင်ရေးပြင်ပ “အမှုပွ”ကြတဲ့အခါကျရင် မိန်းမသားတွေဘက်က တောင်တွေးမြောက်တွေး တွေးဖြစ်တတ်ကြပါတယ်။ ကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေလို့ သင်း ခြေလှမ်း များတာလို့ ထင်မိတတ်ကြပါတယ်။တကယ်တော့ အဲဒါ မဟုတ်ပါဘူး။ မယားလုပ်သူက ဂျနစ်ဖှာလိုပက်(ဇ်)လောက် စက်စက်ယို နေလင့်ကစား မယားလစ်တာနဲ့ အသစ်ရှာဖို့ ခြေလှမ်း ပြင်တတ်တဲ့ ယောက်ျားတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။
တစ်ယောက်ဆို သူအင်မတန်ချစ်တဲ့ သူ့ဇနီးက တော်တော်လေး လှတယ်။ အရွယ်ကလည်း အစိတ်လောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ အရွယ်အရလည်း လှနေပြီးသား။ အိမ်ထောင်သက်ကလည်း တစ်နှစ်မပြည့်သေးဘူး၊ သည်ကြားထဲကမှ သူ့မိန်းမလောက်လည်း မလှ၊ သူ့မိန်းမလိုလည်း ငါးရံ့ကိုယ်မဟုတ်တဲ့ ခပ်လုံးလုံး ရွက်ကြမ်း ရေကျို မိန်းကလေးတစ်ယောက်နဲ့ ခဏပန်း ဇာတ်လမ်း ဖွင့်ခဲ့တာ ကျွန်တော့် မျက်စိအောက်တင်ပါ။

သူများအကြောင်း မပြောဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရပြန်ရင်လည်း ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ကျွန်တော်နဲ့ စခန်းသွားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆို ကိုယ်အလေးချိန်က ပေါင်တရာ့ခြောက်ဆယ်လောက် ရှိတယ်။ (အဲဒီ့ အချိန်က ကျွန်တော့်အိမ်သူထက် အဖျင်းဆုံး ပေါင် သုံးဆယ်လောက် ပိုတယ်နော်)။ အဲ… အသက်ကလည်း ကျွန်တော့်ထက် ၇ နှစ်၊ ၈ နှစ်လောက် ကြီးသေးတယ်။ (ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။) ဒါပေမယ့် အဲတုန်းက ကျွန်တော် ဘာကြောင့် စွေ့ခနဲ ပါသွားခဲ့သလဲဆိုတာ ကျွန်တော့် အိမ်သူတောင် သိတယ်။ ဟုတ်ကဲ့… အဲဒီ့ ပေါင်တစ်ရာ့ခြောက်ဆယ်က ရင်ခုန်စရာ ကောင်းလှသော “တင်တင်လှ” ဖြစ်နေလို့ပါပဲ ခင်ဗျား။

အဲဒီ့အရင် ၄-၅ နှစ်တုန်းကရော ဘာထူးတုံး။ စလင်း ဘော်ဒီလေးနဲ့ ၁၉ နှစ်သမီးလေး တစ်ယောက်နဲ့ သွားရင်းလာရင်း အဆင်ပြေနေတယ်။ မန်းရွှေမြို့က ဟိုတယ်ကြီးမှာ သူကလည်း ဧည့်သည်၊ ကိုယ်ကလည်း ဧည့်သည်။ သည်ကြားထဲက ချိတ်မိသွားကြပြီး သူက ကျွန်တော့်ကားပေါ်မှာ တစ်ချိန်လုံး ပါလာတယ်။ ညနေစောင်းတဲ့အထိပဲ။ အခြေအနေ ကောင်းနေပြီဆိုတာ ကျွန်တော် သိနေတယ်။
ညစာစားကြမယ်ဆိုတော့ အဲဒီ့ ၁၉ နှစ်သမီးလေးက မဟာအမှားတစ်ရပ်ကို ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ သူ့ထက် အလေးချိန် နှစ်ဆနီးပါး ပိုမယ့် အသက်၃၀ကျော် သူ့အဒေါ် တစ်ခုလပ်အမျိုးသမီးကိုပါ ခေါ်လာပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
သည်မှာတင် ကျွန်တော်လည်း ၁၉နှစ် သမီးလေးကို စွေ့ခနဲ ပစ်လိုက်ပြီး ၃၀ကျော်နောက် ကောက်ကောက်ပါသွားခဲ့ပါတော့တယ်။
ကိုင်း… ဘာပြောချင်ကြသေးသတုံး။

ဆိုလိုတာက မိန်းမသားအတော်များများဟာ ယောက်ျားတွေကို နားကို မလည်တတ်ကြပါဘူးခင်ဗျ။ သူတို့ထင်တာက သူတို့တွေ ဝလာပြီ ဆိုရင်ဖြင့် ကိုကိုတွေ အသစ်ရှာလိမ့်မယ်လို့ပဲ။ အဲဒါဟာ တက်တက်စင် လွဲပါတယ်။ တော်ရုံ တန်ရုံ၊ အတိအကျပြောရင် အပျိုတုန်းကထက် ပေါင်နှစ်ဆယ်အစိတ်၊ အိုဗျာ၊ အာဏာကုန် ၃၀-၃၅ လောက်အထိ တိုးလာရုံလောက်တော့ ကိုကိုတို့က မဖြုံရေးချ မဖြုံတဲ့အပြင် ကိုယ့်ကို ပိုတောင် သဘောကျလာနိုင်တာကို အမျိုးသမီး အတော်များများ သိမထားမိရှာကြဘူး။ (ဂျပန် နပန်းသမားကြီးလို အပျိုတုန်းကထက် ပေါင် ၄၀-၅၀-၁၀ဝ ပိုတဲ့အထိ တအား ဝလာရင်တော့လည်း တစ်မျိုးပေါ့ခင်ဗျာ။ အဲသလို မရှူနိုင် မကယ်နိုင် မသယ်နိုင်မပိုးနိုင် ဝတက်လာရင်တော့လည်း ယောက်ျားတွေသာမက မိန်းမချင်းတောင် စိတ်ပျက်သွားမှာလည်း သေချာပါတယ်နော်။)

ပေါင် ၂၀၊ အစိတ်လောက် ဝလာတာလောက်တော့ ယောက်ျားတွေက ပို သဘောကျတတ်တယ်ခင်ဗျ။ အဲဒါ အမှန်ပါ။ အဲဒါကို မသိဘဲ ပိန်ဆေးတွေ သောက်ကြရ၊ လေ့ကျင့်ခန်းတွေ နင်းခွ လုပ်ကြရနဲ့၊ မမတွေမှာ ဗျာများ နေကြရှာတာ ဪ… တကယ်တော့ သနားစရာပါ။ သည်ကြားထဲ ကျွန်တော်တို့လို လစ်တာနဲ့ ဟိုဟိုသည်သည် အီတတ်တဲ့သူကို လင်တော်ထားရလို့ကတော့ ကိုယ့်ကိုယ်ခန္ဓာကြောင့်လို့ ထင်ပြီး စိတ်တွေဆင်းရဲကြရတတ်ပြန်တယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ခန္ဓာလေး မဆိုစလောက် ဝဖိုင့်နေတဲ့အတွက်ပဲ ဖြစ်စေ၊ အပျိုတုန်းကထက် ပေါင် အစိတ်လောက် ပိုဝလာလို့ပဲဖြစ်စေ စိတ်ဆင်းရဲနေကြသူ မမများ နားလည်အောင် ယောက်ျားတွေရဲ့ ဣတ္ထိယခန္ဓာကိုယ်အပေါ် ထားရှိတဲ့ သဘောထားအမှန်ကို ထုတ်လှန် တင်ပြလိုက်ရတာပါပဲခင်ဗျား။

by lettwebaw
TDM
စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဖွဲ့စည်းပုံအရေး ပြည်သူ့ဆန္ဒနားထောင်ဖို့ ဆုံးဖြတ်

Photo: ဖွဲ့စည်းပုံအရေး ပြည်သူ့ဆန္ဒနားထောင်ဖို့ ဆုံးဖြတ်
Saturday, September 28, 2013

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲ မလား ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေ ကတော့ ပြင်ဆင်ဖို့ ခက်ခဲလှတဲ့ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့ အားသန်နေကြပါ တယ်။၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ ပတ်သက်ပြီး NLD ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေး ကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့ အစည်းေ တွ ပူးပေါင်းပြီး၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ် တဲ့ အစည်းအဝေးအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးစားပေး မလား၊ အသစ် ပြန်လည်ရေးဆွဲမလား ဆိုတာနဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ် ချက် ရယူဖို့ သင့်မယ် ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကြံပေးတာကို အများ သဘောတူ အတည်ပြုခဲ့ကြပါတယ်။

အသစ်ရေးဆွဲမလား ပြင်ဆင်မလား ဆိုတာကို ပြည်သူတွေကြားက အသံတွေကို နားထောင်ပြီးမှ ပြုလုပ် တာဟာ သင့်တော်တယ်ဆိုပြီး ဒီကနေ့အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီက တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးမလား၊ ပြင်မလားဆိုတာကို ကျနော်တို့ဆွေးနွေးတယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကတည်းက ဆွေးနွေး တယ်။ တော်တော်များများကတော့ အသစ်ရေးဖို့ကိုပြောတယ်။ သို့သော် လည်း တချို့ကလည်း အသစ်ရေးရင် အဆင်ပြေပါ့မလား၊ ပြင်တာကများ နည်းနည်း အဆင်ပြေပြေဖြစ်နိုင် မလား၊ လွယ်ကူနိုင်မလားပေါ့ေ လ၊ နောက်တစ်ခါ ဒီမှာလည်း အခြေအနေကလည်း သိပ်ပြီးတော့ စိတ်တိုင်းကျ အခြေအနေမျိုး မဟုတ်သေးဘူးပေါ့လေ။ ဒီမိုကရေစီ တကယ့်ကိုပွင့်လန်းနေတဲ့ အနေ အထားမျိုးမဟုတ်တော့ နည်းနည်းလေး ချင့်ချိန်တဲ့ဘက်ကလည်း ရှိတယ်ပေါ့ဗျာ။ အသစ်ရေးချင်တဲ့ သူကလည်း ရှိတယ်။ ဒီနေ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးစပြီး သဘာပတိ အဖွင့်မိန့်ခွန်းမှာ ပြောတယ်ပေါ့လေ။ မဖြစ်မနေ ပြင်ကိုပြင်ရမယ့်နေရာမှာ ပြင်စရာတွေကလည်း အရမ်းများနေတဲ့အခါကျတော့ တချို့က အသစ်ရေးမလား၊ ပြင်မလား ဆိုတာကို ပြည်သူ့သဘောဆန္ဒကို ရယူပြီးတော့မှ ဆုံးဖြတ်တာကောင်း မယ်လို့ သူက အဲဒီလို လမ်းညွှန်တယ်။ လမ်းညွှန်ပြီး ဆွေးနွေးတဲ့အခါ မှာလည်းပဲ ဒီနေ့ တိုင်းရင်းသားတွေ ဆယ်ပါတီလောက်တက်တယ်။ တက်တဲ့ပါတီတွေကလည်းပဲ ဒီအချက်ကို သဘောတူကြတယ်။”

ဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲမလား၊ ပြင်ဆင်မလားဆိုတဲ့ကိစ္စဟာ အင်မတန်သိမ်မွေ့တဲ့ ကိစ္စဖြစ် တာကြောင့် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ရယူဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။

အခုလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မလား အသစ်ပြန်ရေးဆွဲမလား ဆိုတာ ကို ပြည် သူတွေဆီက အသံတွေ ရနိုင်အောင် အောက်တိုဘာ လနဲ့ နိုဝင်ဘာလတွေ အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေကို ကွင်းဆင်းပြီး ပြည်သူအသံတွေရယူ ဖို့ ပြင်ဆင်ထားတယ်လို့ ဦးကိုနီက ပြောပါ တယ်။

“အခု အောက်တိုဘာနဲ့နိုဝင်ဘာ ၂ လအတွင်းမှာ ပြည်သူတွေကြားထဲကို ကွင်းဆင်းပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီ ၇ ယောက်က တစ်ယောက်ကို ပြည်နယ်၊ တိုင်း ၂ ခုပေါ့ဗျာ။ ပြည် နယ်တစ်ခု၊ တိုင်းတစ်ခု၊ သို့မဟုတ်လည်း ပြည်နယ်၂ ခုပေါ့။ အဲသလို တာဝန်ယူပြီးတော့ ဆင်းမယ်။ ဆင်းပြီးတော့မှ ခရိုင်မြို့နယ် ပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး သူတို့ကနေတဆင့် သဘောထားနားထောင်ကြည့် မယ်ပေါ့ဗျာ။”

ပြည်သူတွေဆီက ရရှိထားတဲ့အသံတွေကို ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၁၀၉ ဦးကော်မတီ ရဲ့ ၂၀၁၃ ဒီဇင်ဘာလ တင်ပြမဲ့ အစီရင်ခံစာ မတိုင်ခင် ပြီးစီးအောင် စာရင်းကောက်ယူပြီး ဖွဲ့စည်းပုံကို ပြင်သင့်လား၊ အသစ် ပြန်ရေးသင့် လားဆိုတာကို တင်ပြနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဦးကိုနီက ပြောပါတယ်။

ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေး ကြိုးစားနေတဲ့ တိုင်းရင်းသားတွေ ကတော့ ပြင်ဖို့ ခက်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်တာထက် အသစ် ပြန်ရေး တာကပိုပြီး လွယ်ကူနိုင်တာကြောင့် အသစ်ရေးဆွဲတဲ့ လုပ်ငန်စဉ်တွေကို လည်း ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် အတွင်းမှာ ကျင်းပမဲ့ အားလုံးပါဝင်တဲ့ ညီလာခံ ကြီးအတွင်းမှာ ချပြသွားမယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အုပ်ချုပ်ရေး ပိုင်းအစိုးရရဲ့ ပါဝင်ဆောင်ရွက် မှုလည်း အရေးကြီးတယ်လို့ သြဂုတ်လ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာနဲ့ တွေ့ဆုံချိန် မှာ ပြော ခဲ့ ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင် ဘဲ၂၀၁၅ ရွေးကောက် ပွဲ ကျင်းပမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မှာ မဟုတ်ဘူး ဆိုပြီးတော့ စက်တင်ဘာ ၂၇ နဲ့ စက်တင်ဘာ ၂၈ ရက်နေ့တွေမှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံချိန်တွေမှာ ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစည်း အဝေး ကို ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊တအာင်း(ပလောင်)အမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ မွန်ဒီမို ကရေစီ ပါတီ၊ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခဲ့တာပါ။

လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အရင်စစ်အစိုးရ လက်ထက်မှာ ရေးဆွဲပြီး ပြည် သူတွေ နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ် ခံထားရချိန်မှာ ဆန္ဒခံယူပွဲလုပ်ခဲ့တာမို့ အကြီးအကျယ် နိုင်ငံ တကာ ကပဲ ပြစ်တင်ဝေဖန်နေတာ ဖြစ်ပါတယ်ခင်ဗျား။

VOA Burmese
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဖွဲ့စည်းပုံကိုဘာလုပ်ကြမှာလဲ

Photo: ဖွဲ့စည်းပုံကိုဘာလုပ်ကြမှာလဲ
Saturday, September 28, 2013

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေး ဆွဲမလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကိုရယူပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင် ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ကိုပြင်ရမယ်လို့ ယုံကြည်ကြောင်း အခုလို ပြောပါ တယ်။

“အားလုံးက ဒါသဘောပေါက်ပြီဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင် ကိုပြင်ရမယ်၊ ပြင်တယ်ဆိုလို့ ရှိရင်လည်း အစီအစဉ်ရှိရတယ်၊ ပြင်မယ်ပဲ မပြောရဘူး၊ ဘယ်လိုစပြင်မလဲ၊ နောက်တစ်ခုက တချို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အင်မတန်မှ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာကြောင့် မို့ ပြင်ရုံနဲ့မလောက် ဘူး၊ တစ်ခုလုံးကိုဖျက်ပြီးတော့ အသစ်ရေးဆွဲရမယ် ဆိုပြီးတော့ ယုံကြည်တဲ့အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလည်း ရှိပါတယ်၊ ဘာကြောင့် တစ်ခုလုံးပြန်ပြီးတော့ ဆွဲသင့်သလဲလို့ ယုံကြည်မှုရှိသလဲ ဆိုတာကို ကျမတို့တင်ပြ မယ်၊ ကျမကတော့ ယုံကြည် တာပေါ့နော်၊ ပြည် သူတွေကတော့ ဒါကိုပြင်ကိုပြင်ရမယ်လို့ လက်ခံလိမ့်မယ် လို့  ကျမ ထင်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ခေါင်းေ ဆာင်တွေဟာ အပတ်စဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပွဲ ကျင်းပခဲ့ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာပါ။ ဖွဲ့စည်း ပုံကို ပြင် မလား အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ ကြေညာ ချက် မှာ ပါရှိပါတယ်။

ဖွဲ့စည်းပုံကို ပြင်မလား အသစ်ပြန်လည် ရေးဆွဲမလားဆိုတဲ့အချက် ကို ပြည် သူတွေထံက သဘောထား ရယူပြီး လာမယ့် ဒီဇင်ဘာလ မတိုင် ခင် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ သဘောထားဆန္ဒကိုရယူပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိ

Photo: မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိ
Saturday, September 28, 2013

မုတ်သုံလေ ဆုတ်ခွာနေသည့် မိုးနှောင်းကာလ အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသ မြို့နယ်အချို့တွင် ရေကြီး နစ်မြုပ်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

ယခုလပိုင်းအတွင်း ရေနစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး ပုသိမ်၊ ငသိုင်းချောင်း၊ ပဲခူးနှင့် ရန်ကုန်မြို့ တို့သည် ရေနစ်မြုပ်နိုင်သည့် အလားအလာ အမြင့်မားဆုံး မြို့များ ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား ကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းမှုကြောင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် လှိုင်းအမြင့် ၁၀ ပေခန့်၊ ရခိုင် ကမ်းရိုးတန်းဒေသတွင် လှိုင်းအမြင့် ငါးပေခန့်၊ မုတ္တမ ပင်လယ်ကွေ့နှင့် မွန်ကမ်းရိုးတန်း ဒေသများတွင် လှိုင်းအမြင့် လေးပေခန့်အထိ လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ ထွက်ခွာရာတွင် သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောဆိုသည်။

ယင်းသို့ လှိုင်းကြီးခြင်းနှင့်အတူ မိုးသက်လေပြင်းများလည်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းသတိပေး ကြေညာထားသည်။

စက်တင်ဘာလက စတင်၍ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာနေပြီ ဖြစ်ရာ ဘင်္ဂလား ပင်လယ်အော် တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွင်း မုန်တိုင်း သုံးလုံးအထိ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တောင်း မြစ်ရေသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အထက် ၇ စင်တီမီတာသို့ ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင်သာ တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှု အခြေအနေ သတင်းထုတ်ပြန်သည်။

The Voice Weekly
မုတ်သုံလေ ဆုတ်ခွာနေသည့် မိုးနှောင်းကာလ အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသ မြို့နယ်အချို့ တွင် ရေကြီး နစ်မြုပ်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားသည်။

ဘာသာပေါင်းစုံပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား မြစ်ကြီးနားတွင် ကျင်းပမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်း အနားကို စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီ ကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင် သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီ ကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

Photo: နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်
Saturday, September 28, 2013

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
...
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေး လည်း ဈေးကြီး ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေ ပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥ ကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။
--
Ref: medic-fact, wiki
www.facebook.com/TheWebshopMM
The Webshop
နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေး နည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကမှ ပြန်လည်ရောက်ရှိလာပြီး ကြော်ငြာများရိုက်ကူးနေတဲ့ စိုးသူ

Photo: အမေရိကမှ ပြန်လည်ရောက်ရှိလာပြီး ကြော်ငြာများရိုက်ကူးနေတဲ့ စိုးသူ
Saturday, September 28, 2013

အမေရိကကို နှစ်လကြာ အလုပ်ကိစ္စတွေလုပ်ဆောင်ဖို့ ခေတ္တ ပြန်သွားတဲ့စိုးသူ အခုမြန်မာနိုင်ငံကိုပြန်လည် ရောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မြန်မာနိုင်ငံရောက် ရှိနေတဲ့ အချိန် အတွင်းမှာ အနုပညာမဟုတ်တဲ့ တခြားအလုပ် တွေလည်းလုပ်ဖြစ် နေသလို အခု လက်ရှိတော့  Mango Media Group က ထုတ် ကုန်ပစ္စည်းအ တွက် ကြော်ငြာလည်းရိုက်ကူးနေကြောင်း စိုးသူက ပြောပါတယ်။မန္တလေးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားတဲ့စိုးသူက “အဲဒါ အရင်ကတည်းက စီစဉ် ထားတယ်။ အချိန်လေးပဲ ညှိရမှာ။ မိုးကုန်မှလုပ်မလား၊ ဆောင်းတွင်းမှ လုပ်မလားဆို တာလေး ညှိဖို့ပါပဲ။ ဖျော်ဖြေပွဲ လုပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။  မိုင်ဒါကွင်းမှာ ကျင်းပခဲ့တဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲကိုလည်း အခွေထွက်ဖို့ စီစဉ်နေတဲ့အပေါ်မှာလည်း စိုးသူက “အဲဒါကလည်း လုပ်ဖြစ်မှာပါ။ စုပြီးတော့ နားထောင်ချင်၊ သိမ်း ထားချင်တဲ့  ပရိသတ်တွေရှိတယ်လေ။ သူတို့ကိုမေးလည်းမေးထား တယ်။ဒါပေမဲ့ အခုပွဲလေးနဲ့ အချိန်လေး နည်းနည်းလေး၊ကာလ လေးတစ်ခု ရောက်လာတဲ့အခါကျေ တာ့ နောက်က ပွဲလေးတစ်ခု ပြီးမှ ဒီအခွေကိုလုပ်မလားလို့ စိတ်ကူးထားပါတယ်။ အကောင်း ဆုံးဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။ စိုးသူ က တစ်ခေတ်တစ်ခါ က ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကြောင့် သူတို့ ခေတ်က ရုပ်ရှင်ရုံတွေရဲ့အခြေအနေတွေ ကိုမေးတော့ “အဲဒီခေတ် တုန်းကရုံတွေကသူ့ဟာနဲ့သူအထိုက် အလျောက်ရှိတယ်။ ကျွန်တော် တို့ ခေတ်တွေမတိုင် ခင်တုန်းကလည်း ရုပ်ရှင်ရုံကြီး တွေရှိခဲ့တယ်။ တချို့ ရုံတွေကလည်း ကျွန်တော်တို့ ခေတ်မှာမရှိတော့ဘူး။တချို့ ရုံတွေကတော့ရှိသေးတယ်။ နောက်ထပ် ရုံအသစ်တွေလည်း ရှိ လာတယ်။ ရုံတွေကတော့ သူ့သတ်မှတ်တဲ့ရက်၊ ဆင်ဆာ ရက်နဲ့ စောင့်ပြီး ရုံတင်ရတယ်။ ရုံတင်ပြီဆိုရင် လည်း တစ်ရုံတည်း မဟုတ်ဘဲနဲ့ တစ်ပြိုင်နက်တည်း ရုံတွေအပြိုင်ရုံတင်တယ်။ အဲဒီအခါမှာလည်း ပရိသတ်တွေက တအားစောင့်မျှော်ပြီး အားပေးကြတယ်။ လက်မှတ်ေ တွ တန်းစီပြီး ပွဲချိန်တွေကိုစောင့်ပြီး အားပါးတရ အားပေးကြတာ ကို တွေ့မြင်ရပါတယ်။ကျွန်တော်တို့ စခဲ့တုန်းကတော့ ရုပ်ရှင် ဇာတ်ကား ကြီးပဲရှိတယ်။ဆေးရောင် စုံတောင် မပေါ်သေးဘူး။အဖြူအမည်းပဲ ရှိတယ်။ အဖြူအမည်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ စရိုက်ခဲ့ရတယ်။ အဲဒါပြီးတော့မှ တီဗီဇာတ်လမ်း တွဲတွေ၊ ဗီဒီယိုတွေ၊ ဒီဗီဒီတွေ အဆင့် ဆင့်ပေါ် လာတာပေါ့။ အဲဒီအချိန်တုန်းက ဖလင်တွေက ရှားလာပြီဆိုပေမယ့်တော်တော်လေး ရိုက်ဖို့အတွက် အဆင်ပြေပြေနဲ့သူ့ဟာနဲ့သူလုံလုံလောက်လောက် ရှိနေတဲ့ အနေအထားပေါ့။ နောက်တော့ တဖြည်းဖြည်း နဲ့ ဖလင်တွေ နည်းနည်းရှားလာတာပေါ့” လို့ ပြောပါ တယ်။ အခု အချိန်မှာရော ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ဖို့ စိတ်ကူးရှိမလားလို့ မေးတော့ စိုး သူက “သူတို့ခေတ်နည်းစနစ်တွေနဲ့ မေး မြန်းပြီးတော့ အလျဉ်းသင့်တာ လေးတွေ၊ ကောင်းနိုးရာရာလေးတွေတော့လုပ်သွား ချင်ပါသေး တယ်။ အနုပညာလောက အတွက် အကျိုးရှိမယ်၊ မိဘ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော့် အနေနဲ့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ဖြစ် တစ်တပ်တစ် အားပါဝင်ဖို့ အသင့် ပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal
အမေရိကကို နှစ်လကြာ အလုပ်ကိစ္စတွေလုပ်ဆောင်ဖို့ ခေတ္တ ပြန်သွားတဲ့စိုးသူ အခုမြန်မာနိုင်ငံ ကိုပြန် လည် ရောက် ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေ

မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးေ နကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

''ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ''

Photo: ''ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား
အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ''
Saturday, September 28, 2013

အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ ကြွယ်ဝမှုအ...ပေါ်မပျော်မွေ့လိုတော့တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူ လိုက်သူ တစ်ယောက်ပါ။

နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan သူဌေးကြီးဆီကချမ်းသာကြွယ်ဝမှုတွေအမွေတွေကိုမယူတော့ပဲ ရာသက်ပန်ဘုန်းကြီးဝတ်လိုက်သူတစ်ဦးဖြစ်ပါတယ်။

Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာ စကားပေါင်း ၈မျိုးကိုတတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဖခင် Krishnan မှာလည်းမလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံး သူတစ်ယောက်ဖြစ်တဲ့ အပြင် ၂၀၁၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီးကမ္ဘာအချမ်း သာ ဆုံး သူဌေးတွေရဲ့ စာရင်း ကိုဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာ ဆုံး အဆင့် ၈၉ ရှိတဲ့ သူဌေး တစ်ယောက်ဖြစ်ပါတယ်။

Krishnan ရဲ့ချမ်းသာမှုဟာ ဒေါ်လာ၉.၆သန်းရှိပြီး သားဖြစ်သူ Siripanno အတွက် အမွေလည်းဖြစ်ပါတယ်။ Siripanno ရဲ့အမေဖြစ်သူမှာထိုင်းလူမျိုး
ဖြစ်ပြီး မွေးချင်းသုံးယောက်ရှိပါတယ်။

Siripanno ဟာ မိခင်ဖြစ်သူရဲ့မွေးရပ် မှာရာသက်ပန်ရဟန်းအဖြစ်ခံယူပြီး ထိုင်းနိုင်ငံရဲ့တောစပ်မှာရှိတဲ့ ဘုန်း ကြီးကျောင်းတစ်ခုမှာ သတင်းသုံးလျက်ရှိပါတယ်။

Ref: HubPages
Shan Htet (SJ Admin Team)

Posted From Smart Pro Journal
Credit - https://www.facebook.com/photo.php?fbid=557076767675587&set=a.431197800263485.88807.301458409904092&type=1&ref=nf
အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ ကြွယ်ဝမှုအ...ပေါ်မပျော်မွေ့ လိုတော့ တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူ လိုက်သူ တစ်ယောက်ပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါး မူလတန်း ကျောင်းသား များအား ပညာသင်ထောက်ပံ့ကြေးပေးမည်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါး မူလတန်း ကျောင်းသား များအား ပညာသင်ထောက်ပံ့ကြေးပေးမည်

မြန်မာ နိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအ သင်းမှ ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်းရဲနွမ်းပါးသည့် မူလ တန်း ကျောင်းသား၊ ကျောင်းသူများ အား ပညာ သင်ထောက်ပံ့ကြေး များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟုန်ရှင်းစက်ရုံ အလုပ်သမားများအတွက် လက်ကျန်လစာ၊ နစ်နာကြေးနှင့် ခွင့်လက်ကျန်ခံစားခွင့်ကြေး စုစုပေါင်း သိန်း ၄၀၀ ကျော် ပေးအပ်ပြီးစီး

ဟုန်ရှင်း အအေးခန်းစက်ရုံ အလုပ်သမားများအတွက် လက်ကျန်လစာ၊ အလုပ်ရပ်စဲသည့်အတွက် နစ်နာကြေး၊ ခွင့်လက်ကျန် ခံစားခွင့်ကြေး အားလုံးပေါင်း ငွေကျပ် သိန်း ၄၀၀ ကျော် ပေးအပ်ပြီးစီး ပြီးဖြစ်ကြောင်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်သည့် နေရာ များ သို့ မီးသတ်ကားများ အချိန်မီ သွားရောက်ရန် အခက်အခဲများရှိနေ

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်သည့် နေရာများသို့ မီးသတ်ကားများ အလျင်အမြန် အချိန်မီ သွားငြှိမ်းသတ်ရန်အခက်အခဲများ ရှိနေကြောင်း မီးသတ်ဦးစီဌာနမှ ညွန်ကြားရေးမှူး ဦးသင်းဌေးရွှေ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်တွင် အထပ်မြင့် ကားပါကင်များ တည်ဆောက်မည်

Photo: ရန်ကုန်မြို့တော်တွင် အထပ်မြင့် ကားပါကင်များ တည်ဆောက်မည်
Saturday, September 28, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ် ဆို့မှုများကို အတိုင်းအတာတစ်ခု အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အတွက် အထပ်မြင့် ကားပါကင်များ ကို မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ပလက်ဖောင်းများကို ချဲ့ ထွင်ကာ ယာဉ်ရပ်နားရန် နေရာများ ပြုလုပ်ပေးလျက်ရှိသည်။ သို့သော် ယခင်က ရန်ကုန်မြို့တော်တွင် မော် တော်ယာဉ်အစီးရေး တစ်သိန်း ခန့် သာရှိနေခဲ့သော်လည်း ယခုအခါ မော်တော်ယာဉ် သုံးသိန်းခန့်အထိ ရှိလာခဲ့ပြီးဖြစ်ပြီး မော်တော်ယာဉ် အစီးရေ အရေအတွက် ထပ်မံတိုးတက် များပြားလာမည်ဖြစ် သည်။ 

ထို့ကြောင့် ကားပါကင်များထပ်မံ လိုအပ်လာမည် ဖြစ်သည်။ တိုးတက် လာမည်မော်တော် ယာဉ်များနှင့် လိုက်လျောညီထွေဖြစ် စေရန် အထပ်မြင့်ကားပါကင်များ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် ခြင်းဖြစ် သည်။ လက်ရှိတွင်အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန် စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်း ရှင်များနှင့် ညှိနှိုင်း ဆွေးနွေးလျက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ အထပ်မြင့် ကားပါကင်များကို ကွေ့ ပတ်တက် သည့်ပုံစံဖြင့် တည်ဆောက်ရန် စီစဉ် နေပြီး ဆောက်လုပ်မည့်စီးပွားရေး လုပ်ငန်းရှင်များမှ ဓါတ်လှေခါးဖြင့် လုပ်ဆောင်ရန် အဆိုပြုထားကြောင်း သိရသည်။

ဇာညီသစ္စာ
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ် ဆို့မှုများကို အတိုင်းအတာတစ်ခု အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အတွက် အထပ်မြင့် ကားပါကင်များ ကို မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယူအေအီးမှာ ရုပ်ချောလို့ နယ်နှင်ဒဏ်အပေးခံရ

Photo: ယူအေအီးမှာ ရုပ်ချောလို့ နယ်နှင်ဒဏ်အပေးခံရ
Saturday, September 28, 2013

Omar Borkan Al Gala လို့အမည်ရတဲ့ ယူအေအီးနိုင်ငံ လူငယ်လေးပါ။ ဒူဘိုင်း မြို့ မှာ နေပါတယ်။
...
သူ့ရဲ့  ရုပ်ရည်ချောမောပြေပြစ်မှုကြောင့် နယ်နှင်ဒဏ်အပေးခံရတယ်ဆိုရင် ယုံမှာလား။ တကယ်လုပ်ပါတယ်။ အာရပ်စော်ဘွားနိုင်ငံ ဖြစ်တဲ့ ယူအေးအီးမှာ ယင်းဥပဒေ ရှိပါတယ်။ ရပ်အရမ်းချောလွန်း တဲ့ ယောင်္ကျားတွေကို တရားဥပဒေအတိုင်း အရေးယူလို့ ရပါတယ်။ ပစ်မှု ကတော့ စွဲဆောင်မှု ရှိလွန်းလို့ ဖြစ်ပါတယ်။

ယူအေအီးမှာ အမျိုးသမီးများအပေါ် ကန့်သတ်တဲ့ ဥပဒေက အင်မတန် ပြင်း ထန် ပါတယ်။ ယခုလည်း ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားဟာ ရုပ်ရည်ချောမော တဲ့အတွက် ဘယ်နေရာ သွားသွား အမျိုးသမီးများရဲ့  ကြည့်ရှုခြင်းကို ခံရသတဲ့။ အထူးသဖြင့် သူနေတဲ့ ပတ်ဝန်းကျင်မှာဆိုရင် တကယ့် နှင်းဆီခိုင်ပါပဲ။ အိမ်ထောင်ရှင် အမျိုးသမီးတွေတောင် စိတ်ဝင်စားခံ လာရတဲ့ Omar Borkan Al Gala ရဲ့  သတင်းက လွန်ကဲလာတော့ သူ့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်တဲ့ မှုခင်းတွေ ဖြစ်လာမှာစိုးလို့ ဆိုပြီး တရားရုံးပေါ်တင်ပြီး တရားစွဲလိုက်ပါတယ်။ အမျိုးသားထု အချင်းချင်း တရားစွဲတာပါ။

ဒါနဲ့ပဲ ဒူဘိုင်းမြို့ ကနေ နယ်နှင်ဒဏ်ခံရပါတယ်။ အခြား လူနည်းတဲ့ မြို့ ငယ်လေး တစ်ခုကိုပါ။ သူနဲ့အတူ အခြား ရုပ်ရည်ချောမောတဲ့ အမျိုးသား ၂ ဦး ပါဝင်ပါသေးတယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်လို့ ယူအေအီးမှာ စည်းကမ်း အင်မတန်တင်းကြပ်ပါတယ်။

ယင်းဖြစ်ရပ်လေးကြောင့် ဒူဘိုင်းရဲ့  တင်းကြပ်သော ဥပဒေကို ကမ္ဘာက သိစေခဲ့ကြောင်း သိရပါတယ်။

Ref: uaenews
Aung Kham ( International news for myanmar )
http://www.innewsmyanmar.com/2013/09/blog-post_3194.html
Omar Borkan Al Gala လို့အမည်ရတဲ့ ယူအေအီးနိုင်ငံ လူငယ်လေးပါ။ ဒူဘိုင်း မြို့ မှာ နေပါတယ်။

အင်္ဂလန် ပရီးမီးယားလိဒ် ပွဲစဉ် (၆ )

Photo: အင်္ဂလန် ပရီးမီးယားလိဒ် ပွဲစဉ် (၆ )
ယနေ့ ( Saturday, September 28, 2013)

အွန်လိုင်းမှ တိုက်ရိုက်ကြည်.ရှုရန်လင်.များ
-----------------------------------------
◘စပါး vs ချဲလ်ဆီး (၆း၁၅ နာရီ)
http://firstrownow.eu/watch/210777/1/watch-tottenham-hotspur-vs-chelsea.html
http://www.sportcategory.com/a-0/14/74/a-147413.html

◘အက်စတွန်ဗိလာ vs မန်စီတီး( ၈း၃၀ နာရီ)
http://firstrownow.eu/watch/210804/1/watch-aston-villa-vs-manchester-city.html
http://www.sportcategory.com/a-0/14/74/a-147437.html

◘ ဖူလ်ဟမ်vs ကာတစ်ဖ် စီးတီး ( ၈း၃၀ နာရီ)
http://firstrownow.eu/watch/210805/1/watch-fulham-fc-vs-cardiff-city.html

◘ဟူးစီးတီးလ် vs ၀က်ဟမ်းယူနိုက်တက် (၈း၃၀ နာရီ)
http://firstrownow.eu/watch/210806/1/watch-hull-city-vs-west-ham-united.html

◘မန်ချက်စတားယူနိုက်တက် vs ၀က်စ်ဘရွန်း (၈း၁၅ နာရီ)
http://firstrownow.eu/watch/210808/1/watch-manchester-united-vs-west-bromwich-albion.html
http://www.sportcategory.com/a-0/14/74/a-147440.html

◘ဆောက်သန်တမ် vs ခရစ်တယ်ပဲလေ.စ် (၈း၃၀ နာရီ)
http://firstrownow.eu/watch/210807/1/watch-southampton-fc-vs-crystal-palace.html

◘ဆွမ်ဆီး စီးတီး vs အာဆင်နယ်. (၁၁း၀၀ နာရီ)
http://firstrownow.eu/watch/210846/1/watch--swansea-city-vs-arsenal.htm

By: bj

အွန်လိုင်းမှ တိုက်ရိုက်ကြည်.ရှုရန်လင်.များ

မြန်မာတပ်ဖွဲ့ဝင်များ အနောက်ဘက် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ BSF များကဲ့သို့ ကင်းလှည့်

Photo: မန်မာတပ်ဖွဲ့ဝင်များ အနောက်ဘက် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ BSF များကဲ့သို့ ကင်းလှည့်
Saturday, September 28, 2013

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။ အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက် ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။

ယင်းပြင် မိုင်တိုင်အမှတ် ၄၁ မှ ၄၅ ထိ အောင်သပြေ၊ ခမောင်းဆိပ် နယ်မြေတွင် ခမရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူထားပြီး ခြံစည်းရိုး တလျှောက် ကင်းလှည့်နေသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

မြန်မာ- ဘင်္ဂလာနယ်စပ် နဟုန်း နဟမ်းဘက်နှင့် မိုင်တိုင် အမှတ် ၄၈ တည်ရှိရာ ဗန္ဓုကျေးရွာ အနီးတွင်လည်း မခရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူသည်ဟု သိရသည်။

ခမရ ၅၅၁ မှ မိုင်တိုင်အမှတ် ၅၈ မှ ၆၅ ထိ တာဝန်ယူထားပြီး အဆိုပါ ဒေသတွင်လည်း အထိုင် လုံခြုံရေးကင်းများ၊ လှည့်ကင်များချကာ နယ်စပ် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယခု တည်ဆောက်ထားသော ခြံစည်းရိုးကို ဖြတ်ကျော် သွားလာသူ မည်သူ့ကို မဆိုပါ ပစ်ခတ်ရန် စစ်တပ်က ညွှန်ကြားထားကြာင်း၊ သို့အတွက် နယ်စပ်နေ ပြည်သူများမှာ ခြံစည်းရိုး အနီးသို့ မကပ်ရဲကြကြောင်း ဒေသခံ ပြည်သူများ၏ အပြောအရ သိရသည်။

အိန္ဒိယ နယ်ခြားစောင့်တပ် BSF သည် ခြံစည်းရိုးကို ဖြတ်ကျော် ၀င်ရောက်သူများကို မကြာခဏ ပစ်ခတ်နှိမ်နှင်းမူများ ပြုလုပ်လေ့ ရှိသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ သေဆုံးမူများ ရှိသော်လည်း မြန်မာနယ်စပ်တွင်မူ မြန်မာစစ်တပ်မှ ထိုသို့ ပစ်ခတ်နှိမ်နှင်းမူများကို မကြားရသေးဟု ဒေသခံများက ပြောသည်။

narinjara

အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ သူနိုင်ငံ ခြံစည်းရိုး အနီး ကင်းလှည့်နေစဉ်။ ( ဓါတ်ပုံ- အင်တာနက်)
အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ သူနိုင်ငံ ခြံစည်းရိုး အနီး ကင်းလှည့်နေစဉ်။ ( ဓါတ်ပုံ- အင်တာနက်)
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်း ရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံ များက ပြောသည်။

ဟောလိဝုဒ်ရောက်မြန်မာရုပ်ရှင်မင်းသား အက်ဒရီယန်ဇော် (Adrian Zaw)

Photo
ကြည်မောင်ဇော်(သို့) အက်ဒရီယန်ဇော်ကို ၁၉၈၄ ခုနှစ်မေလ ၇ ရက်နေ့၊ အဖျောက်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။

ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့် ပညာသင်နှစ် တွင် ပြန်ပြင်မည်

Photo: ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့် ပညာသင်နှစ် တွင် ပြန်ပြင်မည် 
Saturday, September 28, 2013

ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့် ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွား မည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

““ခုနကပဲ ၀န်ကြီး PSO(ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တခြား အလွဲတွေ ကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ””ဟု အထက်ပါတာဝန် ရှိသူ ကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုးဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်းသား မိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ်ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

““မနေ့ညက သားစာကျက်တာနားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော တောင်ကြားလမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာမှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီးကျက်ဆိုပြီး သားရဲ့ ငါးတန်းပထ၀ီဝင်ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက်သွားတယ်။ အစိုးရကျောင်းဆက်ထားရမှာတောင် ကြောက်လာပြီ”” ဟု ပဉ္စမတန်း ကျောင်းသားမိခင်တစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံးစာအုပ်များကို အရည်အသွေးမြှင့်တင်ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်။

7Day Daily
ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့် ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွား မည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။