Monday, 16 September 2013

အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသား တစ်ဦး ဝင်ရောက်

Photo: အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသား တစ်ဦး ဝင်ရောက်
Monday, September 16, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်း ရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ် ခဲ့သောကြောင့် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရွာမအရှေ့ရပ်ကွက်၊ အေးသိဒ္ဓိ (၂) လမ်းတွင်နေသူ အသက် ၂၃ နှစ် အရွယ် ရှိ ကိုမျိုးသူ ဆိုသူသည် စက်တင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အင်ကြင်းလိုင်း အမျိုးသမီး အပျိုဆောင်ပေါ်သို့ တက်ရောက်လာကာ အမျိုးသမီး တပ်သား၏ ခြေထောက်ကို ကိုင်တွယ်သောကြောင့် နိုးကာ လန့်အော်သဖြင့် ယင်းအဆောင်နေ အမျိုးသမီးအပျို ဝန်ထမ်းများက ဝိုင်းဖမ်းဆီးကာ အင်းစိန်ဗဟို အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

အင်းစိန် အကျဉ်းဦးစီးဌာနပိုင်ဝင်းကို အုတ်တံတိုင်း ခြံစည်းရိုးများ ကာရံထားပြီး အဆိုပါ အမျိုးသမီး အပျိုဆောင် အတွင်းသို့ ညအချိန်မတော် ကျော်နင်း ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းဦးစီးဌာနမှ အမျိုးသမီးတပ်သား၏ ခြေထောက် ကိုင်တွယ်ခဲ့သူကို အင်းစိန်မြို့နယ်မြို့မ ရဲစခန်းမှ (ပ) ၉၉၂/၁၃၊ ပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း အင်းစိန်မြို့နယ်မြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

ကာကွယ်ရေးပိုင် နေရာသုံးနေရာ ကုမ္ပဏီကြီးသုံးခုအား ဘီအိုတီစနစ်ဖြင့်ငှား

Photo: ကာကွယ်ရေးပိုင် နေရာသုံးနေရာ ကုမ္ပဏီကြီးသုံးခုအား ဘီအိုတီစနစ်ဖြင့်ငှား
Monday, September 16, 2013

ရန်ကုန်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ကို ပုဂ္ဂလိက
ကုမ္ပဏီသုံးခုအား စက်တင်ဘာ ၁၂ ရက်က ဘီအိုတီစနစ်ဖြင့် စတင်ငှားရမ်း
လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေး
မှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမှ စစ်ရုံးချုပ်ဟောင်းနယ်မြေ၊ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်းနှင့် ဆင်ဖြူရှင်ရိပ်သာတို့ကို လုပ်ကိုင်နိုင်ရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီသုံးခုသည် စက်တင်ဘာ ၁၂ ရက်က မြေငှားစာချုပ်များကို နေပြည်တော်ရှိ အမရာဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ လီမိတက်၊ အိုင်ဂျီးအီးနှင့် ဒေးဝူး အမရာတို့ဖြစ်သည်။

ယင်းနေရာများကို သြဂုတ်လလယ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ကုမ္ပဏီများဘက်မှ အဆိုပြုတင်ပြလာသည်များကို ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးအရ သြဂုတ် ၁၅ ရက်က စတင်ခွင့်ပြုပေးခဲ့ပြီး တစ်လအကြာတွင် ယခုကဲ့သို့ မြေငှားစာချုပ် တွင် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးခဲ့သည့် နေရာများမှာ ရွှေတောင် ကုမ္ပဏီမှ မြေအကျယ် ရှစ်ဧကကျော်ရှိသော နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်းနေရာအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အိုင်ဂျီအီး ကုမ္ပဏီမှ ဆင်ဖြူရှင်ရိပ်သာနှင့် ဒေးဝူးအမရာမှ စစ်ထောက်ချုပ်ရုံး အနီးမှ မြေဧကအချို့ကို အသီးသီးလက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်း ရရှိ သည်။ မြေငှားစာချုပ်တွင်လက်မှတ်ထိုးလိုက်သည့်
ကုမ္ပဏီအနေဖြင့် ဘီအိုတီစနစ်ဖြင့် နှစ် ၆၀ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်
သည်။

“ဒါက ပထမဆုံးအကြိမ် လက်မှတ်ထိုးတာပါ။ နောက်ထပ် ကုမ္ပဏီတွေနဲ့ MIC ရဲ့ခွင့်ပြုချက်ရရင် ရှေ့လထဲမှာ တခြားကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးမယ့် အစီအစဉ်တွေ ရှိသေးတယ်”ဟု စစ်ထောက်ချုပ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အထက်ပါ ကုမ္ပဏီများမှာ ဈေးဝယ် စင်တာ၊ ဟိုတယ်နှင့် ကွန်ဒိုစီမံကိန်းအချို့ လုပ်ဆောင်ရန် ပြည်ပကုမ္ပဏီ အချို့ဖြစ်သည့် စင်ကာပူ၊ ပြင်သစ် အစရှိသော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်သွား  မည်ဖြစ်ပြီး ပြည်ပမှ ချေးငွေ ယူ၍ တည်ဆောက် မည့် အစီအစဉ်လည်း ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ မှ တပ်မတော်ပိုင်မြေနေရာအများစုကို
ပြည်တွင်းမှ နာမည်ကြီးကုမ္ပဏီအများစု လုပ်ကိုင်ခွင့်ရရှိခဲ့ကြသည်။ ၁၂ ဧကကျယ်ဝန်း သည့် ပြည်ထောင်စုရိပ်သာကို ပြီးခဲ့သည့်လက ထူးကုမ္ပဏီမှ လွှဲပြောင်းလုပ်ကိုင်ခွင့်များရရှိထား ပြီး စစ်ထောက်ချုပ်ရုံး နယ်မြေအတွင်းမှ မြေဧကအချို့ကိုလည်း ကုမ္ပဏီအချို့ က ရရှိထားကြသည်။

Planet Myanmar Network
ရန်ကုန်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအချို့ကို ပုဂ္ဂလိက ကုမ္ပဏီသုံးခုအား စက်တင်ဘာ

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာ ထိုင်ခင်းတောင်း ဟု ဆရာတော်မိန့်ကြား

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်း တိုက် ဆရာတော်ထံမှ သိ ရသည်။

ရန်ကုန်-ကျိုက်ထို အဲကွန်းအမြန်ရထားလက်မှတ် နိုင်ငံခြားသား များနှစ် ပတ်ကြိုဝယ်နိုင်ပြီ

Photo: ရန်ကုန်-ကျိုက်ထို အဲကွန်းအမြန်ရထားလက်မှတ် နိုင်ငံခြားသား များနှစ် ပတ်ကြိုဝယ်နိုင်ပြီ
Monday, September 16, 2013

ရန် ကုန်-ကျိုက်ထို အဲကွန်းအထူး အမြန်ရထားခရီးစဉ်ကို နိုင်ငံ ခြားသားများအတွက် နှစ်ပတ်ကြို တင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ကြိုတင်ဝယ်ယူ ခွင့်ပေးရခြင်းမှာ အဆိုပါခရီးစဉ် ကို ခရီးသွားကုမ္ပဏီများမှအထူး စိတ်ဝင်စားပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း သွားလာရန် စိတ် ဝင်စားလျက်ရှိသဖြင့် ခရီးသွား ကုမ္ပဏီများမှ တောင်းဆိုခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန် မာ့မီးရထား တိုင်းအမှတ်(၇)မှ လက်ထောက် အထွေထွေမန်နေ ဂျာဦးကျော်ကျော်မျိုးက ''ကျွန် တော်တို့ ရထားခရီးစဉ်ကို ခရီး သွားကုမ္ပဏီတွေက စိတ်ဝင်စား ကြတဲ့အတွက် လက်မှတ်ဝယ်ယူမှု ပိုင်းမှာ အဆင်ပြေအောင်လို့ ဘယ်လို ဆောင်ရွက်ရင်ကောင်း မလဲဆိုတော့ သူတို့က နှစ်ပတ် ကြိုတင်စာရင်းပေးရင် အဆင် ပြေမယ်ဆိုပြီး ပြောပါတယ်။

ဒါ ကို စီစဉ်ပေးလို့ရပါတယ်။ ဒါ ပေမဲ့ Reserve တော့ လုပ်ရမှာ ပေါ့''ဟု ပြောသည်။ခရီးသွားကုမ္ပဏီများအ နေဖြင့် အဲကွန်းတပ်ဆင်ထား သော ရန်ကုန်-ကျိုက်ထိုအထူး အမြန်ရထားခရီးစဉ်ကို နှစ်ပတ် ကြိုတင် စာရင်းပေးသွင်းမှသာ အဆင်ပြေနိုင်သည်ဟု ဆိုသည့် အတွက် မြန်မာ့မီးရထားမှခွင့်ပြု လိုက်ခြင်းဖြစ်သော်လည်း ကျန် ခရီးသည်များအတွက်ပါ လက် မှတ်ဝယ်ယူမှု အဆင်ပြေစေရန် ဆောင်ရွက်မည့် အပိုင်းများလည်း ရှိကြောင်း သိရသည်။

ဆက်လက်၍ ဦးကျော် ကျော်မျိုးက ''ရန်ကုန်-ကျိုက် ထို-ရန်ကုန် အဲကွန်းပါအထူးအ မြန်ရထားခရီးစဉ်ကို ပြည်တွင်း ခရီးသွားကုမ္ပဏီ ၁၈ခုနဲ့ ချိတ် ဆက်ခဲ့ပြီး ခရီးစဉ်စတင်ပြေးဆွဲ တဲ့နေ့မှာပဲ နိုင်ငံခြားသားခရီး သည် စီးနင်းမှုရှိခဲ့ပါတယ်''ဟု ပြော သည်။လက်ရှိအချိန်တွင် အဆိုပါ ခရီးစဉ်အား စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းသာ ပြေးဆွဲပေးနေ သေးသည့်အတွက် နိုင်ငံခြား သားများမှာ နှစ်ပတ်ကြိုတင်သော် လည်း ရက်ကြုံကြိုက်မှသာ သွား လာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

''နှစ်ပတ်ကြိုတင်တာ အ ဆင်ပြေတယ်ဆိုပေမယ့် ဒီခရီး စဉ်က စနေ၊ တနင်္ဂနွေပဲရှိတာဆို တော့ ကြုံဖို့ကလဲလိုသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းခရီးသည်များ လာရင်တော့ သူတို့ဘက်ကလဲ ရက်တိုးပြီး ပြေးဆွဲပေးမယ်လို့ တော့ ပြောပါတယ်''ဟု ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ကိုဖြိုး ဝေရာဇာက ပြောသည်။

''ဒီခရီးစဉ်က ပွင့်လင်းရာ သီရောက်ရင် ပြည်တွင်းရော၊ နိုင်ငံခြားခရီးသည်တွေရော အ များကြီးသွားကြမှာ။ ကျိုက်ထီး ရိုးရာသီလဲ ရောက်ပြီဆိုတော့ နောက်ပိုင်းမှာ အခုသွားနေတဲ့ တွဲဆိုင်းတစ်တွဲထက် တွဲတွေပို ပြေးဆွဲပေးသင့်တယ်။ သီတင်း ကျွတ်လိုရာသီမျိုးမှာဆိုရင် ဘုရား ဖူးကားတွေ တစ်နေ့ကို အစီး ၅၀ လောက် သွားကြတာဆိုတော့ ရထားဆိုရင်လဲ လုံလောက်မှုရှိရင် စီးကြမှာပဲ''ဟု Star Grand Land ခရီးသွားကုမ္ပဏီမှ ဦးအောင် ကြည်စိုးမြင့်က ပြောသည်။

Yangon Mrdia Group
ရန် န်-ကျိုက်ထို အဲကွန်းအထူး အမြန်ရထားခရီးစဉ်ကို နိုင်ငံ ခြားသားများအတွက် နှစ်ပတ်ကြို တင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သိရ သည်။

အသိမ်းခံ မြေယာများ မူလပိုင်ရှင်သို့ ပြန်ပေးရန် ကွင်းဆင်းစိစစ်

ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ် ဟဲဟိုးကျေးရွာအုပ်စု အတွင်းရှိ လွန်ခဲ့သောနှစ်များစွာက တပ်မတော်နှင့် ဝန်ကြီးများ သိမ်းဆည်းထားသောမြေယာများ မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ် နိုင်ရန် အတွက် ကလောတပ်နယ်မှူးဗိုလ်မှူးကြီးဇော်ဝင်းဦးဆောင်သော တပ်မတော်အရာရှိများသည် စက်တင်ဘာ ၁၁ရက်က ဟဲဟိုး တစ်ဝိုက်မြေယာများကို ကွင်းဆင်း စိစစ်မှုများ ဆောင်ရွက်ကြောင်း သိရသည်။

လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသဖြင့် မီးလောင်မှုဖြစ်

Photo: လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသဖြင့် မီးလောင်မှုဖြစ်
Monday, September 16, 2013

၁၆.၉.၂၀၁၃ရက်နေ ၀၆၃၅အချိန် ဘုရင့်နောင်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင် များ သည် မရမ်းကုန်းမြို့ နယ်၊ (၁)ရပ်ကွက်ရှိ
စိန် အကောင်း စား လက်ဖက်ခြောက်ပွဲရုံတွင် မီးလောင်းမှု 
ဖြစ်ပွားကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ပွဲရုံပိုင်ရှင်ဦးအောင်သိန်း၊ (ဘ)ဦးတင်အေးသည် ၁၄.၉.၂၀၁၃ရက်နေ့ ၁၇၃၀အချိန်ခန့်တွင် ပွဲရုံအားပိတ်ပြီး လျှပ်စစ်မိန်းခလုတ်အား ချထားခဲ့သော်လည်း အသုံးပြုခဲ့သောမီးဖိုးအားမပိတ်ဘဲထားခဲ့ကြောင်း၊ ၁၆.၉.၂၀၁၃ရက်နေ့ ၀၆၀၀အချိန်ခန့်တွင် ပွဲရုံသို့ပြန်လည်ရောက်ရှိစဉ် မိန်းခလုတ်အားတင်၍ အသုံးပြုခဲ့ရာမှ ယခင်ရက်ကမပိတ်ဘဲထားခဲ့သော လျှပ်စစ်မီးဖိုးမှာ အပူရှိန်မြှင့်တက်လာပြီး အနီးရှိ INAS တံဆိပ်ပါ စားအုန်းဆီဖာ(၁၂)ဖာနှင့် ထပ်ခိုးတို့အား မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပြီး ပတ်ဝန်းကျင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှရောက်ရှိ
မီးငြိမ်းသတ်ခဲ့၍ ၀၆၄၈အချိန်တွင် မီးငြိမ်းသွားခဲ့သွားခဲ့ပါသည်။ 

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၆၆၀၀၀)ခန့်ရှုံးဆုံးသွားခဲ့သဖြင့် လျှပ်စစ် မီးအားပေါ့ဆစွာ အသုံးပြုသူ ဦးအောင်သိန်းအား ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၃၃၇/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၆.၉.၂၀၁၃ရက်နေ ၀၆၃၅အချိန် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ သည် မရမ်းကုန်းမြို့ နယ်၊

ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင် တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း

Photo: ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင်
တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း
Monday, September 16, 2013

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ဆုံ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြု
တဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်
ရွက်ပေးပါတယ်။

အထက် အကြီးအကဲတွေကလဲ ဒီကိစ္စကို အလေးဂရုပြုပြီး ကိုယ်တိုင်သွား
ရောက်တွေ့ဆုံဖို့၊ ပြောဖို့ ဆိုဖို့ ဖျောင်းဖျဖို့ ပြောတယ်။ အဲဒါနဲ့ ဟင်္သာတကိုရောက်ခဲ့တာပါ။ ဆရာ ဝန်နဲ့ဆေးစစ်တာ ခဏစောင့်ပြီး တော့ နံနက်၁၁နာရီ ၁၅မိနစ်မှာ စတွေ့ပြီး အကျဉ်းဌာနရဲ့လုပ်ထုံး လုပ်နည်းတွေ ရှင်းလင်းပြောပြီး တော့မှ သူတို့ရဲ့စိတ်ခံစားချက် တွေကို နားထောင်ပါတယ်။ နား ထောင်ပြီး ဖျောင်းဖျပြောဆိုတဲ့ အခါမှာ သူတို့က မွန်းလွဲ၁နာရီ မှာ ပြန်ပြီးတော့ ရုပ်သိမ်းသွားပါ တယ်''ဟု အကျဉ်းဦးစီးဌာန တာ ဝန်ရှိသူအရာရှိတစ်ဦးက ပြော သည်။

ဟင်္သာတအကျဉ်းထောင် အတွင်း ထောင်ချုပ် ကျခံရသူ ဦးခင်မောင်မြင့်၊ ဦးဝေဖြိုးသန်း၊ ဦးမျိုးမင်းနှင့် ဦးဝင်းနိုင်တို့ လေးဦး က အစာငတ်ခံဆန္ဒပြမှုအား စက် တင်ဘာ၁၄ရက် ညနေ၃နာရီခွဲခန့် မှစတင်ခဲ့ကာ တိုင်းဒေသကြီးအ ကျဉ်းဦးစီးဌာနရုံး ညွှန်ကြားရေး မှူး ဦးမင်းစိုးမှ ကိုယ်တိုင်လာ ရောက်တွေ့ဆုံ၍ အကျဉ်းဦးစီး ဌာန၏ဥပဒေ၊ ညွှန်ကြားချက်၊ လုပ် ထုံးလုပ်နည်းတို့ကို ရှင်းလင်းပြော ဆိုခဲ့ပြီး ကာယကံရှင်များ၏ စိတ် ခံစားချက်ကို ကြေညာလွှာအဖြစ် အထက်အဆင့်သို့ တင်ပြရန်ညှိ နှိုင်းရရှိမှုကြောင့် စက်တင်ဘာ ၁၅ရက် မွန်းလွဲ၁နာရီတွင် အစာ ငတ်ခံဆန္ဒပြမှု ရုပ်သိမ်းခဲ့ခြင်းဖြစ် သည်။

ယင်းအကျဉ်းဦးစီးဌာနအ ရာရှိကြီးက ''အကျဉ်းထောင်မှာ နေ့
တိုင်းထောင်ဖွင့်တဲ့အချိန် နံနက်၊ ညနေ ထောင်ပိတ်တဲ့အချိန်ရှိပါ တယ်။ အဲဒီအချိန်တွေမှာ ဘယ် အကျဉ်းသားမဆို သူတို့တင်ပြချင် တာတွေကို တာဝန်ရှိသူထံ တင်ပြ လို့ရပါတယ်။ တင်ပြတာတွေကို လဲ တာဝန်ရှိသူက နားထောင်ပြီး အထက်ကို ပြန်တင်ပြရပါတယ်။ နောက်တစ်ခါ တနင်္လာနေ့ တန်းစီ တိုင်း တာဝန်ခံအရာရှိထောင်မှူး က အကျဉ်းသားအားလုံးနဲ့ တွေ့ ရပါတယ်။ အဲဒီမှာလဲ ဘာတင်ပြ စရာရှိလဲ တင်ပြလို့ရပါတယ်။ ဒီလို ပဲအခါ အားလျော်စွာ အထက် အဆင့်တွေလာခဲ့ရင်လဲ တွေ့ဆုံ တဲ့အခါ တင်ပြလို့ရပြီးသားပါ။

ဒီတင်ပြတာတွေကို အချိန်နဲ့တစ် ပြေးညီ တင်ပြပေးရတာပဲ။ ဒီလို အစာငတ်ခံဆန္ဒပြတာတော့ အ ကျဉ်းထောင်ဥပဒေကို ချိုးဖောက် ရာရောက်တာပေါ့။ ဒီလိုဆန္ဒပြ တော့လဲ သူ့ရဲ့ဆန္ဒကိုပိတ်ပင်လို့ မရဘူး။ ဒီနေ့လို ဆွေးနွေးတဲ့အခါ မှာအဆင်ပြေပါတယ်။ ဆန္ဒပြတဲ့ အကြောင်းကလဲ အကျဉ်းထောင် နဲ့ မပတ်သက်ပါဘူး။ အမှုကိစ္စနဲ့ ဆက်နွှယ်တာပါ။ ဆန္ဒပြမှုရပ်ဆိုင်း အပြီးမှာ သူတို့ကိုယ်တိုင်တင်ပြ ခွင့်ရသွားပါပြီ။ ပြီးရင် လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်ပြီး အချုပ်သားရဲ့ ရပိုင်ခွင့်တွေ ပြန် ရမှာဖြစ်ပါတယ်။ လက်ရှိက အေး အေးချမ်းချမ်းပါပဲ။ ကျန်းမာရေး အခြေအနေလဲ ကောင်းပါတယ်'' ဟု ရှင်းပြသည်။

Yangon Media Group
ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ ဆုံ ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြုတဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင် ရွက်ပေးပါတယ်။

ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင် တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း

Photo: ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင်
တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း
Monday, September 16, 2013

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ဆုံ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြု
တဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်
ရွက်ပေးပါတယ်။

အထက် အကြီးအကဲတွေကလဲ ဒီကိစ္စကို အလေးဂရုပြုပြီး ကိုယ်တိုင်သွား
ရောက်တွေ့ဆုံဖို့၊ ပြောဖို့ ဆိုဖို့ ဖျောင်းဖျဖို့ ပြောတယ်။ အဲဒါနဲ့ ဟင်္သာတကိုရောက်ခဲ့တာပါ။ ဆရာ ဝန်နဲ့ဆေးစစ်တာ ခဏစောင့်ပြီး တော့ နံနက်၁၁နာရီ ၁၅မိနစ်မှာ စတွေ့ပြီး အကျဉ်းဌာနရဲ့လုပ်ထုံး လုပ်နည်းတွေ ရှင်းလင်းပြောပြီး တော့မှ သူတို့ရဲ့စိတ်ခံစားချက် တွေကို နားထောင်ပါတယ်။ နား ထောင်ပြီး ဖျောင်းဖျပြောဆိုတဲ့ အခါမှာ သူတို့က မွန်းလွဲ၁နာရီ မှာ ပြန်ပြီးတော့ ရုပ်သိမ်းသွားပါ တယ်''ဟု အကျဉ်းဦးစီးဌာန တာ ဝန်ရှိသူအရာရှိတစ်ဦးက ပြော သည်။

ဟင်္သာတအကျဉ်းထောင် အတွင်း ထောင်ချုပ် ကျခံရသူ ဦးခင်မောင်မြင့်၊ ဦးဝေဖြိုးသန်း၊ ဦးမျိုးမင်းနှင့် ဦးဝင်းနိုင်တို့ လေးဦး က အစာငတ်ခံဆန္ဒပြမှုအား စက် တင်ဘာ၁၄ရက် ညနေ၃နာရီခွဲခန့် မှစတင်ခဲ့ကာ တိုင်းဒေသကြီးအ ကျဉ်းဦးစီးဌာနရုံး ညွှန်ကြားရေး မှူး ဦးမင်းစိုးမှ ကိုယ်တိုင်လာ ရောက်တွေ့ဆုံ၍ အကျဉ်းဦးစီး ဌာန၏ဥပဒေ၊ ညွှန်ကြားချက်၊ လုပ် ထုံးလုပ်နည်းတို့ကို ရှင်းလင်းပြော ဆိုခဲ့ပြီး ကာယကံရှင်များ၏ စိတ် ခံစားချက်ကို ကြေညာလွှာအဖြစ် အထက်အဆင့်သို့ တင်ပြရန်ညှိ နှိုင်းရရှိမှုကြောင့် စက်တင်ဘာ ၁၅ရက် မွန်းလွဲ၁နာရီတွင် အစာ ငတ်ခံဆန္ဒပြမှု ရုပ်သိမ်းခဲ့ခြင်းဖြစ် သည်။

ယင်းအကျဉ်းဦးစီးဌာနအ ရာရှိကြီးက ''အကျဉ်းထောင်မှာ နေ့
တိုင်းထောင်ဖွင့်တဲ့အချိန် နံနက်၊ ညနေ ထောင်ပိတ်တဲ့အချိန်ရှိပါ တယ်။ အဲဒီအချိန်တွေမှာ ဘယ် အကျဉ်းသားမဆို သူတို့တင်ပြချင် တာတွေကို တာဝန်ရှိသူထံ တင်ပြ လို့ရပါတယ်။ တင်ပြတာတွေကို လဲ တာဝန်ရှိသူက နားထောင်ပြီး အထက်ကို ပြန်တင်ပြရပါတယ်။ နောက်တစ်ခါ တနင်္လာနေ့ တန်းစီ တိုင်း တာဝန်ခံအရာရှိထောင်မှူး က အကျဉ်းသားအားလုံးနဲ့ တွေ့ ရပါတယ်။ အဲဒီမှာလဲ ဘာတင်ပြ စရာရှိလဲ တင်ပြလို့ရပါတယ်။ ဒီလို ပဲအခါ အားလျော်စွာ အထက် အဆင့်တွေလာခဲ့ရင်လဲ တွေ့ဆုံ တဲ့အခါ တင်ပြလို့ရပြီးသားပါ။

ဒီတင်ပြတာတွေကို အချိန်နဲ့တစ် ပြေးညီ တင်ပြပေးရတာပဲ။ ဒီလို အစာငတ်ခံဆန္ဒပြတာတော့ အ ကျဉ်းထောင်ဥပဒေကို ချိုးဖောက် ရာရောက်တာပေါ့။ ဒီလိုဆန္ဒပြ တော့လဲ သူ့ရဲ့ဆန္ဒကိုပိတ်ပင်လို့ မရဘူး။ ဒီနေ့လို ဆွေးနွေးတဲ့အခါ မှာအဆင်ပြေပါတယ်။ ဆန္ဒပြတဲ့ အကြောင်းကလဲ အကျဉ်းထောင် နဲ့ မပတ်သက်ပါဘူး။ အမှုကိစ္စနဲ့ ဆက်နွှယ်တာပါ။ ဆန္ဒပြမှုရပ်ဆိုင်း အပြီးမှာ သူတို့ကိုယ်တိုင်တင်ပြ ခွင့်ရသွားပါပြီ။ ပြီးရင် လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်ပြီး အချုပ်သားရဲ့ ရပိုင်ခွင့်တွေ ပြန် ရမှာဖြစ်ပါတယ်။ လက်ရှိက အေး အေးချမ်းချမ်းပါပဲ။ ကျန်းမာရေး အခြေအနေလဲ ကောင်းပါတယ်'' ဟု ရှင်းပြသည်။

Yangon Media Group
ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ဆုံ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြုတဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ပေးပါတယ်။

သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ

Photo: သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ
ပြန်လည်ပြေးဆွဲ
Monday, September 16, 2013

သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရရက်မှစပြီး
ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။

မိုးတွင်းကာလတွင် ရာသီ ဥတုအခြေအနေကြောင့် သုံးလ ခန့် ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင်အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။''ရာသီဥတု
အပေါ်မှာပဲ မူ တည်ပါတယ်။ ရာသီဥတုမကောင်း ရင်ပြန်နားရတာပါပဲ''ဟု ၎င်းက ဆိုသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၅ မိုင်နှင့်အထက်ဖြစ်ပါ က အမြန်ရေယာဉ်
ခရီးစဉ်များ ကို ရပ်နားရပြီး တစ်နာရီ လေ တိုက်နှုန်း မိုင် ၃ဝခန့်ရှိမှ ပြန်
လည် ပြေးဆွဲပေးသည်ဟု အမြန်ရေ ယာဉ်အသိုင်းအဝိုင်းမှ သိရသည်။

ကမ်းရိုးတန်း အမြန်ရေယာဉ် များသည် မိုးရာသီတွင်နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။မြိတ်-ထားဝယ် ခရီးစဉ်အ တွက် ကျပ် ၁၃၀၀၀၊ မြိတ်-ကော့ သောင်းကို ကျပ် ၂၇၀၀၀ နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ် အတွက် ကျပ် ၄၀၀၀၀ သတ်မှတ် ထားသည်။မြိတ်တွင် အမြန်ရေယာဉ်
လိုင်းသုံးလိုင်းရှိပြီး မြိတ်-တ နင်္သာရီမြို့ အမြန်ရေယာဉ် နေ့ ချင်းပြန် သုံးစင်းရှိသည်။

Yangon Media Group
သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရရက်မှစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။

၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

Photo: ၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင် 
Monday, September 16, 2013

အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို သတ်သေ ခဲ့မှုတစ်ခု ဒဂုံတောင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက် က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင် ထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ထို့ကြောင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့ရာ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ဖြစ်ပြီး နေအိမ်အောက်ထပ် ဧည့်ခန်းအတွင်း အမြင့်ခြောက်ပေကျော်ရှိသော ထုတ်တန်းတွင် အစိမ်းရောင် ပလစ် စတစ်ကြိုး ကို လည်ပင်းတွင်ကြိုးကွင်းစွပ်ပြီး ဒူးထောင်လျက် အနေအထားဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

ပတ်ဝန်းကျင်ရှိသူများအား စစ်ဆေးရာတွင် ၎င်းအမျိုးသား သည် နေ အိမ်အောက်ထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်ဟု ကနဦး စစ်ဆေး ချက်များအရ သိရှိထားရသည်ဟုဆိုသည်။ အလောင်းကို စစ်ဆေးရာတွင်လည်း အခြားပြင်ပဒဏ်ရာများ မတွေ့ရှိသဖြင့် မြောက် ဥက္ကလာပဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုကို အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟုတ်၊ မဟုတ် ဆက်လက်စစ်ဆးမည်ဖြစ်သဖြင့် မြို့နယ်ရဲ စခန်းက သေမှုသေခင်း အမှတ်စဉ် ၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူး အောင်ဆန်းဦးက စစ်ဆေးနေကြောင်း ရဲဌာနကထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို သတ်သေ ခဲ့မှုတစ်ခု ဒဂုံတောင်မြို့ နယ်တွင် စက်တင်ဘာ ၁၄ ရက် က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် သည်။

မိတ္ထီလာ ညမထွက်ရအမိန့် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိသို့ ပြင်

Photo: မိတ္ထီလာ ညမထွက်ရအမိန့် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိသို့ ပြင် 
Monday, September 16, 2013

မိတ္ထီလာမြို့၏ အခြေအနေ တည်ငြိမ်အေးချမ်းလာ၍ ညမထွက်ရ အမိန့်ကို စက်တင် ဘာလ ၁၅ ရက်ညမှ စတင်၍ ည ၁၁ နာရီမှ နံနက် ၄ နာရီသို့ ပြင် ဆင် သတ်မှတ်ပေးလိုက်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။

မိတ္ထီလာမြို့တွင် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော ယခုနှစ် မတ်လ ၂၀ ရက်မှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ညမထွက်ရ အမိန့်ကို ည ၇ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ခဲ့သော်လည်း မြို့၏ အခြေအနေ တည်ငြိမ် လာမှုပေါ် မူတည်၍ ညမထွက်ရ အမိန့်ကို တစ်နာရီစီ နောက်ဆုတ်ခဲ့ရာမှ ယခုကဲ့သို့ ည ၁၁ နာရီအထိ ရောက်ရှိလာကြောင်း၊ ယနေ့ည စက်တင် ဘာလ ၁၅ ရက်ညတွင် မြို့နေလူထု သိရှိစေရန် မြို့တွင်းသို့ အသံချဲ့စက်ဖြင့် လှည့် လည် ကြေညာပေးမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်၊

“ည ၁၀ နာရီ အထိတုန်းက ခရီးသွားတွေ အတွက်ကတော့ အခက် အခဲလေးတွေ ရှိပါတယ်။ တခြားမြို့က မိတ္ထီလာကို ဝင်လာတဲ့ ခရီးသည် တင်ကားတွေက အကြောင်း အမျိုးမျိုးကြောင့် မြို့ဝင် နောက်ကျတာတွေ ရှိပါတယ်။ ၁၀ နာရီထိုးကာနီးမှ ကားကွင်းထဲကို ကားရောက်လာရင် မြို့အစွန် ရပ်ကွက်တွေ မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာကို ပြန်ချင်သူတွေ အနေနဲ့ အခက်အခဲလေးတွေ ရှိပါတယ်။ အဲဒီအချိန်ကျမှ တည်းခိုခန်း သွားရင်လည်း အဆင်မပြေကြဘူး။ ကားကွင်းထဲမှာ မနက် ၄ နာရီအထိ စောင့်ကြရတယ်၊ အခုလို နောက်ဆုတ်ပေးလိုက်ခြင်းအားဖြင့် သွားလာရေးမှာ ပိုပြီးအဆင်ပြေလာမှာ သေချာပါတယ်” ဟု သီရိမင်္ဂလာ ရပ်ကွက်ရှိ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးတွင် နေထိုင်သော ဦးစိုးဝင်းက ဆိုသည်။

မိတ္ထီလာမြို့မဈေးတွင် မတ်လ ၂၀ ရက်နေ့က ရွှေဆံကုတ် ရောင်းရာမှ ဖြစ် ပွားသော ပဋိပက္ခကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

The Voice Weekly
မိတ္ထီလာမြို့၏ အခြေအနေ တည်ငြိမ်အေးချမ်းလာ၍ ညမထွက်ရ အမိန့်ကို စက်တင် ဘာလ ၁၅ ရက်ညမှ စတင်၍ ည ၁၁ နာရီမှ နံနက် ၄ နာရီသို့ ပြင် ဆင် သတ်မှတ်ပေးလိုက်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။

မိုင်းဖြတ်မြို့နယ် တွင် ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဆွပ်ပလောင်း ကျေးရွာအနီး ၊ ကျိုင်းတုံ - တာချီလိတ် ကား လမ်း  မိုင်တိုင်အမှတ် ၅၅ ကီလိုမီတာနှင့် ၅၆ ကီလိုမီတာ အကြားတွင် စက်တင်ဘာ ၁၄ ရက်နံနက် ၁ဝ နာရီခွဲ အချိန်ခန့်က ကျိုင်းတုံမှ တာချီလိတ်သို့ ယာဉ်အမှတ် ၇က/၄၃၇၈ Light Turck အမျိုးအစား ယာဉ်သည် အရှိန်လွန်ကာလမ်း၏ လက်ယာဘက် ပေ ၅ဝ ခန့် အနက်ရှိ နမ့်လုံချောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့သဖြင့် အမျိုးသား  ၂ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၉ ဦးသေဆုံပြီး ၁၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ်ရှိ  ကျေးရွာများမှ ခရီးသည် ၂၁ ဦးနှင့် ယာဉ်မောင်း ဦးကြည်ဝင်း ၊ ယာဉ်နောက် လိုက် မိုးသက်တင်  စုစုပေါင်း ၂၃ ဦးဖြင့် တာချီလိတ်မြို့သို့ အလုပ်လုပ်ရန် ထွက်ခွာလာခဲ့ရာ အဆိုပါ နေ ရာ တွင် အရှိန်လွန်၍ လမ်းဘေးချောင်း အတွင်းထိုးကျ တိမ်းမှောက် ခဲ့ခြင်း ဖြစ်သည်။

အခင်း ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများ ၊ နယ်မြေခံ တပ်မတော် ဆေး ရုံမှ ဆေးကုသရေး အဖွဲ့ဝင်များ ၊ မိုင်းဖြတ် ခရိုင် ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ၊ နယ်မြေ ခံ ပြည်သူ့စစ်များ ၊ လူမှုကူညီရေးအဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်၍ ရှေးဦးသူနာပြု လုပ်ငန်း များ ဆောင်ရွက် ပေးပြီး နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင်  မိုင်းဖြတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ သည်။

အဆိုပါ နေရာတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၈ ဦး သေ ဆုံးပြီး မိုင်းဖြတ် ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှုများ ဆောင်ရွက် ပေးနေစဉ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံး ခဲ့သည်။ဆေးရုံ တက်ရောက် ကုသနေသော လူနာများ အနက်မှ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး တစ် ဦးတို့မှာ ဦးခေါင်းဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ကျန်လူနာ များမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) များ အသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ကာ ခရီး သည်အား သေဆုံး/ ဒဏ်ရာရာ ရှိစေသူ ယာဉ်မောင်း ဦးကြည်ဝင်း  ၅၄ နှစ် (ဘ) ဦးဒွေး ၊ ကသစ်ပင်ရပ်ကွက် ၊ ဆည်တိုရွာ ၊ မလှိုင်မြို့နယ် နေသူ အား မိုင်းဖြတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၁/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃ဝ၄(က) ၊ ၃၃၇ ၊ ၃၃၈ ဖြင့် ရဲအုပ် ကိုကိုအောင် က အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady

မယ်တော် ဆေးခန်း ဆက်လက် လည်ပတ်နိုင်ရေး ခက်ခဲနေ

Photo: မယ်တော် ဆေးခန်း ဆက်လက် လည်ပတ်နိုင်ရေး ခက်ခဲနေ
Monday, September 16, 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော် ဆေးခန်းသည် နေရာ
ပြောင်းရွှေ့ရန်ရှိပြီး ဆေးခန်း ပုံမှန် ဆက်လက် လည်ပတ်နိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

မယ်တော်ဆေးခန်းကို ပြီးခဲ့သည့် သြဂုတ်လအတွင်း သြစတြေးလျနိုင်ငံက ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် ဆစ်ဒနီ ငြိမ်းချမ်း ရေး ဆုရှင် ဒေါက်တာ စင်သီယာမောင် ဦးစီး ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင် အနေဖြင့် မယ်တော် ဆေးခန်း ပုံမှန် လည်ပတ်ရေး အခက်အခဲများ နေ့စဉ်နှင့်အမျှ ရုန်းကန် နေ ရလျက်ရှိရာ လွန်ခဲ့သည့် ဇူလိုင်လအတွင်းကလည်း သြစတြေးလျနိုင်ငံ အကူအညီပေးရေး ရန်ပုံငွေ အဖွဲ့(AusAid) မှ မယ်တော်ဆေးခန်းကို တိုက်ရိုက် ထောက်ပံ့နေသည့် ရန်ပုံငွေလည်း ဖြတ်တောက် ခံခဲ့ရသည်။

“သြစတြေးလျက ရန်ပုံငွေကတော့ ကျမတို့ စာချုပ်သက်တမ်းက ဒီ ၂၀၁၃ အထိပဲ ရှိတော့၊ ဒီ ၂၀၁၃ ပြီးတဲ့နောက်ပိုင်းမှာ စာချုပ် ၂ နှစ်သက်တမ်းက ပြီးပြီပေါ့၊ ကျမတို့နဲ့တော့ စာချုပ်သက်တမ်း ပြည့်သွားပြီပေါ့နော်။ ထပ်ပြီးတော့ မတိုးတော့ဘူး” ဟု ဒေါက်တာ စင်သီယာမောင်က ဧရာဝတီကို ပြောသည်။

သြစတြေးလျနိုင်ငံက မယ်တော်ဆေးခန်းအား တိုက်ရိုက်ထောက်ပံ့မှု မရှိတော့သော်လည်း ဒုက္ခသည်များ နေရပ်ပြန်ရေး အပေါ် အာရုံစိုက်၍ ရန်ပုံငွေထောက်ပံ့မှု ဆက်လက်ရှိကြောင်းသူက ဆက်ပြောသည်။

မယ်တော် ဆေးခန်းသည် နှစ်ပေါင်း ၂၅ နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြား ကျန်းမာရေး အကူအညီလိုအပ်နေသူများကို ကျန်းမာရေးနှင့် အရေးပေါ် စောင့်ရှောက် မှုလုပ်ငန်းများကို အခမဲ့ လုပ်ကိုင် ပေးနေသည့် ဆေးခန်းဖြစ်သည်။

ယခု မယ်တော်ဆေးခန်း တည်ရှိရာ မြေသည် ကိုယ်ပိုင်မြေ မဟုတ်၍ အဆောက်အအုံ ပြန်လည်မွမ်းမံ ပြင်ဆင်ရေး အတွက် အခက်အခဲရှိပြီး လက်ရှိနေရာမှ ပြောင်းရွှေ့ရမည်လည်း ဖြစ်သည်။

“ကိုယ်ပိုင်မြေ မဟုတ်တော့လည်း အဆောက်အအုံတွေ ပြင်ဆင်မွမ်းမံ
ဖို့ကအစ ကောင်းမွန်အောင် ပြန်လုပ်ဖို့က နည်းနည်း အခက်အခဲရှိတော့၊ ကျမတို့ အခု လက်ရှိဆေးခန်းကနေ ၀ယ်ထားတဲ့၊ ကျန်းမာရေး ၀န်ထမ်းတွေကို သင်တန်းပေးတဲ့ နေရာ ဘက်ကို ပြန်ရွှေ့မယ်။ ဒါပေမယ့် ရပ်ကွက်ကတော့ တရပ်ကွက်တည်းမှာပါပဲ”ဟု ဒေါက်တာ စင်သီယာမောင် က ဆိုသည်။

ဆေးခန်းနေရာသစ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ခန့်မှန်းခြေ ဘတ်ငွေ သန်း ၂၀ မျှ ကုန်ကျမည် ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရကလည်း အမေရိကန်ဒေါ်လာ ၉ သိန်းကျော် (ထိုင်း ဘတ်ငွေ ၃ သန်း) ကို ထောက်ပံ့ကူညီ ထားကာ လတ် တလော၌ ရန်ပုံငွေ တ၀က်ခန့် ရရှိထားသည်ဟုလည်း သူက ဆက်ရှင်းပြသည်။

“ကျမတို့ လိုအပ်မှုရဲ့ ငွေပမာဏရဲ့ တ၀က်လောက်တော့ ရပါပြီ။ ကျမတို့က ဘတ်ငွေ သန်း ၂၀ လောက်တော့ မှန်းထားတဲ့ အပေါ်မှာတော့ အခု ၁၀ သန်း လောက်တော့ ဒီ အဆောက်အအုံ နေရာအတွက်တော့ ရပြီးပြီပေါ့။ ကျန်တဲ့ ၁၀ သန်းကတော့ နောက်ထပ် ၂ နှစ်ဖြစ်ဖြစ်၊ ၃ နှစ်ဖြစ်ဖြစ် ဆက်ပြီးတော့ အကူအညီ ဆက်ရှာရမှာပေါ့”ဟု ဒေါက်တာ စင်သီယာမောင် က ဆို သည်။

ထို့အပြင် မယ်တော်ဆေးခန်း အနေဖြင့် လက်ရှိ ရန်ပုံငွေ လျော့နည်းလာမှု
များကြောင့် လည်ပတ်နိုင်ရေး အတွက် အလှူရှင်များ ဆက်လက် ရှာဖွေသွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒီ ၂၀၁၄ မှာလည်း ကျမတို့ ရန်ပုံငွေကတော့ နည်းသွားနိုင်တယ်”ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မယ်တော်ဆေးခန်းတည်ရှိရာ
မြေပိုင်ရှင်ဖြစ်သော မေတ္တာ သန်မာရာ့ခ် ဖောင်ဒေးရှင်း (Metta Thammarak Foundation) က ပြီးခဲ့သည့် မယ်တော်ဆေးခန်း မြေနေ
ရာတချို့ကို ရဲအရာရှိကြီး တဦးထံ ရောင်းချခဲ့သည့် သတင်းလည်း ပေါ်
ထွက်ခဲ့သည်။

ယခု ဆေးခန်း မြေနေရာ ပြောင်းရွှေ့ရမှုသည် အဆိုပါကိစ္စနှင့် ဆက်စပ်ခြင်း ရှိ မရှိ ဧရာဝတီက မေးမြန်းရာ ဒေါက်တာ စင်သီယာမောင်က  “အဲဒီမြေကြီး
က သပ်သပ်ပါပဲ၊ အခု ရှိတဲ့ မြေကြီး က ဆက်စပ်မှုတော့ ရှိတယ်၊ ဒါပေမယ့်လို့ အဲဒီကိစ္စ က သပ်သပ်ပေါ့”ဟု ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

လွန်ခဲ့သည့် လအနည်းငယ်က သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် အစိုးရ၀န်ကြီးတချို့က ဒေါက်တာ စင်သီယာမောင် နှင့် တွေ့ဆုံပြီး မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံနယ်မြေ အတွင်း လာရောက် ဖွင့်လှစ်ရန်
ပြောဆို ကမ်းလှမ်းခဲ့ဖူးသည်။

အဆိုပါ သတင်းကြောင့် မယ်တော် ဆေးခန်း မြ၀တီမြို့တွင် ဖွင့်လှစ်မည်ကို စိုးရိမ်မှုများရှိကြကြောင်း လူနာရှင်များက ပြော ဆိုကြသည်။

“ဟို မြ၀တီဘက်ကမ်းကို ဆရာမရဲ့ ဆေးခန်းပြောင်းလိုက်ရင် လူနာတွေရဲ့ လုံခြုံရေးအတွက် မြ၀တီဘက်က အာမ မခံနိုင်ပါဘူး။ အဓိက အဲဒီဘက်
မှာက စစ်တပ်နဲ့ တခြား လက်နက်ကိုင်တွေကို ကြောက်နေရတာတွေ ရှိတယ်လေ”ဟု မယ်တော် ဆေး ခန်းတွင် လာရောက် ဆေးကုသနေသည့် လူနာရှင်တဦးက ပြောသည်။

ဒေါက်တာ စင်သီယာမောင်ကမူ မြ၀တီမြို့တွင် ခုတင် ၅၀ ဆန့် ဆေးရုံ
ရှိထားပြီးဖြစ်ပြီး ခုတင် ၁၀၀ တိုးမြှင့်ရန် ပြင်ဆင်နေ လျက်ရှိကာ ထိုင်း ကျန်းမာရေး ဌာန ထိုင်းဆေးရုံတို့နှင့် ချိတ်ဆက်ဆောင်ရွက်သည်ဟု သိရ၍ မြ၀တီမြို့သို့ မယ်တော် ဆေး ခန်း ပြောင်းရွှေ့ရန် မရှိကြောင်း
ပြောဆိုသည်။

“လက်ရှိ အထိတော့ ကျမတို့ ဆီကို ဆေးလာကုတဲ့ လူနာရဲ့ ၅၀ ရာခိုင်နှုန်းက ပြည်တွင်းကဖြစ်တော့ ပြည်တွင်းမှာ ရှိတဲ့ ဆေးရုံဆေး
ခန်းတွေမှာ လက်လှမ်းမီအောင် ငွေရေး၊ ကြေးရေးအရ ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေးအရ ဖြစ်စေ၊ ဘာသာ စကားအရ ဖြစ်စေ အဟန့်အတားလေးတွေတော့ ရှိတာပေါ့”ဟု ဒေါက်တာ စင်သီယာမောင် က ပြောသည်။

မယ်တော်ဆေးခန်းသည် တပ်မတော်အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံမှ လူနာများ ဆေးကုသရာ နေရာ တခုလည်း ဖြစ်ပြီး
ဆေးရုံ၊ ဆေးခန်းသဘာဝ ရန်သူ မရှိကြောင်းလည်း ဒေါက်တာ စင်သီယာမောင် က ဆက်ရှင်းပြသည်။

“ဒီမှာကျတော့ ကျမတို့ဆီကိုလာတဲ့ လူနာမှာလည်း စစ်သားပေါင်းစုံ ပါတာပေါ့။ သူတို့ မိသားစုတွေလည်း ဒီမှာ လာဆုံ ကြ တာပေါ့ နော်။ ကရင်ပဲဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် အားလုံးကလည်း ဒီမှာလာပြီး
ဆေးလာကုတော့ မိသားစုတွေလည်း ဒီမှာပဲ ဆုံကြတာပဲလေ”ဟု သူက ဆိုသည်။

ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် တိုက်ရိုက်ဆေးကု
သခြင်း၊ ဆေးသင်တန်းများ ပေးခြင်း၊ လူနာ လွှဲပြောင်းခြင်း၊ ပညာရေး စသည့် ကဏ္ဍများကို လုပ်ကိုင်နေခြင်းဖြစ်သည်။ ယင်းကဏ္ဍများ လည်ပတ်ရန် တနှစ်အတွက် စုစုပေါင်း ရန်ပုံငွေ ဘတ် သန်း ၁၀၀ ခန့်နှင့် ရုန်းကန်နေရပြီး နယ်စပ် ဒေသများရှိ မိတ်ဖက် အဖွဲ့အစည်းများကို ပံ့ပိုးမှုလည်း ပါဝင်ကြောင်း၊ တိုက်ရိုက်ဆေးကုသမှု အတွက် ဘတ် သန်း ၇၀ ကုန်ကျစရိတ် ရှိကြောင်း သိရသည်။

“ရန်ပုံငွေ ရရှိတဲ့အပေါ် မူတည်ပြီး တချို့လုပ်ငန်းတွေကို လျှော့တာတို့ ဘာတို့ လုပ်ရတယ်။ လိုအပ်ချက်က သန်း ၁၀၀ လောက်ရှိတယ်။ ၉၅ သန်းလောက်ပဲ ရတယ်ဆိုရင် တချို့လုပ်ငန်းတွေကို ရွှေ့ဆိုင်းရတာ
တို့ လျှော့လိုက်ရတာတို့ ရှိတယ်ပေါ့” ဟု ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

မယ်တော်ဆေးခန်းသည် နေ့စဉ် တနေ့လျှင် ကလေး ၁၅ ဦးအထိ ပုံမှန် မွေးဖွားပေးနေရပြီး လူ ၅၀၀ ကျော်ကိုလည်း တနေ့ ၂ ကြိမ် အစားအသောက်များ ကျွေးမွေး ပေးနေရသည်။

ထို့အပြင် လူနာ ၃၀၀ မှ ၄၀၀ အထိ နေ့စဉ်ကြည့်ရှု စစ်ဆေးပေးနေပြီး
နှစ်စဉ် အနည်းဆုံး လူနာပေါင်း ၇ သောင်း ခွဲနှင့် ကျန်းမာ ရေး
ပြဿနာပေါင်း ၁ သိန်းကျော်ကို အခမဲ့ ၀န်ဆောင်မှုများ ပေးနေသည်။

မယ်တော်ဆေးခန်းကို ဦးဆောင်နေသည့် ဒေါက်တာ စင်သီယာမောင်သည် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရီမွန်မက်ဆေးဆေး ဆု၊ အမေရိကန်
ပြည်ထောင်စု National Endownment for Democracy – NED မှ ချီးမြှင့်သော လူ့အခွင့်အရေးဆု အပါအ၀င် ဆုများစွာ ကို ရရှိထားပြီး သြစတြေးလျနိုင်ငံမှ ချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၅ သောင်း နှင့် အတူ ယခုနှစ်အတွက် ဆစ်ဒနီ ငြိမ်းချမ်းရေး ဆုသည် နောက်ဆုံးရရှိသည့် ဆုဖြစ်သည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်
ပုံကြီးပြီးနောက် နယ်စပ်ဒေသသို့ ဒေါက်တာ စင်သီယာမောင် ရောက်
ရှိလာပြီး ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ပေးနိုင်ရေးအတွက် ထူထောင်ထားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ 
ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော် ဆေးခန်းသည် နေရာပြောင်းရွှေ့ရန်ရှိပြီး ဆေးခန်း ပုံမှန် ဆက်လက်လည်ပတ်နိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူ

Photo: ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူ
Monday, September 16, 2013

ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့် ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံပါသည် ...။

အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့်ရအောင် Shwedagon Media kit မှ ကုသိုလ်ယူ တင်ပေးလိုက်ပါသည်။

အံဖွယ် ၉ ဆူမှာ .....

၁။ ပတ္တမြားမျက်ရှင်

၂။ ၀ိဇ္ဇာဇော်ဂျီ

၃။ ရှင်စောပုဘုရား

၎။ ရှင်မထီးဘုရား

၅။ ရှင်အဇ္ဇဂေါဏဘုရား

၆။ ဆံတော်တွင်းရုပ်ပွားတော်

၇။ ဘိုးဘိုးအောင်ဂူဘုရား

၈။ ကကုသန္ဓဘုရား ( လက်ပက်လက် ဘုရား )

၉။ ပြဒါးရှင်ဘုရား

LIKE & Share လုပ်ခြင်းဖြင့် ကုသိုလ်ယူကြပါစို့

မိတ်ဆွေတို့ရေ -

လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံ အကြောင်း စုံစုံလင်လင် သိချင်ရင်
https://www.facebook.com/ShwedagonMediaKit
နှလုံးသား၏ ဓမ္မသံစဉ်
ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့် ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံပါသည် ...။

ငွေကျပ်သိန်း ထောင်ဂဏန်းရလျှင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း စတင်သွန်းလုပ်မည်

မြောင်းမြမြို့နယ် မြစိမ်းရောင်တောင် ရှေးဟောင်း သာသနာ့နယ်မြေ ရှိ မြတိဂုံ စေတီတော် ရင်ပြင်တော် တွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး အဖြစ် ထားရှိမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို အလှူငွေ ကျပ်သိန်းထောင်ဂဏန်းခန့် စတင်ရရှိလျှင် စတင်သွန်းလုပ် သွားမည် ဖြစ်ကြောင်း ခေါင်းလောင်း ကြီး ဖြစ်မြောက်ရေး ကော်မတီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးနေမျိုးဇော်က ပြောကြားသည်။

စလင်းမြို့ တပ်သိမ်းမြေများအတွက် ကာကွယ် ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာငါးခုသို့ စာတင်

စလင်း မြို့နယ်ရှိ ခလရ(၂၅၃)နှင့် (၂၅၄) တို့မှသိမ်းဆည်းထားသော လယ်ယာမြေများအား လယ်ယာမြေ ဥပဒေနှင့်အညီ ပြန်လည်လုပ် ပိုင်ခွင့်ချထားပေးရန် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီ စလင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုးမြင့်က ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင် ရာငါးခုသို့ စာတင်ထားကြောင်း သိရသည်။

အတ္တလနိ္တတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းဖြင့် ဖြတ်ကူးရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦး အောင်မြင်မှု မရှိဘဲ ရပ်ဆိုင်းခဲ့ရ

Photo: အတ္တလနိ္တတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းဖြင့် ဖြတ်ကူးရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦး အောင်မြင်မှု မရှိဘဲ ရပ်ဆိုင်းခဲ့ရ
Monday, September 16, 2013

အမေရိကန် နိုင်ငံမှ ဂျော်နသန် ထရပ်ပ်အမည်ရှိ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး သည် အတ်္တလနိ္တတ်သမုဒ်္ဒရာကို မိုးပျံပူဖောင်းဖြင့် ဖြတ်ကူး ၍ ဥရောပသို့ ခရီးနှင်ရန် ကြိုးပမ်း ခဲ့သော်လည်း ရာသီဥတု အခြေအနေ
ဆိုး ရွားသောကြောင့် အောင်မြင်မှု မရှိခဲ့ဘဲ ကနေဒါနိုင်ငံ နယူးဖောင်း လန်း ပြည်နယ် ၌ ဆင်းသက်ခဲ့ရပြီး ၎င်း၏ ကြိုးပမ်းမှုကို ရပ်ဆိုင်း ခဲ့ရကြောင်း အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။

ထရပ်ပ်သည် ယခင်က အင်္ဂလိပ်ရေ လက်ကြားနှင့် အဲလ်ပ်စ်တောင်ကြား ဒေသ ကို မိုးပျံ ပူဖောင်းနှင့် ဖြတ်ကူးခဲ့ဖူးကြောင်း၊ ယခု အကြိမ် တွင်လည်း အတ္တလန်္တိတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းနှင့် ဖြတ်ကူး၍ ဥရောပသို့ ခြောက်ရက်ကြာ သွားရောက် ရန် မျှော် မှန်း ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် အောင်မြင်မှု မရှိ ခဲ့ကြောင်း သိရသည်။

ထရပ်ပ်သည် အတ္တလနိ္တတ် သမုဒ္ဒရာကို ခက်ခက်ခဲခဲနှင့် မဖြတ်ကူးမီ စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းတွင် နယူးဖောင်းလန်း ပြည်နယ်၌ ဆင်းသက် ခဲ့ရပြီး ၎င်းခရီးစဉ်ကို ရပ်ဆိုင်း ခဲ့ခြင်း ဖြစ်သည်။ 

မြ၀တီ
အမေရိကန်နိုင်ငံမှ ဂျော်နသန်ထရပ်ပ်အမည်ရှိ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည်

အခွန်ရှောင်နည်းပြောပြပြီး ဘောက်ဆူးငွေယူသော အခွန်အကြံပေးအရာရှိ အလုပ်ဖြုတ်ခံရ

ဗြိတိသျှအစိုးရ၏ အခွန် အကြံပေး အရာရှိတစ်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်သည့် အ ကြောင်းမှာ ၎င်း၏ အခွန်မည်သို့ ရှောင်ရမည်ကို အကြံပေးနေသည့် လျှို့ဝှက်ရုပ်ရှင် ရိုက်ကူးထားခြင်းကို တွေ့ရှိခဲ့

ဆူမားတြားမီးတောင်ပေါက် လူထောင်ပေါင်းများစွာ ထွက်ပြေးရ

Photo: ဆူမားတြားမီးတောင်ပေါက် လူထောင်ပေါင်းများစွာ ထွက်ပြေးရ
Monday, September 16, 2013

အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူ များ၊ ပြာများသည် အနီးအနား ရွာများသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြားပြည် နယ်ကာရိုခရိုင်ရှိ ဆီနာဘန်မီး တောင်မှာ အရုဏ်မတက်မီအ ချိန်က ပြင်းထန်စွာပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

မီးတောင်၏ပတ်ပတ်လည် သုံးမိုင်ခန့်နေရာရှိ လူပေါင်း ၃၀၀၀ ကျော်အား ကယ်ဆယ်ခဲ့ ရပြီး ၎င်းတို့အားလုံးဘေးကင်း ကြသည်ဟု မြောက်ဆူမားတြား ဘေးဒုက္ခအေဂျင်စီခေါင်းဆောင် အက်စ်ရင်နာဆူရှင်းက AFP သို့ ပြောခဲ့သည်။လူများအား ရိုးရာပွဲများ ကျင်းပသည့်ခန်းမကြီးငါးခု၌ စု ဝေးထိန်းသိမ်းထားသည်ဟု ဆို သည်။ ကယ်ဆယ်ထားသူ ၃၇၁၀ ရှိသည်ဟု အမျိုးသားဘေးဒုက္ခ အေဂျင်စီမှ ဆူတိုပိုပါရိုနူဂရိုဟို က ပြောခဲ့သည်။

ယခုအကြိမ်သည် ဆီနာ ဘန်မီးတောင်ဒုတိယအကြိမ် ပေါက်ကွဲခြင်းဖြစ်ပြီး မကြာမီက လည်း ပေါက်ကွဲခဲ့သည်ဟုသိရ သည်။ မီးတောင်မှာ နှစ် ၁၀ဝမှ တစ်ကြိမ်ပေါက်ကွဲတတ်သော် လည်း ၂၀၁ဝပြည့်နှစ်က ဩဂုတ် နှင့်စက်တင်ဘာလများ၌ ပေါက် ကွဲခဲ့ဖူးရာ လူပေါင်း ၁၂၀၀၀ ထွက် ပြေးခဲ့ကြရသည်။အင်ဒိုနီးရှားမှာ မီးတောင် အရှင်ဒါဇင်ပေါင်းများစွာရှိပြီး ပစိဖိတ်နှင့် အင်ဒိုနီးရှားပင်လယ် ပြင်အကြား မီးကွင်း "Ring of Fire " ဒေသထဲ၌ ကျရောက်နေ သည့်ဒေသဖြစ်သည်။ဂျာဗားကျွန်းအလယ်ပိုင်း ကြီး မီရာပီမီးတောင်မှာ အများ ဆုံးပေါက်ကွဲသည့် မီးတောင် ဖြစ်ပြီး ၂၀၁ဝပြည့်နှစ်က ပေါက် ကွဲမှုကြောင့် လူ ၃၅ဝသေဆုံး ခဲ့ဖူးသည်။

Yangon Media Group
အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူများ၊ ပြာများသည် အနီးအနားရွာ များသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြားပြည် နယ်ကာ ရိုခရိုင်ရှိ ဆီနာဘန်မီး တောင်မှာ အရုဏ်မတက်မီအချိန်က ပြင်းထန် စွာပေါက်ကွဲ ခဲ့ ခြင်းဖြစ်သည်။

တီမောလက်စ်တေ နိုင်ငံ ဝန်ကြီးချုပ် နှင့်ဇနီး ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ

Photo: တီမောလက်စ်တေ နိုင်ငံ ဝန်ကြီးချုပ် နှင့်ဇနီး ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ
Monday, September 16, 2013

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ ရာလာ ဇာနာနာ ဂူစ်မာအို နှင့်ဇနီး မစ္စစ်ကာစ်တီ ဆဝဒ် ဂူစ်မာအိုနှင့် အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ် ကြီးအား သွားရောက်၍ လှည့်လည် လေ့လာကြသည်။

ထို့နောက် နံနက် ၁ဝ နာရီ ၂၅ မိနစ် တွင်လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီးနှင့် တာဝန် ရှိသူတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

မြ၀တီ
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး