Tuesday, 23 July 2013

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်

Photo: ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်
Tuesday, July 23, 2013

ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

မြ၀တီ
ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်တစ်ခုသည် စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက် အကူ ပြုကြောင်း ယခင်ကတည်းက သတ်မှတ်ထားကြသည်။

မန္တလေး တရားပွဲပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင်ဝီရသူမှ တရားဟောကြားနေစဉ် ပေါက်ကွဲမှုသည် လက်လုပ်ဗုံးပေါက်ကွဲမှုဟု မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ အစီရင်ခံတင်ပြစာတွင် ဖော်ပြထားသည်။

Monday, 22 July 2013

မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

Photo: မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ
Monday, July 22, 2013

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။
အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်

မြ၀တီ ကျန်းမာရေး
မာလကာသီးတစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ပါဝင်သည်။

ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်

ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ ဝဲအတွင်း ကျောက်ဆောင်ဖြင့် တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က ဖြစ်ပေါ်ခဲ့သည်။

သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

Photo: သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်
Monday, July 22, 2013

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင်
ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

ရန်ကုန်အသင်း၏ မြက်ခင်းတုကွင်းတွင် ကစားလိုခြင်း မရှိသောကြောင့် သုဝဏ္ဏကွင်းတွင် ကစားခဲ့ရသည့် ပထမ အကျော့တွင် နှစ်ဂိုးစီ သရေကျ ခဲ့သောကြောင့် အဝေးကွင်းလည်းဖြစ် ၂ နှစ် ဆက် ချန်ပီယံဟောင်း လည်း ဖြစ်ခဲ့ဖူးသည့် ရတနာပုံ အသင်း၏ အိမ်ကွင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း အနိုင် သုံးမှတ်အတွက် ရုန်းကန်ရမည်ဖြစ်သည်။

လက်ရှိ အချိန်၌ ၁၉ ပွဲ ကစားထားရာတွင် ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်သော်လည်း ဒုတိယ နေရာမှ နေပြည်တော် အသင်းက လေးမှတ် အကွာဖြင့် ဒုတိယအကျော့ ပွဲစဉ် တစ်လျှောက် ရန်ကုန် ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သောကြောင့် အမှားခံ၍ မရသည့် အနေအထားသို့ ရောက်ရှိနေသည်။

လက်ကျန် သုံးပွဲတွင် ရန်ကုန်အသင်းသည် ရတနာပုံအသင်းအပြင် ကစားရ ခက်သည့် မကွေး ယူနိုက်တက်နှင့် ကစားရမည် ဖြစ်သည်။ ရာသီပိတ် နောက်ဆုံး ပွဲစဉ်၌ ဒုတိယ နေရာက တောက်လျှောက် ဖိအားပေးထားနိုင်သည့် နေပြည်တော် အသင်း၏ ပေါင်းလောင်းကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပွဲကျပ် ကာလကို ရင်ဆိုင်နေရခြင်းဖြစ်ရာ အနည်းဆုံး နှစ်ပွဲ အနိုင်ရ မှသာ သုံးနှစ်ဆက်ချန်ပီယံဟူသော ဂုဏ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ် ကစားရမည့် အချိန်တွင် နေပြည်တော် အသင်းက ဇယား အောက်ဆုံးမှ ရခိုင် ယူနိုက်တက်အသင်း၊ ချန်ပီယံ လမ်းကြောင်းနှင့် ဝေးသွားပြီ ဖြစ် သည့် ဇေယျာရွှေမြေတို့နှင့် တွေ့ဆုံနေပြီး နောက်ဆုံး ပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်နှင့် သြဂုတ် ၄ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်များသည် ငွေကျပ် တစ်သောင်း ပေး သွင်း၍ မန္တလေးမြို့သို့ လိုက်ပါ အားပေးနိုင်ကြောင်း ရန်ကုန် ယူနိုက်တက် အသင်းက ဖိတ်ခေါ်ထားရာ ရတနာပုံကွင်း၌ ရန်ကုန် ပရိသတ်ကပဲ အောင်ပွဲ ခံနိုင်မည်လား သို့တည်းမဟုတ် မန္တလေး ပရိသတ်တို့ကပင် အောင်ပွဲ ခံနိုင်မည်လား ဆိုသည်ကို ဇူလိုင် ၂၂ရက် (ယနေ့) တွင် စောင့်ကြည့် ရမည် ဖြစ်သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်းစို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

7.21.3
ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ်
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်

မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။

အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

Photo: အမေရိကန် ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်း လက်ခံရရှိ
Monday, July 22, 2013

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို
ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လိုအပ်ချက်အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန် သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ MQ-8C မောင်းသူမဲ့ ရဟတ်ယာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ရေတပ်ရှိ Oliver Hazard Perry အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများပေါ်တွင် ဖြန့်ကြက်ချထားမည် ဖြစ်ပြီး ကမ်းနီး တိုက်ခိုက်ရေး သင်္ဘောများနှင့် အတူ ပူးတွဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန်ရေတပ်သည် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်းလက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက်သတင်း တစ်ရပ်အရသိရသည်။

မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

Photo: မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်
Monday, July 22, 2013

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးစား ပြုပြင်ရန် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ တင်ဒါ ခေါ်ယူရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန် ရှိသူက ဆိုသည်။

ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါ အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှုများ ရှိခဲ့ကြောင်း၊ အဆိုပါ မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ အမှတ်တရ ပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ်တမ်း ဓာတ်ပုံများ ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

The Voice Weekly
မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။

နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်

နောက်ပိုင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာ တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar

Sunday, 21 July 2013

မန္တလေးမှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု လျော့ကျ

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ပြပွဲ ရှိနေသောကြောင့် မန္တလေးမြို့မှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှုမှာ ယခုဇူလိုင်လ ပထမပတ်ခန့်မှ စတင်၍ လျော့ကျလာကြောင်း မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးသိုက်ထွန်းက ပြောကြားသည်။

အရှေ့မြောက် ဖျားက လောင်း ကစားမြို့ပျက်

Photo: အရှေ့မြောက်ဖျားက လောင်းကစားမြို့ပျက်
Sunday, July 21, 2013

ဆောင်းတစ်မျိုး၊ နွေတစ်မျိုး၊ မိုးတစ်မျိုး လှပနေသည့်နေရာ၊ သစ်ပင်မပေါက်သော တောင်ပူစာကလေးများ စီတန်းနေသည့် ချန်ယိမ်းခူး လွင်ပြင်သည် ဇူလိုင်မိုးဖွဲများ အောက်တွင် စိမ်းစိုနေပြီး မြူခိုးများ ရစ်သိုင်းလျက် ရှိသည်။ ပန်းအဝါရောင်များ ဖူးပွင့်ရာ ပန်းဝါလွင်ပြင်ဟု တင်စားခေါ်ဝေါ်ကြသော ချန်ယိမ်းခူး လွင်ပြင်အနီးတွင် အဖိုးတန် အဆောက်အအုံများဖြင့် ပြည့်နှက် လျက် ရှိသော်လည်း တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။

ဖြောင့်ဖြူးနေသော ကွန်ကရစ်လမ်းမပေါ်တွင် မြင်းချေး၊ နွားချေးတို့ဖြင့် ပြည့်နှက်နေပြီး တန်ဖိုးကြီးမားစွာ တည်ဆောက်ထားသော အဆောက်အအုံတို့တွင် ကာရံထားသည့် မှန်ချပ်တို့က ကွဲကျကာ ပြန့်ကျဲလျက်ရှိပြီး လူတစ်ဦးတစ်ယောက်မျှ ထွက်လာသည်ကို မတွေ့ရ။ အဆောက်အအုံ ပျက် တစ်ခုရှေ့တွင်မူ ခွေးတစ်ကောင် အညောင်းဆန့်နေသည်။

ထိုနေရာမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျား ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့နှင့် လေးမိုင်ခန့် အကွာတွင်ရှိသည့် လောင်းကစားရုံများ ဖွင့်လှစ်ခဲ့ရာ တရုတ်အမည် ‘ခိုင်ဖာရှီ’ ဟူသော အမည်ဖြင့် မြို့သစ်စီမံကိန်း အိမ်ရာများ ဖြစ်သည်။ ၂၀၁၀ ဝန်းကျင်တွင် အထူးစည်ကားသည့်နေရာ ဖြစ်သော်လည်း ယခုမူ ပန်ဝါ-ချီဖွေ ကားလမ်းမကြီးပေါ် ဆိုင်တစ်ဆိုင်နှစ်ဆိုင် ဖွင့်ထားသည်မှအပ လူတစ်ဦးတစ်ယောက်မျှ မနေကြတော့ပေ။

ယင်းမြို့ပြ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် ကချင်အထူးဒေသ (၁) နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းကာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မြို့ပြသစ် စီမံကိန်းအတွက် မြေဧက ၅၀ နီးပါးလျာထားပြီး ၁၀ ဧကခန့်တွင် အဆောက်အအုံများ တည်ဆောက်ပြီးချိန်၌ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလောင်းကစားရုံများ ဖွင့်လှစ်ချိန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက တစ်ရက်လျှင် ယွမ်ငွေ သိန်းချီ ဖြုန်းတီးခဲ့ကြပြီး အချို့လောင်းကစားသမားများမှာ တရုတ်နိုင်ငံ၏ အစိုးရဝန်ထမ်းများ ဖြစ်သောကြောင့် ဌာနဆိုင်ရာငွေများ သုံးဖြုန်းသည့်အတွက် အရေးယူရသူများ ရှိသည့်အပြင် တရုတ်ယွမ်ငွေများစွာ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းရှိ လောင်းကစားဝိုင်းသို့ စီးဆင်းနေသည့် အတွက်လည်း လောင်းကစားရုံ ဖွင့်လှစ်သော လုပ်ငန်းရှင်များကို အရေးယူခဲ့သောကြောင့် ပိတ်ပင်ပြီးနောက် ကေအိုင်အေနှင့် တိုက်ပွဲ ဖြစ်ပွားသည့်အတွက် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ကြောင်း ကချင်အထူးဒေသ (၁) ၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါ လောင်းကစားဝိုင်းသည် ပိုင်ဆိုင်မှုများ ပြနိုင်ပါက ငွေထုတ်ချေးပေးပြီး လောင်းကစားဝိုင်း ပြီးလျှင် ပြန်လည် ပေးဆပ်ရကာ မပေးဆပ်နိုင်ပါက ဟိုတယ်တွင် အကျယ်ချုပ်သဘော ထိန်းသိမ်းထားပြီး ငွေနှင့်ရွေးခိုင်းသည့် ပြန်ပေးဆွဲဆန်ဆန် ပုံစံဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပြ သည်။
“လောင်းကစားဝိုင်းမှာ လုပ်တဲ့သူက တစ်လကို ယွမ်တစ်ထောင်လောက် (မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး) ရတယ်” ဟု ၎င်းက ပြောပြသည်။

ထိုစဉ်က ပန်ဝါနှင့် ခိုင်ဖာရှီ (မြို့ပြသစ်) တွင် ကချင်ပြည်နယ်တွင်းရှိ အခြေခံ လူတန်းစားများသာမက မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းဒေသများကပါ အလုပ်လာရောက် လုပ်ကိုင်ကြပြီး အလုပ် အကိုင် အခွင့်အလမ်းများ ပေါများခဲ့သည်။ သို့သော် ယင်းမြို့ပြသစ်ရှိ လောင်းကစားဝိုင်းမှာ တရားဝင် ဖွင့်လှစ်ခြင်းတော့ မဟုတ်ပေ။

ထိုကဲ့သို့ လောင်းကစားဝိုင်းများမှာ ပန်ဝါဒေသတွင်သာ ရှိသည်မဟုတ်၊ နယ်စပ်ဒေသများ ဖြစ်သည့် ကံပိုက်တည်၊ မိုင်ဂျာယန်၊ ပန်ဆန်၊ ကော့သောင်း ၊သူဌေးကျွန်း အစရှိသော နေရာများတွင် ကာဆီနိုဟု ခေါ်သော လောင်းကစားဝိုင်းများ ရှိနေသည်။

ကချင်အထူးဒေသ (၁)နယ်မြေအတွင်း ပန်ဝါဒေသနှင့် ကံပိုက်တည်တို့တွင် လောင်းကစားဝိုင်းများ ရှိခဲ့သော်လည်း လက်ရှိတွင် မြို့ပျက်ကဲ့သို့ ဖြစ်နေသည်။
ထိုစဉ်က လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခဲ့သည့်အတွက် ကချင်အထူးဒေသ (၁) လူမျိုးစု အကြီးအကဲ ဦးဇခုန်တိန့်ယိန်းကို ဒေသဖွံ့ဖြိုးရေးထက် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိလူမျိုးစု အကြီးအကဲ ဖြစ်နေသူ ဦးဇခုန်ယိမ်းဆောင်ကမူ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လမ်းများဖောက်လုပ်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်များ စာရင်းဇယားများ ရှိကြောင်း ပြောကြားသည်။
သို့သော် ၎င်းက“လောင်းကစားဝိုင်းက ဝင်တဲ့ငွေတွေက တရားဝင်တော့ မဟုတ်ဘူး” ဟုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြသည်။

နယ်စပ်ဒေသများတွင် လောင်းကစားဝိုင်းများကို နိုင်ငံတော်အစိုးရက ဥပဒေဖြင့် လုပ်ကိုင်နိုင်လျှင် ကောင်းမွန်မည်ဟုလည်း မှတ်ချက်ပေးသည်။

လက်ရှိ အနေအထားအရ ကချင်အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ရပ်နားထားပြီး လောင်းကစားရုံများ လည်း ပြန်ဖွင့်လာနိုင်သည့် အနေအထား မရှိကြောင်း တွေ့ရသည်။

အကျည်းတန်နေသော ခိုင်ဖာရှီသည် စတင်ဖွင့်လှစ်စက ဟိုတယ်နှင့် လောင်းကစားရုံကြီး လေးရုံနှင့် ညဈေးတန်းများကို ဖွင့်လှစ်ပြီး လောင်းကစားရုံများ ပိတ်ရသည့် အချိန်တွင် လူအနည်းငယ် ရှိသေး သော်လည်း ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ဒုက္ခသည် ခိုလှုံရန် ထားရှိသေးသော်လည်း နယ်မြေ မလုံခြုံသည့်အတွက် ပန်ဝါမြို့ထဲသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“တိုက်ပွဲအတွင်းမှာ အဆောက်အအုံထဲက ပစ္စည်းတွေ အကုန်ပျက်စီးကုန်တယ်။ တချို့ပျက်စီးတာကလည်း အနီးတစ်ဝိုက်က လူတွေထုခွာယူကြတယ်” ဟု ဒေသခံတစ်ဦးက လောင်းကစားရုံ၏ မျက်နှာစာ မှန်ချပ်တွင် သေနတ်ကျည် ထွင်းဖောက်သွားခြင်းကို လက်ညှိုးထိုးပြကာ ပြောပြသည်။

ယင်းလောင်းကစားဝိုင်း အဆောက်အအုံများ၊ ဆိုင်ခန်းနှင့် အိမ်အဆောက်အအုံများကို နယ်မြေ ငြိမ်းချမ်းလာသည့် အချိန်တွင် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ကာ ဂိုဒေါင်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ကချင်အထူးဒေသ (၁) ၏ အကြီးအကဲအပြင် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဇခုန်ယိမ်းဆောင် ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ အချက်ခုနစ်ချက်ပါသော သဘောတူညီမှုကို မေလ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် လက်မှတ်ရေးထိုးထားသည့် အခြေအနေသာ ရှိသေးသည်။ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရရန်မှာမူ ထင်ထင်ရှားရှား မမြင်ရသေးပေ။ တိုက်ပွဲများကြောင့် ရှောင်တိမ်းလာသော ဒုက္ခသည် များလည်း နယ်မြေငြိမ်းချမ်းရေးကို မျှော်လင့်နေကြဆဲ ဖြစ်သည်။

မှန်စမှန်ကွဲများ ပြန့်ကျဲလျက် နွားချေး၊ မြင်းချေးများဖြင့် ညစ်ပတ်နေသော အဆောက်အအုံပျက် တို့အပြင် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်ထားသော လမ်းများ၊ တံတားများ ပျက်စီးနေခြင်းများနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်းတို့မှာ တိုက်ပွဲ၏ လက်ရှိအခြေအနေကို ညွှန်ပြနေခြင်း ဖြစ်သည်။

ယခင်က အထူးစည်ကားခဲ့သော လောင်းကစားရုံများနှင့် အဆောက်အအုံဟု ထင်မှတ်စရာမရှိ။ ခိုင်ဖာရှီ အမည်ရှိသော တရုတ်စာတန်းကြီးမှာ ပျက်စီးနေပြီး အကာအရံ အုတ်နံရံများမှာလည်း ပြိုကျပျက်စီးကာ ချီဖွေ-ပန်ဝါ တောင်ပေါ်လမ်း၏ အနောက်ဘက် ထင်ရှူးတောအုပ်များ အလယ်တွင် အထီးကျန်စွာ တည်ရှိနေသည်။ ဇူလိုင်မိုးဖွဲများက တဖွဲဖွဲကျကာ မြူနှင်းများ ရစ်သိုင်းနေဆဲ ဖြစ်သည်။

(မင်းထက်စံ)
The Voice Weekly
ဆောင်းတစ်မျိုး၊ နွေတစ်မျိုး၊ မိုးတစ်မျိုး လှပနေသည့်နေရာ၊ သစ်ပင်မပေါက်သော တောင်ပူ စာကလေးများ စီတန်းနေသည့် ချန်ယိမ်းခူး လွင်ပြင်သည် ဇူလိုင်မိုးဖွဲများ အောက်တွင် စိမ်း

သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်ပြထားပါတယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
အရေးပေါ် အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း

သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်

Photo: သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်
Sunday, July 21, 2013

၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း
ပြောပြချက်အရ ၎င်း၏ယာဉ်မောင်းဖြစ်သူဦးလှဌေးနှင့် (၆)လမ်းဆုံရပ်ကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြားကာခေါ်ယူကာ နေအိမ်သို့သွားရောက်ကြည့်ရှုရာ
နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ ၀ဲ/ယာ လည်ပင်း၊ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း
(ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာမဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ
အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအားလာရောက်ခေါ်ဆောင်ရာ
မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအောင်ကျော်ဝင်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
ကြောင်းသတင်းရရှိပါသည်။

Yangon Police 
 ၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း ပြောပြချက်အရ ၎င်း၏

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဖြင့် ၁၂ ရက်အတွင်း အပြီးကောက်မည်

Photo: ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဖြင့် ၁၂ ရက်အတွင်း အပြီးကောက်မည်
Sunday, July 21, 2013

၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် နိုင်ငံခြားသား ပညာရှင်များ၊ ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်တွင် စတင်ကာ ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး နောက်ဆုံးနေ့တွင် လမ်းဘေး၊ ဘူတာရုံစသည့် နေရာများတွင် နေထိုင်သူများကိုပါ ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်းခေါင်အထိ ရှိနေသော လူဦးရေ အားလုံးကို ကောက်ယူ သွားမည်ဖြစ်ပြီး ယင်းအချိန်တွင် မြန်မာနိုင်ငံသို့ ရောက် ရှိနေသော နိုင်ငံခြားသားများကိုပါ ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကာ သံရုံးများကိုမူ ထည့်သွင်းကောက်ယူသွားမည် မဟုတ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းတွင် စာရင်းစစ်အဖြစ် နှစ်သောင်းပါဝင်မည်ဖြစ်ပြီး စာရင်းကောက်သူ တစ်သိန်းပါဝင်မည်ဖြစ်ကာ အဆိုပါ စာရင်းကောက်မည့် ဆရာဆရာမများအတွက် ပညာရေးဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့သည့်အတွက် ယခုသန်းခေါင်စာရင်း ကောက်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ပြန်လည်ကောက်ယူမှု ဖြစ်သည့်အတွက် အခက်အခဲများ ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူများက အိမ်ထောင်စုစာရင်းဟု ထင်နေသည့်အတွက် ရှုပ်ထွေးမှုများလည်း ရှိနိုင်ကြောင်း၊ သန်းခေါင်စာရင်း ဆိုသည်မှာ အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မှတ်ပုံတင်ရှိသူရော မရှိသူရော အားလုံးကို ကောက်ယူရခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရှေ့ပေးစာရင်းကို ၃၊ ၄ လအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး အတိအကျ စာရင်းကိုမူ ၁၁ လခန့် အကြာတွင်မှ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဦးညီညီက ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရန် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးပွဲအား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်
Eleven Media Group
သန်းခေါင်စာရင်း ကောက်ယူရန် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးပွဲအား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်
၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုသည် သုံးမကုန် ပိုလျှံငွေကျပ် ၇၅ ဘီလျံကျော်ကို အချိန်မီ ပြန်မအပ်ခြင်းသည် မမှန်မကန် အလွဲသုံးမှု ဖြစ်စေနိုင်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သုံးသပ်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသော အသုံးစရိတ်များအနက် သုံးမကုန်သော ပိုလျှံငွေများကို ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုမှ သတ်မှတ်ချိန်ထက် များစွာနောက်ကျ၍ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Saturday, 20 July 2013

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Photo: အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
Saturday, July 20, 2013

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။
A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

မြ၀တီ (ကျန်းမာရေး)
Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ

Photo: တပ်မတော်ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
Saturday, July 20, 2013

ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း ရှိကြောင်းသိရပါသည်။ အခြားပြခန်းများတွင် ဟန်းဆက်၊ Digital Receiver စသည့် electronic များ၊ ဆေးဝါး၊ နေ့စဉ်အသုံးအဆောင်နှင့် အစားအသောက်စသည်တို့ကိုလည်း ပြသနေပါသည်။ မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ပြီး မိုးရာသီကြို ဈေးရောင်းပွဲတစ်ခုအဖြစ် သွားရောက်လေ့လာသင့်ကြောင်း တင်ပြလိုက်ရပါသည်။

Myanmar ICT
ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊

ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်

Photo: ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်
Saturday, July 20, 2013

ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

သူအသုံးပြုခဲ့တဲ့ ပစ္စည်းပေါင်း ၆၀၀ ကျော်ကို ပြသထားပါတယ်။

မြန်မာ ပရိသတ်တွေ ကြားမှာလည်း အင်မတန်မှာ ရေးပန်းစား ခဲ့တဲ့ ဘရုစလီဟာ ၁၉၇၃ ခုနှစ် အတွင်း The Game of Death သေမင်းနဲ့ ကစားခြင်း ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေဆဲ မှာပဲ ဇူလိုင် လ ၂၀ ရက်နေ့မှာ ကွန်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

BBC
ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။