Saturday, 13 July 2013

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေး

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက် လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး အကျဉ်းထောင် အသီးသီး မှ ပြစ်ဒဏ် လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးကို ဇူလိုင် ၁၁ ရက်က မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် တွေ့ဆုံဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ သဘောတူ

7.12.16
'၀'သွေးစည်း ညီညွတ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ကျိုင်းတုံမြို့တွင် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန်

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်း သိရ

7.12.8
နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်းပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့
သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံအတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

12.7.2013

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော်
တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ
လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊
မန္တလေးတိုင်းဒေသကြီး နေသူသည်

အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည် ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊

အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊
၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်းအလယ်တွင် ဘုရားဖူးရန်ရောက်ရှိလာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေး တိုင်းဒေသ ကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာ ဘွယ်တွေ့ရ

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထားဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ် စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Thursday, 11 July 2013

တရားဝင် ကုသခွင့်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေသည်ဟု ကျန်းမာရေးဝန်ကြီးဆို

တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဇူလိုင် ၁၀ ရက်က အောက် လွှတ်တော်တွင် ပြောကြားလိုက်သည်။

ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်

irrawaddy-july11
ဧရာဝတီမြစ် ကမ်းဘေးရှိ ဂေါဝိန်ဆိပ်ကမ်းအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ယခုလလယ်ပိုင်းအတွင်း ဧရာဝတီမြစ်တွင် မြစ်ရေခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်တွင် မြစ်ရေ

ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေး ထားသည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့် Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံ မှ မူဆလင်ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက် လှမ်းရေး အေဂျင်စီများက စွပ်စွဲ လိုက်သည်။

ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အား များ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးထံမှ သိရသည်။

Wednesday, 10 July 2013

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရှိလာပြီး ပို့ကုန်တင်ပို့မှု များပြား

trading-july10
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိ ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ဇွန်လလယ်အထိ အမေရိကန်ဒေါ် လာသန်း ၇၆၀ နီးပါး ရှိလာပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုများ ပြားခဲ့ကြောင်း ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး လျက်ရှိပြီး ရုပ်ရှင်စက်ပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရန် စီစဉ်မည်

vedioupdating-july10
ဈေးဝယ်စင်တာ တစ်ခုရှိ ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်
ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံ တကာ အဖွဲ့များမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ရုပ်ရှင် စက်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေမှုများအား ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ စက်တင်ဘာတွင် ဖွင့်မည်

hyundai-july10
ဗြိတိန်နိုင်ငံရှိ HYUNDAI ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-www.richmondhyundai.co.uk)
တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြ ခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ယခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း HYUNDAI ၏ မြန်မာနိုင်ငံမိတ်ဖက် Fortune International Limited ထံမှ သတင်းရရှိသည်။

ပဲဈေးကွက် နှစ်နှင့်ချီ၍ ကျဆင်းနေမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီအများစု တင်ပို့နိုင်ခြင်း မရှိတော့

bean-july10
မန္တလေး ကုန်စည်ဒိုင်မြင်ကွင်း (ဓာတ်ပုံ-သက်ထွန်းအောင်)

ပြည်ပသို့ အဓိက တင်ပို့နေသော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သိသိသာသာ ကျဆင်းလာမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီရာခိုင်နှုန်း ၈၀ ၀န်းကျင် တင်ပို့ရန် အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ဒိုင်မှ ပဲလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

mitsubishi-july10
ထိုင်းနိုင်ငံရှိ Mitsubishi ကားစက်ရုံကိုတွေ့ရစဉ်
 ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံ တွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။  

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

Wednesday, 10 July 2013

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြုလုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။        

From...EMG

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စု စာရင်း ကောက် ယူမှု ပြန်လည်ပြု

တိုင်းဒေသကြီးသုံးခုမှ လယ်သမား ၂၀၀ ခန့် လယ်ယာမြေ မူလပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုများအတွက် ရန်ကုန်တွင် ဆန္ဒပြ

yangonwish-july10
လယ်သမားများ ဆန္ဒပြနေသည်ကို ဇူလိုင် ၉ ရက် နံနက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
တပ်မတော်၊ တိုင်းဒေသကြီး အစိုးရနှင့် ၀န်ကြီးဌာနအချို့က သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဒေသသုံးခုမှ လယ်သမား ၂၀၀ ခန့်သည် ၎င်းတို့၏ လယ်ယာမြေ မူလပိုင်
ဆိုင်မှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ရေးဆွဲမည် မဟုတ်

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ယင်းဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်း အထိ ပြစ်မှု ကျူး

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့်

Tuesday, 9 July 2013

တရုတ် မီးရထား ဝန်ကြီးဟောင်းကို ဆိုင်းငံ့ သေဒဏ်ချမှတ်

တရုတ် မီးရထား ဝန်ကြီးဟောင်းကို ဆိုင်းငံ့ သေဒဏ်ချမှတ်
Tuesday, July 09, 2013

လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသော တရုတ် သမ္မတသစ် ရှီကျင့်ဖျင် လက်ထက်တွင် တရုတ် မီးရထား ဝန်ကြီးဟောင်း
ကို လာဘ်စားမှုဖြင့် ဆိုင်းငံ့ သေဒဏ် ချမှတ် လိုက်ကြောင်း ဘီဘီစီ သ
တင်း တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အရေးပါသော အမြန် ရထားလမ်း ကွန်ရက်ကြီး၏ ဖခင်
ဟု ချီးကျူးခံခဲ့ရသော တရုတ် မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်းကို လာဘ်စားမှုဖြင့် ဘေဂျင်းရှိ တရားရုံး တစ်ခုက ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

မီးရထား ဝန်ကြီးအဖြစ် ရှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ လျူကျီကျန်း သည် တရုတ်ယွမ်ငွေ သန်း ၈၀၀ (အမေရိကန် ဒေါ်လာ သန်း ၁၃၀) ခန့် လာဘ်စားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

၎င်းသည် လာဘ်ငွေ ယွမ် ၆၄ သန်းကို လက်ခံယူခဲ့ပြီး လူ ၁၁ ဦးကို ရထားလမ်း ကန်ထရိုက် ရစေရန် နှင့် ရာထူးတိုးစေရန် ကူညီခဲ့သည့် 
အမှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တရုတ်အစိုးရထုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

“လျူကျီကျန်းကို ၂ နှစ် ဆိုင်းငံ့ သေဒဏ် ချမှတ်လိုက်တယ်” ဟု တရုတ် တရားရုံး တာဝန်ရှိသူ တစ်ဦးက AFP သတင်းဌာနကို ပြောကြားသည်။

တရုတ်ဥပဒေအရ ယွမ်ငွေ တစ်သိန်းအထက် လာဘ်စားသူကို သေ
ဒဏ် ပြစ်ဒဏ် ချမှတ်နိုင်ပြီး ယခု လျူကျီကျန်းကို ချမှတ်လိုက်သော ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ်သည် ပုံမှန်အားဖြင့် တစ်သက်တာ ထောင်
ဒဏ် အဖြစ်သို့ ပြစ်ဒဏ် လျှော့ချပေးလေ့ ရှိသည်။

မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်း ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းယူရန် တရုတ် တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး အာဏာ အလွဲ သုံးစား ပြုလုပ်မှုဖြင့်လည်း သီးခြား ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် 
ချမှတ် ခဲ့သည်။

တရုတ် အဝေးပြေး ရထားလမ်း ကွန်ရက်သည် လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံတွင် လွန်စွာ အရေးပါသော ပရောဂျက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် အဝေးပြေး ရထားလမ်း ပိုင်ဆိုင်ထားသည်ဟု ဂုဏ်
ယူ ရသော လုပ်ငန်းတစ်ခု ဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ်က တရုတ်အရှေ့ပိုင်း မြို့တစ်ခုဖြစ်သော ဝမ်
ကျိုးမြို့၌ အဝေးပြေး အမြန်ရထား တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၄၀ ခန့် သေဆုံးခဲ့ပြီးနောက် လူအများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

တရုတ် သမ္မတသစ် ရှီကျင့်ဖျင်က လာဘ်စားမှုသည် တရုတ် ကွန်မြူနစ်ပါ
တီ ကို ခြိမ်းခြောက်နေသော ကိစ္စဖြစ်ကြောင်းနှင့် လာဘ်စားမှုကို တိုက်
ဖျက် သွားရန် သန္နိဋ္ဌာန် ချထားကြောင်း ပြောကြားသည်။

ယခုနှစ် မေလက တရုတ် အစိုးရ၏ ဆင်ဟွာ သတင်းတွင် ဖော်ပြချက်
အရ တရုတ်အစိုးရ ထိပ်တန်း အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ လျူတီနန်
ကို လာဘ်စားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့သည်။

ထို့ပြင် အင်တာနက် လူမှုကွန်ရက် အသုံးပြုသူများ၏ ဖော်ထုတ်ချက်များ
အရ တရုတ် အစိုးရအဖွဲ့တွင် အဆင့်မြင့် ရာထူး မဟုတ်သည့် အရာရှိများ သည်လည်း ဈေးကြီးသော နာရီများ လာဘ်ယူမှု၊ မယား အများအပြားယူ
မှု စသည့် ပြစ်မှုများဖြင့် စုံစမ်း စစ်ဆေးလျက်ရှိသည်။

The Voice Weekly
လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသော တရုတ်သမ္မတသစ် ရှီကျင့်ဖျင် လက်ထက်တွင် တရုတ် မီးရထားဝန်ကြီးဟောင်းကို လာဘ်စားမှုဖြင့် ဆိုင်းငံ့ သေဒဏ်ချမှတ် လိုက်ကြောင်း ဘီဘီစီ သတင်း တွင် ဖော်ပြထားသည်။