Tuesday, 25 June 2013

တန်းတူ အခွင့်အရေး အတွက် ပြည်နယ် တိုင်း ကိုယ်ပိုင် စစ်တပ်၊ ကိုယ်ပိုင် ရဲတပ်ဖွဲ့ ရှိဖို့လို- RCSS ခေါင်းဆောင်ပြော

Photo: တန်းတူအခွင့်အရေးအတွက် ပြည်နယ်တိုင်း ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိဖို့လို- RCSS ခေါင်းဆောင်ပြော
Tuesday, June 25, 2013

တန်းတူအခွင့်အရေးအတွက် ကိုယ်ပိုင်ပြည်နယ်စစ်တပ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသင့်သည်ဟု တာချီလိတ်ဒေသခံများနှင့်တွေ့ ဆုံစဉ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ကပြောဆိုခဲ့သည်ဟုသိရသည်။

ယမန်နေ့မနက်ပိုင်းက ဝမ့်ဟောင်ရပ်ကွက်သားတဦးအား ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က “ ကျနော်တို့ ငြိမ်းချမ်းရေးတည် ဆောက်မှုဟာ ၇ ဆင့်ရှိတဲ့ လှေကားထစ်ကို တက်နေတာနဲ့တူတယ်။ အခုကျနော်တို့လုပ်နေတာ ပထမအဆင့်ဘဲရှိ သေး တယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မိဘပြည်သူတွေနဲ့ လက်တွဲရမယ် အဖက်ဖက်က လက်တွဲရမယ်။ နိုင်ငံရေးဆွေးနွေး ဖို့ဟာ ထွက်လမ်းပါဘဲ။ ဘာဘဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရဖို့ တန်းတူညီမျှရှိဖို့ တိုင်းရင်းသားတွေ ပါဝင်တဲ့ မိမိပြည်နယ် အတွက် စစ်တပ်၊ ရဲတပ်ဖွဲ့ ရှိလိုတယ်” ဟုပြောဆိုခဲ့ ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်နားထောင်သူ စိုင်းပီးက ပြောဆို ပါသည်။

ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ပြည်တွင်းငြိမ်း ချမ်းရေးခရီးစဉ်မှာ ယမန်နေ့ ဂျွန်လ ၂၃ ရက်က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဒေသခံများနှင့်တွေ့ဆုံပြီးနောက် ခရီးစဉ်အဆုံးသတ်လိုက်ကြောင်း တာချီလိတ်သတင်းရပ်ကွက်ကဆိုပါသည်။

“မနေ့က မနက်ပိုင်း ဝမ့်ဟောင် ရပ်ကွက်ထဲမှာရှိတဲ့ ဟောင်လိတ်ကျောင်း တိုက်ကိုသွားပြီးဆရာတော် ကိုသွားကန်တော့ အဲဒီ မှာလဲ လူထုနဲ့ တွေ့တော့ စဝ်ယွက်စစ်ကပြောလိုက်တာ။ ပြီးရင် ဆန်ဆိုင်းတိုင်းကျောင်းတိုက် ကိုသွားတယ်။ အဲဒီမှာ တော့ စောင့်ကြိုနေတဲ့ လူထု ၅၀၀ လောက်နဲ့ တွေ့ဆုံခဲ့တယ်။ သတင်းစာရှင်း လင်းပွဲ ပုံစံလေး လုပ်ပေးတယ်။ စည်စည်ကား ကားဘဲ” ဟု တာချီလိတ်မြို့နေ စိုင်းပီး က ပြောသည်။

ဆန်ဆိုင်းတိုင်းကျောင်းတိုက်ဆရာတော်အား တွေ့ဆုံကန်တော့မှုအပြီးလူထုနှင့်တွေ့ဆုံရာတွင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ၂၀၁၄ အတွင်း ကျင်းပရန်စီစဉ်နေကြသည့် ဒုတိယပင်လုံညီလာခံတွင် ယခင်ညီလာခံကဲ့သို့ ဆုံးရှုံးမှုမရှိအောင် မိမိတို့အနေ ဖြင့် ယခုကတည်းက လူထုနှင့်တွေ့ဆုံအကြံညာဏ် ယူနေခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

သျှမ်းပြည်နယ်အား သျှမ်းလူထုက အုပ်ချုပ်မှုနေရာရအောင်၊ ဌာနဆိုင်ရာ ဝန်ထမ်းလည်း သျှမ်းလူမျိုးမှ နေရာရအောင်ကြိုး စားရမည်ဟုလည်း စဝ်ယွက်စစ်ကပြောသည်။

သျှမ်းစာပေယဉ်ကျေးမှု ထိန်းသိမ်းသည့် အနေဖြင့် သျှမ်းတီဗီလိုင်း တခု လုပ်ဖို့ ဒေသခံလူထုက တိုက်တွန်းအကြံပြုရာတွင် မူ စဝ်ယွက်စစ်က - “ကျနော်တို့ကနေ တိုက်ရိုက်ထိန်းပေးဖို့ဆိုတာခက်လိမ့်မယ်။ အနည်းဆုံး မိသားစုတွင်းကနေထိန်းသိမ်း မှ အောင်မြင်မယ်။ လွယ်တိုင်းလျန်းမှာတော့ သျှမ်းစာ ၁၀ တန်းအထိရှိပါပြီ။ ရှေ့ဆက် ဘယ်လိုလုပ်သင့်ဆိုသည့်အချက် သျှမ်းစာပေပညာရှင်နဲ့လဲ တွေ့ဆုံပြီးပြီ” ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့၏ ပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ်မှာ ဂျွန်လ ၉ ရက်နေ့မှစ၍ ၂၃ ရက်နေ့အထိ ကြာရှည်ပါသည်။ ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် သမ္မတကြီးဦးသိန်းစိန်၊ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း၊ သျှမ်းခေါင်း ဆောင်များဖြစ်သော SNLD ဥက္ကဌ ခွန်ထွန်းဦး၊ SSPP နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထဲန်၊ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း၊ EBO မှ စဝ်ဟန်ယောင်ဟွေ့၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် မန္တလေး ကျောက်မဲ လားရှိုး မူစယ် နမ့်ခမ်း တောင်ကြီး ပင်လုံ မိုးနဲ တာချီလိတ် ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ရသည်။ ဂျွန်လ ၂၃ ရက်ညနေပိုင်း တာချီလိတ်မှ ထွက်ကာ မယ်ဆိုင်မှတဆင့် ဌာနချုပ်သို့ ပြန်ခဲ့ကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။

သျှမ်းသံတော်ဆင့်
တာချီလိတ်မရောက်ခင်တရက် ပင်လုံကိုရောက်ရှိစဉ်ကတွေ့ရသော RCSS အဖွဲ့ (ဓါတ်ပုံ- Hto Naout Tai)
တာချီလိတ်မရောက်ခင်တရက် ပင်လုံကိုရောက်ရှိစဉ်ကတွေ့ရသော RCSS အဖွဲ့(ဓါတ်ပုံ- Hto Naout Tai)
တန်းတူအခွင့်အရေးအတွက် ကိုယ်ပိုင်ပြည်နယ်စစ်တပ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသင့်သည်ဟု တာချီလိတ်ဒေ သခံများနှင့်တွေ့ ဆုံစဉ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ကပြောဆိုခဲ့သည်ဟုသိရသည်။

J-7 မျိုး ကွဲ တိုက်လေ ယာဉ် များ အား ရှေ့တန်း တိုက်လေ ယာဉ် စာရင်းမှ ပယ်ဖျက်တော့ မည်

Photo: J-7 မျိုးကွဲ တိုက်လေယာဉ်များအား ရှေ့တန်း တိုက်လေယာဉ် စာရင်းမှ ပယ် ဖျက်တော့ မည်

25-6-2013

တရုတ် နိုင်ငံသည် MiG-21 တိုက်လေယာဉ်များအား ပုံတူကူး တည်ဆောက် ထားသည့် J-7 တိုက်လေ ယာဉ်များကို ၎င်းတို့၏ ရှေ့တန်း တိုက် ခိုက်ရေး လေယာဉ် (Front Line Fighter Aircraft) အဖြစ် ထားရှိ အသုံးပြု မှုမှ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ 

အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ် လာခြင်းမှာ အံ့အားသင့်စရာ ကိစ္စတစ်ရပ် မဟုတ်ကြောင်းနှင့် တရုတ် နိုင်ငံ၌ လွန်ခဲ့သော ၄ နှစ်ေ ကျာ် က တည်းက J-10၊ J-11၊ Su-27၊ Su-30 နှင့် J-8F ကဲ့သို့သော ခေတ်မီ တိုက်လေယာဉ် အရေအတွက်မှာ အစီးရေ ၅ဝဝ မှ ၁၂ဝဝ ကျော်အထိ နှစ်ဆနီးပါး တိုးတက် လာခဲ့ခြင်းေ ကြာင့် ဖြစ်ကြောင်း သိရပါသည်။ တရုတ်တို့သည် လွန်ခဲ့သော ၄ နှစ် အချိန်က ရုရှားလုပ် MiG-19 တိုက်လေယာဉ်များအား ပြည်တွင်း၌ တုပ ထုတ်လုပ်ထားသည့် J-6 တိုက်လေယာဉ်နှင့် MiG-21 တိုက်လေယာဉ်များအား ပုံစံတူ ထုတ်လုပ်ထား သည့် J-7 တိုက်လေယာဉ် အစီးရေ ၂ဝဝဝ ကျော် အပေါ်တွင်သာ အဓိက မှီခိုအားထား ခဲ့ရပါသည်။ 

ရုရှား လုပ် ဗုံးကြဲ လေယာဉ်များအား တုပ ထုတ်လုပ်ထားသည့် ရာပေါင်း များစွာသော ဗုံးကြဲ လေယာဉ်များမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်၌ အသုံးတော် ခံနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ်တို့သည် ပုံမှန်အားဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသည့် လေယာဉ် အရေအတွက်အား ထုတ်ပြန် ကြေ ညာလေ့ မရှိဘဲ သတင်း အချက်အလက် များကို အင်တာနက်မှ တစ်ဆင့်နှင့် နိုင်ငံ တစ်နံတစ်လျား လှည့် လည် လေ့လာ ကြည့်ရှုခြင်း ဖြင့်သာ လေတပ် စခန်းများ၏ တည်နေရာနှင့် အရေအတွက်အား ခန့်မှန်း နိုင်မည် ဖြစ်ပါသည်။ ထိုသို့ လေ့လာကြည့်ရှုခြင်း အားဖြင့် ယနေ့ တရုတ်ပြည်သူ့ လွ တ်မြောက်ရေး တပ်မတော် လေတပ် သည် MiG-21(J-7)နှင့် MiG-19 (J-6) တိုက်လေယာဉ်များကို အများဆုံး အသုံးပြုနေ သည့် တပ်ဖွဲ့မှ စွမ်းပကား ပိုမို ကောင်းမွန်သော တိုက်လေယာဉ် အုပ်စု ကို ပေါင်းစပ် အသုံးပြုနေသည့် တပ်ဖွဲ့ အဖြစ်သို့ အလျင်အမြန် ပြောင်း လဲနေကြောင်း ကို လေ့လာ တွေ့ရှိနိုင် ပါ သည်။ တရုတ် နိုင်ငံသည် ရုရှားတို့ ထံမှ Su-27နှင့် ပိုမိုခေတ်မီ အဆင့်မြင့်သည့် Su-30 တိုက်လေယာဉ်များကို ဝယ်ယူလျက် ရှိပြီး ပြည်တွင်း၌လည်း လိုင်စင်ခံ၍ အများအပြား ထုတ်လုပ် လျက် ရှိပါသည်။ ထို့ပြင် ကိုယ်ပိုင် နည်းပညာဖြင့် ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ် ထားသည့် J-20 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် စမ်းသပ်ပုံစံ တစ်စီးကိုလည်း မကြာသေးမီ အချိန်က ထုတ်ဖော်ပြသ ခဲ့ပါသည်။

J-7 တိုက်လေယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရတော့မည့် အခြား အကြောင်း အချက်မှာ ယင်း တိုက်လေ ယာဉ်များဖြင့် ခေတ်မီ အဆင့်မြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရာ၌ ကိုက်ညီမှု မရှိေ တာ့ ခြင်းကြောင့် ဖြစ် ကြောင်း၊ တရုတ် နိုင်ငံသည် ၎င်း၏ တိုက်လေ သူရဲ လေ့ကျင့်ရေး အစီအစဉ်များအား ပြန်လည် ပြင် ဆင် နေပြီဖြစ်သောကြောင့် အဆိုပါ အချက်သည် အလွန် အရေးကြီးေ သာ ကိစ္စ တစ်ရပ်ဖြစ် မြှင့်တင်မှုများ ပြုလုပ် ထားသဖြင့် J-7 တိုက်လေယာဉ်သည် MiG-21 လေယာဉ်၏ မျိုးကွဲ တိုက်လေယာဉ်များ အနက် အဆင့် အမြင့်ဆုံး အမျိုးအစား ဖြစ်ပါသည်။ လွန်ခဲ့ေ သာ ၆ နှစ်တာ ကာလအထိ MiG-21 နှင့် J-7 တိုက်လေယာဉ် အစီးရေ ၁ဝဝဝဝ ကျော် ထုတ်လုပ် ထားသဖြင့် ပြီးခဲ့သည့် ရာစုနှစ်အတွင်း ဂျက်လေယာဉ် အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ (ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း၌ ပန်ကာတပ် တိုက်လေယာဉ် အမြောက်အမြား ထုတ်လုပ်ခြင်းသာ ရှိခဲ့ပါသည်။) ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲြ ပီးနောက်ပိုင်း အချိန်အထိ MiG-21 တိုက်လေယာဉ် ၁၈၆ စီးမှာ ရုရှား တပ်မတော် တွင် တာဝန် ထမ်းဆောင်ဆဲ ဖြစ်သော်လည်း နှစ်အနည်းငယ် ကြာပြီးနောက် အဆိုပါ တိုက်လေယာဉ် အားလုံး ကို ပျံသန်းမှုမှ တရားဝင် အနားပေး ခဲ့ပါသည်။ ယခုလက်ရှိ အချိန်အထိ MiG-21 တိုက်လေယာဉ် အများ အပြားကို အဓိက အသုံးပြုနေသည့် နိုင်ငံမှာ အိန္ဒိယ နိုင်ငံသာ ကျန်ရှိပြီး ၎င်းတို့ သည် လည်း ယင်းတိုက်လေ ယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါသည်။

Myawady News
တရုတ် နိုင်ငံသည် MiG-21 တိုက်လေယာဉ်များအား ပုံတူကူး တည်ဆောက်ထားသည့် J-7 တိုက်လေ ယာဉ်များကို ၎င်းတို့၏ ရှေ့တန်း တိုက်ခိုက်ရေး လေယာဉ် (Front Line Fighter Aircraft) အဖြစ် ထားရှိ အသုံးပြုမှုမှ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ 

“သင်္ဘောမှောက်ပြီး ရေအောက် တွင် ၃ ရက်ကြာ ပိတ်မိ ခဲ့သူ အသက်ရှင် လွတ်မြောက်”

Photo: “သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်”

သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃)ရက်ကြာ အသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး မှောင်မည်း အေးခဲနေသော ရေထဲတွင် ရှိနေခဲ့ရာ စိတ်လျှော့ခါနီး အခြေအနေကျမှ အမှောင်ကို ဖောက်ထွင်းလာသည့် အလင်းရောင် တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်း ဖြစ်သည်။
သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃) ရက်ကြာ အသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီ က မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ သည်။

ကျောက်စိမ်းဖိုး ငွေမချေနိုင်သည့် တရုတ်အမျိုးသားတစ်ဦး လူတစ်စု ဖမ်းဆီးခေါ်ဆောင်

ကျောက်စိမ်း ရောင်းရငွေ ကျပ်သိန်း ငါးရာကျော် မပေးနိုင်သည် တရုတ်နွယ် ဖွား အမျိုးသားတစ်ဦးကို လူတစ်စုက သံကြိုးနှင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်၍ ဖမ်းဆီး ခေါ်ဆောင်မှု တစ်ခု ဇွန်၂၁ရက်နေ့က ပုလဲ၊ ဂန့်ဂေါ လမ်းမကြီး မိုင် တိုင် ၆၁ အနီးရှိ ဘေးတောလမ်းအတွင်း ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရန် လေ့လာ သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းမှု ပါဝင် မည့် လွှတ်တော် ပုံမှန် အစည်း အဝေး များ ယနေ့ပြန် လည် စတင် မည်

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းမှုပါဝင်မည့် လွှတ်တော်ပုံမှန် အစည်းအဝေးများ ယနေ့ပြန်လည် စတင်မည်
Tuesday, 25 June 2013

ပထမအကြိမ်လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးများကိုယနေ့(ဇွန် ၂၅) တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၌ ပြန်လည်
စတင်မည် ဖြစ်သည်။

ယခုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်
ရန် လေ့လာ သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းမှုများ ပြုလုပ်ကြမည် ဖြစ်သည်။

ထို့ပြင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြုမည်
 ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဆွေးနွေးအတည်ပြုမည့် ဥပဒေကြမ်း ၁၃ ခုတွင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို ကာကွယ်သည့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ၀န်ဆောင်မှု အမှတ်တံဆိပ် ဥပဒေ၊ ကွန်ဒိုမီနီယမ်ဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေ၊ တီထွင်မှု အမှတ်တံဆိပ် ဥပဒေ၊ စက်မှုဒီဇိုင်းဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ ဘက်စုံပို့ဆောင်ရေးဥပဒေ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၊ မြန်မာအင်ဂျင်နီယာကောင်စီ ဥပဒေတို့ ပါဝင်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့် ပြန်လည်ပေး
ပို့လာသည့် ဥပဒေကြမ်း ရှစ်ခုကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု
လွှတ်တော်မှ ဥပဒေကြမ်း အခု ၂၀ ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေး
ထိုးရန် ပေးပို့ခဲ့သည်။ ပေးပို့ခဲ့သည့် ဥပဒေကြမ်း အခု ၂၀ အနက် ၁၂ ခုကို နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ပြီး ဥပဒေများအဖြစ် ထုတ်ပြန်နိုင်ခဲ့ပြီး
 ဖြစ်သည်။ ကျန်ဥပဒေကြမ်း ရှစ်ခုကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ်
ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေကြမ်းများမှာ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်း၊ သဘာဝဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း၊ ချေးငွေသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း၊ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းတို့ ဖြစ်ကြသည်။

eleven media group
ပထမအကြိမ်လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးများကိုယနေ့(ဇွန် ၂၅) တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၌ ပြန်လည် စတင်မည် ဖြစ်သည်။

ဝမ်း ချုပ်ခြင်း ကို ဘယ် လို ဖြေရှင်း မလဲ


လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။

တရားမ၀င် ကျောက်စိမ်းတုံး များအား တစ်ဖက် တရုတ်နိုင်ငံ သို့ ရောင်း ချ ရန် KIA အဖွဲ့ သယ်ဆောင်

Photo: တရားမ၀င် ကျောက်စိမ်းတုံးများအား တစ်ဖက်တရုတ်နိုင်ငံသို့ ရောင်းချရန် KIAအဖွဲ့ သယ်ဆောင်

ဖားကန့် ကျောက်စိမ်းမှော်မှ ထွက်သော ပိဿာ ၂၀/၃၀ ခန့်ရှိ တရားမ၀င် ကျောက်စိမ်းတုံး ၅၀ ခန့်အား ဆင် ၂ ကောင်ဖြင့် တင်ဆောင်၍ KIA အဖွဲ့တစ်ဖွဲ့က တောလမ်းကြောင်းအတိုင်း ဇွန် ၂၂ ရက် ညနေပိုင်း တွင် သယ်ဆောင် သွားခဲ့သည်ကို ဖားကန့်ကျောက်စိမ်းမှော်မှ လုပ်ငန်းရှင်တစ်ဦးမှ မျက်မြင်တွေ့မြင် ခဲ့ကြောင်း သိရ သည်။

အဆိုပါ ကျောက်စိမ်းတုံးများအား KIA အဖွဲ့က တောလမ်းကြောင်းအတိုင်း KIA တပ်မဟာ(၃)နေရာဟောင်း ၀ရာဘွမ်သို့ သယ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ဖားကန့်ကျောက်စိမ်းမှော်မှ ကျင်းလုပ်သားများထံမှ သိရသည်။

“ အဲဒီ ၀ရာဘွမ် မှာ KIA ဌာနချုပ် လိုင်ဇာက စီးပွားရေးတာဝန်ခံတွေနဲ့ တရုတ်နိုင်ငံ၊ ရင်ကျန်း၊ ရွှေလီ၊ ကူမင်း မြို့တွေက ကျောက်ဝယ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ အမြဲတမ်းအရောင်းအ၀ယ် လုပ်နေကြ တာပဲလေ၊ အခုလည်း အဲဒီ ၀ရာဘွမ် မှာ ကျောက်အရောင်းအ၀ယ်လုပ်ကြမှာပေါ့၊ ကျွန်တော်တို့က ဒီ ဖားကန့်မှော်မှာ အစိုးရဆီ တရားဝင် ကုမ္ပဏီလျှောက်ပြီး အခွန်ဆောင်ပြီးမှ တူးတာပါ၊ သူတို့ KIA အဖွဲ့ ကတော့ နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးတွေကိုတရားမ၀င်ရောင်းစား နေတာပဲလေ၊ နိုင်ငံတော်အနေနဲ ကြည့်ရင် နစ်နာတာပေါ့ဗျာ” ဟု ကျောက်လုပ်ငန်း ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။

နော်တူးဇော်
ဖားကန့် ကျောက်စိမ်းမှော်မှ ထွက်သော ပိဿာ ၂၀/၃၀ ခန့်ရှိ တရားမ၀င် ကျောက်စိမ်းတုံး ၅၀ ခန့်အား ဆင် ၂ ကောင်ဖြင့် တင်ဆောင်၍ KIA အဖွဲ့တစ်ဖွဲ့က တောလမ်းကြောင်းအတိုင်း ဇွန် ၂၂ ရက် ညနေပိုင်း တွင် သယ်ဆောင် သွားခဲ့သည်ကို ဖားကန့်ကျောက်စိမ်းမှော်မှ လုပ်ငန်းရှင် တစ်ဦးမှ မျက်မြင်တွေ့မြင် ခဲ့ကြောင်း သိရ သည်။

အကျင့် ပျက်ခြစားမှု တိုက် ဖျက်ရေး သင်တန်း တောင်ကြီး မှာ ဖွင့် လှစ်

Photo: အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးသင်တန်း တောင်ကြီးမှာ ဖွင့်လှစ်
Tuesday, June 25, 2013

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ၅ ရက်ကြာ သင်တန်းတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေ အပါအ၀င် အရပ်ဖက်လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်သင်ကြားနေပါတယ်။

တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ်မှာ သင်ကြားပေးနေတာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရဝန်ထမ်းတွေကိုပါ ဖိတ်ခေါ်ပြီး ပိုမိုကျယ်ပြန့်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီသင်တန်းကို ဦးစီးဖွင့်လှစ်တဲ့ Myanmar Institute for Democracy အဖွဲ့ရဲ့ ဒါရိုက်တာ ဦးမင်းငြိမ်းချမ်း က RFA ကို အခုလို ပြောပါတယ်။

"အကျင့်ပျက်ခြစားမှုတော့ မဟုတ်သေးဘူးပေါ့၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဗဟိုကော်မတီပေါ့နော်၊ လိုအပ်ရင်လိုအပ်သလို ချိတ်ဆက်ပြီးတော့လုပ်မှာပါ၊ နောက်ပိုင်းလည်း ဝန်ထမ်းတွေကို ဖိတ်ပြီးတော့မှ ဒီထက်ကျယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပါတယ်"

ဒီသင်တန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်)၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)၊ ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရိုးမအလင်းစတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၇ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။

RFA Burmese
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ၅ ရက်ကြာ သင်တန်းတစ်ခုကို ရှမ်းပြည်နယ်တောင် ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေအပါအ၀င် အရပ်ဖက် လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်သင်ကြားနေပါတယ်။တောင်ကြီးမြို့ ချယ်ရီကွင်း ဟိုတယ်မှာ သင်ကြားပေးနေတာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရဝန်ထမ်းတွေကိုပါ ဖိတ်ခေါ်ပြီး ပိုမိုကျယ်ပြန့် တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီသင်တန်းကို ဦးစီး ဖွင့်လှစ်တဲ့ Myanmar Institute for Democracy အဖွဲ့ရဲ့ ဒါရိုက်တာ ဦးမင်းငြိမ်းချမ်း က RFA ကို အခုလို ပြောပါတယ်။

ငွေ သုံးသောင်း နဲ့ ဖုန်းကောင်းကောင်း ကိုင် မယ် JV 2010

Photo: ငွေသုံးသောင်းနဲ့ ဖုန်းကောင်းကောင်း ကိုင်မယ် JV 2010
Tuesday, June 25, 2013

ဖုန်းအမည် JV 2010 လို့ ပေးထားပြီး အိန္ဒိယ Jivi မှ မကြာသေးမှီက ထုတ်လုပ်တဲ့ ဖုန်း ပါ။ခုဖုန်းက မြန်မာကျပ် ငွေသုံးသောင်းနဲ့ Feature တော်တော်စုံတဲ့ဖုန်း ကိုင်ရမှာမို့ပါ။

Micro SD ကဒ် နဲ့ 32 GB ထည့်လို့ရမယ်။ mp-3, mp-4, AVI, 3GP format စုံတဲ့ သီချင်း၊ ဗီဒိယိုများ ထည့်လို့ရမယ်။ Audio လည်းကောင်းတယ်လို့ ဆိုပါတယ်။ အန္ဒိယက ထုတ်တဲ့ စမတ်ဖုန်းပါ။

Bluetooth, GPRS ပါရှိပါတယ်။ ဖုန်းမှာ ထူးခြားတဲ့ Feature ကတော့ SOS buttom ပါရှိပြီး အရေးကြုံရင်ဆက်ဖို့ ဖုန်း နံပါတ် ၅ လုံး ကိုယ်တိုင်ရွေးချယ် ထည့်ထားမယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်တဲ့အခါ ယင်း SOS ခလုပ်နှိပ်ရုံနဲ့ ယင်းဖုန်းငါးလုံးကို အလိုအလျောက်ဖုန်းခေါ် အချက်ပေးတယ် လို့ ဆိုပါတယ်။ အဲဒါ မြန်မာပြည်မှာ ရမရတော့ မသိပါဘူး။ အိန္ဒိယမှာ Rape တွေ သိပ်များတော့ အမျိုးသမီးများ လုံခြုံဖို့အတွက် ရည်ရွယ်ပြီး လုပ်ပေးထားတဲ့ Feature လေးပါ။

၂.၄ လက်မ ပဲရှိတဲ့ မျက်နှပြင်နဲ့တောင် အင်တာနက်သုံးလို့ရမယ့် Browser ထည့်ထားပေးပါတယ်တဲ့။ သူက ဖုန်းပျောက်သွားရင် ပြန်ရှာလို့ရမယ့် software ကိုလည်း install လုပ်ထားပါတယ်။ အမေရိက်နဒေါ်လာ ၃၂ ဒေါ်လာပဲ ရှိတဲ့ဖုန်း ဖြစ်တဲ့အတွက် မြန်မာကျပ်ငွေနဲ့ တွက်ရင် ငွေ သုံးသောင်း ဝန်းကျင်ပဲ ကုန်ကျမှာပါ။ အိန္ဒိယ Jivi မှ ကမ္ဘာအနှံ့ဖြန့်ချိ လိုက်သော ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:techblog
TechSpace Journal 
ဖုန်းအမည် JV 2010 လို့ ပေးထားပြီး အိန္ဒိယ Jivi မှ မကြာသေးမှီက ထုတ်လုပ်တဲ့ ဖုန်း ပါ။ ခုဖုန်းက မြန်မာ ကျပ် ငွေသုံးသောင်းနဲ့ Feature တော်တော်စုံတဲ့ဖုန်း ကိုင်ရမှာမို့ပါ။

အင်ဒိုနီးရှား သမ္မတ မလေးရှား နဲ့ စင်္ကာပူ ကို တောင်းပန်

Photo: အင်ဒိုနီးရှား သမ္မတ မလေးရှားနဲ့ စင်္ကာပူကို တောင်းပန်
Tuesday, June 25, 2013

အင်ဒိုနီးရှားမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှု ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်နှံ့ သွားခဲ့တာကြောင့် သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုရိုနိုင်က စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

တောမီးကို အင်ဒိုနီးရှား အနေနဲ့ ကြိုးစားပမ်းစား ငြိမ်းသတ်ခဲ့ရပြီး စိုက်ပျိုးရေး လုပ်ဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ တောခုတ် မီးရှို့ခဲ့တဲ့ ကုမ္ပဏီ မှန်သမျှကို စုံစမ်း စစ်ဆေးမယ်လို့ သမ္မတ ယူဒိုရိုနို က ပြောပါတယ်။

ဆူမတ်တြား ကျွန်းမှာ တောမီး စရှို့တယ်လို့ သင်္ကာမကင်းဖြစ်တဲ့ လယ်သမား နှစ်ယောက်ကို ဖမ်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံ တဝိုက် ဒေသတွင်းမှာ လေထု ညစ်ညမ်းမှု အဆင့်ဟာ အန္တရာယ်ရှိတဲ့ အတိုင်းအတာ အထိ ရက်တော်တော်ကြာ ရောက်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
လေထု ညစ်ညမ်းမှု အန္တရယ်ရှိတဲ့ အဆင့်ရောက်နေ
အင်ဒိုနီးရှားမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှု ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်နှံ့သွားခဲ့တာကြောင့် သမ္မတဆူဆီလိုဘန်ဘန်ယူဒိုရိုနိုင်က စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

Monday, 24 June 2013

ရန်ကုန်-မန္တလေး အမြန် လမ်း ရှစ်လမ်း သွား အဖြစ် ဆောင် ရွက် မည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားအဖြစ် ဆောင်ရွက်မည်
Monday, June 24, 2013

မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် ပည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ 

လက်ရှိတွင် အဆိုပါ အမြန်လမ်း တစ်လျှောက် ယာဉ်အစီး ၁၀၀၀ လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မတော်တဆမှုများ ဖြစ်နေခြင်းကြောင့် ယခင်အမြန်လမ်း တည်ဆောက်ခဲ့သည့် မာစတာပလန်အတိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခန်းမတွင် ပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ယာဉ်အန္တယာဉ် ကင်းရှင်းရေး ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး Master Plan အရ လက်ရှိ ဖောက်လုပ်ထားသည့် လေးလမ်းသွား အမြန်လမ်းကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ရမည် ဖြစ်ပြီး ရှစ်လမ်းသွား၏ ဘေးတွင် လမ်းပုခုံး၊ ခြံစည်းရိုးများ ပါဝင်မည်ဖြစ်သည်။ ယင်းခြံစည်းရိုး၏ ဘေးတွင် ကျေးလက်သွား အမာခံလမ်းများ ပါဝင်မည်ဖြစ်ကာ ကျေးလက်သွား အမာခံလမ်း၏ ဘေးတွင် ခြံစည်းရိုး ထပ်မံပါဝင်မည်ဟု သိရသည်။ 

လမ်းမ၏ မိုင် ၅၀ အကွာအဝေးတိုင်းတွင် ယာဉ်ရပ်နားစခန်းများနှင့် မိုင် ၄၀ အကွာတွင် အများသုံးသန့်စင်ခန်း၊ လေထိုး၊ ကျွတ်ဖာဆိုင်များ ထည့်သွင်းကာ လမ်းပိုင်းဝန်ဆောင်မှုများ ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်လင်းက “လက်ရှိ ပလန်အရဆိုရင် အရင်နေရာချထားပြီး လုပ်ငန်းရှင်တွေက မလုပ်နိုင်ရန် အခုလုပ်ငန်းရှင်အသစ်တွေကို ပေးပြီးတော့ လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။ 

လက်ရှိတွင် အဆိုပါ အမြန်လမ်းပိုင်း (Expressway) အတွက် လမ်းတည်ဆောက်ရေးဆိုင်ရာ အထောက်အကူပြု သင်တန်းများအတွက် USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲတန် နည်းပညာဆိုင်ရာ သင်တန်းများကို ရန်ကုန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ JICA မှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ နှစ်သန်းတန် Survey Vehicle ယာဉ်တစ်စီး ထောက်ပံ့ရန်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် ပည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။

ဟုမ္မလင်း-နမ့်တော ယာဉ်လိုင်းများ ရပ်နားထားမှု ခရီးစရိတ် အဆမတန် မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း-နမ့်တောသွား မော်တော်ယာဉ်လိုင်းများကို ဇွန်လ ၁၈ ရက်နေ့မှ စတင် ကာ ရပ်နားထားမှုကြောင့် ဒေသတွင်း ခရီးသွားလာမှုစရိတ်များ အဆမတန် မြင့်တက်လျက် ရှိကြောင်း ယင်းမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

သံဃာတော်များ၏ အမျိုးသားရေးလုပ်ရပ် NDF ထောက်ခံဟုဆို

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သော သံဃာတော်များ လုပ်ရပ် ထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဇွန် ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။

ကျောက်ဖြူ ၌ အောက် တို ဘာလမှ စ၍ မြို့လုံး ကျွတ် လျှပ်စီး သုံးစွဲနိုင်တော့ မည်

Photo: ကျောက်ဖြူ၌ အောက်တိုဘာလမှစ၍ မြို့လုံးကျွတ် လျှပ်စီးသုံးစွဲနိုင်တော့မည်
Monday, June 24, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံး ကျွတ် မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီး ဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေးဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အား ခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်းတည်ဆောက် နေသည့် အင်ဂျင်နီယာ တစ်ဦး က ပြော သည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှ လျှပ်စစ်မီးကို တစ်နေ့ (၁၇)နာရီပေးနေ ချိန် ၊ ပုဂ္ဂလိက ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေသူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခ တစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့ လုံး မီးရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦး က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E)နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက်ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ်အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီ ထံက သိရှိရသည်။

Myit Makha Mediagroup
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံးကျွတ် မီးရရှိရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေး ဌာနက သိရှိရသည်။

သောကြာ ဂြိုဟ်ပေါ် က လျှို့ဝှက် ဆန်းကြယ် မှု

http://www.myawady.com.mm/media/k2/items/cache/12f845bbe6b9eb4ff63ebe304f87b69c_XL.jpg
မကြာသေးမီ အချိန်များက သောကြာဂြိုဟ် ပေါ်တွင် အရှိန်ပြင်း လေမုန် တိုင်းကြောင့် လေပြင်းများ တဝေါဝေါ တိုက်ခတ်လျက် ရှိသည်ကိုတွေ့ရ၍ သိပ္ပံပညာရှင်များအနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ်နေရကြောင်း   သေသေ ချာချာ အဖြေရှာ မတွေ့နိုင် ကြသေးပေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွား

Photo: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွား
Monday, June 24, 2013

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယမန်နေ့မနက်ပိုင်းက ရုရှားနိုင်ငံ ကို ချစ်ကြည်ရေး ခရီးထွက်ခွာသွားပါတယ်။

ယခုနောက်ပိုင်း ကာလအတွင်း မြန်မာနိုင်ငံက ကာကွယ်ရေး ဦးစီချုပ်ရဲ့ ရုရှားနိုင်ငံ တရားဝင် အလည် အပတ် သွားခြင်းဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မတ်လက ရုရှား ကာကွယ်ရေး ၀န်ကြီး General Sergey K Shoigu ဟာ နှစ်ပေါင်း ၅၀ အတွင်းပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ စစ်ဘက် ဆက်ဆံမှု တိုးမြင့်ရေးတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့ပြီး ရုရှားနိုင်ငံကို လာရောက်ဖို့လည်း ဖိတ်ကြားခဲ့တာပါ။

ရုရှား-မြန်မာ ၂ နိုင်ငံ စစ်တပ်များအကြား ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စ ဆွေးနွေးဖို့ အခုခရီးစဉ်ကို သွား တာ ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ ယဉ်ကျေးမှုနဲ့ စက်မှုဆိုင်ရာတွေလည်း လေ့လာမှာဖြစ်သလို ရုရှားမှာ ပညာတော်သင်ရောက်နေကြတဲ့ မြန်မာစစ်အရာရှိတွေကိုလည်း တွေ့ဆုံအားပေးစကား ပြောမှာဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဆိုပါတယ်။

အခု ခရီးစဉ်ဟာ ရုရှား ကာကွယ်ရေး ၀န်ကြီးရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သွားရောက်တာဖြစ်ပြီး ၄င်းနဲ့အတူ မြောက်ပိုင်း တိုင်းမှူး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ( ကြည်း) က အရာရှိတွေ လည်း လိုက်ပါသွားကြတယ်လို့ သိရပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီblog
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယမန်နေ့မနက်ပိုင်းက ရုရှားနိုင်ငံ ကို ချစ်ကြည်ရေး ခရီးထွက်ခွာသွားပါတယ်။

ပုဂ္ဂလိ က ပိုင် ကျွန်းစိုက် ခင်းကြောင့် မြေဧက ၁ဝဝ ခန့် သိမ်းဆည်း ခံရဟုဆို

Photo: ပုဂ္ဂလိကပိုင် ကျွန်းစိုက်ခင်းကြောင့် မြေဧက ၁ဝဝ ခန့် သိမ်းဆည်းခံရဟုဆို
Monday, June 24, 2013

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကပိုင်ကျေးရွာအုပ်စုမှ လယ်သမားများပိုင်ဆိုင်သောမြေများတွင် ပုဂ္ဂလိ ကပိုင် သစ်မာစိုက်ခင်း စီမံကိန်း လာရောက်လုပ်ကိုင်မှုကြောင့် လယ်သမားများ ပိုင်ဆိုင် သည့် မြေ များ အသိမ်းခံနေရ ကြောင်း ကပိုင်ကျေးရွာ ဒေသခံများကမဇ္ဈိမသို့ ပြော သည်။

ယင်း သစ်မာစိုက်ခင်းစီမံကိန်းကို Crude Ocean ရေနံကုမ္ပဏီမှ လုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းမြေများကို ယခုနှစ် အတွင်းကမှ သိမ်း ယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများ၏ ပြောစကားအရ သိရသည်။ ယင်းစီမံကိန်းတွင်ဒေသခံလယ် သမား ၃၂ ဦး၏ မြေဧက ၁ဝဝ ခန့် ပါဝင်နေသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောသည်။

ကပိုင်ကျေးရွာမှ မြေနှစ်ဧက အသိမ်းခံ ရသူ ဦးသောင်းခင်က ''ကျွန်တော်တို့ မိုး ရာသီမှာ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း စိုက်လို့ရတဲ့ တောင်ကုန်းမြေတွေကို ကျွန်း၊ သစ်မာ စိုက်ခင်းအတွက်ဆိုပြီး ပေါင်းရှင်းလင်းနေကြပါပြီ။ ဓ ဟု ပြောကြား သည်။

အသိမ်းခံထားရသော မြေများသည် ပိုင်ဆိုင်မှုအထောက်အထား ရှိသော မြေ များ ရှိသကဲ့သို့ ပိုင်ဆိုင်မှု အထောက် အထားမရှိ သော မြေများလည်း ရှိသည်ဟု လယ်သမားတို့က ဆိုသည်။

ယင်းမြေများမှာ နွားစာကျက် မြေ၊ ပဲစိုက်ခင်းမြေများပါဝင်ပြီး အမည် ပေါက် မရှိသော မြေအချို့မှာ ဘိုးဘွားအစဉ် ဆက်လုပ် ကိုင်ခဲ့သော မြေများဖြစ်၍ အဆိုပါ စီမံကိန်း လုပ်ကိုင်ခြင်းကို မကွေးတိုင်း သစ်တောဦးစီးဌာ န ညွှန်ကြား ရေးမှူး ထံသို့ ကန့်ကွက်အကြောင်းကြားစာ ပေးပို့ သွားမည်ဖြစ်သည်ဟုလည်း ဦးသောင်းခင်က ပြောသည်။

အဆိုပါ ပုဂ္ဂလိကပိုင် ကျွန်း သစ်မာ စိုက်ခင်းစီမံကိန်းနှင့် ပတ်သက်၍ crude ocean ရေနံကုမ္ပဏီသည်နေပြည်တော် သစ်တောဦးစီးဌာနမှ တရား ဝင်ခွင့်ပြုချက် ရရှိထားသည်ဟုသိရပြီး စီမံကိန်းအတွက် ယခုအချိန်တွင် စတင်နေပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်လေးက ဆိုသည်။

၎င်းက ''သစ်တောဦးစီးရဲ့ ညွှန်ကြား ချက်တွေထဲကအတိုင်း စိုက်ခင်းထဲမှာ လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေပါမယ် ဆိုရင် ချန်လှပ်ထားခဲ့ရမယ်လို့ ပါပါတယ်။ ဒီအတွက် ကိုလည်း စီမံကိန်းထဲပါနေတဲ့ လယ်သမား တွေရဲ့ မြေတွေအတွက် မြို့နယ်သစ်တောဦးစီးမှူးတွေနဲ့ စာရင်း ကောက်ယူပြီး ချန်လှပ်ထားပေး သွားမှာပါ'' ဟု ဦးတင်လေးက ဆက်ပြောသည်။

လယ်သမားများ လုပ်ကိုင်စားသောက် နေသောမြေများကို ချန်လှပ် ထားပေးမည်ဟု ဆိုသော်လည်း လယ်သမားတို့ ပိုင်မြေ များပေါ် တွင် ပေါင်း ရှင်း၍ စီမံကိန်းစတင်ပြုလုပ်နေ ပြီဖြစ်ကြောင်း ဦးသောင်းခင်က ဆိုသည်။

၎င်းက ''လျော်ကြေးငွေလည်း မရဘူး။ မိုးရာသီ ရောက်ပြီဖြစ်တဲ့အတွက် ပဲတွေ၊ နှမ်းတွေ မစိုက်ရတော့ဘူး။ ဒီအ ကျိုးဆက်ကြောင့် မိသားစုတွေရဲ့ စားဝတ်နေရေး ကို အခက်အခဲဖြစ်စေတယ်။ ဒီမြေတွေဟာ ကာလပေါက်ဈေး အားဖြင့် တစ်ဧကကို ၁ဝသိန်း လောက်တန်တယ်။'' ဟု ဆက်ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ် သက်ပြီး မကွေးတိုင်း သစ်တော စီမံကိန်းညွှန်ကြားရေး မှူး ဦးမြင့်သိန်း က လယ်သမားများ၏ လုပ်ကိုင်စား သောက်နေသော မြေများဆိုပါက ချန်လှပ်ထားခဲ့မည်ဖြစ်ပြီး စီမံကိန်းအတွက်လုပ်ကိုင်ရန် သင့်မသင့် စီစစ်နေဆဲအနေအထားတွင် ရှိကြောင်း ဆိုသည်။

၎င်းးက ''ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးအတွက် အဓိက ထားလုပ်ဆောင် တာ ဖြစ်တဲ့အတွက် ဒီဒေသမှာ သစ်ပင်ကြီးတွေ ပေါပေါများများ ရှိနေတယ် ဆိုရင် ဒိစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အထက်ကို တင်ပြပေး သွားမှာပါ။ စီမံကိန်း အကောင် အထည်ဖော်ဖြစ်ရင်တောင် လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့မြေတွေကိုတော့ ချန်လှပ်ထားခဲ့မှာပါ'' ဟု မဇ္ဈိမကိုပြောသည်။

လယ်သမားတို့ ဘိုးဘွားအစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော မြေများကို ယခုကဲ့သို့ စီမံကိန်းများ လာရောက် လုပ်ကိုင်နေမှုကြောင့် လယ်သမားတို့ အခွင့်အရေးများ လုပ်ပိုင်ခွင့်မြေများ ဆုံးရှုံးနေရသဖြင့် စီမံကိန်း အတွင်း ပါဝင်နေသော အမည်ပေါက် မရှိသော လယ်သမားတို့၏ မြေများကို မြေ ယာမှတ်ပုံတင်ပေးခြင်း၊ အဆိုပါ စီမံကိန်းကို လယ်သမားတို့မှ အလိုမရှိကြောင်း ကန့်ကွက်ခြင်းတို့ကို ကူညီဆောင် ရွက် ပေးသွား မည်ဖြစ်သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ကူညီ ဆောင်ရွက် ပေးနေ သူ မြစ်ဧရာ လူမှုကွန်ရက်မှ အတွင်းရေးမှူး ဦးအောင်ကျော်ကျော် က ဆိုသည်။
Mizzima News
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကပိုင်ကျေးရွာအုပ်စုမှ လယ်သမားများ ပိုင်ဆိုင်သောမြေ များတွင် ပုဂ္ဂလိကပိုင် သစ်မာစိုက်ခင်း စီမံကိန်း လာရောက်လုပ်ကိုင်မှုကြောင့် လယ်သမားများ ပိုင်ဆိုင် သည့် မြေ များ အသိမ်းခံနေရ ကြောင်း ကပိုင်ကျေးရွာ ဒေသခံများကမဇ္ဈိမသို့ ပြော သည်။

နှစ်နို င်ငံ ကြား အနှစ် သာရ ပြည့်ဝ ပြီး ဘက် စုံ မဟာ ဗျူ ဟာမြောက် ပူးပေါင်း ဆောင် ရွက်ရေး မိတ် ဖက် နိုင် ငံ များ အဖြစ် အဆင့် မြှင့် တင် နိုင်ခဲ့

Photo: နှစ်နိုင်ငံကြား အနှစ်သာရ ပြည့်ဝပြီး ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများ အဖြစ် အဆင့် မြှင့်တင် နိုင်ခဲ့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် နေပြည်တော်တွင် ရောက်ရှိနေသည့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့နှင့် ယနေ့ ညနေ ၅ နာရီ ခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့်အတူ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဗိုလ်ချုပ် ဇော်ဝင်း၊ ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဦးသောင်းတင်၊ ဦးသန်းဆွေ၊ ဒေါက်တာလင်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက မြန်မာ- တရုတ်နှစ်နိုင်ငံ တို့သည် ၁၉၅ဝ ပြည့်နှစ်တွင် သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့ချိန် မှစတင်၍ နှစ်ပေါင်း ၆ဝ ကျော် ကာလအတွင်း အရေးကြုံသည့် အခါတိုင်းတွင် အပြန်အလှန် ထောက်ခံ အားပေးခဲ့ကြသည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်း ကောင်းများအဖြစ် ရပ်တည် ခဲ့ကြပါကြောင်း၊ မိမိတို့ အစိုးရသစ် တာဝန်ထမ်းဆောင် ချိန်တွင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု ကာလအတွင်း မြန်မာနိုင်ငံ အပေါ် တရုတ် နိုင်ငံ အနေဖြင့် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သကဲ့သို့ လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အားပေး ထောက်ခံလျက် ရှိနေသည့် အတွက်လည်း အထူး ကျေးဇူးတင် ရှိပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်း တရုတ်နိုင်ငံ ဘိုအောမြို့တွင် ကျင်းပခဲ့သည့် ဘိုအောဖိုရမ် အစည်းအဝေး သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ခဲ့စဉ်က တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေး အကောင်အထည်ဖော်မှု လုပ်ငန်း စီမံချက်ကို အကောင်အထည် ဖော်ရေး အတွက် ဆွေးနွေး နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့် သတ်မှတ် တက်လှမ်းနိုင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းတွင် မိမိတို့ မမျှော်မှန်းဘဲ ကြုံတွေ့လာရသည့် အခက်အခဲ အချို့ကို မိမိတို့နှစ်ဖက် နားလည်မှုရှိရှိဖြင့် စိတ်ရှည် သည်းခံပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးကို မျှော်မှန်းပြီး ဖြေရှင်းခဲ့ကြ ပါကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး အစိုးရသစ်လက်ထက်တွင်

Read More >> http://bit.ly/11XQYlB 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သည် နေပြည်တော်တွင် ရောက်ရှိနေ သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့နှင့် ယနေ့ ညနေ ၅ နာရီ ခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး သည်။

အင်ဒို မီးခိုးတွေကြောင့် မလေးရှား မှာ အရေးပေါ် အခြေနေ ကြေညာ

Photo: အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ
Monday, June 24, 2013

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီး ချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရ ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထု ညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့ သိရပါတယ်။

မိုးတွေရွာသွန်းမှသာ လေထု သန့်စင်မယ်လို့ ယုံကြည်တဲ့အတွက် လေထု ညစ်ညမ်းမှု အဆိုးဝါးဆုံး ခံနေရတဲ့ ဒေသမှာ မိုးရွာတဲ့ အခြေအနေဖြစ် လာအောင် သိပ္ပံနည်းနဲ့ ဖန်တီးဖို့ ကြိုးစားမှုတွေ လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မီးခိုးဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာ အခြေအနေဆိုးလွန်းတဲ့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး လမ်းတွေပေါ်မှာလည်း လူသွားလူလာ နည်းကုန်တဲ့အတွက် စီးပွားရေးတွေ ထိခိုက်နစ်နာရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဝန်ကြီး က အင်ဒိုနီးရှားနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှား အစိုးရ ကို တောင်း ဆို ထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP)
ABC Radio Australia
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP)
အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရ ပါတယ်။

အယ်လ် ကန် တာ ရာ အား ခေါ် ယူ ရန် မန်ယူ အသင်း သဘော တူညီမှု ရရှိ

Photo: အယ်လ်ကန်တာရာ အား ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
Monday, June 24, 2013

ပရီးမီးယားလိဂ် ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းသည် စပိန်ထိပ်သီး ဘာစီလိုနာအသင်းမှကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာ အား ခေါ်ယူရန်အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပခဲ့သည့် ဥရောပ ယူ-၂၁ ဗိုလ်လုပွဲစဉ်တွင် စပိန်အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူခဲ့သည့် အဆိုပါကွင်းလယ်ကစားသမားအား မန်ယူအသင်းသည် ယခင်ကပင် ခေါ်ယူရန်ချိတ်ဆက်လျက် ရှိသည်။ 

အယ်လ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၇ သန်းခန့် ရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး မန်ယူအသင်းတွင် အယ်လ်ကန်တာရာ အနေဖြင့် တစ်နှစ်လုပ်ခ ပေါင် ၅ သန်း ရရှိမည်ဖြစ်သည်။ သူသည် ပြီးခဲ့သော ရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲ ပါဝင်ကစားနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

Yatanarpon
ပရီးမီးယားလိဂ် ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက် အသင်းသည် စပိန် ထိပ်သီး ဘာစီလိုနာအသင်းမှ ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာ အား ခေါ်ယူရန် အတွက် သဘော တူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။